အပိုင်း၁၅
Viewers 14k

Chapter 15

Chapter 15


-----------------------


နေ့လည်ခင်းတွင် ကဖေးဆီသို့ လီကျိုးနှင့်အတူ ကျင်းစစ် ထွက်လာခဲ့လိုက်သည်။


ယနေ့ သူတို့ဖြေးဖြေးချင်းပဲလမ်းလျှောက်လာကြပြီး ကန်တင်းသို့ရောက်ချိန်တွင် လူအပြည့်တန်းစီနေသည်ကိုတွေ့လိုက်ရ၏။


လီကျိုး စိတ်မရှည်လက်မရှည်ဖြစ်နေပြီး ခဏလေးပင်မစောင့်နိုင်တော့သဖြင့် ကျင်းစစ်အား ပြောလိုက်သည်။


"မင်းဒီမှာခဏစောင့်ဦး...ဘယ်ဝိုင်းလွတ်မလဲဆိုတာ ငါတစ်ချက်သွားကြည့်လိုက်ဦးမယ်..."


ကျင်းစစ် ခေါင်းညိတ်ပြလိုက်သည်။


" အွန်း..."


မျက်စိတစ်မှိတ်အတွင်း၌ပင် လီကျိုးသည် သူ၏အရှေ့ရှိလူများအကြားတိုးဝှေ့ကာ ပျောက်ကွယ်သွားသည်။


စူးရှလှသော ကျန့်ချွယ်၏မျက်လုံးက လိုင်းအတွင်းရှိနေသော ကျင်းစစ်အားတွေ့လိုက်သည်။


"ဟေ...ဟိုမှာ ကျင်းစစ်မဟုတ်လား...တစ်ယောက်တည်းလားမသိဘူး..."


ယင်းကျောင်းလဲ လိုက်ကြည့်လိုက်ပြီး လိုင်းအနောက်ဆုံးမှ ကျင်းစစ်အား မြင်သွားသည်။


သူ့အရှေ့မှ ဟယ့်ကျိုးအားတွန်းဖယ်လိုက်ပြီး ကျင်းစစ်ဆီသို့‌သွားလိုက်သည်။


ဟယ့်ကျိုးနှင့်ဖန်ချန်းချန်းတို့နှစ်ယောက်သည် အချင်းချင်း တပြုံးပြုံးနှင့်ကြည့်လိုက်မိကြသည်။


"ဟဟ...ကိုယ့်လူရေ..."


"တစ်ယောက်တည်းလား...ဟိုမှာ ငါ့နေရာဆီသွားလေ..."


ဟယ့်ကျိုးဆီသို့ ယင်းကျောင်းကညွှန်ပြရင်း ပြောလိုက်သည်။


" မင်းတစ်ခါတည်း ထိုင်စားလို့ရတယ်..."


ကျင်းစစ်က ခေါင်းခါပြရင်း ငြင်းပယ်လိုက်သည်။


" ဟင့်အင်း...သွားပါ မင်းပဲသွားစား...တော်ကြာ ငါ့ကို လီကျိုးရှာမရဖြစ်နေဦးမယ်..."


" ရပါတယ်...သူ့ကိုစောင့်ကြည့်ထားဖို့ ငါတစ်ယောက်ယောက်ကိုခိုင်းလိုက်မယ်..."


ကျင်းစစ်က ခေါင်းခါသည်။


"ဘာဖြစ်နေတာတုန်း ကိုယ့်လူ..."


ယင်းကျောင်းက တခစ်ခစ်ရယ်မောလိုက်သည်။


" မင်းကလည်း မသိတဲ့သူတွေကျနေတာပဲ..."


ကျင်းစစ် မျက်လွှာချလိုက်မိသည်။


" လူဖြတ်စီတာတော့ မကောင်းဘူးလေကွာ..."


ယင်းကျောင်းမှာ ကြက်သေသေသွားရသည်။


'ဒီကပ်သီးကပ်သက်ကောင်လေးကတော့ တကယ်ကိုခေါင်းမာတဲ့သူပဲ...လူဖြတ်စီလို့ရရဲ့သားနဲ့ မစီဘူး...မုန့်အကျန်ဆိုလဲ လုံး၀မစားဘူး...'


"အင်းပါ..."


သူ့ကိုပြောလို့ရမည်မဟုတ်မှန်း ယင်းကျောင်းကသိသည်။ ထို့ကြောင့်ဆက်၍ကြိုးစားမ‌နေတော့ဘဲ ပြောလိုက်သည်။


" ဒီမှာလူအရမ်းများတယ်... မင်းမှာထားတာတွေရရင်လဲ ခုံရမယ့်ပုံမပေါ်ဘူး... ငါ့ခုံမှာပဲလာထိုင်မလား..."


ကျင်းစစ်က ခဏတာစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။


" Ok... "


ယင်းကျောင်းက ပြုံးကာလှည့်ထွက်သွားသည်။


ဟယ့်ကျိုးမှာယူထားသော ရေဘဝဲကွင်းကြော်၊ အမဲအာလူးပြုတ်ချက်၊ ပုဇွန်ချဉ်ငံစပ်နှင့် ရှန်ဟိုင်းကြက်သွန်ဖြူများအား ကူညီသယ်ပေးခြင်းခံရသည်။


ပြည့်ဖောင်းသောခန္ဓာကိုယ်၊ လက်ချောင်းတိုတိုလေးများနှင့် ထမင်းပန်းကန်၂ပန်းကန်အား မနိုင့်တနိုင်သယ်ယူနေသော သူသည် တန်းစီနေသည့်လူအများအရှေ့ တောင်ကြီးသဖွယ် ပိတ်ရပ်ထားသကဲ့သို့ဖြစ်နေ၏။


အနောက်တွင်ရှိနေသည့် ကျောင်းသားများသည် ဒေါသထွက်နေသော်ငြား မပြောရဲကြသဖြင့် အမြန်ဆုံး ဟယ့်ကျိုးထွက်သွားနိုင်ရန်သာ စိတ်ထဲတွင် ကြိတ်ဆုတောင်းနေကြသည်။


ရှည်လျားသော ယင်းကျောင်း၏လက်နှစ်ဖက်သည် ဟယ့်ကျိုးဆီသို့အလွယ်တကူရောက်ရှိသွားကာ ကူ၍သယ်ပေးလိုက်သည်။


"လာ...သွားစို့..."


ပုံမှန်စားပွဲများသည် လူ၄ဦးစာအတွက်သာဖြစ်ပြီး ပိုကြီးသောစားပွဲများသည်သာ ကန်တင်း၏ထောင့်နေရာများတွင်ရှိသည်။


၎င်းတို့သည်လည်း ၄ဦးသာဖြစ်သည့်အတွက်ကြောင့် ပုံမှန်စားပွဲတွင် ထိုင်ရန်အဆင်ပြေသည်။ ဟယ့်ကျိုးသည် နီးဆက်ရာတွင်ထိုင်ရန်ပြင်လိုက်သော်လည်း ယင်းကျောင်းက စားပွဲအကြီးဆီသို့ဆက်သွားနေသည်ကို တွေ့လိုက်သည်။


"အကိုကျောင်း... ဘာဖြစ်လို့လဲ..."


ကျန့်ချွယ်အား သူကြည့်လိုက်သည်။


ကျန့်ချွယ်သည်လည်း ကြောင်အမ်းနေသည်။


ဖန်ချန်းချန်းသည်သာ လိုင်းအတွင်းရှိဆဲဖြစ်သော ကျင်းစစ်အား တစ်ချက်ကြည့်လိုက်ပြီးနောက် အရင်ဦးဆုံးလိုက်သွားသောသူဖြစ်သည်။


ကန်တင်းမှအန်တီသည်ဟင်းအမြန်ထည့်ပေးနောက် ကျင်းစစ်နှင့်လီကျိုးတို့သည် ၎င်းတို့၏ပန်းကန်များဖြင့် လူကြားထဲမှထွက်လာကြသည်။


ကျင်းစစ်သည် ကိုရီးယားထမင်းသုပ်မှာယူပြီး လီကျိုးကမူ ကြက်ခြေ‌‌ပေါင်း အပို၂ချောင်းနှင့် ‌ကြက်ပေါင်းကြော်ချက်ထမင်းမှာယူခဲ့သည်။


"ဖာ့ခ်...လူကလဲများလိုက်တာကွာ...ထိုင်ဖို့နေရာတောင်မရှိဘူး..."


လီကျိုးက မျက်နှာငယ်ဖြင့်စားပွဲများကြားတွင် မတ်တတ်ရပ်နေသည်။


"ဘာလဲကွာ...ငါတို့က မတ်တတ်ကြီးပဲစားရတော့မှာလား..."


ထိုကဲ့သို ထပ်တူပြောချင်နေသောကျင်းစစ်သည် အတွင်းဖက်တွင် ပျင်းရိစွာမတ်တတ်ရပ်‌နေသော ယင်းကျောင်းထံမှ လက်ပြခြင်းကိုခံလိုက်ရ၏။


သူတစ်ချက်တုံ့ဆိုင်းသွားပြီးမှ လီကျိုးဖက်သို့လှည့်ကာပြောလိုက်သည်။


"အဲ့ကိုပဲသွားရအောင်..."


လီကျိုးသည် ညွှန်ပြရာနေရာသို့လှမ်းကြည့်လိုက်ပြီးနောက် သယ်လာသည့်ပန်းကန်များ လွတ်ကျချင်သဖွယ်ဖြစ်သွားသည်။ ယင်းကျောင်းနှင့်ရန်ဖြစ်ဖို့ရာ အဆင်ပြေရဲ့လားဟုသာ မေးချင်မိတော့သည်။


ထိုသို့တွေးနေစဥ် ဖုန်းနှိပ်ရင်းလျှောက်လာသော ယင်းကျောင်းအား သူမြင်လိုက်ရသည်။


"ဘာလို့နောက်ကျနေတာလဲ..."


ကျင်းစစ် " လူအရမ်းများနေတယ်... "


ယင်းကျောင်းအနောက်မှ ကျင်းစစ်လိုက်လာရင်း စားပွဲအကြီးဆီသို့လျှောက်သွားသည်။


လီကျိုးက ဘုမသိဘမသိနှင့် အနောက်မှလိုက်သွားသည်။


သူ၏စိတ်ထဲတွင် အတွေးများရှုပ်ထွေးနေသည်။ ခဏတွင်းချင်းမှာပင် အဘယ့်ကြောင့် ကျင်းစစ်နှင့် ယင်းကျောင်းတို့ ယခုလိုအဆင်ပြေသွားကြသည်နည်း။ ထိုအကြောင်းအား ပြန်လည်တွေးရင်း သူတုန်ရီလာပြန်သည်။


' ကျောင်းကလူဆိုးက ငါတို့နဲ့အတူ ထမင်းထိုင်စားရမှာမဟုတ်ဘူးလေ...အဲ့ဒီယူလာတဲ့ဗန်းနဲ့ ငါတို့ခေါင်းကို ရိုက်နေရမှာမဟုတ်ဘူးလား...'


စားပွဲဆီသို့လျှောက်သွားစဉ်အတွင်း သူအိပ်မက်ယောင်နေသယောင်သာ ဖြစ်နေမိသည်။ ထိုင်ခုံဆီကိုသာ ဦးတည်သွားပြီး အမြန်သာထိုင်ချင်နေသည်။


သူ့အား ပြုံးပြပြီးဘေးတွင်ရပ်နေသော ယင်းကျောင်းအား မျက်လုံးပင့်ကြည့်လိုက်ချိန်တွင် သူ၏‌ ကျောထဲစိမ့်သွားသည့်သဖြင့် ဇွန်းကို ထိပင်မထိရသေးပေ။


အားတင်းကာ ပန်းကန်အားကိုင်လိုက်ချိန်တွင် ပြုတ်ကျသွားလုနီး ပါးဖြစ်သွားသဖြင့် ကြက်ခြေချောင်းများကိုမနည်း ထိန်းလိုက်ရသည်။ ယင်းကျောင်း၏စားပွဲမှ ဝေးရာနေရာတွင် စားပွဲလွတ်တစ်ဝိုင်းအားတွေ့လိုက်သည့်အတွက် သူ၏ပန်းကန်အား တုန်တုန်လှုပ်လှုပ်နှင့်ပင် အသေအချာကိုင်ကာထရပ်လိုက်သည်။


ကျင်းစစ်လိုက်သွားမည်ကိုစိုးသဖြင့် ယင်းကျောင်းက ကျင်းစစ်၏ပန်းကန်အားဆွဲယူထားလိုက်သည်။


"ဘယ်သွားမလို့လဲ... ထိုင်လေ..."


ကျင်းစစ်က မည်သို့မျှမလွန်ဆန်နိုင်ဘဲ ယင်းကျောင်း၏နံဘေးတွင် ထိုင်လိုက်ရလေသည်။


အရာအားလုံးအား မြင်တွေ့လိုက်သည့်ဟယ့်ကျိုးက မျက်ခုံးများပင့်လျှက် ဖန်ချန်းချန်း၏WeChatဆီသို့စာလှမ်းပို့သည်။


' [ဦးလေးဟယ့်]: ဖာ့ခ်...အကိုကျောင်းကတော့ တကယ်ကိုကြံနေပြီ...သူဘာလုပ်လိုက်လဲတွေ့တယ်မှတ်လား...'


' [ဖန်ချန်းချန်း]: .......ဟမ်....'


' [ဦးလေးဟယ့်]: သူဘာပြောခဲ့လဲမှတ်မိသေးတယ်မဟုတ်လား...နောက်တာပါ...ကျင်းစစ်ကငပေါ...ဒီအဖေကလှည့်တောင့်ကြည့်မှာမဟုတ်ဘူးလို့လေ...အခုသူဖြစ်သွားမယ့်ရုပ်ကို ငါသိချင်သေးတယ်...'


' [ဖန်ချန်းချန်း]: အခုသူ့မျက်နှာမှာတစ်ခုခုပေါ်နေလို့လား... '


' [ဦးလေးဟယ့်]: ဟဟဟဟဟဟဟဟ...မင်းကတော့ မင်းပုံစံအတိုင်းပဲ... '


' [ဦးလေးဟယ့်] : ဒါနဲ့...ငါ့စိတ်ထင် ကျင်းစစ်ကစိတ်မပါတော့ဘူးနဲ့တူတယ်...ဒါပေမယ့် ငါ့ကောင်ကလိုက်ပြီး စနေပေမယ့် အထီးကျန်ပြီး အေးတိအေးစက်ဖြစ်နေတယ်ကွ... '


' [ဖန်ချန်းချန်း]: ကျင်းစစ် ငြင်းဖို့တော့ခက်နေပြီ'


ဇွန်းအပြည့်ထမင်းများကိုခက်ကာ ပါးစပ်ထဲထည့်လိုက်သောဟယ့်ကျိုးသည် ဖန်ချန်းချန်း၏စာအားမြင်ပြီးသောအခါ ထမင်းများပန်းထွက်ကုန်သည်။


ဘေးနားရှိ ကျန့်ချွယ်ကိုပင်လျှင် ပေစင်သလိုဖြစ်သွားသည်။


"ဦးလေးဟယ့်ကျိုး..."


ပန်းကန်ကိုအမြန်ခပ်မြင့်မြင့် မ,လိုက်ကာ ဟယ့်ကျိုးအား မဲ့ရွဲ့ကြည့်လိုက်သည်။


"စားနေတုန်း ရယ်ရလားကွ..."


ဟယ့်ကျိုး ထမင်းကိုမျိုချလိုက်ပြီး ကျန့်ချွယ်၏လက်အား ဖမ်းဆွဲလိုက်သည်။


"စိတ်မဆိုးပါနဲ့...ဒေါသမထွက်ပါနဲ့ကွာ...ပြမယ်..."


သူ ခေါင်းငုံ့ပြီး ဖန်ချန်းချန်းနှင့်‌ပြောဆိုထားသည်များအား ကော်ပီကူးကာ ကျန့်ချွယ်ဆီသို့ပို့လိုက်သည်။


"ဖီ..."


ကျန့်ချွယ် မည်သို့မှထိန်းမနိုင်တော့ဘဲ အကျယ်ကြီးရယ်မိသွားသည်။ ခဏတာ သူ၏ရယ်သံသည် cafeအတွင်း၌ ပဲ့တင်ထပ်သွား၏။


သူတို့အား အေးစက်စွာ ယင်းကျောင်းက တစ်ချက်ကြည့်လိုက်ပြီး "မစားချင်ရင် ထွက်သွားကြ..."


ဆက်ပြီးရဲတင်းစွာ မရယ်ရဲကြတော့သဖြင့် သူတို့၏ပါးစပ်များအား ချက်ချင်းပိတ်လိုက်ကြသည်။


စားပွဲရှိလူများတွင် သားသတ်လွတ်အစားအစာအား အစားဆုံးသူက ကျင်းစစ်သာဖြစ်သည်။ သူမစားချင်၍တော့ မဟုတ်ပေ။ မူရင်းမိဘများနှင့် အဆင်ပြေခြင်းမရှိသော်ငြား သူ့အခြေအနေနှင့်သူ လစဉ်ဝင်ငွေကောင်းနေပါသေးသည်။


ကျင်းစစ်၏အပြုအမူများသည် ရုတ်ခြင်းပြောင်းလဲသွားပြီး ဆက်၍စားချင်စိတ် မရှိ‌တော့ပုံလဲ ပေါ်နေသည်။


ကိုရီးယားထမင်းသုပ်အား ကြက်ဥအား အနှစ်ဖောက်၍ သေချာစွာ ယင်းကျောင်းက ရောနယ်လိုက်သည်။ သူ၏ပန်းကန်အား ဖျက်ခနဲကြည့်လိုက်ပြီးနောက် မျက်ခုံးများ ပင့်လိုက်သည်။


"မင်းစားမှာ ဒါပဲလား..."


'မနက်ကလဲ နည်းနည်းပဲစားတယ်...နေ့လည်လဲနည်းနည်းပဲစားတယ်...သူ့ဗိုက်က ငှက်ဗိုက်များလား...'


ကျင်းစစ်က ခေါင်းငြိမ့်ပြလိုက်သည်။


"အင်း...ဒီထမင်းသုပ်ရဲ့အချဉ်က အရမ်းကောင်းတယ်..."


"ဟုတ်လား..."


ယင်းကျောင်းက ပြုံးလျက် ကျင်းစစ်အားကြည့်လိုက်သည်။


"ငါမြည်းကြည့်မယ်..."


အချဉ်အနည်းငယ် မျှပေးရတာလောက်ကို ကျင်းစစ်က မတွန့်တိုနေချေ။ ထမင်းသုပ်အိုးက ပူသည့်အတွက် ကျင်းစစ်က လက်နဲ့မထိရဲသဖြင့် ယင်းကျောင်းဆီသို့ ကိုယ်ကိုစောင်းလိုက်ပြီး အချက်ပြလိုက်သည်။


ယင်းကျောင်းသည် တမင်တကာ သူ၏အချဉ်ရည်များကိုခွက်အလွတ်ထဲသို့ထည့်ကာ ကျင်းစစ်ဆီသို့ ထိုးရွှေ့ပေးလိုက်သည်။


"ငါ့ဟာ မြည်းကြည့်လေ..."


ကျင်းစစ် ခေါင်းခါလိုက်သည်။


"ရပါတယ်..."


"စားချင်ရင် ယူစားပါ...အေးဆေး..."


ယင်းကျောင်းသည် ဟယ့်ကျိုးဆီသို့ အချဉ်ခွက်အား ဂရုမစိုက်သည့်ပုံစံနှင့် ပစ်ပေးလိုက်သည်။


"ငါမကုန်တော့ဘူး...ဟယ့်ကျိုးက အများကြီးထည့်လာတာ..."


ဟယ့်ကျိုး - "............"


အခက်အခဲကြားအတွင်းမှ သူ့အား ဟယ့်ကျိုးလှမ်းကြည့်လိုက်သည်။


'ယင်းကျောင်းမှာ ပြဿနာတွေချည်းပဲ...စားပြီဆိုရင် အနည်းဆုံး၄ပန်းကန်နဲ့ ဟင်းရည်အပိုတောင်လိုသေးတယ်...ဘယ်တုန်းက သူမျှပေးလို့လဲ...အခုကလဲ သူစားနေကျပုံမှန်ပမာဏပါပဲ...'


ကျင်းစစ် ငြင်းလိုက်ချင်သော်လည်း နောက်ဆုံးတော့ ယင်းကျောင်း၏ပန်းကန်မှ ပုဇွန်အနည်းငယ်ယူလိုက်သည်။


ဟယ့်ကျိုး စားပွဲအောက်မှ တိုးတိုးတိတ်တိတ် WeChat ချက်လိုက်သည်။


'[ဦးလေးဟယ့်] : ဖန်ရေ...အကိုကျောင်းဆီက သူမစားနိုင်တော့တဲ့ဟာကို ငါသာတောင်းကြည့်လိုက်မယ်ဆို သူဘာလုပ်လိမ့်မလဲ...'


နှစ်ဦးတည်းသာပြောချင်သော်လည်း သူတို့၏group chatသို့ မှားပို့လိုက်မိသည်။


ဟယ့်ကျိုး သတိမထားမိလိုက်ဘဲ စားသောက်ရင်း ပြန်စာကိုစောင့်နေမိသည်။


တိုက်ဆိုင်စွာ မကြာခင်ကပင် တိုးတိုးတိတ်တိတ် ချက်ထားကြပြီးသည်ဖြစ်၍ ဖန်ချန်းချန်းသည်လည်း သေချာစွာမကြည့်မိသဖြင့် သတိလက်လွတ်ဖြစ်ကာ group chatဆိုတာကိုမသိလိုက်ချေ။


'[ဖန်ချန်းချန်း] : သေချင်လို့လား...'


'[ဦးလေးဟယ့်] : မဟုတ်ပါဘူး...အတောင်မွှေးတွေပြချင်တဲ့ဒေါင်းနဲ့ မတူဘူးလား...ငါသူ့ကို စိတ်မရှည်တော့ဘူး...'


'[ဖန်ချန်းချန်း] : နဂိုတည်းက သူက အဲ့ဒီအတိုင်းပဲကို...'


'[ဦးလေးဟယ့်] : ဟဟဟဟဟဟ...မင်းကစဉ်းစားတတ်သားပဲ...'


ယင်းကျောင်း စားနေရင်းဖုန်းကိုတစ်ချက်ကြည့်လိုက်မိပြီးနောက် ရုတ်တရက်ရယ်လိုက်မိပြီး လက်သုတ်ကာ အလျှင်အမြန်စာရိုက်လိုက်သည်။


'[ကျောင်း] : အို့...'


ဟယ့်ကျိုးနှင့် ဖန်ချန်းချန်းတို့၏ဇွန်များ ပန်းကန်ပေါ်သို့ ကလောင်ခနဲကျသွားတော့သည်။


"ဖာ့ခ်... ဖာ့ခ်..."


ဟယ့်ကျိုး ဇောချွေးများပြန်လာကာ ပို့ပြီးသားစာများအားဖျက်ရန်ကြိုးစားသော်လည်း မည်သို့မှမရတော့ချေ။


"ငတုံး..."


ဖန်ချန်းချန်းက သန့်စင်ခန်းသွားရန်ထရပ်လိုက်ပြီး ဟယ့်ကျိုးအား အော်လိုက်သည်။


"Group chatဆိုတာ မသိဘူးလား..."


"သေ...သေ..."


ဟယ့်ကျိုးခမျာ မျက်ရည်ဝဲသွားသည်။


ဖြစ်ပျက်သွားသောအရာများအား ကျင်းစစ်ကမသိပေ။ ယင်းကျောင်းနှင့် ဟယ့်ကျိုးအား ဝေခွဲမရသောမျက်နှာထားဖြင့် ကြည့်နေမိသည်။


ယင်းကျောင်းက ဟယ့်ကျိုးအား ပြုံးပြလိုက်ပြီး "မင်းအတွက် အသုဘအခမ်းအနားလေး ကျင်းပပေးစေချင်လို့လား..."


"မ...မလိုပါဘူး..."


နဖူးမှချွေးစေးများအားသုတ်လိုက်ပြီး အရူးကဲ့သို့ ဟယ့်ကျိုး ခေါင်းငုံ့လိုက်သည်။ ဘယ်သောအခါမှလည်း အတင်းပြောရဲတော့မည်မဟုတ်ပေ။


နေ့လည်စာစားအပြီး ကျင်းစစ်နှင့် လီကျိုးတို့နှစ်ဦး စာသင်ခန်းဆီသို့ပြန်သွားချိန် ယင်းကျောင်းက ဆေးလိပ်သောက်ရန် သန့်စင်ခန်းထဲသို့ဝင်သွားသည်။


"ဟေ့ အကိုကျောင်း..."


ဟယ့်ကျိုး ဟိုဒီကြည့်ကာ ယင်းကျောင်းအနားသို့တိုးလိုက်သည်။


"အကို့မိသားစုနဲ့ ဘယ်လိုဆက်သွားမယ်လို့ စီစဉ်ထားလဲ..."


ဆေးလိပ်ဖင်စီခံအား ကိုက်လိုက်ပြီး စိတ်မဝင်စားသောပုံစံနှင့်ပြောလိုက်သည်။


"သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပေါ့..."


ဟယ့်ကျိုး တစ်ချက်စဉ်းစားပြီးနောက် နားလည်သွားကာ အကျယ်ကြီးရယ်ရင်းပြောလိုက်သည်။


"သူ စာမေးပွဲ211ကို၀င်အောင်ဖြေနိုင်တုန်းကလေ အမြှီးကိုထောင်နေတာပဲ...မသိတဲ့သူတွေကတော့ သူ့ကိုမြို့နယ်ချန်ပီယံဖြစ်လိမ့်မယ်လို့ထင်လောက်တယ်လေ...အဖြစ်အပျက်ကိုသာ အခန်းကလူတွေနဲ့ ဆရာမတွေသာသိသွားလို့ရှိရင် သူဘာလုပ်မလဲ..."


ဖန်ချန်းချန်း ဆေးလိပ်ငွေ့အား အဝိုင်းလေးသဖွယ်မှုတ်ထုတ်လိုက်ပြီးနောက် သူ၏မျက်နှာတွင် ရက်စက်သောအမူအရာပေါ်ထွက်လာသည်။


"ကျွန်တော် သူ့ခြေထောက်ကို ချိုးပေးလိုက်ရမလား..."


"ဖန်ရာ...အရမ်းမကြမ်းစမ်းပါနဲ့...လိုက်ရိုက်နှက်နေတာကလွဲရင် မင်းဘာလုပ်တတ်သေးလဲ..."


နမိတ်မကောင်းသောအပြုံး ပြုံးနေသော ဟယ့်ကျိုးက သူ့ပါးစပ်အား ကာဖွက်ထားလိုက်သည်။


"ကြုံး၀ါးမနေနဲ့...အကိုကျောင်းကိုပြန်လာထိလိမ့်မယ်...ခန္ဓာကိုယ်ထိတော့ဘာဖြစ်မှာလဲ...ငါက သူ့စိတ်ထဲမှာခံစားရအောင်လုပ်မှာ..."


သူ၏ပြည့်ဖြိုးသောမျက်နှာအား ကျန့်ချွယ်က တစ်ချက်လှမ်းပြည့်လိုက်ပြီး လက်မ ထောင်ပြလိုက်သည်။


"ငါ့အကိုဖက်တီးက တော်တော်ရက်စက်တာပဲ..."


"ကျန့်ချွယ်...ဒီဦးလေး..."


ဟယ့်ကျိုး ထခုန်သွားပြီး ကျန့်ချွယ်ဆီသို့ လျှောက်သွားသည်။


"အကိုဖက်တီးလို့ ငါ့ကိုထပ်ခေါ်ဖို့ ကြိုးစားရဲသေးတယ်လား..."


သူတို့၂ဦး သန့်စင်ခန်းထဲတွင် ချက်ချင်း ရန်ထဖြစ်တော့သည်။


ယင်းကျောင်း ဆေးလိပ်သောက်ပြီးသွားပြီးနောက် ဆေးလိပ်အား ပလပ်ဖောင်းပေါ်သို့ပစ်ထုတ်လိုက်ပြီး လေတစ်ချက်မှုတ်ထုတ်လိုက်ကာ ပြောသည်။


"သွားစို့..."


ဟယ့်ကျိုးနှင့် ကျန့်ချွယ်တို့၂ဦး သန့်စင်ခန်းအတွင်းမှဆွဲထုတ်ခြင်း ခံလာရသည်။


လူတစ်ချို့သည် အတန်း၇ အခန်းတံခါးဆီသို့ ယိမ်းကာဖယ်ပေးလိုက်ကြပြီး သူတို့ဝင်လာသောအခါ ယင်းကျောင်း၏ခြေလှမ်းများ ရုတ်တရက်ရပ်တန့်သွားသည်။


သူ၏ကော်လာအားငုံ့ကြည့်ကာ အတွင်းဖက်သို့ အင်္ကျီကော်လံတစ်ဝက်ခေါက်ထည့်လိုက်သည်။


သူ၏လုပ်ရပ်သည် လျှင်မြန်လွန်းသဖြင့် ကျန့်ချွယ်မမြင်လိုက်ပေ။ ကော်လံအားတွေ့လိုက်သောအခါ ကျန့်ချွယ်က သတိပေးလိုက်သည်။


"အကိုကျောင်း...အင်္ကျီကော်လံ အထဲဝင်နေတယ်နော်..."


အရင်က ယင်းကျောင်း၏လုပ်ရပ်အား မြင်ထားပြီးသော ဟယ့်ကျိုးက ဘာမှမပြောဘဲ မျက်စောင်းထိုးသည်။ အရူးကျန့်ချွယ်ကြောင့် ထပ်ကာ ပြဿနာမတက်ချင်ပါချေ။


ကျန့်ချွယ်အား အခန်းထဲသို့ဆွဲခေါ်သွားသည်။


" သွား...အကိုကျောင်းရဲ့အင်္ကျီကော်လံက မင်းကိစ္စမဟုတ်ဘူး..."


ကျန့်ချွယ်သည် အသက်ရှင်စိတ်နည်းပါးသော ခေါင်းမာသည့်သူတစ်ယောက်ဖြစ်သည်။ သူ့အား အထွဋ်တက်သည်ကိုလည်း မကြိုက်ပေ။ ခပ်တည်တည်နှင့် အမှုမထားဘဲ အော်ပြောသည်။


"ဒီမှာ အဖိုးကြီးဟယ့်...ဘာရယ်...ငါနဲ့မဆိုင်ဘူး ဟုတ်လား...မေ့မသွားအောင် သတိပေးမယ်...အားလုံးက ညီအစ်ကိုတွေ..."


သူ၏အသံက စူးရှစွာ ကျယ်လောင်နေသည့်အတွက် သူပြောလို့ပြီးသွားသည်နှင့် ကျောင်းသားတစ်ဝက်နီးပါး လှမ်းကြည့်ကြသည်။


ယင်းကျောင်းက သူ့အား ပြုံး၍လှည့်ကြည့်လိုက်သည်။


"ညီအစ်ကိုအတွက် ပါးစပ်ပိတ်ထားပေးနိုင်မလား..."


ကျန့်ချွယ်၏အသံမှာ ရုတ်တရက်တိတ်သွားသည်။ ထို့နောက် မှင်တက်စွာ ခေါင်းညိတ်ပြလိုက်သည်။


"လောင်ကျန့်...မုန့်တစ်ခုခုစားနေလိုက်..."


သနားစွာကြည့်ရင်း သက်ပြင်းချကာ သူ့ခုံနေရာဆီသို့ ဟယ့်ကျိုးက တွန်းချလိုက်သည်။


ကျင်းစစ်သည် အပြင်မှယူခဲ့ရန် လီကျိုးအားမှာထားသော သင်္ချာအိုလံပစ်စာအုပ်အား သူ့နေရာတွင်ဖတ်နေသည်။


သင်္ချာနှင့်ထိတွေ့လိုက်ပြီဆိုပါက အပြင်တွင် ငလျှင်လှုပ်နေသည်ဆိုလျှင်ပင် သူသိမှာမဟုတ်ပေ။ ထို့ကြောင့်သူ၏ထိုင်ခုံဖော်ပြန်ရောက်လာပြီးနောက် မြှူဆွယ်ခံရမည်ကို မသိ‌ချေ။


"ဘာစာအုပ်ဖတ်နေတာလဲ..."


ယင်းကျောင်း အနည်းငယ် ခါးကိုင်းလိုက်ကာ ပြောသည်။


ကျင်းစစ်သည် မော့မကြည့်ဘဲ တုံ့ပြန်မှုတစ်ခုအနေဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။


ယင်းကျောင်း လိုချင်သည့်ပုံစံအတိုင်း ဖြစ်မလာချေ။ မျက်လုံးလှိမ့်လိုက်ပြီး သူ၏သွယ်လျသောလက်ညိုးအား ကျင်းစစ်နဖူးပေါ်သို့တင်လိုက်ပြီး တွန်းမော့စေလိုက်သည်။


"အရမ်းကပ်နေတယ်...အဝေးမှုန်လိမ့်မယ်... သတိထား..."


ထိုအချိန်တွင် စာအုပ်ကမ္ဘာထဲမှကျင်းစစ် နိုးသွားသည်။


အဆင်ပြေပါတယ်ဟု ပြောရန် သူ့ဦးခေါင်းအား ယင်းကျောင်း၏လက်ညိုးဆီမှ နောက်ဆုတ်ခွာလိုက်သောအခါ အင်္ကျီကော်လံအား မြင်သွားချိန်တွင် တစ်ချက်ရပ်တန့်သွားသည်။


သတိထားမိလိုက်သော ယင်းကျောင်း၏နှုတ်ခမ်းသည် အနည်းငယ်ကွေးတက်သွားပြီးနောက် အရှက်မရှိ အံ့ဩဖွယ်ကောင်းစွာပြောလာသည်။

"မင်းကို သတိပေးချင်ရုံပါ...ဆက်ဖတ်လေ...မင်းကိုမနှောင့်ယှက်တော့ပါဘူး..."


သို့သော် ကျင်းစစ် စာဆက်မဖတ်နိုင်တော့ချေ။

ထိုအင်္ကျီကော်လံအတွင်းခေါက်သည်သာ သူ၏ခေါင်းထဲတွင် ရှိနေသည်။


သန့်ရှင်းခြင်းနှင့် မသေမသပ်ခြင်းဆိုသည်များသည် လူတို့၏ရွေးချယ်မှုပင်ဖြစ်သည်ဟု စိတ်ထဲပြန်လည်သတိပေးရင်း သူစပ်စုရန်မသင့်ပေ။


သို့သော် သင်္ချာဆီ ပြန်၍စိတ်နှစ်ရန်ကြိုးစားသော်လည်း ထို‌အချိုးမညီသောကော်လံသည်သာ သူ၏ခေါင်းထဲတွင် တွဲခိုဆွဲနေသည်။

သူ သည်းခံနိုင်တယ် သူ ကြံ့ကြံ့ခံနိုင်တယ်။

သူတောင့်ခံ၍မရတော့သည့်အဆုံး ယင်းကျောင်းဆီသို့ လှည့်ကြည့်လိုက်သည်။

မျက်မှောင်ကြုတ်ကာ ဝေခွဲမရ‌သောစိတ်နှင့် တုံ့ဆိုင်းနေသောသူ့အား ယင်းကျောင်းက ကြည့်နေသည်။ သူ့စိတ်ထဲတွင် ပြုံးနေမိသော်လည်း အပြင်ရုပ်သွင်ကိုတော့ ပုံမှန်လူအတိုင်း ဟန်ဆောင်ထားလိုက်သည်။


"ဘာလဲ..."


"မင်းရဲ့ကော်လံ..."


ကျင်းစစ်က သူ၏လည်ပင်းအား လက်ညိုးထိုးပြသည်။


"အတွင်းဖက် ဝင်နေတယ်..."


"ဟမ်..."

ယင်းကျောင်းက အံ့ဩသွားချင်ယောင်ဆောင်လိုက်ပြီး သူ့ကော်လံဆီသို့ လက်မြှောက်ထိုးပြလိုက်သည်။


"အဆင်ပြေရဲ့လား..."


သူတလွဲလုပ်ထားသော အင်္ကျီကော်လံအား ကျင်းစစ်ကကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။


"အဲ့ဒီဖက်မှာမဟုတ်ဘူးလေ...တစ်ခြားတစ်ဖက်မှာ...အပြင်ဖက်ကိုထုတ်ရမှာ..."

ယင်းကျောင်း ခေါင်းညိတ်ပြကာ အနည်းငယ်ပြင်ဆင်လိုက်သည်။

"အခုရော..."


"မဟုတ်ဘူး..."


ကျင်းစစ် မနေနိုင်တော့ဘဲ ကော်လာကိုအပြင်ထုတ်ပေးရန် သူ့ဆီလက်ရောက်သွားသည်။ ထို့နောက် အသေအချာ ပြန့်ပြီးပုံစံကျစေရန် ပြင်ဆင်ပေးလိုက်သည်။


____

စာရေးသူမှာ ပြောစရာရှိတယ်~


အပိုင်းတို-

ယင်းကျောင်း "ငါ့ကော်လာကိုကြည့်စမ်းပါဦး...အရင်အတိုင်း မိုက်နေတုန်းမှတ်လား..."


ကျန့်ချွယ် "ငါဘာဖြစ်နေတာလဲ...အကို့ကိုဖျက်ဆီးလိုက်မိပြီလား...ငါကအတော်ညံ့ပြီး စိတ်ပျက်စရာကောင်းတဲ့သူပဲ..."

____