အပိုင်း၁၆
Viewers 16k

Chapter 16

Chapter 16


-----------------------


သူ့ကော်လံအား သေချာပြင်ဆင်ပေးနေတဲ့သူကို ကြည့်လျက် ယင်းကျောင်း၏မျက်လုံးများမှာ မှေးကျဥ်းသွားသည်။ နှုတ်ခမ်းထောင့်များမှာလည်း မြင့်သထက်မြင့်သွား၏။


သူတို့အနောက်ရှိ ဟယ့်ကျိုးက အံကြိတ်ကာ ကျန့်ချွယ်အား ညွှန်ပြပြီးပြောသည်။


"မြင်လား...မင်းဘာမှားသွားလဲ သိပြီလား..."


ကျန့်ချွယ် ".........."

ကျင်းစစ်ကို ကော်လံပြင်ပေးစေချင်သည့် ယင်းကျောင်း၏အကြံအစည်အား ကျန့်ချွယ်ကြည့်နေလျက် ကြက်သေသေနေမိသည်။ အချိန်အတော်ကြာပြီးနောက် မှင်တက်နေခြင်းမှ သူပြန်ရောက်လာသည်။

"ခွေးက အိမ်မှာထိုင်တယ်...အစာဟာ ကောင်းကင်ကကျတယ်...အင်း သူကတော့ ငါ့ရဲ့အထက်စီးဆန် စိတ်ကြီးဝင်တဲ့ အကိုဖြစ်တုန်းပဲ..."


ထိုနေ့မှစ၍ နာမည်ဆိုးနှင့်ကျော်ကြားသော ကျောင်းလူဆိုးလေးသည် မကြာခဏပင် အင်္ကျီကော်လံ ဖရိုဖရဲဖြစ်ကာ ကြယ်သီးများသည်လည်း လွဲနေတော့သည်။ ထိုကဲ့သို့သူ့အသွင်အပြင်ကိုမြင်သော်လည်း သူငယ်ချင်းအားလုံးက မသိချင်ယောင်ဆောင်နေကြသည်။


သူ့အားသတိပေးရန် ပထမအစတွင် ကျင်းစစ် မရှက်‌ချေ။ သို့‌သော် အချိန်ကြာလာသည်နှင့်အမျှ သူနေသားကျလာသည်။


ရလဒ်အဖြစ် ယခုတွင် ယင်းကျောင်း၏အင်္ကျီကော်လံသည် အမြဲပြောင်းပြန်ဖြစ်နေတတ်ပြီး သူသည်လည်း ပုံမှန်ပြင်ပေးနေတတ်ပြီဖြစ်၏။


ကိုယ်တိုင်စာလေ့လာချိန်အတွက် ယင်းကျောင်း၏စားပွဲပေါ်တွင် မှတ်စုများအား ကျင်းစစ် ထားပေးထားသည်။


"ဒါကဒီလို...အရင်ဖတ်ကြည့်ဦး...ဘာတစ်ခုမှနားမလည်ရင် လာမေးလို့ရတယ်..."


ယင်းကျောင်းက မှတ်စုစာအုပ်ကိုဖွင့်ကာ ငုံ့ကြည့်လိုက်သည်။ နှင်းကဲ့သို ဖြူဖွေးနေသောစာရွက်ပေါ်တွင် ပြည့်ကျပ်နေသည့်စကားလုံးများအား တစ်ချို့နေရာများတွင် မှင်နီဖြင့်အမှတ်အသားလုပ်ထားသည်။


အခန်းကြီးများ၊ အခန်းသေးများနှင့် အဓိကအချက်များသည် တစ်ချက်ဝေ့ကြည့်လိုက်ရုံနှင့် မြင်သာနေသည်။


"မင်း တော်တော်မှတ်မိတာပဲ..."


ယင်းကျောင်းက မျက်ခုံးပင့်ကာ ကျင်းစစ်အားကြည့်လိုက်သည်။


"အတန်း‌ဖော်လေး...ငါ့ကိုမင်းနဲ့အတူ စာလုပ်စေချင်တာလား..."


ယင်းကျောင်း၏စိတ်ခံစားချက်မှာ အနည်းအကျင်းရှုပ်ထွေးနေမိသည်။


သူ့မှတ်စုများအား ပြင်ဆင်ပေးမည်ဟု ကျင်းစစ် စပြောချိန်က အတည်ဖြစ်မည်ဟု သူမထင်ခဲ့ချေ။ အတည်တကျ ပြင်ဆင်ပေးနေသည့် ထိုငတုံးလေးအားမြင်မိသောအခါ စိတ်ဝင်စားစရာအလွန်ကောင်းနေသောကြောင့် ရှိုးပွဲတစ်ခုအား ပျော်ပါးသောစိတ်ခံစားချက်ဖြင့်ကြည့်နေသကဲ့သို့ ကြည့်နေလိုက်မိသည်။


ကျင်းစစ် ယခုကဲ့သို့ စိတ်နှစ်ထားလိမ့်မည်ဟု သူမထင်ခဲ့ပေ။


'လေ့လာသင်ယူခြင်းဆိုတာက ဘာလဲ...'


နှစ်ရှည်လများစွာ ယင်းကျောင်း မသိခဲ့ချေ။


သို့သော် ယခု ထိုမှတ်စုစာအုပ်ကြီးအား ကိုင်ထားလိုက်ချိန်တွင် သူ၏ဟာသသည် အဖြစ်မမြောက်တော့ပေ။


"မင်း..."


ကျင်းစစ်က မျက်လုံးများပင့်ကာ နှုတ်ခမ်းအားစုဝိုင်းပြီး သူ့အားပြောလိုက်သည်။


"မကြည့်ချင်ဘူးလား..."


"ကြည့်ရမှာပေါ့..."


ယင်းကျောင်း၏လည်စလုတ်က လှုပ်ရှားသွားပြီး စာရွက်များအားလှန်ကြည့်လိုက်သည်။


"မမျှတဘဲနေမှာပေါ့...ဟုတ်တယ်ဟုတ်...ရိုးရှင်းပါတယ်..."


ကျင်းစစ် သက်ပြင်းချကာ ရင်ထဲမှပူပန်မှုများ တည်ငြိမ်သွားသည်။ ယခုမှစ၍ ယင်းကျောင်းထံတွင် သူ၏အကြွေး မရှိတော့ချေ။ သူတို့၂ယောက်ကြားတွင် စည်းတစ်ခုတော့ ထားနိုင်သင့်ပြီဖြစ်သည်။


ကျင်းစစ်၏မှတ်စုအကူအညီယူပြီးနောက်ပိုင်း သူ့အပေါ်တွင် ကျင်းစစ်အနေအေးလာသည်ကို ယင်းကျောင်း သတိထားမိလာ၏။


သို့သော် သူအများကြီးစဉ်းစားမနေချေ။


ကျင်းစစ်က နွေးထွေးသော အကျင့်စရိုက်မရှိသည့်အပြင် နှစ်ဝက်စာမေးပွဲသည်လည်း ရောက်လာတော့မည်သဖြင့် စာကိုချည်း အာရုံစိုက်နေသည်။ သူကမူ ထိုမျှလောက်အထိစာကြိုးစားတဲ့သူမဟုတ်ပေ။


"ဟေ့ ကျင်းစစ်...ကျောင်းဆွေးနွေးပွဲက ပို့စ်ကိုတွေ့ပြီးပြီလား..."


အတန်းချိန်အပြီး အပြင်လေရှူရန် ကျင်းစစ် ထွက်လာခဲ့‌သောအခါ လီကျိုးက ရုတ်တရက်ပြောလာသည်။


"အထူးတန်းနဲ့ အဓိကတန်းက တကယ့်ဆရာကြီးဘယ်ကလဲဆိုတာမသိဘူး သိလား...ငါအရမ်းဒေါသထွက်တယ်..."


"ဘာပို့စ်လဲ..."


ကျင်းစစ်သည် သင်္ချာပုဒ်စာအကြောင်း စဉ်းစားနေချိန် ကြားလိုက်ရသဖြင့် ဝိုးတဝါးပြန်မေးလိုက်သည်။


"ငါက မင်းကို အခိုင်အမာယုံတယ်...မင်း စိတ်တွေပြန်ကြမ်းဖို့လိုပြီ..."


လီကျိုးက ပတ်ဝန်းကျင်အား သူခိုးတစ်ယောက်ကဲ့သို့ ဝေ့ကြည့်လိုက်သည်။ လူတစ်ချို့ကိုသာတွေ့ရသဖြင့် သူ၏ဖုန်းကို ဂရုတစိုက်ထုတ်လိုက်သည်။ တတောက်တောက်နှိပ်လိုက်ပြီးနောက်ကျင်းစစ်အား ပေးလိုက်သည်။


"ဟောဒီမှာ...မင်းက စက်ဆုပ်စရာကောင်းတဲ့လူလို ဟန်ဆောင်နေတယ်လို့ပြောထားတဲ့ ပို့စ်..."


သူက ဒေါသတကြီးဆက်ပြောသည်။


"ပထမကတော့ ပြောနေကြတာ အေးအေး‌ဆေးဆေးပဲ...နောက်ပိုင်းလည်းကျရော ဘယ်သောက်အဖွဲ့က ပြဿနာကို စလိုက်မှန်းမသိဘူး...အတန်း၇မှာ လူတွေအများကြီးရှိတယ်တဲ့...တစ်ချို့ဆိုရင် စာမေးပွဲမှာ မင်းကနောက်ဆုံးအဆင့်ပဲရမလား မရမလားဆိုတာကို လောင်းကြေးစားကြေးလုပ်နေကြတယ်တဲ့..."


ကျင်းစစ်၏မူရင်းခန္ဓာကိုယ်သည် အထက်တန်းကျောင်း ဒုတိယနှစ်တွင် နာမည်ကြီးသည်။ စာမေးပွဲများတွင် စာရွက်အလွတ်များသာ အမြဲချန်ထားခဲ့သည်။ အကြိမ်တိုင်း သူကနောက်ဆုံးသာဖြစ်သည်။ သူ့အားလူအများသိသည့်ထင်ရှားသောဆံပင်အဝါရောင်နှင့်သူက ရန်ဖြစ်ရသည်ကိုလည်း ကြိုက်နှစ်သက်သည်။


ထို့ကြောင့် သူသည်အမှန်တကယ်စာတောသူဖြစ်ပြီးအတုအယောင် စက်ဆုပ်စရာကောင်းသောသူတစ်ဦးဖြစ်သည်ဟုကြားသိပြီးနောက် သူ့အား လူအများက မယုံကြည်ကြ‌‌ခြင်းဖြစ်သည်။


ကျင်းစစ်၏စွမ်းဆောင်ချက်များအား မြင်တွေ့ထားသောအတန်း၇မှကျောင်းသားများသည် ၎င်းတို့၏စူးစမ်းမှုအပြီး ကျင်းစစ်ဖြေမရှင်းနိုင်လောက်ဘူးထင်သောမေးခွန်များကိုမေးကြပြီးသည့်‌နောက် တဖြည်းဖြည်း လက်ခံလာကြသည်။


သို့သော် အခြားအတန်းမှကျောင်းသားများက မသိရှိကြချေ။ ထို့ကြောင့် ပို့စ်ကိစ္စပြီးသည့်နောက်တွင် ကျင်းစစ်အား လှောင်ပြောင်ခြင်းမှ အတန်း၇တစ်တန်းလုံးအား လှောင်ပြောင်ခြင်းဆီသို့ ပြောင်းလဲသွားကြ၏။


ထိုသို့နှင့် ယခုပိုစ့်ဖြစ်လာခဲ့သည်။


ပိုစ့်အကြောင်း ဆရာလျို ပြခဲ့စဥ်ကတည်းက ကျင်းစစ် အမှုမဲ့အမှတ်ဖြစ်မဲ့နေခဲ့သည်။ သူ့ဖုန်းကိုထုတ်လိုက်ပြီး ပေ့ခ်ျကိုဖွင့်လိုက်သည်။


[ အလွှာ၃၈၀ : ဝတ်ကောင်းစားလှတွေဝတ်တဲ့ အတန်းသားဖြစ်ရတာ တန်ပါတယ်...အခန်း7ရဲ့IQက‌ ဒီပိုစ့်မှာ ၃၆၀ဒီဂရီပြနေတယ်လေ...]


[ အလွှာ၃၉၂ : အတန်း၇ကသူတွေ ဘယ်လိုအပိုတွေထပ်ပြီး လျှောက်ဖန်တီးဦးမလဲသိထင်လိုက်တာ...လမ်းကြောင်းလွှဲဖို့ ကျင်းစစ်ဆံပင်ညှပ်လိုက်လို့ပိုချောသွားပေမယ့် သူ့IQကတော့ရုပ်နဲ့မဆိုင်ဘူး...]


[ အလွှာ၄၁၄ : ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ...ကျင်းစစ် စာကြိုးစားနေတယ်လား...အတန်း၇သူတွေရဲ့မျက်လုံးတွေထဲမှာ ဘာတွေသင်နေကြလဲသိချင်မိတယ်...ရှေးကဗျာတစ်ပုဒ်ကို အလွတ်ရွတ်ပြနိုင်လား...အီကွေးရှင်းတစ်ခုလောက် ဖြေရှင်းပြနိုင်ရဲ့လား...]


[ ‌အလွှာ၄၁၅ : အရူး...ငါ့စိတ်တွေကတော့ ချီးတွေနဲ့အပက်ခံနေရတာပဲ...ကျင်းစစ်က စာတကယ်ကြိုးစားနေတာ...ငါတို့အတန်းပိုင်ဆရာက ထောက်ခံပြီးသား...မင်းတို့ခေါင်းထဲမှာ မကောင်းတာတွေကြီးပဲရှိနေကြတယ်]


[ အလွှာ၄၂၀ : အတန်း၇ရဲ့ဆရာက ဟုတ်လား...အဲ့ဒီဝက်ဝံကြီးကလေ...ဟဟဟဟဟဟဟဟဟ...ပြောပြမယ်...အစကငါ သူ့ကို ကာယဆရာထင်နေတာ...]


[ အလွှာ၄၂၈ : ကျင်းစစ် စာလုပ်တယ်ပေါ့...ဟုတ်မှာပါ...‌ဒီတစ်ခါတော့ အဆင့်၅၀၀ကိုရချင်ရမှာပေါ့...puff...]


[ အလွှာ၄၄၄ : ကျင်းစစ်ရမှတ်စုစုပေါင်း၂၀၀ရခဲ့ရင် livestreamလွှင့်ပြီး အီးစားပြမယ်...]



..........................................



လီကျိုး တစ်ကြိမ်ဖတ်ပြီးသားဖြစ်သော်လည်း ပြန်ဖတ်တိုင်း အလွန်ဒေါသထွက်နေဆဲဖြစ်သည်။


"ဘယ်သူတွေလဲဆိုတာ သိလို့ကတော့ကွာ...ကျောင်းပြီးချိန် လမ်းကြားထဲခေါ်သွားပြီး ပြောချင်တာပြောခိုင်းမယ်...အေး လောင်လျိုလည်း လုပ်ချင်တာလုပ်ပါလေ့စေ...ဒီခွေးမသားတွေ..."


ဆရာလျို၏စိတ်သည် တို့ဖူးကဲ့သို့နူးညံ့သလို ကျောင်းသားများဆီ မြှုပ်နှံထားသည်။ အတန်း၇မှကျောင်းသားများသည်လည်း သူ့အား လွန်စွာချစ်ခင်ရိုသေကြ၏။


"ပြီးတော့ ဒီမှာ..."


လီကျိုးက ဖုန်းအား ထိုးပြလာသည်။


"ထိပ်ဆုံး၅၀၀တဲ့လား...အမေရေ...ကျွန်တော်တို့သိပ္ပံအတန်းကကျောင်းသားတွေက အယောက်၅၂၀ထပ်နည်းပါတယ်ဗျာ..."


လီကျိုး ပြောလေ ဒေါသထွက်လေ ဖြစ်လာသည်။ သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျင်းစစ်အား အလေးအနက်ကြည့်လိုက်သည်။


"အမှန်တိုင်းပြော ကျင်းစစ်...မင်းရဲ့အဆင့်က ဘယ်လောက်လဲ...အဆင့်..."


သူ တစ်ချက်တုံ့ဆိုင်းသွားပြီး တစ်ခါမျှမစဉ်းစားဖူးသောအဆင့်နှင့် မညှာမတာမေးလိုက်သည်။


"ထိပ်ဆုံး၃၀၀ကွာ...မင်းလုပ်နိုင်မလား..."


ပြီးခဲ့သောနှစ် စီရင်စုအထက်တန်းကျောင်း၏ အမည်စာရင်းသွင်းရာခိုင်နှုန်းသည် ၈၈ရာခိုင်နှုန်းရှိသည်။


ထိုနံပါတ်သည် အတော်အတန်ကြောက်စရာကောင်းသော နံပါတ်ဖြစ်သည်။ မညှာမတာ လီကျိုးမေးခဲ့သော်လည်း ကျောင်းတွင်ရှိသောကျောင်းသားများအား သာလွန်စေရန်မည်မျှခက်ခဲမည်ဆိုသည်ကို သူသိနေသည်။


ကျင်းစစ်သည် ဤကမ္ဘာ၏အထက်တန်းကျောင်းမှ သင်ရိုးများအားလုံးကို ရှာဖွေလေ့လာကာ စစ်ဆေးမှုမေးခွန်းလွှာအချို့အား ဖြေဆိုထားခဲ့သည်မှာ တစ်လနီးပါးရှိခဲ့ပြီဖြစ်သည်။


သူ ကြုံတွေ့ခဲ့သောအဆင့်ထက် ပို၍ခက်ခဲနေခဲ့သော်လည်း အချိန်ပိုများအားအသုံးချကာ စိတ်ဝင်စားစရာကောင်းသော သိပ္ပံအကြောင်းအရာတစ်ချို့ ရှာဖွေနိုင်ခဲ့သည်။ အကြောင်းအရာများနှင့်ပက်သတ်သော ဆက်စက်မှုများသည် သူ့အတွက် မခက်ခဲလှပေ။


ထိပ်ဆုံး၅၀အတွင်းဝင်ရန် လွယ်ကူသည်ဟု ပြောချင်သော်ငြား ထိုသို့ပြောဆိုရန် သူအမြဲသတိရှိခဲ့သည်။ သူ ကြိုတင်၍ ဘယ်သောအခါမှမပြောခဲ့ဖူးချေ။


သူ စကားများစွာမပြောဘဲ ခေါင်းကိုသာ ညိတ်ပြလိုက်သည်။


"ဖြစ်နိုင်လောက်ပါတယ်..."


"အိုကေ..."


သူ့ပုခုံးအား လီကျိုးရိုက်လိုက်သည်။


"ကိုယ့်လူ...မင်းကို ဒီတစ်ကြိမ် ယုံကြည်လိုက်မယ်..."


သူ အံ့ကြိတ်ကာ ကျင်းစစ်လက်ထဲမှဖုန်းအားဆွဲယူလိုက်ပြီး အလျှင်အမြန်စာပြန်လိုက်သည်။


[ အလွှာ၅၈၂ : ငပိန်းတွေ...မဟောင်ကြနဲ့စမ်း...ဒီစာမေးပွဲမှာ ကျင်းစစ်က ထိပ်ဆုံး၃၀၀ထဲဝင်မှာ...ငါတို့တိုက်ရိုက်အသံလွှင့်တာကို ဝင်နားမထောင်ကြရင်...ငါ ဖုန့်မောင်ရဲ့ ထိပ်ပြောင်ကြီးကို ကိုင်မယ်...]


ဒါရိုက်တာဖုန့်မောင်သည် သူ၏အမည်အား ဖုန့်ဟွာကျန့်မောင် ဆိုသည့်အမည်မှယူထားပြီး နာမည်နည်းတူလှပ‌သောအဓိပ္ပါယ်အတိုင်း ထင်ရှားတောက်ပစွာနေထိုင်ခဲ့သည်။ သူ့ဦး‌ခေါင်းထိပ် ပြောင်နေခဲ့သည်မှာ ငယ်ရွယ်စဥ်ကပင်ဖြစ်သည်။ ဆံပင်အရှည်ထားကာ အနောက်ပြန် လှန်ဖီးထားလျှင်ပင် ပြောင်နိုင်မည့် လက္ခဏာရှိသည်။


ယခုတလော ဖုန့်မောင်သည် ကျောင်းသားများအကြား နေရာအနှံ့စည်းကမ်းတင်းကျပ်နေသည်။ သူ၏တောက်ပြောင်နေသော ဦးခေါင်းထိပ်အား ကိုင်ထိရဲသော သတ္တိသည် တစ်သက်တာလေးစားစရာ သတ္တိပင်ဖြစ်သည်။


လီကျိုး၏ပြန်စာအား မြင်တွေ့ပြီးကြသည်နှင့် တစ်ပြိုင်နက် အမြင့်ဆုံးသောလှိုင်းတစ်ခု ဖြစ်တည်သွားသည်။


[ အလွှာ၅၈၃ : အပေါ်က အတန်း၇ကျောင်းသားရေ...အတည်ဖြစ်သွားပြီနော်...မင်းပြောတဲ့အတိုင်းလုပ်ပါ...]


[ အလွှာ၅၉၀ : ကြည့်လို့ကောင်းမယ့် နောက်ပွဲတစ်ပွဲပဲဟေ့...ဟဟဟဟဟဟဟဟ...သတင်းထူး...]


[ အလွှာ၆၀၀ : ဘာမှမပြောကြရအောင်...အတန်း၇က စက်ဆုပ်စရာ‌ကောင်က တကယ်ယုံကြည်ချက်အပြည့်ရှိတာပဲ...ဟဟဟ...]


[ အလွှာ၆၀၆ : ငါ့ဘဝမှာ ပထမဦးဆုံးအကြိမ် စာမေးပွဲအဖြေချင်ဆုံးပဲ...]



...........................................



လီကျိုးက ပြန်စာတစ်ခုချင်းစီအားပြကာ စူးစူးဝါးဝါးအကြည့်ဖြင့် ကျင်းစစ်အားစိုက်ကြည့်နေသည်။


"ကိုယ့်လူ...ငါ့ဘဝကို မင်းအတွက်ပုံအပ်ထားတယ်နော်..."


ကျင်းစစ် "......"


ကျင်းစစ်က စိတ်ရှုပ်ထွေးနေမိသည်။


"ငါ ကြိုးစားပါ့မယ်..."


စာမေးပွဲနီးကပ်လာသည်နှင့်အမျှ ပို့စ်အကြောင်းအား လူသိပိုများလာသည်။ လူအများစုသည် ၎င်းတို့၏စူးစမ်းချင်စိတ်များအား မထိန်းချုပ်နိုင်ဘဲ အတန်း၇ဆီသို့သွားကာ စောင့်ကြည့်လာကြသည်။


စာမေးပွဲမတိုင်ခင် ကျင်းစစ်သည် လူအများလာရောက်ကြည့်ရှု‌ခြင်းခံရသော တိရစ္ဆာန်ရုံမှ ပန်ဒါလေးသကဲ့သို့ဖြစ်နေသည်။


နှစ်ဝက်စာမေးပွဲက နိုဝင်ဘာလ၏ လအစတွင်ဖြစ်သည်။ စီရင်စုအထက်တန်းကျောင်းသည် စာမေးပွဲတိုင်းအား အရေးတကြီး အလေးထားသည်။ ထို့ကြောင့် လကုန်ကျောင်းပိတ်ရက်အား စာမေးပွဲပြီးဆုံးသည်အထိ ပြောင်းရွှေ့လိုက်သည်။


စီရင်စုအထက်တန်းကျောင်း၏ စာသင်ဆောင်အသစ်အတွင်းရှိ စာသင်ခန်းတိုင်းတွင် စောင့်ကြည့်ကင်မရာများ တပ်ထားသည်။ သို့သော် ဤသို့နှင့်ပင်မလုံလောက်သဖြင့် စာခိုးချခြင်းအားကာကွယ်ရန် ဖြေဆိုချိန်အတွင်း ပထမတန်းနှင့်ဒုတိယတန်းတို့သည် ဖြေဆိုခန်းများ လဲလှယ်ဖြေဆိုရမည်ဖြစ်သည်။


ဒုတိယနှစ်၏ဖြေဆိုခန်းများသည် ပထမနှစ်၏စာသင်ခန်းများတွင်ဖြစ်ပြီး ပထမနှစ်၏ဖြေဆိုခန်းများသည် ဒုတိယနှစ်၏စာသင်ခန်းများတွင်ဖြစ်၏။


စာမေးပွဲဖြေဆိုမည့်နေ့တွင် လီကျိုးနှင့် ဟယ့်ကျိုးတို့မှာ လွန်စွာစိတ်လှုပ်ရှားနေကြသည်။


"အမြန်ရေးတဲ့ဘောပင်ပါလာလား...မှင်အမဲဘောပင်ရော ဘယ်မှာလဲ..."


လီကျိုးက ကျင်းစစ်အနားတွင် လက်ထောက်တစ်ယောက်ကဲ့သို့အလုပ်ရှုပ်နေသည်။ စကားများဆက်တိုက်ပြောကာ ဟိုဟိုဒီဒီ လိုအပ်တာမှန်သမျှအား ကူညီ၍ပြင်ဆင်ပေးနေသည်။


ကျန့်ချွယ်သည်လည်း အလုပ်ရှုပ်နေသည်။ သူက စာမေးပွဲအတွက် မည်သည့်ပစ္စည်းများလိုအပ်သည်ကို မသိသူဖြစ်သည်။ ကျင်းစစ်၏ကျောပိုးအိတ်အတွင်း လှန်လှောရှာဖွေရင်း‌ ပြောလာသည်။


"အကြမ်းစာရွက်တွေက လောက်ရဲ့လား...ငါထက်ပြီး ဝယ်ပေးလိုက်ရဦးမလား..."


ကျောင်းအတွင်း၌ စာရေးကိရိယာဆိုင်က‌လေးတစ်ဆိုင်ရှိသည်။ ထိုဆိုင်တွင် ချုပ်ထားသောအကြမ်းစာကွက်များအား တစ်ထပ်လျှင် ယွမ်၂ယွမ်ဖြင့် သက်သာစွာ ဝယ်ယူနိုင်သည်။


"အိုကေ...သွားမယ်..."


သူတို့၏မေခွန်းတစ်ခုချင်းစီအား မှင်တက်စွာနားထောင်နေသော ကျင်းစစ်ကိုမြင်ရသည့် ယင်းကျောင်းသည် သူတို့အား စိတ်မရှည်လက်မရှည်တွန်းထုတ်လိုက်သည်။


"မင်းတို့တွေ ဘယ်လိုဖြစ်နေကြတာလဲ..."


ကျင်းစစ်၏ကျောပိုးအိတ်အား ဆွဲယူလိုက်ပြီး သူ့ကျောပေါ်လွယ်လိုက်သည်။


"အဆင်သင့်ပဲလား..."


ကျင်းစစ်၏ဖြေဆိုခန်းသည် နောက်ဆုံးမှဖြေဆိုခန်း အတန်း၂၄ဖြစ်သည်။


ဖြေဆိုသူကျောင်းသားများအကြားတွင် ကျန့်ချွယ်သည် ကျင်းစစ်နှင့် အတန်းတူသည်။


"အင်း..."


ကျင်းစစ် လက်က်ိုဆန့်တန်းကာ ကျောပိုးအိတ်အားပြန်တောင်းသည်။


"ငါ့ဟာငါလွယ်မယ်..."


ယင်းကျောင်း မသိချင်ယောင်ဆောင်ကာ ကျင်းစစ်၏လက်အား တိမ်းရှောင်လိုက်ပြီး ရှေ့ဆက်လျှောက်သွားလိုက်သည်။


"ဒါဆိုလဲ သွားမယ်..."


"မင်းလွယ်ပေးစရာမလိုဘူး...ငါ့ဟာငါလွယ်မယ်ဆို..."


ကျင်းစစ်က အနောက်မှလိုက်သွားကာ ကျောပိုးအိတ်ကြိုးအား လှမ်းဆွဲရင်း တရွတ်တိုက်ဆွဲချလိုက်၏။


"ပြဿနာမရှာနဲ့..."


သူ့လက်ကောက်ဝတ်အား ယင်းကျောင်းကဖမ်းချုပ်လိုက်သည်။ ထို့နောက် နောက်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။


"အဲ့ဒီလီရှစ်က အတန်း၂၄က...မင်းတစ်ယောက်တည်းသွားလို့မရဘူး..."


ကျင်းစစ်၏ခြေလှမ်းများ ရပ်တန့်သွားသည်။


"မစိုးရိမ်ပါနဲ့...အိုကေပါတယ်..."


ယင်းကျောင်းက သူ့အား ရှေ့သို့ဆွဲခေါ်သွားရင်း "ဒီကော ရှိတယ်..."


ကျင်းစစ်က သူ့ကိုကြည့်လိုက်ပြီး လေးနက်တည်ကြည်စွာ ရှင်းပြလိုက်သည်။


"မစိုးရိမ်ပါဘူး..."


ကျင်းစစ်၏ကာရိုက်တာသည် ကြောက်လန့်တတ်တာမျိုးမရှိချေ။ ဘဝအတွက်ဖြစ်စေ သို့မဟုတ် စာအတွက်ဖြစ်စေ မည်သူ့ကိုမှ ‌ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။


ယခုအချိန်တွင် လီရှစ်နှင့်အခြားသူများသည် တစ်ခုခုပြုလုပ်မည်ဆိုလျှင်ပင် ကျင်းစစ် အသက်ရှူနေသမျှကာလပက်လုံး ၎င်းတို့ပြန်လည်ထွက်ပြေးရမည့် အဖြစ်သည်သာရှိသည်။


"မင်းမိုက်တယ်ဆိုတာ ငါသိပါတယ်...မင်းမှာပြင်းထန်တဲ့စိတ်ရှိတာပဲလေ...ကဲပါ...သွားကြမယ်..."


ယင်းကျောင်းက ရယ်မောကာ အောက်ထပ်သို့ဆင်းသွားရင်း ကျင်းစစ်အား သတိပေးလိုက်သည်။


"ဒေါသပြင်းပြင်းနဲ့ကျောင်းသားလေးရေ...လှေကားထစ်တွေကိုလည်း ကြည့်ဆင်းဦးနော်..."


ကျင်းစစ်က ကျောပိုးအိတ်ကိုဆက်၍မလုတော့ဘဲ သက်ပြင်းချကာ သွားခွင့်‌ပေးလိုက်သည်။


၎င်းတို့၏အနောက်မှ မကြားဟန် မမြင်ဟန်ဆောင်ကာ ဟယ့်ကျိုးကလိုက်လာသည်။


ကျန့်ချွယ်က သည်းခံနေသော်လည်း ဆက်၍အောင့်မခံနိုင်တော့သဖြင့် ဟယ့်ကျိုးအနားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။


"လီရှစ်က အတန်း၂၁ကလို့ငါသိထားတာ..."


"အင်း အတန်း၂၁..."


ဟယ့်ကျိုးက နှာမှုတ်၍သရော်သံပြုလိုက်သည်။


"ငါ စာမေးပွဲအတွက် သူတို့အတန်းထဲသွားရင် အဲ့ဒီကောင်ကို ခြောက်လှန့်ဖို့ ပြင်ဆင်ထားတယ်..."


ကျန့်ချွယ်က ရှုပ်ထွေးသွားသောပုံစံဖြစ်သွားသည်။


"အကိုကျောင်းက...အဲ့လိုလုပ်ရင် မှားတယ်လို့ပြောထား..."


ဟယ့်ကျိုးသည် သူ၏ခေါင်းအားလှည့်ရင်း ပြုံးရွှင်ကာ ကျန့်ချွယ်အားကြည့်လိုက်သည်။


"လုပ်ရိုးလုပ်စဉ်ဆိုတာ မင်းနားမလည်တဲ့အရာပဲ...မေးမနေနဲ့..."


"အို့..."


ကျန့်ချွယ် မျက်နှာကို ပွတ်သပ်လိုက်ပြီးနောက် ပါးစပ်သာပိတ်ထားလိုက်တော့၏။



______



စာရေးသူမှာ ပြောစရာရှိတယ် ~


အပိုင်းတို-


ယင်းကျောင်း" အထူးသဖြင့်...အချောအလှလေးကို အန္တရာယ်ထဲက ကာကွယ်ပေးရတဲ့အလုပ်မျိုးတွေကသာ ငါနဲ့ကိုက်တာ..."


ဟယ်ကျိုး ကျန့်ချွယ် ဖမ်ချန်းချန်း "....." ဖာ့ခ်!


___