အပိုင်း ၅၀
Viewers 14k

Chapter 50
ပန်းပွင့်အိမ်တော်အတွင်းတွင်


ခွန်းလွန်၏ တည်နေရာနယ်မြေက ဝေးလံသည့် အရပ်ဒေသတွင် ရှိသောကြောင့်ဖြစ်မည် ၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်သွယ်ရေးမှာ မဖွံ့ဖြိုးသေးချေ။ ယင်းက တောင်ပေါ်တွင်ဖြစ်စေ၊ တောင်ခြေတွင်ဖြစ်စေ ပြဌာန်းစာအုပ်တွင်သာရှိသည့် ထိုကဲ့သို့ ပန်းပွင့်အိမ်တော်ကဲ့သို့ နေရာမျိုးလည်းမရှိပေ။ ဤသည်က ထိုကဲ့သို့ ဖိတ်ခေါ်မှုနှင့် ကြုံကြိုက်ရသည်မှာ လင်းရုဖေးအတွက် ပထမဆုံးအကြိမ်လည်းဖြစ်ရာ သူက အတန်ငယ်မသင့်လျော်သည်ဟု ခံစားရသော်လည်း အဆုံးတွင် ယင်းနှင့်ပတ်သတ်၍ သိချင်စိတ်ပြင်းပြစွာ ရှိနေဆဲပင်။

လင်းရုဖေး၏ တွန့်ဆုတ်နေမှုအား တွေ့လိုက်ရာ မုန့်လန်ရောက သူ၏အသံကိုနိမ့်ကာ ရှင်းပြလာသည်။

"လင်းကုန်းဇီ..မစိုးရိမ်ပါနဲ့ ကြွေလွင့်ပြီးသောနွေဦးအိမ်တော်က သန့်ရှင်းပါတယ် အထဲက မိန်းကလေးတွေကလည်း ဗျက်စောင်း...ဂို...လက်ရေးလှ နဲ့ ပန်းချီပညာမှာ ကျွမ်းကျင်ကြတယ် အဲ့တာက 'အသွေးအသားနဲ့ဆိုင်တဲ့' လုပ်ငန်းတွေလုပ်တဲ့ ညစ်ပတ်တဲ့နေရာလိုမျိုး မဟုတ်ဘူး"

[:ဂို -အနက်ရောင်ကျောက်တုံး၁၈၁လုံးနဲ့ အဖြူရောင်ကျောက်တုံး၁၈၀လုံးကစားရတဲ့ ဘုတ်ပြားပေါ်က ကစားနည်းတစ်မျိုးပါ ]

"အဲ့တာအပြင် ကျွန်တော်တို့က ကြည့်ရုံလေးပဲသွားမှာလေ ကျွန်တော်တို့ ဘာမှ မကောင်းတာမလုပ်ပါဘူး"

မုန့်လန်ရောက သူ၏ဖိတ်ကြားချက်အား လက်ခံရန် မျှော်လင့်ချက်ကလေးဖြင့် လင်းရုဖေးအားကြည့်လိုက်၏။

"ညတာက ရှည်တယ် ..ကျွန်တော်တို့ အိမ်မှာပဲနေနေရင် တအားပျင်းစရာကောင်းနေလိမ့်မယ်"

လင်းရုဖေးက တုံ့ဆိုင်းနေသော်ငြား ဖြေးညှင်းစွာ ခေါင်းညိမ့်၍ မုန့်လန်ရော၏ ဖိတ်ခေါ်မှုအား လက်ခံလိုက်လေသည်။

မုန့်လန်ရောက ဝမ်းသာအားရဖြစ်စွာဖြင့် ပြုံးပြလာ၏။

"ဒါဆို လင်းကုန်းဇီ..ခဏလောက်နေရင် ကျွန်တော်လာခေါ်မယ်..ပြီးရင် ကျွန်တော်တို့ အဲ့ဒီကို ရထားလုံးနဲ့အတူတူ သွားကြတာပေါ့"

လင်းရုဖေးက သူ၏စကားလုံးများအား ခေါင်းသာညိမ့်ပြလိုက်သည်။

ထို့နောက်တွင်မူ မုန့်လန်ရောက ပျော်ရွှင်စွာ ထွက်သွားလေ၏။

သူထွက်သွားပြီးချက်ချင်းတွင် လင်းရုဖေးဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည့် ကုရွှမ်းတုက ပါးစပ်ဖွင့်လာကာ အကြောင်းပြချက်တစ်ချို့ကြောင့် သူ၏လေသံမှာ ခပ်ချဥ်ချဥ်ဖြစ်နေ၏။

"ဘာကြောင့်များ ရှောင်ကျို့က ပန်းပွင့်အိမ်တော်တစ်ခုကို စိတ်ဝင်စားသွားရတာလဲ...အဲ့ဒီနေရာက အရမ်းပျင်းစရာကောင်းတယ်"

လင်းရုဖေးက ထိုအချက်အား အခွင့်ကောင်းယူ၍ မေးလိုက်သည်။

"ဘာလို့လဲ အကြီးအကဲက အဲ့ဒီလိုနေရာမျိုးကို မကြာခဏသွားလေ့ရှိလို့လား"

ကုရွှမ်းတုက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလာသည်။

"ကိုယ်အဲ့ဒီကို တစ်ကြိမ် မဟုတ်... နှစ်ကြိမ် ရောက်ဖူးတယ်..ဘာမှစိတ်ဝင်စားစရာမရှိဘူး"

လင်းရုဖေးက ဆိုလိုက်သည်။ "ကျွန်တော် အရင်က အဲ့တာကို မတွေ့ဖူးဘူး..နဲနဲသိချင်ယုံလေးပါပဲ"

ကုရွှမ်းတုက အံကြိတ်ရင်း သတိပေးလိုက်သည်။

"အဲ့တာက ညစ်ညမ်းတဲ့ မိန်းမတွေပဲ[1] ဘာမှကြည့်စရာမရှိဘူး"

[ T/N - အော်ဟော့! ]

ကုရွှမ်းတု၏ စကားများအား ကြားသောအခါ လင်းရုဖေးမှာ ပြုံး၍ဟာသမလုပ်ဘဲ မနေနိုင်အောင်ပင် ဖြစ်သွားမိပြီး "အကြီးအကဲရဲ့ ပုံပန်းအသွင်အပြင်နဲ့ယှဥ်ရင် တခြားသူတွေက တကယ်ကို သာမညရုပ်ရည်သာရှိတဲ့ တန်ဖိုးနည်းတဲ့သူတွေပေါ့လေ ဟုတ်လား"

သူ၏သွင်ပြင်အား ချီးမွန်းခံလိုက်ရသည့် ကုရွှမ်းတုက ချက်ချင်းပင် မျက်နှာအမူအရာပြောင်းလဲသွားပေသည်။ သူက တစ်ခုခုပြောချင်ပုံပေါ်သော်ငြား အဆုံးတွင် မည်သည့်စကားလုံးမှထွက်ကျမလာပေ။ သူက အေးစက်စွာ နှာမှုတ်လိုက်ရင်း ၀တ်ရုံလက်ရှည်အား ဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။ လင်းရုဖေးက သူသည် ထိုသို့သော စကားတစ်ခွန်းကိုပြောလိုက်ခြင်းက ကုရွှမ်းတုအား အမှားပြုမိသွားသလားဟူ၍ ခံစားလိုက်ရသည်၊ သို့သော် မည်သည့်စကားကအပြစ်ပြုမိသလိုဖြစ်သွားရသနည်း။

ညရောက်ချိန်တွင် ရှင်းကျိုးမြို့မှာ တက်ကြွမှုများနှင့် ရှုပ်ယှက်ခတ်နေ၏။

ချန့်လန်မြစ်ပေါ်တွင် ရွှန်းစိုလှပသော ပန်းလှေများစွာက ရွက်လွင့်နေကြသည်။ ကမ်းခြေထက်တွင် ထိုင်နေရင်း တစ်ယောက်ယောက်က ပိုးနှင့်နှင့်ဝါး[2]ဂီတသံကို နားဆင်နိုင်ပြီး မွှေးရနံ့သင်းသင်းကိုလည်း ရှူရှိုက်နိုင်ပေ၏။ များစွာသော လှပစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးများမှာ ဖြတ်သွားသည့် ဧည့်သည်များအား ချိုသာစွာ ပြုံးပြရင်း ထိုင်၍တစ်ဖုံ ထ၍တစ်ဖုံနူတ်ခွန်းဆက်သနေကြသည်။ ယင်းမှာ လူတိုင်းအား မူးယစ်ရီဝေစေမည့် အမှန်ပင် လှပသည့် မြင်ကွင်းလေးပင် ဖြစ်သည်။

လင်းရုဖေးသည်ကား အကြီးဆုံး ပန်းလှေပေါ်တွင် ဖြစ်၏။

မုန့်လန်ရောက ဤနေရာနှင့် ရင်းနှီးနေပြီးဖြစ်သည့် သူတစ်ယောက်ပင်။ နှစ်လိုဖွယ်ကောင်းသည့် အမယ်အို[3]တစ်ယောက်က သူ့အားတွေ့လိုက်စဥ် သူမ၏ပြုံးနေသော မျက်လုံးများမှာ မျဥ်းတစ်ကြောင်း အဖြစ်သို့ကျဥ်းမြောင်းသွားလေသည်။ သူမက ခါးကိုလိမ်လိုက်ရင်း သူ့အားနွေးထွေးစွာကြိုဆိုလာ၏။ သူမမျက်လုံးထောင့်စွန်းမှနေ မုန့်လန်ရော၏နဘေးတွင် ရပ်နေသည့် ခန့်ညားပိန်ပါးကာ အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်လေးအား စိုက်ကြည့်လိုက်၏။

တစ်စက္ကန့်မျှတွေးနေပြီးနောက် သူမက တစ်ခုခုအား နားလည်သွားပုံရကာ သူမ၏အပြုံးမှာ ပို၍ပင် စိတ်လိုလက်ရဖြစ်လာသည်။

"ယို..ဒီကုန်းဇီက တကယ်ပဲ ချောမောလှတယ်..ကျွန်တော်မျိုးမ အရင်က ဘာလို့ သူ့ကို မမြင်ဖူးပါလိမ့်"

"သူက ကျွန်တော်တို့ မိသားစုရဲ့ အရေးကြီးတဲ့ ဧည့်သည်ပဲ..ကျွန်တော် သူ့ကို ပျော်စရာလေးတွေရှာဖို့ အပြင်ကို ခေါ်လာခဲ့တာ"

မုန့်လန်ရောက ပြုံးလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။

"ရှောင်ယွီက ဒီနေ့ဘယ်အချိန်မှ ထွက်လာမှာလဲ"

"တတိယမြောက်တစ်ယောက်က အပြင်သွားတယ် အချိန်ရောက်လာရင် မုန့်ကုန်းဇီက ကျွန်မတို့ကို အများကြီးထောက်ပံ့ပေးမယ်လို့ မျှော်လင့်ပါတယ်"

အမယ်အိုကြီးမှာ ပြုံးပြလိုက်ပြီးနောက် ပတ်ပတ်လည်တွင် လိုက်ကာများရှိသည့် ကျယ်ဝန်းသော သီးသန့်ခန့်ထဲသို့ ခေါ်သွားလေသည်။ ယင်းက အလွန်ပင် သီးသန့်ဆန်ပြီး စင်၏အရှင်းဆုံးမြင်ကွင်းအား ရရှိထား၏။

မုန့်လန်ရောက သူ၏ရင်ဘတ်ထဲမှ တစ်ခုခုထုတ်ယူလိုက်ပြီး အမယ်အိုထံ ကမ်းပေးလိုက်ရင်းအပြုံးလေးဖြင့်ဆိုသည်။

"ပိုးခြည်ပန်းလေးတွေကို ယူလာခဲ့ ပြီးတော့ ကျန်တာကို ဆုအနေနဲ့ယူလိုက်ပါ"

အမယ်အိုက ခေါင်းညိမ့်ပြလိုက်ရင်း မုန့်လန်ရောက ပေးသည့်ပစ္စည်းကို တရိုတသေယူပြီးနောက် သိမ်း၍ ထွက်ခွာသွားသည်။

လင်းရုဖေးက မုန့်လန်ရောသည် မသေမျိုးကမ္ဘာတွင်သာ ခွင့်ပြုထားသော သေမျိုးလမ်းကြောင်းအတွင်းတွင် ရှားပါးသော အသုံးအဆောင်ပစ္စည်းဖြစ်သည့် အဆင့်အတန်းမြင့်စိတ်ဝိဥာဥ်ကျောက်တုံးအား ပေးလိုက်သည်ကို သတိထားမိလိုက်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မုန့်မိသားစုမှာ အမှန်ပင် ချမ်းသာကြွယ်ဝပုံပေါ်သည်။ မုန့်လန်ရော့လက်ထဲရှိ အနှီပစ္စည်းမှာ အိုအီရန်ကို ဆုချရန် အတွက် သာမန် အလှဲအလှယ်တစ်ခုပင်ဖြစ်သည်။

"အဲ့ဒီပိုးခြည်ပန်းလေးတွေက စင်ပေါ်က အိုအီရန်ကို မဲပေးဖို့သုံးတာလေ"

မုန့်လန်ရောက အပြုံးလေးနှင့် ရှင်းပြလာသည်။

"ပိုးခြည်ပန်းပိုရှိလေလေ မဲအရေအတွက်ပိုများလေလေပဲ..အများဆုံးရှိတဲ့ မိန်းကလေးက ဒီနေ့ညရဲ့ အိုအီရန်ဖြစ်မှာ.."

လင်းရုဖေးက မေးခွန်းထုတ်လိုက်လေ၏။

"မင်း မကြာခဏ လာပျော်ပါးနေကြမလား"

မုန့်လန်ရောက သူ၏ခေါင်းအား ကုတ်လိုက်ပြီး "ကျွန်တော့်မိသားစုက ကျွန်တော့်ကိုဆို စည်းကမ်းတင်းကျပ်တယ်..ပြီးတော့ ကျွန်တော်က ရှင်းကျိူးမြို့ကနေလည်း ထွက်သွားခွင့်မရဘူး..ဒါကြောင့် ကျွန်တော်က ကျွန်တော့်ဘာသာ အပျော်လေးတွေရှာဖို့ မကြာခဏလာရတာပေါ့ ကျွန်တော်..ကို ပုံမှန်ဖောက်သည်လို့တော့ သတ်မှတ်လို့မရဘူး.....ဟုတ်တယ်မလား"

သိသာစွာပင် သူက နောက်ပိုင်းအား တစ်ဝက်ခန့်သာ ပြောသော်လည်း သူ့ကိုယ်၌ပင် မလုံမလဲဖြစ်သည့် အသိစိတ်မှာ ကြီးထွားနေပြီးဖြစ်သည်။ လင်းရုဖေးက ရိုးရှင်းစွာပင် သူ၏စကားများအား ပြုံးလိုက်ကာ သူ့အား အနှောင့်အယှက်မပေးတော့ချေ။

ဤပန်းလှေပေါ်ရှိ ဧည့်သည်များမှာ အမှန်ပင် အပျော်ရှာကြသူများဖြစ်ပေသည်။ အိုအီရန်ပြိုင်ပွဲမှာ မစတင်သေးသောကြောင့် ဖဲကစားသူများ အံစာပစ်ကစားသူများဖြင့် များစွာသော အပျော်ရှာသည့် နည်းလမ်းများအား ကစားနေကြသည်ကို တွေ့နိုင်၏။

မုန့်လန်ရောက အရက်ကောင်းနှစ်ချိုင့်နှင့် အရန်ဟင်းပွဲအချို့အား မှာလိုက်သည်။ သူက မူလက လင်းရုဖေးအတွက် လက်ဖက်ရည်ပူပူလေး တစ်အိုးမှာလိုက်ချင်သော်ငြား လင်းရုဖေးက ဤနေရာသို့လာပြီး လက်ဖက်ရည်သောက်ခြင်းက အပျော်ပျက်စေသည်ဟူ၍ ပြောကာ သူ၏အမှာကို ယဥ်ယဥ်ကျေးကျေး ငြင်းပယ်လိုက်သည်။ သူက အများကြီးမသောက်နိုင်ပါသော်လည်း နှစ်ကျိုက်မျှသောက်ခြင်းက ထိခိုက်စေလိမ့်မည်မဟုတ်ပေ။

ဤနည်းက ပိုကောင်းပေသည်။ မုန့်လန်ရောက လင်းရုဖေးအား ခွက်ချင်းတိုက်ရန် ခွက်ကို မြောက်လိုက်၏။

အရက်မှာ လတ်လတ်ဆတ်ဆတ် ဖောက်ထားသည့် ဇီးသီးအရက်ပင်။ သူက အနည်းငယ် ချိုမြမြရှိကာ ပါးစပ်ထဲသို့ ဝင်သွားသည်နှင့် အရသာစွဲသွား၏၊ ထိပ်တွင် ပေါ်လောပေါ်နေသည်က အသစ်ခူးထားသည့် ချယ်ရီပန်းပွင့်ဖတ်လေးဖြစ်ကာ ယင်း၏အလှက ကြော့ရှင်းမှုကို အားဖြည့်နေသယောင်။

လင်းရုဖေးက တစ်ခွက်သောက်လိုက်သည်။ သို့ရာတွင်မူ သူက လုံး၀တိတ်ဆိတ်နေသည့် တချို့သော ချယ်ရီပန်းပွင့် မသေမျိုးတစ်ယောက်အား ရုတ်တရက်သတိရသွားကာ သူ၏မျက်လုံးများတွင် အပြုံးများမထင်ဟပ်လာဘဲမနေနိုင်အောင်ဖြစ်မိသွား၏။

မုန့်လန်ရောက လင်းရုဖေး၏အပြုံးကို မြင်သောအခါ မေးလာ၏

"လင်းကုန်းဇီက ဘယ်သူ့ကိုများတွေးနေတာပါလဲ"

လင်းရုဖေးက အနည်းငယ်ကြောင်အမိသွားပြီး : "ဘာကို..."

"ဘာမှမဟုတ်ပါဘူး..ကျွန်တော်က ခင်ဗျားရဲ့မျက်နှာပေါ်မှာ အဲ့ဒီလိုအပြုံးမျိုးတွေ့ဖူးတယ်လို့ မထင်လို့ပါ"

မုန့်လန်ရောက မေးထောက်လိုက်ရင်း လင်းရုဖေးထံစိုက်ကြည့်လိုက်ကာ : "ကျွန်တော် အဲ့တာကို ဘယ်လိုမျိုးပြောရမလဲ..."

ဤသည်မှာ လင်းရုဖေး၏မူပိုင်အပြုံးပင်...။

သိမ်မွေ့ကာနွေးထွေးသော်ငြား ရှင်းမပြနိုင်သည့် သီးခြားတည်ရှိမှုဆိုသည့်ကိုယ်ဟန်လေးကိုလည်း ဆုပ်ကိုင်ထားသည်။ သို့သော်ငြား ထိုမတိုင်ခင်က အပြုံးမှာ အနည်းငယ်မြူးထူးနေဟန်ရှိပြီး သူပြုံးလိုက်စဥ်တွင် ထိုအပြုံးတွေ၏ အလင်းရောင်က အရမ်းတောက်ပသွား၏။

လင်းရုဖေးက ခေါင်းခါလိုက်မိသည်။ သူက ပြုံးလိုက်သော်ငြား သူ၏ပါးစပ်ကမူ မည်သည့် စကားလုံးမှထွက်လာခြင်းမရှိချေ။

မုန့်လန်ရောက ဤကိစ္စအား နက်နက်နဲနဲမတွေးတောတော့ပေ။ အရက်ခွက်ကို ကိုင်လိုက်ရင်း သူက လင်းရုဖေးအား ခွန်းလွန်မှထွက်လာသည်မှာ မည်မျှကြာသွားပြီဖြစ်ကြောင်း၊ လမ်းတစ်လျှောက် မည်သည်တို့ ကြုံတွေ့လာခဲ့ကြောင်းနှင့် ဆက်၍ မည်သို့ဆက်သွားရန် စီစဥ်ထားကြောင်းတို့အား မေးလာ၏။

လင်းရုဖေးက ခေတ္တမျှ တုံ့ဆိုင်းနေမိကာ အဆုံးတွင် သူက ရှဲ့မိသားစုအကြောင်း မပြောပြလိုက်ချေ။ သူက ချန့်လန်မြစ်ပေါ်ရှိ ကျောင်းကောင်အကြောင်းကိုသာ ပြောပြခဲ့ပြီး သူက ရှီးချိုးတောင်တန်းအထက်တွင်ရှိသည့် ချန့်လန်မြစ်ကို အစုန်တက်ရန်နှင့် အလယ်ပိုင်းလွင်ပြင်ဒေသဆီ ဦးတည်ထားကြောင်း ပြောပြလိုက်သည်။

မုန့်လန်ရောက ငြိမ်ငြိမ်လေးနားထောင်နေပြီး သူ၏မျက်နှာထက်တွင် အားကျမှုအား လုံး၀မဖုံးကွယ်ထားနိုင်ပေ။ သူက သူ့ခါးထက်တွင် ချိတ်ဆွဲထားသည့် ဓါးအား ထိလိုက်ရင်း ရေရွတ်လိုက်သည်။

"ကျွန်တော် တကယ်ပဲ လင်းကုန်းဇီကို အားကျလိုက်တာဗျာ.."

လင်းရုဖေးက အံ့ဩသွားမိပြီး : "ကျွန်တော့်ကို အားကျတယ် ဟုတ်လား ဘာအတွက်များ..."

မုန့်လန်ရောက စိတ်အားထက်သန်မှုအပြည့်ဖြင့်ဆိုလာ၏။

"ကျွန်တော်က ဓါးနဲ့လည်းတိုက်ခိုက်ချင်သေးတဲ့အပြင် လင်းကုန်းဇီလိုမျိုးလည်း မိုင်ပေါင်းထောင်ချီ ခရီးသွားချင်သေးတယ်"

သို့သော် သူက နွမ်းနွမ်းဖျဖျဟန်ဖြင့် ဆက်ပြောလာသည်။

"ဒါပေမယ့် ကျွန်တော့်ရဲ့မိဘတွေက ကျွန်တော့်ရဲ့ ဗီဇသဘာဝကြောင့် စိုးရိမ်မိတယ်လို့ ပြောပြီး အပြင်ထွက်ဖို့ တားမြစ်ထားတ
ယ်...ကျွန်တော်က သုံးရက်အတွင်းမှာပဲ လှည့်စားခံရလိမ့်မယ်တဲ့"

ထိုသို့ဆိုလျှင် လင်းရုဖေး၏အခြေအနေမှာ မုန့်လန်ရောနှင့် အလွန်ပင် ဆင်တူ၏။ အချိန်အတော်ကြာအောင် သူသည်လည်း ခွန်းလွန်တောင်မှထွက်ပြီး သူ၏အစ်ကိုနှင့် အစ်မများကဲ့သို့ တောင်ဆင်း၍ခရီးသွားရန် တွေးနေမိသော််လည်း တစ်ရက်တွင်မူ ရုတ်တရက် သူ၏အားနည်းမှုမှာ ထိုသို့သောအခွင့်အလမ်းမျိုးမရနိုင်ဟူ၍ နားလည်သဘောပေါက်သွားရ၏။

သူက သူ၏အစ်ကိုနှင့်အစ်မများအား သူတို့လိုချင်သည့် ပုံစံအတိုင်း အဆိုးလေးဟန်ဆောင်ပြကာ မရပ်မနားအနှောင့်အယှက်ပေးပြီးမှ သူ၏အကျိုးအကြောင်းမဆီလျော်သည့် တောင်းဆိုမှုကို သဘောတူလိုက်ကြရတော့သည်။ သို့သော်ငြား သူက ဓါးကိုပင် မ,မနိုင်သေးကာ ကျန်းဟူသို့ဝင်လာရင်တာင်မှ သူတို့အား ဒုက္ခသာ ထပ်ပေးနေမိမည်ဖြစ်သည်။ လင်းရုဖေးက အမြဲတမ်း ထိုးဖောက်မြင်နိုင်သဖြင့် တချို့အရာများအား ရှင်းရှင်းလင်းလင်း တွေးတောပြီးမှ ခွန်းလွန်တောင်မှထွက်ခဲ့ခြင်းဖြစ်သည်။

ကောင်းသည့်အရာက ယခုတွင် သူ့ထံ၌ ကိုယ်ပိုင် ကံကြမ္မာရှိပေသည်။

"မင်းက အခု အရမ်းငယ်သေးလို့ဖြစ်မယ်..မင်းရဲ့မိဘတွေအတွက် သွားလို့ရပြီလို့ ပြောဖို့ နှစ်နည်းနည်းလောက်ကြာလိမ့်မယ်"

လင်းရုဖေးက မုန့်လန်ရောအား နှစ်သိမ့်လိုက်လေသည်။

သို့သော်ငြား မုန့်လန်ရောက ခေါင်းသာယမ်းနေကာ သူ၏အမေအကြောင်း သူ့လောက်ကောင်းကောင်းသိသူမရှိဟူ၍ ဝမ်းနည်းစွာ ပြောလာသည်။ သူ့အမေအသက်ရှင်နေသ၍ သူက ရှင်းကျိူးမြို့မှထွက်ခွာနိုင်မည် မဟုတ်ချေ။

လင်းရုဖေးက တုံ့ပြန်ခြင်းမရှိဘဲ နားထောင်နေသည်။ သူက မုန့်လန်ရောမှာ ချဲ့ကားပြောနေခြင်းဖြစ်မည်ဟု တွေးမိ၏။သူ၏မိသားစုက သူ့အား ဆိုးသွမ်းသွားစေကာ သူသာ အမှန်တကယ်ပင် ကျန်းဟူသို့ ဝင်ရန်ဆုံးဖြတ်ထားပါက သူ၏မိသားစုမှာ သူ့အား တွန်းအားပေးပြီး တားမြစ်ရန်ကြိုးစားကြလိမ့်မည်မဟုတ်ချေ။


__ __


Translated By IQ-Team.