Chapter 21
-----------------------
ဧည့်ခန်းထဲရှိ TV ပေါ်တွင် ရေပန်းစားနေသော TV Show တစ်ခုပြနေ၏။
ကျေနပ်အားရနေသော ရယ်သံများကပေါက်ကွဲထွက်နေသည်။
ကြီးကောင်ဝင်စအရွယ် ရောက်နေသော ကျင်းမြောင်သည် ခပ်အက်အက်အသံ အနည်းငယ်ပေါက်နေသေးပြီး အဖေကျင်းဘက်သို့လှည့်ကာ ကလေးလေးတစ်ယောက်လို သရုပ်ဆောင်လိုက်သည်။
“ဖေဖေ့ အဲဒါ ခေါင်းဆောင်မင်းသားသုံးတဲ့ ဖုန်းပဲ... သားလိုချင်တယ်... သားအတွက် ဝယ်ပေးရမယ်နော်”
ကျင်းဖူ၏ အသံမှာ ငြင်သာနေပြီး သူက စိတ်ဆိုးဆိုးဖြင့် ပြောလိုက်သည်။
“ဘာဖုန်းကိုဝယ်မှာလဲ... နာခံမှုရှိစမ်းပါ... မင်းက အခု အရေးကြီးတဲ့ အခြေအနေကို ရောက်နေပြီ...မင်းဒီထက်ပိုပြီး စာလေ့လာရမယ်”
“ဝယ်ပေး ဝယ်ပေး”
ကျင်းမြောင်က ကျင်းဖူ၏လက်မောင်းကို လှုပ်ယမ်းလိုက်သည်။
“ဖေကြီး သားအတွက် အဲဒါလေး ဝယ်ပေးပါလား နော် နော်... သားအခန်းဖော်တွေဆီမှာတောင် အဲဒါ ရှိတယ်... စာကျက်မပျက်စေရဘူးလို့ သားကတိပေးတယ် ဟုတ်ပြီလား”
ဖေဖေကျင်းက ချောင်းဟန့်လိုက်သည်။ သို့သော်လည်း သူ့သား၏ ပူဆာမှုကို မခုခံနိုင်တော့ပေ။
“ကောင်းပြီ မင်းကို ဝယ်ပေးမယ်... ဒါပေမယ့် မင်းရဲ့စာလေ့လာတဲ့အပေါ်မှာ ထိခိုက်လို့မရဘူး... ကြားလား”
ကျင်းမြောင်က တက်ကြွပျော်ရွှင်သွားသည်။
“ဖေဖေက အရမ်း သဘောကောင်းတာပဲ”
ကျင်းစစ်သည် အေးစိမ့်နေသော ကြမ်းပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေကာ အပြင်ဘက်ရှိ ရယ်သံများကို နားထောင်ပြီး မျက်လုံးများကို အနည်းငယ်မှေးကျဥ်းလိုက်လေသည်။
ခဏကြာပြီးနောက် သူက ဖုန်းကို ထုတ်လိုက်လေ၏။
......
1982၏ အခန်းထဲတွင် ကျန့်ချွယ်သည် သီချင်းတစ်ပုဒ်ဆိုပြီးသည့်နောက် မိုက်ခရိုဖုန်းကို ချလိုက်ကာ သူ့လည်ချောင်းကို စိုစွတ်စေရန် တံတွေးမျိုချလိုက်၏။ ပြီးနောက် သူ့ဘေးရှိ ဟယ့်ကျိုးဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဘယ်အချိန်ရှိနေပြီလဲ... ဘာလို့ အစ်ကိုကျောင်း မရောက်သေးတာလဲ”
ကျန့်ချွယ်သည် လာမည့်အင်္ဂါနေ့ ကျောင်းချိန်မှာပင် သူ့မွေးနေ့ကို ကျင်းပမည်ဖြစ်သည်။ သူ့သူငယ်ချင်းအုပ်စုက ၎င်းကို သက်သက်တိုင်ပင်ခဲ့ကြပြီး ကန့်ချွယ်၏မွေးနေ့ပွဲကို ကျင်းပရန် 1982 တွင် အခန်းတစ်ခန်းယူခဲ့ကြသည်။ ပြီးနောက် လကုန်တွင် အနားယူကြလေ၏။
ကျန့်ချွယ်က နာမည်ကြီးသည်။ ညနေပိုင်းတွင် သူတို့အုပ်စုသည် အခန်းတစ်ခန်းယူလိုက်ကာ အခန်းထဲရောက်သည်နှင့် သရဲတစ္ဆေများလို စတင် ငိုကြွေးမြည်တမ်းကြတော့သည်။
“သူဘာဖြစ်နေလဲ ငါမသိဘူး”
ဟယ့်ကျောင်းက အသီးစားနေရင်း ပြောလိုက်သည်။
“ငါသူ့ကို အတူလိုက်လာဖို့ပြောခဲ့တာပဲ... ဒါပေမယ့် သူကမလိုက်ခဲ့ဘူးလေ... သူက ရေမိုးချိုး အဝတ်အစားလဲဖို့ အိမ်ပြန်ဦးမယ်လို့တော့ ပြောတာပဲ... ဒါပေမယ့် အခု သူက ဘာလုပ်နေတာလဲ”
ဖန်ချန်းချန်းက ဘီယာနှစ်ခွက် လောင်းထည့်လိုက်သည်။ သူက အနည်းငယ်သောက်ထားပြီး ဖြစ်နေသည်။ ထိုစကားများကို ကြားပြီးနောက် သူက ခံစားချက်မရှိသော မျက်နှာဖြင့် ပြောလိုက်သည်။
“ Idol တစ်ယောက်ရဲ့ ပြဿနာပဲ”
(Eng T/n: ဒါက မှန်လားတော့ မသေချာဘူး...)
ဟယ့်ကျိုးက မျက်လုံးများကို လိမ့်လိုက်သည်။
“ငါ သူ့ကို ကူညီပေးခဲ့တယ်”
ခဏရပ်သွားပြီးနောက် သူက ပြောသည်။
“သေချာပေါက် မဟုတ်လောက်ဘူး... သူက လောင်ကျန့်အတွက် လက်ဆောင်ယူဖို့ အိမ်ပြန််သွားတာပဲဖြစ်ရမယ်... သူက ဒါကို အကြောင်းပြဖို့ သုံးတာပဲ”
ကျန့်ချွယ်က ဒါကိုကြားတော့ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။
“မင်းပြောတာ သူက အခုချိန်အထိ ငါ့ကို ဘာပေးရမလဲ မစဥ်းစားရသေးဘူးပေါ့... ငါမှန်းတာ ဘယ်လိုနေလဲ”
သူတို့ပြောဆိုနေကြတုန်းမှာပင် အခန်တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ယင်းကျောင်းသည် ပေါ့ပေါ့ပါးပါးအနက်ရောင်ဝတ်စုံကို ဝတ်ကာ အထဲသို့ လျှောက်ဝင်လာသည်။
“ငါတော့သွားပါပြီ”
သူက ကီးကြောင်နေသော သီချင်းသံကို ကြားကာ နားရွက်ကိုပွတ်လိုက်ပြီး မျက်မှောင်ကြုပ်လိုက်သည်။
“မင်း လမင်းကို ငိုအောင်လုပ်နေတာလား”
(Eng T/n: lmao ငါထင်တာ သူက သီချင်းတစ်ပုဒ်အကြောင်းပြောနေပြီး သူတို့ဆိုတဲ့အသံကို လှောင်နေတာဖြစ်မယ်)
“အဲ့ဒါတွေမပြောစမ်းပါနဲ့”
ကျန့်ချွယ်က သူ့ဆီ ခုန်တက်လာပြီး လက်ဖြန့်လိုက်သည်။
“ငါ့လက်ဆောင် ဘယ်မှာလဲ”
ယင်းကျောင်းက သူနှုတ်ခမ်းကိုသပ်လိုက်ကာ သူ့ကိုကြည့်၍ ပြောလိုက်သည်။
“ဘာလက်ဆောင်လဲ ငါဒီကိုလာတာကပဲ အကြီးမားဆုံးလက်ဆောင်မဟုတ်ဘူးလား”
ကျန့်ချွယ်: “...”
ဟယ့်ကျိုးက သူ့ကိုကြည့်ကာ စကားတစ်ခွန်းဆိုလာသည်။
“အစ်ကိုကျောင်း ဒီနေ့က လောင်ကျန့်မွေးနေ့ကို ကြိုကျင်းပနေကြတာ... ကြာကြာနေဦး”
ယင်းကျောင်းသည် ခပ်ဖွဖွရယ်လိုက်ပြီး အိတ်ကပ်ထဲကနေ လက်ဆောင်ဘူးကို ထုတ်၍ ကျန့်ချွယ်ကို ပစ်ပေးလိုက်သည်။
“ယူသွားပြီး သွားကစားချေ”
သူက ကျန့်ချွယ်ကို အာရုံပြောင်းလိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက်သည်။ အချိုရည် ပုလင်းတစ်လုံးကိုဖွင့်၍ ပိုက်တပ်ကာ ဖုန်းကြည်ပြီး သောက်နေလေသည်။
သတင်းအသစ်တော်တော်များများ တက်လာသော်လည်း ကျင်းစစ်ဆီကနေ ဘာမှမကြားရပေ။
ယင်းကျောင်းသည် ခပ်ဖွဖွအံကြိတ်လိုက်မိသည်။
‘သူက စကားတွေကို ပြန်မဖြေဘူးပေါ့ ကောင်းတယ် ဒီမရိုးဖြောင့်တဲ့ ဟာလေးကတော့...’
“ဝိုး”
ကျန့်ချွယ်က လက်ဆောင်ဘူးကို လက်ရောခြေပါ သုံး၍ ဖောက်လိုက်ပြီးနောက် အံ့အားသင့်လျက် ရုတ်တရတ်ထအော်တော့သည်။
“LP’s earphones ပဲ... ကျွန်တော်ဒါကိုလိုချင်နေတာ ကြာပြီ”
သူက ယင်းကျောင်းအရှေ့သို့ အပြေးအလွှားသွားကာ အာခေါင်ထဲမှ တံတွေးကိုမျိုချလိုက်သည်။
“ပါး ဘာကိုအလိုရှိပါသလဲခင်ဗျာ... အသီးစားချင်လား... ဘီယာသောက်မလား... ဒီသားလေးကအကုန်ယူပေးမယ်”
ဟယ့်ကျိုးက သူ့ရဲ့ ခွေးခြေထောက်လိုပုံစံကို ကြည့်တောင်မကြည့်ချင်တော့ပေ။
“လောင်ကျန့် စိတ်အေးအေးထား... အဲဒါက နားကျပ်တစ်စုံပါပဲ”
“မင်းဘာသိလို့လဲကွ”
ကျန့်ချွယ်က သူ့ခေါင်းကို ကြက်ခေါင်းလိုမျိုး မြင့်မြင့်မြှောက်လိုက်ပြီး ကျယ်လောင်စွာ ပြန်ပက်တော့သည်။
“ဒါက သာမန် headset လား...LP ကွ... တစ်စုံကို ၃၀၀၀ ကျော်တယ်”
“ကောင်းပြီ ကောင်းပြီ”
ဟယ့်ကျိုးသည် သူ့နှင့် ပြိုင်ငြင်းမနေတော့ချေ။
“မင်းပျော်ရင် ကောင်းတာပဲ”
ကျန့်ချွယ်သည် ယင်းကျောင်းအား တောက်ပနေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ပါး”
“သွားစမ်း”
ယင်းကျောင်းသည် ဖုန်း screen ပေါ်သို့ ဖိနှိပ်နေပြီး သူ့ကို စိတ်မရှည်စွာ တွန်းထုတ်လိုက်သည်။
“ငါ့ကိုလာမရှုပ်စမ်းနဲ့”
“ကောင်းပြီ ကျွန်တော် သွားပါ့မယ်”
ကျန့်ချွယ်သည် earphone ကို ကိုင်ပြီး အဝေးမှာ သွားနေနေတော့သည်။
ဟယ့်ကျိုးက ယင်းကျောင်းဘေးကို လာထိုင်ပြီး မေးလိုက်သည်။
“အစ်ကိုကျောင်း ဘာတွေဖြစ်နေတာလဲ... ဘာလို့ဖုန်းပဲကြည့်နေတာလဲ”
သူက လှမ်းကြည့်လိုက်တော့ ယင်းကျောင်းက သူ့လက်ကိုမြှောက်လိုက်၍ ဟယ့်ကျိုးသည် WeChat စကားပြောခန်းအပေါ်ယံကိုပဲ မြင်လိုက်သည်။
“ပြဿနာရှိလို့လား”
ယင်းကျောင်းသည် အခုအချိန်တွင် စိတ်အခြအနေမကောင်းသဖြင့် သူ့ကို အာရုံစိုက်ဖို့ရန် အလွန်ပျင်းနေတော့သည်။
သူက screen ကိုနှိပ်လိုက်သည်။ သူတစ်ခုခုထဲ ဝင်ရုံရှိသေး စာတစ်စောင် ဝင်လာတော့သည်——
[ကျင်း]: တော်ပါပြီ ငါ စားပြီးသွားပြီ ကျေးဇူးတင်ပါတယ်
နောက်တစ်က္ကန့်လောက်တွင် နောက်တစ်စောင်ဝင်လာသည်——
[ကျင်း]: မင်းရောစားပြီးပြီလား...
နောက်ဆုံးတော့ ယင်းကျောင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာတော့သည်။ သူက ဖုန်းကိုမြှောက်လိုက်ပြီး ကော်ဖီစားပွဲကို ဓာတ်ပုံရိုက်လိုက်ကာ ခေါင်းကိုနှိမ့်၍ စာစီနေတော့သည်။
[ကျောင်း]: မပြီးသေးဘူး... အခု ကျန့်ချွယ်ရဲ့မွေးနေ့ပွဲမှာ... အစားအသောက်တွေက မကောင်းဘူး... စိတ်ရှုပ်စရာတွေချည်းပဲ
[ပုံ]
[ကျောင်း]: ဒီငတုံးတစ်သိုက်က အရမ်းကို တက်ကြွနေသေးပေမယ့် ငါ့ခေါင်းက နာနေပြီ... အရမ်းစိတ်ရှုပ်စရာကောင်းတယ်... မင်းရော ဘာလုပ်နေတာလဲ
ဖုန်းကအသံမြည်လာသည်။ နောက်ဆုံးတော့ တိတ်ဆိတ်နေသောအခန်းထဲတွင် အသံတစ်သံထွက်ပေါ်လာတော့သည်။ အသက်ဝင်နေသောဧည့်ခန်းနှင် ယှဥ်လျင် အထီးကျန်ခြင်းများပျောက်ကွယ်သွားပုံပေါ်သည်။
ကျင်းစစ်သည် ဘောပင်ကိုချလိုက်ပြီး စာပြန်နေစဥ် သူ့နှုတ်ခမ်းထောင့်များမှာ မသိလိုက်မသိဘာသာပဲ ကွေးတက်ကာ အပြုံးတစ်ခုပေါ်လာတော့၏——
[ကျင်း]: အိမ်စာရေးနေတယ်...
[ကျင်း]: မင်းရော “Pipa Xing-ဖီဖာရှင်း” ကို ရသွားပြီလား
အခန်းထဲတွင် ယင်းကျောင်းက ဖျော်ရည် သောက်နေတာဖြစ်ပြီး စာကိုမြင်လိုက်စဥ်တွင် သီးသွားတော့သည်။
သူက တစ်ရှူး ထုတ်ပြီး ပါးစပ်ကို သုတ်လိုက်သည်။ ကျင်းစစ်ကိုစာပြန်ရန် စာကြောင်းတစ်ဝက်ကျော်ကို ရိုက်ပြီးနောက် စဥ်းစားကာ ပြန်ဖျက်လိုက်ပြီး ထပ်ပြင်လိုက်သည်——
[ကျောင်း]: ငါအလွတ်ဆိုပြမယ်ဆို ဘာဆုရမှာလဲ
ကျင်းစစ်က အနည်းငယ် မျက်မှောင်ကြုတ်၍ အလေးအနက်စာပြန်တော့သည်——
[ကျင်း]: ကိုယ့်ဘာသာစာလုပ်လေ
[ကျောင်း]: ဒါကအလုပ်မဖြစ်ဘူး အတန်းဖော်လေး မင်းဘာလို့ နည်းနည်းလောက် အားမပေးတာလဲ
[ကျင်း]: မင်းဘာလိုချင်တာလဲ
[ကျောင်း]: နောက်တစ်ခါညှစ်ခွင့်ပေးမလား...
ကျင်းစစ်မှာ နှုတ်ခမ်းများစုဝိုင်းသွားပြီး အဲဒီနေ့က သူ့မျက်နှာကို ယင်းကျောင်းညှစ်လိုက်သည့် မြင်ကွင်းကို ပြန်အမှတ်ရသွားပြီး ပါးများ အနည်းငယ် ပူလာတော့သည်။ သူက ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ပြီး ယင်းကျောင်းကို ဂရုမစိုက်တော့ဘဲ ဘောပင်ကောက်ကိုင်ကာ စာရွက်ပေါ်တွင် စာဆက်ရေးနေတော့သည်။
ယင်းကျောင်းက ယင်းနဲ့ပတ်သတ်ပြီး စိတ်မရှုပ်သွားပေ။ သို့သော်လည်း အခါအားလျော်စွာပင် သူက ကျင်းစစ်အား သူတို့ကစားနေတဲ့ပုံတွေကို ပို့ပေးတာမျိုး ဒါမှမဟုတ် စိတ်ဝင်စားစရာတစ်ခုခုကို ပြောပြပေးနေသည်။
ထိုနည်းလမ်းဖြင့် ကျင်းစစ်သည် ဧည့်ခန်းထဲကသူတွေအကြောင်းကို မစဥ်းစားတော့ဘဲ အိမ်စာလုပ်နေရင်း ယင်းကျောင်းထံမှစာများကို ကြည့်နေကာ တစ်ခါတစ်လေ တစ်ကြောင်း နှစ်ကြောင်းလောက် စာပြန်တတ်သည်။
ကျင်းစစ်က သူ၏ဇီဝနာရီအတိုင်း နောက်တစ်နေ့မနက် ၆နာရီမထိုးခင် နိုးလာသည်။ သူက ပြန်မအိပ်တော့ဘဲ အိပ်ရာထကာ ရေချိုးခန်းသို့ ဆေးကြောရန် သွားလိုက်သည်။
ကျင်းအိမ်သည် 100 မီတာထက် ပိုကျယ်ပြီး စုစုပေါင်း အိပ်ခန်းသုံးခန်း ဧည့်ခန်းတစ်ခန်းနှင် ရေချိုးခန်းတစ်ခါသာ ပါလေသည်။
ကျင်းစစ်ဆေးကြောနေတုန်းတန်းလန်းတွင် ကျင်းမြောင်က ရုတ်တရတ် ရောက်ချလာသည်။
“မင်းကသောက်ရူးပဲ... ပိတ်ရက်မှာအစောကြီးထတယ်... တခြားသူတွေကို မအိပ်ခိုင်းတော့ဘူးလား”
ကျင်းစစ်၏ ဆေးကြောနေသောအသံက မကျယ်ချေ။ သူက ရေချိုးခန်းတံခါးကိုတောင် တမင်ပိတ်ထားခဲ့သည်။ လှုပ်လှုပ်ရှားရှားဖြစ်နေရင်တောင် အဲဒါက ရေချိုးခန်းနှင့် အဝေးဆုံးမှာရှိနေတဲ့ ကျင်းမြောင်အပေါ်မှာ သက်ရောက်မှုရှိမည်မဟုတ်ပေ။
မျက်နှာပေါ်ကရေစက်များကို သုတ်လိုက်ပြီး ကျင်းမြောင်ကို စိတ်ဝင်စားမှုကင်းမဲ့စွာ ကြည်လိုက်သည်။
“ဒီအိမ်မှာ ငါ ၆နာရီထလို့မရဘူးဆိုတဲ့ စည်းကမ်းရှိလို့လား”
“မင်း”
ကျင်းမြောင်နင်သွားသည်။ သူကမေးမော့လျက် ကျင်းစစ်ကိုကြည့်လိုက်ပြီး ယုံကြည်မှူရှိစွာပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်း ငါအိပ်တာကို နှောင့်ယှက်လို့မရဘူး”
ကျင်းစစ်က သူ့ကိုစောင်းကြည့်လိုက်ကာ လျစ်လျူရှု၍ ဘေးကနေကျော်သွားလိုက်သည်။
သူ့ရဲ့လျစ်လျူရှုတတ်တဲ့စရိုက်က ကျင်းမြောင်ကို ယားယံစေသည်။ ကျင်းမြောင်က သူ့ကိုတားရန် ရှေ့ကနေပိတ်လိုက်သည်။
“မင်းနားကန်းနေတာလား... ငါမင်းကိုပြောနေတာမကြားဘူးလား”
“ငါ့ရှေ့ကနေဖယ်”
ကျင်းစစ်က သူ့ကို ငုံ့ကြည့်လိုက်ကာ အတက်အကျမရှိသော လေသံဖြင့် ပြောလိုက်သည်။
“မင်းက ငါသွားမယ့်လမ်းပေါ်ရောက်နေတယ်”
ကျင်းမြောင်က ဘာတွေဖြစ်နေလဲ မသိချေ။ သူက သူ့ကို ဒီလိုကြည့်တာကို မြင်လိုက်ရတော့ ရုတ်တရတ် မချင့်မရဲဖြစ်သွားသလို ခံစားလိုက်ရသည်။
ကျင်းစစ်က အမြဲလိုလိုစိတ်ကြီးဝင်နေတတ်ပြီး အော်ဟစ်နေရတာကိုလဲ ကြိုက်သည်။ သူက ဘယ်တုန်းကမှ သူ့ကို မကြောက်ခဲ့ပေ။ အမြဲလိုလို စက္ကူကျားအဖြစ်သာ သဘောထားခဲ့သည်။ သို့ပေမယ့် ယနေ့ကျ ကျင်းစစ်က မအော်တော့ဘဲ ကြမ်းတမ်းတဲ့စကားများကိုလည်း မပြောတော့ပေ။ သူကြောက်မိသည်။
ကျင်းမြောင် မသိလိုက်စွာဘဲ ဘေးဖယ်ပေးလိုက်သည်။ ကျင်းစစ်က သူ့ကို ကြည့်တောင်မကြည့်ဘဲ အခန်းသို့ ပြန်သွားတော့သည်။
မကြာခင် သူက အပြင်သွားဖို့စီစဥ်ထားပြီး သူ့အိမ်စာတွေလုပ်နိုင်မယ့် နေရာတစ်ခုကိုရှာမည်။ နေ့လည်ပိုင်း ကျောင်းဖွင့်တဲ့အခါ ကျောင်းကိုတိုက်ရိုက်သွားမည်ဖြစ်သည်။ သန်ဘက်ခါတွင် စာသင်ခန်းထဲတွင် စာလေ့လာမည်။
ဤအိမ်က ဘယ်နေရာကပဲဖြစ်ဖြစ် သု့ကို မသက်မသာဖြစ်စေ၏။
ကျင်းစစ်က အိတ်ကိုယူ၍ အပြင်ရောက်သောအခါ အဖေကျင်းသည်လည်း အိပ်ရာနိုးလာသည်။ သူ့ရဲ့သပ်ရပ်နေတဲ့ပုံစံကိုမြင်ပြီး နောက်သူ့မျက်ခုံးများ တွန့်ချိုးသွားသည်။ သူက တစ်ခုခုပြောချင်နေပြိး ကျင်းစစ် ထွက်သွားတော့မည်ကို တွေးကာ ပါးစပ်ပြန်ပိတ်လိုက်သည်။
သူက ဖုန်းကိုထုတ်လိုက်ပြီး ထူးမခြားနားသောပုံစံဖြင့် ကျင်းစစ်ကို ကြည့်လိုက်သည်။
“ငါမင်းကို ဒီလအတွက် နေထိုင်စရိတ်လွှဲလိုက်မယ်... မင်း ပိုက်ဆံတချို့စုထားပေါ့ မင်းမလောက်တဲ့အခါ ပြန်မလာနဲ့... ငါ မင်းကိုအသုံးမလိုတော့ဘူး”
ခဏရပ်ပြီးနောက် ထပ်ပြောလိုက်သည်။
“ဒါအကုန်ပဲ... ပြန်မလာနဲ့... ကျောင်းမှာပဲနေ”
သူ့ဖုန်းက တုန်ခါသွားသည်။ ကျင်းစစ်က ငွေဝင်လာတာကို တစ်ချက်ကြည့်လိုက်သည်။
ကျင်းဖူက သူ့ကို စုစုပေါင်း ယွမ်တစ်ထောင် လွှဲလိုက်သည်။
“ကျွန်တော်သိပြီ”
ကျင်းစစ်ခေါင်းညိတ်လိုက်သည်။ သူ့ဖိနပ်များကို လဲလိုက်ပြီး ပြန်မလှည့်ကြည့်တော့ဘဲ အိမ်ကနေထွက်သွားတော့သည်။
အနောက်မှာရှိနေတဲ့ အဖေကျင်းက သူ့ခေါင်းကို ယမ်းလိုက်မိသည်။
“မင်းက ပိုကြီးလာလေ ပိုပြီးမျှော်လင့်ချက်မဲ့လာလေပဲ... ထွက်သွားတာကို နှုတ်တောင်မဆက်နိုင်ဘူး...”
လကုန်ရက် ရုံးပိတ်ရက်ဖြစ်သဖြင့် ကျောင်းအနားရှိ ဆိုင်အများစုတွင် လူအနည်းငယ်သာရှိသည်။ ကျင်းစစ်သည် အချိုပွဲဆိုင်တစ်ဆိုင်ကိုတွေ့ပြီးနောက် ပင်လယ်ဆားနှင့် နို့စိမ်းတစ်ခွက်ကို မှာသောက်နေစဉ် စာရွက်များကိုရေးနေလိုက်သည်။
မနေ့က အိမ်စာတော်တော်များများပြီးခဲ့ပြီး မဖြေရသေးတဲ့ မေးခွန်းတစ်ခုနှစ်ခုသာ ကျန်တော့သည်။ ကျန်နေသောအိမ်စာများကို ရေးပြီးနောက် စိတ်ဝင်စားတဲ့ စာအုပ်အနည်းငယ်ကို ရှာရန် စာအုပ်ဆိုင်သို့ သွားလိုက်ပြိး အားတဲ့အချိန်တွေမှာ ဖတ်မည်ဖြစ်သည်။
နေ့လည်ပိုင်းတွင် ကျင်းစစ်သည် အနားရှိစားသောက်ဆိုင်တစ်ခုတွင် စားလိုက်ပြီး စာအုပ်ဆိုင်သို့ သွားလိုက်၏။
သူက စာအုပ်စင်ပေါ်မှ အမှတ်အသားကိုကြည့်လိုက်ကာ သိပ္ပံဗဟုသုတနေရာသို့ လျှောက်လိုက်သည်။ အိုလံပစ်စာအုပ်အနည်းငယ်ကို ရွေးလိုက်ပြီး ထို့နောက်တွင် “History of Mathematics”စာအုပ်နှင့် “Geometric Elements”စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ အားလုံးရဲ့ကျသင့်ငွေကိုရှင်းလိုက်ပြီးနောက် ပလတ်စတစ်အိတ်ကိုသယ်ကာ စာအုပ်ဆိုင်မှထွက်လာလိုက်သည်။
ကျောင်းမှာ နေ့လည်နှစ်နာခွဲအထိ မဖွင့်သေးပေ။ တစ်နာရီလုံးဘယ်မှာနေမလဲဆိုတာ စဥ်းစားနေတုန်းမှာပင် အိတ်ကပ်ထဲမှဖုန်းမြည်လာသည်။ ပလတ်စတစ်အိတ်ကို ဘယ်လက်တွင်ကိုင်ကာ ညာဘက်ဖြင့် အိတ်ကပ်ထဲကို နှိုက်လိုက်သည်။
[ကျောင်း]: မင်းဘာလုပ်နေတာလဲ
ကျင်းစစ်သည် သူနှုတ်ခမ်းများကို ကွေးညွတ်လိုက်ပြီး ရိုးရှင်းစွာ စာပြန်လိုက်သည်–
[ကျင်း]: အိမ်စာရေး
[ကျောင်း]: အိမ်မှာလား...
[ကျင်း]: ဟုတ်တယ်
[ကျောင်း]: နောက်ကိုကြည့်လိုက်
ကျင်းစစ်သည် ခဏလောက်မင်သက်သွားသော်လည်း မရွေ့သေးပေ။ နောက်ထပ်စာတစ်စောင်ရောက်လာသည်။
[ကျောင်း]: နောက်ကိုကြည့်
ကျင်းစစ်သည် သူ့ဖုန်းကိုကိုင်ပြီး ဖြေးညှင်းစွာ လှည့်ကြည့်လိုက်သည်။
ယင်းကျောင်းမှာ သူ့နောက်တွင်ရပ်နေသည်။ သူလှည့်လာတာကိုမြင်ပြီး ပြုံးကာပြောလာ၏။
“လိမ်တတ်တဲ့ကျောင်းသားလေးကိုဖမ်းမိပြီ”
____
ယခင်အညွှန်းနောက်တစ်ခု
စာရေးသူမှာပြောစရာရှိတယ်~
လိုက်ဖက်ညီဖို့အတွက် ကျောင်းတွင်းအနိုင်ကျင့်သူရဲ့ရည်းစားဟောင်း အဖြစ်ကနေ ကျောင်းမြက်ကလေးရဲ့ ရည်းစားဟောင်းအဖြစ် ပြောင်းလိုက်တယ် ကျေးဇူးပြုပြီး ဝတ္ထုမပြောင်းလိုက်တယ် မထင်လိုက်ပါနဲ့နော်
ပြဇာတ်ငယ်-
ယင်းကျောင်း : ရေစက်ဆိုတာဘာလဲ... ငါနဲ့ကျင်းစစ်ကိုပဲ ကြည့်လိုက်
_______
Translated By IQ-Team.