Chapter 22
-----------------------
ယင်းကျောင်းတို့တစ်သိုက်သည် မနေ့ညကတစ်ညလုံး ဆူညံစွာ ကစားခဲ့ကြပြီး မူးနေသောကောင်လေးတစ်စုမှာ ညဘက်တွင် အခန်းတစ်ခုထဲ၌ စုပြုံနေခဲ့ကြသည်။ နောက်တစ်နေ့နေ့လည်ရောက်မှသာ အိပ်မှုန်စုန်ဖွားဖြင့် နိုးလာပြီး အစာရှာထွက်ကြတော့သည်။
တခြားသူများက အိပ်ရာထ မျက်နှာသစ်ရုံသာလုပ်ပြီးနောက် ထွက်လာကြသည်။ ယင်းကျောင်းတွင်တော့ အိုင်ဒေါလ်တစ်ယောက်၏ တာဝန်ပေါင်းများစွာ ရှိနေပေသည်။ သူက ကျန့်ချွယ်ကို အပြင်ကိုသွားပြီး သူ့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကို သွားဝယ်ခိုင်းလိုက်သည်။ သူက မပြန်ခင် ရေချိုးခန်းထဲ၀င်ခါသပ်ရပ်အောင် လုပ်ခဲ့သေးသည်။
ကျင်းစစ်၏ မင်သက်နေသောမျက်နှာကို ကြည့်ပြီး ယင်းကျောင်း နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ မနက်က ထိုငပျင်းများနှင့် အတူမလိုက်မိသွားမိတာ ကံကောင်းသွားသည်။
ကျင်းစစ်သည် အနည်းငယ် မထုံတတ်တေးဖြစ်နေသေးကာ ယင်းကျောင်းအား အူတူတူကြည့်လိုက်သည်။
“မင်းဘာလို့ဒီရောက်နေတာလဲ”
ယင်းကျောင်းက ကိုင်ထားသော မစ်တီးတစ်ဝက်ကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ပြီး ရှေ့တိုးလာကာ ပြောလိုက်သည်။
“အရမ်းနောက်ကျနေလို့ အိမ်မပြန်တော့တာ”
သူက မျက်ခုံးများကို မြှင့်လိုက်ပြီး ကျင်းစစ်ကို ကြည့်သည်။
“မင်း စာကြည့်ဖို့ကြိုနေရောက်တာလား”
ကျင်းစစ်က မျက်လွှာကို အောက်ချလိုက်သည်။
“အင်း”
ယင်းကျောင်းက ရယ်လိုက်ပြီး အများကြီးထပ်မမေးတော့ပေ။
“စားပြီးပြီလား... အတူတူသွားရအောင်”
“ငါ စားပြီးပြီ”
ကျင်းစစ်က ခေါင်းခါ၍ ငြင်းလိုက်သည်။ သူက တစ်ခုခု ပြောချင်နေပေမယ့် သူ့နောက်တွင် စောင့်နေသော ကျန့်ချွယ်မှာ ပြေးထွက်လာသည်။
“လုပ်စမ်းပါ... ငါတို့ဒီမှာရှိနေမှတော့ လိုက်ခဲ့လိုက်တော့... ဘယ်လိုပဲဖြစ်ဖြစ် မင်းက တစ်ယောက်တည်းဖြစ်နေတာပဲကို”
ကျန့်ချွယ်ရဲ့အာရုံကြောတွေက ပင်လယ်နတ်ဘုရားရဲ့ လက်စွဲတော်အပ်တစ်ချောင်းလိုပင် ထူထည်းသည်။ သူက ကျင်းစစ်ရဲ့ အနာကို မတော်တဆ သွားဆွမိမှန်း မသိဘဲ ပြုံးပြပြီး ဆွဲဆောင်နေတော့သည်။
“မင်းစားရင် တစ်ယောက်တည်းမစားနဲ့... လူတွေအများကြီးရှိ...”
“မင်းမှာ လုပ်စရာရှိနေတယ်မဟုတ်ဘူးလား”
သူပြောလို့မဆုံးခင် ယင်းကျောင်းက ဖြတ်ပြောလိုက်သည်။
ယင်းကျောင်းက ပြုံး၍ သူ့ကိုကြည့်လိုက်သည်။
“အရင်သွားနှင့်...”
ကျန့်ချွယ်၏ မျက်လုံးများ ပြူးသွားရသည်။
“ဘယ်တုန်းက ငါ...”
“ဟုတ်တယ် ဟုတ်တယ် ကျွန်တော် လောင်ကျန့်နဲ့အတူသွားလိုက်မယ်... အစ်ကိုကျောင်း... အစ်ကို့ဘာသာသွားလိုက်ပါ”
ဟယ့်ကျိုးက လျှောက်လာပြီး ကျန့်ချွယ်၏ ပါးစပ်ကို လက်တစ်ဖက်နှင့် ပိတ်လိုက်ပြီး သူ့ကို ဆွဲခေါ်သွားတော့သည်။
ကျန့်ချွယ်က ရုန်းကန်နေသေးပြီး သူနှလုံးသားထဲမှ သံသယကို ထုတ်ပြောရန်ကြိုးပမ်းနေတော့သည်။ သို့ပေမယ့် ဖန်ချန်းချန်းက တိတ်တိတ်ကလေး လှမ်းကန်လိုက်ပြီးနောက် စိတ်ပျက်နေဟန်ဖြင့် ထွက်သွားတော့သည်။
နောက်ဆုံးတော့ အမှိုက်တစ်ကောင်ကို ရှင်းပြီးသွားပြီ။ ယင်းကျောင်းက ဖုန်းထုတ်၍ နာရီကိုကြည့်ပြီး ကျင်းစစ်ကို ပြောလိုက်သည်။
“အခုချိန် ကျောင်းကဖွင့်သေးမှာမဟုတ်ဘူး... မင်းဝင်လို့မရသေးဘူး... ငါ့နဲ့ လိုက်စားပါလား”
သူက ပြုံးလိုက်ပြီး မြင်တောင်မမြင်ရတေ့ာသော ဟယ့်ကျိုးတို့ဘက်ကို လက်ညိုးထိုးကာ အရှက်မရှိစွာပြောလိုက်သည်။
“သူတို့အကုန်သွားကုန်ပြီ... ငါ တစ်ယောက်တည်းမစားချင်ဘူး”
ကျင်းစစ်မှာ ခဏလောက် တုံ့ဆိုင်းမိသွားသော်လည်း အဆုံးတွင်ခေါင်းညိတ်လိုက်ရသည်။
“အိုခေ”
ယင်းကျောင်းက လက်ဖက်ရည်စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးလိုက်ပြီး ဟင်းပွဲအနည်းငယ် ထပ်မှာချင်ခဲ့သည်။ သို့ပေမယ့်လည်း ကျင်းစစ်၏ အကျန်မထားတတ်သည့် အကျင့်ကိုတွေးကာ ပျားရည်ဝက်ဘာဘီကျူးတစ်ပွဲ၊ နံရိုးကင် နှင့် ကြက်သွန်ဖြူဟင်းနုနွယ်တစ်ပွဲကိုသာ မှာလိုက်သည်။ ကျင်းစစ်မှာ အမှန်တကယ် စားပြီးခဲ့တာကို အတည်ပြုပြီးနောက် မစားနိုင်တော့ဘဲ ဗိုက်ပြည့်နေသဖြင့် သူ့အတွက်ကို မမှာတော့ဘဲ ယောင်ကျင်းကန်းလု (သရက်သီး၊ Grapefruit တို့ပါသော ဟောင်ကောင်စတိုင်အချိုပွဲ) တစ်ပွဲသာ မှာလိုက်သည်။
“လောင်ကျန့်နဲ့ တခြားသူတွေ ဒီနေ့ကျောင်းမှာ စာရွက်တွေကို အမှတ်ပေးသွားကြတယ်”
ယင်းကျောင်းက ဟင်းရည်တစ်ဇွန်းသောက်လိုက်ပြီး ကျင်းစစ်ကိုပြောသည်။
“ပြန်ရောက်တဲ့အခါ ငါ့တို့ သူ့ဆီကိုသွားလို့ရတယ်”
စီရင်စုအထက်ကျောင်းဆရာ၏ စွမ်းဆောင်ရည်မှာ အလွန်မြင့်မားသည်။ စာမေးပွဲဖြေပြီး သုံးရက်တောင်မကြာလိုက် အောင်စာရင်းထွက်လာတော့သည်။
လေးရက်အတွင်း အကျစာရင်းသည် စာသင်ဆောင်တံခါးဝတွင် တင်ထားပြီးသားဖြစ်လိမ့်မည်။ ထို့ကြောင်း ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမအားလုံးမှာ ဝင်လိုက်ထွက်လိုက်တိုင်း ၎င်းကို မြင်နိုင်ပေသည်။
ယင်းကျောင်းက ပြုံးလိုက်သည်။
“မင်းအခုအတော်လေးကြိုးစားနေတာကိုမြင်တော့ သူအရမ်းပျော်နေလိမ့်မယ်”
ကျင်းစစ်က အောက်နှုတ်ခမ်းကို ရှက်ရဲရဲဖြင့် ကိုက်လိုက်သည်။
“အဲဒါက ဘာမှမဟုတ်ပါဘူး... သာမန်စာလေ့လာရုံပါပဲ”
နှစ်ယောက်သားစကားပြောနေစဥ်မှာပဲ ယောင်ကျင်းကန်းလု ရောက်လာလေသည်။ ယင်းကျောင်းက ပန်ကန်လုံးကို ကျင်းစစ်ဆီတိုးပေးလိုက်သည်။
“မင်းရဲ့ဟာ”
ကျင်းစစ်က အံ့ဩသွားသည်။
“ငါ မစားချင်ပါဘူး”
“အဆင်ပြေပါတယ်... ငါနဲ့ထမင်းအတူစားပေးလိုက်လို့ မင်းရဲ့အချိန်တွေကုန်သွားပြီ”
ယင်းကျောင်းက ထပ်တိုးပေးလိုက်သည်။
“မင်းကြိုက်မကြိုက်တော့ မသိဘူး... ငါ အဆင်ပြေတာကို မှာလိုက်တာ”
ကျင်းစစ်သည် သူ့ဆီကနေ အခွင့်ကောင်း ထပ်မယူချင်တော့ပေ။ သို့သော် ငြင်းဖို့ရန်ကလည်း အလွန်ပင် အခက်တွေ့လှသည်။ ထို့ကြောင့် သူက လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။
“ကျေးဇူးတင်ပါတယ်”
သို့ပေမယ့်လည်း သူ့နှလုံးသားထဲတွင် စိုးရိမ်နေမိသည်။ ဒီအချိန်မှာ သူ့ကို တစ်ခုခုပြန်ပေးသင့်သည်။
ယင်းကျောင်းကတော့ ကျင်းစစ်မှာ နှလုံးသားထဲတွင် မျဥ်းတစ်ကြောင်းဆွဲရန် ကြိုးစားနေသည်ကို မသိဘဲ စားနေရင်းပြောလိုက်သည်။
“စားကြည့်... ဘယ်လိုနေလဲ”
ကျင်းစစ်က ဇွန်းကိုကိုင်လိုက်ပြီး အနည်းငယ်ယူကာ စားကြည့်လိုက်သည်။
ဒီဆိုင်က ပါဝင်ပစ္စည်းတွေကို သေချာဂရုတစိုက်သုံးထားသည်။ ထိုထဲမှာပါတဲ့ သရက်သီးတွေက ချိုမွှေးနေပြီး နို့နှင့် အသီးရနံ့များ လှိုင်လှိုင်ထနေသည်။ သူအရသာခံကြည့်လိုက်သည်နှင့် အေးမြမှုကို ခံစားလိုက်ရပြီး လူကို အရသာကြောင့် လန်းဆန်းသွားစေသည်။
“ဒါက ချိုပြီး အရသာရှိတယ်”
ကျင်းစစ်က ပါးစပ်ထဲမှ အချိုရည်ကို မျိုချပြီး ပြန်ဖြေလိုက်သည်။
ယင်းကျောင်းက သူ့မျက်နှာဆီ ပိုတိုးပြီးကြည့်လိုက်သည်။ သူတကယ်ပဲကြိုက်နေတာကိုတွေ့တော့ စိတ်သက်သာရာရသွားသည်။
ကျင်းစစ်က ထပ်ပြီးကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်”
“မင်းက ယဥ်ကျေးလွန်းနေပြီ”
ယင်းကျာင်းက ရယ်လိုက်ပြီး“မင်း...”
သူ တစ်ခုခုကိုပြောမည်အလုပ် စားပွဲပေါ်တွင် တင်ထားသောဖုန်းက ရုတ်တရက် တုန်ခါလာသည်။ ယင်းကျောင်းက ခေါ်တဲ့သူကိုကြည့်ပြီးတာနဲ့ တိုက်ရိုက်ပင်ဖုန်းချလိုက်လေသည်။
သို့သော်လည်း ဖုန်းမှာ သူပြန်မဖြေမချင်း အရှုံးမပေးတဲ့ပုံစံဖြင့် အဆုံးမရှိ ထပ်မြည်လာပြန်သည်။
ယင်းကျောင်းက တူကို ချကာ ကျင်းစစ်ကို ပြောလိုက်သည်။
“ငါ အပြင်မှာ ဖုန်းသွားဖြေလိုက်ဦးမယ်”
ကျင်းစစ်က ခေါင်းညိတ်လိုက်ကာ သူထွက်ဖို့နေရာရွှေ့ပေးလိုက်သည်။
ယင်းကျောင်းက တံခါးဆီကို လျှောက်သွားလိုက်ပြီးနောက် answer button ကို နှိပ်လိုက်သည်။
“ယင်းကျောင်း ခွေးမသား”
ဖုန်းကိုင်လိုက်သည်နှင့် ဟိုဘက်ကလူသည် ကျိန်ဆဲဖို့ မစောင့်နိုင်တော့ချေ။
“မင်းလုပ်လိုက်တာမလား... ငါ့ကိစ္စတွေကို မင်း ဖျက်ဆီးလိုက်တာမလား”
ယင်းရှန့်ကျွင်းသည် ယခုနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ကောင်းကောင်းလုပ်ခဲ့ပြီး ပြည်တွင်း၌ ၂၁၁ ရခဲ့သည်။ အဖေယင်းသည် ယခင်က သူ့အပေါ် ဂရုမထားမှုတို့ကို ပြောင်းလဲလိုက်ကာ သူ့အတွက် နောက်ခံတောင့်သည့် သူနှင့် စေ့စပ်ပေးရုံသာမက ပြီးခဲ့တဲ့လက စေ့စပ်ဂုဏ်ပြုပွဲကိုလည်း ကျင်းပပေးခဲ့သည်။
ယင်းရှန့်ကျွင်းသည် ဖြူဖွေးလှပပြီး ချမ်းသာကာ နူးညံ့သောစိတ်သဘောထားရှိသည့် သူ၏ စေ့စပ်ထားသောမိန်းကလေးကို အလွန်ပင်ကျေနပ်နေပြီး သူမက သူ့ရဲ့ ဇနီးဖြစ်ရန် အလွန်ပင် သင့်တော်လေသည်။
သို့သော်လည်း သူက သူ့အဖေရဲ့ စီးပွားရေးအရည်အချင်းကို မဆက်ခံနိုင်ခဲ့သော်လည်း ရမ္မက်ကြီးသောနှလုံးသားကိုတော့ ဆက်ခံခဲ့လေသည်။
သူ့တွင် စေ့စပ်ထားသူရှိရင်တောင် လှပသောညီမလေးများနှင့် အပြင်မှာ တွေ့နေဆဲပင်။ တစ်ညတစ်ယောက်ပြောင်းပြီး ညတိုင်း မတူညီသော အလှလေးများနှင့် တွေ့ဆုံခဲ့သည်။
သူက ယင်းကို ကောင်းကောင်းဖုံးကွယ်ထားပြီး သူ့ရဲ့စေ့စပ်ထားသူကလည်း ယောင်ယောင်လေးမျှကို သတိမထားမိပေ။ သူက ပို၍ပို၍ပင် အတင့်ရဲလာတော့သည်။
သို့ရာတွင် လွန်ခဲ့တဲ့ရက်အနည်းငယ်က သူနဲ့သူ့ရဲ့လှပတဲ့ညီမလေးတစ်ယောက်နှင့် Nightclubတွေ Hotelတွေထဲ ဝင်နေထွက်နေတဲ့ပုံတွေဟာ ကောင်းကင်တစ်ခွင် ရုတ်တရတ် ပျံ့နှံ့သွားတော့သည်။ ကျောင်းဖိုရမ်တွေ အတန်းgroupတွေ postတွေနှင့် သူ့ရဲ့စေ့စပ်ထားသောမိန်းကလေး၏ ကုမ္ပဏီအထိတောင်မှ မလွတ်ခဲ့ပေ။
ပုံထဲတွင် မိန်းကလေးများ၏ မျက်နှာများကို ဝါးထားသော်လည်း သူ့မျက်နှာကတော့ ရှင်းလင်းပြတ်သားနေသည်ဖြစ်ရာ သူဘယ်လိုမှ အရူးလုပ်လို့မရတော့ပေ။
စိတ်ထားနူးညံ့ပြီး သူ့အား အမြဲနာခံလေ့ရှိသည့် သူ၏စေ့စပ်ထားသူသည် လက်ထပ်ပွဲကို ဖျက်သိမ်းရန် တောင်းဆိုလာတော့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ယင်းရှန့်ကျွင်းသည် ကြေကွဲဖွယ်ခံစားခဲ့ရသည်။ အပြင်သွားသည့်အခါ ထူးဆန်းသောအကြည့်များဖြင့် အကြည့်ခံနေရပြီး အိမ်ရောက်သောအခါ သူ့အဖေ၏ အပြစ်တင်ခြင်းကို ခံခဲ့ရသည်။ သူ့ဘဝက အလွန်းအမင်းကို သနားစရာကောင်းလှ၏။
ရက်ပေါင်းများစွာရှာဖွေခဲ့သော်လည်း လက်သည်ကို ရှာမတွေ့ခဲ့ပေ။
ယခုလောက်အထိ ဒီလိုအရာမျိုးကို လုပ်နိုင်သည့်သူမှာ ယင်းကျောင်းမှလွဲ၍ မရှိနိုင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
“မင်းကသေလမ်းရှာနေတာပဲ”
ယင်းရှန့်ကျွင်းက ကျိန်ဆဲ၍ ကြမ်းကြုတ်စွာပြောလိုက်သည်။
“မင်းဘာကောင်လဲဆိုတာ ကိုယ့်ကိုကိုယ်မကြည့်ဘူး... ဒီနည်းလမ်းနဲ့ ငါနဲ့အဖေကြားဝင်ရှုပ်လို့ရမယ်လို့ ထင်နေတာလား... အိပ်မက်ဆက်မက်နေလိုက်... ငါမင်းကိုပြောလိုက်မယ် ယင်းကျောင်း... မင်းအမေကသေသွားပြီ ဒါပေမယ့် ငါ့အမေကတော့အခုထိ...”
ယင်းကျောင်းက ဘယ်လိုအမူအရာမှမပေါ်ဘဲ ဖုန်းချပစ်လိုက်ပြီး ယင်းရှန့်ကျွင်း၏နံပါတ်ကို Blacklist ထဲထည့်လိုက်သည်။
သူက နံရံကိုမှီလိုက်ပြီး မျက်လုံးများကို အောက်ကိုနိမ့်ထားလျက် ဘာသိဘာသာကြည့်နေလေသည်။
ယင်းကျောင်း၏ ရင်ဘတ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သူသည် အသည်းအသန်တောင့်ခံနေရပြီး ထိုစိတ်ပျက်စရာကောင်းသော ခံစားချက်များကို ဖိနှိပ်ရန် အိတ်ကပ်ထဲမှ စီးကရက်ကိုထုတ်ကာ နှစ်ရှိုက်လောက်ဖွာလိုက်သည်။
ကျင်းစစ်သည် စားပွဲတွင် ယင်းကျောင်းပြန်လာမည်ကို အချိန်အတော်ကြာ စောင့်နေခဲ့ရသည်။
သူ့ဆီမှ ဆေးရွက်ကြီးအနံ့ကို ခပ်ပါးပါရနေပြီး သူ့မျက်နှာပေါ်ရှိ အမူအရာသည် သူထွက်သွားတုန်းကနှင့် အတူတူပင်ဖြစ်သည်။ သို့ရာတွင် ကျင်းစစ်သည် လူတွေရဲ့ခံစားချက်များနှင့်ပတ်သတ်လျင် အလွန်ကို အထိမခံ ဖြစ်လေရာ အကြည့်တစ်ချက်နဲ့ပင် ယင်းကျောင်း၏ ခံစားချက်မှာ အတော်လေးမကောင်းကြောင်း သူသိနိုင်သည်။
သူက တစ်ခြားသူများ၏ ပြဿနာကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိသလို ယင်းကျောင်းနှင့်လည်း ပတ်သတ်မှုတစ်ခုမရှိချင်ခဲ့ပေ။ သို့သော်ငြား မနေ့ညက သူနှင့်အတူ ထိုခက်ခဲသောအချိန်များကို မသိလိုက်စွာ ကုန်ဆုံးစေခဲ့သည်ကို တွေးတောရင်း ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်မိသည်။
“ဘာဖြစ်တာလဲ”
“ဟမ်”
ယင်းကျောင်းက ခေါင်းမော့ကြည့်လာသည်။
“မင်း စိတ်အခြအနေမကောင်းဘူးလား”
ကျင်းစစ်သည် လူများကို စိတ်သက်သာရာရစေသည့်နေရာတွင် မတော်ချေ။ အတိတ်တွင် သူ၏ နှစ်သိမ့်ပေးမျိုးကို လိုအပ်ခဲ့သည့် တစ်ယောက်ယောက် မရှိခဲ့ပေ။ ဦးနှောက်ကို အတင်းညှစ်ထုတ်လိုက်သော်လည်း အဆုံးတွင် ခြောက်ကပ်ကပ်စကားတစ်ခွန်းကိုသာ ညှစ်ထုတ်နိုင်လိုက်၏။
“ငါကူညီနိုင်တာ တစ်ခုခုရှိလား”
ယင်းကျောင်းမှာ အူယားသွားရသည်။ သူက မျက်နှာပေါ်တွင် တည်ငြိမ်မှုကို ထိန်ထားရန် အကောင်းဆုံးကြိုးစားလိုက်ပြီး ကျင်းစစ်၏ရှေ့တွင် စိတ်မလွတ်ချင်ပေ။ သူရဲ့ပထမစကားကို ကြား သောအခါ လိမ်ချင်ခဲ့သည်။ သို့သော် ကျင်းစစ်က ဒီလိုမေးလာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
“ရှိတယ်”
ယင်းကျောင်းက တူကိုချလိုက်ပြီး နှုတ်ခမ်းထောင့်များမြင့်တက်လာကာ ကျင်းစစ်ကို ကြည့်လိုက်သည်။
“အဲဒါက မင်းကူညီချင်လား ဆိုတာအပေါ်မှာ မူတည်တယ်”
ကျင်းစစ်က ချက်ချင်းခေါင်းညိတ်လိုက်သည်။
“ပြောပါ... ငါတတ်နိုင်တာမှန်သမျှ လုပ်ပေးမယ်”
သူ့လက်ထဲက ယောင်ကျင်းကန်းလုမှာ အနည်းငယ်အေးနေသေးပြီး ကျင်းစစ်ရဲ့ဂရုစိုက်ခြင်းကို ခံလိုက်ရတဲ့ ယင်းကျောင်းမှာ ရိုးရှင်းစွာပင် အခွင့်ကောင်းယူလိုက်တော့သည်။
ယင်းကျောင်း တစ်ချက်ရယ်လိုက်ပြီး ထိုင်ခုံနောက်ကို ပျင်းရိစွာ မှီလိုက်ကာ ကျင်းစစ်ကိုကြည့်နေသည်။
“ဒီကိုလာခဲ့ ငါ့ကိုဖက်ထားပေး”
ကျင်းစစ်မှာ အလန့်တကြားဖြစ်သွားရသည်။
“ဘာ”
ယင်းကျောင်းက ထရပ်လိုက်ကာ ရှေ့ကို နှစ်လှမ်းတိုးလိုက်ပြီး သာမန်ကာလျှံကာပြောလိုက်သည်။
“မင်းလုပ်ပေးနိုင်တာဆို လုပ်ပေးမယ်ဆို... ငါ့ခံစားနေရတာတွေ သက်သာဖို့အတွက် အခု မင်း ငါ့ကိုဖက်ထားပေးဖို့လိုတယ်”
ကျင်းစစ်က သူ့ကိုစောင်းကြည့်လိုက်ပြီး နောက်တွန့်သွားတော့သည်။
“ပြဿနာမရှာနဲ့”
သူ့ကိုရှောင်နေတာကိုကြည့်ပြီး ယင်းကျောင်းက ငေါ့တော့တော့ပြုံးလိုက်သည်။ ထို့နောက် ပြန်လှည့်ပြီးပြောလိုက်၏။
“သွားမယ်”
ကျင်းစစ်က အများကြီးကျန်နေသေးသော အစားအသောက်များကို ကြည့်လိုက်သည်။
“မင်း မစားတော့ဘူးလား”
ယင်းကျောင်း အမ်း တစ်ချက်ပြုပြီးနောက် တံခါအပြင်ဘက်သို့ ထွက်သွားတော့သည်။
ကျင်းစစ်မှာ ခဏလောက် တုံ့ဆိုင်းသွားပြီး အနည်းငယ် အင်တင်တင်ဖြစ်သွားသော်လည်း ယင်းကျောင်း၏ နက်မှောင်နေသောမျက်လုံးများကို တွေးလိုက်ကာ ဘာမှမပြောတော့ဘဲ တိတ်တဆိတ် လျှောက်လာတော့သည်။
လက်ဖက်ရည်စားသောက်ဆိုင်၏ စီးပွားရေးမှာ ကောင်းမွန်လေသည်။ ဆိုင်ရှင်မှာလည်း စီးပွားရေးတွင် အတော်လေးလူရည်လည်သည်။ အချိုပွဲ Package များကို အရှေ့စားပွဲတွင် လှပစွာ ဆင့်ထပ်ထားသည်။ တစ်ခါတစ်လေ ဧည့်သည်များက စားပြီးနောက် ကျေနပ်သွားပြီး သူတို့ပြန်သွားတဲ့အခါ box တစ်ခုလောက် ယူသွားတတ်သည်။
ယခုတစ်ကြိမ်တွင်မူ ယင်းကျောင်းမှာ ရှေ့ကနေသွားနှင့်လေသည်။
အရှေ့ကောင်တာကို ဖြတ်သွားသောအခါ ကျင်းစစ်သည် ခြေလှမ်းများကို ရပ်လိုက်ပြီး နှစ်လှမ်းလောက်နောက်ပြန်ဆုတ်လိုက်ကာ နောက်ဆုံးတွင် ပြန်လှည့်လိုက်သည်။
“ကျွန်တော် သရက်သီးမုန့်ကြွပ် တစ်boxလောက် လိုချင်လို့ပါ”
ကျောင်းသို့ပြန်သည့်လမ်းတွင် ယင်းကျောင်းက အလွန်ကိုတိတ်ဆိတ်နေသည်။ ကျင်းစစ်ကို စလည်းမစ ဟာသတွေလည်း မပြောတော့ဘဲ နှစ်ယောက်သားမှာ အိပ်ဆောင်ထဲသို့ တိတ်ဆိတ်စွာ ဝင်လာခဲ့လိုက်သည်။
ဂိတ်301တွင် ကျင်းစစ်က ရပ်လိုက်ပြီး ဆက်သွားနေသော ယင်းကျောင်းကို တားလိုက်သည်။
“ခဏလေး”
ယင်းကျောင်းက ခေါင်းကိုလှည့်ပြီး ကျင်းစစ်အား ရွှတ်နောက်နောက် ကြည့်လိုက်သည်။
“ဘာလို့လဲ... ငါ့ကိုလွမ်းလို့လား”
ကျင်းစစ်က သူ့ကို လျစ်လျူရှုလိုက်ပြီး ရှေ့ကိုတိုးကာ သရက်သီးမုန့်ကြွပ်ဘူးကို ပေးလိုက်သည်။
ယင်းကျောင်းမှ ခဏလောက် မင်သေသွားပြီး သူ့အသံမှာ မယုံနိုင်မှုတချို့ပါလာသည်။
“ငါ့... အတွက်...”
“အင်း”
ကျင်းစစ်က ခေါင်းညိတ်သည်။အခန်းသော့ကို ထုတ်၍ ပြောလိုက်သည်။
“မင်းမှာ နေ့လည်ကျ စားဖို့မရှိလို့”
သရက်သီးအစာသွပ်မုန့်သည် ovenထဲက ထုတ်ခါစပင်ရှိသေးသည်။ ဘူး၏အောက်ခြေမှာ နွေးနေဆဲပင်။ ယင်းကျောင်းသည် လက်ရာမြောက်သော မုန့်ဘူးကိုကိုင်ထားပြီး သူ့နှလုံးသားထဲတွင် နွေးထွေးနေသည်။
သည်အခိုက်အတန့်တွင် မြေပြင်မှ တစ်စုံတစ်ခု ကွဲထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း အညှောက်သေးသေးလေး အဖြစ်ကြီးထွားလာသည်။
“မင်း...”
ယင်းကျောင်း၏ လည်စိလေးမှာ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီး သူ့အသံက အနည်းငယ်အက်နေကာ ထပ်ပြီး အတည်ပြုလိုက်သည်။
“မင်း ငါ့အတွက်တမင်တကာ ဝယ်လာခဲ့တာလား”
ကျင်းစစ်သည် အိပ်ဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီး သူ့ကိုစောင်းကြည့်ကာ အေးဆေးစွာပြောလိုက်သည်။
“ဟုတ်တယ်”
ယင်းကျောင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး အချိုပွဲမုန့်ဘူးကို တင်းကျပ်စွာကိုင်ထားလိုက်၏။ သူ့နှလုံးသားမှာ ခုန်သထက်ခုန်လာပြီး စိတ်ထဲကနေ ကျိန်ဆဲသည့်စကားတစ်လုံးကို ဆိုမိလိုက်သည်။
ကျင်းစစ်က သူ့ကို လျစ်လျူရှုလိုက်ပြီး အခန်းတံခါးကို ပိတ်ခါနီးတွင် ယင်းကျောင်းက တံခါးကို ကိုင်လိုက်သည်။
ကျင်းစစ်က အံ့ဩသွားသည်။
“တစ်ခုခုရှိသေးလို့လား”
ယင်းကျောင်းက သူ့အခန်းထဲကိုမဝင်ဘဲ ခေါင်းကိုအနည်းငယ်နှိမ့်လာကာ သူ့ကိုကြည့်၍ တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။
“အခု မင်းအမှန်အတိုင်း ပြောနေတာဆိုတာ ငါသိပြီ”
“ဘာကြီး...”
“နေ့လည်က ယောင်ကျင်းကန်းလု”
ယင်းကျောင်းက ပြောသည်။
“အဲဒါက တကယ်ပဲချိုပြီး အရသာရှိတယ်”
ကျင်းစစ်က သူဆိုလိုတာကို နားမလည်သေးချေ။ မျက်လုံးများကို အနည်းငယ်ပြူးလိုက်ပြီး သူ့ကိုကြည့်လိုက်သည်။
“အာ... မင်းဘာလို့ရုတ်တရတ်...”
စကားမဆုံးခင်မှာပင် သွယ်လျသောလက်တစ်ချောင်းက ရုတ်တရက် သူ့နှုတ်ခမ်းကို ထိလာသည်။
“ဒီပါးစပ်လေးက တော်တော်လေးကို ချိုမြိန်တာပဲ”
ယင်းကျောင်း၏ လက်ချောင်းများက ခပ်ဖွဖွပွတ်ဆွဲလာပြီး သူ့အသံက အနည်းငယ် ထုံနေလျက် နိမ့်နေသည်။
“မင်း ယောင်ကျင်းကန်းလု စားခဲ့တာလား”
သူက နှုတ်ခမ်းသပ်လိုက်ပြီး သူ့ရဲ့ စူးရှနေသောမျက်လုံးမျာက ကျင်းစစ်၏နှုတ်ခမ်းများပေါ်တွင် ကျရောက်နေသည်။ ပြီးနောက် အဓိပ္ပါယ်ပါပါဖြင့်ဆိုလာသည်။
“နောက်တစ်ခါကျ ငါ့ကို တစ်ခါလောက်မြည်းခွင့်ပေး...”
______
Translated By IQ-Team.