အပိုင်း၂၄
Viewers 14k

Chapter 24

Chapter 24



-----------------------


“အဲဒါဆို ထိပ်ဆုံး အဆင့်သုံးရာ...”


လီကျိုးက ခေါင်းခါလိုက်သည်။


ဟယ့်ကျိုးတွင် ကြီးမားသောပါးစပ်ရှိလေသည်။ လုံးဝမထင်ထားသောသတင်းကို ကြားလိုက်ရသောအခါ ထိန်းမထားနိုင်ပေ။ သူနဲ့သိတဲ့သူတွေကို ပြောဖို့ ထွက်သွားတော့သည်။


အကျိုးဆက်ကတော့ အစောပိုင်း ကိုယ်ပိုင်စာကြည့်ချိန်အပြီးတွင် အခန်း၇မှ ကျောင်းသားအားလုံးမှာ ဒီတစ်ခေါက် စာမေးပွဲတွင် ကျင်းစစ်မှာ ထိပ်ဆုံး၃၀၀သို့ဝင်ရန် မျှော်လင့်ချက်မရှိကြောင်း သိသွားကြတော့သည်။


ဟယ့်ကျိုးက တံခါးကို စောင့်ခိုင်းဖို့ တစ်ယောက်ယောက်ကိုရှာလိုက်ပြီး သူ့ဖုန်းကို ပုန်းလျှိုးကွယ်လျှိုးဖြင့် ထုတ်ကာ ဖိုရမ်ပေါ်ရှိ ပို့စ်ကိုကြည့်လိုက်သည်။


ရက်အနည်းငယ်အတွင်းမှာပင် ပို့စ်ကို replyပြန်ထားသူများမှာ အထပ်၉၀၀ကျော်သွားပြီဖြစ်သည်။


[အထပ် ၈၁၆: တနင်္လာနေ့ကို ကြည့်ကြ... ငါ သတင်းအတိအကျရထားတယ်... အခန်းထဲမှာ အမှတ်စာရင်းတွေကို ကြေငြာတော့မယ်... ပို့စ်ပိုင်ရှင် သူ့မျက်နှာကိုပြမှာကို ငါစောင့်နေတယ်]


[အထပ် ၈၂၂: ဟဟဟဟဟဟ ငါ အမှတ်စာရင်းကြေငြာတာကို ပတမဆုံးအကြိမ် စောင့်နေမိတာပဲ... အခန်း၇က သူတွေရဲ့ နာကျင်နေတဲ့မျက်နှာတွေကို မြင်ချင်နေပြီ ]


[အထပ် ၈၅၀: အခန်း၇က ကောင်တွေ ဘယ်ရောက်နေလဲကွ... အစက သူတို့တွေမှာ အချိန်ကောင်းလေးတွေရှိခဲ့တာ မဟုတ်ဘူးလား... ကျင်းစစ်က စာလေ့လာတဲ့နေရာမှာ ဆရာကြီးဆိုပြီး အတည်ကြီး ယုံကြည်နေကြတာမဟုတ်ဘူးလား... အခုအဆင့်တွေထွက်လာတော့မယ်... မင်းတို့ကောင်တွေ ဘယ်မှာတုန်းကွ ]


[အထပ် ၈၇၆: ဟေး... ငါ ရုတ်တရတ်ကြီး အခန်း၇ကအရူးတွေကို သနားလာသလိုပဲ]


[အထပ် ၉၃၁: အထပ်၁၀၀ကျော်က သဲရုပ်ထုကောင်တစ်ကောင်က ကျင်းစစ် ဒီတစ်ခေါက် သေချာပေါက် ထိပ်ဆုံး၃၀၀ထဲဝင်လိမ့်မယ့်လို ပြောခဲ့တာ ငါမှတ်မိသေးတယ်... မဝင်ခဲ့ရင် ဖုန့်မောင်ရဲ့ပြောင်နေတဲ့ခေါင်းကို ကိုင်ပြမယ်လို့ မပြောခဲ့ဘူးလား ]


………………


“ဘာတွေဖြစ်ကုန်တာလဲဟ”


ဟယ့်ကျိုးက ရှုံ့မဲ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။


“ဖြစ်နိုင်တာ... ဖြစ်နိုင်တာက ငါတို့က ရှုံးသွားပြီး သူတို့ကို ရယ်ခွင့်ပြုလိုက်ရမှာလား”


“မဟုတ်ရင်ရော”


လီကျိုးက သက်ပြင်းချကာ ဖုန်းမျက်နှာပြင်ကို ထိုးပြလိုက်သည်။


“မင်းမြင်လား... ဖုန့်မောင်ရဲ့ပြောင်နေတဲ့ခေါင်းကို ကိုင်ပြမယ်လို့ ပြောခဲ့တဲ့ သဲရုပ်ထုကောင်က ငါပဲကွ... ဘယ်သူက စိတ်ဒုက္ခအရောက်ဆုံးလူ ဖြစ်မလဲ”


ဖန်ချန်းချန်း: “...”


ကျန့်ချွယ်က တကယ့်ကို စာကြမ်းပိုးလူမိုက်တစ်ယောက်ဖြစ်တဲ့ကျင်းစစ်ကို မျက်စိမှိတ်ယုံကြည်ခဲ့ပေသည်။ ယခုကိစ္စက ဒီအခြေအနေထိတောင် ရောက်နေပြီး သူကတော့ လက်မလျှော့သေးပေ။


“ဒါပေမယ့် ကျင်းစစ်ပြောတာက သူကျိန်းသေ ထိပ်ဆုံး၃၀၀ကို ဝင်နိုင်အောင် လုပ်မယ်တဲ့”


ဟယ့်ကျိုးက ဒါကိုကြားတော့ သူ့ပုခုံးကို ပုတ်လိုက်ကာ ပြောလိုက်သည်။


“လောင်ကျန့် မင်းက အမြဲတမ်းကို ရိုးစင်းလွန်းတယ်... ဒါကလည်း မင်းအတွက် ကောင်းတာပါပဲ”


အခန်းတစ်ခန်းလုံး ရုတ်တရတ် သက်ပြင်းချလိုက်သည်။ ကျင်းစစ်နှင့် ယင်းကျောင်းမှ လွဲ၍ပင်။ သူတို့ကတော့ ဘာကိုမှမခံစားရချေ။ ကျန်တဲ့သူတွေမှာ မှုန်ကုပ်နေပြီး အိမ်သာတောင် မသွားတော့ပေ။


မနက်ပိုင်း ပထမဆုံးအတန်းက သင်္ချာအတန်းဖြစ်သည်။ ဆရာလျိုက ပထမဆုံးအကြိမ် suit ဝတ်လာခဲ့သည်။ အင်္ကျီလက်ကို ခေါက်တင်ထားသဖြင့် ကြွက်သားများက ပြူးထွက်နေတော့သည်။


သူက အဖြေလွှာတစ်အုပ်ကို ကိုင်လာပြီး အားမာန်အပြည့်ဖြင့် ဝင်လာတော့သည်။


ဟယ့်ကျိုးက လက်ညှိုးကို မြှောက်လိုက်ပြီး ထိုးပြလိုက်သည်။ ပြီးနောက် ကျန့်ချွယ်ဘက်သို့လှည့်ကာ ပြောသည်။


“မင်းမြင်လား... လူအိုကြီးလျိုတောင်မှ ရူးသွားပြီ”


ဆရာလျိုက စင်ပေါ်သို့ တက်လာပြီး စာရွက်ထုပ်ကို စားပွဲစင်ပေါ် တင်လိုက်သည်။ စာရွက်နှစ်ရွက်ကို ညှပ်ယူလိုက်ကာ အောက်ခြေကိုခါလိုက်သည်။


“ဒီတစ်ခေါက် စာမေးပွဲရလဒ်တွေထွက်လာပြီ... အကုန်လုံးကို စာရွက်ပေါ်မှာ print ထုတ်ထားတယ်... အတန်းပြီးတဲ့အခါ ကြည့်လိုက်ကြ”


“သင်္ချာအမှတ်စာရင်းကို အခုကြေငြာမယ်... ခေါ်လိုက်တဲ့သူတွေ မတ်တပ်ရပ်ပြီး ကိုယ့်စာရွက်ကို လာယူကြပါ”


“ကျန့်ချွယ် ၉မှတ်... ငါတို့အတန်းသားတွေထဲမှာတော့ ကျန့်ချွယ်က မယိမ်းယိုင်ဆုံးဘဲနော်... မျက်စိမှိတ်လျှောက်ရေးရုံနဲ့ အမှတ်ရမယ်လို့များ မင်းထင်နေတာလားကွ”


“ဟယ့်ကျိုး ၆၈... အမှတ်က အတော်လေးကံကောင်းတယ်.... မင်းအိမ်ပြန်ရောက်တဲ့အခါကျရင်တော့ ကံကောင်းဦးမလားဆိုတာ မသေချာဘူး”


“ယင်းကျောင်း ၇၀... မင်းက ဟယ့်ကျိုးနဲ့ ဆက်ဆံရေးကောင်းကောင်းရှိပြီး အမှတ်တွေတောင်မှ ညီအစ်ကိုနှစ်ယောက်လုံးအတွက် ကောင်းတယ်”


……………………



ဆရာလျိုက ပုံမှန်ဆို.အမှတ်တွေကို အမြင့်ကနေ အနိမ့်ကို ကြေငြာလေ့ရှိသော်လည်း ဒီနေ့တော့ ဘာလို့မှန်း မသိ အနိမ့်ဆုံးကနေ စ၍ကြေငြာလိုက်သည်။


အနိမ့်အမြင့်အတိုင်း နာမည်အားလုံး ခေါ်ပြီးနောက် ကျင်းစစ်မှလွဲပြီး အတန်းရှိ ကျောင်းသားအားလုံး စာရွက်ရပြီးဖြစ်သည်။


“အခြေအနေကဘာလဲ... မင်းအဖြေစာရွက်ကဘယ်မှာလဲ”


ယင်းကျောင်းက မျက်မှောင်ကြုတ်လိုက်သည်။


“ငါသွားပြီးကြည့်ပေးမယ်”


“မလုပ်နဲ့”


ကျင်းစစ်က ခေါင်းယမ်းလိုက်သည်။ ဘာတွေဖြစ်နေလဲဆိုတာ သူသေချာပေါက်သိပေ၏။


ထင်ထားသလိုပင်။ ဆရာလျိုက လည်ချောင်းရှင်းလိုက်ကာ ဆက်ပြောသည်။


“နောက်ဆုံးတစ်ရွက်က ကျင်းစစ်... အမှတ် ၁၅၀”


အခန်း၇တစ်တန်းလုံး ပေါက်ကွဲသွားတော့သည်။


“ငါ F*ck... ဘယ်နှမှတ်...”


ဟယ့်ကျိုးက ယုံရခက်စွာ သူ့နားရွက်ကို ပွတ်လိုက်သည်။


“ငါ့နားတွေ နားဖာချေးပိတ်နေတာများလား... ကျင်းစစ် က သင်္ချာမှာ ဘယ်နှမှတ်ရတာလို့ လူအိုကြီးလျိုပြောလိုက်တာလဲ”


ကျန့်ချွယ်၏ မျက်လုံးများမှာ မှုန်ဝါးသွားတော့သည်။ သူက ဟယ့်ကျိုးအား မသိလိုက်စွာပင် ပြန်တုံ့ပြန်မိလိုက်သည်။


“ငါ... ငါရောပဲ နားလေးနေပြီထင်တယ်... ၁၅၀ ဟုတ်လား”


အမြဲလိုလို အေးဆေးတည်ငြိမ်နေသည့် ဖန်ချန်းချန်းတောင်မှ သူ့ပါးစပ်ကို ဖွင့်လာတော့သည်။


“၁...၁၅၀ လား... သင်္ချာမှာ အမှတ်ပြည့်ကဘယ်လောက်လဲ... ၂၅၀လား”


“ဘာ...”


ကျန့်ချွယ်၏ မျက်လုံးများ ပြူးသွားသည်။


“ဒါဆို ငါအမှတ်မှားတာများလား... အမှတ်ပြည့်က ၂၅၀ များလား”


ဟယ့်ကျိုးက သူ့မျက်နှာသူ ပွတ်လိုက်ကာ ခေါင်းလှည့်၍ ဒေါသတကြီးပြောတော့သည်။


“ငါထင်တာတော့ မင်းတို့နှစ်ကောင်းလုံးကမှ ၂၅၀ပဲ”


အခန်း၇ကျောင်းသားများ၏ shock ရသွားသော သို့မဟုတ် နှေးကွေးလေးလံနေသော အကြည့်အောက်တွင် ကျင်းစစ်သည် စင်ပေါ်သို့ တည်ငြိမ်စွာတက်သွားပြီး သူ့ရဲ့အဖြေလွှာကို ယူလိုက်၏။


ထိုင်ခုံကိုပြန်ရောက်သည်နှင့် စာရွက်မှာ ယင်းကျောင်း၏ ဆွဲယူခြင်းကို ခံလိုက်ရတော့သည်။


ယင်းကျောင်းက အဖြေလွှာကို တစ်ရွက်ပြီးတစ်ရွက် ထပ်ကာထပ်ကာလှန်ကြည့်လိုက်သည်။


မှန်တယ်... မေးခွန်းတိုင်းမှန်တယ် ၁၅၀ အမှတ်ပြည့်ပင်။


သူက ကျင်းစစ်ကို ရှုပ်ထွေးနေသော မျက်လုံးများဖြင့်ကြည့်လိုက်မိသည်။


ဒီလူညာလေး အမှတ်ကောင်းကောင်းရမည်ဆိုတာ သူသိသော်လည်း ဒီလောက်အထိကောင်းလိမ့်မည်ဟုတော့ မမျှော်လင့်ထားချေ။


သူက စာရွက်ကို ကျင်းစစ်ဆီပြန်ပေးလိုက်ပြီး မျက်လုံးများက သူ့စာရွက်ပေါ်က ၇၀ ဟူသော စာလုံးကြီးပေါ်တွင် ကျရောက်သွားသည်။ သူ့မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်မိသည်။


ဆရာလျိုက စင်မြင့်ပေါ်ကနေ ပြောနေဆဲဖြစ်သည်။


“ကျင်းစစ်ကိုကြည့်ကြစမ်း... သူက မင်းတို့အတွက် စံပြပဲ...သင်္ချာမှာ အမှတ်၁၅၀... ဒီမေးခွန်းက အရမ်းခက်တယ်... အထူးတန်းတွေမှာတောင် မရှိဘူး”


သို့သော်လည်း ဘယ်သူမှ သူပြောတာကို နားမထောင်နေနိုင်ပေ။ ကျင်းစစ်၏ အဖြေလွှာမှာ ထာဝရဘုရား၏ အမွေအနှစ်ကဲ့သို့ပင်။ အလယ်တန်းကနေ အရှေ့တန်း ထို့နောက် နောက်ဆုံးတန်း စသဖြင့် ဖြတ်ကျော်သွားတော့သည်။ ထိုအရာကို အခန်းက လူတိုင်းက ကိုးကွယ်ဆည်းကပ်နေကြသည်။ နောက်ဆုံးကျမှ သူ့လက်ထဲပြန်ရောက်လာတော့၏။


လီကျိုးက ပထမဆုံးသတိပြန်ဝင်လာသောသူဖြစ်လေသည်။ သူက သူ့နှလုံးသားထဲတွင် စတင်တွက်ချက်တော့သည်။


‘ကျင်းစစ်က သင်္ချာမှာ ၁၅၀... ကျန်တဲ့ ဘာသာတွေမှာလည်း အရမ်းနိမ့်မှာမဟုတ်လောက်ဘူး’


ကျန့်ချွယ်ကလည်း သူ့လိုစဥ်းစားကာ ဆရာလျိုအား လက်မြှောက်၍ တိုက်ရိုက်ပင်မေးလိုက်တာ့သည်။


“ဆရာ ကျင်းစစ်ရဲ့ တခြားအမှတ်တွေကရော... တစ်ခါတည်းကြေငြာပေးလိုက်ပါ”


အရင်ကဆိုလျင် ဆရာလျိုအမုန်းဆုံးမှာ အမှတ်များကြောငြာပေးရခြင်းဖြစ်သည်။ သို့ပေမယ့် ဒိနေ့မှာတော့ ယခုလိုမေးလာမှာကို ကျောင်းကဘယ်သူကမှ သူ့ထက်စောင့်စားနေမိမည်မဟုတ်ချေ။ မနက်ခင်းတုန်းက ဆရာနှင့် ဝန်ထမ်းများကို တတ်နိုင်သမျှ အမြန်ဆုံး အမှတ်စာရင်းထုတ်ပေးဖို့ လောတောင်လောခဲ့သေးသည်။


“အာ...”


ဆရာလျိုက နှုတ်ခမ်းတွန့်လိုက်ပြီး “မင်းတို့ သိချင်နေမှတော့ တစ်ခါတည်းကြောငြာပေးလိုက်ပါ့မယ်လေ”


အခန်း၇မှကျောင်းသားများမှာ အသက်ပင်ရဲရဲမရှူရဲဘဲ စောင့်နေကြတော့သည်။


“သင်္ချာက အမှတ်ပြည့် ၁၅၀”


“အင်္ဂလိပ် အမှတ်ပြည့် ၁၅၀”


“စုစုပေါင်း ၃၀၀”


“စာပေက...”


ဆရာလျိုက ရပ်လိုက်ကာ ပရိတ်သတ်များကို ဝေ့ကြည်လိုက်ပြီးနောက် ကျင်းစစ်ကို ကြည့်ပြီး ဟန်ပန်အပြည့်ဖြင့်ပြောလိုက်တော့သည်။


“စာပေကတော့ သိပ်မကောင်းပါဘူးကွာ... နည်းနည်းတော့အဟန့်အတားဖြစ်သွားတယ်... ၁၄၈မှတ်ပဲ ရတယ်”


သူ့ရဲ့အမှတ်ပေါင်းကို သိရပြီးနောက် ကျင်းစစ် နောက်ဆုံးတွင် စိတ်အေးသွားတော့သည်။


သူ့ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲက ဘာလို့အရမ်းဆိုးနေရသလဲဆိုတာကို ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး။ အရင်ကမ္ဘာမှာတုန်းက မြို့နယ်လုံးဆိုင်ရာ စာမေးပွဲတိုင်းမှာ အမှတ်ပြည့်နဲ့ ပထမနေရာကို အမြဲတမ်းနီးပါး သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဒုတိယနေရာကို ဘယ်တုန်းကမှ လှည့်မကြည့်ခဲ့။


ကျင်းစစ်သည် သူ၏ ဝင်ခွင့်စာမေးပွဲအဖြေလွှာစာရွက်များက အတော်လေးကောင်းမွန်သည်ဟု ခံစားခဲ့ရပြီး အဖြေများတွင် အမှားအယွင်းတစ်စုံတစ်ခုတောင် မရှိခဲ့ပေ။ ရလဒ်တွေထွက်လာတဲ့အခါမှာတော့ တိုက်ရိုက်ပင် သူ့ကိုထိုးနှက်လိုက်လိမ့်မယ်လို့ ဘယ်သူကများထင်လိမ့်မလဲ။ အခု သူ့levelက ယုတ်လျော့သွားခြင်းမရှိဘူးဆိုတာ သိလိုက်ရတော့ နောက်ဆုံးတွင် သူ့စိတ်ကိုလွှတ်ချလိုက်တော့သည်။


အခန်း၇မှာ သုံးမိနစ်လောက်တိတ်ဆိတ်သွားသည်။ ထို့နောက်မှာတော့ တစ်ဖန်ပေါက်ကွဲသွားတော့သည်။


“ငါ- f*ck...”


“သေစမ်း... ဘယ်နှမှတ်တောင်လဲကွ”


“မားမားရေ calculator ဘယ်မှာလဲ... အမှတ်ပေါင်းတွက်ဖို့ သုံးရမှရမယ်...”


“မင်း သောက်ရမ်းတုံးနေတာမဟုတ်ဘူးလားကွ... အမှတ်ပြည့်ထဲက ၂မှတ်နှုတ်လိုက်လို့ မရဘူးလား... အမှတ်ပေါင်းက ၇၄၈ မှတ်မလား... F*ck”


………………


ဤအခန်းထဲထဲတွင် ကျင်းစစ်မှလွဲပြီး မည်သူကမှ အတန်းကို အလေးအနက်ထားပြီးမတက်ကြချေ။


သူတို့အားလုံးက သူ့ရဲ့အမှတ်အကြောင်းကိုပဲ ပြောနေကြ၏။


ဆရာလျိုရဲ့ လောဆော်မှုနှင့်အတူ မနက်ပိုင်း ၂အချိန်ပြီးသွားသည့်နောက် စာမေးပွဲအမှတ်စာရင်းများ ထွက်လာတော့သည်။


ဖိုရမ်ပေါ်မှ ပို့စ်ကြောင့် အထက်တန်းဒုတိယနှစ်ကျောင်းသားမှာ အောင်စာရင်းနှင့်ပတ်သတ်ပြီး အလွန်ကို စိတ်ဝင်စားနေကြသည်။


အခန်း၇မှ ကျောင်းသားများသည် အမှတ်စာရင်းစာရွက်၏ ဘယ်ဘက်ခပ်ဝေးဝေးတွင် ရပ်နေကြပြီး ထိပ်ဆုံးနေရာသို့ အံ့အားတကြီး ကြည့်နေကြတော့သည်။


၁။ ကျင်းစစ် ၇၄၈


၂။ ကျန်းချုန်း ၇၂၃


စီရင်စုအထက်တန်းကျောင်းရှိ ကျောင်းသားမျာစုဝေးနေသော နေရာတစ်ခုတွင် ကျင်းစစ်သည် ဒုတိယအဆင့်နှင့် ၂၅မှတ်ကွာလေသည်။ ကျင်းစစ်မှာ အရင်(ဘဝ)ကအတိုင်း ပထမလူဖြစ်နေဆဲပင်။


တခြားအခန်းမှ ကျောင်းသားများမှာ ကန်းကုန်ကြပြီး ကျင်းစစ်၏နာမည်ကို ရှာမတွေ့ကြချေ။ တချို့တွေမှာ မနေနိုင်ဘဲ တီးတိုးပြောလာကြသည်။


“ဖြစ်နိုင်တာက ဒီတစ်ခါလည်း စာရွက်အလွတ်ပဲ ထပ်ခဲ့တာများလား... ဒါကြောင့် အဆင့်အနေနဲ့ ထည့်တောင်မတွက်တာမဟုတ်ဘူးလား”


ဟယ့်ကျိုးသည် သူတို့ကိုယ်သူတို့ တံခါးရှေ့အရောက်ပို့နေသော ထိုကဲ့သို့အရူးများကို စောင့်နေတာဖြစ်သည်။ဤသည်ကိုကြားတော့ သူက ချက်ချင်းပင် ပွစိပွစိပြောနေသောသူကို လက်ယမ်းပြလိုက်သည်။


“လာ လာ... ပထမနေရာကဘယ်သူလဲဆိုတာ လာပြီးကြည့်”


ဟယ့်ကျိုးသည်လည်း စီရင်စုကျောင်းတွင် နံပါတ်တစ်ပုံရိပ်တစ်ခုပင်ဖြစ်သည်။ ထိုကျောင်းသားက မငြင်းဆန်ရဲဘဲ လျှောက်လာသည်။


သူတို့စိတ်ထဲတွင် သူတို့ဘာသာသူတို့ တွေးနေကြသည်။ ဘယ်သူပဲ ပထမရပါစေ အခန်း၁က ကျန်းချုန်း ဒါမှမဟုတ် အခန်း၂က ကျိုးချောင် ပဲဖြစ်မှာပင်။


သို့ရာတွင် သူရဲ့အကြည့်မှာ ထိပ်ဆုံးနာမည်ပေါ်သို့ ကျရောက်သွားသောအခါ မေးစေ့မှာ မြေကြီးထိအောင် ကျသွားတော့သည်။


“ကျင်းစစ်လား... ကျင်းစစ်က တစ်ကျောင်းလုံးမှာ အဆင့်၁တဲ့လား”


ထိုအသံထွက်လာတာနဲ့ စာရင်းထုတ်ထားတဲ့အနားတဝိုက်က ကျောင်းသားအားလုံးမှာ တဒင်္ဂမျှ တိတ်ဆိတ်သွားတော့သည်။


လူတိုင်း၏ မယုံကြည်နိုင်သော မျက်နှာများကို လုံလုံလောက်လောက်မြင်ရပြိးနောက် ဟယ့်ကျိုးမှာ ဘေးတိုက်ထွက်လာတော့သည်။


“အား... ဒါကအရမ်းမိုက်တာပဲ”


ကျန့်ချွယ်ရယ်မောလိုက်သည်။


“ဒီနေ့က ငါရှင်သန်ခဲ့တဲ့နေ့တွေထဲက အပျော်ဆုံးရက်ပဲကွ”


“ကျင်းစစ်...”


ဖန်ချန်းချန်း၏ အမူအရာမှာ ရှုပ်ထွေးနေသည်။


“ဒါက တကယ်ကို အံ့ဩစရာပဲ”


ဖန်ချန်းချန်းရဲ့ စရိုက်မှာ သူ့ကကောင်းတာတစ်ခုခု ချီးမွမ်းနေရင်ပင အေးစက်ပြီး တင်းမာနေမြဲပင်။


ဟယ့်ကျိုးလည်းပဲ သက်ပြင်းချလိုက်မိသည်။


“အမှန်အတိုင်းပြောရရင် ဒီရလဒ်ကြီးက ငါ့ကိုကြောက်စေတယ်... ကျင်းစစ်က နှစ်နာရီတည်းနဲ့ မေးခွန်းအပ်လိုက်တယ်လို့ လီကျိုးပြောတာကို ကြားတုန်းကဆို ငါ့နှလုံးသားထဲကနေကို ကြက်သေသေသွားခဲ့တာ... ဒါအကုန်ပဲလို့ထင်ထားပေမယ့် ဒါကို တကယ်ပဲမမျှော်လင့်ထားဘူး”


ကျန့်ချွယ်က သက်ပြင်းချသည်။


“ငါတို့ရဲ့နောက်ကွယ်မှာ Big Boss ကြီးတစ်ယောက်ရှိနေလိမ့်မယ်လို့ ဘယ်သူကတွေးထားမှာလဲ... ကျင်းစစ်ရဲ့ လက်တွေက တကယ်ကို အံ့မခန်းပဲ”


လူတော်တော်များက ဆက်တိုက်စကားပြောနေကြပြီး ကျင်းစစ်အပေါ် သူတို့ရဲ့ကိုးကွယ်မှုကတော့ အဆုံးစွန်ရောက်နေပြီဖြစ်သည်။


ယင်းကျောင်းတစ်ယောက်တည်းကသာ ချွင်းချက်ဖြစ်သည်။ သူက နံရံကို မှီလိုက်ပြီး တိတ်တဆိတ် ဆေးလိပ်သောက်နေခဲ့သည်။


“အစ်ကိုကျောင်းက ဘာဖြစ်နေတာလဲ”


ဟယ့်ကျိုးက ဖန်ချန်းချန်းကို တံတောင်နဲ့တွတ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။


“ပထမအချိန်တည်းက ဒီလိုဖြစ်နေတာ”


ဖန်ချန်းချန်းက မျက်လုံးပင့်လိုက်ကာ သူ့ကိုစောင်းကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်တော့သည်။


“ငါမသိဘူး အိမ်မှာ တစ်ခုခုထပ်ဖြစ်လာတယ်ထင်တာပဲ”


ကျန့်ချွယ်တစ်ယောက်ကသာ အသိစိတ်မဲ့နေပြီး ယင်းကျောင်း၏ အေးစက်စက်မျက်နှာကြီးကို လျစ်လျူရှုထားကာ ပြောလေသည်။


“ဘယ်လိုလဲ အစ်ကိုကျောင်း... သာ့ကောနဲ့တစ်ခုံတည်းထိုင်ရတဲ့ ခံစားချက်ကဘယ်လိုနေလဲ... ကျွန်တောတို့ကိုပြောပြလေ ဒီကအမိုက်အမဲလေးတွေကို ခံစားခွင့်ပြုလိုက်စမ်းပါ”


ယင်းကျောင်းက စီးကရက်ကို အသာအယာတောက်ချလိုက်ပြီး မျက်လုံးပင့်ကာ သူ့ကို စောင်းကြည့်လိုက်သည်။


‘မှန်တယ် ကျင်းစစ် စာလေ့လာတဲ့နေရာမှာ ဆရာကြီးပဲ... ဒီကောင်တွေကိုတော့ အမှိုက်တွေစုနေတာလို့ပဲ ခေါ်ရမယ်’


အမှတ်စာရင်းပေါ်က သူတို့နှစ်ယောက်ကြားတွင် ကွာဟမှုတစ်ခုရှိနေသည်။


ယင်းကျောင်းက မီးခိုးအကွင်းလေးကို မှုတ်ထုတ်လိုက်ပြီး ကျန်နေတဲ့စီးကရက်တစ်ဝက်ကို ချေကာ အမှိုက်ပုံးထဲကို ပစ်လိုက်သည်။ ကျန့်ချွယ်ကို လျစ်လျူရှုလိုက်ပြီး ဘယ်ဘက်သို့ လှည့်သွားလိုက်သည်။


ကျန့်ချွယ်က မေးချင်နေတုန်းဖြစ်သော်လည်း ဟယ့်ကျိုး၏ ဖြတ်ခနဲရိုက်တာကို ခံလိုက်ရပြီးနောက် သူ့ပါးစပ်ကို မြန်မြန်ပိတ်လိုက်တော့သည်။


စာမေးပွဲအမှန်တွေ ထွက်လာတာကြောင့် ကျင်းစစ်သည် လူတိုင်း၏ အာရုံစိုက်စရာ အကြောင်းအရာတစ်ခုဖြစ်လာသည်။ သူ့ခုံနေရာမှာလည်း နိုင်ငံခြားသားများဆွဲဆောင်စရာ နေရာတစ်ခုနီးပါပင်။


ကံကောင်းစွာဖြင့် သူက ယင်းကျောင်းနှင့် တစ်ခုံတည်းဖြစ်နေသည်။ ဘယ်သူကမှ ယင်းကျောင်း၏ ပစ္စည်းများကို မထိရဲကြပေ။


ယင်းကျောင်းပြန်ရောက်လာချိန်တွင် ကျင်းစစ်နားဝိုင်းနေသည့် လူများမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့သည်။ နောက်ဆုံးမှာတော့ ကျင်းစစ်သည် အသက်ရှူပေါက်ရသွားပြီဖြစ်၏။


“ဒါကအရမ်းကို အလုပ်ရှုပ်တာပဲ...”


ယင်းကျောင်းက နောက်ကိုမှီလိုက်ပြီး တိုးသဲ့သဲ့ရယ်ကာ ပြောလာသည်။


“အတန်းဖော်လေး စာမေးပွဲမှာ ကောင်းကောင်းလုပ်ခဲ့တာပဲ... ငါတို့ အခန်း၇ကို ဂုဏ်ယူရအောင်လုပ်ပေးခဲ့တယ်... Congratulations...”


“ကျေးဇူးပါ”


ကျင်းစစ်က သူ့ကိုပြုံးပြလိုက်ပြီး သူ့ရဲ့ကြင်နာမှုကိုလက်ခံလိုက်သည်။


“အလုပ်များနေတဲ့အတန်းဖော်လေး မင်းမှာ အခု “Pipa Xing ဖီဖာရှင်း” အကြောင်း ကိုယ့်ကိုပြောပြဖို့ အချိန်ရှိလား... ကိုယ်တချို့နေရာတွေကို နားမလည်ဘူး”


ယင်းကိုကြားပြီသော် ကျင်းစစ်သည် ယင်းကျောင်းအား အံ့အားသင့်မှုတချို့ဖြင့် ကြည့်လိုက်မိသည်။


ဒါကပထမဆုံးအကြိမ် ယင်းကျောင်းက စာလေ့လာဖို့ စပြောတာပဲ။


“ရတာပေါ့”


သူက စာအုပ်စင်ကနေ Language Document တွေကို ဆွဲထုတ်ကာ “Pipa Xing” စာမျက်နှာသို့ လှန်လိုက်ပြီး ယင်းကျောင်းအား တစ်ကြောင်းချင်း အလေးအနက်ထားကာ ​ရှင်းပြပေးလိုက်သည်။


လူငယ်လေး၏ ညင်သာသောအသံလေးက သူ့နားထဲတွင် တိုးမြည်လာသည်။ ယခုအချိန်တွင် ယင်းကျောင်းမှာ အသံကိုသာ နားထောင်နေတာမဟုတ်ဘဲ အကြောင်းအရာကိုပါ သူ့စိတ်ထဲတွင် လိုက်မှတ်နေခဲ့သည်။


တစ်ချိန်တည်းမှာပဲ ဖိုရမ်ပေါ်ကပို့စ်တွင် တုံ့ပြန်ချက်အသစ်များကလှိုင်းလုံးကြီးလို တက်လာတော့သည်။


[အထပ် ၉၈၈: စာအုပ်တွေနဲ့ အကျွမ်းတဝင်ဖြစ်လာရင် မင်းမှာ မုန်းတီးမှုလျော့နည်းသွားမယ်... ငြီးတွားဖို့ စာကြောင်းတစ်ကြောင်းလည်း နည်းသွားမယ်... ဒုတိယနှစ်စာမေးပွဲရလဒ်ကို သိရဖို့ အရမ်းကို ရင်ခုန်နေတယ် ]


[အထပ် ၉၉၀: တစ်လျှောက်လုံးမှာ အိပ်တာကလွဲရင် ဘာပြောနိုင်မလဲ... သေစမ်း... သမိုင်းတွင်မယ့်ဟာကြီးကို မျက်မြင်တွေ့လိုက်ရသလို ခံစားရတယ် ]


[အထပ် ၁၀၀၀: အပေါ်ထပ်မှာ အခြေအနေကဘာလဲ... ဘာတွေဖြစ်နေကြတာလဲ... အခန်း၇က သဲရုပ်ထုတွေ ဖုန့်မောင်ရဲ့ ခေါင်းတုံးကို တကယ်ကြီး သွားဆွဲလိုက်လို့လား ]


[အထပ် ၁၀၀၇: အထပ်တစ်ထောင်က ညီအစ်ကိုရေ... မင်း ကျောက်ခေတ်မှာ နေထိုင်နေတာလား... သတင်းက အရမ်းနောက်ကျတာပဲ... ]


[အထပ် ၁၀၁၂: F*ck... F*ck... ကျင်းစစ်ရဲ့အောင်မြင်မှုက စစ်ရောစစ်မှန်ရဲ့လား... ခိုးချထားတာမဟုတ်ဘူးလား ]


[အထပ် ၁၀၁၃: အပေါ်ထပ်က ညီအစ်ကိုရေ အမူးပြေပါတော့ ဟုတ်ပြီလား... စီရင်စုကျောင်းက အကုန်လုံးကို အတည်ပြုပြီးသွားပြီ... ဦးနှောက်ကိုပိုသုံးစမ်ပါ... ဒီလိုအမှတ်မျိုးက ခိုးချပြီးရလာနိုင်မလား]


[အထပ် ၁၀၂၈: ငါ အမှတ်စာရင်းသွားကြည့်ခဲ့ပြီး တင်ဖို့ ပုံရိုက်လာတယ်]


[ပုံ]


[အထပ် ၁၀၂၉: F*ck】


[အထပ် ၁၀၃၀: Damn it】


[အထပ် ၁၀၃၁: ငါ... ငါပိုပြီး မြို့ပြလူတန်းစားဖြစ်လာပြီ... ငါတော့ သေလုအောင်အကန်ခံလိုက်ရပြီဟ ]


[အထပ် ၁၀၃၂: F*ck... F*ck.. အစတည်းက သဲရုပ်ထုက အခန်း၇မဟုတ်ဘဲ ငါတို့ပဲဖြစ်နေခဲ့တာဟ]


ကျင်းစစ်မှာ အမှတ်နှစ်မှတ်လျော့ဖြင့် အခန်း၇အတွက် လှပတဲ့အတုံ့အလှည့်တစ်ခု တန်ပြန်တိုက်စစ်ဆင်ခဲ့ခြင်းပင်။ အထူးတန်းများနှင့် အဓိကအတန်းများရှိ ထိပ်တန်းကျောင်းသားတစ်ဖွဲ့ကို အရေးမစိုက်ဘဲ အပြတ်အသတ်လွှမ်းမိုးလိုက်တော့၏။


____


Translated By IQ-Team.