အပိုင်း၂၇
Viewers 14k

Chapter 27

Chapter 27


-----------------------


ဟယ့်ကျိုး၊ ကျန့်ချွယ်; “...................”


သူ့ကို အာရုံစိုက်မိစေရန် လမ်းတစ်လျှောက်ရှိုးပြနေသော ဖန်ချန်းချန်း :”...”


ဖန်ချန်းချန်းမှာ မသိလိုက်မသိဘာသာ ရပ်တန့်သွားပြီးနောက် အူတူတူဖြင့် နောက်ပြန်ပြေးသွားတော့သည်။


ဟယ့်ကျိုးက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဘေးတွင် စာအုပ်တစ်အုပ်ကို ဖတ်နေသော ကျင်းစစ်အား မျက်စောင်းထိုးကာ မရှင်းလင်းစွာ ပြောလာသည်။


“မဟုတ်သေးပါဘူး... အစ်ကိုကျောင်း အစ်ကို ဒီထက်ပိုပြီး ကိုယ့်ဘာသာကိုပဲ ပြောလို့မရဘူးလား ”


ကျန့်ချွယ်က ဟယ့်ကျိုးရဲ့ ပုခုံးပေါ် ညာဖက်လက်ကို တင်လိုက်ပြီး ယင်းကျောင်းကို မျက်လုံးတစ်လုံးပိတ်ကာ ကြည့်သည်။


“အစ်ကိုကျောင်း ဒီလိုထပ်ပြီးလုပ်နေရင် မနက်ဖြန်ကျ ကျွန်တော် ချစ်မိသွားလိမ့်မယ်နော်”


မကြွားနိုင်တဲ့ တစ်စုံတစ်ယောက်...


‘f*ck!’


‘ဒီလိုလူမျိုးတွေကတော့ အခုထိ အသိတရားမရသေးဘူးပဲ’


“မင်းက...”


ယင်းကျောင်းက သူ့ဘောပင်ကိုကိုက်လိုက်ပြီး လက်ထဲက လေ့ကျင့်ခန်းစာအုပ်ကို နောက်တစ်မျက်နှာသို့ ခပ်ဖြေးဖြေးလှန်ကာ အထင်သေးသလိုပြုံးလိုက်သည်။


“ဘယ်ဟာကများ တစ်စုံတစ်ယောက်က မင်းကို လိုချင်တယ်လို့ ယုံကြည်စေတာလဲ... အားကျနေတာလား... မနာလိုတာလား”


ကျန့်ချွယ် : “...”


ယင်ကျောင်းက ကျန့်ချွယ်ကို အထင်သေးအမြင်သေး ပုံစံဖြင့် ကြည့်လိုက်သည်။


“မင်းတကယ်မနာလိုဖြစ်နေတာဆိုရင် ဘုရားဆီ သွားဆုတောင်းလိုက်”


ကျန့်ရွယ်မှာ မှင်တက်သွားပြီး အကြောင်းအရာက ဘာလို့ ယခုလောက်ထိ ရုတ်တရတ်ကြီး မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတာလဲဆိုတာကို သိချင်နေသည်။ သူက ပဟေဠိဖြစ်စွာ မေးလိုက်မိ၏။


“ဟမ်”


ယင်းကျောင်းက နှုတ်ခမ်းများကို တွန့်ကွေးထားရင်း ခပ်ညစ်ညစ်ပြုံးသည်။


“အနည်းဆုံးတော့ သူက တာဝန်သိတတ်တယ်”


ကျန့်ချွယ် : “...”


ကျန့်ချွယ်မှာ ဒေါသထွက်သွားပြီး ဟယ့်ကျိုးအား တွန်းဖယ်လိုက်ပြီး ယင်းကျောင်းကို ခုန်အုပ်လိုက်တော့သည်။


“ယင်းကျောင်း အခုကစပြီး ငါက မင်းဦးလေးပဲကွ”


“မင်းဘာလုပ်တာလဲ”


ယင်းကျောင်းက လျပ်စီးလိုမျိုး သူ့ကို ပိတ်ဖမ်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ ကျန့်ချွယ်ထိသွားသော ခုံစောင်းကို ပြန်ပြင်လိုက်သည်။


“အခန်းဖော်လေးတွေ ငါစာလေ့လာနေတာ မမြင်ကြဘူးလား... နလပိန်းတုံးတွေတောင် တခြားသူတွေအတွက် အသိတရားရှိတယ်... သူများတွေကို အမြဲနှောင့်ယှက်မနေနဲ့ ဟုတ်ပြီနော် ”


ကျန့်ချွယ် : “...”


ကျန့်ချွယ် : “Fuck!”


ကျန့်ချွယ်က သူ့မျက်နှာကို သုတ်လိုက်ပြီးနောက် ဟယ့်ကျိုးကို ဆွဲခေါ်ကာ လှည့်ထွက်သွားတော့သည်။


ယင်းကိုမြင်တော့ ဖန်ချန်းချန်းကပါ နောက်ကလိုက်သွားသည်။


“တကယ်ကြီးကွာ”


ကော်ရစ်ဒါတွင် ဟယ့်ကျိုးက ကျန့်ချွယ်ဘက်သို့ ခေါင်းလှည့်လိုက်သည်။


“လောင်ကျန့် Bioဆရာမက လူ့ခန္ဓာကိုယ်မှာ ဝမ်းနည်းစေတဲ့ သွေးခုန်နှုန်းတစ်ခု ရှိတယ်လို့ ပြောခဲ့သလားလို့... အစ်ကိုကျောင်းက အဲ့ဒီတစ်ခုကို ချိုးဖြတ်လိုက်ပြီလို့ ငါအမြဲသံသယရှိနေတာ... ဒါကသူ့ကိုပြောင်းလဲစေပြီး ငါတို့ အခန်း၇က သူ့ကို ထိန်းမနိုင်လုနီးပါးပဲ ”


ကျန့်ချွယ်မှာ သွားပင်နာလာတော့သည်။


“ကျင်းစစ် ဘက်ကို ဘယ်လိုလုပ်ပါနိုင်ရတာလဲ”


သူက နားမလည်နိုင်စွာပြောသည်။


“မဟုတ်ဘူး ငါအဲ့ဒါကို နားမလည်ဘူး... ပြီးခဲ့တဲ့နှစ်လတုန်းက အစ်ကိုကျောင်းက သူ့ကိုအာခံမိလို့ ကျင်းစစ်ကို နေ့တိုင်း ကြိမ်းမောင်းနေတာ မဟုတ်ဘူးလား... ပြီးတော့ ဘယ်သူမှ ကျင်းစစ်ရဲ့နာမည်ကို သူ့ရှေ့မှာ မပြောခိုင်းဘူးမလား... ဒါပေမယ့် အခုက ရုတ်တရတ်ကြီး... ”


လူအများအပြား စာသင်ဆောင်ကနေ ထွက်လာကြသည်။ ဟယ့်ကျိုးက ပတ်ပတ်လည်ကို ကြည့်ပြီး အနီးနားမှာ ဆရာတစ်ယောက်မှမရှိတာကို တွေ့တော့ အိတ်ကပ်ထဲက ဆေးလိပ်ကို ထုတ်ကာ တခစ်ခစ်ရယ်လိုက်ပြီး စာတစ်သံပေတစ်သံဖြင့်ပြောတော့သည်။


“ယောင်္ကျားတစ်ယောက်ရဲ့ စကားတွေကသာ ယုံကြည်ရမယ်ဆိုရင် ဝက်တွေပါ သစ်ပင်ပေါ်တက်နိုင်သွားလိမ့်မယ်”


ဤအတောအတွင်း စာမေးပွဲတွင် ကျင်းစစ်ရဲ့အဆင့်မှာ တစ်နှစ်လုံးတွင် တစ်ချိတ်သွားသည်။ ဟယ့်ကျိုး၏ အကြီးမားဆုံးသော ကျေနပ်မှုမှာ ဖိုရမ်ပေါ်တွင် ကျင်းစစ်နှင့် ပတ်သတ်ပြီး ပို့စ်များတင်ခဲ့ခြင်းဖြစ်သည်။ သူ့ခံစားချက်မှာ အတော်လေးကောင်းနေပြီး ပြဿနာတွေကိုပင် အရေးမစိုက်ခဲ့ပေ။


သို့ရာတွင် အချိန်အတော်ကြာအောင် မထိုင်နိုင်တော့သဖြင့် ယနေ့အတွက် အဆိုပြုချက်တစ်ခုရသွားသည်။


သူတို့က အပြင်မသွားနိုင်ကြဘူးဆိုရင်ပင် အတန်းပြေးဖို့အတွက် စိတ်အားထက်သန်နေတာကို တွန်းလှန်နိုင်မှာ မဟုတ်ပေ။ လူအနည်းငယ်က ညဘက်စာလုပ်ဖို့ မသွားချင်ကြပေ။ သူတို့က အတော်လေး ဒေါပွနေကြပြီး ပြန်မသွားချင်ကြတော့ချေ။ သူတို့က ကျောင်းရဲ့ အနောက်ဘက်ကို ဦးတည်လိုက်ကြသည်။


အစတုန်းက ဤနေရာသည် အခန်း၇က မုန့်မှာစားတဲ့နေရာဖြစ်ပြီး အချိန်ကြာလာတဲ့အခါမှာတော့ ကျောင်းလစ်ဖို့နေရာအသစ်တစ်ခုဖြစ်သွားတော့သည်။


ဟယ့်ကျိုးနှင့် တခြားသူတွေက တိတ်တဆိတ်လမ်းလျှောက်နေကြသော်လည်း သူတို့လိုပဲ အတန်းပြေးချင်နေတဲ့ အုပ်စုတစ်ဖွဲ့နဲ့တိုးမည်ဟုတော့ မမျှော်လင့်ထားချေ။


“Fuck ချောင်အန်းယန်က ရိုက်ချက်တစ်ခု အကြွေးတင်နေတယ်”


နံရံပေါ်ကျော်တက်နေသည့် ကောင်လေးတစ်ယောက်က ဆူပူလိုက်သည်။


“ငါအတန်းလစ်ဖို့ပြောလိုက်တုန်းက သူ့မျက်လုံးတွေကို မင်းမမြင်လိုက်ဘူးလား... WTF... သူ့ကိုနှိမ်ပြောနိုင်ဖို့ ငါ့အလှည့်က ဘယ်မှာလဲကွာ”


အရိုးခေါင်းပုံအနက်ရောင်jacketကို ဝတ်ထားတဲ့ နောက်ကောင်လေးတစ်ယောက်က သူ့လက်များကို ပွတ်လိုက်ပြီး နံရံကို တွယ်တက်လျက် ပြောသည်။


“လူတွေက အတော့်ကို အံ့ဩဖို့ကောင်းတာပဲ... ငါတို့ရဲ့အတန်းပိုင်ဆရာကတောင် သူ့ကိုနေ့တိုင်းမြှောက်ပင့်နေတာမဟုတ်ဘူးလား... အပျော်အပါးလိုက်စားတဲ့ ကျောင်းသားက ပြောင်းလဲသွားပြီး အခု ငါတို့ရဲ့စံပြတောင် ဖြစ်လာသေးတယ်... ဒါပေါ့ ငါလည်း တိုးတက်ရာတိုးတက်ကြောင်းကို မရှာတဲ့သူတွေကို အထင်မကြီးဘူး”


ပထမလူက အထင်အမြင်သေးစွာ နှာမှုတ်လိုက်သည်။


“စံပြကျောင်းသား ဟုတ်လား... နှစ်ဝက်စာမေးပွဲမဖြေခင်တုန်းက သူ့အမှတ်တွေက ဘယ်လောက်လဲ... မတိုင်ခင်က သူဘာပြောခဲ့တုန်း... ဒီလိုလူက ဒီလိုပဲ ဒုံရင်းက ဒုံရင်းပြန်ဖြစ်လိမ့်မယ်... သူက စာမေးပွဲရောက်မှ ကြက်တူရွေးနှုတ်တိုက်ကျက်တာမျိုးလေ ”


(Eng T/n : ဇာတ်ကောင်က အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို တမင် ဒါမှမဟုတ် မရည်ရွယ်ဘဲနဲ့ သူ့အတန်းဖော်တွေကို ပြောဖို့ကြိုးစားနေတာထင်တယ်... ဒါကမှန်လားဆိုတာ ငါလည်းမသိဘူး...)


အနက်ရောင်Jacketအင်္ကျီကို ဝတ်ထားတဲ့ ကျောင်းသားက စပ်ဖြဲဖြဲရယ်လိုက်ပြီး တစ်ခုခုပြောဖို့လုပ်လိုက်သည်။ သူ့နောက်ကို ကြည့်လိုက်တဲ့အခါမှာတော့ ချက်ချင်းပဲ နိုးနိုးကြားကြားဖြင့်ခေါင်းကိုလှည့်လိုက်တော့သည်။ 


ယင်းကဆရာတစ်ယောက်ယောက်မဟုတ်တာကို မြင်မှ သက်ပြင်းချလိုက်ပြီး ဟယ့်ကျိုးနှင့်တခြားသူတွေကို လက်ပြနှုတ်ဆက်လိုက်ကာ ပြီးနောက်နံရံပေါ်ကနေ ကျွမ်းကျွမ်းကျင်ကျင်ခုန်ချပြီး ထွက်သွားတော့သည်။


“သူတို့ပြောနေတဲ့ ချောင်အန်းယန်က ကျင်းစစ်နဲ့ ရန်ဖြစ်ခဲ့တဲ့တစ်ယောက်မလား”


ဟယ့်ကျိုးက ဖန်ချန်းချန်းဘက်ကို လှည့်ပြီးမေးသည်။ 


“သူလည်း စပြီးစာကြိုးစားနေပြီလား”


ဖန်ချန်းချန်းက ခေါင်းညိတ်သည်။


“သူပဲ”


“သူက...”


ကျန့်ချွယ်က တဟားဟားရယ်မောလိုက်ပြီး


“ကျင်းစစ်ရဲ့ စာလေ့လာခြင်းဝိညာဥ် လွှမ်းမိုးခံလိုက်ရတာများလား”


“သူရောပဲပေါ့...”


ကျန့်ချွယ်က စာသင်ဆောင်ဘက်ကို ကြည့်လိုက်သည်။


“အဲဒီမှာ ဂုဏ်ယူစရာ ညီအစ်ကိုတစ်ယောက်လည်း ရှိနေတယ်”


“သူ့ကိုပြောမနေနဲ့ကွ”


ဟယ့်ကျိုးက အော်လိုက်ပြီး နံရံပေါ်တက်တော့သည်။


“အတန်းလစ်တာက မကောင်းဘူးလေ ဟုတ်တယ်မလား”


ကျန့်ချွယ်က သူ့နဖူးကိုသူ ပုတ်သည်။


“ငါ့ကို အရှက်ခွဲနေတာပဲ... အဲဒါကြီးကို ပြန်အစဖော်မနေနဲ့ကွ”


သူတို့က နံရံပေါ်ကနေ ခပ်မြန်မြန်ကျော်ချလိုက်ပြီး ကျောင်းပြေးတော့သည်။


သည်အခိုက်အတန့်တွင် သူတို့ပြောနေသည့် ချောင်အန်းယန်မှာ သူ့ခုံပေါ်တွင်ထိုင်နေပြီး ဘာသာစကားစာအုပ်ကို သွေးဆုတ်နေသည့် မျက်နှာဖြင့် ကြည့်နေတော့သည်။ 


‘မှားတယ်... အကုန်လုံးမှားတယ်’


ပြန်လည်မွေးဖွားလာပြီးနောက် ချောင်အန်းယန်သည် သူ့ရဲ့မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်းမှာ အတော်လေးကောင်းလာသည်ကို သိခဲ့ရသည်။


သိသိသာသာပဲ သူ ကျောင်းစာအုပ်တွေကို မမြင်ခဲ့ရတာ နှစ်တော်တော်ကြာနေပြီးဖြစ်သော်လည်း ဆရာပြောတာတွေကို သူနားလည်နိုင်နေသည်။ အကြိမ်အနည်းငယ်လောက်ဖတ်ပြီးတာနဲ့ အလွတ်ရွတ်ပြနိုင်သည်အထိ မှတ်မိလေသည်။


စစချင်း ရှော့ခ်ရသွားပြီး မတရားကို အံ့ဩသွားခဲ့သည်။ ဘယ်သူကများ ကောင်းကင်ပေါ်က ကျလာတဲ့ ရွှေလက်ချောင်းကို မကြိုက်ဘဲနေမှာလဲ။


ပြန်လည်မွေးဖွာပြီး ပထမလတွင် ချောင်အန်းယန်သည် အလွန်ကို ဂုဏ်ယူနေခဲ့ပြီး နှစ်ဝက်စာမေးပွဲတွင် အောင်မြင်လိမ်မယ်ဟု သန္နိဌာန်ချထားခဲ့သည်။


သို့ပေမယ့်လည်း စာမေးပွဲစလိုက်တာနဲ့ သူ့ရဲ့စိတ်အခြေအနေမှာ ပြန်မဖွေးဖွားခင်ကလိုမျိုးဖြစ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။


သူရှင်းရှင်းလင်းလင်းကို အလွတ်ကျက်ထားသော်လည်း တစ်လုံးမှကို စဥ်းစားမရချေ။


မေးခွန်းစာရွက်ပေါ်က မေးခွန်းတွေကို သူအကုန်ရင်းနှီးနေပေမယ့် ဘယ်လိုမှကို မလုပ်နိုင်ပေ။


နှစ်ဝက်စာမေးပွဲရလဒ်တွေ ထွက်လာပြီးနောက် ချောင်အန်းယန်မှာ ရလဒ်ကောင်းကောင်းရဖို့ မျှော်မှန်းထားတာကိုပါ ကျရှုံသွားရရုံသာမကဘဲ တစ်နှစ်လုံးရဲ့အောက်ဆုံးကို တိုက်ရိုက်ထိုးကျသွားတော့သည်။


သူထင်ခဲ့တာက စိတ်အခြေအနေမကောင်းတာကြောင့် စာမေးပွဲကျတယ်လို့တွေးခဲ့ပေမယ့် တစ်ရက်ကုန်ဆုံးသွားပြီးနောက် ချောင်အန်းယန်မှာ သူ့စိတ်က ဘယ်တော့မှ ပြန်မကောင်းတော့ဘူးဆိုတာကို ကြောက်စရာကောင်းစွာ ရှာတွေ့ခဲ့သည်။


ချောင်အန်းယန်သည် ဆရာက သူ့ကို လုံ့လရှိပြီး လေးနက်တယ်လို့ ချီးကျုးလိုက်တိုင်း အတော်ကို ကသိကအောက်ဖြစ်နေတော့သည်။  


သူက အဘိုးကြီးတစ်ယာက်လို အော်ဟစ်နေမယ့်အစား နေ့တိုင်းစာကြိုးစားဖို့ပြောနေသည်က သူ့မျက်နှာကို မြန်မြန်ဖြတ်ရိုက်ပစ်နေသလိုပင်။


ချောင်အန်းယန်က သူ့လက်ထဲရှိစာအုပ်ကို အံတင်းတင်းကြိတ်၍ဆုတ်ကိုင်ထားပြီး သူ့မျက်နှာမှာ ရေများစိုရွှဲနေသလိုမျိုး မည်းမှောင်နေတော့သည်။


ပြီးခဲ့တဲ့ဘဝတုန်းက သူသည် လူမှုပတ်ဝန်းကျင်၏ အောက်ခြေတွင်နေခဲ့ရပြီး တစ်လ ယွမ်နှစ်ထောင် သုံးထောင်လောက်ရဖို့ ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ရသည်။


ယခုဘဝမှာ သူက အရင်ကနှင့် လုံးဝလမ်းကြောင်းပြောင်းသွားအောင်လုပ်မည်ဖြစ်ပြီး တက္ကသိုလ်ကောင်းကောင်းတစ်ခု၏ ဝင်ခွင့်စာမေးပွဲကို ဖြေရမည်ဖြစ်သည်။


ဘုရားသခင်က သူ့ကို ဒုတိယအခွင့်အရေး ပေးခဲ့ခြင်းမှာ အကြောင်းအရင်းတစ်ခုရှိရပေမည်။ 


သူ ဘယ်တော့မှ အရှုံးကိုလက်ခံမှာမဟုတ်ဘူး။


အတန်း၇စာသင်ခန်းတွင် သင်္ချာပုစ္ဆာတစ်ခုကို ဖြေရှင်းနေသော ကျင်းစစ်သည် ရုတ်တရက် အပ်တစ်ချောင်းဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ ရုတ်တရက် နာကျင်သွားပြီး ယခုလေးတင်သူစဥ်းစားနေတဲ့ အဖြေကိုတောင် ချက်ချင်းဆိုသလို မေ့သွားတော့သည်။


သူက ဘောပင်ကို မှင်တက်စွာချ၍ လက်ကိုမြှောက်ကာ နားထင်ကို ဖိလိုက်သည်။


သို့သော် ယခုမူ နာကျင်မှုမှာ ထင်ယောင်ထင်မှားတစ်ခုလို ဖြစ်သွားသည်။ ယင်းက ခဏလောက်ပဲပေါ်လာတာဖြစ်ပြီး ထပ်မခံစားရတော့ပေ။


ကျင်းစစ်က ဂရုမစိုက်တော့ပေ။ သူက ဘောပင်ကိုပြန်ကိုင်လိုက်ပြီး ပုစ္ဆာအပေါ်မှာပဲ ပြန်အာရုံစိုက်လိုက်တော့သည်။ ယင်းကျောင်းက ရုတ်တရတ် စာရွက်တစ်ရွက်ကို တွန်းပို့လာသည်။


“အတန်းဖော်လေး ကိုယ်ပြီးပြီ...”


ဤသည်က ဇီဝအတွဲတစ်ခုဖြစ်ပြီး ကျင်းစစ်သူ့ကို လုပ်ခိုင်းထားတာဖြစ်သည်။


ကျင်းစစ်က တိုင်ကပ်နာရီကို ခေါင်းထောင်မော့ကြည့်လိုက်သည်။ လိုလည်းမလိုဘူး။ ပိုလည်းမပိုဘူး။ ယင်းကျောင်းက စာရွက်ပေါ်မှာရေထားတဲ့ အချိန်အတိုင်းကွက်တိပဲ။


“ငါကြည့်ပေးမယ်”


ကျင်းစစ်က စာရွက်ကိုဆွဲယူလိုက်ပြီး မှင်နီကိုထုတ်လိုက်ကာ စာရွက်ကို ခေါင်းငုံ့လျက်စစ်နေတော့သည်။


ယင်းကျောင်းက ထိုင်ခုံနောက်ကို ပျင်းပျင်းရိရိဖြင့် မှီချလိုက်ပြီး ကျောက်သင်ပုန်းပေါ်က ခပ်ကြီးကြီးအနီရောင်စာများကို ကြည့်ကာ ရိုးရိုးသားသားသက်ပြင်းချလိုက်သည်။


“ပျော်ပျော်ရွှင်ရွှင် သင်ယူ တွေးခေါ် ကြိုးစား... ဒီစကားရှစ်လုံးက လုံးဝကို ကိုယ့်အတွက် အံဝင်ခွင်ကျပဲ”


ကျင်းစစ် : “...”


ကျင်းစစ်က ဘေးကိုရွှေ့လိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်သည်။


သူဘယ်တုန်းကမှ စာလုပ်ပြီး ကြွားနိုင်တဲ့သူမျိုးကို မတွေ့ဘူးပေ။


ကျင်းစစ်သည် သူ့ရဲ့တည်ရှိမှာကို လျှော့ချထားချင်သော်လည်း ယင်းကျောင်းကတော့ သူ့ကို အလွတ်မပေးပေ။


သူက ကျင်းစစ်ဘက်ကို ခေါင်းလှည့်ကာ ကြည့်သည်။


“အတန်းဖော်လေး မင်းကိုယ့်ကို ပြောစရာ တစ်ခုခုမရှိဘူလား”


ကျင်းစစ် အာရုံပြန်ဝင်စားသွားသည်။


“ဟမ်...”


ယင်းကျောင်းသည် ဘေးတိုက်လှည့်လိုက်ပြီး သူမေးစေ့ကို ညှစ်ကာ ငုံ့ကြည့်လိုက်သည်။


“ကိုယ် ဟယ့်ကျိုးတို့ အပြင်ခေါ်တာကို ငြင်းပြီး မင်းနဲ့စာသင်ခန်းထဲမှာ နေခဲ့တာလေ... မင်းဘာမှ ပြောစရာမရှိဘူးလား”


ကျင်းစစ်က သူ့ကို အမှန်ပြင်ပေးလိုက်သည်။


“ငါနဲ့နေခဲ့တာမဟုတ်ပါဘူး စာလုပ်ဖို့လေ...”


“ဘယ်သူပြောလဲ”


မျက်နှာတွင် ခပ်ချေချေအပြုံးတစ်ခုဖြင့် ယင်းကျောင်းက ပျင်းရိစွာ ပြောလာသည်။


“မင်းမရှိရင် အခုကိုယ်ဒီမှာ ရှိနေပါ့မလား”


သူက မှီချလာပြီး ရယ်မောလိုက်သည်။


“ဒီတော့ ဒီတစ်ခေါက် မင်း ကိုယ့်ကို မချီးကျူးသင့်ဘူးလား... ဥပမာ... ယင်းကျောင်းက အရမ်းမိုက်ပြီး အံ့ဩစရာကောင်းတာပဲ... ဆိုတာမျိုးပေါ့ ”


ကျင်းစစ်၏ဘောပင်ထိပ်မှာ ရွဲ့သွားပြီး မထိန်းနိုင်ဘဲ စာရွက်ပေါ်တွင် မျဥ်းကြောင်းကြီးတစ်ခုဆွဲမိသွားတော့သည်။ 


သူက ယင်းကျောင်းရဲ့အဝေးကို ကြည့်ပြီး သူ့မျက်နှာကို ဘေးသို့ တွန်းလိုက်သည်။


“Self study အတန်းမှာ စကားမပြောနဲ့”


“ဒါက ကိုယ်တို့အခန်းက အတန်းချိန်ပါပဲ”


ယင်းကျောင်းက အခန်းထဲကို ကြည့်ပြီး နှာမှုတ်သည်။


ယခုည ဟယ့်ကျိုးနှင့် တခြားသူများ၏ ဦးဆောင်မှုဖြင့် အခန်း၇မှ သူများမှာ ရေဆိုးထဲသို့ လိုက်၍ကူးခတ်သွားတော့သည်။ ထို့ကြောင့် ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်အတွင်း အခန်း၇မှာ အလွတ်နီးပါးပင်ဖြစ်နေတော့သည်။


ကျန်တဲ့သူအများစုမှာလည်း စာလုပ်နေတာမဟုတ်ဘဲ နားကြပ်ဖြင့် အရူးအမူးဂိမ်းကစားနေတာ ဒါမှမဟုတ် အုပ်စုဖွဲ့တွတ်ထိုးနေခြင်းသာဖြစ်သည်။ ဖရဲစေ့နှင့် မြေပဲမရှိလို့သာ။ မဟုတ်ရင် လက်ဖက်ရည်ပွဲဖြင့် မခြားတော့ပေ။


ကျင်းစစ်သည် ယင်းကျောင်း၏ စကားမျာကို မကြားချင်ယောင်ဆောင်ကာ သူ့အရှေေ့က အမှန်ရွေးမေးခွန်းတွေကို အပြီးသတ်လိုက်သည်။ ထို့နောက် မေးခွန်းစာရွက်ကို လှန်လိုက်ပြီး နောက်မေးခွန်းတစ်ခုကို ဆက်စစ်နေသည်။


သို့သော် သူ့အကြည့်များက ပထမမေးခွန်းနောက်က အဖြေပေါ်သို့ ကျရောက်သွားချိန်တွင် ချက်ချင်းဆိုသလို အေးခဲသွားတော့သည်။


သူမှားမြင်မိတာလို့ ထင်လိုက်သည်။ ထို့ကြောင့် သူ့မျက်လုံးမျာကိုမှိတ်ချလိုက်ပြီး ထပ်ဖွင့်လိုက်သော်လည်း တူညီသည့်အရာကိုသာ မြင်နေရသည်။ 


ထိုအရာက ဇီဝဗေဒ ကွက်လပ်ဖြည့်မေးခွန်းတစ်ခုဖြစ်သည်။


၎င်းက အပင်ဟော်မုန်းများ၏ အဓိက အမျိုးအစားငါးခုထဲမှ တစ်ခုကို ရေးရန်လိုအပ်သည်။ Abscisic Acid၏ အခန်းက္ဍအကြောင်းဖြစ်ပြီး အောက်ကရည်ညွှန်းချက်တွေထဲက အချက်သုံးချက်ကိုရေးရုံသာဖြစ်သည်။


ပြီးတော့ ယင်းကျောင်း၏ အဖြေမှာ တကယ်ကို အစက်သုံးစက်ဖြစ်နေသည်။ စစ်မှန်ပြီး သေးငယ်သော အစက်ကလေးသုံးစက်မှာ မျဥ်းကြောင်းပေါ်တွင် ညီညာပြီး သပ်ရပ်စွာ စီရီနေသည်။ ယင်းကျောင်းက သေချာမမြင်ရမှာ စိုး၍တောင် နည်းနည်းပိုကြီးပြီးဆွဲလိုက်သေးသည်။


ကျင်းစစ် : “...” 


“ဒါကဘာလဲ”


ကျင်းစစ်က အစက်သုံးစက်ကို ထိုးပြလိုက်သည်။


“ဒါမင်းဖြည့်ထားတဲ့ အဖြေပေါ့...”


ယင်းကျောင်းက လှမ်းကြည့်ပြီး ယုံကြည်မှုရှိရှိပြောသည်။


“ဟုတ်တယ်”


“မင်းဒါကို အဖြေလို့ခေါ်တာလား”


ယင်းကျောင်း၏ ညာဘက်လက်မောင်းမှာ ထိုင်ခုံပေါ်တွင် တင်ထားပြီး သူကပြောသည်။


“သူကအမှတ်သုံးမှတ်ကို မေးတာမဟုတ်ဘူလား...ကိုယ်မှားလို့လား”


(Mm T/n : မေးခွန်းက Three Points လို့မေးထားတာကို အစ်ကိုကြီးကျောင်းက အမှတ်(အစက်)လို့ ဘာသာပြန်လိုက်တာ ˆ__ˆ*


ကျင်းစစ်က သူ့ကို ဗလာဖြစ်စွာကြည့်လာသည်။


“မင်းကို အချက်သုံးချက်ရေးခိုင်းတာကွ... အစက်သုံးစက်မဟုတ်ဘူး...”


ယင်းကျောင်းက နှုတ်ခမ်းများတွန့်ကွေးပြီး သာမန်ကာလျှံကာ ပြောလာသည်။


“ဟုတ်လား... ဒီလိုဆို ဒီမေးခွန်းက အတော်ဆိုးတာပဲ... ကိုယ့်ကို အထင်မှားအောင်လုပ်ထားတယ်”


ကျင်းစစ် အသက်ပြင်းပြင်းရှူကာ သူ့ရဲ့ လုပ်နေကြအတိုင်း မမျောပါသွားဖို့ သူ့ကိုယ်သူပြောနေသည်။


“မင်းပိုပြီး အလေးအနက်ထားလို့ရမလား”


“ကောင်းပါပြီကွာ...”


ယင်းကျောင်းက ရယ်လိုက်ပြီး လက်ဆန့်ထုတ်ကာ သူ့မျက်နှာကို ဖျစ်ညှစ်လိုက်သည်။


“ဒေါသမထွက်ပါနဲ့ကွာ... ကိုယ်ကမင်းကို စတာပါ... ကိုယ်တကယ်ဒီမေးခွန်းကို မဖြေနိုင်တာပါ”


ကျင်းစစ်က သူ့လက်ကို အေးစက်စက်မျက်နှာဖြင့် ရိုက်ထုတ်လိုက်သည်။ စားပွဲအံထဲက Bioစာအုပ်ကို ဆွဲယူလိုက်ပြီး စာမျက်နှာတစ်ခုကို လှန်ကာ ယင်းကျောင်းကို ကြည့်ရန် ပြောလိုက်သည်။


“ဒီမှာ...”


သူက အလေးအနက်ထား၍​ဆိုသည်။


“Bioက တခြားဘာသာရပ်တွေနဲ့ မတူဘူး... ကျက်ရမယ့်ဟာတွေ အများကြီးပဲ... စာအုပ်ထဲက အကြောင်းအရာတွေကို ပိုဖတ်ပြီး မှတ်သင့်တယ်... ဒါမှ မေးခွန်းတော်တော်များများကို လွယ်လွယ်ဖြေနိုင်မှာ...”


“ကောင်းပြီ”


ယင်းကျောင်းက ငုံ့ကြည့်ကာ ပြောသည်။


“ကိုယ် မင်းပြောတာနားထောင်မယ်... ကိုယ်...”


သူပြောတာတစ်ဝက်လောက်အရောက်တွင် ရုတ်ချည်းအသံတိတ်သွားသည်။


ကျင်းစစ်က သူနားမလည်တာတစ်ခုခု တွေ့လိုက်တယ်လို့ ထင်၍ ခေါင်းမော့ကာ မေးသည်။


“ဘာဖြစ်လို့လဲ”


ယင်းကျောင်းက သူ့နှာခေါင်းကို ရွှေ့လိုက်ပြီး မေးလာသည်။


“မင်း ခေါင်းလျှော်ရည် ပြောင်းလိုက်တာလား”


ကျင်းစစ်က ရုတ်တရတ်ကြောင်သွားသည်။


“မင်းဘယ်လိုသိတာလဲ”


ခေါင်းလျှော်ရည်ကို မနေ့ညက ဆိုင်လေးတစ်ခုကနေ ဝယ်လာခဲ့တာဖြစ်ပြီး ယနေ့ ယင်းကို ပထမဆုံးသုံးလာတာဖြစ်သည်။


“အနံ့ရလို့...”


ယင်းကျောင်းက အနည်းငယ်တိုးကပ်လာပြီး ခေါင်းငုံ့၍ ကျင်းစစ်၏ ဆံပင်ကို သူ၏ နှာတံရှည်ဖြင့် မွှေးကြည့်လိုက်တော့သည်။ ထို့နောက်ပြုံး၍ပြောလာသည်။


“အရင်တစ်ခါက လီမွန်... အခုတစ်ခေါက်ကဘာလဲ... ပူစီနံလား ”


သူ့မျက်နှာကို လက်နဲ့ကပ်ထားပြီး ရှူထုတ်လိုက်သည့်လေများသည် ကျင်းစစ်၏ ပါးပြင်ပေါ်သို့ ဖြေးညင်းစွာ ပွတ်တိုက်သွားသဖြင့် ယားကျိကျိဖြစ်သွားသည်။


ကျင်းစစ်က သူနှင့်ခပ်ဝေးဝေးသို့ လျင်မြန်စွာ ရွေ့လိုက်သည်။ သူက သဘာဝမကျစွာ အောက်ကို ကြည့်ပြီး ပြောလိုက်သည်။


“ငါမသိဘူး ဝယ်လာတုန်းက သတိမထားမိလိုက်ဘူး”


“မင်းဘယ်လိုတောင်မသိရတာလဲ... ဒါမှမဟုတ်...”


ယင်းကျောင်းက မျက်ခုံးပင့်၍ အဓိပ္ပာယ်ပါပါပြောသည်။


“မင်းက ကိုယ့်ကို ကိုယ့်ဘာသာ အနံ့ခံစေချင်တာလား...”


သူက ခဏရပ်သွားပြီး ခပ်ပျင်းပျင်းဖြင့် လေချွန်လိုက်သည်။


“အတန်းဖော်လေး မင်းက အရမ်းအကြံအစည်များတာပဲ”


ကျင်းစစ်၏ ပါးပြင်များမှာ နီရဲသွားပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။


“ငါ ဒါကို အာရုံစိုက်ခံရအောင် လုပ်တာမဟုတ်ဘူး... ငါ့အနံ့က မင်းနဲ့ဘာဆိုင်လို့လဲ”


ယင်းကျောင်းက ပြုံးလျက် သူ့နားရွက်နားကို ခေါင်းငုံ့လိုက်ပြီး နူးနူညံ့ညံ့ဖြင့် တီးတိုးပြောလိုက်သည်။


“ဘာလို့ ကိုယ်နဲ့ ဘာမှမဆိုင်ရမှာလဲ... ကိုယ်တို့ဒီလောက်နေ့တိုင်းနီးကပ်နေတာ... ကိုယ်အနံ့ခံလို့ရတယ်မဟုတ်ဘူးလား”


____


ယခင်အညွှန်းနောက်တစ်ခု


စာရေးဆရာမှာ ပြောစရာရှိတယ်~


ပြဇာတ်ငယ် -


ယင်းကျောင်းက ပြုံးလျက် : မင်းရဲ့အစ်ကိုကျောင်းက တော်တယ်မလား... နောက်တစ်ခါကျရင် အတန်းထဲရှိတော့မှာ မဟုတ်ဘူး...


___


Translated By IQ-Team.