အပိုင်း ၅၂
Viewers 14k

Chapter 52
မြစ်ကမ်း​နဘေးက ရှုခင်း


အခန်း၏ပြတင်းပေါက်မှာ မြစ်ဘက်သို့ မျက်နှာမူလေသည်။အလင်းများမှာ မြစ်၏ကြယ်ပွင့်လေးများသဖွယ် မှိတ်တုပ်မှိတ်တုပ်ဖြစ်နေကာ ဒီရေက လှေအစပ်သို့လှမ်း၍ပုတ်ခတ်နေ၏။ ဒီရေသံများကလည်း ရပ်သွားခြင်းမရှိချေ။

လင်းရုဖေးက သို့သော်ငြား ရှင်းမပြနိုင်သည့်မသက်သာမှုအချို့အား ခံစားနေရဆဲပင်။ သူ၏ကိုယ်အတွင်းတွင် အတွင်းပိုင်းအင်္ဂါများမှတဆင့် သွေးကြောတစ်လျှောက် ထို့မှအရေပြားထိပင် လောင်မြိုက်နေသော တစ်ခုခုရှိနေလေ၏။

“အဟွတ်..အဟွတ်..အဟွတ်..အဟွတ်..အဟွတ်..."

လှိုင်းပူပူတစ်ခုက ရုတ်တရက် ရောက်လာပြီး လင်းရုဖေးကပြင်းထန်စွာ ချောင်းဆိုးတော့၏။ သူ၏သတိတရားမှာ စတင်ယိုယွင်းလာပြီးသူ၏ခန္ဓာကိုယ်အား ထပ်ပြီး ထိန်းချုပ်နိုင်တော့မည်မဟုတ်ဟု ခံစားနေရသည်။ သူက အိပ်ရာဆီသို့ယိုင်လဲကျသွားကာ သူ၏မျက်လုံးများမပိတ်မီ အနီရောင်အရိပ်တစ်ခုက ပေါ်ထွက်လာသည် ဟု စိတ်ထင်မိသော်ငြား သတိလစ်သွားသဖြင့်လင်းရုဖေးမှာ ထပ်ပြီးဘာမှမသိတော့ပေ။

ကုရွှမ်းတုက အိပ်ရာပေါ်သို့ လဲကျသွားသည့် လင်းရုဖေးအား ကြည့်ရင်း သူ၏မျက်နှာတွင် အမူအရာကင်းမဲ့နေ၏။ သူက နူးညံ့သည့် အိပ်ရာထက်တွင်လဲနေပြီး မျက်နှာသည်လည်း ပုံမှန်ကဲ့သ်ို့ ဖျော့တော့မနေချေ။ ထို့အစား ပန်းရောင်ဖျော့ဖျော့သန်းနေ၏။ ငုံ့ကြည့်လိုက်ပါက သူ၏ပါးမို့မို့လေးများသာမက လည်တိုင်ကပါ ပန်းရောင်သန်းနေသည်အား တွေ့ရပေမည်။ လည်တိုင်အောက်ရှိအခြေအနေအား မမြင်နိုင်သော်လည်း အဝတ်အစားများတင်းတင်းကျပ်ကျပ်ရစ်ပတ်ထားသည့် ကိုယ်လေးပေါ်တွင် မည်သို့ရှိနေမည်အား သိသာနေ၏။

တစ်ခါတစ်ရံတွင် ကောင်းမွန်စွာကာကွယ်ထားလွန်းခြင်းက ကောင်းမွန်သည့်အရာမဟုတ်ချေ၊ မသိလိုက်စွာဖြင့် မလုပ်သင့်သည့်အရာများ လုပ်မိသွားမည့်တချို့သောကိစ္စများကြောင့်ပင်ဖြစ်၏။

ဤပန်းပွင့်အိမ်တော်အတွင်းတွင်မူ သဘာဝအလျောက် မိမိကိုယ်ကိုယ်သတိမူ၍ ကြိုတင်ကာကွယ်ထားသင့်ပေသည်။

ဤနေရာတွင် အရက်ကောင်းသောက်၍ သွားရည်စာများကိုလည်း စားနိုင်ပေ၏။ သို့သော်လည်း လူနှစ်ဦးသားပေါင်းစည်းသွားလျှင်မူ စကားဖြင့်ပြော၍မရသည့် သက်ရောက်မှုအချို့ရှိလာပေလိမ့်မည်။ ဤသက်ရောက်မှုက သာမန်လူများအပေါ်တွင် တက်ကြွလှုံ့ဆော်ပေးနေမည်ဖြစ်သော်ငြား လင်းရုဖေးတွင်မူ အားနည်းသည့်ကိုယ်လေးသာရှိနေ၍ ပမာဏအနည်းငယ်ဖြင့်ပင် ဤကဲ့သို့ပုံစံဖြစ်သွားပေလိမ့်မည်။

[ T/N - You Know! အစားအစာ၊ သေရည် နှင့် မိန်းမလှလေး ပတ်၀န်းကျင်မှာလည်း တက်ကြွအော်လှုံ့ဆော်တဲ့အရာတွေရှိတယ်ကွာ ဘယ်လိုပတ်၀န်းကျင်မျိုးလဲဆိုတာသိမှာပါ ]

ကုရွှမ်းတု၏မျက်လုံးများက လင်းရုဖေးအားကြည့်နေရင်း အနည်းငယ် နစ်မြုပ်သွား၏။ သူ၏အာဒန်ပန်းသီးမှာ ကိုယ်တွင်းရှိ တစ်ခုခုအား ထိန်းချုပ်ထားရင်း မမြင်ကွယ်ရာ၌အပေါ်အောက် စုန်ချည်ဆန်ချည်ဖြစ်နေ၏။

ညလေညင်းလေးက ခါးသက်စွာ အေးလာ၍ ကုရွှမ်းတုက လက်ကိုမြောက်လိုက်ကာ အပြင်ရှိအလင်းတန်းများအား ပိတ်သွားရန် ပြတင်းပေါက်ကို ပိတ်လိုက်သည်။

တဖန် ကုရွှမ်းတုက အခန်းထဲရှိ ဖယောင်းတိုင်မီးအား ငြိမ်းသတ်လိုက်သဖြင့် အရာအားလုံးမှာ အမှောင်ထုထဲ တိမ်မြုပ်သွားသည်။

အခန်းလေးမှာ တိတ်ဆိတ်သွားကာ လင်းရုဖေး၏အနည်းငယ်မြန်နေသည့် အသက်ရှူသံကိုသာလျှင်ကြားရပေသည်။

လင်းရုဖေးက မိုးသောက်ပြီးနောက် နိုးလာသည်။ သူက အိပ်ရာအလွတ်မှ ထိုင်လိုက်ရင်း စောင်ထူထူများကိုခွာချနေစဥ် စားပွဲတွင်ထိုင်နေသည့် ကုရွှမ်းတုအား သတိထားမိသွားသည်။

ကုရွှမ်းတုက သူနိုးလာသည်အားကြားသော်လည်း လှည့်ပင်ကြည့်မလာချေ။

"အကြီးအကဲ" လင်းရုဖေးက ခေါ်လိုက်၏။

ကုရွှမ်းတုက မေးလာသည်။

"နိုးပြီလား"

လင်းရုဖေးက ဖြေလိုက်သည်။

"အင်း..."

သူက အလွန်နာကျင်နေသည့် ခေါင်းကိုပွတ်နေရင်း တိုးတိုးပြောလာ၏။

"ကျွန်တော် မနေ့ကဘာလို့ ရုတ်တရက်အိပ်ပျော်သွားရတာလဲ"

“ပန်းပွင့်အိမ်တော်ထဲက သွားရည်စာနဲ့အရက်ထဲမှာ တစ်ခုခုထည့်ထားတယ်...မင်းက စားပြီးတာနဲ့ တုံ့ပြန်မှုကြီးကြီးရှိသွားတာပဲ"

ကုရွှမ်းတုက ရေရွတ်လိုက်၏။

"မင်းက တကယ် တဖြောင့်တည်း သွားနေတာပဲ"

လင်းရုဖေးက အနည်းငယ် ရှက်သွေးဖြာသွားကာ "အို့" ဟုဆိုလိုက်ရင်း ကုရွှမ်းတုအား သေချာကြည့်လိုက်ရင်း "အကြီးအကဲ...ခင်ဗျား အိပ်ရာဘေးမှာ တစ်ညလုံးစောင့်ပေးနေတာလား"

ကုရွှမ်းတုက မည်သို့ပင်ဖြစ်စေ တိတ်ဆိတ်မြဲဖြစ်သည်။

သို့သော်ငြား တစ်ခါတစ်ရံတွင် တိတ်ဆိတ်ခြင်းက အဖြေဖြစ်၏။လင်းရုဖေးက ချက်ချင်းပင် အနည်းငယ် စိတ်မလုံမလဲဖြစ်သွားရသည်။

သူက တောင်းပန်ရန်လုပ်မည်အပြု ကုရွှမ်းတု၏ "ရပ်လိုက်" ဆိုသည့် လက်ဟန်ဖြင့် လက်မြောက်ပြလာသည်အား တွေ့လိုက်ရသည်။ သူက ရုတ်တရက်ထရပ်လိုက်ပြီး သူ့ရှေ့သို့လျှောက်လာကာ ကိုယ်အားကိုင်းလိုက်လေသည်။

သူတို့၏ နှာထိပ်များမှာ ထိလုနီးနီးဖြစ်နေပြီး သူ့မျက်နှာမှာမူ ရေခဲတစ်မျှအေးစက်နေ၏။

"အနာဂတ်မှာ ဒီလိုနေရာမျိုးကိုမလာရဘူး..မင်းက ဓါးရေးအကကိုကြည့်ချင်ရင် ကိုယ် ကပေးမယ်..မင်းက သီချင်းတစ်ပုဒ်ကြားချင်ရင် ကိုယ်တီးပေးမယ်..တိုတိုပြောရရင် အခုကစပြီး နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး"

လင်းရုဖေးမှာ အေးခဲသွားလေ၏။

သို့သော်လည်း ကုရွှမ်းတုက စိတ်မရှည်မှုအချိူ့နှင့် တစ်ကြိမ်ထပ်၍တိုက်တွန်းလာပြန်သည်။

" နားလည်ပြီလား"

"ဟုတ်ပါပြီ"

လင်းရုဖေးက နာခံစွာဖြင့် ပြန်ဖြေလိုက်သည်။

သူက ကုရွှမ်းတု၏အသံအနေအထားမှာ အလွန်ကြောက်စရာကောင်းနေသောကြောင့်ပဲလား မသေချာသော်လည်း လင်းရုဖေးတွင် ငြင်းဆန်လိုသည့်အတွေးများမရှိချေ။

"အရမ်းကောင်းတယ်"

ကုရွှမ်းတုက ခေါင်းညိမ့်လိုက်ပြီး ကိုယ်ကိုပြန်မတ်ကာ ဂရုမစိုက်စွာဆက်ပြော၏။

"ဒီလိုသာထပ်ဖြစ်ရင် နောက်တစ်ခါဆို ဘာဖြစ်မယ်ဆိုတာ ကိုယ်အာမမခံနိုင်ဘူး"

အဆုံးတွင်မူ သူက ဘာမျှမဖြစ်စေချင်ပေ။ သူ့ရဲ့ပါးလေးတွေက ရဲလာပြီး အသက်ရှူသံကလည်းမြန်နေသေးသည်။ သူက ခုခံနိုင်ခြင်းမရှိကာ အပွေ့ဖတ်ခံရရန်အသင့်ဖြစ်ပုံပေါ်နေသည်။

ကုရွှမ်းတုက ဤပုံစံအား ဒုတိယအကြိမ်မမြင်ချင်မိသည်မှာ သူနာကျင်သွားမည်စိုး၍မဟုတ်ဘဲ သူ့အားနာကျင်စေမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်သွားမှာဆိုး၍ပင်။

ကုရွှမ်းတုက တစ်ကြိမ်သည်းခံနိုင်သော်ငြား ဒုတိယအကြိမ်သည်းခံရန်မူ အာမမခံနိုင်ပေ။

လင်းရုဖေးက ကုရွှမ်းတု၏ဆိုလိုရင်းအား နားမလည်ချေ။ အမှန်တွင် သူက ပန်းပွင့်အိမ်တော်မှထွက်သွားချင်ခဲ့သော်လည်း အဆုံးတွင်မူ တွေးတောရုံသာတတ်နိုင်လိုက်သည်။ ယင်းက အမှန်ပင်ရှက်ဖွယ်ကောင်း၏။ ထို့ပြင် ကုရွှမ်းတုကဲ့သို့အကြီးအကဲတစ်ယောက်က ထိုအပြုအမူအား အမှန်တကယ်ပင် အထင်သေးသင့်ပေသည်။

လင်းရုဖေးက သူ၏နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရိုးရိုးရှင်းရှင်းပဲ သန့်စင်ပြီးနောက် မုန့်လန်ရောအား ရှာရန်သွားလိုက်သည်။

မုန့်လန်ရော၏အခန်းတွင် ရှောင်ယွီ၏အရိပ်အရောင်မရှိချေ။သူက လင်းရုဖေးအား သတိထားမိသွားချိန်တွင် သူက ပြုံးပြလာပြီး မနေ့ညက မည်သို့အနားယူခဲ့လည်းဟု မေးလာ၏။

လင်းရုဖေးက ခေါင်းယမ်းပြလိုက်ကာ သူက ဤကဲ့သို့နေရာမျိုးအား ကြိုက်နှစ်သက်မှုမရှိဟုဆိုလိုက်သည်။

မုန့်လန်ရောက စိတ်ထဲမထားသည့်အပြင် သူနားလည်နိုင်ပါသည်ဟုတွေးလိုက်ပြီး : "ဟုတ်ပါပြီ ..သွားလေ့မရှိလို့ အဲ့ဒီလိုထင်တာပါ..နောက်တစ်ကြိမ်ကျရင် ကြော့ရှင်းတဲ့နေရာဆီသွားကြတာပေါ့ လာပါ ..အိမ်တော်ကို ပြန်ကြမယ်လေ.."

လင်းရုဖေးက သဘောတူဟန်ခေါင်းညိမ့်ပြလိုက်၏။

သူက ထွက်သွားပြီးချိန်တွင် ဤအခန်းထဲရှိချီလင်မြက်ရနံ့အား ရလိုက်လေသည်။ ချက်ချင်းပင် သူက ယင်းမှာ အလွန်ထူးဆန်းသည်အား ခံစားမိသဖြင့် မုန့်လန်ရောအား အနှီအမွှေးရနံ့မာ ရှင်းကျိုးတွင် ရေပန်းစားသည်လား ဟူ၍မေးလိုက်လေသည်။

“ဟုတ်တယ်"

မုန့်လန်ရောက ဖြေလိုက်သည်။

"အထူး ရေပန်းစားတယ်..သူက နေရာတိုင်းမှာရှိတယ်..ကျွန်တော့်အမေကလည်း အဲ့တာကြိုက်လို့ အိမ်မှာ အများကြီးစိုက်ထားတာ.."

သူက သမ်းလိုက်ပြီး"တအား ပင်ပန်းလိုက်တာ.."

လင်းရုဖေးက ဆိုလိုက်သည်။

"မင်း မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရဘူးလား"

မုန့်လန်ရောက သူ၏ခေါင်းအားကုတ်လိုက်ပြီး "အဆင်ပြေခဲ့ပါတယ်.အာ."

လင်းရုဖေးက မေးမြန်းလိုက်၏။

"ရှောင်ယွီက ဘယ်မှာလဲ"

မုန့်လန်ရောက ရှုပ်ထွေးသွားပြး "ရှောင်ယွီလား...သူမက ထွက်သွားတာ ကြာပြီလေ..ဘာဖြစ်လို့လဲ"

လင်းရုဖေးက အံ့ဩသွားမိပြီး "သူမက မနေ့ညက မင်းအခန်းထဲမှာ မကုန်ဆုံးခဲ့ဖူးလား"

မုန့်လန်ရောက လင်းရုဖေးသွယ်ဝိုက်ပြောဆိုရန် ကြိုးစားနေသည့်အရာအား နားလည်သွားချိန်တွင် သူက ရှက်ရွံ့စွာဖြင့် အလျင်အမြန်ရှင်းပြလာ၏။

"အို့..ကျွန်တော်သူမကို မထိခဲ့ဘူး .သူမက သန့်စင်နေတုန်းပဲ .တကယ်တော့ သူမက မိန်းမငယ်လေးတစ်ယောက်ဖြစ်နေတုန်းလေ ခင်ဗျားအဲ့လိုအရာတွေမလုပ်ခင် အနည်းဆုံး လက်ထပ်ရမယ်လေ.."

လင်းရုဖေးက ရယ်မောမိသွားပြီး : "မင်း မှန်ပါတယ်"

သူက လူနှစ်ဦးကြားရှိ ရီဝေဝေအကြည့်များအားကြည့်ရင်း အခြေအနေမှာ လွန်စွာမှသင့်တော်နေသဖြင့် အောင်မြင်မှု၏အနောက်သို့လိုက်ပါလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော်ငြား မုန့်လန်ရောက ရှောင်ယွီနှင့်ပတ်သတ်၍ အလွန်ဂရုစိုက်နေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။

မင်းသာ တစ်ယောက်ယောက်ကို စစ်မှန်စွာ ဂရုစိုက်ပါလျှင် ချစ်စိတ်ခိုင်မာလာသည့် ထိုကာလအတွင်းတွင် နှစ်ခု သို့မဟုတ် သုံးခုထက်ပိုသောအရာများကို အလေးထားဆဲပင် ဖြစ်နေပေလိမ့်မည်။

လင်းရုဖေးက နှလုံးသားထဲတွင် သက်ပြင်းချလိုက်သော်လည်း သူ့အားရှုပ်ထွေးနက်နဲသည့် အမူအရာနှင့်ကြည့်နေသော သူ့ဘေးရှိကုရွှမ်းတုအား ဂရုမပြုမိချေ။

───────

လင်းရု​ဖေးနှင့် မုန့်လန်​ရောတို့နှစ်ဦးသား မုန့်အိမ်​တော်သို့ ပြန်ရောက်လာချိန်တွင် ပန်းများနှင့် အပင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ဥယျာဉ်ထဲတွင် ထိုင်နေသော မုန့်ယိုယွဲ့ကို တွေ့လိုက်ရသည်။ သူမ၏လက်ထဲတွင် ကတ်ကြေးအရှည်တစ်လက်ကို ကိုင်ထားပြီး သူမအရှေ့ရှိ ပန်းပွင့်များကို မရပ်မနားခူးနေကာ သူမခူးဆွတ်ထားသော ပန်းများကို ကိုင်ဆောင်ထား​သည့် အ​စေခံနှစ်ဦးက သူမ အနောက်တွင်ရပ်နေ​လေသည်။

မုန့်အိမ်​တော်သည် ဥယျာဥ်ထဲရှိ ရာနှင့်ချီ​သောပန်းများကို တစ်ချိန်တည်းမှာပင်အပြိုင်အဆိုင် လှပစွာ ပွင့်လန်းလာ​စေရန် မည်ကဲ့သို့ ဆောင်ရွက်စိုက်ပျိုးခဲ့သည်ကို​တော့ သူ မသိပေ။ ဤပန်းပင်များသည် အဖူးများ စတင်ထွက်​နေခြင်း သို့မဟုတ် အပွင့်များ​ ​ကောင်းစွာပွင့်နေခြင်း စသည့်အခြအနေတွင်သာရှိပြီး တစ်ပွင့်တစ်​လေ​သော်မျှ ညှိုးနွမ်းမ​နေ​ပေ။ သူတို့ ထိုအပင်များကို ပြုစုစောင့်ရှောက်ရန် အများကြီး အားထုတ်ကြိုးစားခဲ့ရသည်မှာ ဖြစ်နိုင်ပေသည်။

"မုန့်လန်​ရော နင့်အ​ရေပြား​တွေ ​နောက်ထပ် မာလာပြန်ပြီ[1]ဆိုတာ ငါသိတယ်"
[[1]​ - စိတ်ဆိုးဒေါသထွက်ပြီး ရိုက်ချင်စရာ​ကောင်းသည့် ကိစ္စတစ်ခုပြုလုပ်ထားခြင်း]]

မုန့်ယိုယွဲ့က ထိုသို့ပြောလိုက်​သော်လည်း သူမ မျက်လုံးထဲတွင်မူ အပြုံးအရိပ်အယောင်လေးတွေ ပါ​ဝင်နေသည်။

"ပါးနီဆိုး​ဆေးအမှုန့်​တွေနဲ့ ဖုံးလွှမ်း​နေတဲ့ နင့် ခန္ဓါကိုယ်​ကို ကြည့်လိုက်အုံး နင် ဘယ်​နေရာကို သွားခဲ့လဲဆိုတာ အမေသိသွားရင်_"


"အာ...အစ်မ အစ်မ ကျွန်​တော့်ရဲ့ အရမ်း​တော်တဲ့အစ်မ အမေ့ကို မပြောရဘူး​နော်...”

မုန့်လန်​ရောက ထိတ်လန့်​ကြောက်ရွံ့စွာ ​ပြောလိုက်သည်။

“ကျွန်တော် သီချင်းလေးတစ်ပုဒ် နားထောင်ကြည့်ချင်လို့ သွားရုံတင်ပါ ကျန်တာအခြားဘာမှ မလုပ်ရဲပါဘူး"

မုန့်ယိုယွဲ့ မုန့်လန်​ရောကို စိတ်တိုစွာ ​ညည်းတွား​ပြောဆိုလိုက်သည်။

“နင် ကစားဖို့ ထွက်သွားတာက ကိစ္စမရှိဘူး ဒါပေမယ့် နင်က လင်းကုန်းဇီကို​တောင် နင်နဲ့အတူ ​ခေါ်သွားလိုက်သေးတယ်... ..."

လင်းရု​ဖေးက ပြုံးပြီး သူမည်သည့် ထိခိုက်မှုမျှမရှိကြောင်း ​ပြောပြလိုက်သည်။ ၎င်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းသည်ဟု လည်း လင်းရု​ဖေးက မှတ်ချက်ပေးလိုက်၏။

မုန့်ယိုယွဲ့ ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "လင်းကုန်းဇီ ကျွန်မမောင်​လေးက ယုံကြည့်လို့မရဘူး သူ ရှင့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုခု လုပ်ခဲ့ရင် သူ့ကို ကျေးဇူးပြုပြီး သည်းခံ​ပေးပါ"

မုန့်လန်​ရောက သူ မလုပ်​ခဲ့ကြောင်း တီးတိုးရေရွတ်လိုက်​သော်လည်း မုန့်ယိုယွဲ့က သူ့ခေါင်းကို ​ခေါင်းလိုက်​သဖြင့် နောက်ဆုံးတွင် သူ ဆက်မ​ပြော​တော့​ပေ။

မ​နေ့က လင်းရူဖေး အ​ပျော်မယ်​ဂေဟာရှိ မှားယွင်းနေသည့် အစားအစာများကို စားသောက်မိခဲ့သော်လည်း အမှန်တကယ်တွင်မူ သူက ကောင်းကောင်းအိပ်ပျော်သွားနိုင်ခဲ့သည်။ သို့သော် မုန့်လန်​ရောက သမ်းဝေနေဆဲဖြစ်ပြီး မျက်လုံးများကို ပွတ်သပ်ခြင်းကို မရပ်တန့်သည့်အပြင် စိတ်ဓာတ်ကျနေပုံရသည်။ သူနှင့် လင်းရု​ဖေး နှစ်ယောက်လုံးသည် မနက်စာကို သူတို့နှစ်ယောက်စလုံး အတူတူ စားလိုက်ကြသည်။

သို့​သော် မုန့်လန်​ရော၏ အာရုံစိုက်မှုသည် အစားအသောက်အပေါ်တွင် မဟုတ်​ပေ။ မုန့်လန်​ရောသည် သူ့ထိုင်ခုံတွင် တွန့်လိမ်ပတ်ကွေးနေပြီး လုံးဝ ​လွင့်မြောနေ​သောအကြည့်ဖြင့် ကြည့်နေသည်။

အစပိုင်းတွင် လင်းရု​ဖေးသည် မုန့်လန်​ရော အိပ်ငိုက်နေသည်ဟု ထင်မိသော်လည်း အကြိမ်ပေါင်းများစွာ တစ်ခုခုပြောချင်နေပုံရသည်ကို သတိပြုမိပြီးနောက်တွင် လင်းရု​ဖေး သူ့လက်ထဲရှိ ​သောက်လက်စနွားနို့ကို တွန့်ဆုတ်စွာ ​အောက်ချလိုက်ပြီး ​မေးလိုက်သည်။

"မုန့်ကုန်းဇီ တစ်ခုခု ပြောစရာရှိလို့လား"

"လင်းကုန်းဇီ"

မုန့်လန်​ရောက သူ့မျက်လုံးများကို မှိတ်ကာ ​ပြောလိုက်သည်။

" 'ယန်ဟွား၏ပုံပြင်' ကို မင်းဖတ်ဖူးလား"

' ယန်ဟွား၏ပုံပြင် ' သည် အလွန်​ကျော်ကြားသော ဝတ္ထုဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်လည်း ဖြန့်ဝေထားပေသည်။ ဇာတ်လမ်းသည် အ​ပျော်မယ်​ဂေဟာမှ မိန်းကလေးတစ်ယောက်နှင့် ဆင်းရဲ​သော ပညာတတ်တစ်ယောက်အကြောင်းဖြစ်သည်။ ဇာတ်လမ်းအကြောင်းအရာသည် ခေတ်ဟောင်း​နေပြီ ဖြစ်သော်လည်း စာရေးဆရာ၏ အရေးအသားသည် ကောင်းမွန်ပြီး ရံဖန်ရံခါ အပျော်ဖတ်ရန် ကောင်းသည်ဟု လင်းရု​ဖေး ယူဆမိသည်။ ဤစာအုပ်အမျိုးအစားများသည် အမျိုးသမီးများကြားတွင်သာ ရေပန်းစား​ကျော်ကြားခဲ့သည်။ လင်းရု​ဖေး ထိုစာအုပ်ကို ဝယ်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်သည် သူ စာအုပ်ဆိုင်သို့ သွားချိန်တွင် ယွီ​ရွေ့​သည် ထိုစာအုပ်ကိုတွေ့သွားပြီး ပုံစံတူတစ်ခုကို ယူလာချင်​သော​ကြောင့်ဖြစ်သည်။

အကယ်၍ မုန့်လန်​ရော ယခင်က ဤမေးခွန်းကို မေးခဲ့လျှင် လင်းရု​ဖေးက သူ့တွင် ဗဟုသုတ ကျယ်ပြန့်သည်ဟု ထင်​မိပေလိမ့်မည်။ သို့သော်လည်း မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အပြီးတွင် မုန့်လန်​ရော၏မေးခွန်းသည် အဓိပ္ပါယ်ကွဲပြားသွားပုံပင်။

လင်းရု​ဖေး မုန့်လန်​ရောကို ကြည့်ပြီး ပြန်​ဖြေလိုက်သည်။

“ကျွန်တော် ဖတ်ပြီးသွားပြီ"

"တကယ်လား"

လင်းရု​ဖေးက ဖတ်ပြီးကြောင်း မုန့်လန်​ရော ကြားလိုက်ရချိန်တွင် သူက ချက်ချင်း စိတ်လှုပ်ရှားသွားသည်။
****

စာရေးသူမှာ ပြောစရာရှိတယ် ~

လင်းရုဖေးနိုးလာသောအခါ ကုရွှမ်းတုက သူ့အားပြောလာ၏။ : ၃၂၇

လင်းရုဖေး : ဟမ်..

ကုရွှမိးတု : မင်းရဲ့မျက်တောင်အရေအတွက်လေ...ကိုယ်ရေနေတာ အကြိမ်၃၀၀ရှိပြီ..အခုက မှန်တယ်ဆိုတာသေချာတယ်

လင်းရုဖေး : ခင်ဗျားမှာ သေချာပေါက် အားလပ်ချိန်တွေအများကြီးရှိနေတာပဲ...

ကုရွှမ်းတု : တကယ်လို့ ကိုယ်သာအခုလိုအားအောင်လုပ်မနေရင် နောက်နေ့မှာ မင်း ငိုသွားရမှာစိုးလို့...

─────────────────────────────────────────────────


Translated By IQ-Team.