MM Storyteller
Webnovel Translations
အပိုင်း ၅၃
Viewers
15k
Chapters
199
Chapter 53
မြစ်ကမ်းနဘေးက ရှုခင်း
မုန်လန်ရောက သူ့ခေါင်းကို အနားတိုးလာပြီး တိုးတိုးလေးပြောလိုက်သည်။
“အဲဒါတွေက စိတ်အပန်းဖြေစာအုပ်တွေလို့ ကျွန်တော်မိဘတွေက ပြောကြတယ် သူတို့က ကျွန်တော်ကို ဖတ်ခွင့်မပေးဘူး အဲဒီစာအုပ်တွေကို များများဖတ်ရင် ကျွန်တော်ဦးနှောက် ပိုပိုပြီးယိုယွင်းလာလိမ့်မယ် လို့ ပြောကြတယ်... ..."
မုန့်လန်ရော၏ပါးစပ်မှ ပြောလာသော ထိုစကားများကို လင်းရုဖေး နားထောင်လိုက်ရချိန်တွင် အကြောင်းတစ်စုံတစ်ရာကြောင့် သူ တကယ်ရယ်ချင်မိသည်။
လင်းရုဖေးက တိတ်တဆိတ်ရယ်မောလိုခြင်းကို ဖုံးကွယ်ရန်အတွက် ခပ်တိုးတိုး ချောင်းဆိုးလိုက်သည်။
“တကယ်တော့ အဲဒါက တကယ်လည်း စိတ်အပန်းဖြေစာအုပ်တွေပဲလေ”
များများဖတ်ပြီးလျှင် ဦးနှောက် ပိုပြီးယိုယွင်းလာသည့်အကြောင်းနှင့် ပတ်သက်ပြီးကတော့ သူလည်း မသိပေ။
မုန့်လန်ရောက ချက်ချင်းပင် စိတ်အားထက်သန်သွားပြီး ဆက်ပြောလာသည်။
“ဒါဆို ဇာတ်လမ်းကို ခင်ဗျား ဘယ်လိုထင်လဲ"
လင်းရုဖေးက တစ်ချက်စဥ်စားလိုက်ပြီး “မဆိုးပါဘူး"
မုန့်လန်ရောက ပြောလာသည်။
"ရှောင်ယွီက စာအုပ်ထဲမှာပါတဲ့ ပုံထဲက ကောင်မလေးလို့ထင်တယ်... ..."
မုန့်လန်ရော အသံသည် အကျယ်ကြီး မဟုတ်သော်လည်း သူက ခပ်တိုးတိုးနှင့်အလေးအနက်ထား ပြောနေသည်။
"ပုံထဲကအတိုင်း အတိအကျကို တူတယ်"
' ယန်ဟွား၏ပုံပြင် ' ထဲမှ အထက်တန်းစားပြည့်တန်ဆာသည် အမှန်တကယ်ကို နူးညံ့လှပပြီး ဓားရေးလည်း ကျွမ်းကျင်သည်။ သူမသည် အိမ်တွင် သူမအနှစ်သက်ဆုံး ပညာရှင်ကို အမြဲစောင့်ဆိုင်းနေခဲ့ပြီး အခြားသူများက သူမကို အပျော်မယ်ဂေဟာမှ ရွေးယူရန် ငွေအမြောက်အမြား သုံးစွဲလိုလျှင်တောင်မှ သူမက ငြင်းဆန်ကာ အသေခံခဲ့သည်။
လင်းရုဖေးက မုန့်လန်ရောကို ကြည့်ပြီး ရယ်လိုက်မိ၏။
"ဒါပေမယ့် သူက အထက်တန်းစားပြည့်တန်ဆာဖြစ်ရင်တောင် မင်းက သူလိုချင်တဲ့ ပညာရှင်တော့မဟုတ်ဘူး"
မုန့်လန်ရော သူ့စကားကြောင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး အင်အားချည့်နဲ့စွာဖြင့် သူ့ထိုင်ခုံပေါ် ပြန်မှီလိုက်သည်။
“ခင်ဗျားပြောတာ မှန်ပါတယ် သူမ ရှင်းကျိုးမြို့ကို ရောက်တာ အခုဆို တစ်နှစ်လောက်ရှိပြီ ဒါပေမဲ့ သူမက ဘယ်ပညာရှင်ကိုမှ သဘောကျတာ ကျွန်တော် မတွေ့ဖူးသေးဘူး တကယ်လို့သာ... ...” မုန့်လန်ရောက တိုးတိုးလေး ပြောလာသည်။
“တကယ်လို့သာ သူမ တကယ်ချစ်တဲ့သူက ကျွန်တော်ဆိုရင်ရော ဒါပေမဲ့ သူမက နည်းနည်း တသီးတသန့်ဆန်ပြီး ကြောက်ရွံ့နေတယ်... ..."
လင်းရုဖေး မုန့်လန်ရော၏ မငြိမ်သက်နေသောနှလုံးခုန်သံကို ခံစားမိသည်။
"သူမ မင်းနဲ့အတူထွက်သွားရင် ဘာတွေများ စိုးရိမ်စရာရှိမှာမို့လို့လဲ"
မုန့်လန်ရောက သူ့ခေါင်းကို ကုတ်လိုက်ပြီး “ကျွန်တော် သူ့ကို မေးပေမယ့် အချိန်မကျသေးဘူးလို့ ပြောတယ် ' အချိန်မကျသေးဘူး ' ဆိုတာ ဘာကိုဆိုလိုမှန်း ကျွန်တော် မသိပေမဲ့... ..."
လင်းရုဖေးက မုန့်လန်ရောကို ကြည့်နေရင်းမှ သူ့နှုတ်ခမ်းတွေက မသိလိုက်ဘဲ ပြုံးမိသွားသည်။ မုန့်လန်ရော၏ ဆယ်ကျော်သက် အရွယ် သောကရောက်ပုံသည် အနည်းငယ် အပြစ်ကင်းစင်ပြီး လူတွေကို မငြီးငွေ့စေပေ။ ယင်းအစား ကလေးတစ်ယောက်ကဲ့သို့သော ထက်မြက်မှုသာရှိနေသည်။ မုန့်မိသားစု၏ အငယ်ဆုံးသားလေးကို မိသားစုက အမှန်ပင် ကောင်းစွာ ကာကွယ်ပေးထားသည်ပင်။ မုန့်လန်ရောကိုကြည့်ပြီး သူ့ဒုတိယအစ်ကိုက သူ့ကို ရံဖန်ရံခါ အကူအညီမဲ့စွာ ကြည့်လာသည်များကို လင်းရုဖေး နည်းနည်းနားလည်သွား၏။
အပျော်မယ်ဂေဟာသည် ရှင်သန်ရန် လွယ်ကူသော နေရာမဟုတ်ပေ။ ထိုနေရာတွင် အံ့သြဖွယ်ကောင်းစွာ အသက်ရှင်နေထိုင်နိုင်သည့် မိန်းကလေးများသည် ကမ္ဘာကြီးအကြောင်းကို နားမလည်သည့် သနားစရာကောင်းသည့်သတ္တဝါများတော့ အလုံးစုံ မဟုတ်ကြပေ။ သူတို့ကို လျှော့တွက်ခြင်းက နောက်ဆုံးတွင် ဆင်းရဲဒုက္ခဆီသို့ ဦးတည်သွားပေလိမ့်မည်။
မုန့်လန်ရောနှင့် ရှောင်ယွီတို့ကြားမှ တကယ့် အခြေအနေမှန်ကို လင်းရုဖေး မပြောနိုင်သော်လည်း မုန့်လန်ရောသည် ထိုကိစ္စတွင် အလွန်အလေးအနက်ထားကြောင်းကိုမူ သူ သေချာပေါက်ပြောနိုင်သည်။
မုန့်လန်ရောက ထိုင်ခုံပေါ်တွင် ခဏလောက် ထိုင်ပြီးနောက် အိပ်ငိုက်လာသည်။ သူ သမ်းဝေလိုက်ပြီးနောက် ခဏလောက် အိပ်မည့်အကြောင်းနှင့် နိုးလာသည့်အခါ လင်းရုဖေးနှင့် ကစားရန် ပြန်လာမည်ဟု ပြောလာ၏။
လင်းရုဖေးက သူ့လက်ထဲရှိ ကျန်နေသောနွားနို့ကို သောက်ရင်း သူ့ကို သွားလို့ရကြောင်း ပြောလိုက်သည်။
မုန့်လန်ရော ထွက်သွားသည်နှင့် တပြိုင်နက် ကုရွှမ်းတုသည် သူ့နေရာတွင် ဝင်ထိုင်လိုက်ပြီး လက်နှစ်ဖက်ကို ပိုက်ကာ ထိုင်ခုံကိုမှီရင်း လင်းရုဖေး စားနေသည်ကို ကြည့်နေသည်။
"ဘာလဲ" လင်းရူဖေးက သူ့မျက်လုံးများထဲတွင် တစ်ခုခုထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
"မုန့်လန်ရောကို မင်း ဘယ်လိုထင်လဲ" ကုရွှမ်းတု မေးလိုက်သည်။
"ကျွန်တော် ဘယ်လိုထင်လဲ အဲဒါ ဘာကိုဆိုလိုတာလဲ" လင်းရုဖေးက ရှုပ်ထွေးသွားသည်။
ကုရွှမ်းတုက စစ်ဆေးမေးမြန်းရန် အနားသို့တိုးလာပြီး "မင်း သူ့ကို သဘောကျလား"
လင်းရုဖေးက ထိုမေးခွန်းကြောင့် စိတ်ရှုပ်ထွေးသွားမိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူ ပြန်ဖြေလိုက်သည်။
“ကျွန်တော် ထင်တာတော့... ..."
ကုရွှမ်းတုက စကားကိုရပ်ကာ လင်းရုဖေးကို ဆက်လက်စားသောက်ရန် ညွှန်ပြလိုက်သည်။ ကုရွှမ်းတုသည် အကြောင်းပြချက်မရှိဘဲ ထိုမေးခွန်းကို မေးမည်မဟုတ်ကြောင်း လင်းရုဖေး ခံစားနေရပြီး သူ နောက်ဆက်တွဲမေးခွန်းတစ်ခုမေးခါနီးတွင် ကုရွှမ်းတုက ပျင်းရိစွာ ဆက်လက်ပြောလာသည်။
"ဟုတ်တာပေါ့ ဒီလိုချစ်စရာကောင်းတဲ့ သခင်ငယ်လေးကို ဘယ်သူက သဘောမကျရမှာလဲ"
သူ့စကားကို အဆုံးသတ်ပြီးနောက် တည့်တည့်မတ်မတ်ထိုင်ကာ လင်းရုဖေးကို လေးလေးနက်နက်ကြည့်လိုက်ပြီး "မင်းကို ကိုယ် အရမ်းသဘောကျတာလည်း မင်း သိပါတယ်"
လင်းရုဖေး : "……"
ကုရွှမ်းတုက သူ့ကို ကြိမ်ဖန်များစွာ ဆူပူကြိမ်းမောင်းနေတယ်လို့ သူ ဘာကြောင့် အမြဲခံစားနေရတာလဲ။
သို့သော် ကုရွှမ်းတုသည် ဤအကြောင်းအရာကို ဆက်၍မပြောချင်ပုံပင်။ ရာသီဥတုသာယာနေချိန်တွင် သူတို့ မုန့်အိမ်တော်၏ ရှု့ခင်းကို လှည့်ပတ်ကြည့်ရှုသင့်သည်ဟု ကုရွှမ်းတုက အကြံပေးလာသည်။
လင်းရုဖေးလည်း သဘောတူလိုက်၏။
မုန့်အိမ်တော်သည် အမှန်တကယ် ကျယ်ဝန်းသော်လည်း အလွတ်ကြီးဖြစ်မနေပေ။ အစေခံများသည် နေရာအနှံ့ လျှောက်သွားနေကြပြီး ပန်းပေါင်းတစ်သောင်းကို ထိန်းသိမ်းရန် မလွယ်ကူသောကြောင့် ထိုအစေခံအများစုသည် ပန်းများနှင့် အပင်များကို ဂရုစိုက်ပေးရသည်ပင်။
သေးငယ်ပြီး မနက်လွန်းသော မြစ်တစ်စင်းသည် မုန့်အိမ်တော်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေသည်။ မြစ်ထဲရှိရေက ကြည်လင်ရှင်းသန့်နေပြီး ရေထဲတွင် ကူးလူးပျော်ပါး ကူးခတ်သွားလာနေသော အရောင်အသွေးစုံလင်လှသည့် ငါးလှလှလေးများကိုပင် မြင်တွေ့နေနိုင်သည်။
သို့သော် တစ်ခဏမျှ လမ်းလျှောက်ပြီးနောက်တွင် လင်းရုဖေးသည် ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို သတိထားမိသွားသည်။ ၎င်းသည် ချီလင်မြက်၏မွှေးရနံ့ကို မုန့်အိမ်တော်၏ လက်မတိုင်းနီးပါးတွင် အနံ့ရနေသောကြောင့်ပင်။ သူ ဂရုတစိုက် လှည့်ပတ်ကြည့်ရှုပြီးနောက် ချီလင်မြက်သည် မုန့်အိမ်တော်တစ်ခုလုံးနီးပါးတွင် ရှိနေပြီး တမင်စိုက်ထားသည့်ပုံပင်။
"မုန့်အိမ်တော်က ချီလင်မြက်ကို ဘာလို့များ အရမ်းသဘောကျနေရတာလဲ"
လင်းရုဖေးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အဲဒါက နေရာအနှံ့မှာ ရှိနေတယ်"
ကုရွှမ်းတု ဖြည်းညှင်းစွာဖြင့် "ဒီနေရာမှာရှိတဲ့ပန်းတွေကို ပွင့်လန်းနေအောင်လုပ်ဖို့ ဖြစ်မှာပေါ့"
လင်းရုဖေးကထပ်မေးသည်။
“ဒီလိုမျိုး အကျိုးသက်ရောက်မှုရှိလို့လား"
ကုရွှမ်းတုက "ရှိတယ်"လို့ ပြန်ဖြေလာ၏။
ပြီးနောက် ချီလင်မြက်၏အကျိုးသက်ရောက်မှုကို အတိုချုံးမိတ်ဆက်ပေးပြီး ဤမြက်သည် စိတ်ကိုတည်ငြိမ်စေရန်အတွက် အများအားဖြင့်အသုံးပြုကြသည်။ သို့သော် အမှန်တကယ်တွင် ပျက်စီးလွယ်သောအရာများကို သိမ်းဆည်းခြင်းကဲ့သို့သောအရာမျိုးတွင်လည်း အသုံး၀င်သေးသည်။ အိမ်တော်တွင် ပွင့်လန်းနေသော ပန်းများစွာအတွက် ချီလင်မြက်သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
ကံကောင်းထောက်မစွာပင် လင်းရုဖေးသည် ဤရနံ့မျိုးကို မမုန်းပေ။ ထိုရနံ့ကို အလွန်ရှူရှိုက်ပြီးနောက် သစ်ခွပင်များကြားတွင် အချိန်အတော်ကြာ နေထိုင်ရသကဲ့သို့ပင်[2]။ ကြွယ်ဝသောမွှေးရနံ့သည်လည်း သာမန်ဖြစ်လာသည်။
{ [2] - ထိုပတ်ဝန်းကျင်မှာပဲ အချိန်အကြာကြီးနေထိုင်ရင်း ရင်းနှီးကျွမ်းဝင်သွားခြင်း }
မုန့်အိမ်တော်ကို လှည့်ပတ်သွားလာပြီးနောက် လင်းရုဖေးက သူ့အခန်းသို့ ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူသည် လူသွားလမ်းကို ဖြတ်သွားချိန်တွင် ရင်းနှီးနေသောလူတစ်ယောက် ၊ မုန့်လန်ရော မုန်တီးသည့် ချီယန်ရှန့်ကို သတိထားမိသည်။ ထိုသူသည် လျှောက်လမ်းပေါ်တွင် ထိုင်နေပြီး လက်ထဲတွင် ငါးမျှားတံကိုကိုင်ကာ အမှန်တကယ်ကို အေးအေးဆေးဆေးပင် ငါးမျှားနေ၏။
သူ လင်းရုဖေးကိုတွေ့သောအခါ ပြုံး၍ နှုတ်ဆက်လာသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က လင်းရုဖေးနှင့် ပြိုင်ဆိုင်ခဲ့သည့် သူ မဟုတ်သကဲ့သို့ပင်။
လင်းရုဖေးက ပြန်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သို့သော်လည်း ထိုသူနှင့် နောက်ထပ် ထပ်ပြီး စကားပြောရန် ရည်ရွယ်ချက်တော့ သူ့မှာ မရှိပေ။ သူထွက်သွားရန် ကြံရွယ်လိုက်ချိန်တွင် ချီယန်ရှန့်၏အသံကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။
"လင်းကုန်းဇီ ဘာမှလုပ်စရာမရှိရင် ခဏလောက် ကျွန်တော်နဲ့အတူ စကားပြောပေးနိုင်မလား" သူ့လေသံက အတော်လေးကို ရိုးသားနေသည်။
လင်းရုဖေးက ခေါင်းညိတ်လိုက်ပြီး "ချီကုန်းဇီက အခု ဘာလုပ်နေတာလဲ"
ချီယန်ရှန့်က ရယ်မောလိုက်ပြီး “ကျွန်တော်မှာ အားလပ်ချိန်တွေ အများကြီးရှိနေလို့ ခဏလောက် ငါးဖမ်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ဘဲ ငါးတွေက ငါးစာကို လာမဟပ်ကြတော့ ပိုပိုပြီးပျင်းဖို့ကောင်းလာတယ်လေ"
လင်းရုဖေးက အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်ကို မြင်လိုက်ရသဖြင့် မနေ့က အဖြစ်အပျက်အတွက် တောင်းပန်လာပြီး သူက အမှန်တကယ် ကမူးရှုးထိုးဖြင့် ပြုလုပ်ခဲ့သူဖြစ်ကြောင်း ပြောလာသည်။ သို့သော်လည်း သူ့တွင် လင်းရုဖေး အပေါ် မကောင်းသော ဆန္ဒမရှိသောကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရန် တောင်းဆိုလာ၏။
စကားများက ထိုအထိရောက်လာသည့်အတွက် လင်းရုဖေးလည်း ငြင်း၍မရတော့ပေ။ သူက ချီယန်ရှန့်၏နဘေးသို့ လျှောက်သွားပြီး စင်္ကြံတွင် ၀င်ထိုင်လိုက်သည်။
"မနေ့က မင်းနဲ့ လန်ရော အပျော်မယ်ဂေဟာကို သွားခဲ့တဲ့အကြောင်း ယိုယွဲ့ ဆီကနေ ကျွန်တော်ကြားခဲ့တယ်။ယ အဲဒါဘယ်လိုနေလဲ မင်း အဲဒါကို သဘောကျလား"
ချီယန်ရှန့်က ပြုံး၍ အကြောင်းအရာကို ရွေးချယ်ပြောလာသည်။
လင်းရုဖေးက သိပ်မသေချာဟန်ဖြင့် “အဆင်ပြေပါတယ်"
"အဆင်ပြေရုံပဲလား" ချီယန်ရှန့်က မေးလိုက်သည်။
"ကျွန်တော် ဟိုအရင်တုန်းက အဲဒီကို ရောက်ဖူးတယ် ဒါပေမယ့် ကံမကောင်းစွာပဲ အခု လန်ရောက ကျွန်တာ်ကို အရမ်းသဘောမကျတော့တဲ့အတွက် သူ ကျွန်တော်ကို အဲဒီနေရာကို ခေါ်သွားဖို့ ငြင်းခဲ့တယ်”
ထိုကဲ့သို့သောစကားများကို ပြောနေသော်လည်း သူ့မျက်နှာပေါ်တွင်မူ ပျော်ရွှင်နေသောအပြုံးများနှင့် ပြည့်နှက်နေသည်။
လင်းရုဖေးခမျာ မေးခွန်းမမေးခင်အထိ ခဏမျှတိတ်ဆိတ်သွားမိသည်။
"မင်းနဲ့ လန်ရော တစ်ယောက်နဲ့တစ်ယောက် သိတာ ဘယ်နှစ်နှစ်လောက်ရှိပြီလဲ"
ချီယန်ရှန့်က အတိတ်ကို ပြန်အမှတ်ရသွားပြီး "နှစ်တွေအတော်ကြာခဲ့ပြီ"
သူက လွမ်းဆွတ်တမ်းသသည့်လေသံနှင့် ပြောလာ၏။
"အဲဒီအချိန်တုန်းကလို လန်ရောက မိုက်မဲတဲ့ကောင်လေးဖြစ်နေတာကတော့ သနားစရာကောင်းတာပဲ သူက အသက်ကြီးလာလေလေ မနာခံတဲ့သူဖြစ်လာလေလေပဲ"
သူ့လေသံက အနည်းငယ် ထူးဆန်းနေသည်။ သက်တူရွယ်တူ သူငယ်ချင်းတစ်ယောက်နှင့်မတူဘဲ အသက်အရွယ်ကြီးသူတစ်ယောက်နှင့် ပိုတူနေ၏။
လင်းရုဖေးနှင့် ချီယန်ရှန့်တို့က ဆက်လက်ပြီးစကားပြောဖြစ်ကြသည်။ မရင်းနှီးမှု ရန်လိုမှုများကို လျှော့ချပြီးနောက် ချီယန်ရှန့်သည် လူတွေကို ကောင်းမွန်သောခံစားချက်ကို ပေးနိုင်သူပင်ဖြစ်ကြောင်းသိသွားသည်။ သူက ဗဟုသုတရှိပြီး အမျိုးမျိုးသော အရာများအပေါ်တွင် သူ၏ထူးခြားသော ကိုယ်ပိုင်ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်။
လင်းရုဖေးက နှုတ်ဆက်ပြီး ထ,မပြန်မီ နေ့မွန်းတည့်ခါနီးအချိန်အထိ နှစ်ယောက်သား စကားတွေပြောဖြစ်ခဲ့ကြပြီး အနားယူရန် သူ့အခန်းသို့ ပြန်သွားတော့မည့်အကြောင်း ပြောလိုက်သည်။ ထွက်မသွားခင် သူသည် အိမ်တော်တွင် အဘယ်ကြောင့် ချီလင်မြက်များ ဒီလောက်ပေါများနေသလဲ ဟု ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်သည်။ ဤစကားများကို ကြားလိုက်ရချိန်တွင် ချီယန်ရှန့်၏ အမူအရာက အနည်းငယ် တင်းမာသွားသည်။ သို့သော် လျင်မြန်စွာ ပုံမှန်ပြန်ဖြစ်သွားပြီး ရှင်းကျိုးကလူတွေက ထိုရနံ့ကို အရမ်းကြိုက်သောကြောင့်ဟုသာ သူက ပြုံးပြီး ပြောလာသည်။
သူတို့သည် ထိုအပင်များကို စိုက်ပျိုးရုံသာမက အနံ့ကုထုံးများတွင်လည်း အသုံးပြုကြသည်။ လမ်းပေါ်တွင်ပေါက်နေလျှင်တောင် ရနံ့များမွှေးပျံ့နေလိမ့်မည်ပင်။
ချီယန်ရှန့်၏အမူအရာပြောင်းလဲသွားမှုသည် မြန်ဆန်သော်လည်း လင်းရုဖေးက သတိထားမိသည်။ သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းရုဖေးက သူ့စိတ်ထဲတွင် သံသယများစွာရှိနေသော်လည်း ထိုကိစ္စကို ဆက်လက် မမေးမြန်းမစုံစမ်းခဲ့ပေ။ သူက ရိုးရှင်းစွာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်လာလိုက်၏။
ရေသံက သူ့အနောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ချီယန်ရှန့်၏ငါးမျှားချိတ်ကို တစ်စုံတစ်ခုက ကိုက်လိုက်ပုံရသော်လည်း ချီယန်ရှန့်၏ငါးမျှားချိတ်သည် သန့်ရှင်းခြောက်သွေ့နေပြီး အရိုးရှင်းဆုံးငါးစာပင် ရှိမနေသည်ကို လင်းရုဖေး သတိရသွားသည်။
ဖူဟွားနှင့် ယွီရွေ့သည် လင်းရုဖေး ပြန်လာသည်ကို မြင်ချိန်တွင်တညီတညွတ်တည်း သက်ပြင်းချမိလိုက်ကြသည်။
သူ့အစေခံနှစ်ယောက်စလုံးက ကြောက်ရွံ့စိုးရိမ်သော အမူအရာများ ဖြစ်နေသည်ကို သူ သတိပြုမိသွားပြီးနောက် လင်းရုဖေးက သူသည် အနည်းဆုံးတော့ အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ပြီး ကလေးမဟုတ်သည့်အတွက် သူတို့ သူ့ကို အရမ်းကြီးစိတ်ပူစရာမလိုကြောင်း ဟာသလုပ်ကာပြောလိုက်၏။
ယွီရွေ့သည် သူမသခင်ငယ်လေး၏ ကြင်နာတတ်မှုအကြောင်းနှင့် ကျန်းဟူသည် ပျက်စီးယိုယွင်းနေပြီး လူဆိုးများစွာလည်း ရှိနေသည်ဟု မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ ပြောလာသည်။
လင်းရုဖေးက သူမပါးကို ဖြစ်ညှစ်ကာ ရယ်မောလိုက်ပြီး "လူဆိုးတွေက မင်းလို ကို့ယို့ကားယားနိုင်တဲ့ အစေခံမလေးတွေကို သဘောကျသင့်တာမဟုတ်ဘူးလား"
ယွီရွေ့သည် မည်ကဲ့သို့တုံ့ပြန်ပြောဆိုရမည်ကို မသိသောကြောင့် မျက်ရည်များဖြင့် ငိုယိုကာ ထွက်ပြေးသွားတော့၏။
───────
အခန်းထဲသို့ စက္ကူကြိုးကြာတစ်ကောင် ပျံသန်းလာချိန်တွင် လင်းရုဖေးက ငြိမ်ငြိမ်လေးထိုင်နေခဲ့ပေသည်။ စက္ကူကြိုးကြာ၏ အသွင်အပြင်ကို ကြည့်ခြင်းဖြင့် ၎င်းသည် ခွန်းလွန်တောင်မှ ဖြစ်ကြောင်းကို သူ သိလိုက်သည်။ လင်းရုဖေးသည် စက္ကူကြိုးကြာကို ဖမ်းယူပြီး ဖွင့်ကြည့်လိုက်သည်။ ထို့နောက် ဒုတိယအစ်ကို၏ အကျွမ်းတဝင်ရှိလှသော လက်ရေးကို တွေ့လိုက်ရသည်။ လင်းပျန့်ယွီထံမှ ရေးသားပေးပို့လာသော ထိုစာတွင် အစ်ကိုကြီးနှင့် တတိယအစ်မတို့၏ ညွှန်ကြားချက်စာ နှစ်ကြောင်း သို့မဟုတ် သုံးကြောင်းသာပါဝင်နေသည်။ စာတွင်ပါဝင်သော အကြောင်းအရများသည် နှုတ်ခွန်းဆက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းများပင်ဖြစ်သည်။ စာပါအကြောင်းအရာကို တစ်ချက်ကြည့်လိုက်ရုံနှင့်တင် လင်းရုဖေးသည် လမ်းပေါ်ရှိ ကျောက်တုံးတစ်တုံးကပင် သူ့အား ခေါ်ဆောင်သွားနိုင်သည့် သုံးနှစ်အရွယ်ကလေးဟု ထင်ရစေသည်။
စာကိုဖတ်ပြီးနောက် လင်းရုဖေးသည် သူ၏ စုတ်တံနှင့် မှင်အိုးကို ထုတ်ယူပြီး သူသည် မုန့်မိသားစုထံ ဖိတ်ကြားလွှာကိုပို့ပြီးပြီဖြစ်ကြောင်း၊ အလယ်ပိုင်းလွင်ပြင်ဒေသသို့ မသွားရောက်မီ ရက်အနည်းငယ်ခန့် ရှင်းကျိုးမြို့တွင် နေထိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့အပြင် အစ်မနှင့် အစ်ကိုတို့ စိုးရိမ်စရာမလိုကြောင်း သူ၏မိသားစုထံ ပြန်လည်ရေးသားလိုက်၏။
အမှန်ပင် ထိုစကားများသည် ဘာမှထွေထူးပြန်မပြောလိုက်ခြင်းနှင့် အတူတူပင်။ နောက်ဆုံးတွင် သူ့အစ်မနှင့် အစ်ကိုတို့၏မျက်လုံးထဲတွင် သူက အမြဲတမ်း ခွန်အားမရှိ အားနည်းပျော့ညံ့သည့် ကောင်ငယ်လေးတစ်ယောက်ပင်။
သူ စာရေးနေချိန်တွင် ကုရွှမ်းတုက လှောင်ပြောင်ရယ်မောမှုများနှင့် ပြည့်နေသောမျက်လုံးများဖြင့် သူ့ဘေးမှ ကြည့်နေသည်။
လင်းရုဖေး စာရေးပြီးချိန်တွင် သူက ၎င်းကို ဂရုတစိုက်ဖြင့် စက္ကူကြိုးကြာခေါက်လိုက်ပြီးနောက် စက္ကူကြိုးကြာကို အဝေးသို့ ပျံသန်းရန် ပို့လွှတ်လိုက်သည်။
သူက ခေါင်းလှည့်လိုက်ပြီး ကုရွှမ်းတုကို ဘာရယ်နေတာလဲဟု မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး”
ကုရွှမ်းတုက အလေးအနက်ထားပြီး ပြောလာသည်။
“မင်း မျက်မှောင်ကြုတ်ပြီး စာရေးနေတာလေးက အရမ်းချစ်ဖို့ကောင်းတယ်လို့ ကိုယ် တွေးမိရုံပါ"
သို့သော် လင်းရုဖေးသည် သူ၏ အဓိပ္ပါယ်မရှိသည့်စကားများကို မယုံသော်လည်း ကုရွှမ်းတုက ဆက်လက်ပြောဆိုနေဆဲဖြစ်သဖြင့် သူ၏စုတ်တံနှင့် မှင်အိုးကို ဘေးဖယ်ကာ အနားယူလိုက်တော့၏။
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN