အပိုင်း၃၂
Viewers 14k

Chapter 32

Chapter 32


-----------------------


ယခင်ကကဲ့သို့ဆိုလျှင် ဆရာလျိုက ယင်းကျောင်းဆီသို့ မြေဖြူခဲကိုပစ်ပေါက်ကာ အတန်းကိုနှောက်ယှက်သည့်အတွက် ရိုက်ပြီးဖြစ်သည်။


မည်သို့ပင်ဖြစ်စေ ယင်းကျောင်း၏ရမှတ်က ပြီးခဲ့သောလတွင် တိုးတက်လာခဲ့သည်။


ဆရာလျိုက သူ့ကိုစိတ်ကျေနပ်သောအကြည့်နှင့်ကြည့်လိုက်ပြီး မြေဖြူခဲကို ပြန်ကောက်လိုက်သည်။


"အင်း...ဒါဆိုလည်း ငါပြန်ပြောပြမယ်...တခြားနားမလည်တဲ့သူတွေလည်း အတူပြန်လိုက်နားထောင်ပေါ့..."


အနောက်လှည့်လိုက်ချိန်တွင် သူထပ်ပြောလိုက်သည်။


"တွေ့တယ်နော်...ကျောင်းသားတစ်ယောက်အနေနဲ့ ယင်းကျောင်းလိုဖြစ်ရမယ်...ကြိုးစား...နားမလည်ရင်မေး...မင်းတို့ ယင်းကျောင်းကို အတုယူကြစမ်းပါ..."


အခန်း၇မှ ကျောင်းသားများမှာ ငေးကြောင်နေကြသည်။


"..."


နားမလည်တဲ့သူရှိရင် မေး...ဟုတ်လား သူတို့ကထွက်သွားချင်ကြတာလေ...


ဤအကြိမ်တွင် ဆရာလျိုက ပို၍ဂရုတစိုက်ရှင်းပြသည်။ ယင်းကျောင်းက ပြန်မေးလိုက် ဆရာလျိုကရှင်းပြလိုက်နှင့် ၃ကြိမ်မြောက်ဖြစ်သွားသည်။ အချိန်၇မိနစ်ကျော်သွားပြီဖြစ်သည်။


သူက ထပ်ရှင်းပြရန် ဝန်မလေးဘဲ ယင်းကျောင်းအား ကြည့်လိုက်ပြီး ဖော်ရွေစွာ မေးလိုက်သည်။


"နားလည်ပြီလား..."


သူ့ဖုန်း တုန်ခါနေသည်ကို ယင်းကျောင်းက မသိချင်ယောင်ဆောင်ကာ ခေါင်းညိတ်ပြလိုက်သည်။


"နားလည်ပါပြီ...ကျေးဇူးပါဆရာ..."


"ရပါတယ်..."


ဆရာလျိုက လက်ထဲမှ စာရွက်ကိုချလိုက်ပြီးပြောလိုက်သည်။


"ကဲ အတန်းဆင်းပြီ..."


ထို့နောက် စင်ပေါ်မှ သူ့ပစ္စည်းများကိုယူကာ တံခါးကိုဖွင့်ပြီး အခန်းထဲမှထွက်သွားသည်။


နေရာမရှိတော့မည်ဖြစ်သဖြင့် ရေချိုးခန်းဆီသို့လည်း သွားစရာမလိုတော့ပေ။ ကဖေးဆီသို့ သွားရန်လည်း အချိန်ကြာမည်ဟု ထင်ရသည်။ ကျောင်းသားများက စိတ်ညစ်ဟန်ဖြင့် မတ်တတ်ရပ်လိုက်ကြပြီး အပြင်သို့ထွက်ရန်ပြင်လိုက်ကြသည်။ ကျန့်ချွယ်က ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။


"မသွားနဲ့...အကိုကျောင်းက ဒီနေ့ နေ့လည်စာကို တာဝန်ယူတယ်..."


သူက သူ့ဖုန်းကိုလက်ကလေးဖြင့် လှုပ်ပြပြီးပြောလိုက်သည်။


"မှာတာက မှာပြီးသွားပြီ...မင်းတို့အကြိုက် ကျောင်း‌ရှေ့ဆိုင်က..."


အခန်း၇ကျောင်းသားများက ထိုဆိုင်ကို ညစာသွားစားလေ့ရှိသည်။ ထိုစားသောက်ဆိုင်က စားပွဲတစ်ပွဲတည်းဆိုလျှင် ပို့မပေးဘဲ စားပွဲအများနှင့်မှပင် ပို့ပေးသည်။ ထို့ကြောင့် ထိုဆိုင်တွင်စားချင်လျှင် ကျောင်းပိတ်ရက်အထိစောင့်ရသည်။


ယင်းကျောင်းက ထိုင်ခုံနောက်ကျောကို လက်တစ်ဖက်တင်လိုက်ပြီး ပြုံးပြပြီး ပြောလိုက်၏။


"ဆောရီးပဲကွာ...အကုန်လုံးရဲ့အချိန်ကို ဖြုန်းသလိုဖြစ်သွားတယ်..."


ကျောင်းသားများက စိတ်အဆင်မပြေကြသေးသော်လည်း ထိုစကားကိုကြားရသောအခါ အနည်းငယ် ပျော်ရွှင်သောပုံပေါက်သွားကြသည်။


ကဖေးမှ အစားအစာများက အသင့်စားများဖြစ်သဖြင့် မည်သူမှ သိပ်မစားချင်ပေ။


ရေချိုးခန်းသို့ သွားမည့်ကောင်လေးအချို့က သွားရန်စိတ်မရှိကြတော့သဖြင့် သူတို့၏ပစ္စည်းများကို ပျော်ရွှင်စွာပြန်ချလိုက်ကြသည်။


ရေချိုးခန်းသို့သွားမည့်အစား တနင်္ဂနွေနေ့အထိ မစောင့်ဘဲ စားမြိန်ပွဲများကို စားချင်ကြသည်။


ယခုထိုစားသောက်ဆိုင်မှ စားပွဲများကို ဝယ်ကျွေးမည့်သူရှိနေပြီဖြစ်သည့်အတွက် သူတို့ဘာကြောင့်အပြင်သွားသင့်သနည်း။


"ဟမ်...ဘယ်မှာလဲ...အကိုကျောင်းပြောတာ ဘယ်မှာလဲ..."


"အကိုကျောင်း ထွက်ယူစရာမလိုဘူး...ဟင်းပွဲတွေရောက်လာရင် ကျွန်တော်တို့သွားယူပေးမယ်..."


"မဟုတ်တာ...အကိုကျောင်းက ပိုက်ဆံအများကြီးသုံးနေတာပဲ..."


ရဲရင့်သော ကျောင်းသားကလေးတစ်ယောက်က လျှောက်လာပြီး အပြုံးလေးဖြင့် ခါးကိုင်းကာ ပြောလိုက်သည်။


"နောက်ဆိုရင် အတန်း၄မှာ အကိုကျောင်း မေးချင်တာမေး...ကျွန်တော်တို့ စိတ်မဆိုးဘူး..."


အခြားကောင်လေးတွေကလည်း ​ထပ်တူအော်ပြောကြသည်။


"ကောင်းလိုက်တဲ့ အကြံ..."


ယင်းကျောင်းက သူတို့ကိုရယ်ပြပြီးနောက် လျစ်လျူရှုလိုက်သည်။


သူက ကျင်းစစ်ဖက်သို့လှည့်ကာ တိုးတိုးလေးပြောလိုက်သည်။


"ကိုယ်မင်းရေချိုးမှာကို နောက်ကျသွားစေတယ်လေ...စိတ်မဆိုးဘူးလား..."


ကျင်းစစ်က ခေါင်းခါကာ တည်ငြိမ်စွာပြောလိုက်သည်။


"မင်းနားမလည်ရင် မင်းမေးရမှာပေါ့..."


ယင်းကျောင်းမှာ နွေးထွေးသွားရသည်။ အတန်းဖော်လေးက အလွန်တော်သည်။


"ညကျရင် မင်းအပြင်မှာရေချိုးဖို့ ကိုယ်လိုက်ပို့ရမလား..."


"ညကျရင်..."


ကျင်းစစ်က ခဏ အံ့အားသင့်သွားသည်။


"ငါညကျအပြင်ထွက်လို့မရဘူး..."


စာအုပ်တွေကို သိမ်းရင်းပြောလိုက်သည်။


"မနက်ဖြန် ငါ ကျောင်းမှာချိုးမယ်..."


"မချိုးပါနဲ့..."


ယင်းကျောင်းက အတန်းနောက်ကျအောင် ဆရာကိုတမင်တကာအချိန်ထားခဲ့တာက ကျင်းစစ် အခြားအရူးကောင်တွေနှင့် အတူရေသွားချိုးမည်စိုးကြောင့်ဖြစ်သည်။ 


ဤကိစ္စကိုကျရှုံးသွားအောင် သူဘယ်လိုတောင်လုပ်ခဲ့ရတာမို့လဲ။


"ကျောင်းရေချိုးခန်းမှာ လူအရမ်းများတယ်...ပြီးရင် မီးလည်းပျက်တယ်..."


သူက ကျင်းစစ်ကို ခြောက်လှန့်လိုက်သည်။


"တစ်ခါကဆို အတန်းထဲက တစ်ယောက် ရေချိုးရင်း တစ်ဝက်ကြီး ရေပြတ်သွားလို့ အနွေးထည်ပက်ပြီး ပြေးသွားရတယ်..."


ကျင်းစစ်ရဲ့ လှုပ်ရှားမှုတွေရပ်တန့်သွားသည်။


ယင်းကျောင်းက အခွင့်အရေးကို လက်လွှတ်မခံဘဲ ဆက်ပြောသည်။


"ညစာနဲ့ ညဖက်စာကြည့်ချိန်က ၁နာရီပဲခြားတာ...ကျောင်းနဲ့နီးတဲ့နေရာ ကိုယ်သိတယ်...လူလဲနည်းတယ်...မင်းအဲ့ဒီမှာရေချိုးလို့ရပါတယ်...ကိုယ့်မှာ ထွက်လို့ရတဲ့နည်းသိတယ်...စိတ်မပူနဲ့...စည်းကမ်းဖောက်ဖျက်သလိုဖြစ်မှာမဟုတ်ဘူး...ဘယ်လိုလဲ..."


ကျင်းစစ်က ငြင်းဆန်ဆဲဖြစ်သည်။


ယင်းကျောင်းက ထပ်ကာအသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့စကားပြောစွမ်းရည်ကို ထုတ်သုံးလိုက်သည်။


"ကိုယ်တို့ကျောင်းရေချိုးခန်းက အသုံးပြုခဲ့တာကြာပြီဆိုတော့ အတန်းတစ်တန်းတည်းက ပစ္စည်းခြင်းတောင်မတူဘူး...တချို့ပျက်...တချို့ကရွဲနဲ့...ကြည့်ရတာလဲအဆင်မပြေဘူး..."


ကျင်းစစ် မျက်လုံးထဲတွင် မြင်ယောင်မိရင်း သူ့တစ်ကိုယ်လုံး မသက်မသာခံစားမိလာသည်။


သူ တွန့်ဆုတ်နေသေးသော်လည်း နောက်ဆုံးတွင်ခေါင်းညိတ်ကာ လက်ခံလိုက်သည်။


"အိုကေ..."


ယင်းကျောင်း ကျေနပ်စွာပြုံးလိုက်မိသည်။


သူတို့အနောက်တွင် ဟယ့်ကျိုးက ဝူဝေ့ချန်း၏ပုခုံးအား ပုတ်ပေးနေသည်။


"အဖွဲ့ခေါင်းဆောင်...ဖြစ်နိုင်ခြေတွေအများကြီးရှိပါသေးတယ်..."


'ကျင်းစစ်နဲ့အတူရေချိုးပြီး နောက်ကျောကို သုတ်ပေးချင်တာ သူ့ရဲ့ဘယ်လိုအိမ်မက်မျိုးလဲ...သူတို့အကိုကျောင်းတောင် တစ်ခါမှမလုပ်ဖူးသေးဘူး...'


'ဒီကလေးကတော့ အသတ်မခံရသေးတာ တော်တော်ကံကောင်းနေသေးတာပဲ...'


ဝူဝေ့ချန်းက နှလုံးသားကင်း‌မဲ့ပြီး အတူစားဖို့ဖိတ်ခေါ်သည်တွင်သာ နှစ်မြုပ်နေခဲ့သည်။ ရေချိုးရန် သူမေ့လျော့နေခဲ့တာကြာပြီပင်။ ထိုးကားကိုကြားပြီးနောက် သူ့တင်ပါးကိုသူကုက်ရင်း အူကြောင်ကြားနှင့် ပြောလိုက်သည်။


"ငါတို့သွားကြဦးမှာလား...ဒါမှမဟုတ်...စောင့်ရမလား..."


ဟယ့်ကျိုး : "..."


ဟယ့်ကျိုး : "လျစ်လျူရှုခြင်းကလည်း တကယ့်‌ပျော်ရွှင်မှုတစ်မျိုးပဲ..."


ဝူဝေ့ချန်းက ဟယ့်ကျိုးအား နားလည်ရခက်စွာ ကြည့်လိုက်မိသည်။ ထို့နောက် သူက တစ်ခုခုပြောရန်ပြင်လိုက်စ‌ဉ် ကျန့်ချွယ်က ပြောလိုက်သည်။


"စားပွဲတွေရောက်ပြီ...စားပွဲတွေရောက်ပြီ...လာ...သွားယူဖို့ငါနဲ့လိုက်ခဲ့..."


ကောင်လေးတွေက ရုတ်တရက် မတ်တတ်ရပ်လိုက်ကြကာ အပြေးထွက်သွားသည်။ မကြာခင်တွင် ရယ်သံများနှင့် ခြေသံများက စင်္ကြံဆီမှ ထွက်လာသည်။


အခန်း၇တွင် ကျောင်းသားအယောက်၄၀ရှိသည်။ အယောက်၄၀စာ စားပွဲများက သဘောထားကြီးစွာ ရောက်ရှိလာသည်။ မြင်ကွင်းက ပျော်ရွှင်ဖွယ်ကောင်းနေသည်။ အခြားအခန်းမှကျောင်းသားများက လှမ်းကြည့်နေကြရင်း ဘာများဖြစ်တာလဲဟု သူတို့စိတ်ထဲတွင် တွေးနေကြသည်။


ကျင်းစစ်ကြောင့် အခန်း၇က ဖိုရမ်ပေါ်တွင် ပြောစရာအကြောင်းအရာ ဖြစ်လာသည်။


[ အခန်း၇ကသူတွေ ဂရုအလိုက်စားပွဲတွေ ပါဆယ်မှာစားကြတာတွေ့တယ်...သူတို့ဘာတွေလုပ်နေကြတာလဲ... ]


[ ၁လွှာ : ပုံ...ပုံ]


[ ၂လွှာ : သူတို့အဲ့ဒီလိုလုပ်လိုရတယ်ဆိုရင်တောင်မှ ဖုန့်မောင်က အပြင်စာမှာမစားဖို့ တားထားတယ်လေ...သူသာသိရင် အပြစ်ရှာမှာပဲ...]


[ ၅လွှာ : အခန်း၇ကသူတွေက ဘယ်တုန်းက ဂရုစိုက်ဖူးလို့လဲ...ဒါပေမယ့် မနေ့က ကျင်းစစ် သင်္ချာပြိုင်ပွဲအတန်းကို ဝင်လိုက်ပြီ ကြားတယ်...အဲ့ဒါကို အောင်ပွဲခံနေကြတာလား...]


[ ၁၁လွှာ : အဲ့ဒါကြောင့်ပဲဖြစ်မှာပေါ့...]


[ ၁၃လွှာ : ဟုတ်တယ်ဟုတ်...ပြိုင်ပွဲအတန်းကို ဝင်နိုင်တာက တော်တော်မိုက်မယ်ထင်တယ်နော်...အခန်း၇ကသူတွေက ထူးခြားပြီး ဆန်းကြယ်တယ်...]


[ ၁၄လွှာ : ယင်နဲ့ယန် လိုတော့ဖြစ်သင့်တယ်လေ...ပြိုင်ပွဲအတန်းက ဘယ်လိုဖြစ်သွားမလဲ...နိုင်ငံတော်အဆင့်အထိ မရောက်ရင်တောင် ပြည်နယ်နှင့်တိုင်းအထိတော့ ပြိုင်သင့်ပါတယ်...]


[ ၂၀လွှာ : ငါကတော့ ပြိုင်ပွဲအတန်းကို ကျင်းစစ်မဝင်သင့်ဘူးထင်တာပဲ...အစမ်းပြိုင်ပွဲက မကြာခင်စတော့မှာ...ပြီးတော့ သူကစာလဲမကျက်ဘဲနဲ့...]


[ ၂၅လွှာ : ၂၀လွှာက သူက ဘာဖြစ်သွားလဲမသိသေးဘူးထင်တယ်...ကျင်းစစ်က အခုအရမ်းတော်နေပြီ...အမှတ်လည်းကောင်းတယ်...ငါလက်ခံသွားခဲ့တာ...ဒါပေမယ့် ဒီတစ်ခါတော့ ကျင်းစစ် ရွေးချယ်တာမှားတယ်လို့မြင်မိတယ်...ပြိုင်ပွဲအတန်းမှာ စာမကျက်ဖူးတဲ့သူက တစ်ခါတည်း ဝင်မပြိုင်သင့်သေးဘူးလို့ထင်တယ်...အနည်းဆုံး ၁နှစ်လောက်စောင့်ရင် ပိုကောင်းမယ်...]


[၃၃လွှာ : မနေ့က အဲ့ဒီအတန်းမှာ စာမေးပွဲရှိတယ်ပြောတယ်...ကျင်းစစ် အမှတ်ဘယ်လောက်ရတယ်တဲ့လဲ...]


[၃၇လွှာ : လူသစ်အတွက်က အမြင်အရတော့ ၂၀မကျော်ဘူး...အခန်း၁က ကျန်းချုံးက ပထမလို့ပြောတာပဲ...နောက်ဆုံးတော့ သူက ဒုတိယပဲလေ...အဲ့ဒါကို ငါရီမိတာမပြီးတော့ဘူး...ကျန်းချုံးလောက် ကျင်းစစ်ကမတော်ဘူးလို့ ယူဆရမလို့ပဲ...]


[၄၀လွှာ : ဟဟဟဟဟဟဟ ငါ့ကျစ်စစ်ကို မင်းတို့ဘာမှပြောစရာမလိုဘူး...မေးခွန်းကခက်တယ်လေ...သူ့ဘာသာသူ ဒုတိယရရ တတိယရရပေါ့ မင်းတို့အပူပါလား...]


[၄၁လွှာ: အပေါ်လွှာက ရူးနေလား...ဒုတိယနဲ့ တတိယက ဘာလုပ်လို့ရမလဲ...အော်တိုအနေနဲ့ဆို ဒါက အရေးမပါဘူး...ဒုတိယနဲ့တတိယက ငါတို့ကျောင်းမှာ ရလဒ်မရှိတာဘဲ...မင်းဘာဖြစ်နေတာလဲ...]


[၅၀လွှာ : မဆူညံကြပါနဲ့တော့...အမှတ်တွေက ဒီညထွက်မှာ...အချိန်ကျမှပဲ ပြန်ကြည့်တော့မယ်...]


[၆၆လွှာ : ကျင်းစစ်ရဲ့ရမှတ်အပေါ် လိုက်ပြီးပြောဆိုနေကြတယ်...အမှန်ပြောရရင် ငါတော့စိတ်မတိုဖြစ်ဘူး...ငါတို့ကျောင်းမှာ ဒီလို ဘုရင်တစ်ပါးမပေါ်တာ တော်တော်ကြာပြီ...]


ကျင်းစစ်က ကျောင်းသားများ၏မူရင်း အာရုံစိုက်မှုဖြစ်သည်။ ယခုပိုစ်ထွက်လာပြီးနောက် သူ့ရဲ့ရမှတ်ကို ခန့်မှန်းနေကြသည်။ သုည မှ နှစ်ဆယ်အထိ ရှိသမျှ နံပါတ်အားလုံးကို ခန့်မှန်းနေကြသည်။


သူတို့ မဲစစ်တမ်းကောက်ယူသော ဘားလိုင်း‌တောင် ပြုလုပ်ထားကြသည်။ ၀ မှ ၁၀ မှတ်အတွင်း မဲပေးထားသောသူများက ၉၅%ရှိသည်။


အခန်း၇ကျောင်းသားများစား စားပွဲများစားနေရင်း ဖိုရမ်ကိုတွေ့သွားသည်။ တော်တော်များများက အတန်ကြာအောင် ဆွေးနွေးနေကြပေမယ့် ကျင်းစစ်အား အသိမပေးကြချေ။


‌ပုံမှန်စာမေးပွဲနှင့် ပြိုင်ပွဲအကြောင်းကို ရိပ်မိသော သူများတောင်မှ ကျင်းစစ်အား အသိပေးကာ ဖိအားမပေးဘဲ လျှို့ဝှက်ထားသည်။ သူတို့အခန်းတွင် အမှန်တကယ်သင်ကြားနိုင်သောသူရှိနေပြီဖြစ်သည့်အတွက် သူတို့ဂရုစိုက်ပေးကြသည်။


သူတို့အချင်းချင်းဆွေးနွေးပြီးနောက် မည်သူမှ ထိုသတင်းကို ပါးစပ်မှလွတ်မထွက်သွားစေရန် အချင်းချင်းသတိပေးလိုက်ကြ၏။


မူလခန္ဓာကိုယ်က ယင်းကျောင်းကိစ္စနှင့်ပတ်သက်ပြီး အခန်းဂရုချက်မှ ထုတ်ခံထားရပြီး ကျင်းစစ် ယခုအချိန်ဖြတ်သန်းပြီးနောက်တွင် ပြန်၍အပ်ရန်မေ့လျော့နေကြသည်။


ယင်းကျောင်းက ကြက်တောင်ပံကိုစားပြီးသည့်နောက် ဖုန်းပွင့်နေသဖြင့် တစ်ချက်ငုံ့ကြည့်လိုက်သည်။ ဖိုရမ်ကိုတွေ့ပြီးသည့်နောက် သူပြုံးကာ ဖုန်းကိုပိတ်လိုက်သည်။


ယင်းကျောင်း၏ဧည့်ခံမှုကို စားသောက်ပြီးကြပြီးနောက် ထူးဆန်းစွာနှင့် ကျောင်းတွင်းအနိုင်ကျင့်သူက ကြောက်စရာမကောင်းကြောင်း တွေ့ရှိသွားရသည်။


'အစားအပေါ်သစ္စာရှိသူတွေတစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှအကြောင်းပြချက်မရှိဘဲ မထိခိုက်ရဘူးလေ...'


ယင်းကျောင်းက ကျေးဇူးအတင်ခံနေရပြီး လက်ဝှေ့ယမ်းပြခြင်းများခံနေရသည်။


အတန်းပြီးသွားသောအခါ ကျောင်းသားများက ကဖေးဆီသို့ စားသောက်ရန်သွားကြသည့်အချိန် ယင်းကျောင်းက ကျင်းစစ်နှင့်အတူ ကျောင်းဂိတ်ဝဆီသို့ လျှောက်သွားနေသည်။


စီရင်စုက နေ့ကျောင်းတက်သောသူများကိုပင် အိမ်သို့ပြန်ကာ ည‌နေစာမစားရန် သဘာတူမှုရယူထားသည်။ ထို့ကြောင့် ကျောင်းဂိတ်ဝတွင် လူများရှင်းလင်းကာ တိတ်ဆိတ်နေသည်။


ဂိတ်အစောင့်က ဂိတ်ဝအဆောင်ကလေးတွင် တစ်ခုခုကိုနားထောင်ရင်း ခေါင်းတညိတ်ညိတ်လုပ်နေသည်။


ယင်းကျောင်းက ကျင်းစစ်ကို အပြင်မှာခဏစောင့်ခိုင်းထားပြီး တံခါးကိုခေါက်ကာ အထဲသို့ဝင်သွား၏။ 


သူတို့၂ယောက်စကားတွေပြောရင်း ယင်းကျောင်းက စီးကရက်တစ်ဗူးကိုထုတ်ပေးလိုက်သည်။ ထိုသူက ပထမတွင် ငြင်းနေသေးသော်လည်း ယူလိုက်ပြီး ပြုံးကာပြောသည်။


"မင်းတို့ကလေးတွေကတော့ ငါ့ကိုအလုပ်ပြုတ်စေတော့မှာပဲ...ကဲကဲ မြန်မြန်သွားပြီး ဖုန့်မောင် မရောက်ခင် စောစောပြန်လာ..."


"ဟုတ်ကဲ့...ကျေးဇူး..."


ယင်းကျောင်းက ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် စက်ဘီးကိုယူကာ အနောက်ထိုင်ခုံကို ပုတ်ပြလိုက်သည်။


"အတန်းဖော်လေး...ထိုင်..."


ကျင်းစစ်က ဘယ်ဖက်လက်နှင့် ပလတ်စတစ်အိတ်ကိုကိုင်ကာ ထိုင်လိုက်ပြီး မေးမိ၏။


"ဝေးလား..."


"အရမ်းမဝေးပါဘူး..."


ယင်းကျောင်းက အရှိန်မြှင့်ကာ မောင်းလိုက်သည်။


"ကိုယ်မြန်မြန်နင်းပါ့မယ်...မင်းနောက်ကျနေမှာစိုးလို့..."


ယင်းကျောင်းက သူ့ကိုမလိမ်ခဲ့ပေ။ အမှတ်တကယ် မဝေးချေ။


သို့သော် သူတို့သွားခဲ့သည်က ရေချိုးခန်းမဟုတ်ဘဲ တိုက်ခန်းအဆောက်အဦးဖြစ်နေသည်။


"ဘယ်နေရာလဲ..."


ကျင်းစစ်က ယင်းကျောင်း စက်ဘီးကိုသော့ခတ်နေသည်ကိုကြည့်ရင်း အံ့ဩစွာမေးလိုက်သည်။


"ငါတို့ ရေချိုးဖို့ ရေချိုးခန်းဆီ လာတာမဟုတ်လား..."


"မဟုတ်ဘူး..."


ယင်းကျောင်းက ဓါတ်လှေကားကို အပေါ်သို့သွားရန် နှိပ်လိုက်ပြီး ပြောလိုက်သည်။


"ရေချိုးခန်းမဟုတ်ဘူး...ကိုယ့်အိမ်..."


"ဟင့်အင်း..."


ကျင်းစစ် မျက်မှောင်ကြုပ်လိုက်ကာ နောက်ဆုတ်ရင်းငြင်းလိုက်သည်။


"ငါ ‌အများသုံးရေချိုးခန်းဆီပဲသွားမယ်..."


"အများသုံးရေချိုးခန်းဆီ သွားမယ်...ဟုတ်လား"


ဓါတ်လှေကားတံခါးက ပွင့်လာသောအခါ ယင်းကျောင်းက ကျင်းစစ်ကို ဓါတ်လှေကားအတွင်းသို့ဆွဲသွင်းလိုက်ပြီး အထပ်၂၂ကို နှိပ်လိုက်သည်။


"အဲ့မှာကက လူများတယ်...ညစ်ပက်တယ်...မလွတ်လပ်ဘူး...ကျောင်းနဲ့နီးတဲ့ကိုယ့်အိမ်မှာလည်း ရေချိုးသန့်စင်လို့ရပါတယ်..."


ကျင်းစစ်အလွန်အဆင်မပြေမည်စိုးသဖြင့် ခေတ္တခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။


"စိတ်မပူပါနဲ့...ဘယ်သူမှမရှိဘူး...ကိုယ်တစ်ယောက်တည်းနေတာ..."


ကျင်းစစ် အနည်းငယ်အံ့ဩသွားသည်။


'ယင်းကျောင်းက တစ်ယောက်တည်းနေတယ်လား...သူ့မိဘတွေကရော..."


ဝတ္ထုဟာ အဓိကဇာတ်ဆောင်၏ရှုထောင့်မှ ရေးထားခြင်းဖြစ်သည်။ ပထမအစောဆုံးတွင် သူ့အလုပ်အပေါ်တွင် သူအာရုံစိုက်နေခဲ့သည်။ ယင်းကျောင်းက အခြားဇာတ်‌ဆောင်တစ်ယောက်အနေနှင့် အနည်းငယ်သာ ပါဝင်ထားပြီး ပြဿနာရှာသူအဖြစ်သာရေးထားကာ အတွင်းကျကျမဖော်ပြထားချေ။


ထို့ကြောင့် သူ့မိဘအကြောင်းကို ကျင်းစစ် သေချာမသိရသေးပေ။


သူအရမ်းမတောင်းဆိုလိုပေ။ မဖြစ်သင့်သောအရာများစီသို့ မတော်တဆရောက်သွားမည်ကို သူစိုးရိမ်သည်။ ယင်းကျောင်းအနောက်သို့ ခေါင်းညိတ်ကာ လိုက်သွားလိုက်သည်။


ယင်းကျောင်း၏တစ်ယောက်ခန်းတိုက်ခန်းက အတော်အတန်ကျယ်ပြီး အိပ်ခန်းတစ်ခန်းရှိသည်။


ဘီဒို၊ မီးဖိုချောင်၊ အိမ်သာနှင့် ရေချိုးခန်း အကုန်စုံလင်သည်။ ယင်းကျောင်းက ရေခဲသေတ္တာအတွင်းမှ ရေသန့်၂ဗူးယူကာ တစ်ဗူးကို ကျင်းစစ်အား ကမ်းပေးလိုက်၏။


"ရော့...ရေအရင်သောက်လိုက်..."


ကျင်းစစ်က လှမ်းယူလိုက်ပြီး အဖုံးဖွင့်ကာ ရေ၂ငုံသောက်လိုက်သည်။


"သွား..."


ယင်းကျောင်းက ကျင်းစစ်ပါးစပ်မှ စီးကျနေသော ရေစက်များကို လက်ဖြင့်သုတ်ပေးလိုက်ကာ ရေချိုးခန်းဆီသို့ ညွှန်ပြလိုက်သည်။


"တွေ့လား အဲ့ဒီမှာ...ဘယ်ကရေပူ...ညာကရေအေး...ချိုးတော့မယ်ဆို ရေအရင်ပေးကျလိုက်ဦး...ရေအေးက အရင်ကျတာ..."


"ရေချိုးဇလုံ သုံးချင်လဲသုံး...ဇလုံကသန့်တယ်..."


ယင်းကျောင်းက လက်ညိုးထိုးကာပြလိုက်သည်။


"ခေါင်းလျှော်ရည် ရေချိုးဆပ်ပြာ...အကုန်ရှိတယ်...စိတ်ကြိုက်သုံး..."


ကျင်းစစ်က သူ့ပလတ်စတစ်အိတ်ကို ဘောင်ပေါ်တွင်တင်လိုက်ပြီး ယင်းကျောင်းအား ရှက်သွေးဖြာရင်းပြောလိုက်သည်။


"ကျေးဇူး...ငါ့ဟာငါယူလာပါတယ်..."


ယင်းကျောင်းက ရယ်ချင်ပက်ကျိဖြင့် ပြောလိုက်သည်။


"ဘာဖြစ်လို့လဲ...ကိုယ်က မင်းကို ကိုယ့်အိမ်ဆီလာစေချင်တာလေ..."


သူက ကျင်းစစ်အား တိုးတိုးဖွဖွလေးပြောလိုက်သည်။


"မင်းမှာ အတွင်းခံအပိုပါလား...မပါလာရင် ကိုယ့်ဆီမှာ အသစ်ရှိတယ်..."


ကျင်းစစ်က ခေါင်းငုံ့ကာ ပြောလိုက်သည်။


"ငါ...ငါအကုန်ယူလာတယ်..."


ယင်းကျောင်းက ပြုံးဖြီးစွာပြောလိုက်သည်။


"အင်းပါ...ကိုယ့် ဆိုဒ်ကလည်း မင်းထပ် ကြီးရင်ကြီးနေမှာ...မင်းအဆင်မပြေဘဲနေလိမ့်မယ်..."


သူ ရေချိုးခန်းအတွင်း အရာရာကို လှည့်ပက်ကြည့်လိုက်ပြီး ပြောစရာမလိုအောင် အဆင်ပြေတော့မှ ခြေထောက်မကာ ရေချိုးခန်းအတွင်းမှ ထွက်လိုက်ပြီးပြောလိုက်သည်။


"အိုကေ...မင်းချိုးရင်ချိုးတော့..."


ကျင်းစစ်က ခေါင်းညိတ်ပြကာ တံခါးပိတ်လိုက်မည်ပြုချိန်တွင် ယင်းကျောင်းက တံခါးဝအား ကိုင်ကာထိန်းလိုက်သည်။


သူခေါင်းငုံ့ကာ ကျင်းစစ်ကိုကြည့်ပြီး နူးညံ့စွာ တိုးတိုးလေးပြောလိုက်သည်။


"အတန်းဖော်လေးရဲ့ နောက်ကျောကို ကိုယ် ကူတိုက်ပေးရဦးမလား..."


____


စာရေးသူမှာ ပြောစရာရှိတယ်~


အပိုင်းတို  :


ယင်းကျောင်း : "နောက်တာပါ...ဝူဝေ့ချန်းကတောင် တိုက်ပေးနိုင်သေးတာပဲ...ကိုယ်ကရော ဘာလို့မတိုက်ပေးနိုင်ရမှာလဲ..."


ယင်းကျောင်းအတွင်းစိတ် : သူငါ့အိမ်လာတယ်...ငါကျေနပ်တယ်...ဟီးဟီး...


_____


Translated By IQ-Team.