အပိုင်း၃၃
Viewers 14k

Chapter 33

Chapter 33


-----------------------


"မလိုပါဘူး..."


ကျင်းစစ်က အသက်ရှုသံများမြန်နေသည်။ သူ တံခါးလက်ကိုင်ဖုကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး အလေးအနက်ပြောလိုက်သည်။


"မလိုဘူး..."


ယင်းကျောင်းက မျက်ခုံးများပင့်သွားသည်။


"ဘာလို့လဲ..."


သူက တံခါး၀မှာပဲရှိနေရင်း ကျင်းစစ်အား ကြည့်နေသည်။


"မင်း ဝူဝေ့ချန်းနဲ့ အချင်းချင်းနောက်ကျောတိုက်ပေးချင်ခဲ့တယ်မဟုတ်လား...ဘာလို့ကိုယ်ကကြတော့ မင်းနဲ့မလုပ်နိုင်ရတာလဲ..."


သူဘာတွေဖြစ်နေမိလဲ ကျင်းစစ်မသိတော့ပေ။


ဝူဝေ့ချန်းနှင့်ပြောဆိုတုန်းက သာမန်အတိုင်း သောက်ကြ စားကြပုံစံအဖြစ်ပြောလိုက်ခြင်းဖြစ်သည်။ ယင်းကျောင်းနှင့်ဆိုလျှင်တော့ ထိုအကြောင်းကိုတွေးမိလိုက်လျှင်ပင် သူရှက်သလိုခံစားမိသည်။


"ငါ..."


သူက အသံတုန်ခါနေသည်။


"မင်းရေမှမချိုး..."


ယင်းကျောင်းက ချက်ချင်းပင် ပြောလိုက်သည်။


"ဒါဆို ကိုယ်အဝတ်တွေချွတ်ပြီး မင်းနဲ့ရေအတူတူချိုးမယ်..."


ကျင်းစစ်၏မျက်နှာ သွေးရောင်ဖြန်းသွားသည်။


ယင်းကျောင်းကမြင်လိုက်သည်နှင့် အပြုံးများမှာပိုမိုနက်ရှိုင်းသွားတော့သည်။ သူ့လက်များကိုမြှောက်ပြီး ကျင်းစစ်၏မျက်နှာကို ညှစ်လိုက်ပြီးကာမှ အနောက်ဆုတ်ကာ လက်လွှတ်လိုက်သည်။


"အိုကေ...မင်းကိုထပ်မစတော့ဘူး...ချိုးတော့..."


သူ့မျက်နှာအား ညှစ်လိုက်တာကို သူဂရုမစိုက်နိုင်ဘဲ အရင်ဆုံး စိတ်လျော့ကာအသက်ရှုနိုင်သွားသည်။ ထို့နောက် တံခါးကို အမြန်ပိတ်လိုက်သည်။


ယင်းကျောင်းက ပိတ်ထားသောရေချိုးခန်းတံခါးကို လှည့်ကြည့်ပြီးနောက် ထွက်သွားကာ ဆိုဖာပေါ်တွင် ထိုင်နေလိုက်၏။


သူတို့၂ယောက် အတန်းပြီးသည်နှင့်ထွက်လာခဲ့ပြီး ဘာမှမစားရသေးပေ။ ယင်းကျောင်းက သူ့ဖုန်းကိုသုံးကာ ပါဆယ်ယူနိုင်သည့် ဆိုင်များကိုကြည့်နေသည်။


ရေချိုးခန်းထဲတွင် ကျင်းစစ်က ရေစချိုးရန်ပြင်ဆင်နေပြီးနောက် ရေကျသံများကြားလိုက်ရသည်။


ယင်းကျောင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး ရေချိုးခန်းနှင့်ဝေးရာ ဆိုဖာထောင့်စွန်းဆီသို့ ပြောင်းထိုင်လိုက်ကာ ဖုန်းကိုဆက်ကြည့်နေသည်။


သို့သော် ရေသံများက သူနားမထောင်ချင်တောင်မှ သူ့နားထဲသို့ တမင်တကာ ဆန့်ကျင်ရင်း ဆီးဝင်လာသည်။


ယင်းကျောင်းက ဖုန်းကိုကြည့်နေသော်လည်း သူ၏အာရုံစိုက်မှုများက ပျောက်ဆုံးလာသည်။


သူ့အတွေးထဲမှ မြင်းရိုင်းများက တောတွင်းထဲတွင် ကတုန်ဆိုင်းပြေးလွှားနေသည်။ ခဏတာအတွင်း ကျင်းစစ်‌ရေချိုးနေသောနေရာနှင့် သူချိုးနေကျနေရာတွင် ရှိနေသော ကျင်းစစ်အကြောင်းကို တွေးမိကာ သူ့နားရွက်များက နီရဲလာသည်။


ယင်းကျောင်းက ချောင်းဟန့်လိုက်ပြီး ရီမုဒ်ကိုယူကာ TVကိုဖွင့်လိုက်ပြီး အသံမြင့်လိုက်သည်။


နာမည်ကြီးသီချင်းတစ်ပုဒ်က TVတွင်လာနေသည်။


"လောင်ကျွမ်းနေပြီ..."


ယင်းကျောင်းသည်လည်း လောင်ကျွမ်းတော့မည်ဟု ခံစားနေရသည်။


သူ့ဘောင်းဘီဆီသို့ ကြည့်လိုက်မိပြီးနောက် အသံတိုးတိုးနှင့် ဆဲဆိုလိုက်မိသည်။ စောစောကထုတ်ထားသော ရေဗူးကိုယူလိုက်ပြီး သူ့မျက်နှာအပေါ် လောင်းချလိုက်မိ၏။


"ဟစ်..."


သူရုတ်တရက် တုန်ခါလာသည်။ သူ့နှလုံးသားထဲမှ အပူဓါတ်က မကျသွားဘဲ ပို၍စိတ်ပြင်းထန်လာကာ ဂနာမငြိမ်ဖြစ်လာသည်။


"ဖာ့ခ်..."


ယင်းကျောင်းက ရေသန့်ဗူးကိုကြုံရာလွှတ်ပစ်လိုက်ပြီးနောက်ပြတင်းပေါက်ဆီသို့လျှောက်သွားကာ ဖွင့်လိုက်သည်။


ဆေးလိပ်တစ်လိပ်ကိုမီးညှိလိုက်ပြီး တိုးဝင်လာသော လေပြေကို မျက်နှာချင်းဆိုင်ကာ ရပ်နေလိုက်သည်။ ဆေးလိပ်ကုန်ကာနီးသော်လည်း သူပို၍အဆင်မပြေလာပေ။


သူ ဆေးလိပ်ကိုပြာခွက်ထဲ ထည့်လိုက်ပြီး ဖုန်းကိုချလိုက်ကာ ပြတင်းပေါက်ပိတ်လိုက်သည်။


ရေကျသံကို ဆက်ပြီးကြားနေရဆဲဖြစ်ပြီး ယင်းကသူ့စိတ်ကိုပိုဆွပေးနေသည်။ ယင်းကျောင်းက ဟင်း ချကာ ဖုန်းကိုဆိုဖာပေါ်သို့ ပြစ်တင်လိုက်သည်။ ထို့နောက် ရေချိုးခန်းဆီသွားကာ တံခါးခေါက်လိုက်၏။


အတွင်းမှ ရေကျသံက ရုတ်တရက်ရပ်သွားပြီး ကျင်းစစ်၏ဟိန်းနေသောအသံကို ကြားလိုက်ရသည်။


"တစ်ခုခုဖြစ်လို့လား..."


"အင်း..."


ယင်းကျောင်းက နံရံပေါ်မှီလိုက်ပြီး ပြောလိုက်သည်။ သူ့အသံက အနည်းငယ်လေးတိလေးကန်ပုံပေါ်နေသည်။


"ကိုယ် ပါဆယ်မှာမလို့...အဲ့ဒါ မင်း သိုးသားစားလား မေးမလို့..."


"စားမယ်လေ..."


ကျင်းစစ်က မျက်နှာမှရေများကို သုတ်လိုက်ပြီးပြောလိုက်သည်။


"ငါက အစားမရွေးဘူး...ဘာစားစားဖြစ်တယ်..."


"အဲ့ဒီမှာ အထူးပါဆယ်ရှိတယ်..."


ယင်းကျောင်းက ခန္ဓာကိုယ်အပူချိန်ကို မှုတ်ထုတ်လိုက်ပြီး ဘာမှမဖြစ်သလိုပုံစံနှင့် ပြောလိုက်သည်။


"တံခါးဖွင့်လိုက်...ကိုယ်ဖုန်းလှမ်းထိုးပေးမယ်...မင်းဟာမင်းကြည့်လိုက်..."


ကျင်းစစ် သည်းသွားကာ ချက်ချင်းပြန်ပြောလိုက်သည်။


"ရတယ်...မင်းမှာတာပဲစားမယ်..."


"တကယ်လား..."


"တကယ်...တကယ်..."


ကျင်းစစ်က သူသည်းမခံနိုင်ဘဲ တံခါးဖွင့်လာမည်စိုးသဖြင့် တကယ်ဆိုသည်ကို ၂ကြိမ်ထပ်ကာ‌ ပြောလိုက်ရသည်။


ကျင်းစစ်က တစ်ခြားသူတစ်ယောက်၏အိမ်တွင် မယဉ်ကျေးမည်စိုးသဖြင့် လော့ချမထားပေ။


"အိုကေ..."


ယင်းကျောင်းက ပြုံးလိုက်သည်။


"သိပြီ...မင်း ရေဆက်ချိုးတော့..."


ကျင်းစစ်ကို စနောက်ပြီးသွားမှ သူ့စိတ်အဆင်ပြေသွားသည်။ သူ နောက်ထပ်ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ လက်ထဲတွင်ကိုင်ထားသည်။ သို့သော် ကျင်းစစ်ထွက်လာသည်နှင့်တိုးမည်စိုးသဖြင့် မီးညှိကာနီးတွင် မညှိတော့ဘဲ မီးခြစ်ကို ပြစ်ထုတ်လိုက်သည်။


ယင်းကျောင်း၏ရေချိုးခန်းက အတော်ကောင်းမွန်သည်။ ရေပူရေအေးက အလိုအလျောက်စနစ်ဖြင့်ဖြစ်ပြီး ရေကျနှုန်းကလဲ ကြီးမားပြီးကောင်းမွန်သည်။ အပြင်တွင် တစ်ယောက်ယောက်မရှိခဲ့လျှင် ကျင်းစစ်အတွက် ရေချိုးလို့အလွန်ကောင်းမည်ဖြစ်၏။


သူ သင်္ချာအတန်းကို လွတ်သွားမည်စိုးသဖြင့် ရေချိုးချိန်ကို အကြာကြီးမယူလိုက်ပေ။ ထို့အပြင် အခန်းအပြင်တွင် ယင်းကျောင်းရှိနေသည်ဆိုသည့်အသိက သူနေရသည်မှာ သက်တောင့်သက်သာမရှိပေ။ ထို့နောက် ခေါင်းလျှော်ရည်ကို ယူ၍ ခေါင်းပေါ်မတင်ခင် လက်တွင်ပွတ်လိုက်သည်။


သူအသေအချာကြည့်လိုက်သောအခါ သူ ရုတ်တရက်ရပ်သွားသည်။


အပေါ်တွင်တင်ထားသော ခေါင်းလျှော်ရည်ဗူးက သူလက်ထဲတွင် ရှိနေသောဗူးနှင့် တစ်ပုံစံတည်းဖြစ်နေသည်။ အပြာ‌ရောင်ခေါင်းလျှော်ရည်က ဗူးလေးထဲမှ ယိုကျနေတုန်းရှိနေသေးသည်။


ကျင်းစစ်ရဲ့ နှုတ်ခမ်းတို့တွန့်ကွေးသွားကာ တစ်ဖက်ကိုလှည့်လိုက်ပြီးနောက် ယင်းကျောင်းပြောခဲ့ဖူးသည်ကို သတိရသွား၏။


"ကိုယ်တို့ရဲ့ ရနံ့တွေက အတူတူဖြစ်နေရမှာပေါ့..."


သူ့ရဲ့ပါးများ ပူရှိန်းသွားသည်။


နာရီဝက်ကျော်ကြာပြီးနောက် ကျင်းစစ်က သေချာရေချိုးပြီးပြီဖြစ်၍ စိုနေသောရေစက်များကို အသေအချာသုတ်ပြီး အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။ အဝတ်အဟောင်းများကိုတော့ ပလတ်စတစ်အိတ်ထဲသို့ ထည့်လိုက်သည်။


ယင်းကျောင်း၏ရေချိုးခန်းထောင့်များတွင် ရေငွေ့ဖယ်ရှားသောစက် တပ်ထားသည်။ ထို့ကြောင့် ရေများစိုနေသည့် ကြမ်းပြင်မှလွဲ၍ အခန်းအတွင်းတွင် ရေငွေ့ပျံနေခြင်းမရှိပေ။


ကျင်းစစ်က ရေဆေးဝတ်တစ်ခုကိုတွေ့ပြီး ကြမ်းပြင်ကို တဖြည်းဖြည်းချင်း‌ ရေသုတ်နေလိုက်သည်။


ရေကျသံပိတ်သွားသည်ကို ယင်းကျောင်းသတိထားမိသည့်အပြင် သူမထွက်လာသေးပေ။ သူအတက်နိုင်ဆုံး သည်းခံရင်း ပြန်လျှောက်သွားကာ တံခါးခေါက်လိုက်၏။


"ငါပြီးတော့မယ်..."


ကျင်းစစ်က ပြန်အော်ပြောလိုက်ပြီး ကြမ်းပြင်ကိုသုတ်နေလိုက်သည်။


သူ့အသံကိုကြားလိုက်ရသည်က တစ်ခုခုမှားယွင်းနေသည်။ ယင်းကျောင်းက မျက်ခုံးများတွန့်ခေါက်သွားပြီး ဆက်မေးလိုက်သည်။


"မင်းဘာလုပ်နေတာလဲ...ငါဝင်လာပြီ..."


ကျင်းစစ်က စက္ကန့်ခဏလေးအတွင်း မတုံ့ပြန်သည့်အတွက် သူတံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေတဲ့ ကျင်းစစ်ကို တွေ့လိုက်ရသည်။


ကျင်းစစ်က ခေါင်းမော့ကာ ပြုံးပြလိုက်သည်။


"ခြောက်တော့မှာပါ..."


"မင်း..."


ယင်းကျောင်းက စကားများဆွံ့အ သွားကာ မေးခွန်းမေးလိုသည့်အကြည့်နှင့်ကြည့်လိုက်သည်။


"မင်း သန့်ရှင်းနေစရာမလိုဘူးလေ...မနက်ဖြန်ဆို အန်တီကြီးလာမှာ..."


ကျင်းစစ်က ခေါင်းထပ်မမော့တော့ဘဲ နောက်ဆုံးကျန်နေသည့် ကြွေပြားကိုသုတ်နေသည်။


"ဒါက လွယ်ပါတယ်..."


ယင်းကျောင်းက ရေချိုးခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ရှိသမျှပစ္စည်းများကို လှန်လှောကြည့်လိုက်သည်။ ဗူးတွေ သန့်ရှန်းနေသည့်အပြင် ဘောင်တွေ၊ လက်တန်းတွေအထိ သန့်ရှင်းနေသည်။ ကြမ်းပြင်တွင်ဆိုလျှင် ရေစက်များပင်မရှိပေ။ 


ယင်းကျောင်း၏နှလုံးသားက ပြင်းထန်စွာခုန်နေသည်။ သူ့ရင်ဖက်က ပိတ်လှောင်နေပြီး ပြောစရာစကားများ ထွက်မလာပေ။


ကျင်းစစ်၏ရိုသေကျိုးနွံတတ်ခြင်းက လူတွေကိုနာကျင်စေသည်။


သူ့အိမ်တွင် ရေချိုးရန်လာသောအခါ သူတစ်ခုခုပြဿနာကြုံရမည်စိုးသဖြင့် သူ့ရေချိုးခန်းကို သန့်ရှင်းပေးသည်။ 


မည်သူမှ ယခုလောက် အသိတရားရှိမည်မဟုတ်။ အလိုလိုက်ခံပြီး ကြီးပျင်းလာခဲ့ရသော ကလေးများသည် မရိုးမဖြောင့်ဖြစ်မည်ဖြစ်သည်။ သို့သော် ကျင်းစစ်နှင့်ယှဉ်လျှင် ယင်းကျောင်းက ယခုကဲ့သို့ စောင့်ထိန်းရမှန်းမသိခဲ့ပေ။


သူက သန်မာပြီး စာကြိုးစားသည်။ သူက သိတတ်နားလည်ပြီး အလိုက်သတင့်နေတတ်သည်။ မြက်ပင်များကဲ့သို့ မိုးရွာရွာ လေတိုက်တိုက် အမြဲရှန်သန်အောင်ကြိုးစား၏။


နေရောင်ခြည်မရရှိသည်ဖြစ်စေ မိုးရည်များမရရှိသည်ဖြစ်စေ မြေဆီလွှာမရရှိသည်ဖြစ်စေ သူ့အတွက်အရေးမကြီးပေ။ သူတစ်ပါးအပေါ်တွင် မမှီခိုဘဲ သူလုပ်နိုင်သည့်အရာများကို တစ်ခုချင်းစီလုပ်ရင် သူ့ခြေထောက်အပေါ် တိုးတိုးလေးရပ်တည်နေတတ်သူမျိုးဖြစ်သည်။


ယင်းကျောင်းက အထဲသို့ဝင်သွားလိုက်ပြီး ကျင်းစစ်ကို ဆွဲထူလိုက်သည်။


မမျှော်လင့်ထားသဖြင့် ကျင်းစစ်က ကြောင်သွားကာ မေးလိုက်သည်။


"ဘာလို့လဲ..."


ယင်းကျောင်းက မျက်စိများမှိတ်ကာ သူ့ကိုယ်သူ စိတ်ထိန်းရင်းပြောလိုက်သည်။


"မင်း သုတ်စရာမလိုဘူး..."


"ရပါတယ်..."


ကျင်းစစ်က အောက်ကိုငုံ့ကြည့်ရင်း‌ပြောလိုက်သည်။


"တစ်လိုင်းပဲကျန်တော့တာ...ခဏနေဆိုပြီး..."


သူ့စကားမဆုံးသေးခင်မှာပင် သူ့လက်ထဲမှ အဝတ်အား ယင်းကျောင်းက ပုတ်ချလိုက်သည်။


"ဟုတ်တယ်..."


ယင်းကျောင်းက ကောက်ထိုင်လိုက်သည်။ ‌ကျန်နေသေးသော ကြွေပြားလိုင်းကို ထိုးပြရင်း တခွီခွီရယ်ရင်းပြောသည်။


"ကိုယ်ရှိတယ်လေ...မင်းဘာလို့ဒီလိုပင်ပန်းတာတွေလုပ်နေရတာလဲ..."


ထိုသို့ပြောပြီးသွားသောအခါ သူက ခေါင်းကိုငုံ့ရင်း အဝတ်ကိုကိုင်ကာ စတင်သုတ်တော့သည်။


သူ့လှုပ်ရှားမှုတွေက ဟိုကိုသုတ်လိုက် ဒီကိုသုတ်လိုက်နှင့် ပရမ်းပတာဖြစ်နေသည်။ ယခုလိုမျိုး သူတစ်ခါမှမလုပ်ဖူးသည့်အတိုင်း ဖြစ်သည်။


ကျင်းစစ်က သူ့ကိုကြောင်ကြည့်နေပြီးမှ စက္ကန့်ခဏကြာသောအခါ ဖြည်းဖြည်းချင်းပြောလိုက်သည်။


"သန့်နေပါပြီ..."


ယင်းကျောင်းက လေများမှုတ်ထုတ်လိုက်ပြီး မတ်တတ်ရပ်ကာ အဝတ်ကိုပြစ်ထုတ်လိုက်သည်။ ထိုကိစ္စကို ထားလိုက်တော့မည်ဟု စဉ်းစားလိုက်မိစဉ်တွင် ကျင်းစစ်၏ စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ (OCD)ကို ရုတ်တရက်သတိရလိုက်သည်။


သူ့ဦးနှောက်က မစဉ်းစားမိချိန်မှာပင် သူ့လက်များက အလိုအလျောက်တုံ့ပြန်တတ်သည်။


သူ အဝတ်ကိုရေဖြင့် အသေအချာဆေးကာ လေးထောက်ကျကျခေါက်လိုက်ပြီး ဘောင်ပေါ်တွင်တင်လိုက်သည်။


"ဒီကိုလာ..."


သူ ကျင်းစစ်ကို လက်ယပ်ခေါ်လိုက်ပြီး ရေဖွင့်ချလိုက်သည်။


"လက်ဆေးပြီးရင် စားကြမယ်..."


ယင်းကျောင်းဖွင့်လိုက်သော ရေအားကများနေသဖြင့် ဘေစင်တစ်ဝိုက် ရေစက်များစင်ကုန်သည်။


ကျင်းစစ်က အနောက်တစ်ချက်ဆုတ်လိုက်ပြီး ရေပိတ်လိုက်သည်။


ယင်းကျောင်းက ကြောင်အမ်းစွာဖြင့် သူ့ကိုကြည့်လိုက်၏။


"ဘာဖြစ်လို့လဲ..."


ကျင်းစစ်က စကားမပြောပေ။


သူခေါင်းကို အောက်ငုံ့ကာ အဝတ်ကိုမထိထားသော ဘယ်ဖက်လက်၏ကျောင်းယူနီဖောင်းကို လက်တံတောင်ဆစ်အထိ အချိုးကျစွာ ခေါက်တင်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။


ယင်းကျောင်းက ရယ်မော၍ သူသည်လည်း အင်္ကျီလက်ကို ခေါက်ရန်ပြင်လိုက်စဉ် ဖြူစင်သွယ်လျသော လက်တစ်ဖက်က သူ့အနားရောက်လာသည်။


ယင်းကျောင်း ရပ်တန့်သွားသည်။


ကျင်းစစ်က ဘာမှမပြောဘဲ တိုးတိတ်နေဆဲဖြစ်ပြီး ယင်းကျောင်း၏အင်္ကျီလက်ကို စနစ်ကျကျ အပေါ်သို့ ခေါက်တင်သွားသည်။


သူတို့၂ယောက် ရေချိုးခန်းထဲမှ ထွက်လာသောအခါ ပါဆယ်ထုပ်များက ရောက်လာချေပြီ။


ယင်းကျောင်းက အထူးတလည် မှာမထားပေ။ သိုးသားဖက်ထုပ်၂ပွဲ၊ အသီးအရွက်စုံစလပ်၁ပွဲနှင့်  သိုးသားကင်၂ချောင်းကိုသာ မှာယူခဲ့သည်။


တစ်နေ့ခင်းလုံး အတန်းတက်ခဲ့ပြီးနောက် သူတို့၂ဦး အလွန်ဆာလောင်မွတ်သိပ်နေသည်။ စားပွဲများကိုစားပြီးသွားသောအခါ ယင်းကျောင်းက နာရီကိုကြည့်လိုက်ကာ သော့ကိုဆွဲယူပြီး ပြောလိုက်၏။


"ကျောင်းဆီပြန်ရအောင်..."


ကျင်းစစ်က နောက်ဆုံးပါဆယ်ဗူးကို အိတ်အတွင်းသို့ထည့်ပြီးနောက် ခေါင်းညိတ်ပြကာပြောလိုက်သည်။


"အိုကေ..."


သူက ပါဆယ်အိတ်ကို လက်တစ်ဖက်တွင်ကိုင်ကာ နောက်တစ်ဖက်တွင် သူအဝတ်ဟောင်းများကို ကိုင်ပြီး အပြင်ထွက်ရန်ပြင်လိုက်သည်။


"နေဦး..."


ယင်းကျောင်းက သူ့ကော်လံကို ညှစ်ကိုင်လိုက်ပြီး အနောက်သို့ပြန်ဆွဲလိုက်သည်။


"အဝတ်ဟောင်းတွေကို ထားခဲ့လိုက်...မနက်ဖြန် အန်တီကြီးလာမှာ...မင်းကိုယ်တိုင် မလျှော်ရတော့ဘူးပေါ့...လျှော်ပြီးလို့ ခြောက်သွားရင် မင်းကိုပြန်ပေးမယ်..."


"ဟင့်အင်း..."


ကျင်းစစ်က ငြင်းဆန်လိုက်သည်။


"ငါ့ဟာငါလျှော်လို့ရပါတယ်..."


ယင်းကျောင်းက သူ့စကားကိုနားမထောင်ဘဲ သူ့ဂုတ်ကိုကိုင်ထိန်းထားရင်း ပလတ်စတစ်အိတ်ကို ဖမ်းဆွဲကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။


"သွား..."


"နေဦး..."


ကျင်းစစ်က ဒယိမ်းဒယိုင်ဖြစ်နေသည်။


ယင်းကျောင်းက စိတ်မရှည်သံပြုပြီး တံခါးကို လက်တစ်ဖက်နှင့်ဖွင့် ကျင်းစစ်အားအပြင်သို့ တွန်းထုတ်လိုက်သည်။


"မင်းဘာလို့စကားနားမထောင်ရတာလဲ..."


"ငါ..."


ကျင်းစစ်က ပါးများနီမြန်းကာ ခေါင်းကိုတစ်ဖက်သို့လှည့်ရင်း တိုးတိုးလေးပြောလိုက်သည်။


"ငါ...ငါ့အတွင်းခံ..."


"အဟွတ်..."


ဤတစ်ကြိမ် ယင်းကျောင်း သီးသွားရသည်။ သူ ထင်မှတ်ထားသောအကြောင်းအရာမဟုတ်သဖြင့် သူ့ပါးများလည်း နီမြန်းကာ ပူနွေးသွားသည်။


သူ ကျင်းစစ်ကို လွှတ်ပေးလိုက်သည်။


"မင်း...မင်းအတွင်းခံကို ယူချင်ယူသွား...မင်းရဲ့ကုတ်ကိုတော့ထားခဲ့...ကြားတယ်နော်..."


ခဏတာ ရပ်တန့်လိုက်ပြီးနောက် သူနှုတ်ခမ်းစွန်းတစ်ဖက်က ပြုံးသွားပြီး"ထားလိုက်...မယူနဲ့တော့..."


ကျင်းစစ်၏အောက်နှုတ်ခမ်းက ကျုံ့ဝင်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြသည်။


ယင်းကျောင်း၏အိမ်က ကျောင်းနှင့်နီးသည်။ စက်ဘီးနှင့်ဆိုလျှင် ၁၀မိနစ်ထပ်မပိုပေ။ ကျောင်းဂိတ်ပေါက်သို့ရောက်သောအခါ ဂိတ်စောင့်ကို ယင်းကျောင်းက လက်ယမ်းပြလိုက်သည်။


"ဦးလေး...ကျွန်တော်တို့ပြန်ရောက်ပြီ..."


ဂိတ်စောင့်ကြီးက အသံကြား၍ ခေါင်းထောင်ကြည့်လိုက်ရာ သူ့ကိုတွေ့သွားပြီး ပြုံးပြလိုက်သည်။


"အိုကေ..."


သူ့အံဆွဲထဲမှ အိတ်တစ်အိတ်ကိုယူကာ သူ့ကိုပေးလိုက်သည်။


"စားဖို့ယူသွား...တရုတ်ပန်းသီးတွေ...ငါ့မိန်းမ‌က သေချာဆေးပေးထားပါတယ်..."


"အို့...ကောင်းလိုက်တာဗျာ..."


ယင်းကျောင်းက အိတ်ကိုယူလိုက်ပြီး ပထမတစ်လုံးကိုယူကာ ကျင်းစစ်ပါးစပ်ထဲထည့်ပေးလိုက်ပြီး သူ့အတွက်နောက်တစ်လုံးကိုယူကာ စားလိုက်သည်။ ပန်းသီးအား ဝါးစားလျက် ပြောလိုက်သည်။


"နောက်တစ်ခါလည်း ဆေးလိပ်ယူခဲ့ပေးမယ်နော်...သွားပြီဗျို့..."


"အေးပါကွာ...စာသေချာကြိုးစားကြနော်..."


အချိန်က မလုံလောက်ပေ။ ကျင်းစစ်က သူ့ပစ္စည်းများကို အဆောင်သို့အရင်သွားထားရသည်။ ထို့နောက်မှ အခန်းငယ်လေးဆီသို့သွားရ၏။


အခန်းအတွင်းသို့မဝင်ခင် အနောက်သို့လှည့်ကာ ယင်းကျောင်းအား ပြောလိုက်သည်။


"ငါဒီည လေ့လာချက်မေးခွန်းတစ်စုံကိုပြီးအောင်လုပ်မှာ...ကျန်တဲ့အချိန်ကိုတော့..."


ကျင်းစစ်က ခဏတွေးပြီးမှ ဆက်ပြောသည်။


"သင်္ချာလုပ်မယ်...ပြီးရင်တော့ နားမယ်..."


ယင်းကျောင်း : "...."


'ဘာလို့ အနားယူချိန်က သင်္ချာလုပ်တဲ့အချိန်ဖြစ်နေတာလဲ...'


သူ အင်တင်တင်ဖြင့် နံရံကိုမှီလိုက်ပြီး ကျင်းစစ်ကိုကြည့်လိုက်သည်။


"အင်းပါ အတန်းဖော်လေးရယ်...ငါလည်း စာလုပ်ပါ့မယ်...ဝင်တော့..."


ကျင်းစစ် ခေါင်းညိတ်ပြကာ အခန်းတံခါးဖွင့်ပြီး ဝင်လိုက်သည်။


ယနေ့ ကျင်းစစ် နောက်ကျသည်။ သူမှလွဲ၍ သင်္ချာပြိုင်ပွဲအတန်းမှ ကျောင်းသားအား‌လုံး ရောက်နှင့်နေကြပြီဖြစ်သည်။


ကျိုးချောင်က သူ့ခုံတွင် စာအုပ်တစ်အုပ်ကိုဖတ်နေသည်။ ကျင်းစစ်ကိုတွေ့လိုက်သောအခါ ဆွေမျိုးတစ်ယောက်ကို တွေ့လိုက်ရသလို သူ့လက်မောင်းကို ဆွဲကိုင်လိုက်သည်။


"အာ့...ငါဘာလုပ်ရမလဲ...ငါစိတ်လှုပ်ရှားနေတယ်..."


ကျင်းစစ်က စိတ်ကြည်လင်နေပြီး သူ့အား‌ပြုံးပြလိုက်သည်။


"မင်းက ဘာကိုစိတ်လှုပ်ရှားနေတာလဲ..."


"မနေ့ကစာမေးပွဲရလဒ်လေ..."


ကျိုးချောင်က တံခါးဖက်ဆီသို့ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။


"ငါပြောမယ်...အမြဲတမ်းပြုံပြနေတဲ့ ဆရာကျောက်ဆိုပြီး ဒဲ့သွားမကြည့်နဲ့နော်...သူကဆူပြီဆို ညှာကိုမညှာတာ...ငါတစ်ချို့မေးခွန်းတွေမရဘူး...ငါစာမေးပွဲကျသွားရင် ဘယ်လိုလုပ်မလဲ..."


"အိုကေမှာပါကွာ..."


ကျင်းစစ်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


"မင်းက ခက်တယ်လို့ထင်ရင် အကုန်လုံးအတွက်လည်း အတူတူပါပဲ..."


ကျိုးချောင်က ခဏတာတွေးတောသွားသည်။ ထို့နောက်မှ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


'သူက ဒီကျောင်းရဲ့ထိပ်ဆုံး၃ယောက်ထဲကဖြစ်ချင်ဖြစ်မယ်...ဒါပေမယ့် သူမစိုးရိမ်ပါလား...'


မိနစ်အနည်းငယ်အကြာတွင် ညစာကျက်ချိန်အတွက် ပထမဆုံးခေါင်းလောင်းထိုးသွားပြီး ဆရာကျောက်က စာအုပ်စာရွက်များနှင့် ဝင်လာသည်။


အခန်းငယ်လေးအတွင်းရှိ ၁ဒါဇင်ကျော်သော နှလုံးသားများက မြန်သွားသည်။


ဆရာကျောက်၏မျက်နှာပေါ်မှ ပျော်ရွှင်မှု ဒေါသထွက်မှုကို မခန့်မှန်းနိုင်ကြပေ။ စာရွက်များကို စင်ပေါ်တွင် တင်လိုက်ပြီနောက် သူကတိုက်ရိုက်ပြောလာသည်။


"စာမေးပွဲရလဒ်တွေကို ပြောမယ်..."


ကျိုးချောင်က အင့်ခနဲမြည်အောင် တံတွေးမြိုချလိုက်သည်။


"လီဝန် ၃၅...မင်းအမှတ်ကို ထိန်းထားနိုင်ဖို့ ဆက်ကြိုးစားရမယ်...ဘာပဲပြောပြော ငါ့တို့ကျောင်းအတွက် ရည်မှန်းချက်က ဒုတိယနေရာ တတိယနေရာမဟုတ်ဘူး..."


"ဝမ်ယင် ၄၀...မင်းဘာဖြစ်သွားတာလဲ ဝမ်ယင်...မင်းကုလားမခြေထောက် တက်နင်းထားတာလား...မင်း တလွဲတချော်တွေချည်းပဲ..."


"..."


"ကျန်းချုံး ၇၅...ဒီအမှတ်ကတော့ အဆင့်၁၀အတွင်းဝင်ဖို့ နည်းနည်းတော့ အန္တရာယ်များတယ်...မင်းဆက်ကြိုးစားရမယ်..."


"ကျိုးချောင် ၈၀...မင်းဘာတွေပြုံးနေတာလဲ...သွားတွေပြမနေနဲ့...ဒီအမှတ်က မြင့်တဲ့အမှတ်လို့ထင်နေတာလား..."


ဆရာကျောက်က နှာမှုတ်ကာ လက်ထဲတွင် နောက်ဆုံးစာရွက်တစ်ရွက်ကိုကိုင်ကာ ဝေ့ယမ်းပြပြီး အခန်းအတွင်းသို့ဝင်လာကတည်းက ပထမဆုံးအပြုံးကို ပြုံးလိုက်သည်။


"ကျင်းစစ် ၈၂..."


အခန်းငယ်လေးမှာ ပေါက်ကွဲသွားသည်။


ကျင်းစစ်၏အမှတ်ကို ကြားလိုက်ရပြီး‌သောအခါ ကျိုးချောင်က စင်မြင့်ဆီသို့ ပြန်လျှောက်သွားပြီး ဆရာကျောက်ဆီမှ ကျင်းစစ်၏စာရွက်ကိုယူကာ ဘယ်ပြန်ညာပြန်ကြည့်လိုက်သည်။


'ဟုတ်တယ်...တကယ်၈၂...လုံးဝမမှားဘူး...'


သူထိုင်ခုံဆီသို့ ပြန်လာပြီး ကျင်းစစ်အားစာရွက်ကမ်းပေးလိုက်သည်။ ခဏတာ အနားယူလိုက်ပြီးနောက် သူ့လည်ပင်းက တောင့်နေသည်။ သူက ရယ်ကျဲကျဲဖြင့် ကျင်းစစ်အားကြည့်လိုက်သည်။


"အိုလံပစ်ကို အရင်က တစ်ခါမှမလေ့လာဖူးဘူးလား..."


"အမ်..."


ကျင်းစစ်က သူ့စာရွက်ကိုပြန်လေ့လာစစ်ဆေးနေသည်။ သူ့ရမှတ်ကို သူမကျေနပ်ပေ။ ကျိုးချောင်၏စကားကို ကြားလိုက်သောအခါ ခေါင်းပြန်မော့ပြီးပြောလိုက်၏။


"ငါလေ့လာခဲ့တယ်..."


ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးချောင်၏ပေါက်ကွဲနေသောစိတ်က တည်ငြိမ်သွားသည်။ သူ တစ်စုံတစ်ခုပြောမည်ပြင်လိုက်စဉ် ကျင်းစစ်က ဆက်ပြောလိုက်သည်။


"ငါ ငါ့ဟာငါလေ့လာနေတာ နှစ်တော်တော်ကြာပြီ..."


ကျိုးချောင် : "..."


____


Translated By IQ-Team.