အပိုင်း၃၄
Viewers 14k

Chapter 34

Chapter 34


-----------------------


ကျိုးချောင်သည် လက်ကိုဆန့်တန်းလိုက်ပြီး ကျင်း၏ပါးစပ်အား ကြမ်းတမ်းစွာ ပိတ်လိုက်သည်။ 


“ငါ့အတွက် တိတ်တိတ်နေစမ်း..စကားမပြောနဲ့…” 


သူတို့သည် ဆရာ၏ နှာခေါင်းအောက်နီးနီးရှိသကဲ့သို့ဖြစ်နေသော အလယ်တန်း၏ ဒုတိယမြောက်ခုံမှာ ထိုင်နေကြပြီး သူတို့၏ လှုပ်ရှားမှုများက ကျယ်လောင်လှသည်။ ဆရာကျောက်သည် ကျိုးချောင်၏ လှုပ်ရှားမှုများအားကြည့်ပြီးနောက် ချက်ချင်းစားပွဲခုံကို ရိုက်လိုက်ကာ ဆူငေါက်တော့သည်၊၊ 


“ကျိုးချောင် မင်းဘာလုပ်နေတာလဲ…ရပ်စမ်း..မင်းကို နည်းနည်းပဲ ဆူလိုက်လို့ အရမ်းပျော်နေတာလား…” 


ကျိုးချောင်ခမျာ ချက်ချင်း ငိုချင်သွားသည်။ 


သူ အတိတ်ကသာ ယခုလိုမျိုး အမှတ်ရခဲ့လျှင် သူက ဆရာကျောင်းထံမှ ချီးကျူးခြင်းအား လှိုက်လှိုက်လဲလဲ ခံရမည်ဖြစ်သည်။ သိုသော် ယခုမူ…


သူက သူ့ထိုင်ခုံဖော်အား ကြည့်ပြီး မသိစိတ်မှ ထိုင်ခုံကိုဆုပ်ကိုင်မိလိုက်သည်။ 


ဤကျောင်းသားအသစ်က စူပါဆိုလျှင်ပင် သူက ဘာလို့ လက်လျှော့ပေးရမှာလဲ။ 


ပြိုင်ဘက်အတန်းမှ အခြားလူများကလည်း မျက်နှာက တောင့်တင်းနေပြီး မျက်လုံးများက အသက်မဲ့နေကာ ဘဝကို စတင်ပြီး သံသယဖြစ်လာတော့သည်။ 


ကျင်းစစ်က အတန်းထဲ၌ အမှတ်အများဆုံးရတယ် ဟုတ်လား။ 


ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..


သူ အရင်က သင်္ချာအိုလံပစ်နှင့် မထိတွေ့မရင်းနှီးသည်အား ပြောစရာပင်မလိုချေ။ အထက်တန်းဒုတိယနှစ်မှာ အတန်းခုနစ်၏ ကျင်းစစ်အား မည်သူက မသိဘဲနေမည်နည်း။ 


ရန်ဖြစ်တယ်၊ အတန်းလစ်တယ်ပြီး ဆံပင်အဝါရောင်ဆိုးကာ စာကလွဲ၍ ကျန်သည့်ကိစ္စအားလုံး သူလုပ်ရဲပေသည်။ 


သို့သော် ဒီလိုလူမျိုးက တစ်နှစ်လုံးမှာ ပထမရသွားပြီး အခု သူက ပြိုင်ဘက်အတန်းကြားမှာ ပထမရခဲ့တယ်။ 


သူက အမြဲ ဘယ်သွားသွား ထိပ်ဆုံးမှလူဖြစ်သော်လည်း ယခုတွင် သူ့၏အိုင်ကျူအား စိတ်ထဲ၌ မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပေ။ 


ကျန်းချုံးက ပို၍ ကြက်သေ သေသွားသည်။ သူ့ပါးပြင်က နီရဲနေပြီး သူ မနည်းပင် ခေါင်းမော့ထားရသည်။ 


သူက စားပွဲပေါ်မှ အဖြေစာရွက်အား စိုက်ကြည့်ပြီး သူ့မျက်လုံးများက မယုံနိုင်မှုများ ဖြင့်ပြည့်နေသည်။ 


သူက ၇၅ မှတ်သာရသော်လည်း ကျင်းစစ်သည် ၈၂ မှတ်ရခဲ့သည်။ 


သူက သင်္ချာအိုလံပစ်အား တစ်ခါမျှ မလေ့လာခဲ့ဘူး။ 


တန်းတူလိုက်နိုငိဖို့ဆို မေ့လိုက်တော့…


ကျန်းချုံးသည် သူ့မျက်လုံးအားပိတ်လိုက်ပြီး သူ့လက်များက အနည်းငယ်တုန်ခါနေသည်။ 


အခု ကျင်းစစ်သည် သူတို့နှင့် သင်္ချာအိုလံပစ်အား စပြီးလေ့လာနေပြီဖြစ်ကာ သူက အခုဘဝ၌ ကျင်းစစ်အား မည်ကဲ့သို့ ကျော်နိုင်တော့မည်နည်း။ 


ကျောင်းလူဆိုးများကလည်း အတင်းတုပ်နေကြကာ အထူးသဖြင့် ဤကဲ့သို့ ထိတ်လန့်စရာကိစ္စများအကြောင်း ဖြစ်သည်။ ကိုယ်ပိုင်စာကြည့်ရန် ပထမညမပြီးဆုံးခင်၌ ကျင်းစစ်၏ အိုလံပစ်ပြိုင်ဘက်အတန်းများကြား ပထမရသည့် သတင်းအား ကျောင်းဖိုရမ်၌ တင်လိုက်ကြသည်။ 


[အလွှာရှစ်ဆယ် : သေလိုက်ပါ့လား..လောင်ဇူကို အီတလီဓားတစ်ချောင်းပေးကြစမ်းပါ..ငါ့ဒူးတွေကို ဖြတ်ပစ်ချင်တယ်…]


[ရှစ်ဆယ်ကိုးလွှာ : ငါလခွေး..ဒါကြီးကသိပ္ပံနည်းမကျဘူး..ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…]


[အလွှာကိုးဆယ် : အားလုံး..၈၂ တဲ့… ကျင်းစစ်က သင်္ချာအိုလံပစ်အတွက် မလေ့ကျင့်ဖူးဘူး မဟုတ်လား…သူက ဒါကိုလေ့လာလိုက်ရင် သူက ကောင်းကင်ကို ဆန်တက်တော့မှာ မဟုတ်လား..အား….ငါ ရုတ်တရက် ဒီနှစ် နိုင်ငံအဆင့်သင်္ချာပြိုင်ပွဲကို စောင့်မျှော်ချင်သွားပြီ…]


[ကိုးဆယ့်ကိုးလွှာ : ငါဘာပြောရမှန်း မသိဖြစ်သွားပြီ…အိုး ခိုင်မော့..ငါဒူးထောက်ပြီး ဘော့စ်ကို တင်မြှောက်လိုက်ပြီ..]


[တစ်ရာ့ရှစ်လွှာ : အဓိကအဆောက်အဦးရှိ လူ၉၅ ရာခိုင်နှုန်းက ကျင်းစစ်ကို ၀-၁၀ မှတ်သာ ရမယ်ဆိုပြီး ရွေးချယ်ကြတာကိုကြည့်ပြီး ငါရုတ်တရက် သူတို့၏ မျက်နှာ ကောင်းကောင်းဖြတ်ရိုက်ခံလိုက်ရတယ် လို့ခံစားလိုက်ရတယ်…]


[တစ်ရာ့နှစ်ဆယ်လွှာ : Fu*k က အမြင့်ဆုံး ပေးနိုင်တာပဲ..ငါ့ဒူးတွေကို နတ်ဘုရားကို ဆက်သပါတယ်နော်…]


[တစ်ရာသုံးဆယ့်ရှစ်လွှာ : ဒီလူက ဆိုးဝါးလိုက်တာ…ငါလက်ခံသွားပြီ]


……………………………………………………………


ဖိုရမ်ပို့စ်သည် ဆက်တိုက် တက်နေပြီး စကားလုံးများအား မှတ်သားနေသည့် ချောင်အန်းယန်သည် ရုတ်တရက် အတန်း ၂၁ ၏ စာသင်ခန်းထဲ၌ ပိတ်မိနေသည်။ 


သူ့ဘောပင်ထိပ်ပိုင်းက ဆက်တိုက်လှုပ်ခါနေသော်လည်း သူအရင်က မှတ်သားထားသည့် စကားလုံးများအား မည်ကဲ့သို့ပေါင်းရမည်အား စဉ်းစား၍မရချေ။


သူက ဘောပင်အား အေးစက်စွာ ရိုက်ချလိုက်ပြီး ခုံအား စိတ်ကသိကသောက်ဖြစ်စွာ ရိုက်လိုက်သည်။ 


နှစ်ဝက်စာမေးပွဲ နောက်ပိုင်း ချောင်အန်းယန်သည် လျှို့ဝှက်ချက်တစ်ခုအား ရှာတွေ့သွားသည်။ သူက သူ့ဦးနှောက်အား ပိုကောင်းစေရန် သူဆန္ဒရှိလျှင် သူတကယ်လုပ်နိုင်ကြောင်း တွေ့ခဲ့သည်။ 


သူသည် တစ်ပတ်မျှ သူ့စိတ်ထဲ၌ အကြံဉာဏ်များအား မိနစ်တိုင်း စက္ကန့်တိုင်း လှည့်ပတ်ပြီး ကြိုးစားခဲ့သည်။ 


အချိန်ကြာလာသည်နှင့် သူ့မသိစိတ်က အရင်ထက်တိုးတက်လာပေသည်။ ပြန်မွေးလာချိန်အစပိုင်းလောက် မကောင်းသေးသော်လည်း အနည်းဆုံး ဆရာများ၏ သင်ကြားမှုအား နားလည်လာသည်။ 


သူ့ရွှေလက်ချောင်း မပျောက်သေးသော်လည်း တစ်ခုခုချွတ်ယွင်းကာ ရှိနေသေးကြောင်း သိရှိပြီး ချောင်အန်းယန်က စိတ်သက်သာရသွား၏။


သူသေဆုံးခဲ့ချိန်၌ သူက အရမ်းအိုမင်းမနေသေးသော်လည်း သူ့ ဗိုက်ထဲရှိချိတ်ဆက်မှုများသည် ဆရာ့ထံသို့ ပြန်သွားသည်မှာကြာခဲ့ပေသည်။ 


သူ အထက်တန်း၌စတင်ခဲ့သည်အား ထည့်မပြောနှင့် သူဂျူနီယာအထက်တန်း၌ စတင်ခဲ့သည်လျှင်ပင် သူက ဆရာ့၏ ခရီးပေါက်တိုးတက်ခြင်း၌ လိုက်နိုင်မည်မဟုတ်ချေ။ 


သူသည် မှတ်ဉာဏ်ကောင်းကောင်းမရှိကာ သူက တော်တော်များများအား ထပ်ခါထပ်ခါ ပြန်လေ့လာရသည်။ ချောင်အန်းယန်၌ လေ့လာသင်ယူရန် အချိန်နှင့် စိတ်ရှည်မှု အမှန်မရှိပေ။ 


သူက သူ့မျှော်လင့်ချက်များ အားလုံးကို ပြန်လည်မွေးဖွားခြင်းကြောင့် ပါလာသော ရွှေလက်ချောင်း၌ မြုပ်နှံထားသော်လည်း မထင်မှတ်ဘဲ သူ့ရွှေလက်ချောင်း၌ ပြဿနာရှိနေသည်။ 


ချောင်အန်းယန်က လက်သီးဆုပ်လိုက်ကာ ဖတ်စာအုပ်အား ဘေးသို့ရွေ့လိုက်ပြီး သူ့ကိုယ်သူ တတ်နိုင်သမျှ စိတ်ငြိမ်ငြိမ်ထားကာ သူ့ရင်ထဲမှ စွဲလမ်းမှုအား တစ်ရက်ပြီး တစ်ရက် ထပ်သလဲလဲ ပြုလုပ်လေသည်။ 


ဤအချိန်၌ အထက်တန်းဒုတိယနှစ် သိပ္ပံရုံးခန်းအတွင်း ဆရာလျိုသည် မနက်ဖြန်အတန်းအတွက် ပြင်ဆင်မှုများ ပြုလုပ်ပြီး ဖုန်းကိုကောက်ကိုင်ကာ ဖိုရမ်ကို ဖတ်ကြည့်ပြီး ဤပို့စ်အား မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ သူက ကျင်းစစ်အောင်မြင်မှုအား ကျောက်ဖုန်ထံမှ သိရှိပြီးဖြစ်သော်လည်း သူက ဤပို့စ်ကိုတွေ့ချိန်၌ မပြောပြနိုင်လောက်သည့် ပျော်ရွင်မှုအား ခံစားလိုက်ရသည်။ 


ဆရာလျိုသည် သူ့ဖုန်းအား ချလိုက်ပြီး ကန္ဓမာလက်ဖက်ရည်အား တစ်ငုံသောက်လိုက်ကာ ကျန်းကျင် အား မတော်တဆကြည့်သကဲ့သို့ ကြည့်လိုက်ပြီး ပြင်းထန်စွာ ချောင်းဆိုးပြလိုက်သည်။ 


ဓာတုဗေဒသင်သည့် ဆရာဝမ်သည် သူ့နှင့် ဆက်ဆံရေးကောင်းကောင်းရှိသည်။ သူ့ချောင်းဆိုးသံအား ကြားရချိန်၌ သူကချက်ချင်းလှည့်ကာ မေးလာသည်။ 


“လောင်လျို…မင်း အအေးမိသွားတာလား…” 


“ဒီလိုပါပဲ…” ဆရာလျိုက သူ့နားထင်အား ပွတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ 


“ငါလည်း အသက်ကြီးကြီးလာပြီး ငါ့ခံနိုင်ရည်အားကလည်းမကောင်း မှတ်ဉာဏ်လည်း ကောင်းကောင်းအလုပ်မလုပ်တော့ဘူး…” သူက ခဏရပ်လိုက်ပြီး ဆရာဝမ်အား မေးလိုက်သည်။ 


“ဟုတ်သား… ဒီတစ်ကြိမ် သင်္ချာအိုလံပစ်မှာ ကျင်းစစ်က ဘယ်နှမှတ်ရခဲ့တာ..ငါဘာလို့မေ့သွားရတာလဲ…” 


ဆရာဝမ်သည် သူ့သရော်ပြုံးကြီးအား ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


“၈၂..” 


“ဟေး..” 


ဆရာလျိုသည် လက်ထဲမှ ဂန္ဓမာလက်ဖက်ရည်အား စားပွဲပေါ်သို့ ချလိုက်ပြီး ရုံးခန်းရှေ့ပတ်လည်၌ လျှောက်ကာ ခေါင်းယမ်းလိုက် သက်ပြင်းချလိုက်လုပ်တော့သည်။ 


“ဒီအမှတ် ကသိပ်မကောင်းသေးဘူး...နိုင်ငံအဆင့် ပြိုင်ပွဲက ပိုပြီးကြောက်ဖို့ကောင်းတယ်…” 


ကျန်းကျင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမလက်ထဲမှ ဘောပင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ 


ဆရာလျိုသည် သူ့လက်များအား နောက်ကျောဘက်သို့ ပို့လိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။ 


“မနက်ဖြန် ငါသွားပြီး သူနှင့် စကားကောင်းကောင်းပြောရဦးမယ်…အထွေထွေစာမေးပွဲအရ အမှတ်ပြည့်က ၁၂၀ မှတ်ဖြစ်ပြီး အနည်းဆုံး အမှတ် ၉၀ကမှ အောင်တယ်ဆိုရုံလို့ ပြောလို့ရတယ်..”


ကလစ်ဆိုသည့်အသံတစ်ချက်ဖြင့် ကျန်းကျင်သည် မတော်တဆ သူမလက်ထဲမှ သင်ရိုးညွှန်းအား ဖြဲလိုက်မိသည်။ 


ဆရာလျိုသည် သူ့ခုံသို့ပြန်သွားပြီး ထိုင်လိုက်ကာ ခုံနောက်ဘက်သို့ မှီလိုက်ပြီး တခဏကြာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ 


“လောင်ဝမ်…မင်းသိမှာ မဟုတ်ဘူး..ကျင်းစစ်က အေးစက်ပြီးတသီးတခြားပုံစံဖြစ်နေပေမဲ့ တကယ်တော့ သူက အရမ်းစိတ်အားထက်သန်တယ်…အတန်းထဲက ယင်းကျောင်းသုံးဖို့အတွက် မှတ်စုတွေတောင် အကုန်ရေးပေးထားသေးတယ်..” 


သူကခဏရပ်ကာ ဆက်ပြောသည်။ 


“တကယ်တော့ ငါလည်း သူစာမလိုက်နိုင်မှာ စိုးရိမ်ပြီး ဒီအတွက် ဒွိဟဖြစ်နေသေးတယ်…ဒီကလေးက ဘယ်လိုကြောင့် ဒီလောက် သိတတ်လွန်းပြီး ဆရာ့ဝန်ထုတ်ဝန်ပိုးကို မျှဝေပေးရမယ့်ကြောင်း သိတတ်လွန်းရတာလဲ….”


ကျန်းကျင် သည် ထပ်ပြီးနားမထောင်နိုင်တော့ကာ ဘောပင်ကိုခုံပေါ်သို့ ရှုံ့မဲ့နေသောမျက်ခွက်ဖြင့် တင်လိုက်ပြီး ရုံးခန်းထဲမှ လျင်မြန်စွာထွက်ခွာသွားတော့သည်။ 


ဆရာလျိုက သူမထွက်သွားသည်အား ကြည့်ပြီး သူ့စိတ်ထဲ သုံးကြိမ်တိုင်တိုင် ရယ်မောလိုက်မိသည်။ ယခုလို ခွေးဆန်ဆန်ရက်များ၌ ကိုလာအေးအေးလေး သောက်လိုက်သကဲ့သို့ သူခံစားလိုက်ရသည်။ 


ပြိုင်ပွဲအတန်း၏ စာသင်ခန်းလေးထဲ၌ ဆရာကျောင်းသည် ပြိုင်ပွဲရမှတ်များအား ကြေငြာနေပြီး လက်တစ်ဖက်၌ စာရွက်ကိုကိုင်ထားကာ ကျန်တစ်ဖက်၌ မြေဖြူကိုင်ပြီး ခေါင်းစဉ်အကြောင်းအရာအား စပြောလေသည်။ 


ကျင််းစစ်သည် သူ့အတွေးများအား လိုက်ကာ သူ့အမှားများကို အစမှအဆုံးထိ ပြန်စဉ်းစားဆင်ခြင်နေပြီး မမှားသင့်သည့် နေရာများစွာအား ရှာတွေ့ခဲ့သည်။ 


သူ နှုတ်ခမ်းများကွေးလိုက်ကာ ဘောပင်ကိုကောက်ယူလိုက်ပြီး အဓိကအချက်များအား ဆွဲထုတ်လိုက်သည်။ သူက ပြန်ရောက်လျှင် တူညီသည့်အမှားမျိုး မလုပ်မိစေရန်အတွက် နောက်ထပ်ပုံစံတူ မေးခွန်းအချို့အား ရှာရန်စီစဉ်ထားသည်။ 


ပြိုင်ပွဲအတန်း ကိုယ်ပိုင်စာကြည့်ချိန်နှစ်ခုကြား၌ နားချိန်မရှိကာ သူက အိမ်သာသို့ စာသင်ချိန်တစ်ဝက်၌သာ သွားနိုင်သည်။


ဆရာကျောင်း စာမေးပွဲ၌ပါမည့်စာများပြီးသွားပြီးနောက် သင်ခန်းစာ အသစ်အား ပြောတော့မည်ဖြစ်သည်။ သူ့အချိန်က ကွက်တိဖြစ်ကာ နောက်ဆုံးစာကြောင်းလည်းပြီး ဒုတိယည ကိုယ်ပိုင်စာကြည့်ချိန်လည်းအပြီး ဖြစ်သည်။ 


“ဒီနေ့ သင်ခန်းစာ အဆုံးသတ်ကြစို့…” 


ဆရာကျောင်းက သူ့လက်ထဲမှ မြေဖြူမှုန့်များအား တည်ကြည်စွာ ခါထုတ်လိုက်သည်။ 


“နောက်လက နိုင်ငံအဆင့်သင်္ချာပြိုင်ပွဲ၏ စီရင်စု အစမ်းပွဲစဉ်ပဲ…ဒါက နိုင်ငံအဆင့် ပြိုင်ပွဲဖြစ်တာကြောင့် မင်းတို့မှာ ရက်အနည်းငယ်လောက် အသက်ရှူရခက်အောင် ကြိုးစားရလိမ့်မယ်….” 


သူက ရပ်လိုက်ပြီး လူတိုင်းအပေါ်သို့ အကြည့်တစ်ချက် ဝှေ့ဝိုက်ကြည့်လိုက်သည်။ 


“ငါကမင်းတို့ကို ဖိအားပေးချင်လို့ ဒါကိုပြောနေတာမဟုတ်ဘူး...ဒီအတိုင်း မင်းတို့ကို အသိပေးတာ…ဒီနှစ်မှာ မင်းတို့က အင်အားအများကြီးနှင့် အချိန်အများကြီး ဖြုန်းခဲ့ပြီးပြီ…ငါ မနေ့က စာမေးပွဲအမှတ်တွေကို အရမ်းအားမရဘူး..ပြန်သွားပြီး ဒါကို စဉ်းစားထားကြပါ….” 


“ဒီမှာထိုင်နေတဲ့ လူတိုင်က ငါတို့စီရင်စုရဲ့ ထိပ်ဆုံးကျောင်းသားတွေထဲက ထိပ်ဆုံးကျောင်းသားတွေပဲ...မင်းတို့‌ ငါဆိုလိုတာကို နားလည်လိမ့်မယ်လို့ထက်ပါတယ်…ကောင်းပြီ..အတန်းဆင်းပြီ…” 


ဆရာကျောင်းက လက်ထဲ၌စာအုပ်တစ်အုပ်ကို ကိုင်ကာ အတန်းထဲမှ ထွက်သွားပြီးနောက် အခန်းထဲမှ အခြားလူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ 


ကျင်းစစ်သည် ထွက်ခွာရန် အလျင်မလိုကာ သူစာမေးပွဲစာရွက်အား ကလစ်တစ်ခုထဲ၌ ညီညီညာညာ ထည့်လိုက်ပြီးနောက် စားပွဲပေါ်မှ အခြားအရာများအား အလျင်မလိုဘဲ ရှင်းလင်းသိမ်းဆည်းနေသည်။ 


“မင်းအရင်ပြန်နှင့်လိုက်တော့…” 


ကျိုးချောင်သည် ဂရုမစိုက်စွာပြောပြီး သူ့နောက်ကျောမှ လွယ်အိတ်ကို ပစ်လိုက်ကာ သူ့အားကြည့်သည်။ 


“ငါခဏနေ အဝတ်လျှော်ခန်း သွားပြီး ငါ့ကျောင်းဝတ်စုံသွားယူရဦးမယ်..အပြန်မှာ မင်းအတွက် တစ်ခုခု ယူလာခဲ့ပေးရဦးမလား….” 


စီရင်စုကျောင်းဈေးဆိုင်ဘေး၌ အဝတ်လျှော်ခန်းရှိသည်။ ကျောင်းသားအများစုသည် သူတို့၏ အဝတ်အားလျှော်ရန် ပျင်းကြသောကြောင့် သူတို့၏ အဝတ်များကို အဝတ်လျှော်ခန်းသို့ လျှော်ရန် အပ်ကြသည်။ 


“ရတယ်..ငါဘာမှမလိုဘူး..” 


ကျင်းစစ်က သူ့ကြင်နာမှုအတွက် ကျေးဇူးတင်လိုက်ကာ အခန်းထဲမှ ထွက်သွားသည်။ 


ကျိုးချောင်သည် ဆန့်ကျင်ဘက်လမ်းသို့ လျှောက်သွားကာ ကျင်းစစ်က တံခါးပိတ်ပြီး လှည့်လိုက်မည့်အချိန်တွင် လူတစ်ယောက်ပြေးလာလေ၏။ 


“ငါ့ရဲ့စတားလေး…” 


လီကျိုးသည် သူ့လည်ပင်အား သူ့လက်မောင်းဖြင့် ဖက်လိုက်ပြီး သူ့မျက်နှာ၌ စိတ်လှုပ်ရှားမှုများပေါ်လွင်နေသည်။ 


“မင်းဘာလို့ ဒီလောက်တော်ရတာလဲ…ဒီတစ်ကြိမ် မင်းက ပထမရပြန်ပြီ..ဟားဟားဟားဟား…” 


ကျန့်ချွယ်လည်း ရှေ့တက်လာကာ ကျင်းစစ်ထံ သက်တန့်အီးတွေဒလဟောပေါက်တော့သည်။ 


“ငါတို့ရဲ့ ခုနစ်ယောက်မြောက် အဖွဲ့ခေါင်းဆောင်ရဲ့ မျက်နှာကြီးပုံများ လွန်လွန်းတယ်…ငါ့ ဒူးကိုလိုချင်လား..မင်းကိုပေးမယ်..မင်းတို့ကိုပေးမယ်ကွ.” 


ယင်းကျောင်းမျက်နှာမှ အပြုံးပျောက်ကွယ်နေသည်အားကြည့်ပြီး ဟယ့်ကျိုးသည် လူနှစ်ယောက်အား ကျင်းစစ်ထံမှ ခွာလိုက်သည်။ 


“မင်းတို့ ဘာလုပ်နေတာလဲ…ကျင်းစစ်က မင်းတို့နှစ်ယောက်ရဲ့ဖိအားကို ခံနိုင်ပါ့မလား..” 


“အဟမ်း..” 


ကျန့်ချွယ်သည် သူ့ခေါင်းအား ရှက်ရွံ့စွာကုတ်လိုက်ကာ သူ့လက်ကိုလွှတ်လိုက်ပြီး လီကျိုးလည်း နောက်သို့ တွန့်ဆုတ်စွာ နောက်ဆုတ်လိုက်သည်။ 


ယင်းကျောင်းက ထွက်လာပြီး ကျင်းစစ် လွယ်အိတ်အား ယူလိုက်ကာ ရယ်သံတစ်ချက်ဖြင့် ပြောသည်။ 


“အတန်းဖော်ငယ်လေး..ဂုဏ်ယူပါတယ်..ဒါကအံ့ဩစရာပဲ…” 


ကျင်းစစ်က ခေါင်းယမ်းကာ သူပြောတော့မည့်ဆဲဆဲတွင် ဖန်ချန်းချန်းသည် ရုတ်တရက် ရူးကြောင်ကြောင်း ကြိုးမှုတ်စပရေးဘူးအား နောက်မှ ထုတ်လိုက်ကာ သူ့ထံ ရူးသွပ်စွာ ဖြန်းလေတော့သည်။


ကျင်းစစ်က ယင်းကြောင့် ချက်ချင်း ကြောင်အသွားရသည်။ 


ယင်းကျောင်းသည် ဖန်ချန်းချန်းအား အေးစက်စွစိုက်ကြည့်လိုက်သည်။ 


ဖန်ချန်းချန်းသည် သူ့ပါးစပ်ထောင့်အား‌ တောင့်တင်းစွား ကွေးလိုက်ပြီး“ငါဒါကိုအရင်က မဖြန်းဖူးဘူး ဒါကြောင့် ငါလုပ်နိုင်တာမှန်ရဲ့လားဆိုတာ မသေချာဘူး..” 


“ဒါတွေ အားလုံးဘေးဖယ်လိုက်စမ်း…” 


ယင်းကျောင်းသည် မျက်မှောင်ကျုံ့လိုက်ပြီး ဖန်ချန်းချန်းအာ ဘေးတွန်းထုတ်ကာ ကျင်းစစ်မျက်နှာအား ကိုင်ပြီး ကြိုးများဖယ်ရှားရာ၌ ကူညီပေးလိုက်သည်။ 


“မျက်လုံးထဲ ဝင်သွားသေးလား..” 


“မဝင်ဘူး..” 


ကျင်းစစ်က သူ့လက်အားဆန့်ကာ ကြိုးအချို့အား ဆွဲဖယ်လိုက်သည်။ 


“ကိစ္စမရှိပါဘူး..” 


ကျန့်ချွယ်လည်း သူ့အား ကူညီပေးသည်။ သူက ယင်းကျောင်းထံမှ အရိုက်ခံရမည်အား ဂရုမစိုက်ဘဲ အပြုံးလေးဖြင့် ဘေးသို့ခုန်ရှောင်လိုက်သည်။ 


“ကိုယ် မင်းကို ဒီည ပထမရလို့ ဒကာခံပြီး ဝယ်ကျွေးမယ်..” 


ယင်းကျောင်းက ကျင်းစစ်အား နူးညံ့သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး“မင်းဘာစားရတာ ကြိုက်လဲ.. အကင်လား..ငါးလား..” 


ကျန့်ချွယ်က သူ့ဘေး၌ ဂီယာတက်လာပြီး စမ်းချင်စိတ်များပေါ်လာသည်။ 


“အား…ဘီယာပုလင်း နည်းနည်းနဲ့…” 


“မလိုဘူး..” ကျင်းစစ်သည် ဗျူဟာကျကျ ငြင်းလိုက်ပြီး သူ့မျက်နှာက ခါတိုင်းကဲ့သို့ မဟုတ်ကာ သူက စာမေးပွဲ၌ ပထမရသူ မဟုတ်သကဲ့သို့ပင်။ 


“ငါ ဒီတစ်ကြိမ် ကံကောင်းသွားလို့ပါ…” 


“ဘာလို့ မသုံးရမှာလဲ…”


ယင်းကျောင်းမပြောရသေးခင်၌ ကျန့်ချွယ်သည် ကျင်းစစ်ရှေ့ ခြေလှမ်းအနည်းငယ် ရုတ်တရက်ပြေးတိုးလာပြီးနောက် အနောက်သို့နည်းနည်း ပြန်ဆုတ်ရင်းဖြင့် ပြောဘာသည်။ 


“ပထမက ရွှေလို တန်ဖိုးကြီးတယ်..သင်္ချာပြိုင်ပွဲအတန်းမှာ ပထမရတယ်…ငါတို့ နေထွက်တဲ့အထိ မူးနေမှ ဒီလိုတန်ဖိုးရှိတဲ့ ၈၂ မှတ်နဲ့တန်မှာပေါ့..” 


“ဒါက ဘာမှမဟုတ်ပါဘူး….” 


ကျင်းစစ် ကွေးလိုက်ပြီး သူ့လက်ထဲမှ ကြိုးအနည်းငယ်အား အမှိုက်ပုံးထဲသို့ ပို့လိုက်ကာ သူ့အသံကမူ တည်ငြိမ်နေသည်။ 


“ဒါက စာမေးပွဲတစ်ခုပါပဲ..” 


သူက ယင်းကျောင်းထံ လှည့်ပြီး ပြုံးပြလိုက်ကာ ရိုးသားစွာပြောသည်။ 


“ကျေးဇူးပါ..ငါနားလည်ပါတယ်..ဒါပေမဲ့ မဖြုန်းတီးပါနဲ့..”


“ဝိုး….” 


ကျန့်ချွယ်သည် ဟယ့်ကျိုးအား ဆွဲလိုက်ပြီး ကျင်းစစ်ထံညွှန်ပြကာ အာမေဍိတ်ပြုသည်။ 


“ငါသိပြီ..ဒါက တကယ့်စာနဲ့အနိုင်ကျင့်တတ်တဲ့သူမျိုးပဲ…ဒီလိုမျိုး တည်ကြည်တဲ့စွမ်းအားကိုကြည့်စမ်း..ပထမက ဘာလဲ…ငါတို့လုံး၀ ဂရုမစိုက်ဘူး..” 


ဟယ့်ကျိုးက စကားအနည်းငယ်ပြောချင်သေးသော်လည်း ရုတ်တရက် ကမ္ဘာတုန်စေသည့် မီရှူးမီးပန်းသံ သူ့နားထဲ၌ ကြားလိုက်ရသည်။ 


သံသယမရှိစွာပင် သူက ကြောက်သွားပြီး တုန်လှုပ်သွားကာ သူ့မျက်နှာရှိ အဆီများကမူ တုန်ခါနေသည်။ 


“F*ck သေလောက်အောင်လန့်သွားတာပဲ..ဘယ်သူက ဒီလောက်နောက်ကျမှ မီးရှူးမီးပန်းလွှတ်ရဲတာလဲ…” သူက သူ့ရင်ဘတ်အား ပုတ်ကာ အသက်ပြင်းပြင်းထုတ်လိုက်သည်။ 


“ရူးနှမ်းလိုက်ကြတာ...”