အပိုင်း၃၅
Viewers 14k

Chapter 35

Chapter 35


သူက အခြားလူများ၏ တုန့်ပြန်မှုအား ကြည့်ချင်သော်လည်း သူ့ခေါင်းအားလှည့်လိုက်ချိန်၌ ယင်းကျောင်းသည် ကျင်းစစ်နောက်အား လျှောက်သွားသည်ကို သူမြင်လိုက်ရသည်။ 


“ကြောက်နေလား..” 


ယင်းကျောင်းက ကျင်းစစ်နောက်ကျောအား ပုတ်ပေးလိုက်သည်။ 


“အဆင်ပြေတယ်..ဘာမှမရှိဘူး..မကြောက်ပါနဲ့..” 


သူက ကျင်းစစ်လွယ်အိတ်အား နောက်ကျောဘက်သို့ ပြောင်းလွယ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်လေး၏ နားများအားကာပေးလိုက်သည်။ 


“အကိုက မင်းအတွက်ကာထားပေးမယ်..” 


ကျင်းစစ်က လျင်လျင်မြန်မြန် ငြင်းလိုက်သည်။ “မလိုပါဘူး..” 


“မလှုပ်နဲ့..” ယင်းကျောင်းက သူ့နားများအား အခွင့်ကောင်းယူ၍ ပွတ်လိုက်ပြီး ပြုံးသည်။ “


ဒါက အသံတစ်ချို့လေးတင်…ဒါပေမဲ့ နောက်ပြီးကျရင် ထပ်ပြီး သေချာပေါက်လာလိမ့်ဦးမယ်..အဲ့ဒါကကျယ်ပြီး မင်းနားကို အသံတွေက ထိခိုက်စေသွားရင် ဘယ်လိုလုပ်မလဲ…” 


သူ့က မျက်လုံးများကို အောက်စိုက်လိုက်ပြီး ကျင်းစစ်ပုံရိပ်လေးအားကြည့်ကာ သူ့ဒူးများအား သူ့ခြေထောက်ထံသို့ ဖိလိုက်ပြီး အသံတိုးတိုးဖြင့်ပြောသည်။


“နားထောင်..မင်းရဲ့ ကိုကိုနဲ့ဆိုခေါင်းမမာနဲ့..သွားမယ်…” 


ဟယ့်ကျိုး “..” 


အိုမင်းနေတဲ့လူယုတ်မာကြီး...သူက ဒါကို အခွင့်ကောင်းယူနေသေးတယ်...


ဟယ့်ကျိုးက အသက်ပြင်းပြင်းရှူလိုက်ကာ ယင်းကျောင်းအားကြည့်ပြီး အပြံးမပါဘဲ ပြောလိုက်သည်။ 


“အကိုကျောင်း ကျွန်တော်အခု အရမ်းကြောက်နေတာ..” 


“အိုး..” 


ယင်းကျောင်းက သူ့အား ဗလာအကြည့်ဖြင့်ကြည့်ကာ ကျင်းစစ်နားအား တင်းကြပ်စွားပိတ်ထားလိုက်သည်။ 


“မင်းက နျန်သားရဲလား..မင်းက မီးရှူးမီးပန်းလွှတ်တာကို ကြောက်ရအောင်…”


ဟယ့်ကျိုး “..” 


ဟယ့်ကျိုးက အရမ်းဒေါသဖြစ်လွန်းတာကြောင့် လှည့်လိုက်ပြီး ကျောင်းဂိတ်ပေါက်ထံသို့ လျှောက်သွားသည်။ 


သူက ဒီနေ့ည ယင်းကျောင်းနှင့် အဆောင်မှာ အချိန်ဖြုန်းပေးချင်တာ သူရူးနေလို့ပဲဖြစ်ရမယ်။ 


အသက်ကဘယ်လောက်တောင်ရှိနေပြီလဲ...


ဖန်ချန်းချန်းက လူယောင်ဆောင်မှင်စာကဲ့သို့တူနေသည့် ယင်းကျောင်းအား ကြည့်ပြီး ဟယ့်ကျိုးရဲ့အဆီနှင့် အသားပြည့်၀နေသောနောက်​ကျောသို့ ကြည့်လိုက်သည်။ ခဏမျှတိတ်ဆိတ်နေပြီးနောက် သူက ကျန့်ချွယ်အားဆွဲခေါ်သွားတော့သည်။ 


ယခုလေးတင် မြူးထူးဆော့ကစားနေသည့် လူသုံးယောက်အုပ်စု ရှိခဲ့ပေသည်။ 


လီကျိုးသည် ယင်းကျောင်းနှင့် ကျင်းစစ်အား တုန်ယင်စွာကြည့်လိုက်သည်။ သူက ဘာဖြစ်နေလဲ ဆိုသည်အားမသိသော်လည်း သူ့စိတ်ထဲ၌ စင်ဂယ်ခွေးတစ်ယောက်၏ နာကျဉ်းမှုအား ခံစားလိုက်ရသည်။ 


နောက်ဆုံး၌ အဆောင်သို့ အခက်ခဲများစွာဖြင့် ပြန်လာပြီးနောက် ယင်းကျောင်းက တခဏမျှလာလည်မည်အား ကြောက်ရွံ့ပါသော လီကျိုးသည် ထောပတ်ဖရဲသီးစေ့ထုပ်အားကိုင်ကာ နှုတ်ဆက်ရန်ပင်မေ့သွားပြီး ဝူဝေ့ထံ ပြေးသွားလေသည်။ 


ယင်းကျောင်းက သူထင်မြင်သကဲ့သို့ သူတို့အခန်းထဲသို့ လိုက်မလာခဲ့ချေ။ သူက လွယ်အိတ်အား ကျင်းစစ်ထံပေးလိုက်ပြီး သူ့အခန်းသို့ ပြန်သွား၏။ 


ကျင်းစစ်က သူ့အားကျေးဇူးတင်ကာ အခန်းတံခါးအား ပိတ်လိုက်သည်။ သူက အင်္ကျီအရင်မလဲသေးဘဲ သူ့လွယ်အိတ်ထဲမှ စာမေးပွဲစာရွက်များပါသည့် အပြာရောင်ကလစ်တစ်ခုအား ထုတ်လိုက်ပြီး ယနေ့သင်သည့် သင်္ချာအိုလံပစ်အပိုင်းအား ဆွဲထုတ်လိုက်သည်။ 


ထို့နောက်သူက အံဆွဲသော့အားထုတ်ပြီး သူ့အံဆွဲအား ဖွင့်လိုက်ကာ အောက်ခြေမှ ကွတ်ကီးဗူးအားထုတ်ယူလိုက်သည်။ 


ဗူးထဲ၌ ရှိသည်ကား ကွတ်ကီးမဟုတ်ဘဲ လေးထောင့်ပုံစံ စနစ်တကျစီရီထားသည့် စာရွက်များပင်။ ၎င်းသည် အရင်နှစ်ဝက်စာမေးပွဲမှ စာရွက်များဖြစ်ကာ ဘာသာစုံပါဝင်သည်။ 


အိပ်ယာပေါ်၌ ထိုင်ပြီး ကျင်းစစ်က သင်္ချာစာရွက်အား ထုတ်ယူ၍ လွယ်အိတ်ထဲမှ ဘောပင်အားထုတ်ကာ ၎င်းပေါ်၌ စာတစ်ကြောင်းရေးလိုက်သည်။ 


နိုဝင်ဘာလအကုန် အိုလံပစ်မှာ ပထမရခဲ့တယ်။(အမှတ်ကို အရမ်းမကျေမနပ်ဖြစ်ခဲ့ရတယ်)


သူရေးပြီးနောက် ဘောပင်ကို ဖယ်လိုက်ကာ သူ့မျက်လုံးရှေ့၌ ‘ပထမ’ ဆိုသည်အား စက္ကန့်အနည်းငယ် ချိတ်ဆွဲထားပြီး ဗူးထဲမှ စာမေးပွဲစာရွက်များအားထုတ်ယူကာ တစ်ရွက်ချင်းဖတ်နေရင်း သူ့နှုတ်ခမ်းထောင့်စွန်းတွေကကွေးတက်လာသည်။ 


ကျင်းစစ်က အခန်းတံခါးအား လှမ်းကြည့်လိုက်ပြီး အပြင်မှ အသံများအား နားများထောင်လျက် နားစိုက်ထောင်လိုက်သည်။ လီကျိုးသည် အချိန်တခဏမျှ ပြန်မလာသေးကြောင်း သူခန့်မှန်းရသည်။ သူက သူ့မျက်နှာမှ ခံစားချက်အား ဆက်၍ ဖုံးကွယ်မထားဘဲ စာရွက်များထပ်ထားသည့် သေတ္တာဗူးအား လှုပ်ခါလိုက်ကာ လျှို့ဝှက်စွာ ပြုံးသည်။ မျက်လုံးတစ်စုံက တောက်ပနေကာ အလင်းရောင်များဖြင့် ပြည့်နှက်နေတော့၏။ 


____


တံခါးအပြင်၌ တံခါးခေါက်တော့မည့် ယင်းကျောင်းသည် ဖြည်းညင်းစွာ သူ့၏ လက်အားချလိုက်သည်။ 


သူက နံရံသို့ မှီလိုက်ပြီး သူမတော်တဆမြင်လိုက်ရသည့် မြင်ကွင်းအား ပြန်တွေးကြည့်ကာ သူ့နှုတ်ခမ်းပါးများ ကွေးညွတ်လာသည်။ 


ယင်းကျောင်းသည် ပြုံးလိုက်ကာ သူ့အိတ်ကပ်ထဲမှ ဆေးလိပ်အား ထုတ်ယူကာ သူ့ပါးစပ်ထဲ၌ ကိုက်ထားပြီး မီးမညှိချေ။ 


ယင်းက အပေါ်ယံ၌ ဂရုမစိုက်ဟန်ပြုလုပ်တတ်သည့် ကျင်းစစ်တစ်ယောက် သူ ပထမရ၍ အမှန်တကယ် ပျော်နေသည်ကို မြင်ရသည်မှာ ပထမဆုံးဖြစ်၏။ 


အရင် နှစ်ဝက်စာမေးပွဲအမှတ်များ ထွက်ပြီးနောက် ရက်အနည်းငယ်လောက် ဟန်မဆောင်နိုင် ပြုံးရွှင်နေသော ဆရာလျိုအပါအဝင် တစ်တန်းလုံး ဆူပွက်နေသည်။ 


အခြားအတန်းမှ ကျောင်းသားများပင်လျှင် သူ့အားတွေ့ရန် တက်တက်ကြွကြွ ပြေးလာကြသည်။ ကျင်းစစ်ဆိုသည့် နာမည်ကား ကျောင်းဖိုရမ်၌ တစ်လနီးပါး ကြီးစိုးထားပြီး များပြားလှသည့် သွေးမုန်တိုင်းများ ဖြစ်စေခဲ့သည်။ 


သို့သော် ကာယကံရှင် ကျင်းစစ်သည် တည်ငြိမ်နေသည်။ အစမှအဆုံးထိ သူက ထူးထူးခြားခြား ပြင်းထန်သည့် ခံစားချက်မျိုး မဖော်ပြခဲ့ပေ။ သူက လုံးဝ မသက်ရောက်သကဲ့သို့ တည်ငြိမ်နေသည်။ 


ယင်းကျောင်းက သူ တစ်နှစ်လုံး၏ စာမေးပွဲ၌ ပထမရသည်အား ဂရုမစိုက်သည်ဟု ထင်မိလိုက်သည်။ မထင်မှတ်ထားဘဲ အများမရှိချိန်မှာ ကျင်းစစ်သည် စာမေးပွဲစာရွက်အားလုံးကို စုစည်းထားပြီး သူ့နောက်မှာ ကိုယ်ဝှက်ကာ တိတ်တိတ်လေး ပျော်ရွှင်နေပေသည်။ 


ဒါက အရမ်းချစ်စရာ ကောင်းတာပဲ။ 


ယင်းကျောင်း နှလုံးသားက ယားယံနေပြီး သူက တံခါးကို ချက်ချင်းတွန်းဖွင့်လိုက်ပြိး သူ့အား သူ့လက်ထဲပွေ့ကာ မျက်နှာအားညစ်လိုက် နားရွက်လေးအားညစ်လိုက် လုပ်ရန် မစောင့်နိုင်တော့ပေ။ 


ကောင်လေးအချို့က စင်္ကြံအခြားတစ်ဖက်၌ လျှောက်လာကာ  ဟင်းကျောင်းအားတွေ့ချိန်၌ သူ့တို့၏ နောက်ကျောများ မတ်လိုက်ကြပြီး သူတို့ပါးစပ်များဖွင့်ကာ ဟယ်လို ဟု နှုတ်ဆက်ကြသည်။ 


ယင်းကျောင်းက လက်ညိုးကို သူ့နှုတ်ခမ်းပေါ်သို့ တင်လိုက်ပြီး သူတို့အား မဆူညံရန် အသိပေးသည်။ 


ကောင်လေးများက နားမလည်သော်လည်း ခေါင်းညိမ့်ကာ သူတို့၏ လက်နှင့်ခြေထောက်များအား သတိထားလျက် လျှောက်ထွက်သွားသည်။


ယင်းကျောင်းက နှုတ်ခမ်းများ ကွေးကာ အဆောင်ခန်း မှန်ပြတင်းပေါက်မှ ဖြတ်ပြီး ကြည့်လိုက်၏။ 


ကျင်းစစ်သည် သူ့၏ အောင်မြင်ခြင်းဆုလာဘ်များထည့်ထားသည့် သေတ္တာဗူးလေးအား အံဆွဲထဲသို့ ပြန်ထည့်လိုက်ပြီး သူ့မျက်နှာမှာ ပုံမှန် အရင်အမူအရာအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။ 


သူက ဖုန်းအားဖွင့်၍ အချိန်ကို စစ်ကြည့်လိုက်ပြီး သူ့ကိုယ်သူ အတိတ်မှ အောင်မြင်မှုများထဲသို့ နစ်မြောနေရန် ခွင့်မပြုဘဲ လွယ်အိတ်ထဲမှ လေ့ကျင့်ခန်းစာအုပ်အား ထုတ်ကာ စာရေးခုံပေါ်၌ ဖြောင့်ဖြောင့်မတ်မတ် ထိုင်လိုက်ပြီး မေးခွန်းများ စတင်ဖြေလိုက်သည်။ 


ကျင်းစစ်ကိုယ်တိုင် ပိုင်ဆိုင်သော တိုတောင်းလှသည့် ပျော်ရွင်ဖွယ် အခိုက်အတန့်လေးက တစ်မိနစ်မျှသာ ကြာရှည်ခဲ့ကာ ဤကဲ့သို့ အဆုံးသတ်သွားလေသည်။ 


ယင်းကျောင်းသည် ကျင်းစစ် စိတ်ပြောင်းသွားပြီးနှင့် မပြောင်းခင် ကွဲပြားသည့် အမူအရာအား ကြည့်ကာ ကြောင်အသွားသည်။ 


သူ အရင်က ကျင်းစစ်နှင့် အောင်ပွဲခံရန် ပြောချိန်၌ ကျင်းစစ်၏ ယဉ်ကျေးမှု နှင့် ယဉ်ယဉ်ကျေးကျေး ငြင်းဆိုမှုများအား  ရုတ်တရက် တွေးမိသွားသည်။


ယင်းကျောင်း အကုန်လုံးအား တစ်ခါတည်းနားလည်သွားသည်။ ကျင်းစစ်သည် သူတို့အားလုံးရှေ့၌ အမြဲတမ်း ချောချောမွေ့မွေ့နှင့် တည်တည်ငြိမ်ငြိမ် ပြုမူသော်လည်း သူက အမှန်တကယ် ဤကဲ့သို့ မဟုတ်ချေ။ 


သူက ပျော်ရွင်မှု ဒေါသ ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းအားလုံးကို အလေ့အကျင့်အရ ဖုံးကွယ်ထားပြီး သူတစ်ယောက်တည်း ချေဖျက်ကာ အခြားအပြင်လူ မည်သူနှင့်မျှ မဝေမျှပေ။ 


သူအပါအဝင်ပေါ့။ 


ဤကဲ့သို့ သူ့စိတ်အား အခြားလူများထံ ဖွင့်ဟမပြနိုင်သည့် စရိုက်မျိုး ကြီးမားလာစေရန် အရင်က ကျင်းစစ်မည်သည့်အတွေ့အကြုံများကို တွေ့ကြုံခဲ့ရသနည်း။ 


ယင်းကျောင်းသည် နံရံသို့ တခဏမျှမှီလိုက်ပြီးနောက် ဆေးလိပ်အား အမှိုက်တောင်းထဲ ပစ်ထည့်လိုက်ကာ လှည့်လိုက်ပြီး အောက်ဆင်းသွားသည်။ 


သူက သူနှင့် အကွာအဝေးခြားနားထားပြီး သူ့ ခံစားချက်အစစ်အမှန်အား မပြသချင်ဘူးလား။ 


ယင်းကျောင်းက သွားတွေကို ငြင်သာစွာ ကြိတ်လိုက်မိသည်။ 


ဘယ်လိုပဲ ဖြစ်ပါစေ သူ ဆက်ပြီး အိမ်မက်မက်နေလို့ရတယ်။ 


ညနေ ဆယ့်တစ်နာရီ ထိုးတော့မည်ဖြစ်ကာ လေက လမ်းအဘက်ဘက်မှ သစ်ပင်များပေါ်၌ တိုက်ခတ်နေပြီး စိုစွတ်ပြီး အေးသည့် ရှူရိုက်မှုအား ပေးစွမ်းနေသည်။ 


ယင်းကျောင်းသည် သူ့အင်္ကျီအား အချိန်မမှီမည်စိုး၍ ယူမနေတော့ကာ သူက ကျောင်းအပြင်မှ ကိတ်မုန့်ဆိုင်သို့ ပြေးသွားပြီး ပိတ်ချိန်မတိုင်ခင် နောက်ဆုံးမိနစ်၌ သူက အုန်းနို့ကိတ်ဗူးတစ်ဗူး အားဝယ်လိုက်နိုင်သည်။ 


စီရင်စု ကျောင်း၏ ယောက်ျားလေးအဆောင်အတွင်း ကျင်းစစ်သည် သူမနက်က လုပ်ခဲ့သည့် လေ့ကျင့်ခန်းများအား ဆက်လက်အပြီးသတ်လိုက်ပြီးနောက် အဖြေမှန်ကို ရရှိသွားသည်။ လီကျိုးက ပြန်မလာသေးပေ။ ကျင်းစစ်က သူနောက်ထပ် အခန်းတစ်ခု၌ ကစားနေပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။


သူ့ဖုန်းအား ငုံ့ကြည့်ကာ အပြင်းကြောတစ်ချက်ဆန့်လိုက်သည်။ အခန်းထဲ၌ လှည့်ပတ်လျှောက်လိုက်ပြီး သူက သင်္ချာအိုလံပစ် ပုံစံအား ဖုန်းဖြင့် အင်တာနက်ပေါ်မှ ရှာဖွေလိုက်သည်။ 


စီရင်စုကျောင်းနှင့် မနီးမဝေး၌ စစ်တပ်ရင်းတစ်ခုရှိသည်။ တပ်ရင်းထဲ၌ လှိုင်းနိမ့်စက်သုံးထားသဖြင့် စီရင်စုကျောင်းမှ ဖုန်းလိုင်းများ သည် အဓိကအားဖြင့် အဆောင်တွင်း၌ အရမ်းမကောင်းချေ။ 


လီကျိုးက ဂိမ်းဆော့ရင်း ပွဲစဉ်တစ်ဝက်၌ ထွက်ထွက်သွားသည့် အကြိမ်များစွာရှိကာ သူက ထို့အတွက်ကြောင့် မကြာခဏ အော်ဟစ်လေ့ရှိသည်။ 


ကျင်းစစ်သည် ဝက်ဆိုဒ် တစ်ဝက်မျှ တက်လာရန် တစ်မိနစ်လောက်စောင့်ခဲ့ရသည်။ သူက ထိုအပေါ်၌ အချိန်မဖြုန်းချင်ပေ။ သူက သူဖုန်းကို ကိုင်ကာ လိုင်းကောင်းကောင်းရှာဖွေရန် ရေချိုးခန်းသို့ လျှောက်သွားမည့် အချိန်တွင် အခန်းတံခါး ရုတ်တရက် ခေါက်သံကြားလိုက်ရသည်။ 


သူက လျှောက်သွားပြီး တံခါးဖွင့်လိုက်သည်။ 


သူက ထိုသူမှာ ယင်းကျောင်းမှန်း တွေ့ရချိန်၌ သူက ကြောင်အသွားရသည်။ 


“မင်း ငါ့ကို လာရှာတာလား..” 


“အင်း..” 


ယင်းကျောင်းက ရင်းနှီးကျွမ်းဝင်စွာ ဝင်ရောက်လာပြီး အုန်းနို့ကိတ်လေးများအား သူ့လက်ထဲ ထိုးပေးလိုက်ပြီး ငြင်သာစွာပြောလိုက်သည်။ 


“အတန်းဖော်လေး…အိုလံပစ်မှာ ပထမရတဲ့ အတွက် ဂုဏ်ပြုပါတယ်…” 


ကျင်းစစ် ငြင်းဆိုမည်ဖြစ်ကြောင်း သိပြီး ယင်းကျောင်းသည် ကုတင်တိုင်အားမှီပြီး ရယ်သံတစ်ချက်ဖြင့် ပြောလိုက်သည်။ 


“မငြင်းပါနဲ့..မင်းက အကင်နှင့်ငါး မလိုချင်ဘူးဆိုရင် ကိတ်မုန့်တစ်ဗူးက အဆင်ပြေတယ်..” 


သူက သူ့လက်အားမြှောက်ကာ ကျင်းစစ် လက်နောက်ဘက်အား ညင်သာစွာ ထိလိုက်သည်။ 


“မင်းခံစားရလား..ဒါလေး ဝယ်ဖို့အတွက် မင်းကိုကိုရဲ့ လက်က အေးခဲနေပြီ..” 


“ကျေးဇူးတင်ပါတယ်..” 


ကျင်းစစ်သည် ရှက်ရွံ့စွာ ပြုံးကာ သူ့ ကြင်နာမှုအား လက်ခံလိုက်သည်။ 


သူက ကိတ်မုန်ဗူးအား အရင်မဖွင့်ဘဲ လေးထောင့်ပုံကိတ်မုန့် သေတ္တာအား စားပွဲပေါ်တင်လိုက်သည်။ သူက အိပ်ယာသို့ လျှောက်သွားပြီး အိပ်ယာခင်းအောက်မှ လေးထောင့်စောင်တစ်ခုအား ဆွဲယူလိုက်ပြီး ယင်းကျောင်းပေါင်ပေါ်သို့ တင်ပေးသည်။ 


“မင်းအေးနေရင်..ဒါကိုသုံးလိုက်..” 


စောင်က သန္တာကောင်အမွှေးဖြင့်ပြုလုပ်ထားပြီး ၎င်းက အလွှာထူထဲသော်လည်း နူးညံပြီး ပေါ့ပါးသည်ဟု ထင်မြင်ရသည်။ ယင်းကျောင်းသည် စောင်အား ရမ်းခါလိုက်ပြီး သူ့ကိုယ်ပေါ်၌ ခြုံလိုက်ကာ သူ့အပြုံးများ က မျက်လုံးများ အောက်ခြေအထိ ပြန့်နှံ့လာသည်။ 


အချိုပွဲကိတ်မုန့်သည် ညတွင်းချင်းထားမရချေ။ ကျင်းစစ်သည် သူ့ဖုန်းအားချလိုက်ပြီး ဗူးခွံအားဖွင့်လိုက်သည်။ ပထမဆုံး သူက ဗူးအား ယင်းကျောင်းထံ တွန်းပေးကာ မေးသည်။ 


“မင်း စားချင်လား…” 


ယင်းကျောင်း မျက်လုံးများတောက်ပသွားကာ သူကခေါင်းရမ်းလိုက်သည်။ 


“မစားတော့ဘူး..” 


ကျင်းစစ်သည် သူ့ရင်ထဲ မကောင်းသည့်ကိစ္စများဖြင့် ပြည့်နေသည်အား မသိသောကြောင့် သူ့က ၎င်းအားကြားရချိန်၌ ခေါင်းညိမ့်လိုက်ပြီး သေးငယ်သည့် လေးထောင့်ကိတ်ကလေးအား ထုတ်ကာ သူ့ပါးစပ်ထဲသို့ သွင်းလိုက်သည်။ 


ယင်းကျောင်းဝယ်လာသည့် အုန်းနို့ လေးထောင့်ကိတ်လေးများက သူ့အကြိုက်နှင့် ကိုက်ညီပေသည်။ 


ကျင်းစစ်သည် မျက်လုံးများမှေးလိုက်ပြီး နောက်တစ်ပိုင်း မစားဘဲ မနေနိုင်ချေ။ 


ယင်းကျောင်းသည် သူနှစ်ပိုင်းစားပြီးသည်အထိ ကြည့်နေပြီးမှ သူ့ခြေထောက်ပေါ်မှ စောင်အားဖယ်လိုက်ကာ ကျင်းစစ်ထံလျှောက်သွားပြီး ခေါင်းငုံ့ကာပြောလိုက်သည်။ 


“ကိုယ့်လည်း တစ်ကိုက်လောက်ပေးပါလား..” 


ကျင်းစစ်က လျင်လျင်မြန်မြန် ခေါင်းညိမ့်လိုက်ပြီး ကိတ်မုန်ဗူးအား ကိုင်ကာ သူ့အား ယူရန်ညွှန်ပြသည်။ 


ယင်းကျောင်းက မလှုပ်ဘဲ မျက်လုံးများအောက်စိုက်လိုက်ကာ သူ့မျက်လုံးများက ကျင်းစစ်လက်ထဲသို့ ကျရောက်နေပြီး ပြုံးလျက် သူ့လက်ကောက်ဝတ်အား ဆွဲယူလိုက်ပြီး ကောင်လေးလက်ထဲမှ ခက်ရင်းအား ယူလိုက်သည်။ 


ကျင်းစစ်အကြည့်က တောင့်ခဲသွားပြီး အနည်းငယ် သဘာဝမကျခံစားလိုက်ရသည်။ 


သူက အခြားလူများဖြင့် ဇွန်းခက်ရင်း မျှသုံးသည့် အတွေ့အကြုံမရှိဖူးသည် မဟုတ်ပေ။ သူ မိဘမဲ့ဂေဟာ၌ ဤကဲ့သို့ ရှားပါးပြီး ရခဲသည့် အချိုပွဲမျိုးဆို အသာထား လူသုံးယောက်က ထမင်းတစ်ပန်းကန်ကိုပင်မျှစားကြရ၏။ 


လူတစ်စုသည် ကိတ်မုန့်ကြီးအား မျှစားကြပြီး ကျင်းစစ်လည်း လူအများနှင့် တူတူ အကြိမ်ပေါင်းများစွာ မျှစားဖူးသည်။


သို့ပေမဲ့ သူဘာဖြစ်နေမှန်းမသိ ယင်းကျောင်းဖြင့် ခက်ရင်းမျှခြင်းသည် သူ့အား သက်တောင့်သက်သာ မဖြစ်စေချေ။ 


“အဲ့ဒါ ငါသုံးထားတာ..” 


ကျင်းစစ်က သူ့အား အသိပေးပြီး ခက်ရင်းအားပြန့်ယူမည့် ဆဲဆဲတွင် ယင်းကျောင်း၏ လက်ဖြင့် တားဆီးခံလိုက်ရသည်။ 


ယင်းကျောင်းသည် သူ့စိတ်ထဲ ကိုယ်လိုချင်တာ မင်းသုံးထားတဲ့ဟာဟု ပြောလိုက်မနသည်။ သို့သော် အပေါ်ယံ၌ သူက ခမ်းနားတည်ကြည်သည့်အကြည့်အား ဆင်ထားမြဲပင်။ 


“အဆင်ပြေပါတယ်..ကိုယ်တို့ နှစ်ယောက်လုံးက ယောက်ျားလေးပဲ…မင်းကဒါကို ဂရုစိုက်နေသေးတာလား…” 


ထိုသို့ပြောပြီးနောက် သူသည် သေးငယ်သည့်ကိတ်အား ခက်ရင်းဖြင့် ယူလိုက်ကာ ပါးစပ်ထဲ ထည့်လိုက်သည်။


ယင်းကျောင်းသည် ဤကဲ့သို့မုန့်များအားစားခဲပြီး သူက အချိုမကြိုက်ချေ။ အိမ်မှာ ချက်ပြုတ်နေသည့် အန်တီကြီးသည် အချိုပွဲလုပ်သည့် နေရာ၌ အရမ်းကောင်းသော်လည်း ယင်းကျောင်းသည် သူမအား ဘယ်တော့မှ မလုပ်ခိုင်းခဲ့ပေ။ သူတို့ လာကစားသည့် အခိုက်တန့်များ တွင်သာ သူတို့ တစ်ကြိမ် နှစ်ကြိမ်မျှ ချက်ပြုတ်ကြပေမည်။ 


ဤသို့ဖြင့် သူက မထိခဲ့ချေ။ 


သို့ပေမယ့် ယနေ့တွင်မူသူရုတ်တရက် အုန်းနို့ကိတ်က အရမ်းကောင်းသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။


ယင်းကျောင်းသည် သူ့ပါးစပ်ထဲကမုန့် မြိုချလိုက်ပြီးနောက် ကျင်းစစ်အား မေးလိုက်သည်။ 


“အရသာရှိလား..” 


ကျင်းစစ်က ခေါင်းညိမ့်လိုက်ပြီး ရိုးသားစွာဖြေသည်။ 


“ဒါ အရသာရှိတယ်..” 


ယင်းကျောင်းသည် နှုတ်ခမ်းများကွေးညွှတ်သွားသည်အထိ ပြုံးလိုက်ပြီး သူ့လက်ထဲမှ ခက်ရင်းအားကြည့်ကာ ရည်ရွယ်ချက်ရှိရှိ ပြောလာသည်။ 


“ကိုယ်လည်း ဒီနေ့ လေးထောင့်ကိတ်လေးတွေက ထူးထူးခြားခြား အရသာရှိတယ်လို့ ထင်မိတယ်….” 


သူက ထူးထူးခြားခြား ဟူသည့် စကားလုံးအား ရည်ရွယ်ချက်ရှိရှိအသုံးပြုခဲ့ခြင်းပင်။ ကျင်းစစ်သည် ၎င်းအားနားမလည်သော်လည်း သန့်သန့်ရှင်းရှင်း ကောင်းတာမဟုတ်ကြောင်း ခံစားမိပေမဲ့ သူက သိတတ်ပြီး အများကြီးမမေးခဲ့ပေ။ 


ယင်းကျောင်းကလည်း ဂရုမစိုက်ချေ။ သူက‌ ခေါင်းငုံကာ ကိတ်မုန့်တစ်ပိုင်းအား ထုတ်ယူကာ ကျင်းစစ်နှုတ်ခမ်းထံ ထိုးပေးသည်။ 


“ဒီမှာ…” 


ကျင်းစစ်က အနည်းငယ်ရှောင်တိန်းလိုက်ပြီး ပြောသည်။ 


“ငါ့ဟာငါ လုပ်လို့ရပါတယ်…” 


“ဘာဖြစ်တာလဲ အတန်းဖော်လေး…” 


ယင်းကျောင်းက သူ့အရှေ့သို့ကိုယ်ကိုအနည်းငယ်ကုန်းညွှတ်ပြီး အပြုံးလေးဖြင့်မေးလိုက်သည်။


“မင်းဘာလို့ ရှက်နေသေးတာလဲ…” 


သူက ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။ 


“ကိုယ်အရင်က မင်းကို ခွံ့မကျွေးဖူးတာလည်း မဟုတ်ဘူး…မင်း အရင်တစ်ခါတုန်းက သစ်ချသီးစားတာ အရသာမရှိလို့လားနော်...” 


သူက ပြောရင်းဖြင့် အရှေ့သို့ ညာလက်အားဆန့်ထုတ်လိုက်ပြီး ကျင်းစစ်နှုတ်ခမ်းအား ကိတ်မုန့်ဖြင့် ထိလိုက်သည်။ 


ကျင်းစစ်က သူ့အား ယင်းကျောင်း ဤကဲ့သို့ကြည့်ချိန်၌ ပါးစပ်မဖွင့်နိုင်ချေ။ သူတခဏမျှ တွန့်ဆုတ်နေပြီး နောက်ဆုံး၌ သူ့လက်အားမြောက်ကာ ခက်ရင်းလက်ကိုင်အား ဂရုတစိုက်ကိုင်လိုက်ပြီး လျင်လျင်မြန်မြန် ခေါင်းငုံ့ကာ ကိတ်မုန့်ကို ပါးစပ်ထဲသို့ သွပ်လိုက်သည်။ 


ယင်းကျောင်းသည် လက်ထဲမှ ခက်ရင်းအားကြည့်ကာ ​ဆိုလာသည်။ 


“ကိုယ်တို့…” 


ကျင်းစစ်သည် ဝါးနေရင်းဖြင့် သူ့မျက်လုံးများကိုပင့်ကာ သူ့နောက်စကားလုံးများအား စောင့်နေလိုက်သည်။ 


ယင်းကျောင်း : “ဒါ သွယ်ဝိုက်အနမ်းလို့ တွက်ကြည့်လို့ရလား..” 


ကျင်းစစ်မျက်နှာ နီရဲတွတ်သွားတော့သည်။