Chapter 36
ယင်းကျောင်းက သူ့အားစနောက်ပြီးနောက် ကျေနပ်သွားချေပြီ။ ကျင်းစစ်သည် သူ့ခေါင်းအား ရှက်ရွံ့စွာ အောက်စိုက်ထားပြီး သူ့အိပ်ယာအားကြည့်လိုက် ကြမ်းပြင်အားကြည့်လိုက် မျက်နှာချက်အား ကြည့်လိုက်လုပ်နေသော်လည်း သူ့အား တိုက်ရိုက်ကြည့်မလာချေ။
သူက ရယ်ပြီး ကျင်းစစ်ဂရုမစိုက်နိုင်လိုက်သေးခင်၌ သူက ကိတ်မုန့်ဗူးထဲသို့ ခက်ရင်းအား မွေလိုက်သည်။
အုန်းနို့ကိတ် အပေါ်ယံ၌ အုန်းသီးအစစ်ဖြင့်ဖြူးထားပေသည်။ ယင်းကျောင်းသည် ကိတ်မုန့်ဗူးအား တစ်လျှောက်လုံးယူလာပြီးနောက် ကျင်းစစ်ထံ နှစ်ကြိမ်တိုင်တိုင် တွန်းပေးလိုက်သည်။ အုန်းသီးမှုန်လေးများက သဘာဝကျစွာ အောက်သို့ ကျဆင်းသွားသည်။
သူ ဤကဲ့သို့ ပြုလုပ်ပြီး ခက်ရင်းဘေးဘက်များက အဖြူရောင်ခရင်များဖြင့် ဖုံးအုပ်သွားသည်။
ယင်းကျောင်းက ထပ်မစားချင်တော့သဖြင့် သူက ကျင်းစစ်အရှေ့သို့ လျှောက်သွားပြီး ခက်ရင်းအား သူ့ရှေ့ ရမ်းပြလိုက်သည်။
ကျင်းစစ်သည် အစ၌ ရှက်ရွံ့နေသေးသော်လည်း ခက်ရင်းအား မြင်ရချိန်၌ သူရုပ်တရက် ခံစားချက်အားလုံး ပျောက်ဆုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဈေးဆိုင်မှ ပေးလာသည့် ခက်ရင်းသည် အရည်အသွေးကောင်းပြီး သာမန်ခက်ရင်းထက် ဆိုဒ်တစ်ဆိုဒ် ကြီးကာ အနက်ရောင်ဖြစ်သောကြောင့် တစ်ဖက်မှ အုန်းသီးမှုန့်နှင့် ခရင်အပိုင်းအစအနည်းငယ်သည် သိသိသာသာမြင်နေရသည်။
ကျင်းစစ် လက်ချောင်းများက ဆန္ဒမပါဘဲ လှုပ်ရှားသွားက သူ့တစ်ကိုယ်လုံး မသက်မသာခံစားလိုက်ရသည်။
ယင်းကျောင်းက သူ့အမူအရာအားကြည့်ပြီး အပြုံးတစ်ခု ညစ်ထုတ်ကာ သူဘာမှမသိသကဲ့သို့ ဟန်ဆောင်လိုက်သည်။
ကျင်းစစ်သည် သူ့မျက်လုံးများအား ပိတ်လိုက်ပြီး ခက်ရင်းအကြောင်းမတွေးရန် ကြိုးစားသည်။ သူက ယင်းကျောင်း နောက်ထပ်ပေါက်ကရပြောမည်အားစိုးရိမ်ကာ စကားထပ်မံမပြောချင်တော့ပေ။
သို့သော် အလုပ်မဖြစ်ချေ။ အုန်းသီးအနှစ်များပေကြံနေသည့် အနက်ရောင်ခက်ရင်းသည် သူ့စိတ်ထဲ၌ ဆက်တိုက်ပေါ်လာပြီး သူမေ့၍မရပေ။
ကျင်းစစ်က ခက်ရင်းအား သူ့လက်ထဲ မည်ကဲ့သို့ ကိုင်ရမည်အား ကြံစည်နေစဉ် ယင်းကျောင်းက ရုတ်တရက် သူ့အားထိလာသည်။
“မင်း ထပ်လိုချင်သေးလား...မဟုတ်ရင်..မစားနဲ့တော့…”
ကျင်းစစ်သည် သက်သာရာရစွာ လေရှူထုတ်လိုက်ပြီး ခေါင်းညိမ့်သည်။
“ငါလိုချင်တယ်…”
သူက လက်ဆန့်လိုက်ပြီး ခက်ရင်းအားယူကာ ကိတ်မုန့်လေးများအား အတူတကွ စားလိုက်သည်။
ကျင်းစစ်သည် အုန်းသီးခရင်များအား အမှိုက်ပုံးထဲသို့ ပစ်လိုက်ရတာမျိုးကို မလုပ်ချင်ကာကြောင့် တခဏမျှ တွန့်ဆုတ်နေပြီးနောက် သူ့ကိတ်မုန့်အားပါးစပ်ထဲသို့ ထည့်နေချိန်၌ ခက်ရင်းအား လျင်လျင်မြန်မြန် လျက်လိုက်သည်။
ခက်ရင်းမျက်နှာပြင်က အဖြူတစ်ဝက် အမဲတစ်ဝက်မဟုတ်တော့ဘဲ သန့်ရှင်းသွားသည်အား ကြည့်ပြီး သူစိတ်ထဲ ပိုပြီး သက်တောင့်သက်သာ ခံစားလိုက်ရသည်။
သေးငယ်သည့်လေးထောင့်ပုံ ကိတ်မုန့်လေးအား မြိုမချရသေးခင်၌ ယင်းကျောင်းသည် ရုတ်တရက် အရှေ့သို့ငုံ့လိုက်၏။
သူက ကျင်းစစ်အား ငုံ့ကြည့်ကာ ကြမ်းတမ်းသည့် လေချွန်သံတစ်ချက် ကောင်လေး၏ နားထဲသို့ မှုတ်သွင်းလိုက်သည်။
“ဝိုး..ဒါက သွယ်ဝိုက်အနမ်း မဟုတ်တော့ဘူး…ဒါက လျှာဖျား အနမ်းပဲ..”
အလွန်အကျွံစနောက်ခြင်းကြောင့် ရှက်ပြီးဒေါသထွက်နေသည့် ကျင်းစစ်သည် ယင်းကျောင်းအား အခန်းထဲမှ သနားညင်သာခြင်းမရှိ နှင်ထုတ်လိုက်သည်။
တင်းတင်းကြပ်ကြပ် ပိတ်ထားသည့် တံခါးအား ကြည့်ပြီး ယင်းကျောင်းက ကူကယ်ရာမဲ့ ပြုံးလိုက်ကာ သူ့ဖုန်းအား ထုတ်ယူလိုက်ပြီး ဝီလ်ချက်အားဖွင့်၍ စာရိုက်လိုက်ပြိး သူ့အခန်းသို့ ပြန်သွားတော့သည်။
မိနစ်ဝက်မျှအကြာတွင် ကျင်းစစ်၏ ဖုန်းက မြည်လာသည်။ သူ့ ကြည့်လိုက်ချိန်၌ ယင်းကျောင်းက သူ့အား စာနှစ်ကြောင်းပို့ထားသည်…
[ကျောင်း] အရေးကြီးတဲ့အရာတွေက သုံးကြိမ်သုံးခါ ပြောရတယ်..
[ကျောင်း] စာမေးပွဲမှာ ပထမရလို့ ဂုဏ်ယူပါတယ်..ဒါကတကယ်အံ့ဩစရာ ကောင်းလွန်းတယ်…
ကျင်းစစ်သည် ဖုန်းမျက်နှာပြင်မှ အကြည့်လွှဲလိုက်ပြီး စာမပြန်ခဲ့သော်လည်း မျက်လုံးထဲ၌ အပြုံးများပေါ်လာသည်။
အခန်း ၃၀၃ ၌ ယင်းကျောင်းသည် အိပ်ယာပေါ်၌ လှဲနေပြီး သူ့ဖုန်းအားကိုင်ကာ ကျင်းစစ်၏ ဝီလ်ချက်ပုံအား အကြာကြီးစိုက်ကြည့်နေပြီး သူ့ခေါင်းအုံးအောက်မှ လေ့ကျင့်ခန်းစာအုပ်အား မထုတ်မှီအထိ ပြုံးနေမိသည်။
ကျင်းစစ်က သူ့ခံစားချက်ကို မျှဝေခြင်းမရှိလျှင်ပင် သူနှင့် ဤကဲ့သို့ ပျော်ရွှင်ရသည်လည်း ကောင်းပေ၏။
နောက်တစ်နေ့ အတန်းခုနစ်မှ ကျောင်းသားများသည် မနက်စောစော၌ သတင်းဆိုးရရှိခဲ့သည်။
ဆရာလျိုသည် အရှေ့စတိတ်စင်ပေါ်၌ မတ်တပ်ရပ်ပြီး လေးလေးနက်နက် မျက်နှာထားဖြင့် ကြေညာလိုက်သည်။
“လအကုန် အားလပ်ရက်ပြီးရင် ငါတို့ လကုန်စာမေးပွဲရှိမယ်...ဒီတစ်ကြိမ်မှာ ငါတို့ကျောင်းကဘဲ စာမေးပွဲစစ်လိမ့်မယ်…”
သူက မျက်မှောင်ကျုံ့ကာ အုပ်စုထဲမှ မွဲနေသည့်မျက်လုံးများနှင့် အော်ဟစ်သမ်းဝေနေသည့် ကျောင်းသားများအားကြည့်ပြီး သူ့အသံအားမြင့်ကာ ပြောလိုက်သည်။
“လူတိုင်း ကြိုးစားရမယ်…သင်္ချာ..ရူပ..ဓာတုဗေဒမှာ မကြိုးစားနိုင်ဘူးဆိုပေမဲ့ တရုတ်စာမှာရော ဘယ်လိုလဲ..မှတ်ရမည့် စကားလုံးအားလုံးကိုဆက်တိုက်ဖတ်ရမယ်…ငါမင်းတို့ကို ပြောပြမယ်…ဒီတစ်ခေါက်စာမေးပွဲကဗျာကဏ္ဏမှာ ဗလာသက်သက်ပဲ ထပ်ခဲ့မဲ့လူတိုင်း…”
ဆရာလျိုက ခုံကိုရိုက်လိုက်ပြီး ကြမ်းတမ်းစွာအော်ဟစ်ပြောဆိုလိုက်သည်။
“ငါမင်းတို့ကို ဘယ်လိုရှင်းမလဲ စောင့်ကြည့်နေလိုက်..”
ပြောပြီးနောက် သူက အတန်းတွင်း လှည့်ပတ်ပြီး ခုံပေါ်မှောက်အိပ်နေသော ကျောင်းသားအချို့အား ရိုက်လိုက်ပြီးနောက် အခန်းထဲမှ မနှေးမမြန် ထွက်ခွာသွားတော့သည်။
ကျင်းစစ်သည် စာမေးပွဲဖြေမည် မဖြေမည် အားဂရုမစိုက်သော်လည်း လကုန်ရက်က ကုန်ဆုံးပေတော့မည်။ အိမ်ပြန်ရမည်ဆိုသော အတွေးသည် သူ့အားအနည်းငယ်မျှ သက်တောင့်သက်သာ မဖြစ်စေပေ။
သူက ခုံအား အတွေးထဲနှစ်မြောစွာဖြင့် စိုက်ကြည့်နေမိပြီး လကုန်ကျောင်းပိတ်ရက် ပင်လျှင် သူကျောင်း၌ နေခွင့်ရနိုင်မလား ဟု မတွေးမိဘဲ မနေနိင်ချေ။
“သေစမ်း..နောက်ထပ်စာမေးပွဲတစ်ခု..”
ဆရာလျိူ ထွက်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် ကျန့်ချွယ်သည် သူ့အင်္ကျီစထဲမှ ဖုန်းအားထုတ်ကာ ရေရွတ် ညီးညူသည်။
“ငါဘာလို့ မနေ့ကဘဲ စာမေးပွဲဖြေခဲ့တယ်လို့ ခံစားနေရတာပါလိမ့်..”
ဟယ်ကျိုးသည် သူ့မျက်လုံးထောင့်မှ မျက်ရည်များအား သုတ်ပစ်လိုက်ပြီး အသိစိတ်မဲ့စွာ ပြောသည်။
“လောင်ကျန့် စိတ်ငြိမ်ငြိမ်ထား...ကျောင်းသားကောင်းနဲ့ စာမေးပွဲဆိုတာက ငါတို့ရဲ့ နေ့စဉ်ဇယားထဲမှာမပါဘူး….”
ကျန့်ချွယ်သည် ရွံရှာမှုကြောင့် တုန်လှုပ်သွားရသည်။
“အိုး..မင်းစကားလေးက လှလိုက်တာ..”
ဟယ့်ကျိုးက နှာမှုတ်လိုက်ပြီး အရှေ့သို့ လက်ညိုးညွှန်ပြကာ ဆိုသည်။
“အကိုကျောင်းထံ သင်ယူစမ်းပါ…မင်းကြည့်စမ်း.. အကိုကျောင်းက “ငါးနှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲနှင့် သုံးနှစ် အယောင်ဆောင်ခြင်း” စာအုပ်ကို တည်တည်ငြိမ်ငြိမ် ထုတ်နေတယ်…”
ကျန့်ချွယ် “….”
ကျန့်ချွယ်သည် ရုတ်တရက် ခက်ခဲသည့်အမူအရာမျိုး သူ့မျက်နှာ၌ပေါ်လာပြီး သူထရပ်လိုက်ကာ ရှေ့သို့လှမ်းကြည့်လိုက်သည်။ ယင်းကျောင်းက ကျင်းစစ်၏ လက်မောင်းအား ထိတွေ့နေသည်အား တွေ့ရပြီး သူက ကျင်းစစ်အား မေးခွန်းမေးနေပုံပေါက်သည်။
ကျင်းစစ်သည် စာအုပ်ထဲမှ စာမျက်နှာများကိုကြည့်ကာ မကြာမှီ ဘောပင်ကို ကောက်ကိုင်လိုက်ပြီး သူ့အား အသံတိုးတိုးဖြင့် စတင်ရှင်းပြသည်။
ကျန့်ချွယ်သည် ၎င်းအား တခဏမျှကြည့်နေပြီး ရုတ်တရက် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ သူက ဟယ့်ကျိုးကို ဆွဲခေါ်လိုက်သည်။
“ဟေး သူက စာကိုနားထောင်နေတယ်လို့မင်းထင်လား ဒါမှမဟုတ် သူ့ကိုကြည့်နေတာလား…”
ဤစကားအားကြားရချိန်၌ ဖန်ချန်းချန်းက အရှေ့ကိုကြည့်လိုက်ပြီး ပေါင်းစုကာ ဆုံးဖြတ်လိုက်သည်။
“နှစ်ခုလုံး…”
ဟယ့်ကျိုးသည် အရင်က သတိမထားမိခဲ့ချေ။
ကျန့်ချွယ်က ပြောလာချိန်၌ သူက ချက်ချင်း တိုးလာပြီး“သူက အဲ့ဒါကို မဖုံးကွယ်ထားနိုင်ဘူးလား..”
ဟယ့်ကျိုးသည် သွားကိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“မဟုတ်သေးဘူး…သူကျင်းစစ်ကိုကြည့်တဲ့ သူ့မျက်လုံးတွေကို ကြည့်လိုက်ရုံတင် တစ်ယောက်ယောက် သူ့စိတ်ကိုဖတ်နိုင်ကြတယ်မလား..”
ဖန်ချန်းချန်းသည် သူ့ခေါင်းပေါ်၌ သံရိုက်နေဆဲပင်။
“ကျင်းစစ်ကတော့ မဖတ်တတ်ဘူး…”
ဟယ့်ကျိုးက ချက်ချင်း သရော်တော်တော် ရယ်လိုက်မိသည်။
“ဟုတ်တယ်..ကျင်းစစ်က သူ့ကို အခု မဖတ်တတ်သေးဘူး..သူနဲ့တန်တယ်…”
ကျင်းစစ်က ပုစ္ဆာတစ်ပုဒ်အား ရှင်းပြပြီးနောက် ဘောပင်ချကာ ယင်းကျောင်းအားမေးသည်။
“မင်းနားလည်လား….”
“နားလည်တယ်..”
ယင်းကျောင်းသည် လေ့ကျင့်ခန်းစာအုပ်အား ရယ်သံတစ်ချက်ဖြင့် ပြန်ယူလိုက်ပြီး ပြောလိုက်သည်။
“ကျေးဇူးပါ..အတန်းဖော်လေး…”
ကျင်းစစ်က ခေါင်းရမ်းလိုက်ပြီး ဘောပင်ပြန်ကိုင်လိုက်ကာ သင်္ချာအိုလံပစ်အား ဆက်လုပ်နေသည်။
ယင်းကျောင်းသည် သူ့အား ဆက်မစနောက်တော့ဘဲ ယခုရှင်းပြခဲ့သည့် မေးခွန်းမှ အဓိကအချက်များအား ရှာဖွေလိုက်ပြီးနောက် ၎င်းအားသွား တွက်လေသည်။
သူပထမအကြိမ် လေ့လာချိန်၌ ယင်းကျောင်းသည် အမှန်ပင် ငြိမ်ငြိမ်ထိုင်မနေနိုင်ချေ။ သို့သော် သူ့သွားအား တစ်လလောက်ခဲပြီးနောက် အဲ့ဒါက အရမ်းကြီး မခက်ခဲကြောင်း သူတွေ့ရှိသွားသည်။
အရေးအကြီးဆုံး အရာက…
ယင်းကျောင်းက ကျင်းစစ်အား သူ့မျက်လုံးထောင့်စွန်းမှ ကြည့်လိုက်သည်။
သူက ပြဿနာတစ်ခု ကြုံတွေ့နေပုံပေါ်ပြီး သူ့ဘောပင်က အောက်ချခြင်းမရှိဘဲ ကြိမ်ဖန်များစွာ တွန့်ဆုတ်နေသည်။ တစ်မိနစ်မျှ စဉ်းစားပြီးနောက် နဖူးမှ မျက်မှောင်များ ပြေလျော့သွားပြီး အဖြေအား စာရွက်ပေါ်၌ ရေးသားလိုက်သည်။
ယင်းကျောင်းသည် သူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ကာ သူ့မျက်လုံးအား ပိတ်လိုက်သည်။ သူသည် သူ့၏ နှစ်ဝက်စာမေးပွဲအမှတ်များ ထွက်လာသည့်နေ့အား မမှတ်မိချင်သေးပေ။
အရင်ရက်၌ သူနောက်ဆုံးတွင် သူက ကျင်းစစ်အား ချစ်ကြိုက်နေကြောင်း သိရှိသွားပြီးနောက် အမှန်တရားက သူ့အား ကြမ်းတမ်းစွာ ရိုက်ခတ်ခဲ့သည်။
ဒီမတိုင်ခင်က ယင်းကျောင်းသည် သူ့ကိုယ်ပိုင်အမှတ်များအကြောင်း စိတ်ပင်မ၀င်စားခဲ့ချေ။
သူက စမှတ်၌ပင် အနိုင်ရရှိရန်မွေးဖွားလာခဲ့သူမျိုးပင်။ သူ့အမေ သူ့အတွက် ချန်ခဲ့သည့်အရာများက သူ့အား ဘဝတစ်လျှောက်လုံးဘာမှမလုပ်ဘဲ နေနိုင်ပြီး သူ့အတွက် ပိုက်ဆံမရှားပေ။
သို့သော် သူနှင့် ကျင်းစစ်၏ ရမှတ်များအား နှိုင်းယှဉ်လိုက်လျှင် ယင်းကျောင်းသည် သူ့ခေါင်းအား ထောင်ရန်မသင့်တော်ဟု ခံစားလိုက်ရသည်။
၎င်းက အရမ်းရှက်စရာကောင်းပြီး အမှန်တကယ်ပင် ရှက်စရာကောင်းလှသည်။
သူက သူ့အဖေနှင့် အဆင်မပြေသည့်အချိန်၌ ယင်းကျောင်း၌ နောင်တမရှိချေ။
ဆရာလျိုက သူ့၏ အရင်အမှတ်များအား ရှာတွေ့ပြီး သူ့အား တိုက်တွန်းချိန်၌ပင်လျှင် ယင်းကျောင်းတွင် နောင်တဆိုတာမျိုးမရှိခဲ့ပေ။
သို့သော် ကျင်းစစ်အမှတ်အား သူတွေ့ရချိန်၌ သူနောင်တရသွားသည်။
သူ ဤကဲ့သို့ လူမျိုးအားမတွေ့ခဲ့လျှင် သူ့အနာဂတ်အတွက် ကြိုးစားရမည်ဖြစ်ကြောင်း သူ့သိခဲ့မည်မဟုတ်ချေ။
သို့သော် ကုန်လွန်သွားသည့် အချိန်ကား မရှိတော့ပေ။ သူလုပ်နိုင်သည်ကား ပစ္စုပ္ပန်အား ဆုပ်ကိုင်ရုံပင်။
ယင်းကျောင်းသည် စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး တခဏမျှ စိတ်ငြိမ်စေလိုက်ကာ သူ့ခေါင်းကိုငုံ့၍ ပုစ္ဆာဆက်တွက်ရာ၌ အာရုံစိုက်ထားလိုက်သည်။
သူတို့ စာမေးပွဲအကြောင်း သတင်းဆိုးကြားရသော်လည်း အတန်းခုနစ်မှ ကျောင်းသားများသည် ကျင့်သားရနေကြပြီးဖြစ်၍ တစ်ခဏမျှ အော်ဟစ်ညီးညူနေကြပြီးနောက် ၎င်းကိစ္စအား နောက်၌သာချန်ထားခဲ့လိုက်သည်။
နေ့လည်၌ စားသောက်ပြီး လူအုပ်စုတစ်သိုက်သည် လုပ်စရာမရှိ နှစ်ယောက်စု သုံးယောက်စု စနောက်ရယ်မောနေကြပြီး စင်္ကြံ၌ ရပ်နေသည့် ကျောင်းသားများသည် အတန်းထဲမှ လှုပ်ရှားမှုအလုံးစုံအား ကြားနိုင်ပေသည်။
ကျင်းစစ်သည် အချိန်ဖြုန်း ထိုင်မနေဘဲ ယင်းကျောင်းမနေ့က လုပ်ထားသည့် စစ်ဆေးရေးစာရွက်အစုံအား အမှန်စစ်ပြီးနောက် ခေါင်းလောင်းမတီးခင်၌ လျင်လျင်မြန်မြန် အဓိကအချက်များအား မှတ်ထုတ်လိုက်သည်။
၎င်းအား လုပ်ပြီးနောက် သူက ဘောပင်အားချလိုက်ပြီး သောက်ရေစက်အား လှမ်းကြည့်လိုက်သည်။
ရေနွေးအဆင်သင့်ရပြီဖြစ်ကြောင်း ဆိုလိုသည့် မီးအစိမ်းရောင်ကား လင်းတော့မည်ဖြစ်သည်။ ကျင်းစစ်သည် နှစ်မိနစ်စောင့်ခဲ့ရသည်။ ကောင်မလေး တစ်ယောက်မှ ရေနွေးလာမခပ်တော့ကြောင်း သေချာမှသာ သူက အရှေ့သို့ သူ့ခွက်ဖြင့်လျှောက်သွားလိုက်သည်။
ကျင်းစစ်သည် အပူခံဖန်ခွက် အားသုံးထားသော်လည်း ၎င်း၌ လက်ကိုင်မပါချေ။ မင်းသာ ရေနွေးပူထည့်လျက် ကိုင်မည်ဆိုလျှင် ပူသွားပေမည်။ ထို့ကြောင့် သူသည် ရေခဲရေအား အရင်ထည့်ပြီးနောက် ရေနွေးအား ထည့်ခဲ့သည်။
ဤရက်များအတွင်း မိုးများအစဉ်ရွာနေခဲ့ကာ ရာသီဥတုက အေးပြီး အတန်းထဲ၌ အပူပေးစက် မရှိချေ။ ကျင်းစစ်သည် ရေနွေးခွက်ကို သူ့လက်များ နွေးထွေးစေရန် အသုံးပြုချင်သောကြောင့် သူ့က ရေနွေးအား ရည်ရွက်ချက်ဖြင့် ပိုထည့်ခဲ့သည်။
သူကိုင်လိုက်ချိန်၌ အနည်းငယ်ပူနေသေးသော်လည်း မခံမရပ်နိုင်လောက်အထိ မဟုတ်ချေ။ ကျင်းစစ်သည် ခွက်အားသေချာကိုင်ပြီး သူ့နေရာသို့ လျင်လျင်မြန်မြန် ပြန်လာခဲ့လိုက်သည်။
ကျင်းစစ်လှည့်တော့မည့်ဆဲဆဲ၌ လျှောက်လမ်း၌ ရန်ဖြစ်ဆော့ကစားနေသည့် ကောင်လေးတစ်ယောက်သည် နောက်ဆုတ်ပြီး သူ့ညာလက်ဖြင့် ကျင်းစစ်မေးစေ့အား ရိုက်မိသွားသည်။
ကျင်းစစ် ခန္ဓာကိုယ်သည် ယိုင်သွားက ရေတော်တော်များများ ဖိတ်ကျသွားသည်။
“အာ..” ကောင်လေးက လှည့်ပြီး တောင်းပန်စကားဆိုသည်။
“ငါတောင်းပန်ပါတယ်..ငါ့အနောက် မှာ တစ်ယောက်ယောက်ရှိနေမှန်း သတိမထားမိလိုက်ဘူး..”
ကျင်းစစ်က ခေါင်းရမ်းလိုက်သည်။
“ရပါတယ်…”
သူက ကောင်လေးနောက်ကျောအား ငုံ့ကြည့်လိုက်ပြီး“မင်းအပေါ် ရေဖိတ်ကျသွားတယ် မင်းမပူဘူးလား..”
ကောင်လေးက လက်ဆန့်လိုက်ပြီး ထိကြည့်ကာ အမှုမထားသကဲ့သို့ ပြောလာသည်။
“ရတယ်..ငါ လုံးဝမခံစားရဘူး…”
ကျင်းစစ်က သူ့အား ပြုံးပြပြီးနောက်နေရာ၌ သွားထိုင်နေလိုက်သည်။
သူက ရေခွက်အား စားပွဲခုံပေါ်၌ တင်ပြီး သူ့ ခေါင်းအားအောက်စိုက်ကာ သူ့မေးစေ့အားပွတ်လိုက်သည်။
ကောင်လေးက ခွန်အားအများကြီး မသုံးခဲ့သော်လည်း ကျင်းစစ်မေးစေ့က ထုံနေသေးသည်။
သူနှုတ်ခမ်းများတင်းကာ မေးစေ့အား နှိပ်နယ်နေပြီး သူ၎င်းအား သေချာခံစား စမ်းစစ်နေစဉ် လက်တစ်ဖက်က သူ့ထံ ရောက်လာသည်။
ယင်းကျောင်းသည် သူ့ခေါင်းအနောက်အား လက်တစ်ဖက်ဖြင့်ကိုင်ကာ ခေါင်းကိုအနည်းငယ်မြောက်လိုက်ပြီး သူ့မေးစေ့အား ကျန်တစ်ဖက်ဖြင့် ပင့်ကိုင်ကာ မျက်မှောင်ကျုံ့၍ဆိုသည်။
“မလှုပ်နဲ့…ကိုယ်ကြည့်ပေးမယ်…”
“အဆင်ပြေပါတယ်..”
ကျင်းစစ်က စိတ်မဝင်စားစွာ ပြောသည်။
“နောက်ကျ သက်သာသွားမှာပါ…”
ယင်းကျောင်းက နှာမှုတ်ကာ သူညာလက်အား ကောင်လေးမေးစေ့ပေါ်၌ ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“နာနေလား..” ခဏရပ်လိုက်ပြီး သူ့အားကြည့်ကာဆိုသည်။
“ရိုးသားစမ်းပါ..”
ကျင်းစစ် အသားရည်က ဖြူကာ သူကဤတစ်ကြိမ်၌ ကြမ်းတမ်းစွာအရိုက်ခံလိုက်ရသဖြင့် သူ့မေးစေ့ရှိ အနီမှတ်များက ထိတ်လန့်စရာကောင်းနေသည်။ ယင်းကျောင်း မျက်ခုံးက ပိုပြီးကျုံ့လာကာ သူလက်ကမူ ဆက်ပြီး လှုပ်ရှားနေဆဲဖြစ်ကာ ချော့မြူသံဖြင့် ပြောလာသည်။
“နာတာက နာတာပဲ..နည်းနည်းပဲ နာတယ်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ..”
ယင်းကျောင်းသည် သူ့မေးစေ့ရှိ အရိုးများက နူးညံ့ကာ အလွယ်တကူ ဒဏ်ရာရနိုင်သည်အား မေ့သွားသည်။ သူအရှေ့တိုးကာ အနီးကပ်စစ်ကြည့်လိုက်ပြီးနောက် အဆင်မပြေစွာဆိုသည်။
“ဘာလို့အရမ်းနီနေရတာလဲ…မင်းမသက်သာဘူးဆိုရင် ဒီကိုကိုက မင်းကို ဆေးရုံခေါ်သွားပြီး စစ်ကြည့်ပေးမယ်..”
“မလိုဘူး..”
ကျင်းစစ်က သူ့ကြောင့် ရယ်ချင်သွားသည်။
“အဲ့ဒါ ထပ်ပြီးမနာတော့ပါဘူး..”
“တကယ်လား..”
ယင်းကျောင်းက သူ့အား သံသယဖြင့်ကြည့်သည်။ အတန်းဖော်ငယ်လေး၌ ဤကဲ့သို့ဖြစ်ရပ်မျိုး များစွားရှိခဲ့ကြောင်း သိပေသည်။ ကောင်လေးက အရာအားလုံးကို သူကိုယ်တိုင် ခံစားကာ သူ့စိတ်ထဲ၌ ဘာမျှထုတ်မပြောသဖြင့် သူ့အား ကောင်လေး၏စကားများကို ယုံကြည်ရခက်ခဲစေသည်။
“တကယ်..”
ကျင်းစစ်က သူ့ခေါင်းအား အနည်းငယ် လှုပ်ရမ်းကာ သူ့လက်အား ရှောင်လိုက်ပြီး သူ့မေးစေ့အား ရွေ့လိုက်သည်။
ယင်းကျောင်း၏ လှုပ်ရှားမှုများက ကြမ်းတမ်းသော်လည်း သူက တကယ်ညင်သာပေသည်။ ကျင်းစစ်သည် သူ့ထံမှ နိုပ်နယ်ပေးခြင်းခံရပြီးနောက် သူ့မေးစေ့၌ အပူအနည်းငယ်မှ လွဲ၍ နာကျင်မှု မရှိတော့ချေ။
ယင်းကျောင်းသည် သူ့အမူအရာအား သေချာစွာ ကြည့်ပြီး သူ မလိမ်ကြောင်းသေချာသွားမှ သူစိတ်ထဲ အလုံးကြီး ကျသွားတော့သည်။
ယင်းကျောင်းက လှည့်လိုက်ပြီး အိတ်ကပ်ထဲမှ ဖုန်းအား ထုတ်လိုက်၏။
ကျင်းစစ်သည် သူ့လှုပ်ရှားမှုများအား ကြည့်လိုက်ပြီး အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် တီးတိုးပြောလိုက်သည်။
“စာမေးပွဲဖြေဖို့ အချိန်ရောက်တော့မယ်..မင်းက ဖုန်းကို ကြည့်နေဥိးမှာလား…”
ယင်းကျောင်းက ရယ်လိုက်ပြီး“မဟုတ်ပါဘူး…တကယ်တစ်ခုခု မှားနေလို့..ကိုယ့်ကို နှစ်မိနစ်လောက်ပေးပါ..”
“နှစ်မိနစ်..”
“ကောင်းပြီ..”
ယင်းကျောင်းက စာရိုက်နေရင်း အပြုံးဖြင့်ပြောသည်။
“မင်း အခုတလော ကိုယ်ဖုန်းကိုင်ပြီး ဆော့နေတာ မြင်ဖူးလို့လား..”
ကျင်းစစ်က တခဏမျှ စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
တစ်ချိန်ထဲ၌ ယင်းကျောင်းသည် ဟယ့်ကျိုးတို့ အဖွဲ့လေးထဲသို့ မက်ဆေ့ပို့လိုက်သည်။
[ကျောင်း] လအကုန် အားလပ်ရက်ကြရင် အတန်းပါတီတစ်ခု ကျင်းပလိုက်ပါ..
[အန်ကယ်ဟယ့်] ဘာ…
[ကျန့်ချွယ်က မှားနေတယ်] အားလပ်ရက် မရှိဘူးမဟုတ်လား..ခရစ်စမတ်က တစ်လလောက်လိုသေးတယ်လေ…
[ဖန်ချန်းချန်း] ဘယ်လိုပါတီပွဲမျိုးလဲ..
[ကျောင်း] သောကြာနေ့ည..ကာရာအိုကေမသွားခင် စားမယ်လေ..
[အန်ကယ်ဟယ့်] မဟုတ်သေးပါဘူး..မင်း ငါတို့ကို ပြောပြရမယ်..မင်း ဒီပါတီ ကျင်းပတဲ့ ရည်ရွယ်ချက်က ဘာလဲ..
ယင်းကျောင်းရဲ့ လက်ချောင်းများ တခဏမျှရပ်တန့်သွားပြီးနောက် အပြုံးလေးဖြင့် ဆက်ရိုက်လိုက်သည်….
[ကျောင်း] မင်းနားထောင်ချင်တာ သေချာလို့လား..ဝံပုလွေလို အော်နေရတာကို မေ့လိုက်ပြီလား…မင်းက တစ်စုံတစ်ယောက် ရှာချင်နေတာလား…
[အန်ကယ်ဟယ့်]…
[ကျန့်ချွယ်က မှားနေတယ်]…
[ဖန်ချန်းချန်း]…
[အန်ကယ်ဟယ့်] မဟုတ်ဘူး အကိုကျောင်း ငါမင်းကို အမှန်တရားပဲ ပြောပြမယ်..အရမ်းကြီး မလွန်စေနဲ့..ကျင်းစစ်က အသက်မပြည့်သေးဘူး…
[ကျန့်ချွယ်က မှားနေတယ်] အတိအကျပဲ..မင်းကျင်းစစ်နှင့် ဘာလုပ်ချင်နေတာလဲ.. ငါပြောမယ်.. ငါတို့အားလုံးသဘောမတူဘူး…
[ဖန်ချန်းချန်း] အကိုကျောင်း..မင်း အချိန်ယူပါ..
ယင်းကျောင်းသည် နှာမှုတ်လိုက်ကာ သူတို့အား အများကြီး ရှင်းပြမနေဘဲ သူလက်အား မြှောက်ကာ မက်ဆေ့အနည်းငယ်ပို့လိုက်သည်။
…………….
[ကျောင်း] မင်းတို့ သဘောတူဖို့ လိုလား..
[ကျောင်း] သတင်းကို နောက်ပြီးကြမှ ပို့လိုက်..ကျင်းစစ်ကိုလည်း အဖွဲ့ထဲထည့်ဖို့ မမေ့နဲ့ဦး…
ပြောပြီးနောက် ယင်းကျောင်းသည် ပြန်စာမရေးတော့ဘဲ ဖုန်းကို တစ်ခါတည်း ခုံပေါက်ထဲ ပစ်ထည့်လိုက်သည်။