အပိုင်း ၃၇
Viewers 14k

Chapter 37

Chapter 37


ကျင်းစစ်က အချိန်ကိုကြည့်လိုက်သည့်အခါ နှစ်မိနစ် အတိအကျ ကုန်သွားချေပြီ။ 


ယင်းကျောင်းသည် သူ့ကိုကြည့်ကာ ရယ်သည်။ 


“အချိန်မမှီဘဲ နေမလား..မင်းကိုကိုက ဘယ်တုန်းက မင်းစကား နားမထောင်ဘဲနေဖူးလို့လဲ..” 


ကျင်းစစ်နှုတ်ခမ်းများ ကွေးညွှတ်သွားကာ သူက အနည်းငယ်ပျော်သွား၏။ 


ယင်းကျောင်းသည် သူ့မျက်နှာပေါ်မှ အပြုံးအားကြည့်လိုက်ပြီး သူ့နှလုံးသားက ပျော့ပြောင်းသွားပြီး သိပ်ပြီးကျိုးကြောင်းမဆီလျော်ချင်တော့ချေ။ 


နောက်ဆုံးတစ်ကြိမ် ကျင်းစစ်အား သူမြင်သည်ကား လကုန်ရက်ဖြစ်ကာ သူက စာအုပ်တစ်အိတ်ကိုင်ပြီး စာအုပ်ဆိုင်တံခါးအား ကြောင်အစွာ ကြည့်နေကာ သူဘယ်သွားရမည်မှန်း သိသည့်ပုံမပေါ်ပေ။ 


ယင်းကျောင်းသည် အများကြီး မမေးသော်လည်း သူ့စိတ်ထဲ၌ ကျင်းမိသားစုနှင့် ပတ်သက်ပြီး စိတ်ညစ်နေကြောင်း ရိပ်မိသည်။ 


ထိုသို့ ပြန်သွားလျှင် ဘာဖြစ်မည်အား မသိသော်လည်း သူအိမ်မပြန်ချင်ကြောင်း ပြသသည်မှာ လုံလောက်တာထက်ပိုနေချေပြီ။


ယင်းကျောင်းက ရေချိုးခန်းထဲ၌ဖြစ်ခဲ့သည်အား မှတ်မိသေးသည်။ ကျင်းစစ်ပုံရိပ်သည် အခြေအနေတစ်ရပ်အထိ ပေါက်ကွဲခဲ့ပြီး အန္တရာယ်အဆင့်သည် နျူးကလီးယားဗုံးအဆင့်သို့ နီးစပ်ပေသည်။ 


သိုသော် တစ်ခြားတစ်ဖက်က သူ့ရဲ့သွေးရင်းမိသားစုဖြစ်ကာ သူ့သွေးမျိုးခြာ ဆက်ဆံရေးက အားနည်းမည်မှာ အသေအချာပင်ဖြစ်၏။ 


ယင်းကျောင်းက ကျင်းစစ်သည် အမှားရှာအပြစ်တင်ခံရမည်အား သိနိုင်မည်မဟုတ်သောကြောင့် သူ့စောင့်ကြည့်နေဆဲပင်ဖြစ်သည်။ 


ယင်းကျောင်းသည် သူ့စိတ်ထဲ၌ ကျင်းစစ်အား တစ်ယောက်တည်းကစားရန် ခေါ်တာ သို့မဟုတ် သူ့အိမ်၌ နေရန်ခေါ်ပါက သူကအိမ်မပြန်ချင်ဘူးဆိုင်လျှင်ပင် သဘောတူမည်မဟုတ်ပေ။ 


ထို့ကြောင့် ပါတီအသေးစားလေး ဖန်တီးလ်ုက်ပြီး လူအများဖြင့်ဆို သူလည်း ကိုးရိုးကားရားခံစားရတော့မည်မဟုတ်ပေ။ 


ညစာ စားပြီးနောက် ကျင်းစစ်သည် ဖုန်းထုတ်၍ ကြည့်လိုက်ချိန်၌ သူက အတန်းဝီလ်ချက်အဖွဲ့ထဲ သွင်းခံထားရကြောင်း မထင်မှတ်ဘဲတွေ့လိုက်ရသည်။ 


အဖွဲ့ဝင်တိုင်း၏ မက်ဆေ့များအားလည်း တွေ့လိုက်ရသည်။ 


သူက နိုပ်ပြီး ကြည့်လိုက်သည်…


[အန်ကယ်ဟယ့်] @အားလုံး သောကြာနေ့ည ယွဲ့ဝေ့ရွှမ်မှာ ညစာစားပွဲရှိတယ်….ညနေမှာကာရာအိုကေ သွားဆိုပြီး လိုက်မယ်ဆိုရင် တစ်ကို နိုပ်ကြပါ…စာရင်းအတွက် အခြားမက်ဆေ့ မပို့ကြပါနဲ့….


အောက်၌ တစ်များ ပေါ်လာသည်။ 


ကျင်းစစ်လည်း ချက်ချင်း တစ်ဟု ပို့လိုက်သည်။ 


ဟယ့်ကျိုး စာပို့ထားသည်အား ကြည့်ပြီး သူ့မျက်နှာ၌ အပြုံးအသေးစားလေး ပေါ်လာပြီး နောက်ဆုံး၌ သွားစရာနေရာရှိသောကြောင့် သူအိမ်ပြန်စရာမလိုတော့ပေ။ 


သူ့ဘေး၌ ယင်းကျောင်းက သူ့အပြုံးအား တွေ့လိုက်ရပြီးနောက် သူ့နှုတ်ခမ်းများ ဖြည်းညင်းစွာ ကွေးတတ်သွားတော့၏။ 


____


စာမေးပွဲအကြောင်း သတင်းအတိအကျ အတည်ပြုပြီး အတန်းခုနစ်မှ စာ၌ ပို၍အလေးအနက်ထားသည့် ကျောင်းသားများကမူ ရင်ဖိုနေကြပြီဖြစ်သည်။ 


အထူးသဖြင့် သင်္ချာညံ့ကြသော ချန်မြှောင်မြှောင်နှင့် ဝူဝေ့ချန် တို့ပင်ဖြစ်ကာ အတန်းချိန်ပြီးသွားသည့်နောက် ကျင်းစစ်ထံပြေးသွားကြသည်။ တစ်ယောက်က တစ်ခုမေးလိုက် နောက်တစ်ယောက်က တစ်ခုမေးလိုက်ဖြင့် ၎င်းသည် အတန်းခုနစ်၏ တစ်မူထူးခြားသည့် မြင်ကွင်းကဲ့သို့ ဖြစ်လုနီးပါးပင်။ 


“ကျင်းစစ် ငါမတွက်တတ်တဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ရှိတယ်..” 


ချန်မြှောင်မြှောင်သည် ကျင်းစစ်အား ရှက်ရွံ့စွာ ကြည့်ကာ ဂရုတစိုက်ပြောလိုက်သည်။ 


“နင်ငါ့ကို အခုရှင်းပြပေးဖို့ အချိန်ရှိလား…ဟင်”


သူ စိတ်အနှောက်အယှက်ဖြစ်သွားမည်အားကြောက်တာကြောင့် သူမက နောက်ထပ် စကားတစ်ခွန်းထပ်ပြောသည်။ 


“ဒီတစ်ကြိမ် ပုစ္ဆာတစ်ပုဒ်ထဲဘဲ…” 


“ကောင်းပြီ..ဘယ်ပုစ္ဆာလဲ…” 


ကျင်းစစ်သည် သင်္ချာအိုလံပစ်စာအုပ်အား လက်ထဲမှ ချလိုက်ပြီး သူမကို ကြည့်လိုက်သည်။ 


“ငါတစ်ချက်ကြည့်လိုက်ဦးမယ်…”


၎င်းအားကြားရချိန်၌ ချန်မြှောင်မြှောင်က စာအုပ်မှ စာမျက်နှာများအား ခပ်မြန်မြန် လှန်လိုက်ကာ ညာဘက်အောက်ထောင့်တစ်နေရာသို့ ညွှန်ပြသည်။ 


“ဒီတစ်ခု..” 


ကျင်းစစ်က ကြည့်လိုက်ပြီးနောက် ၎င်းသည် မေးခွန်တိုလေးနှစ်ခုပါဝင်သော ပုစ္ဆာကြီး တစ်ပုဒ်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ 


ပထမဆုံးမေးခွန်းသည် ဘဲဥပုံ၏ ထူးခြားချက်ကိုရှာခိုင်းပြီး ဒုတိယမေးခွန်းသည် ဘဲဥပုံအီကွေးရှင်းရှာရန် အခြေအနေကို ခန့်မှန်းခိုင်းခြင်းပင် ဖြစ်သည်။ 


“မေးခွန်းက နားလည်ဖို့ အရမ်းကြီး မခက်ခဲဘူး…” 


ကျင်းစစ်သည် ဘောပင်အား ကောက်ကိုင်လိုက်ပြီး ပုစ္ဆာအတွက် အခြေအနေများကို အကြမ်းစာရွက်ပေါ်၌ ချရေးလိုက်ပြီး ပြောသည်။ 


“qရဲ့ ကိုအော်ဒိနိတ်အမှတ်ကို အရင်ဆုံး q လို့သတ်မှတ်လိုက်ပြီးတော့ ငါတို့ သိလာမှာက….” 


သူက ချန်မြှောင်မြှောင် နားမလည်မည်အား စိုးရိမ်၍ ဖြည်းဖြည်းသွားကာ တစ်ဆင့်ချင်း ဖြေရှင်းပေးပြီး သူက အဆင့်များကို တတ်နိုင်သမျှ အပြည့်အစုံရေးပြပေးထားသည်။ သူ့အသံက အေးစက်ပြီး ဂရုမစိုက်တတ်သည့် အသံဖြစ်ကာ သူ့မျက်နှာပေါ်၌ မည်သည့်အမူအရာမျှ မရှိသော်လည်း ၎င်းသည် သူက တိကျပြီး စိတ်ရှည်သည်ဟု လူတို့အားခံစားရစေ၏။ 


ချန်မြှောင်မြှောင် အကြည့်သည် အကြမ်းစာရွက်မှ ကျင်းစစ်မျက်နှာသို့ မသိစိတ်ဖြင့် ကျရောက်သွားသည်။ 


ကျင်းစစ် မျက်နှာအချိုးအစားသည် သုံးဖက်မြင်မျိုးဖြစ်ပြီး အချိုးအစားကျသည်။ သူမ မြင်ကွင်းအရ သူမသည် သူ၏ ထူထဲရှည်လျားသည့် မျက်တောင်များသည် မကြာမကြာ ခပ်နေပြီး ၎င်းသည် လူတို့၏ နှလုံးသားအစအား မြှောက်မ ထားသည်ဟု ထင်ရစေသည်။ 


ကျင်းစစ်သည် ကောင်မလေးများအား ကြိုက်မည်မဟုတ်ကြောင်း သိသော်လည်း ချန်မြှောင်မြှောင်အား ရင်ခုန်ခြင်းမှ မတားဆီးနိုင်ပေ။ 


စာကောင်းကောင်းလုပ်ပြီး ချောမောတယ်...သူက တကယ်ယောက်ျားကောင်းဘဲ..


“မင်းနားလည်လား..” 


ကျင်းစစ်က ခေါင်းမော့ကာ သူမအား မေးလိုက်သည်။


“အာ..အာ..” 


ချန်မြှောင်မြှောင်က ရှက်သည်းဖြာသွားပြီး ကျင်းစစ်ထံမှ အပြစ်ဝင်စိတ်ဖြင့် အကြည့်လွဲလိုက်သည်။ 


“မဟုတ်ဘူး..ငါနားမလည်သေးဘူး..” 


ကျင်းစစ်က သူအရမ်း မြန်မြန်ပြောလိုက်သည်ဟု ထင်လိုက်ကာ နောက်ထပ် ပြည့်စုံအောင် မည်သို့ပြောပြရမည်အား စဉ်းစားနေသည်။ ချန်မြှောင်မြှောင်က သူ့အား ချဉ်းကပ်လာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ 


“ကျင်းစစ် နင် ဘယ်လိုလူမျိုးကို သဘောကျတာလဲ..” 


ကျင်းစစ်သည် တခဏမျှ ကြောင်သွားသော်လည်း ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်။ 


“နင် နားမလည်ရင် ကိစ္စမရှိဘူး..ငါ နင့်ကို ထပ်ရှင်းပြမယ်..ဒီမေးခွန်းက စာမေးပွဲမှာ ပါနို်ငတယ်…” 


“အာ..ကောင်းပြီ…” 


ဤသည်က စာမေးပွဲ၌ ပါနိုင်ကြောင်းကြားရသည်နှင့် ချန်မြှောင်မြှောင်သည် ချက်ချင်း သူမရဲ့သိချင်စိတ်အား ဘေးဖယ်ကာ သေချာ လိုက်နားထောင်လိုက်၏။ 


ငါးမိနစ်ကြာပြီးနောက် ချန်မြှောင်မြှောင်သည် လေ့ကျင့်ခန်းစာအုပ်အား ယူပြီး ကျင်းစစ်အား တောက်ပနေသည့် မျက်လုံးများဖြင့်ကြည့်ကာ ချီးကျူးတော့သည်။ 


“နင်က အရမ်းမိုက်တာပဲ..ငါနားလည်သွားပြီ..”


“ဒါက ဘာမှမဟုတ်ပါဘူး…” 


ကျင်းစစ်က သူမအား ပြုံးပြကာ ခုံပေါ်မှ အကြမ်းစာအုပ်အား ညွှန်ပြသည်။ 


“မင်းဒါကို ယူသွားချင်လား..မင်းလိုအပ်ရင် ထုတ်ပြီး ပြန်ကြည့်လို့ရတယ်..” 


“သေချာတာပေါ့..” 


ချန်မြှောင်မြှောင်သည် အကြမ်းစာရွက်အား ကလေးတစ်ယောက်ကိုင်ထားသကဲ့သို့ ယူလိုက်သည်။ 


“ကျေးဇူးပါ..bro..” 


“ရတယ်..နောက်ကျ မင်းနားမလည်ရင် ငါ့ကို လာမေးလို့ရတယ်…” ကျင်းစစ်က ပြောပြီးနောက် စာဖတ်ခြင်းထဲသို့ အာရုံထပ်စိုက်လိုက်သည်။ 


ချန်မြှောင်မြှောင်က မျက်ရည်ကျလောက်အောင် ရင်ထဲထိသွားသည်။ 


ကျင်းစစ်က ဘာလို့ဒီလောက် သဘောကောင်းရတာလဲ။ 


သူမသည် အရင်က မေးခဲ့သည် မေးခွန်းအား မစဉ်းစားဘဲမနေနိုင်တော့ချေ။ တုန့်ဆိုင်းနေပြီးနောက် သူမသည် ရဲဆေးတင်ကာ ထပ်မေးပြန်သည်။ 


“ကျင်းစစ် မင်းဘယ်လို ပုံစံမျိုးသဘောကျတာလဲ…” 


“ငါမင်းကို ပုံစံတူမေးခွန်း ရှာထုတ်ပေးမယ်..” 


ကျင်းစစ်၏ ဘောပင်ထိပ်က ရပ်တန့်သွားကာ သူက မော့မကြည့်ပေ။


“အချိန်ရှိရင် မင်း မှတ်ဉာဏ်ထဲစွဲသွားစေအောင် တွက်ကြည့်လို့ရတယ်..” 


“ဝိုး..ကောင်းတယ်..ကောင်းတယ်...ကျေးဇူးပါ..” 


ချန်မြှောင်မြှောင်က ချက်ချင်း သူမ သိချင်စိတ်အား ဘေးပို့ကာ အံ့ဩတကြီး ခေါင်းညိမ့်လိုက်ပြီး ထပ်မံပြောချင်သော်လည်း အတန်းခေါင်းလောင်းထိုးသွားလေသည်။ 


သူမက လေ့ကျင့်ခန်းစာအုပ်နှင့် အကြမ်းစာရွက်အားကိုင်ပြီး သူမနေရာသို့ ပြန်လာခဲ့သည်။ 


အစမှ အဆုံးထိ ကျင်းစစ်သည် သူမမေးခွန်းအား မဖြေခဲ့ချေ။ 


ယင်းကျောင်းသည် ဘေးနား၌ ပုစ္ဆာတွက်နေသည် ထင်ရသော်လည်း အမှန်၌ သူက လူနှစ်ယောက်ကြား အပြောအဆိုများအား နားထောင်နေခြင်းဖြစ်သည်။ သူက ခေါင်းစောင်းကာ ချန်မြှောင်မြှောင်အားကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများကွေးတက်သွားသည်။ 


ကျင်းစစ်က ကောင်းမွန်သည့်စိတ်နေစိတ်ထားရှိကာ လူတိုင်းအားစိတ်ရှည်သည်းခံသည်။ သို့သော် အမှန်၌ ဤသဘောထားသည် စာလေ့လာခြင်း၌ပင်ကန့်သတ်ထားသည်။ 


သူ့ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်၍ ကျင်းစစ်က တင်းတင်းကြပ်ကြပ် ကာကွယ်ထားကာ ချန်မြှောင်မြှောင် တစ်ယောက်တင်မက သူမလို ဆယ်ယောက်လာလျှင်ပင် ကျင်းစစ်က ဖြေမည်မဟုတ်ချေ။ 


ယင်းကျောင်းက ရယ်သံတစ်ချက်ပြုလိုက်ကာ ဆရာမလာခင် ကျင်းစစ်အား လျင်မြန်စွာ မေးလိုက်သည်။ 


“ယွဲ့ဝေ့ရွှမ်ရေခဲမုန့်က ကောင်းတယ်..မင်းကြိုက်လား..” 


ကျင်းစစ်က မည်သည့်အစားအသောက်ကိုမျှ မကြိုက်မရှိပေ အများဆုံး ၎င်းတို့သည် အရမ်းကြိုက်နှင့် သာမန်အကြိုက်ဟူ၍ ခွဲခြား၍ရသည်။ ဤသည်အား ကြားသည်နှင့် သူက ခေါင်းညိတ်လိုက်သည်။ 


“ငါကြိုက်တယ်..” 


ယင်းကျောင်းက သူ့အဖြေအားရပြီးနောက် ခေါင်းလှည့်ကာ သူ့ပုစ္ဆာအား ဆက်တွက်နေလိုက်သည်။ 


အမှန်ပင် ကျင်းစစ်က သူ့အပေါ်ထားသည့် သဘောထားက အခြားသူများနှင့် ကွဲပြားသည်။ 


သူက သူ့မေးခွန်းများအား ဖြေပေး၏။ 


နေ့ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး သောကြာနေ့ရောက်တော့ပေမည်။ 


စီစဉ်မှုက အနည်းငယ်နောက်ကျခြင်းကြောင့် လူအများက သူတို့ကိုယ်ပိုင် အစီအစဉ်များကြိုတင် ပြုလုပ်ပြီး ဖြစ်နေခဲ့ကာ အတန်းခုနစ်သည် စုစုပေါင်း လူ၂၁ယောက် ညစာသွားစားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ 


နေ့လည်၌ စားသောက်ပြီး ကျင်းစစ်သည် တခဏမျှ တုန့်ဆိုင်းနေကာ သူ့ဖုန်းအား ယူပြီး သန့်စင်ခန်းထဲသို့ သွားကာ ကျင်းဖူအား ဆက်သွယ်လိုက်သည်။ 


ကျင်းဖူသည် တစ်ရေးအိပ်နေသည် ထင်ရသည်။ နိုးခြင်းခံရပြီးနောက် သူ့အသံက အနည်းငယ်စိတ်မရှည်ဖြစ်နေသည်။ 


“ဘာဖြစ်တာလဲ..” 


ကျင်းစစ်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။ 


“ညနေမှာ အတန်းစားသောက်ပွဲရှိတယ်…ကျွန်တော်မပြန်လောက်တော့ဘူး..”


အဖေကျင်းက အေးစက်စွာ နှာမှုတ်သည်။ 


“စုဝေးပွဲ..ကောင်းပြီး..အကြောင်းပြချက်မပေးနဲ့..ငါမင်းဘယ်လိုလူမျိုးလဲလို့ ငါမသိဘူးထင်နေလား…” 


ကျင်းစစ်က အသက်ပြင်းပြင်းရှူလိုက်သည်။ 


“အဲ့ဒါတကယ်..” 


သူစကားဆုံးအောင် မပြောခင်မှာပင် သူက အဖေကျင်း၏ ကြားဖြတ်ခြင်းခံလိုက်ရသည်။ 


“မင်းအပြင်သွားပြီး ဘာလုပ်တယ်ဆိုတာ ဂရုမစိုက်ဘူး..ငါမင်းကို မထိန်းနိုင်ဘူး..” 


ကျင်းဖူ၏ အဆိုးမြင်ခြင်းက ကျင်းစစ်နားသို့ ဖုန်းမိုက်ကရိုဖုန်းမှ တဆင့် ဖြတ်သန်းလာသည်။ 


“မင်းကြိုက်တာ မင်းလုပ်လို့ရတယ်…ငါမင်းကို နောက်လ နေထိုင်စရိတ်ပို့ပေးမယ်..အရင်နဲ့ အတူတူဘဲ..ငါ့ကို ပိုက်ဆံပို မတောင်းနဲ့..” 


သူကရပ်လိုက်ပြီးနောက် အပြစ်တင်တော့သည်။ 


“နေ့လည်ခင်းကြီး ခေါ်တာ အရမ်း တုံးအတာပဲ..မင်းအဖေက တစ်နေ့လုံး ပင်ပန်းထားပြီး နောက်ဆုံးမှ နေ့လည်စာ နားချိန်ရတာ ဘာလဲ…မင်းနောက်ကျမှ ရောက်မယ်ဆိုရင် ပြန်မလာနဲ့..ဒါဆို ငါလည်း ထပြီး မင်းအတွက် တံခါးဖွင့်ပေးစရာ မလိုဘူး..” 


ကျင်းစစ်က အမူအရာမဲ့စွာ ဖုန်းချပစ်လိုက်သည်။ 


သူက သူ့ဖုန်းအား အိတ်ထဲထည့်လိုက်ကာ နံရံအား တခဏမျှ မျက်နှာချင်းဆိုင်နေပြီးမှ သန့်စင်ခန်းကနေ တုံ့ဆိုင်းခြင်းမရှိ ထွက်သွားလိုက်သည်။ 


အပြန်၌ ကျင်းစစ်သည် ဈေဆိုင်အသေးလေးမှ ပြန်လာသည့် လီကျိုးနှင့် တိုးသည်။ 


လီကျိုးက သူ့အား အစပ်ချောင်းထုပ်တစ်ထုပ် ပစ်ပေးကာ မေးသည်။ 


“မင်းဘယ်သွားတာလဲ..သန့်စင်ခန်းလား..” 


ကျင်းစစ်က ဟုတ်ကြောင်းပြောကာ အတန်းထဲသို့ သူနှင့်စကားပြောရင်းဖြင့် ပြန်သွားခဲ့ပြီး မျက်နှာ၌ မပျော်ရွင်ခြင်းမရှိချေ။ 


ညနေ၌ ညစာသို့လိုက်ကြမည့် အတန်း၇မှ လူများသည် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ သူတို့သည် အိုးအောက်ခြေမှ ပိုးကောင်များသကဲ့သို့ မိနစ်အနည်းငယ်တိုင်း လှုပ်ရွနေကာ ဆရာမှ ချက်ချင်း အတန်းပြီးကြောင်း ကြေငြာရန်မစောင့်နိုင်ကြတော့ပေ။ 


လေးချိန်မြောက်အတန်းခေါင်းလောင်း ထိုးပြီး ဆရာလျိုက သူ့ပြောကြားချက်များ ပြောပြီးနောက် တစ်စုံတစ်ယောက်ကစိတ်မရှည်စွာ ထွက်ခွာသွားသည်။ 


“မစိုးရိမ်နဲ့..ဖြည်းဖြည်းသိမ်း..” 


ယင်းကျောင်းက ခုံတွင်ထိုင်နေမြဲဖြစ်ကာ အေးဆေးငြိမ်သက်စွာဖြင့်ကျင်းစစ်အားကြည့်ကာ ပြောသည်။ 


“အခန်းက ဘိုကင်ယူပြီးပြီ..အစားအသောက်အဆင်အသင့်ဖြစ်ဖို့ မိနစ်နှစ်ဆယ်လောက်လိုမယ်လို့ ခန့်မှန်းရတယ်..သူတို့က စောစောသွားပြီး အဲ့ဒီမှာ နေရာဦးကြမလို့သွားတာ…” 


ကျင်းစစ်လည်း ထိုအကြောင်းတွေးမိပြီး သူလက်မှ လှုပ်ရှားမှုများ ရုတ်တရက် နှေးသွားသည်။


ဟယ့်ကျိုးနှင့် တစ်သိုက်လည်း မထွက်သွားကြသေးပေ။ သူတို့က အိမ်ပြန်ပြီး သူတို့မိဘများအား ပြသရန် စာအုပ်အချို့အားယူကာ သူတို့၏ လွယ်အိတ်များထဲသို့ ထည့်လိုက်ကြသည်။ ပြီးမှသာ သူတို့က ယင်းကျောင်းနှင့် ကျင်းစစ်တို့ဖြင့် ကျောင်းမှ အတူထွက်ခွာလိုက်သည်။ 


အခန်းတွင်းရောက်ပြီး သူအများအပြားသည် အသိတရားရှိရှိ ယင်းကျောင်းဘေးမှ သူတို့နေရာအား ဖယ်ပေးကြသည်။ 


ကျင်းစစ်က လိုက်ကြည့်ပြီး အခြားနေရာလွတ်မရှိကြောင်းတွေ့ရသောကြောင့် သူက ယင်းကျောင်းဘေး၌ပင် ၀င်ထိုင်လိုက်သည်။ 


သူတို့အားလုံးသည် ဖွံ့ဖြိုးဆဲ ခန္ဓာကိုယ်ရှိကြပြီး အခန်းထဲ ပြန့်နှံ့နေသော အချက်မပြုတ်အနံ့ကြောင့် လူအုပ်စုက ဆာလောင်နေသည်မှာ ကြာလှပေပြီ။ သို့သော် အချိန်မရောက်သေးသောကြောင့် သူတို့သည် ရေခဲခြစ် တစ်ပွဲကိုမှာပြီး သူတို့၏ ဆာလောင်မှုအား ဖြေသိမ့်ကြရသည်။ 


အပြင်၌ အေးနေသော်လည်း အခန်းထဲ အဲယားကွန်းဖွင့်ထားကာ ကြမ်းပြင်ကနွေးထွေးပေသည်။ ဝင်ဝင်ချင်း သူတို့၏ ကုပ်အင်္ကျီအား ချွတ်လိုက်ကြသော ကောင်လေးတစ်ချို့ပင်ရှိသည်။ ဤအချိန်၌ ရေခဲခြစ်တစ်ပွဲက အကောင်းဆုံးအရာပင်။ 


____


Translated By IQ-Team.