Chapter 38
-----------------------
ယွဲ့ဝေ့ရွှမ်၏ ရေခဲခြစ်သည် မူပိုင်ဟင်းပွဲဖြစ်သည်။ အပြာရောင်ပန်းများနှင့် သေးငယ်သည့် အဖြူရောင်ကြွေခွက်အတွင်း ခွက်အများစုသည် တောက်ပပြီး တုန်ခါနေသော ရေခဲမှုန်များဖြင့် ပြည့်နှက်နေကာ မြေပဲနှင့်စပျစ်သီခြောက်များ အပေါ်၌ အလွှာထူထူ ဖြူးထားလေသည်။ နီညိုရောင်သကြားပမာဏသည် အနေတော်ဖြစ်ကာ မချိုလွန်း မပေါ့လွန်းကာ အရသာမပျက်သွားချေ။
“မင်း အကြိုက်တွေ့ရဲ့လား..”
ယင်းကျောင်းသည် သူ့အလုံးစုံအာရုံအား ကျင်းစစ်အမူအရာ၌သာ စူးစိုက်ထားသည်။ သူမျက်နှာ၌ ဘာမျှမပေါ်ကြောင်းတွေ့ရချိန်၌ သူမနေနိုင်ဘဲ ခေါင်းစောင်းကာမေးလိုက်မိသည်။
ကျင်းစစ်က ခေါင်းငြိမ့်သည်။
“အရသာရှိတယ်…”
ယင်းကျောင်းက သူ့ခွက်အား ကြည့်လိုက်သည်။
ခွက်ထဲ၌ ရေခဲမှုန့်ဘယ်လောက်မှ မကျန်တော့ကာ တစ်ကိုက်နှစ်ကိုက်ဖြင့်ပင် ကုန်လုနီးပါးဖြစ်နေချေသည်။ ထို့နောက် ကျင်းစစ်ပန်းကန်ထဲ၌ ဘာမှမကျန်တော့ချေ။
သူက ဇွန်းကိုချလိုက်ပြီး ကျင်းစစ်အား မေးသည်။
“ငါမင်းကို နောက်တစ်ခွက်ပေးရမလား..”
“မလိုဘူး..” ကျင်းစစ်က ခေါင်းရမ်းကာ သကြားရည်တစ်ငုံသောက်လိုက်သည်။
“လုံလောက်ပြီ..ညစာအတွက်နေရာ ချန်ထားရဦးမယ်…”
သူတို့နှစ်ယောက်ပြောနေဆဲ၌ ဟင်းပွဲများ တစ်ပွဲပြီးတစ်ပွဲ လာချလေသည်။
၎င်းတို့အားလုံးသည် အစပ်အရသာရှိသော စီချွမ်ဟင်းပွဲများဖြစ်ကာ အထူးသဖြင့် ညစာအတွက် ကောင်းပေသည်။
လူနှစ်ဆယ့်တစ်ယောက်ထဲမှာ ကောင်မလေးသုံးယောက်သာ ပါရှိပြီး ကျန်တာ ကောင်လေးများဖြစ်ကြသည်။ အစားကြီးသည့်လူများသည် နွားတစ်ကောင်ကိုပင် မြိုချနိုင်ကြသည်။ စားသောက်နေစဉ် နောက်ထပ် ဟင်းပွဲအနည်းငယ်လည်း ထပ်တိုးခဲ့ကာ ဤသို့ဖြင့် လူတိုင်း သူတို့၏ တူအား ချလိုက်ချိန်၌ စားပွဲပေါ်၌ ဘာမှမကျန်တော့ပေ။
ဝူဝေ့ချန်သည် သူ့ချွေးများအား တစ်ရှူးဖြင့် သုတ်လိုက်ပြီး ဗိုက်ကိုပုတ်ကာ သက်ပြင်းချသည်။
“ဒါက သိပ်ကောင်းတယ်…”
ဟယ့်ကျိုးသည် သူ့ရဲ့နီရဲနေသည့် နှာခေါင်းအားပွတ်ကာ နှာချေလိုက်သည်။
“သွားစမ်းပါ..နောက်တစ်ခု အမှီသွားရမယ်…”
“သွား…”
ကျန့်ချွယ်သည် သူ့တူအား ဘေးချလိုက်ပြီး သူ့ပါးစပ်အား လက်ဖြန်ဖြင့် သုတ်ကာ အရင်ဆုံးထွက်သွားသည်။
လူတစ်စုတစ်သိုက် ကေတီဗီသို့ တက်ကြွစွာသွားကြတော့သည်။
ဟယ့်ကျိုးသည် ကောင်တာ၌ သူ့ဖုန်းနံပါတ်အား ပြသလိုက်ပြီး စားပွဲထိုးက သူတို့ ကြိုတင်မှာတမ်းအား အတည်ပြုပြီးနောက် သူက သူတို့အားလုံးကို အခန်းတစ်ခုသို့ခေါ်သွားလိုက်သည်။
ဤကေတီဗီသည် စဖွင့်ခါစဖြစ်ကာ အခန်းထဲမှ အသုံးအဆောင်များက အသစ်များဖြစ်သည်။ မိုက်ခရိုဖုန်းက ကျယ်ပြီး ကာရာအိုကေစက်၌ လက်ရှိခေတ်စားနေသည့် သီချင်းများစွာဖြင့် ပြည့်နေသည်။
ဖန်ချန်းချန်းက ယင်းကျောင်း၏ အမှာစကားအား အတည်ယူကာ သူဆိုပင် မဆိုချင်တော့ချေ။ သူဝင်လာပြီးသည်နှင့် သူက ကာရာအိုကေစက်ထံ တိုက်ရိုက်သွားကာ အခြားသူများအား သီချင်းရွေးစေရန်အတွက် ထိုနေရာ၌ ထိုင်လိုက်သည်။
ကျင်းစစ်သည် အခြားလူများနှင့် မိုက်ထံသို့ တိုးမသွားခဲ့ဘဲ ဆိုဖာကိုရှာကာ ထိုင်လိုက်ပြီး သူ့လွယ်အိတ်အား စတိတ်နောက်ဖက်သို့ ပို့လိုက်သည်။ ယင်းကျောင်းသည် သူ့ဘေး၌ ထိုင်လိုက်သည်။ ဟယ့်ကျိုးနှင့် ကျန့်ချွယ်သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး တူညီသည့်အရာ ပြုလုပ်လိုက်သည်။
လူတစ်စုသည် ကျောင်းအတွင်း၌ တစ်လနီးပါးနေခဲ့ရသည်။ ဤအကြိမ်၌ သူတို့သဘာဝအတိုင်း လွှတ်ပေးရန် အခွင့်အရေးရချေပြီ။ စားပွဲထိုး ထွက်မသွားခင်မှာပင် သူတို့က မိုက်အားခဲကာ စအော်ဟစ်ကြတော့သည်။
သူတို့သီချင်းသံက ကြောက်စရာကောင်းနေလို့လား မသိပေမဲ့ သူတို့ဘာမှမလိုအပ်ကြောင်း အတည်ပြုပြီးနောက် စားပွဲထိုးသည် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူတို့ စတင်၍ မဆိုခင်၌ အသီးခြောက် မုန့်နှင့် အချိုရည်များ သည် တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။
ယင်းကျောင်းသည် ကော်ဖီခုံပေါ်ရှိ ကိုလာဘူးအား ကြည့်ကာ စားပွဲထိုးခေါ်ရန် လက်ဆန့်လိုက်ပြီး သူ့အား တီးတိုးစွာပြောသည်။ မကြာခင်၌ စားပွဲထိုးသည် ပဲနို့တစ်ဗူးဖြင့် ပြန်လာခဲ့သည်။
ဟယ့်ကျိုးနှင့် တစ်သိုက်၏ အကြည့်အောက်၌ပင် ယင်ကျောင်းသည် ပဲနို့ဘူး အပိတ်အား ဖွင့်လိုက်ကာ ပိုက်ထိုးလိုက်ပြီး ကျင်းစစ်ရှေ့သို့ သဘာဝကျစွာ ချပေးလိုက်သည်။
“မင်း ဒါသောက်လိုက်ပါ..”
ကျင်းစစ်သည် အခြားလူများရှေ့မှ ကိုလာဗူးအားကြည့်ပြီး စဉ်းစားလိုက်သည်။
“ဟမ်..”
ယင်းကျောင်းက သံဗူးမှ လက်စွပ်ကွင်းအား ဆွဲဖွင့်လိုက်ပြီး ရယ်သံတစ်ချက်ပြုသည်။
“ကိုလာက အဆီအနှစ် ဆုံးရှုံးစေတယ်..”
သူက ကိုလာအား လက်တစ်ဖက်၌ကိုင်ကာ ဆိုဖာပေါ်တွင် ပျင်းရိစွာမှီလိုက်ပြီး နှုတ်ခမ်းကွေးကာ အရှက်မရှိ ပြုံးလိုက်သည်။
“ဟုတ်တာပေါ့..ကိုယ်က ကွဲပြားတယ်လေ..ကိုယ်က..”
သူစကားမဆုံးခင်၌ ကျင်းစစ်သည် သူ့ပါးစပ်အား ဖရဲသီးတစ်စိပ်ဖြင့် ပိတ်ပစ်လိုက်သည်။
ကျင်းစစ်သည် ပဲနို့အား အမူအရာမဲ့စွာ ကိုင်လိုက်ပြီး ပိုက်မှ တစ်ကျိုက်သောက်လိုက်ကာ သူ့အားဂရုစိုက်ရန် အရမ်းပျင်းနေပေသည်။
ယင်းကျောင်းက ပြုံးလိုက်ပြီး ဖရဲသီးထိပ်အား ကိုက်လိုက်ကာ ထိုအခွင့်အရေးအား အခွင့်ကောင်းယူရန် မမေ့ပေ။
“ဒါတကယ်ချိုတာပဲ..”
သူ့ဘေး၌ ထိုင်နေသည့် ဟယ့်ကျိုးက သူ့အား ရှုံ့ချသည့်အကြည့်ဖြင့် ကြည့်ပြီး ဘေးသို့ရွေ့လိုက်ကာ ထိုလူအား မသိသကဲ့သို့ ဟန်ဆောင်လိုက်သည်။
အခန်းထဲ၌ မိုက်နှစ်လုံးသာရှိကာ အခြားလူများက ပျင်းသွားပြီး ရှေ့ခုံသို့သွားကာ အမှန်လား ခိုင်းတာလုပ်မလား (Truth or dare) ဂိမ်းကစားရန် ဘီယာပုလင်းတစ်ပုလင်း သွားတောင်းခဲ့သည်။
ဝူဝေ့ချန်သည် ပုလင်းအား အမြင့်သို့ မြောက်ကာ ကျမ်ကျိန်သကဲ့သို့ ပြုလုပ်နေပြီး သူ့ရှေ့၌ရပ်ကာအော်နေသည်။
“ထိုင်ကြ..တစ်ယောက်နှင့်တစ်ယောက်ကြား နေရာလွတ်ရှိခွင့်မပြုဘူး…ဟုတ်ပြီ..အဲ့ဒီလို့ရွေ့ကြပါ…”
လူတိုင်းနေရာတကျ ဖြစ်သွားချိန်၌ သူက ပြုံးလိုက်သည်။
“ဒါဆို စမယ်..”
ထိုသို့ပြောပြီးနောက် သူက ဘီယာပုလင်းအား ကော်ဖီခုံပေါ်သို့ တင်ကာ လက်ကို လေနှစ်ချက်မှုတ်လိုက်ပြီး လက်ဆန့်ကာ ပြင်းထန်စွာလှည့်လိုက်သည်။
“F*ck ငါဘာလို့ ကံမကောင်းရတာလဲ..”
ကျန့်ချွယ်က အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။
“ငါခိုင်းတာလုပ်မယ်…”
ဝူဝေ့ချန်က သရော်လိုက်သည်။
“သေချာလား..”
“ငါက တကယ့်ယောကျ်ားဘဲ..”
ကျန့်ချွယ်က သူ့အား အကြည့်တစ်ချက်ပို့လိုက်သည်။
“မင်းဘာပြောပြော ရေကတော့ လောင်းချရမှာဘဲ…”
“ဒါက…”
ဝူဝေ့ချန်က မျက်စပစ်လိုက်ပြီး သူ့ဘေးမှ ဟယ့်ကျိုးအား ကြည့်လိုက်သည်။ ထိုနေရာ၌ ကောင်မလေးတစ်ယောက်ရှိသောကြောင့် သူက သဘာ၀ကျကျသူမကိုရွေးလိုက်သည်။
“မင်း..သွားပြီး ဟယ့်ကျိုးဖင်ကို ပွတ်ခဲ့လိုက်…”
ဟယ့်ကျိုးသည် ဖရဲသီးစားနေတာဖြစ်ပြီး ဤစကားများကြားရချိန်၌ သူချက်ချင်းကင် အောဟစ်လိုက်တော့သည်။
“မင်းအမေ…ဘာလို့ ငါကပါလာရတာလဲ…”
ဝူဝေ့ချန်က သဘာဝကျကျ ပုလင်းအားလှုပ်ရမ်းလိုက်သည်။
”မဖြစ်နိုင်ဘူး..ဘယ်သူက ကျန့်ချွယ်ကို ခိုင်းတာလုပ်ဖို့ ရွေးခိုင်းလို့လဲ…”
“ပွတ်ပြီးထိရမယ်…”
ကျန့်ချွယ်က တက်ကြွသည့်စရိုက်ရှိကာ သူက ကောင်းကောင်းကစားနိုင်ပြီး သူက ဟယ့်ကျိုးအား တွန်းလိုက်သည်။
“လောင်ဟယ့်..မင်းကငါ့အကို ဆိုရင်ထစမ်း…”
ဟယ့်ကျိုး၌လည်းအောက်ချေစည်းမရှိကာ အခန်းထဲမှ လူအားလုံးမျက်လုံးများက သူ့ထံကျရောက်နေသည်။ သူက ဖရဲသီးအား ကော်ဖီခုံပေါ်သို့ တင်လိုက်ကာ ထပ်ရပ်ပြီး ကျန့်ချွယ်အားပြောသည်။
“မင်းထစမ်း..မင်းတကယ်ပဲ ဒီအကိုက လိုက်မကစားနိုင်ဘူးထင်တယ်ပေါ့..”
ကျန့်ချွယ်က ချက်ချင်း သွားက ထိလိုက်ပြီး ထိနေရင်းဖြင့် သူက လူတိုင်းထံ ဖြေကြားလိုက်သည်။
“ကိုင်လို့ကောင်းတယ်…”
ဟယ့်ကျိုးက သူ့အားစိုက်ကြည့်လိုက်ကာ ရုတ်တရက်ပြုံးလိုက်ပြီး သူ့ဖင်လေးကိုလိမ်တွန့်လိုက်ကာ“အန်ကယ်..မင်းခံစားရကောင်းစေဖို့ ထပ်လာခဲ့နိုင်တယ်…နော်”
တစ်ခန်းလုံး ရယ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
ကျန့်ချွယ်က ကြက်သီးထသွားပြီး ခပ်မြန်မြန်ပင် သူ့ထံမှ အဝေးသို့ရွေ့ထိုင်လိုက်ကာ သူ့လက်အား ဆေးကြောရန် ရေသန့်တစ်ဗူး မတောင်းရုံတစ်မယ်ဖြစ်သွား၏။
သူတို့အတွက် အဖွင့်ပွဲကောင်းကောင်းပင်ဖြစ်သည်။ ထို့နောက် လူအုပ်စုသည် ထပ်မံပြီး ကြမ်းတမ်းစွာ ကစားကြပြီး အရာအားလုံးအား မေးမြန်း ခိုင်းစေခဲ့သည်။ ကျင်းစစ်က ဤကဲ့သို့ ကစားပွဲမျိုး၌ တစ်ခါမှ မပါဝင်ခဲ့ဖူးတာကြောင့် ကြောင်အသွားရသည်။
သူက သူ့ရင်ထဲ၌ သက်သာရာမရဘဲ မနေနိုင်ချေ။ ကံကောင်းစွာပင် သူက ကံကောင်းပြီး တစ်ခါမှ အရွေးမခံခဲ့ရချေ။
သို့သော် တစ်ချို့ အလံများက စောစောမလွှင့်သင့်ပေ။
နောက်တော့ ဘီယာပုလင်းအဝက သူ့ဘက်ရပ်သွားချိန်၌ ကျင်းစစ်မျက်လုံးများ အေးခဲသွားသည်။
“ငါ…”
သူ့အရှေ့ရှိ လူတိုင်း၏ အတွေ့အကြုံအား ကြည့်ပြီးနောက် သူက ကွဲပြားစွာပြောလိုက်သည်။
“ငါအမှန်အတိုင်းပြောမယ်…”
ကျင်းစစ်က အခြားလူများကဲ့သို့ အရှက်မရှိ အရေမထူရာ ဝူဝေ့ချန်က သူ့၏ အံ့ဖွယ်ဖန်ပင်။ သူက အရမ်းလွန်သော မေးခွန်းမျိုးမမေးလာသော်လည်း မလျော့သော တစ်ခုကိုသာရွေးခဲ့သည်။
“ပထမဆုံးအနမ်းက ရှိနေသေးလား…”
ကျင်းစစ်သည် သဘာဝမကျစွာ မျက်လုံးအောက်ချလိုက်ပြီး တစ်စက္ကန့်မျှ ရပ်သွားပြီး တောင့်တင်းစွာ ခေါင်းငြိမ့်သည်။
“အင်း..”
“ကောင်းပြီ..ပြီးပြီ…”
ဝူဝေ့ချန်က သီဟိုဠ်စေံ လက်တစ်ဆုပ်စာအား ယူကာ ဝါးပြီး လက်အားခါရမ်းလိုက်သည်။
“နောက်တစ်ပွဲစတင်ပြီ..အားလုံ အကောင်းပဲမြင်ရအောင်…”
“သောက်တလွဲ လောင်ဝူ..”
သူ့ဘေး၌ ထိုင်နေသည့် ကောင်လေးက သူ့အား လက်သီးတစ်ချက်ပေးလိုက်သည်။
“F*ck မင်းစကားမပြောခင် ဘာလို့ ဒါတွေစားလိုက်ရတာလဲ..ငါ့မျက်နှာပေါ်စင်ကုန်ပြီ..”
ဝူဝေ့ချန်က သူ့အားကြည့်ကာ ပြုံးသည်။
“ငါမင်းအပေါ် ကံကောင်းစေအောင် သန့်စင်တဲ့ အမွေအနစ် ဖြန်းပေးလိုက်တာ ..ဒါကြောင့် မင်းဘာလို့ မပျော်နေရတာလဲ..”
ကောင်လေးက ရွံ့ရှာမှုကြောင့် တုန်ခါသွားပြီး သူ့အား လက်သီးထောင်ပြလိုက်သည်။
လူအများအပြားက ပြဿနာရှာခြင်းအား ရင်းနှီးကျွမ်းဝင်နေပြီဖြစ်ကာ ဝူဝေ့ချန်သည် ဂရုမစိုက်ပေ။ သူ့ညာလက်အား သုံးပြီး ဘီယာပုလင်းအား ပြင်းပြင်းထန်ထန် လှည့်လိုက်သည်။
ဤတစ်ကြိမ်၌ ပုလင်းက ယင်းကျောင်းထံ လှည့်သွားသည်။
ယင်းကျောင်းသည် သူ့လက်ထဲမှ ကိုလာအား ချကာ ပျင်းပျင်းရိရိ ပြောလိုက်သည်။
“ငါခိုင်းတာလုပ်မယ်…”
သာမန်ချိန်၌ မည်သူမျှ ယင်းကျောင်းအား ဘာမှ မလုပ်ခိုင်းရဲကြပေ။ သို့သော်ယခုအချိန်၌ လူတစ်သိုက်သည် အရှေ့အနောက်တောင်မြောက် မကွဲတော့သည်ဖြစ်တာကြောင့် သူတို့က ကျောင်းမြက်ကလေးက မည်သို့သော လူမျိုးဖြစ်ကြောင်း ဂရုစိုက်ဦးနေမည်နည်း။
အချိန်ကြာကြာကစားပြီးနောက် ဤတစ်ကြိမ်၌ ပထမဆုံး ယင်းကျောင်းထံ ကျရောက်သွားခြင်းပင်ဖြစ်သည်။
လူတစ်ချို့က တိတ်တဆိတ် လျှောက်စဥ်းစားနေပြီး ယင်းကျောင်းထံ အကွက်ကြီးကြီး ပေးလိုက်သည်။
”အကိုကျောင်း..ဘေးက လူကိုနမ်းလိုက်ပါ..”
ဟယ့်ကျိုးက လျှောက်ကြည့်နေပြီး ချက်ချင်း ယင်းကျောင်းထံမှ အဝေးသို့ သူ့ကိုယ်လုံးနှင့် မလိုက်ဖက်စွာ မဖော်ပြနိုင်သည့် အမြန်နှုန်းဖြင့် ပြေးထွက်သွားတော့သည်။
ရလဒ်အနေဖြင့် ယင်းကျောင်း ညာဘက်၌ နေရာလွတ်ဖြစ်ကာ ဘယ်ဘက်၌ ကျင်းစစ်ရှိ၏။
ကျင်းစစ်သည် ပဲနို့အား တိတ်တဆိတ်သောက်နေသော်လည်း မီးကသူ့အား တကယ်ကြီးလောင်လာမည်ဟု မထင်မိခဲ့ချေ။ တောင်းဆိုချက်အား ကြားရ၍ သူက ဘေးလျှောက်ကြည့်လိုက်ချိန်တွင် ပဲနို့သီးမတတ်ပင်ဖြစ်သွားရသည်။
ယင်းကျောင်းနှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးသွားသည်။ ယခုတစ်ကြိမ်၌ သူ့အား အပစ်တင်၍မရချေ။ သူဘာမှမလုပ်သော်လည်း ကောင်းကင်ဘုံက သူ့အားကူညီပေးနေလေသည်။
နတ်ဘုရား၏ ရွေးချယ်ခံသားတော်ဆိုတာ သူ့လိုလူမျိုး ဖြစ်နိုင်ပေသည်။
အခန်းထဲမှ ကောင်လေးများက လေချွန်နေဆဲဖြစ်သည်။
“နမ်းကြပါတော့..”
“မြန်မြန်..လုပ်ပါ…အကိုကျောင်း..”
“မြန်မြန်..မင်းမနမ်းရင် ယောက်ျားမဟုတ်ဘူး..”
“အကိုကျောင်းကို အားပေးပါတယ်…လုပ်ပါ အကိုကျောင်း…”
ယင်ကျောင်းသည် ဖွဖွလေးရယ်လိုက်ပြီးနောက် လှည့်ကာ သူ့လက်ကို ကျင်းစစ်ပုခုံးပေါ်တင်လိုက်သည်။
ကျင်းစစ်သည် ပဲနို့ပုလင်းအား တင်းကြပ်စွာကိုင်ထားပြီး မျက်နှာ၌အမူအရာမဖော်ပြသော်လည်း အမှန်တကယ်၌ သူက ထိတ်လန့်နေပြီဖြစ်သည်။
သူ့နားများက နီရဲနေကာ ယင်းကျောင်း သူ့အား ထိလိုက်ချိန်၌ သူ့ပါးပြင်က လျှပ်စီးလပ်သကဲ့သို့ ပူလောင်လာသည်။
အရင်ကဆိုလျှင် သူက ယင်းကျောင်းအား တွန်းလိုက်မည်ဖြစ်သော်လည်း ယခု သူတို့က ဂိမ်းကစားနေကြကာ တောင်းဆိုချက်သည် မည်မျှပြင်းထန်ပါစေ မည်သူမျှငြင်းပယ်ခွင့်မရှိပေ။
သူစိတ်ထဲ၌ သူတို့အားလုံးယောက်ျားလေးဖြစ်ကြောင်း ဆက်တိုက်ပြောနေပေသည်။
သူ့ထံမှ အနမ်းခံရတာ ဘာမှားလို့လဲ...ကျန့်ချွယ်ပင်လျှင် ဟယ်ကျိုးဖင်အား ထိနိုင်သေးကာ ၎င်းက အထွေအထူးမဟုတ်ပေ။
သူမည်မျှပင် ယင်းကျောင်းက သူ့အားနမ်းခြင်းမှာ သာမန်ပါပဲဟုတွေးစေကာမူ သူ့တစ်ကိုယ်လုံးကပူလောင်နေဆဲပင်။
ကျင်းစစ်ဦးနှောက်၌ ဗလာဖြစ်နေကာ ယင်းကျောင်းသူ့အပေါ် မည်သည့်အချိန်၌ မှီလိုက်သည်အားပင် မသိလိုက်ချေ။
သူက ဆိုဖာထောင့်စွန်း၌ အခြား မည်သူမှမရှိဘဲ ထိုင်နေခဲ့သည်။ ယင်းကျောင်းသည် အရပ်ရှည်ပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက သူ့အားထောင်ချောက်သကဲ့သို့ ပိတ်လောင်ထားသည်။ သူတို့နှင့်အနီးဆုံးရှိသည့် ကျန့်ချွယ်ပင်လျှင် သူတို့နှစ်ယောက်ကြား ဖြစ်ပျက်နေသည်အား မမြင်နိုင်ချေ။
ကျင်းစစ်သည် အသက်ရှူကျပ်လာကာ သူ့နှလုံးခုန်မြန်လာသည်။ သူက အလွန်ထိတ်လန့်နေပြီး သူ့လက်အား မသိစိတ်အလိုအရ ယင်းကျောင်းအား တွန်းရန်ဆန့်ထုတ်လိုက်သည်။
ယင်းကျောင်းသည် သူ့လက်ကောက်ဝတ်အားကိုင်ကာ ကျင်းစစ်က ဆက်၍ ရုန်းကန်ရန်ကြိုးစားစဉ် သူကတီးတိုး ပြောလိုက်သည်။
“မလှုပ်နဲ့..”
ဘုရားပေးသည့် အခွင့်အရေးပင်ဖြစ်သည်။
တောင်းဆိုချက်အားကြားပြီးနောက် ၎င်းက ယင်းကျောင်း၏ပထမဆုံးတုံ့ပြန်မှုပင် ဖြစ်သည်။
ဤတစ်ကြိမ်၌ သူသည် အသားယူရန် အခွင့်ကောင်းရနေပြီဖြစ်၍ မည်သူမျှသူ့အား အပစ်တင်မရချေ။ ယင်းကျောင်းနှလုံးသားက ယားယံနေပြီး သူထပ်၍ မထိန်းထားနိုင်တော့ပေ။ သို့သော် ကျင်းစစ်မျက်လုံးဖွင့်ကာ သူ့အား ကြောက်လန့်တကြား ကြည့်လာချိန်၌ သူနှလုံးသားမှာ နူးညံ့သွားရသည်။
ကျင်းစစ်၏မျက်တောင်များ တုန်ခါနေပြီး ယင်းကျောင်းကို ကြည့်လိုက်ပြီးနောက် သူ့အမူအရာအား တည်ငြိမ်စေရန်အတတ်နိုင်ဆုံး ကြိုးစားသည်။
“မင်း..မင်း..”
“အဆင်ပြေပါတယ်..”
ယင်းကျောင်းစိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။
“ကောမှာ နည်းလမ်းရှိတယ်…ရှူး..လိမ်လိမ်မာမာနေ..မလှုပ်နဲ့..”
ကျင်းစစ်က သူ့အား တွန့်ဆုတ်စွာကြည့်သည်။
ယင်းကျောင်းရဲ့ အကြည့်များပျော့ပြောင်းသွားပြီး မည်သူမျှ မမြင်နိုင်သောထောင့်နားလေး၌ သူက လက်နှစ်ချောင်အားဆန့်ထုတ်ကာ သူ့နှုတ်ခမ်းအား ထိလိုက်ပြီးနောက် ကျင်းစစ်နှုတ်ခမ်းထံသို့ ဖြေးညင်းစွာဖိလိုက်ပြီး ပေါ့ပါးစွာ ပွတ်လိုက်သည်။
ကျင်းစစ်၏ ကြောင်အနေသောအကြည့်များအောက်၌ သူက ထရပ်လိုက်ပြီး မျက်ခုံးပင့်ကာ အခြားလူများအား ပြောလိုက်သည်။
“ဒါ အသေးအဖွဲလေးတွေပါ..”
အခန်းထဲမှ လူတိုင်း သူတကယ် ကျင်းစစ်အားနမ်းလိုက်သည်ဟု ထင်ကာ သူတို့က စိတ်အားတက်ကြွစွာ အားပေးကြသည်။
“မိုက်တယ်..အရမ်းမိုက်တယ်..အကိုကျောင်း ကအရမ်းမိုက်တယ်…”
ကစားပွဲက နောက်တစ်ပွဲဆက်ခဲ့ပြီး တောက်လောင်နေသည့်မျက်လုံးများရှိသည့် လူများသည် အခြားနေရာသို့ အာရုံလွဲသွားကြသည်။
ကျင်းစစ်က နောက်ဆုံး၌ စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ သူ့အသံအိုးက အနည်းငယ်ခြောက်ကပ်နေသည်။ သူက ပဲနို့တစ်ငုံအား သောက်ရန်လက်လှမ်းလိုက်စဉ် ရုတ်တရက် ယင်းကျောင်းသည် သူ့ခေါင်းအား သူ့နားဘက်သို့တိုးလာပြီး အသံတိုးတိုးဖြင့်ဆိုသည်။
“ကိုယ်ဒီတစ်ကြိမ်မှာ လွှတ်ပေးလိုက်တယ် ဒါပေမဲ့…”
သူက လူနှစ်ယောက်သာ ကြားနိုင်သည့် အသံဖြင့် ပြောလိုက်သည်။
“နောက်တစ်ကြိမ် တစ်ယောက်ယောက်က မင်းရဲ့ပထမဆုံးအနမ်းကို မေးရင် အဲ့ဒါပေးလိုက်ပြီးပြီလို့ ပြောဖို့မမေ့နဲ့ဦး….”
သူက အသာရယ်မောလိုက်ကာ “နောက်ပြီး ကိုယ့်ကိုပေးခဲ့တာလို့ ပြောလိုက်….”
___
Translated By IQ-Team.