အပိုင်း၃၉
Viewers 13k

Chapter 39

Chapter 39


-----------------------


အခန်းထဲ၌ ချိတ်ဆွဲထားသော LCD မှန်ပြင်ပေါ်တွက် စိတ်အားတက်ကြွစေသည့် သီချင်းဖွင့်ထားသည်။ ကောင်လေးနှစ်ယောက်က မိုက်ကို ကိုင်ပြီး လည်ပင်များမော့ကာ စိတ်ခံစားချက်များဖြစ် အော်ဟစ်သီဆိုနေကြသည်မှာ အရမ်းစွဲမက်ဖွယ်ပင် ဖြစ်သည်။ 


အမှန်လား ခိုင်းတာလား (Truth or Dare) ဂိမ်းဆော့ကြသည့် အခြားလူများသည် လှည့်ပတ်နေသည့် ဘီယာပုလင်းအား စိုက်ကြည့်နေကြသည်။ မည်သူမျှ ကျင်းစစ်နှင့် ယင်းကျောင်းတို့ ထိုင်သည့် နေရာသို့ အာရုံမစိုက်ကြပေ။ 


ကျင်းစစ်သည် တခဏမျှ စွန့်အသွားကာ သူ့မျက်နှာက ချက်ချင်း ရှက်သည်းဖြာလာသည်။ 


ယင်းကျောင်းက ပြုံးလိုက်ပြီး ဦးခေါင်းအား သူ့ပုခုံးပေါ်သို့ ပျင်းရိစွာမှီလိုက်ပြီး သူ့အားကြည့်လိုက်သည်။ 


“ကိုယ်မင်းကို စကားပြောနေချိန်ဆို ဘာလို့ပြန်မဖြေတာလဲ...ကိုယ့်ကို ထပ်ပြောစေချင်နေတာလား…” 


ယင်းကျောင်း၏ ဆံပင်ထိပ်ဖြားသည် သူ့လည်ပင်းအား ငြင်သာစွာ ပွတ်တိုက်နေကာ သူ့အား ယားယံစေသည်။ ကျင်းစစ် ခန္ဓာကိုယ်က တုန်ခါသွားကာ သူက ယင်းကျောင်းအား တွန်းရန်လက်ဆန့်လိုက်သော်လည်း သူလက်ထဲ၌ ပဲနို့ပုလင်းကိုင်ထားဆဲဖြစ်သည်အား မေ့လျော့သွားကာ သူ့လက်အားဖြန့်လိုက်ချိန်တွင် ပဲနို့ပုလင်းသည် ဆိုဖာပေါ်သို့ ပြုတ်ကျသွားသည်။ 


ကျင်းစစ်သည် လျင်မြန်စွာ လက်ဆန့်ပြီး ဗူးအားကောက်လိုက်ချိန်မှသာ ဘယ်အချိန်ကတည်းက ကုန်နေမှန်း မသိ ပဲနို့များက သောက်၍ကုန်သွားပြီဖြစ်သည်။ 


သူ့လက်များသည် အနည်းငယ် တုန်ခါနေကာ ယင်းကျောင်းထံမှ ဝေးဝေးနေရန်ကြိုးစားသော်လည်း သူက ဆိုဖာ အစွန်ဆုံး၌ ဖြစ်ကာ ရွေ့စရာ နေရာမရှိတော့ချေ။ 


ကျင်းစစ်သည် အသက်ရှူထုတ်လိုက်ပြီး သူ့နှလုံးခုန်နှုန်းအား ငြိမ်သက်စေရန်ကြိုးစားလိုက်ပြီးနောက် အေးစက်စွာပြောလိုက်၏။ 


“မင်း ဟိုဘက်ကိုတိုး…” 


ယင်းကျောင်း၏ အာရုံသည် သူ့ရှက်သွေးဖြာနေသည့် ပါးပြင်ထံကျရောက်နေကာ လိုက်လိုက်လျောလျော ဖယ်ပေးလိုက်ပြီး သူ့အား ဆက်မနောက်တော့ချေ။ 


သူက ကျင်းစစ်လက်ထဲမှ ပုလင်းခွံအား လှမ်းယူလိုက်ပြီး စားပွဲထိုးအားခေါ်ကာ သူ့အား ပုလင်းအသစ်ပေးလိုက်သည်။ 


နောက်ပိုင်းအချိန်များ၌ ကျင်းစစ်သည် အနည်းငယ် စိတ်လေလွင့်နေသည်။ Truth or Dare ဂိမ်း၌ ပါဝင်ရမည့်အစား သူက ထောင့်စွန်းနေရာ၌ ပဲနို့ပုလင်းအား ကိုင်ထားပြီး မှီနေကာ မကြာခဏ ပဲနို့တစ်ငုံသောက်ကာ မိန်းမောနေသည်။ 


ဆယ်နာရီနောက်ပိုင်း မိန်းကလေးများက တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ 


ကောင်းကောင်းမကစားရသေးသည့် ကောင်လေးများနှင့် တစ်ညလုံး ကစားသင့်ကြောင်း အကြံပေးသည့် လူအချို့သာ ကျန်ခဲ့သည်။ ဟယ့်ကျိုးသည်လည်း အိမ်မပြန်ခဲ့ပေ။ မဟုတ်လျှင် သူ့အမေက သူ့အားဆွဲကိုင်ပြီး သူ့စာအကြောင်းမေးလိမ့်မည် ဖြစ်သောကြောင့် သူက ရိုးရှင်းစွာ သဘောတူလိုက်ပြီး ရှေ့ခုံသို့သွားကာ သူတို့အချိန်ကို တိုးလိုက်သည်။ 


ပဲနို့နောက်တစ်ဘူးသောက်ပြီးချိန်၌ ကျင်းစစ်သည် သူ့ခံစားချက်အား စီစစ်ခြင်း ပြီးဆုံးသွားပြီ ဖြစ်ကာ သူ့မျက်နှာပေါ်၌ ထူးဆန်းမှု တစ်စုံတစ်ရာမှ မကျန်ရှိတော့ပေ။ သူက အချိန်ကို ငုံ့ကြည့်လိုက်ပြီး ၎င်းက ဆယ့်တစ်နာရီရှိတော့မည် ဖြစ်သည်။ 


ကျင်းစစ်သည် အနားယူခြင်းနှင့် မျက်လုံးကျန်းမာရေးအား အထူးဂရုစိုက်သည်။ နေ့စဉ် ဆယ့်တစ်နာရီ၌ အိပ်ရန်နိုးစက်မြည်လျှင် သူက အပျက်အကွက်မရှိ အိပ်ယာဝင်လိမ့်မည် ဖြစ်သည်။ သူက ဓာတ်မီးရောင်ဖြင့် အိပ်ယာပေါ်လဲပြီး စာဖတ်ခြင်းပင် မရှိပေ။ 


သူက ဤအချိန်၌ အနည်းငယ် အိပ်ချင်နေပြီဖြစ်သော်လည်း လူတိုင်း တက်ကြွနေသည်အားကြည့်ပြီး သူက မျက်လုံးပိတ်အိပ်ရန် ရှက်ရွံ့နေပေသည်။ 


သူ့ပါးစပ်မှ ထွက်လာသည့် သမ်းဝေခြင်းကို တိတ်တဆိတ် ထိန်းထားလိုက်ပြီး ကျင်းစစ်သည် လက်ချောင်းများဖြင့် သူ့မျက်လုံးအား ပွတ်လိုက်ကာ နိုးကြားစေရန် သင်္ချာဖော်မျူလာများအား စိတ်ထဲ၌ ရေရွတ်နေပေသည်။ 


ယင်းကျောင်းသည် အချိန်ပြည့် သူ့ထံ အာရုံစိုက်ထားသဖြင့် သူ့၏ သေးငယ်သော လှုပ်ရှားမှုကို မြင်နိုင်ပေ၏။ 


သူက ဘေးသို့ ရုတ်တရက်လှည့်ကာ ဖုန်းကို ထုတ်လိုက်ပြီး အဖွဲ့ထဲသို့ စာပို့လိုက်သည်…..


[ကျောင်း ] မင်းတို့ကစားကြ..ငါကျင်းစစ်နှင့် ပြန်နှင့်လိုက်မယ်….


ဟယ့်ကျိုးသည် ကိုလာသောက်နေပြီး သူ့၏ဖုန်းတုန်ခါသည်အား ခံစားလိုက်ရသည်။ သူထုတ်ကာ ကြည့်လိုက်ချိန်၌ သူ ထွေးမိတော့မလိုပင် ဖြစ်သွားသည်။ 


နောက်ဆုံးတော့ လာပြီလား…


ဟယ့်ကျိုးက တခဏမျှ တွန့်ဆုတ်နေပြီး သူ့စကားများအား ချင့်ချိန်ကာ မက်ဆေ့ပို့လိုက်သည်…


[အန်ကယ်ဟယ့်] မင်းနှင့် ကျင်းစစ်…မင်းအိမ်ပြန်ရင် ကျင်းစစ်ရော ပြန်မှာလား…


[ကျောင်း] မဟုတ်ဘူး..ငါနဲ့ ကျင်းစစ်က ငါ့အိမ်ကိုသွားမှာ…


[ဖန်ချန်းချန်း] ……..


[အန်ကယ်ဟယ့်] မင်း..အမှန်တိုင်းပြောစမ်း..ငါအရမ်းကြီးတွေးနေတာလား...ဒါမှမဟုတ် မင်းစိတ်ထဲမှာ မကောင်းတဲ့အတွေးတွေများ ရှိနေတာလား…


[ကျန့်ချွယ်က မှားနေတယ်] အကိုကျောင်း..တကယ်ကြီးလား..


ယင်းကျောင်းက ရှုံ့ချလိုက်ဟန် နှာတစ်ချက်ရှုံ့ပြီးနောက် သူ့ဂျာကင်အင်္ကျီအား လက်တစ်ဖက်ဖြင့်ကောက်ယူကာ နောက်တစ်ဖက်ဖြင့် စာရိုက်သည်။ 


[ကျောင်း] သစ်ကြားသီး များများစားပြီး ညစ်ညမ်းတဲ့ အတွေးတွေကို လျော့တွေးစမ်း…


[ကျောင်း] တာ့တာ…


[အန်ကယ်ဟယ့်] မင်းသားရဲအဖြစ်ပြောင်းမသွားဘဲ ညကြ သူ့အပေါ်အခွင့်ကောင်မယူဘူးဆိုတာ သေချာလို့လား..


[ကျောင်း] “...”


[ကျောင်း] ထွက်သွားစမ်း...


ယင်းကျောင်းသည် ဖုန်းအား သူ့အိတ်ကပ်ထဲထည့်လိုက်ပြီး မျက်လုံးများ မှိတ်ကျသွားတော့မည့် ကျင်းစစ်အား လှုပ်နိုးလိုက်သည်။ 


“သွားမယ်...ကောနဲ့ ပြန်ပြီးသွားအိပ်ကြမယ်…” 


ကျင်းစစ်က သူ့အား မော့ကြည့်လိုက်သည်။ 


“မသွားဘူး…” 


ယင်းကျောင်းက ကူကယ်ရာမဲ့စွာပြောလိုက်သည်။


“ကိုယ်ဆိုလိုတာ အိပ်ဖို့ နေရာသွားရှာရအောင်လို့ပြောတာ…” 


၎င်းက ကြားရသည်မှာ လွဲနေဆဲပင် ဖြစ်သည်။ 


ယင်းကျောင်းက သူ့စိတ်ထဲ ချုပ်တည်းလိုက်ပြီး ပြုံးလိုက်သည်။ 


“ဘာပဲဖြစ်ဖြစ်…သွားပြီးအိပ်ရုံပဲ..မင်းနားလည်လား..” 


အမှန်၌ ကျင်းစစ်သည် လုံး၀ အများကြီးမတွေးခဲ့ချေ။ 


ကျင်းစစ်သည် သူ့၏ ကျောင်းယူနီဖောင်းအားကိုင်ကာ သူ့ခေါင်းအား ရမ်းလိုက်သည်။ 


“ငါမအိပ်ချင်ဘူး..မလိုအပ်ဘူး…” 


“မအိပ်ချင်သေးဘူး..” 


ယင်ကျောင်းက ရယ်လိုက်ကာ သူ့ခေါင်းက ကြက်ကလေး ဆန်ကောက်နေသကဲ့သို့ ညိမ့်နေပြီး မအိပ်ချင်သေးဘူးတဲ့။ 


“သွားမယ်..” ယင်းကျောင်းသည် သူ့လက်ကောက်ဝတ်အား ကိုင်ကာ သူ့အား ဆွဲထူလိုက်သည်။ 


အခန်းထဲမှ လူများသည် သူ့တို့အားရုတ်တရက်ကြည့်လာကြသည်။ 


ယင်းကျောင်းက သူတို့အား ပြုံးပြလိုက်ပြီး ​“ငါ့အိမ်မှာ လုပ်စရာရှိသေးတယ်…ကျင်းစစ်နဲ့ ငါအရင်ပြန်နှင့်လိုက်မယ်...မင်းတို့ပျော်ကြပါ..” 


ကောင်လေးများကတစ်ယောက်ပြီးတစ်ယောက်‌ ခေါင်းညိမ့်ကြသည်။ 


“ရတယ်..ရတယ်..အေးဆေးပြန်..အကိုကျောင်း..” 


“ကောင်းပြီ..သီချင်း ဆက်ဆိုကြမယ်..” 


“ဘိုင်ဘိုင်..အကိုကျောင်း..ဘိုင်.. ကျင်းစစ်…” 


ယင်းကျောင်းက ကျင်းစစ်အားခေါ်ကာ အခန်းထဲမှ လျှောက်ထွက်လာသည်။ 


ကျင်းစစ်က သူ့အား အတန်းဖော်များရှေ့၌ မရုန်းချင်ပေ။ ထို့ကြောင့် သူက အခန်းတံခါး ပိတ်သည် အထိ စောင့်ပြီးမှသာ သူ့လက်ထဲမှ ရုန်းထွက်သွားသည်။ 


“ငါမပြန်ဘူး…” 


ကျင်းစစ်က အောက်သို့အနည်းငယ်စိုက်ကြည့်လိုက်သည်။ 


“ငါဒီည သူတို့နဲ့ပဲ တစ်ညလုံးနေမယ်..” 


ယင်းကျောင်းက သူပုခုံးအား ပွေ့ဖက်ရန် လက်ဆန့်တန်းလိုက်ပြီး သူနှင့်အတု အရှေ့သို့‌လျှောက်သွားသည်။ 


“တစ်ညလုံးလား..ဒါပေမဲ့ မနက်ဖြန်ကြရင်ရော…သွားကြမယ်…ပြီးတော့ ကိုယ့်အိမ်မှာ တစ်ရက်နေရမယ်….” 


“မလိုဘူး..” ကျင်းစစ်သည် ယင်းကျောင်းလက်မောင်းအောက်မှ ရှောင်ထွက်သွားသည်။ 


သူက အခိုင်အမာ ငြင်းပယ်လိုက်သည်။ 


“မင်းပဲ ပြန်လိုက်..အန္တရာယ်ကင်းကင်းနဲ့ ပြန်ပါ…ငါဝင်တော့မယ်…”


ယင်းကျောင်းသည် သူ့နောက်ကျောအားကြည့်ကာ ရင်ထဲ၌ သက်ပြင်းချလိုက်မိပြီး သူဘာတွေးနေလဲ ဆိုသည်အား အကြမ်းဖျင်းခန့်မှန်းမိသည်။ 


ကျင်းစစ်သည် အပူအပင်မထားတတ်သူဟု ထင်ရသော်လည်း အမှန်တကယ်၌ သူသည် သူကိုယ်တိုင်နှင့် တစ်ပါးသူများအား ခွဲခြားထားတတ်သူဖြစ်ကာ တစ်ပါးလူ၏ အိမ်သို့ သွားရောက်အိပ်သည်ကား သူ့အတွက် ကျူးကျူးလွန်လွန်ဖြစ်နေပေသည်။ 


“ကိုယ့်အိမ်မသွားချင်ဘူးဆိုရင်…” 


ယင်းကျောင်းသည် သူ့အား ခြေလှမ်းနှစ်လှမ်းဖြင့်ပင် အမှီလိုက်နိုင်ခဲ့သည်။ 


“ကိုယ်တို့ဟိုတယ် ရှာကြမလား…” 


သူက ကျင်းစစ်အား အပြင်သို့ဆွဲခေါ်သွားသည်။ 


“မင်းဒီညမအိပ်ဘူးဆိုလျှင် မနက်ဖြန်တက်တက်ကြွကြွ ရှိမှာမဟုတ်ဘူး…သင်္ချာပြိုင်ပွဲက စတင်တော့မယ်..အချိန်တစ်ရက် ဖြုန်းလိုက်ရင် အချိန်တစ်ရက် အလကားဖြစ်သွားလိမ့်မယ်…” 


ကျင်းစစ်သည် ဤအချိန်၌ သူ့လက်အား တွန်းဖယ်ရန် ပြုလုပ်နေဆဲပင်။ 


ယင်းကျောင်းက ဆက်ပြောသည်။ 


“ဒီညကောင်းကောင်းအိပ်ပြီး မင်းစိတ်ကို တက်တက်ကြွကြွလေးထားလိုက် မနက်ဖြန် နေ့လည် ကိုယ်ပိုင်စာကြည့်ချိန်မှာ ကျောင်းကို အတူတူပြန်မယ်လေ…အဆင်ပြေလား…” 


“နေဦး..” ကျင်းစစ်က သူ့လက်အား ပုတ်ကာ သူ့အား လွှတ်ရန်ညွှန်ပြသည်။ 


သဘောမတူသေးဘူးလား။ 


ယင်းကျောင်းက ကြောင်အသွားရသည်။ 


သူစိတ်က ဘာလို့ဒီလောက်ခေါင်းမာနေရတာလဲ…


သူကတစ်ခုခု ထပ်ပြောရန် ပြုလိုက်စဉ် ကျင်းစစ်ပြောသည်အား ကြားလိုက်ရ၏။ 


“ငါ့ကျောင်းလွယ်အိတ်က အခန်းထဲမှာရှိနေသေးတယ်…” 


ယင်းကျောင်းက သူသဘောတူသွားကြောင်း ချက်ချင်းသိလိုက်သည်။ 


“မင်းငါ့ကို ဒီမှာစောင့်နေ..လျှောက်မသွားနဲ့..” 


ယင်းကျောင်းသည် သူ့လက်အား မြှောက်လိုက်ပြီး ကျောင်းယူနီဖောင်းဇစ်အား ဆွဲတင်လိုက်သည်။ 


“ငါဝင်ပြီး မင်းအတွက်သွားယူပေးမယ်…” 


သူတို့နှစ်ယောက်ထွက်လာချိန်၌ ဆယ့်တစ်နာရီခွဲနေချေပြီ။ 


ဤသည်က သူကျင်းစစ်နှင့် တူတူအိပ်သည်မှာ ပထမဆုံးဖြစ်သည်။ ယင်းကျောင်းသည် ပတ်ဝန်းကျင်ကောင်းကောင်းရှိသော ဟိုတယ်အား ရှာချင်ခဲ့သည်။ ကြယ်ငါးလုံးမဟုတ်လျှင်ပင် အနည်းဆုံး လေးလုံးဖြစ်ရပေမည်။ 


သို့သော် ကျောင်းဝန်းကျင်၌ ထိုသို့နေရာမျိုး မရှိပေ။ ရောင်စုံမီးသီးများထွန်းထားသည့် ဟိုတယ်အသေးစားလေးများသာ ရှိကာ တစ်ချက်ကြည့်ရုံဖြင့် သူ့အားကန်းလုနီးပါးဖြစ်သွားစေသည်။ 


ယင်းကျောင်းသည် လမ်းပေါ်၌ ကျင်းစစ်နှင့် တူတူလျှောက်ပတ်နေသော်လည်း ကြယ်ရှိသည့် ဟိုတယ်ရှာမတွေ့သောကြောင့် သူက အင်တင်တင်ဖြစ်စွာ ဟိုတယ်အားရွေးလိုက်ကာ ဝင်ပြီး နှစ်ယောက်ခန်းအား‌ မေးလိုက်သည်။ 


“ဒါဘာအနံ့လဲ..” ယင်းကျောင်း တံခါးမှဝင်လာသည်နှင့် သူမျက်မှောင်ကျုံ့လိုက်ပြီး ကျင်းစစ်ထံလှည့်လိုက်သည်။ 


“မင်းအနံ့ရလား…”


“မင်း….” ကျင်းစစ်သည် သူ့အားကြည့်ကာ စကားပြောရပ်လိုက်သည်။ 


“ဘာဖြစ်တာလဲ…”


“မင်းအိမ်က အနီးမှာရှိတယ်မလား…” 


ကျင်းစစ်သည် ပြတင်းပေါက်မှန်ဘောင်အား ဖွင့်လိုက်ကာ အခန်းထဲမှ မှိုနံ့များထွက်သွားစေရန် လေသန့်စင်စေလိုက်ပြီးနောက် ယင်းကျောင်းအား‌ မေးသည်။ 


“မင်းအိမ်မပြန်ဘူးလား…” 


သူက ရှေ့ကောင်တာ၌ ရှိနေစဉ်ကပင် မေးချင်နေသော်လည်း ယင်းကျောင်း၏ လုပ်ကိုင်မှုက အရမ်းမြန်လှသည်။ သူမတုံ့ပြန်ခင်၌ပင် သူတို့နှစ်ယောက်က တံခါးမှ ဝင်လာခဲ့ပြီးပြီဖြစ်သည်။ 


ယင်းကျောင်း “…” 


အိုး.ဂရုမစိုက်မိလိုက်ဘူး..


ကျင်းစစ်သည် ဘေးမီးအိမ်အားဖွင့်လိုက်ကာ သူ့လွယ်အိတ်အား အိပ်ယာဘေးရှိ စားပွဲပေါ်၌ တင်လိုက်ပြီး ယင်းကျောင်းထံ လှည့်ကြည့်ကာ ဂုဏ်ယူဝံ့ကြွားစွာဆိုလာသည်။ 


“မင်းအိမ်မှာ ကိစ္စတစ်ခုခု ရှိလား..အခု ဆယ့်နှစ်နာရီ ထိုးခါနီးပြီ…” 


“ပြီးတော့ ဘာလဲ..” ယင်းကျောင်းသည် မပြတ်မသားပြောလိုက်သည်။ 


“အဲဒါအဆင်ပြေပါတယ်…” 


ထို့နောက် သူက စကားလမ်းပြောင်းလိုက်သည်။ 


“မင်းမှာ အင်္ကျီလဲစရာ အပိုပါလား..” 


သူမေးလိုက်ကာမှ ကျင်းစစ်သည် သူ့၌ ရေချိုးပြီးလဲရန် အဝတ်အစားအပို မပါခဲ့ကြောင်း သတိရလိုက်သည်။ 


“ငါ့ကို စောင့်ဦး..” 


ယင်းကျောင်းသည် နောက်လှည့်လိုက်ပြီး အခန်းကဒ်အားယူကာ သူ့အိတ်ကပ်ထဲထည့်လိုက်သည်။ 


“ဒီနဲ့အနီးနားမှာ ကုန်စုံဆိုင်တစ်ခု တွေ့လိုက်တယ်…” 


ကျင်းစစ်မဖြေနိုင်ခင်တွင် သူက လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ 


ကုန်စုံဆိုင်သည် အောက်ထပ်၌ဖြစ်ကာ နှစ်ဆယ့်လေးနာရီ ဖွင့်သည်။ ငါးမိနစ်မပြည့်ခင်မှာပင် ယင်းကျောင်းသည် ပလတ်စတစ်အိတ်တစ်ခုဖြင့် ပြန်လာ၏။ 


“မင်းအတွက်..” 


သူက ပစ္စည်းများအား အိပ်ယာပေါ်တက်လိုက်ပြီး အိတ်ထဲမှ အပြာရောင်အိတ်အား ထုတ်ကာ ကျင်းစစ်ထံပစ်ပေးလိုက်သည်။


“ရေသွားချိုးလိုက်..” 


ကျင်းစစ်သည် တစ်ချက်စစ်ကြည့်လိုက်သည်။ ၎င်းသည် တစ်ခါသုံး အောက်ခံတစ်စုံဖြစ်သည်။ 


သူ့ပါးများနီရဲလာပြီး သူဘာကြောင့်အိမ်မပြန်လဲဆိုသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူက ရေချိုခန်းထဲသို့ လျင်မြန်စွာဝင်လိုက်ပြီး တံခါးပိတ်သွားချိန်၌ သူမတော်တဆချော်လဲသွားသည်။ 


ယင်းကျောင်းသည် မရယ်ဘဲ မနေနိုင်ဘဲ သူ့နားထဲ၌ ရေကျသံလေးများမကျခင်အထိသာ။ သူက ချက်ချင်းပင် ဆေးလိပ်တစ်လိပ်အားထုတ်ယူလိုက်သည်။ 


သူ့အရင် အတွေ့အကြုံအရ သူသည် အိမ်ထဲ၌ မနေရဲပေ။ သူထိုအချိန်၌ သူမထိန်းချုပ်နိုင်လိုက်လျှင် ကျင်းစစ်အားကြောက်လန့်သွားစေပြီး အခြေအနေမကောင်းဖြစ်သွားနိုင်သည်။ 


ယင်းကျောင်းသည် ဝရံတာ၌ ထွက်ကာ ဆေးလိပ်တစ်လိပ်သောက်လိုက်ပြီးနောက် အရှေ့ခုံမှ ဆိုဖာပေါ်သို့သွားထိုင်ကာ သူ့ဖုန်းအားခဏတာ ကစားနေလိုက်သည်။ သူက ကျင်းစစ်ပြီးခါနီးအချိန်အား ခန့်မှန်းပြီးနောက် အခန်းထဲ ပြန်လာခဲ့သည်။ 


သူအချိန်ကိုက်လာခဲ့ကာ ကျင်းစစ်သည် သန့်စင်၍ပြီးကာ သူ့ဆံပင်အား တဘက်ဖြင့်သုတ်နေလေသည်။ သူ့အားမြင်၍ သူ့လက်မှ လှုပ်ရှာမှုများ ရပ်တန့်သွားပြီး အနည်းငယ်လှည့်လိုက်သည်။ 


“ငါပြီးပြီ..” 


“ကောင်းပြီ..ဒါဆိုကိုယ်ရေချိုးတော့မယ်..” 


ယင်းကျောင်းသည် နောက်ထပ် တစ်ခါသုံးအောက်ခံအား ထုတ်ယူလိုက်ပြိး လှည့်ကာ ရေချိုးခန်းထဲ ဝင်သွားတော့သည်။ 


ကျင်းစစ်သည် ဘေးမှ သူဖွင့်ခဲ့သည့် အပြာရောင်အိတ်အား ကြည့်လိုက်ပြီး သူဘာလို့ နှစ်ခုဝယ်ခဲ့တာလဲဟု မေးချင်စိတ်အား ထိန်းချုပ်လိုက်ရသည်။ ထို့နောက် သူရုတ်တရက် ထိုနေ့က သူနှင့် ယင်းကျောင်းပြောခဲ့သည့် စကားများအား ပြန်သတိရလိုက်ကာ အခန်းထဲ တိတ်ဆိတ်သွားပြီးနောက် သူ့အောက်နှုတ်ခမ်းအား ဒေါသတကြီး ကိုက်လိုက်ပြီး လျင်မြန်စွာ အောက်ခံဘောင်းဘီဗူးအား သူ့လွယ်အိတ်အောက်ဆုံးအထိ ထိုးထည့်လိုက်သည်။ 


ယင်းကျောင်းပြန်ထွက်လာချိန်၌ ကျင်းစစ်ဆံပင်များသည် ခြောက်သွေ့သွားပြီဖြစ်ကာ သူက ယင်းကျောင်းအား လေမှုတ်စက် လှမ်းပေးလိုက်သည်။ 


“ဒီမှာ..” 


ယင်းကျောင်း စိတ်မရှည်အဖြစ်ဆုံးအရာသည်ကား သူ့ဆံပင်အား လေမှုတ်ရခြင်းဖြစ်သော်လည်း သူ့အား လေမှုတ်စက်လှမ်းပေးသူသည် ကျင်းစစ်ဖြစ်နေသောကြောင့် ဤကိစ္စက ကွဲပြားသွားချေပြီ။ 


သူသည် အပူဆုံးအဆင့်သို့ဖွင့်ကာ နှစ်ကြိမ်မျှ လေမှုတ်လိုက်ပြီး ရေမစိုတော့သည့် သူဆံပင်အား ကိုင်ကြည့်ကာ လေမှုတ်စက်အားပိတ်လိုက်သည်။ 


“သွားအိပ်ချေတော့…” 


ယင်းကျောင်းသည် အဝတ်ချိတ်ပေါ်သို့ ပုဝါတဘက်အား ချိတ်လိုပ်ပြီး ကျင်းစစ်အား ပြုံးပြလိုက်သည်။ 


“မင်း အိပ်ချင်နေပြီ..” 


ကျင်းစစ်က လန့်သွားသည်။ 


“မင်းဘယ်လိုသိတာလဲ..” 


ယင်းကျောင်းသည် သူ့မျက်လုံးအား ထိုးပြလိုက်သည်။ 


“ကိုယ်မြင်နေရတယ်…” 


ပြောရင်းဖြင့် သူက တံခါးထံလျှောက်သွားကာ ခေါင်းပေါ်မှ မီးအားပိတ်လိုက်ပြီး ဘေးမီးအိမ်နှစ်ခုသာ လင်းစေလိုက်သည်။ 


အခန်းက ရုတ်တရက် မှောင်ကျသွားသည်။ ကျင်းစစ်သည် စောင်အား ဆွဲမလိုက်ပြီး အိပ်ယာဝင်တော့ပေမည်။ ထိုအချိန်၌ ယင်းကျောင်းက ပြောလာသည်။ 


“မင်းမှာ အိပ်နေရင်းဖြစ်တတ်တဲ့ အလေ့အထရှိလား..” 


၎င်းအားကြားရချိန်၌ ကျင်းစစ်သည် သူ့ခေါင်းအား သံသယဖြင့် လှည့်ကြည့်သည်။ 


“ဟမ်…”


ယင်းကျောင်းက သူ့၌ မကောင်းသည့် အိပ်စက်ခြင်း အကျင့်ရှိမည်အား စိုးရိမ်နေသည်ဟု ထင်ကာ အသေအချာ ကတိပေးလိုက်သည်။ 


“မစိုးရိမ်နဲ့..ငါက အိပ်နေရင်း မဟောက်တတ်ဘူး…”


ယင်းကျောင်းသည် မထိန်းနိုင်လုနီးပါးဖြစ်သွားသည်။


“ဘယ်သူက အဲ့ဒါကို မေးနေလို့လဲ…” 


သူကရပ်လိုက်ပြီး သဘာဝကျစွာ ပြောသည်။ 


“ကိုယ်မေးတာက မင်းမှာ ကိုယ်လုံးတီး အိပ်တတ်သည့် အကျင့်ရှိလားလို့ မေးတာ…” 


ယင်းကျောင်းက ကျင်းစစ်အား ကြည့်လိုက်သည်။ 


“မင်းမှာ တစ်ခုခုရှိရင် လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်...ကိုယ်က လုံးဝကိစ္စမရှိဘူး..” 


ကျင်းစစ် “..” 


ကျင်းစစ်သည် စောင်ထဲသို့ ဒေါသတကြီးဝင်လိုက်ကာ စက္ကန့်အနည်းငယ်ကြားပြီးနောက် မသဲမကွဲ ပြောသည်။ 


“ငါမှာ အဲ့လိုအကျင့်မျိုး မရှိဘူး..” 


ယင်းကျောင်းက ပြုံးလိုက်ပြီး ဆက်ပြောသည်။ 


“မင်းသိလား..ကိုယ်ကအရမ်းရက်ရောတယ်..မင်းရောပိုပြီး မရက်ရောသင့်ဘူးလား..ကိုယ် ကိုယ်လုံးတီးချွတ် အိပ်လို့ရလား..” 


နေရာအနေထားပြင်ဆင်နေသော အိပ်ယာပေါ်မှ ဘောလုံးလေးသည် ရုတ်တရက် အေးခဲသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျင်းစစ်သည်စောင်ထဲမှ လက်ကိုဆန့်ကာ ဘေးမီးအိမ်အား ပိတ်ပစ်လိုက်တော့သည်။ 


ယင်းကျောင်းသည် လုံလုံလောက်လောက် စနောက်ပြီးနောက် စိတ်ကောင်းဝင်နေကာ သူ့ဖိနပ်အား ချွတ်လိုက်ပြီး အိပ်ယာဝင်ရန် မီးများပိတ်မည်လုပ်နေချိန်၌ ဘေးအခန်းမှ ကျယ်လောင်သည့် တကျွိကျွိမြည့်သံများ ရုတ်တရက်ထွက်ပေါ်လာသည်။ 


အသံသည် ကျယ်လောင်လှပြီး အရမ်းကြမ်းတမ်းသောကြောင့် ယင်းကျောင်းသည် သူကပဲ နိုပ်စက် ခံနေရသူ ဟုပင်ထင်မိလိုက်၏။ 


ယင်းကျောင်း “…” 


ယင်းကျောင်းသည် ချောင်းဆိုးသံပြုကာ ကျင်းစစ်အားမေးလိုက်သည်။ 


“မင်းကြားရလား..” 


ကျင်းစစ်သည် ၎င်းကဲ့သို့ကိစ္စရပ်များပါသည့် ဇာတ်ကားများပင် မကြည့်ဖူးခဲ့ကာ ရုတ်တရက် ဤကဲ့သို့ကိစ္စရပ်မျိုးအား ကြားရချိန်၌ သူကယင်းကျောင်းနှင့် ရှိနေချိန်၌ ဖြစ်သည်။ သူက ရှက်ပြီး မလုံမလဲဖြစ်ကာ နီရဲပြီးလောင်မသွားရုံပင်ဖြစ်သည်။ 


သူက တောင်တင်းစွာ ခေါင်းညိမ့်ပြသည်။ 


“ငါကြားတယ်..” 


ယင်းကျောင်းသည် မျက်မှောင်ကျုံ့ကာ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။ 


“F*ck ဒီကျိုးပဲ့နေတဲ့ ဟိုတယ်စုတ်က အသံလုံမဟုတ်ဘူးလား…” 


သူတို့ပင်မဟုတ် အခြားအခန်းများလည်း ဤအသံအား ကြားရပေသည်။ 


မကြာခင်၌ ချောင်းဆိုးသံနှင့် ခြေသံပြင်းပြင်းများ လျှောက်လမ်း၌ ပေါ်ထွက်လာကာ ဤယောက်ျားမိန်းမစုံတွဲအား ချုပ်ထိန်းရန် အသိပေးနေသည်မှာ သေချာလှသည်။ 


သို့သော် အသိမပေးသည်က ပိုကောင်းပေသည်။ ဤအသိပေးခြင်းက ဘေးခန်းမှ လူများအား ပိုပြီးကျယ်လောင်စေရန် အသိပေးလိုက်သလိုပင် ဖြစ်သွားသည်။ 


ကျင်းစစ်၏ မျက်နှာက နီရဲပြီး သူက သွေးများပင် ထွက်လာမလိုဖြစ်သွားသည်။ 


သူသည် စက္ကူအပိုင်းစလေးအား ဆွဲဖြဲလိုက်ကာ ၎င်းအား လုံးလိုက်ပြီး သူ့နားထဲသို့ ထိုးသိပ်လိုက်သည်။ ယင်းကျောင်း ကြည့်နေသည်အား တွေ့လိုက်ရချိန်၌ သူက ကိုးရိုးကားရားနိုင်စွာ ပြောလာသည်။ 


“မင်း..မင်း ရောတစ်ခုလိုချင်လား..” 


သူဤကဲ့သို့ဖြစ်မည်အား သိခဲ့လျှင် ကေတီဗီအခန်း၏ ကြမ်းပြင်ပေါ်၌ဘဲ လှဲလိုက်ချင်တော့သည်။ 


“ဒီလိုဟာတွေမလုပ်နဲ့…” 


ယင်းကျောင်းသည် လိမ့်လိုက်ပြီး အိပ်ယာပေါ်မှ ထကာ သူနားထဲမှ တစ်ရှူးအား ထုတ်ယူလိုက်သည်။ 


“ဒါက မင်းနားအတွက် မကောင်းဘူး..မစိုးရိမ်နဲ့…ကောမှာ နည်းလမ်းရှိတယ်…” 


သူက သရော်လိုက်ကာ ဖုန်းအားကောက်ကိုင်လိုက်ပြီး လက်ဗွေရာ ဖြင့်ဖွင့်လိုက်သည်။ 


သူတို့ဤကဲ့သို့ အခြားလူများအား နှောက်ယှက်နေသည်အား မပြောနှင့် သူအား ငယ်ငယ်ကတည်းက ကျင်းစစ်မှလွဲလျှင်မည်သူမျှ သူ့အားမထိန်းနိုင်ချေ။ 


ယင်းကျောင်း၏ စိတ်နေစိတ်ထားဖြင့် ကျင်းစစ်သည် သူက တံခါးအားခေါက်ပြီး ဟိုဘက်စုံတွဲအား တိတ်တဆိတ်လုပ်ကြရန် တစ်ခုခုပြောမည်အား သံသယဝင်မိသည်။ 


သူက အိပ်ယာပေါ်မှ ထကာ သူအားတားလိုက်သည်။ 


“မသွားနဲ့..သည်းခံလိုက်…” 


“မစိုးရိမ်နဲ့..” 


ယင်းကျောင်းသည် သီချင်းဆော့ဝဲလ်အား ဖွင့်ကာ ရှာဖွေသည့်ခလုတ်ကို နိုပ်လိုက်ပြီး ပြောသည်။ 


“မင်းကောကို အထင်မသေးနဲ့...ထွက်ပြီး သူတို့ကို ဆက်ဆံနေမှာတဲ့လား..” 


သူကတံခါးဘက်သို့ ထရပ်လိုက်ပြီး အသံအဆုံးထိကျယ်ကာ ဖွင့်သည့်ခလုတ်အားနိုပ်လိုက်သည်။ 


တစ်စက္ကန်မျှအကြာ ကလေးသံလေးသည် တတိယထပ်တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။ 


“အဖေရဲ့ အဖေနာမည်က ဘယ်သူလဲ..


အဖေရဲ့အဖေက အဘိုးဟု ခေါ်သည်..


အဖေ့ရဲ့ အမေက ဘယ်လိုခေါ်လဲ..


အဖေ့ရဲ့ အမေက အဘွားလို့ခေါ်တယ်..


အဖေ့ရဲ့ အကိုက မည်သူလဲ…


အဖေ့ရဲ့ အကိုက ဦးလေးပါ…"


………….


ထို့နောက် လူများစွာ နည်းလမ်းမျိုးစုံ သုံး၍ တားဆီးရန်ကြိုးစားနေကြသည့် အိပ်ယာပေါ်မှ အသံသည် ရုတ်တရက်ရပ်တန့်သွားတော့၏။ 


__


Translated By IQ-Team.