အပိုင်း၄၀
Viewers 14k

Chapter 40

Chapter 40


-----------------------


တတိယထပ်တွင် သီချင်းသံက ဆက်လက်ထွက်ပေါ်နေသည်။ အေးစက်နေသော လေထုတွင် ဘေးအခန်းတံခါးသည် မိနစ်ပိုင်းမျှ တိတ်ဆိတ်သွားပြီးနောက် ကုလားထိုင်ရွေ့သံ ကြားလိုက်ရသည်။


ထိုလူတို့သည် သူတို့၏ မကျေနပ်ချက်များကို ယခုနည်းလမ်းဖြင့် ဖော်ပြခြင်းဖြစ်နိုင်သည်။


"အိုး  မဟုတ်သေးပါဘူး" 


ယင်းကျောင်းက သူ၏ဖုန်းကို ကိုင်နေလျက် ပြုံးလိုက်သည်။ 


"အဲ့ဒါ ကိုယ့်အမှားလား"


သူက ကျင်းစစ် ဘက်ကိုလှည့်လိုက်ပြီး "ကိုယ့်ကို မင်းဖုန်းပါ ငှား  ကိုယ်သူတို့ကို အခုလုပ်ခဲ့သလိုမျိုး ကိုယ် သူတို့ အခန်းရှေ့တံခါး၀မှာ ဆဲလ်ဖုန်းနှစ်လုံးကို မကိုင်ဘူးလို့ မင်းထင်လား"


ကျင်းစစ်: "..."


သူယခုလိုမျိုး ထပ်ပြီးလုပ်နိုင်မယ်လို့ ကျင်းစစ် အသေအချာ ယုံကြည်သည်။


"မသွားနဲ့" 


ကျင်းစစ်က သူအပြင်ထွက်ပြီး ပြသနာရှာမည်ကို စိုးရိမ်သဖြင့် ခပ်မြန်မြန်သွားပြီး တံခါးကိုပိတ်ရပ်၍ " သွားအိပ်တော့ အခုတိတ်သွားပြီလေ"


ယင်းကျောင်းက တံခါးလက်ကိုင်ကို ကိုင်တော့မလို သူ့လက်ကိုဆန့်ထုတ်လိုက်သည် ကိုမြင်လိုက်၍ ကျင်းစစ် စိုးရိမ်သွားပြီး ယင်းကျောင်းဆီက ဖုန်းကို တိုက်ရိုက် လှမ်းဆွဲကာ ရပ်တဲ့ ခလုတ်ကို နှိပ်လိုက်ပြီး " နားထောင် ဘာသံမှမကြားရတော့ဘူး" 


ယင်းကျောင်းက သူ့ကိုငုံကြည့်လိုက်သည်။ ကျင်းစစ်ကအဝတ်အစား သေးသေးလေးတွေ ဝတ်ထားပေမဲ့ ရှက်တယ်လို့ မခံစားရပေ။ သူကအခုထိ သူ့ ကျောင်းရဲ့ ယူနီဖောင်း ဘောင်းဘီကို ဝတ်ထားသေး၏။ သူ့ရဲ့အပေါ်ပိုင်းခန္တာကိုယ်ကို ပါးလွှာတဲ့အဖြူရောင်အင်္ကျီဖြင့် ဖုန်းကွယ်ထားပြီး လှပတဲ့ ညှပ်ရိုးပုံစံကို ပေါ်လွင်စေသည်။


လှပတဲ့ညှပ်ရိုးတွေက သူ့ကို တမင် မြည်းစမ်းကြည့်ချင်လာအောင်ဖိတ်ခေါ်နေ သကဲ့သို့ပင်။ သူ၏မျက်လုံးများအတွင်း အရိပ်တချို့ဖြတ်ပြေးသွားသည်။


ယင်းကျောင်း၏ မျက်လုံးများက ပိုမိုနက်ရှိုင်းလာပြီး သူ့လက်များကို ကျစ်ကျစ်ဆုတ်လိုက်၍ သူ့ကိုယ်သူထိန်းချုပ်ရန် ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်သည်။


သူယနေ့ညပြီးတဲ့နောက်မှာ သူ လျိုရှားဝိန် လိုပုံစံမျိုး သရုပ်ဆောင်နိုင်မယ်လို့ သူခံစားနေရ၏။


( Eng T/n: လျိုရှားဝိန်ဆိုတာ အကျင့်သီလ ဖောက်ဖျက်ပြီး ကိုယ့်ကိုယ်ကို ပျက်ဆီးစေတဲ့ လူမျိုးတဲ့ )


ကျင်းစစ်က ယင်းကျောင်းစကားမပြောတာကိုတွေ့ပြီးနောက် ဘေးတံခါးကို ရန်ဆက်ရှာမည့်အကြံ ကိုမစွန့်လွှတ်သေးဘူးဟု ထင်သွားသည်။ ထိုကဲ့သို့ ထင်သွားပြီးတဲ့နောက် သူ့ကိုယ်ကို နောက်လှည့်လိုက်ကာ တံခါးသံကြိုးသော့ကို ချိတ်လိုက်လေသည်။


" အိပ်တော့"


" အိုကေ" 


ယင်းကျောင်း လည်ချောင်းမှာတင်းကျပ်သွားသဖြင့် ချောင်းဆိုးကာသူ့ကျောကို ကျင်းစစ်ဘက်လှည့်၍ ပြောလိုက်သည်။ 


" မင်းအရင်အိပ်နှင့် သူတို့ဆက်ပြီးတိတ်တိတ်နေမလားဆိုတာ စောင့်ကြည့်လိုက်ဦးမယ်"


ကျင်းစစ်: "..."


သူ့ရဲ့ မဆုတ်မနစ်ဇွဲလုံ့လတွေ ဘယ်ကပေါ်လာသည် ဆိုတာကို ကျင်းစစ် နားမလည်နိုင်ပေ။ သို့ပေမဲ့ သူက စကားများတဲ့သူမျိုးမဟုတ်ပေ။ ယင်းကျောင်း အပြင်မထွက်တော့တာသေချာအောင်လုပ်ပြီးနောက် ခေါင်းငြိမ့်ပြီး အိပ်ယာဆီ ပြန်သွားလေသည်။


ဤဟိုတယ်ငယ်လေးရဲ့ကြမ်းပြင်က ကြွေပြားတွေနဲ့ ဒီဇိုင်းဖော်ထားပြီး ကော်ဇောမရှိပေ။ ယင်းကျောင်း တံခါးနားမှာ ရပ်နေချိန်တွင် တစ်ခါသုံးကွင်းထိုးဖိနပ်အပါးကို စီးထားပြီး ခြေဖဝါးဆီမှ အအေးဓါတ်သည် သူ့တစ်ကိုယ်လုံးကို လျင်မြန်စွာ ပျံ့နှံ့ သွား၏။


အအေးဓါတ်သည် ခန္တာကိုယ်၏အပူချိန်ကို ထိန်းညှိပေးပြီး သူ့ခန္တာကိုယ်ရဲ့တုန့်ပြန်မှုတွေကို ပျောက်ကွယ်စေသည်။ ထို့နောက် ယင်းကျောင်း ငုံ့လိုက်ပြီး အပြစ်ရှိတယ်လို့ခံစားနေရတဲ့ နှလုံးသားဖြင့်ဖြည်းဖြည်းလေးသက်ပြင်း ချလိုက်မိသည်။


ဘေးအခန်းသည် မိဘဘိုးဘွားတွေရဲ့ အသံကိုကြောက်နေပုံရသည်။ သီချင်းသံတိတ်သွားသော်လည်း သူတို့က ကြက်တွေလိုမျိုး တိတ်ဆိတ်နေသေးသည်။


ယင်းကျောင်းက သူ့ဖုန်းကို ချထားလိုက်ပြီး အိပ်ယာရှိရာဘက်သို့သွားလိုက်သည်။


ကျင်းစစ်က သူသည်အိပ်ဖို့အဆင်သင့်ဖြစ်နေသကဲ့သို့ ပက်လက်အိပ်နေပြီး သူ၏မျက်လုံးများကို မှိတ်ထားလေသည်။ 


ယင်းကျောင်း သည်းခံပြီးရင်းသည်းခံနေပေမဲ့ သူဆက်တောင့်မခံနိုင်တော့ပေ။သူအိပ်ယာရဲ့ ခေါင်းရင်းနားဆီသို့ တိုးသွားလိုက်သည်။


ကျင်းစစ်က သူ့မျက်လုံးတွေကို ဖွင့်ပြီး သူ့ခေါင်းကိုစောင်းပြီးကြည့်လိုက်ချိန်တွင် ယင်းကျောင်းရဲ့ပြုံးနေတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရလေသည်။ 


သူတံတောင်ဆစ်တွေကိုအားပြုထပြီးနောက် ယင်းကျောင်းကို ကြည့်လိုက်ကာ " မင်းတစ်ခုခု လိုလို့လား?"


" အဆင်ပြေပါတယ်" 


ယင်းကျောင်းသည် စူးစိုက်ကြည့်လိုက်ပြီးနောက် ထဖို့လုပ်နေတဲ့ ကျင်းစစ်ကို အိပ်ရာပေါ်ဖြေးဖြေးလေးပြန်တွန်းချလိုက်သည်။


တိတ်ဆိတ်နေတဲ့ညမှာ သူတို့နှစ်ယောက်တည်းသာရှိ၏။ ယင်းကျောင်း သူ့နှလုံးသားထဲက အုံကြွနေတဲ့ ခံစားချက်တွေကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရလေသည်။


သူ့ရဲ့လက်တွေကို ဖြည်းညှင်းစွာလှုပ်ရှားလိုက်ပြီး နူးနူးညံညံ့လေးပြောလိုက်လေသည်။


" ကိုယ်မင်းကို ကောင်းသောညပါလို့ပြောချင်လို့ပါ"


ကျင်းစစ်က အံ့အားသင့်သွားပြီး မျက်တောင်များတုန်ယင်သွားကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။


" ကောင်းသောညပါ"


" အိပ်တော့"


ထို့နောက် အခွင့်ကောင်းယူပြီး ယင်းကျောင်းက သူ့ခေါင်းကိုပွတ်ပေးလိုက်ကာ ပြုံးပြီး အိပ်ယာဘေးဘက်သို့ ပြန်လှည့်သွားကာမီးအိမ်ကို ပိတ်လိုက်လေသည်။


တစ်ခန်းလုံး အမှောင်ကျသွားပြီး ကျင်းစစ်ကတော့ မလှုပ်မယှက်ရှိနေလျက်ပင်။ အချိန်အတော်ကြာမှ သူ့ရဲ့လက်ကို ဖြည်းဖြည်းလေး မလိုက်ပြီး ယင်းကျောင်း ထိသွားတဲ့ နေရာတွေကို ကိုင်လိုက်လေသည်။


နောက်တစ်နေ့မနက် ခြောက်နာရီတွင် ကျင်းစစ်အိပ်ယာမှ အချိန်မှန်နိုးလာလေ၏။


ယင်းကျောင်းကတော့ အိပ်နေတုန်းပင်ဖြစ်ပြီး စောင်ကမူ ကြေမွနေကာ သူ့ခါးနှင့်ဗိုက်ပေါ်တွင်သာ အပုံလိုက်ရှိနေပြီး ကျစ်လစ်သွယ်လျကာ ဖြောင့်ဆင်းနေသောသူ၏ ခြေထောက်များကို ဖော်ထားလေသည်။သူ၏မျက်နှာသွင်ပြင်သည် လဲလျောင်းနေချိန်တွင်ပင် သုံးဖက်မြင် ပုံသဏ္ဍာန်ကဲ့သို့ မျက်နှာကောက်ကြောင်းသည် သိသာထင်ရှားနေပြီး သူ့ရဲ့အိပ်ပျော်နေချိန်တွင် စိတ်ခံစားချက်များကိုမဖော်ပြထားသည့် မျက်နှာက အနည်းငယ်အေးစက်စက်နိုင်ပုံပေါ်နေသည်။


ကျင်းစစ်ကကြမ်းပြင်ပေါ်ကို ဆင်းလိုက်ပြီး ရေချိုးခန်းထဲဝင်သွားကာ ရေပိုက်ခေါင်းကို ရေနည်းနည်းသာကျဆင်းစေလိုက်သည်။ ထို့နောက် ဆေးကြောပြီး သန့်ရှင်းရေးလုပ်ကာ အပြင်လျှောက်ထွက်လာလိုက်သည်။


ယင်းကျောင်းရဲ့ အိပ်နိုင်စွမ်းကတော့အထင်ကြီးစရာပင်။ယခုထိမနိုးသေးပေ။


ကျင်းစစ်က သူ့ကိုကြည့်လိုက်ပြီး ဖိနပ်ဝတ်ကာပိုက်ဆံအိတ်ယူ၍ အပြင်ထွက်သွားလေသည်။


ကျောင်းနားနီးသည့်အတွက် ဤလမ်းပေါ်တွင် အဆာပြေ အစားအသောက်တွေ ပေါများလေသည်။


မနက်စာရောင်းတဲ့ဆိုင်တွေက တစ်ဆိုင်ဘေးမှာတစ်ဆိုင်။ ကျင်းစစ် ဆိုင်တွေအများကြီးဆီကိုလိုက်ကြည့်ပြီး နောက်ဆုံးမှာတော့ ဝက်သားထမင်းလိပ်နှစ်ခုနှင့် ဝက်သားပေါက်ဆီနှစ်လုံးဝယ်သွားလိုက်သည်။ ယင်းကျောင်းအတွက်တွေးလိုက်ပြီးနောက် သူနောက်ထပ် အသားပေါင်းထပ်ဝယ်လိုက်ပြီး ဟိုတယ်သို့ ပြန်လာခဲ့လိုက်၏။


ယင်းကျောင်းယခုအထိမနိုးသေးပေ။ 


အပြင်အသံတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်သလို မျက်မှောင်ပင်ကျုံ့လိုက်သေးသည်။


ကျင်းစစ် တုံ့ဆိုင်းသွားသော်လည်း သူ့ကိုမနိူးလိုက်ပေ။


သူစောင်ကိုသေသေသပ်သပ်ခေါက်လိုက်ပြီး သူပြန်လျှင်မကျန်ခဲ့စေရန် သူ့ပစ္စည်းတွေကို လွယ်အိပ်ထဲသို့ ထည့်လိုက်သည်။ အရှေ့ဘက်က စားပွဲငယ်လေးတွင် ထိုင်၍ စားရန် ဆန်ခေါက်ဆွဲ ကိုထုတ်လိုက်သည်။


သူထလိုက်ချိန်တွင် ယင်းကျောင်းရဲ့ အက်ရှရှအသံကိုကြားလိုက်ရလေ၏။


" မင်းဘာလို့အစောကြီးထတာလဲ"


သူကထထိုင်လိုက်ပြီး ခေါင်းကို အိပ်ယာခေါင်းရင်းမှာ မှီလိုက်ကာ မဖွင့်နိုင်သေးတဲ့မျက်လုံးတွေနှင့် ကျင်းစစ်ကိုမေးလာသည်။ 


" ဘယ်အချိန်ရှိပြီလဲ"


ကျင်းစစ်က ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး" ခြောက်နာရီ လေးဆယ့်တစ်မိနစ်"


ယင်းကျောင်းက သူ့ရဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်ကာ အိပ်ရာပေါ်မှာ မိနစ်အနည်းငယ်လောက်ထိုင်ပြီးနောက် ကုတင်ပေါ်မှ ထပြီး ခေါင်းကို တဖြည်းဖြည်းကြည်လင်လာစေသည်။


သူကုတင်ပေါ်မှထလိုက်ပြီး ကုလားကာတွေကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်တော့ စားပွဲပေါ်ကမနက်စာတွေကိုမြင်ပြီးအံ့ဩသွားဟန်ပြလာသည်။


" မင်းဝယ်လာတာလား"


ကျင်းစစ်ခေါင်းငြိမ့်လိုက်ပြီး " မျက်နှာသွားသစ်တော့"


ယင်းကျောင်းက ရေချိုးခန်းတံခါးကိုဖွင့်ပြီးနောက် နောက်ကိုပြန်လှည့်ပြီးပြုံးရင်းဆိုလိုက်သည်။


" ချစ်ဖို့ကောင်းလိုက်တာ" 


သူစနေတာကို ကျင်းစစ် လျစ်လျူရှုလိုက်ကာ သူ့၏ ရှုပ်ပွနေသည့်စောင်နှင့် ပြုတ်ကျတော့မည့် ခေါင်းအုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ကို ရွေ့ရန်စက္ကန့်ပိုင်းလောက်တုံ့ဆိုင်းသွားပေမယ့် အဆုံးတွင် လျှောက်သွားပြီး အိပ်ယာကိုသေသေသပ်သပ် ပြန်လုပ်လိုက်သည်။


ဆေးကြောပြီးတဲ့နောက် ယင်းကျောင်းက အပြည့်အဝ နိုးသွားပြီဖြစ်သည်။ 


သူက ကျင်းစစ်ဘေးမှာ၀င်ထိုင်လိုက်ပြီးနောက် တူကိုခွာလိုက်ကာ သူ့ကိုပေးလိုက်ပြီး " စားတော့ နောက်ကျရင်အေးသွားလိမ့်မယ်"


ကျင်းစစ်က ထမင်းလိပ် တစ်ပန်းကန်ပဲယူလိုက်ပြီး "ကျန်တာအကုန်မင်းယူလိုက်တော့"


ယင်းကျောင်းက သူ့ရဲ့ မနက်ခင်းမှာ အများကြီးမစားတတ်တဲ့ အကျင့်ကို မှတ်မိသွားပြီး မငြင်းတော့ပေ။


" အိုကေ"


မနက်စာစားပြီးတဲ့နောက် ကျင်းစစ်ကိုဘယ်ကို သွားမလဲလို့ ယင်းကျောင်းကမေးတော့မလို့ပင်။ သူ အိပ်ယာဘေးကိုတစ်ချက်ကြည့်မိပြီးလန့်သွားရသည်။


သူ ကျင်းစစ်ကိုအဆောင်သို့ပထမဆုံးခေါ်သွားတဲ့အကြိမ်ကိုမှတ်မိသေးသည်။ ထိုအချိန်တုန်းက ကျင်းစစ်က အလွန် စိတ်မသက်မသာဖြစ်နေခဲ့တာတောင် သူ့အိပ်ယာဘေးက ရှုပ်ပွနေတာတွေ ကို မပြောခဲ့ပေ။


အခုတော့...


ယင်းကျောင်း အကြည့်တွေက အိပ်ယာပေါ်က လေးထောင့်စတုရန်းပုံစံခေါက်ထားတဲ့ စောင်ကို ရောက်သွားပြီး သူ့နှုတ်ခမ်းထောင့်တွေက အနည်းငယ်ကွေးတက်သွားသည်။


ယခု ဟိုတယ်လေးရဲ့ ပတ်ဝန်းကျင်က သိပ်မကောင်းပေ။ သူတိုနှစ်ယောက်စားပြီးတဲ့နောက် ဟိုတယ်အခန်းထဲတွင် သိပ်ကြာကြာမနေပေ။ သူတို့က ရှင်းပြီး ထွက်သွားကြတော့သည်။


ယင်းကျောင်းက ဤသို့သောအလေလိုက်တဲ့အရာမျိုးတွေနှင့် ကောင်းကောင်းရင်းနှီးလေသည်။ သူက ကျင်းစစ်ကို ပိုကောင်းတဲ့ ပတ်ဝန်းကျင်ရှိတဲ့ ကဖေး ဆိုင်တစ်ခုကို ခေါ်သွားလိုက်သည်။


" ဒီမှာ ရေးမှာလား"


" အင်း" ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီးနောက် မီနူးကိုမော့ကြည့်လိုက်ပြီး စျေးအသက်သာဆုံး ပဲနီလေးနို့လက်ဖက်ရည်ကို ရွေးလိုက်သည်။


ထို့နောက် ယင်းကျောင်းကို လှည့်၍မေးလိုက်သည်။ 


" ဘာမှာမလဲ"


ယင်းကျောင်းမဖြေဘဲနှင့် ပြန်မေးလိုက်သည်။ 


" မင်းရော" ခဏရပ်ပြီးတော့သူကထပ်​ဆိုလိုက်သည်။


" ဒီမှာကအများကြီးပဲ အဲ့ဒါကြောင့် ကိုယ်ကရွေးရခက်နေတာ"


ကျင်းစစ်က အများကြီးမတွေးဘဲနှင့် ရိုးရိုးသားသား ဖြေလိုက်သည်။ 


" ပဲနီလေးနို့လက်ဖက်ရည်"


" အိုကေ" ယင်းကျောင်းက ခေါင်းငြိမ့်လိုက်ပြီး အရောင်းဝန်ထမ်းဆီမှာလိုက်သည်။


" ပဲနီလေးနို့လက်ဖက်ရည်နှစ်ခွက် ပူပူနဲ့ သကြားနည်းနည်းနော်"


ပြောပြီးတဲ့နောက်မှာ သူက ကျင်းစစ်ဆီ လျှောက်သွားလိုက်ပြီး ကျင်းစစ်အရှေ့မှ ပိတ်ရပ်လိုက်သည်။ ထို့နောက်သူ့ဖုန်းကို ထုတ်လိုက်ပြီး ငွေချေဖို့အတွက် စကန် ဖတ်လိုက်သည်။ လုပ်ဆောင်သွားတာက ချောချောမွေ့မွေ့နဲ့ ရပ်တန့်သွားခြင်းမရှိပေ။


" မင်း..." ကျင်းစစ် ကသူ့ရဲ့ဖုန်းကိုထုတ်ပြီး ငွေလွှဲဖို့လုပ်လိုက်သည်။ 


ယင်းကျောင်းက သူ့လက်ကို အကူအညီအဲ့စွာကိုင်ထားရင်း " လုပ်ပါ ကိုယ်မင်းကိုကျတော့ မနက်စာအတွက် ပြန်ပေးလို့လား"


သူလက်ခံမထားသော WeChat မှကျင်းလီပို့ထားသည့်တည်းခိုခန်းခ ငွေစာအိတ်လေးကို ငုံ့ကြည့်လိုက်ပြီး သူ့ဖုန်းကို ချထားလိုက်တော့သည်။


" မင်းက ယဥ်ကျေးလွန်းနေတာပဲ ကိုယ့်ကိုမကြိုက်လို့လား"


ကျင်းစစ်က မစဥ်းစားဘဲပြောချလိုက်သည်။ 


" မဟုတ်ဘူး"


" ဒါပဲလေ" ယင်းကျောင်း တစ်ဖက်က ဘားပေါ်မှ နို့လက်ဖက်ရည်နှစ်ခွက်ကို ယူလိုက်ပြီး အတွင်းဘက်ကျတဲ့ စာပွဲကြီးကြီးဆီကို သူ့မေးစေ့နဲ့ ညွှန်ပြလိုက်ပြီး " အဲဒီကို သွားရအောင်"


ကျောင်းပတ်ဝန်းကျင်သည် အခြားနေရာများနှင့်မတူပေမဲ့ အားလပ်ရက်များတွင် ခြောက်ကပ်နေလေသည်။ ထိုအချိန်များတွင် ကဖေးထဲ၌ လူသိပ်မရှိသည့်အတွက် သီချင်းသံများမှအပ အခြားအသံများမကြားရပေ။ 


လူနှစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီးနောက် သူတို့အရှေ့ရှိ စာရွက် ပေါ်မှမေးခွန်းများကိုဖြေရန် ခေါင်းငုံ့လိုက်သည်။


ကျင်းစစ်က ယင်းကျောင်းအတွက် ရေးနေသော စာရွက်ကိုမြန်မြန် အပြီးသတ်လိုက်ပြီး ဒုတိယတစ်ခုကို ဆက်လက် ရေးနေသည်။


ယင်းကျောင်းက ကျင်းစစ်ရဲ့ အဆင့်တွေကို သိပေမဲ့လည်း အံ့အားသင့်နေရတုန်းပင်။


သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပြီး နှောက်ယှက်နေတဲ့ အတွေးတွေကို ဘေးသို့ပို့လိုက်ပြီးနောက် စာရွက်ပေါ်မှာသာအာရုံစိုက်ဖို့ ကြိုးစားလိုက်၏။ 


ယင်းကျောင်းက တစ်လထက်မနည်း မနားမနေပြင်းပြင်းထန်ထန်ကြိုးစားပြီးနောက် တိုးတက်လာလေသည်။ လွယ်ကူတဲ့ မေးခွန်းတွေကို အခြေခံအားဖြင့် သူဖြေနိုင်လာသည်။ ရှုပ်ထွေးသော သင်ခန်းစာများအတွက်မူ ဆက်လေ့လာဖို့ အများကြီး လိုအပ်သေးပေ၏။


ရေးပြီးတဲ့နောက် ကျင်းစစ်က သူ့ရဲ့ စာရွက်တွေကိုယူကြည့်ပြီး သူမှားသွားတာတွေကို ပြန်စစ်ပေးလေသည်။ ကွဲလွဲနေသော အရာတွေကို သူတို့ပြီးလျှင်ပြန်လေ့လာရန် ကွင်းဝိုင်းထားပြီး နောက်တစ်ခုအတွက် ဆက်လက်ရေးလေသည်။


သူတိုနှစ်ယောက် တစ်မနက်လုံး ထိုစာများကိုရေးနေပြီး သူတို့ကျောင်းထဲသို့တိတ်ဆိတ်လေးပြန်ဝင်လာခဲ့ကြပြီးနောက် တစ်နာရီ ထိုးသည်အထိ သူတို့ နေ့လည်စာမစားရ​သေးပေ။


အစားစားပြီးနောက် အနီးအနားက ဆိုင်တွင် ခဏထိုင်နေပြီး နှစ်နာရီခွဲတွင် ကျောင်းပြန်ဖွင့်မှာ ဖြစ်သည့်အတွက် အဆောင်သို့ ပြန်သွားကြတော့သည်။


တတိယနှစ်သမားများသည် နောက်နေ့မှ ကျောင်းသို့ပြန်လာရန်လိုသော်လည်း ပထမနှစ်များမှာမူ ကြိုတင်၍ လာရန်လိုအပ်ပေသည်။


ကျင်းစစ် အတန်းထဲသို့ စာလုပ်ရန် ရောက်လာသောအခါ လူအများကြီးကို တွေ့လိုက်ရ၏။


" သူတို့တွေရူးနေတာလား" ယင်းကျောင်းကခမေးလိုက်မိသည်။


" မင်း အားလပ်ရက်ရရင် ကျောင်းကိုလာပြီးစာလုပ်မှာလား"


ကျင်းစစ်က ခေါင်းကိုစောင်းပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။


ယင်းကျောင်းသည် သူက ယခုလို စာလုပ်ဖို့ကလွဲပြီးဘာမှမသိသည့် လူတွေနှင့် ကွာသည် ဟုပြောနိုငိသည်။


တခြားသူများက သင်ယူဖို့သာလေ့လာပေမဲ့ သူကတော့...


ယင်းကျောင်းက ကျင်းစစ်ကို ကြည့်လိုက်ရင်း သူကတော့သူ့အနာဂါတ်အတွက် ကောင်းတဲ့အရာတွေကိုလုပ်နေသည် ဟုတွေးလိုက်သည်။


ယခုလရဲ့ အားလပ်ရက် အပြီးနောက်သုံးရက်သည် လစဥ်စာမေးပွဲနေ့ဖြစ်၏။


ယခင် စည်းမျဥ်းတွေကဲ့သို့ပင် ဖြစ်ပြီး ပထမနှစ်နှင့် ဒုတိယနှစ်များအတွက် အတူတူပင်ဖြစ်သည်။ ထူးခြားသွားတာက အရင်က ကျင်းစစ်သည် နောက်ဆုံး စာမေးပွဲခန်းမှ အရှေ့ဆုံးအခန်းသို့ ပြောင်းသွားခြင်းဖြစ်သည်။


နောက်ဆုံးအိုလံပစ်ပြိုင်ပွဲအပြီးတွင် သူ၏စစ်မှန်သောပထမနေရာကို မည်သူမျှသံသယမဝင်တော့ပေ။


ယခု ကျောင်းဖိုရမ်ထဲတွင် သူ့ပထမနေရာရမလား ဆိုသော ပိုစ့်မျိုးကို မတွေတော့ပေမဲ့ ဒုတိယနေရာကနေ ရမှတ် ဘယ်လောက်နဲ့ လွဲချော်သွားမလဲဆိုတာမျိုးတွေကို တိုက်ရိုက်ဆွေးနွေးနေကြသည်။


[ပထမထပ်: ငါကျင်းစစ်ကို စင်္ကြံ လမ်းမှာတွေ့ခဲ့တယ် သူ့ရဲ့အေးဆေးတဲ့အပြုအမူတွေက ငါ့ကို အံ့အားသင့်စေတယ် ဓါတ်ပုံပူးတွဲပါသည် [ဓာတ်ပုံ]]


[တတိယထပ်: အား အား အား ငါ့နတ်ဘုရားကအရမ်းချောတာပဲ]


[စတုတ္ထထပ်: အား ငါသူ့ဓါတ်ပုံတွေကို တစ်ကိုက်လောက် ကိုက်လိုက်ဦးမယ် ငါ့ကိုစာမေးပွဲမှာ ရမှတ်များများရဖို့ ဆုတောင်းပေးကြပါ!]


[ဆယ်ထပ်: မင်း ဒီတစ်ခေါက် ကျင်းစစ် ပထမ ရမရကို ခန့်မှန်းနိုင်လား]


[ဆယ့်တစ်ထပ်: မေးဖို့လိုလို့လား ကျင်းစစ် ဒီတစ်ကြိမ် ဒုတိယနေရာကနေ 15 မှတ်လောက် နဲ့လွတ်သွားမယ်လို့ငါလောင်းရဲတယ်]


[ဆယ့်သုံးထပ်: 15 မှတ်က ဖြစ်နိုင်ခြေမရှိဘူး ငါတို့ကျောင်းရဲ့ နှစ်လယ်စာမေးပွဲတွေက အခက်ဆုံးပဲ မေးခွန်းက ရိုးရိုးရှင်းရှင်း ဆိုရင်တော့ ဘောစ့်အတွက်တော့ နည်းနည်းလေးခက်မယ် ထင်တယ်]


[နှစ်ဆယ်ထပ်: ဆယ်မိနစ်လို့ပဲ ငါလောင်းတယ် အရင်တစ်ခေါက်ဟာနဲ့ ယှဥ်ပြီးတွေးကြည့်လေ]


[သုံးဆယ့်သုံးထပ်: ဖိအားပေးခံနေရသလိုဟန်ဆောင်မနေပါနဲ့ ကျန်းချုံး လည်း အများဆုံးရမှတ် 735 မှတ်ရတယ်လေ အများဆုံးက 7 ဒါမှမဟုတ် 8 မှတ်ပဲ]


[လေးဆယ်ထပ်: ဘယ်သူကဟန်ဆောင်နေတယ်ဆိုတာ မသေချာပါဘူး ပထမတန်းက သုံးဆယ့်သုံးထပ်မှာ ဟူး ကျိုးချောင်ရဲ့ ရလဒ်တွေကလည်း ကောင်းတာပဲလေ ဒါပေမဲ့ သူက မင်းလို ဘဝင်မြင့်မနေဘူး]


..........................


ယင်းကျောင်း အတန်း 7 ရဲ့ အခန်းထဲမှာ စာမေးပွဲအတွက် သူ့ပစ္စည်းတွေကို ထုတ်သိမ်းလိုက်ပြီး ကျင်းစစ် ဘက်လှည့်ကြည့်ကာ " အတန်းဖော်လေးရေ ဒီတစ်ခေါက် ကိုယ့်စာမေးပွဲရလဒ်က ဘယ်လိုဖြစ်မယ်ထင်လဲ"


ကျင်းစစ်က သူစိတ်လှုပ်ရှားနေတယ်လို့ထင်ပေမဲ့ သူများတွေကို နှစ်သိမ့်တဲ့နေရာတွင် သူမတော်ပေ။ 


သူတွေးပြီးပြောလိုက်သည်။


" မင်းအခုနောက်ပိုင်း စာတကယ်လုပ်နေတာပဲ ကျိန်းသေတိုးတက်မှာပါ"


ယင်းကျောင်းက သူ၏ ဘောပင်ထည့်သည့်အိတ်ကို ကူ၍ ဆွဲထုတ်ပေးလိုက်ပြီး " မင်းကအဲ့ဒီလိုယုံတယ်လား" 


သူကပြုံးလိုက်ကာ " စာမေးပွဲအောင်ရင် ဆုချမှာလား" 


ကျင်းစစ်ကအံ့အားသင့်သွားပြီး " မင်းဘာလိုချင်လို့လဲ" 


သူကမျက်မှောင်ကျုံ့စဥ်းစားလိုက်ပြီး " မင်းအတွက်ရေးထားတဲ့ သင်္ချာ စာအုပ်က ပြီးခါနီးပြီ ဒါမှမဟုတ်ရင်လည်း ငါ..." 


ယင်းကျောင်း: "..."


ယင်းကျောင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး ကြားဖြတ်ပြောလိုက်သည် " ကိုယ်နဲ့ ရုပ်ရှင်သွားကြည့်ဖို့ အဖော်လုပ်ပေး" 


ကျင်းစစ် ငြင်းမှာကို ကြောက်ပြီး သူကထပ်ပြောလိုက်သည်။ " စာလုပ်ချိန်နဲ့ နားချိန် ညီမှ စာသင်လို့ပိုလွယ်ကူတာ မဟုတ်ရင်..."


ကျင်းစစ်ကဆရာလျို အရှေ့မှာကတိပေးခဲ့ပြီးနောက်ယင်းကျောင်း အရင်လိုအခြေအနေ ပြန်ရောက်မှာစိုးရိမ်ပြီး မြန်မြန်ပြောလိုက်သည်။


" အိုကေ သွားမယ်" 


ယင်းကျောင်းရဲ့ နှုတ်ခမ်းစွန်းတွေက ကော့တက်သွားပြီး အောင်မြင်သွားတဲ့ အပြုံးမျိုး သူ့မျက်နှာပေါ်မှာပေါ်လာလေသည် ။

" ဒီအပတ် ဘာရုပ်ရှင်တွေ ရုံတင်နေလဲ ကြည့်လိုက်ဦးမယ်" 


ယင်းကျောင်းရဲ့ နှုတ်ခမ်းပေါ်က အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။


___


Translated By IQ-Team.