အပိုင်း၄၁
Viewers 14k

Chapter 41

Chapter 41


-----------------------

ထိပ်ဆုံးကနေ အောက်ဆုံးအထိ ပေါ်ပျူလာဖြစ်တဲ့ ရုပ်ရှင်တွေထဲမှာ နှစ်ခုက သေနတ်နဲ့တိုက်ခိုက်တာ နောက်ထပ်သုံးခုက ရိုးရိုးတိုက်ခိုက်တာ နောက်ပြီး သရဲကားနှင့် လူငယ်အချစ် ဇာတ်ကားတွေဖြစ်၏။


ယင်းကျောင်းရဲ့ နှုတ်ခမ်းတွေ တွန့်ချိုးသွားတော့သည်။တခြားယောက်ျားတွေကတော့ ယခုလိုလူကြိုက်များတဲ့ ဇာတ်ကားတွေကိုကြိုက်ပေမဲ့ သူကတော့ကြိုက်ရင်တောင် မူးလာတတ်သည့်အတွက်မကြည့်နိုင်ပေ။


(Eng T/n: ယင်းကျောင်းကသွေးတွေကို ကြည့်လို့မရဘူး ...)


ဘယ်လိုတောင်ကံကောင်းမှုကြီးလဲ။


ထိုကဲ့သို့ ရုပ်ရှင်မျိုးတွေသည် နှစ်တွေကြာမှ ပေါ်လာတတ်ပြီး သူနှင့်ကြုံကြိုက်သွားရခြင်းဖြစ်၏။


သို့ပေမဲ့ သူက ကျင်းစစ်ကို လူငယ်အချစ်ဇာတ်လမ်းကြည့်ဖို့ခေါ်သွားမယ်လို့ပြောရင် ကျင်းစစ်က သူ့ကို ထူးဆန်းတယ်လို့ထင်သွားလောက်သည်။


ယင်းကျောင်းက စွန့်စားဖို့ဆုံးဖြတ်လိုက်သည်။


သူ့ဖုန်းကို ကျင်းစစ်ဆီ ပေးလိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။ 


" မင်းရွေးလိုက် မင်းကြည့်ချင်တဲ့ကားကို ကြည့်ကြမယ်" 


ကျင်းစစ် ဆဲလ်ဖုန်းကိုယူလိုက်ပြီး တစ်ခုပြီးတစ်ခု ဂရုတစိုက်ကြည့်လိုက်သည်။ သူ့ရဲ့လက်က ရုပ်ရှင်တစ်ကားပေါ် ထောက်မိတိုင်း ယင်းကျောင်းပိုပြီး စိတ်လှုပ်ရှားလာသည်။


ကျောင်းလူဆိုးဆိုတဲ့ ဂုဏ်သိက္ခာမှာ ဝန်ထုတ်ဝန်ပိုးကြီးလို ခံစားနေရပြီး ကျင်းစစ်ကို သူရဲ့ အားနည်းချက်ကိုပြောပြဖို့ ငြင်းဆန်နေခဲ့သည်။ သူမှားယွင်းတဲ့ ဇာတ်ကားကိုကြည့်မိပြီး သတိလစ်သွား၍ ကျင်းစစ်ရှေ့မှာ သူ့ကိုယ်သူ့ အရူးလုပ်မိပြီး သူ့စိတ်ထဲက သူ့ပုံရိပ်ကိုထိခိုက်မှာစိုးရိမ်မိသည်။


" မင်းရွေးပြီးပြီလား" ယင်းကျောင်းက ချောင်းဟန့်လိုက်ပြီး ကျင်းစစ်ကိုမေးလိုက်သည်။


ကျင်းစစ် သူ့ကို မော့ကြည့်လိုက်သည်။


" မင်းဘယ်ဇာတ်ကားကို ကြည့်ချင်လဲ" ယင်းကျောင်းက ထပ်မေးလိုက်၏။


စကားနှစ်ခွန်းက နှစ်စက္ကန့်မျှပင် မကြာပေ။


ကျင်းစစ် နှုတ်ခမ်းအစွန်းတွေ တွန့်ကွေးသွားပြီး ငုံ့ကြည့်ကာ ပေါ့ပေါ့ပါးပါးလေးပြောလိုက်သည်


" ဒါကိုကြည့်မယ်"


ယင်းကျောင်းက သက်ပြင်းဖြေးဖြေး ချလိုက်ပြီး သူ့မျက်လုံးတွေကို မော့ကြည့်လိုက်ချိန်တွင် အံ့အားသင့်သွားလေသည်။


ကျင်းစစ်က လူငယ်အချစ် ဇာတ်လမ်းကိုရွေးလိုက်လေ၏။


ယင်းကျောင်း ခဏမျှ တိတ်ဆိတ်သွားပြီး သူစကားပြောသောအခါသူ့အသံက အနည်းငယ်တိုးနေလေသည်။


" မင်း" 


သူ ကျင်းစစ်ကို ကြည့်လိုက်ပြီး " ဘာလို့အဲ့ဒီတစ်ခုကိုရွေးတာလဲ" 


ကျင်းစစ်၏ မျက်လုံးများက သူ့ကိုမကြည့်လာဘဲ အောက်သို့ချလိုက်ပြီး အေးအေးဆေးဆေးပြောလိုက်၏။


" မင်းမကြည့်ချင်ရင် မင်းရွေးနိုင်တယ်" 


" မင်းကြည့်ချင်လား" ယင်းကျောင်း ထပ်မေးလိုက်လေသည်။


ကျင်းစစ်က အချစ်ဇာတ်လမ်းမျိုးတွေကို ကြိုက်လိမ့်မည်ဟု သူမထင်ခဲ့ပေ။


သူတို့သိတာ နှစ်လပင် ကျော်လွန်နေလေပြီ။ ကျင်းစစ်က ကောင်းကောင်းမွန်မွန် ကြိုးကြိုးစားစားနှင့် ကြီးပြင်းလာပြီး သူ့အနားတွင် ပျားနှင့် လိပ်ပြာများကို ဆွဲဆောင်ထားလေသည်။ သို့ပေမဲ့ ကျင်းစစ် ထိုသူတို့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့သဖြင့် သူအချစ်ရေးကို စိတ်မဝင်စားကြောင်း သေချာအောင်ပင် လုပ်ခဲ့သေးသည်။


သူ၏ ဂရုမစိုက်တတ်သော ပင်ကိုစရိုက်အရ လူကြိုက်များသော အက်ရှင် ဇာတ်လမ်းမျိုးတွေကသာသူ့အကြိုက်ဖြစ်သင့်၏။


သို့ပေမဲ့ သူသည်မိန်းမငယ်လေးများ ကြိုက်တတ်သည့် အချစ်ဇာတ်လမ်းမျိုးကို ရွေးချယ်ခဲ့သည်။သူတွေးတောင်မကြည့်နိုင်ပေ။


ယင်းကျောင်းက သူ၏တဒုတ်ဒုတ်ခုန်နေသော နှလုံးသားကို လျစ်လျူရှု ထားလိုက်ပြီး သူ့ရဲ့အံ့အားသင့်နေပုံကို အမြန်ပြင်လိုက်ကာ " မင်းအဲ့ဒါကိုကြည့်ချင်တာသေချာပြီလား" ဟုထပ်မေးလိုက်၏။


" မဟုတ်ရင်...ရော" 


ကျင်းစစ်က မတ်တပ်ရပ်လိုက်ပြီး သူ့ကျောပိုးအိတ်ကို ပခုံးတစ်ဖက်တွင်လွယ်ကာ ဗလာဖြစ်နေသောမျက်နှာနှင့် မေးလိုက်သည်။


ယင်းကျောင်းကအပြုံးလေးဖြင့် သူနှင့်အတူထရပ်လိုက်ပြီး ကျင်းစစ်ကိုငုံ့ကြည့်ကာ သူ့နားနားကပ်ပြောလိုက်လေသည်။


" မင်းလိမ်နေရင် မင်းလက်ချောင်းလေးတွေ ကွေးသွားတတ်တာ မင်းသိလား" 


ကျင်းစစ်က အံ့အားသင့်သွားပြီး မသိစိတ်အရ ငုံ့ကြည့်လိုက်မိသည်။


" ကိုယ်မင်းကို လိမ်လိုက်တာ" 


ယင်းကျောင်းမျက်လုံးထဲမှ အပြုံးများမှာ တဖြည်းဖြည်း ပြည့်လျှံလာလေသည်။


ကျင်းစစ် လိမ်တဲ့အခါ သူ့လက်တွေကို မကွေးတတ်ချေ။ သူ၏ မျက်လုံးများကိုသာ ဂရုမစိုက်သည့်ပုံစံမျိုးလုပ်ရင်း အောက်သို့ချလိုက် မည်ဖြစ်သည်။ 


ယင်းကျောင်း၏ နှလုံးသားသည် ချဥ်တူးကာ ပျော့ပြောင်းသွားပြီး သူက ကျင်းစစ်၏လက်ကို ညင်ညင်သာသာလေးကိုင်လိုက်ပြီး လက်ချောင်းချင်းချိတ်တွယ်လိုက်လေသည်။ ကျင်းစစ် မရုန်းနိုင်ခင် သူပြုံးပြီးပြောလိုက်သည်။


" ကိုယ် သင်ယူခြင်းနတ်ဘုရားရဲ့ အငွေ့အသက်တွေကို ခံစားကြည့်ချင်တယ် ပြီးတော့ စာမေးပွဲမှာလည်းအမှတ်ကောင်းရချင်တယ် သင်ယူခြင်းနတ်ဘုရားက အဆင်ပြေအောင်လုပ်ပေးနိုင်ပါ့မလား" 


ကျင်းစစ်က သူ၏ခေါင်းကို ပေါ့ပေါ့ပါးပါးလှည့်လိုက်ပြီး သူ့အမူအရာများသည် အနည်းငယ် သဘာဝမကျဖြစ်နေပေမဲ့ သူမငြင်းခဲ့ပေ။


ပထမစာမေးပွဲခန်းထဲမှ လူများသည် သတိအပြည့်ဖြင့်နိုးနိုးကြားကြား ဖြစ်နေကြသည်။ ကျင်းစစ် တံခါးကိုဖွင့်ဝင်လိုက်သည်နှင့် သူကလွဲ၍ အားလုံးရောက်နေပြီ ဖြစ်သည်။


ကျောက်သင်ပုန်းပေါ်က ထိုင်ခုံနေရာ​ချထားပုံကို သူကြည့်လိုက်ပြီးနောက် တောင်ဘက်က အတန်းရဲ့ ပထမဆုံးထိုင်ခုံဆီသို့ လျှောက်သွားလိုက်လေသည်။ 


ချက်ချင်းဆိုသလို အနောက်ဘက်က တီးတိုးပြောသံတချိ့ကို  ကြားလာရသည်။ 


" ဝါး သူက ပုံထဲကထက် အပြင်မှာပိုချောတာပဲ"


" သူက ကျင်းစစ်ဖြစ်နေတာပဲလေ"


" အား အား ဒီမျက်နှာလေးကိုမှတ်မိတယ် စာမေးပွဲမှာပထမရသွားတည်းက ငါ့အိမ်မက်မင်းသားလေးဖြစ်သွားတာလေ" 


..............


ကျင်းစစ်က စာမေးပွဲဖြေဖို့ သူ့ရဲ့ပစ္စည်းတွေကို တင်ပြီးပြီးချင်း သူနောက်ကျောကို တစ်ခုခုနှင့်အပစ်ခံ လိုက်ရလေသည်။ သူနောက်ကိုလှည့်ကြည့်လိုက်လျှင် ကျိုးချောင်သည် ကျန်းချုံးကို ဖြတ်၍ သူ့အားအပြင်းအထန် လက်ကိုဝှေ့ယမ်းပြနေလေသည်။


" ဘာလို့ အရမ်းနောက်ကျမှ ရောက်လာတာလဲ"


" ပစ္စည်းတွေကိုရှင်းနေတာ နည်းနည်းကြာသွားလို့"


" ဟေး" 


ကျိုးချောင်က တံခါးကိုကြည့်လိုက်ပြီးနောက် စာမေးပွဲအခန်းစောင့် မလာသေးသဖြင့် ကျင်းစစ်ဆီသို့ သင်္ချာအိုလံပစ်ပြိုင်ပွဲမှ မေးခွန်းများကိုင်ပြီးပြေးသွားလိုက်သည်။


" ငါမင်းကိုမေးချင်တဲ့ မေးခွန်းတွေရှိတယ် ဘယ်လိုလုပ်မင်းမဖြေပေးဘဲနေမှာလဲနော်"


သူက ညည်းညူရင်း သူ့လက်ထဲမှ လေ့ကျင့်ခန်းစာအုပ်ကို ဖွင့်လိုက်ပြီး လက်ညှိုးနှင့်ထောက်ကာ ပြောလိုက်သည်။ 


" ဒီအပုဒ်"


ကျင်းစစ်က အံ့အားသင့်စွာ သူ့ကိုကြည့်လိုက်ပြီး " စာမေးပွဲခန်းထဲအထိတောင် လေ့ကျင့်ခန်းစာအုပ်ကို ယူလာတာလား" 


" နည်းလမ်းမရှိဘူးလေ" 


ကျိုးချောင်က အကူအညီမဲ့စွာပြောလိုက်လေသည်။ 


" မင်းကို ဘယ်သူက ငါနဲ့မတူတဲ့ အခန်းနေရအောင်ပြောလိုက်တာလဲ ဆရာကျောက် ငါ့ကိုဒီမေးခွန်းကို ရှင်းပြပေမဲ့ ငါသေချာနားမလည်ဘူး ထပ်မေးရင်လည်း အဆူခံရပြန်ဦးမယ်"


သူပြုံးပြီး ပြောလိုက်သည်။


" ဆရာလာရင် ငါဒီလေ့ ကျင့်ခန်းစာအုပ်ကိုဟောပြောတဲ့ စင်ပေါ်မှာတင်ထားလိုက်မယ်" 


ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး သူလက်ညိုးထိုးပြနေတဲ့နေရာကိုကြည့်လိုက်လေသည်။


ယင်းက အဖြေလိုတဲ့ မေးခွန်းနှစ်ခုရဲ့ နံပါတ်စဥ် ပြသနာဖြစ်လေသည်။


သူခဏမျှစဥ်းစားပြီးနောက် ခဲတံယူလိုက်ပြီးစာရွက်ပေါ်တွင် အကြမ်းတွက်ပြလိုက်ပြီးနောက် ကျိုးချောင်ကို ကြည့်ကာ " ပထမအပုဒ်ကိုအရင်ကြည့်"


"မင်းဒါကိုတွက်နိုင်တယ်လား" 


ကျိုးချောင်က မယုံကြည်လောက်အောင် အံ့အားသင့်သွားကာ သူကို့ကြားဖြတ်ပြောလိုက်လေသည်။


" ငါဒီလိုမေးခွန်း အမျိုးအစားတွေကိုဖြေဖူးတယ်လေ သူတို့က တူတူတွေပဲ" ကျင်းစစ်က ရှင်းပြလိုက်သည်။ 


ဆက်ပြောမလို့လုပ်တုန်း ကျိုးချောင်က ရုတ်တရက်ကြီး လက်တွေမြှောက်ကာ ခုန်ကိုရိုက်လိုက်လေသည်။


" သေစမ်း မင်းကအရမ်းတော်လွန်းသွားပြီ"


ထိုအချိန်တွင် တန်းခွဲနှစ်မှဆရာကျောက်ဖုန်သည်အခန်းတံခါးကိုတွန်းဖွင့်လိုက်ပြီး တန်းခွဲတစ်မှဆရာမကျန်းကျင်း နှင့်အတူ လက်ထဲတွင်စာရွက်များကိုင်ထားလျက် ဝင်လာလေသည်။ ကျိုးချောင်၏စကားများကို နှစ်ယောက်လုံးကြားလိုက်လေသည်။


ကျန်းကျင်းသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ကျောက်ဖုန်၏ နောက်တွင် တမင်တကာကျန်ခဲ့လိုက်တော့သည်။


ကျောက်ဖုန်သည် လှောင်ရယ်လိုက်ပြီး စာရွက်ကို ဟောပြောစဥ်ပေါ်သို့ တင်လိုက်ပြီး ကျိုးချောင်ကို ကြည့်၍ " မင်းခုံကိုဘာလို့ပြန်မသွားတာလဲ မင်းပထမနေရာမှာထိုင်ပြီး ကျင်းစစ်ကို မှတ်စုပေးချင်လို့လား"


" မဟုတ်ဘူး" 


ကျိုးချောင်က သူ့ခေါင်းကို ထပ်ခါထပ်ခါ ခါလိုက်ပြီး သချ်ာအိုလံပစ် ပြိုင်ပွဲ မေးခွန်အစုံလိုက်နှင့် ရေးထားသောအကြမ်းစာရွက်ကို ကမ်းပေးလိုက်ပြီး သုံးခုံမြောက်ကို သွားထိုင်လေသည်။


သူ ပထမ နေရာကို မမျှော်မှန်းရဲပေမဲ့ ဒုတိယကိုတော့ မှန်းနိုင်သေးသည်။


ဆရာကျောက်သည် ကျောင်းသားများကိုကြည့်လိုက်ပြီး စာမေးပွဲစည်းမျဥ်းများကို အလေးအနက်ပြောကြားလိုက်သည်။


" စာမေးပွဲနှင့်မသက်ဆိုင်တဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီး ပြတင်းပေါက်နားကခုံပေါ်မှာ တင်ထားပေးပါ"


ကျန်းကျင်းက ပိတ်ထားသောစာအိတ်ကို တိတ်ဆိတ်စွာ ဖွင့်လိုက်ပြီး စာရွက်များကို ရေတွက်လိုက်သည်။ ထို့နောက် ထိုစာရွက်များကို မြောက်ဘက်ဆုံး အတန်းမှ ဝေပေးလိုက်ပြီး ကျင်းစစ်ကို နောက်ဆုံးတစ်ရွက်အား ပေးလိုက်လေသည်။


စာရွက်ကို ယူရင်း ကျင်းစစ် မျက်လုံးများသည် ကျန်းကျင်း မျက်လုံးများနှင့်ဆုံသွားလေသည်။ ကျန်းကျင်းက ခေတ္တခဏမျှ ရပ်တန့်သွားပြီးနောက် အကြည့်လွှဲ လိုက်လေသည်။


ဖိုရမ်ပေါ်တွင် ပြောထားသည့်အတိုင်းပင် စာမေးပွဲ ၏ခက်ခဲမှုသည် နှစ်လယ်စာမေးပွဲထက် အများကြီး လျော့နေလေသည်။ စာစီစာကုံးတွင် ပေးထားသော သဲလွန်စများပင် ရှိနေသေးသည်။


အခြေခံမှစ၍ ဖတ်စာများ နှင့်စာစီစာကုံးများအထိ ကျင်းစစ် တွေးပင်မတွေးဘဲ လျင်မြန်စွာ ရေးလိုက်၏။


စင်ပေါ်က ကျန်းကျင်း မနေနိုင်တော့ဘဲ ကျင်းစစ်ဆီသို့ လျှောက်လာကာ သူ့ဘေးနားတွင် ရပ်လိုက်ရင်း သူ့ဖြေလွှာကို ငုံ့ကြည့်လိုက်လေသည်။


သို့ပေမဲ့ ဤတစ်ကြိမ်တွင်တော့ လှမ်းမယူရဲတော့ပေ။


နှစ်လယ်စာမေးပွဲကဲ့သို့ပင် ကျင်းစစ် စာမေးပွဲဖြေပြီးသွားတဲ့နောက် သူမေးခွန်းတွေကို တိုက်စစ်လိုက်ပြီး သူဘာမှမမှားဘူးလို့ ထင်တဲ့အခါ ဖြေလွှာစာရွက် ကို ကမ်းပေးလိုက်ပြီး ထွက်သွားလေသည်။


အရင်တစ်ကြိမ်တွင် ကျင်းစစ် နောက်ဆုံးခန်းထဲ၌ စာမေးပွဲဖြေခဲ့ရသည့်အတွက် အတော်ဆုံးကျောင်းသားများသည် သူစာဖြေနေချိန် သူ့အခြေအနေကို မမြင်ဘူးပေ။ဤတစ်ကြိမ်တွင်မူ ကျင်းစစ် စာရွက်ကိုကမ်းပေးချိန် ကျောင်းသားအများစုသည် တချိန်ထဲမှာပဲ ထိန့်လန့်ကုန်ကြသည်။


အကြည့်တစ်ချက်တွင် သူတို့က အံ့အားသင့်ကုန်ကြရသည်။စာမေးပွဲပြီးရန် မိနစ် 20 ပင်လိုသေးသည်။ 


ကျင်းစစ်ကတော့ဖြေလွှာတောင်ပြန်ပေးပြီးပြီတဲ့


ဒီလောက်အချိန်တိုအတွင်းပြီးသွားတာလား သူကသားရဲကြီးပဲဖြစ်ရမယ်!


ဘယ်လိုပင်ဖြစ်ပါစေ သူတို့ရဲ့ ထိန့်လန်အံ့အားသင့်မှုများသည် ထိုမျှနှင့်မပြီးဆုံးသွားပေ။


နေ့လည် သင်္ချာစာမေးပွဲတွင် ကျောင်းသားများသည်ပုဒ်စာများကို အချိန်လုတွက်နေချိန် ကျင်းစစ်ကတော့သူ့ပစ္စည်းတွေကို ထုတ်ပိုးပြီး ဖြေလွှာကို အပ်လိုက်ချေပြီ။


အကြည့်တွေနှင့်သာ လူသတ်နိုင်မည်ဆိုလျှင် ကျင်းစစ်၏ ခန္တာကိုယ်သည် ပထမစာမေးပွဲဖြေဆိုခန်းထဲရှိ လူများ၏ အကြည့်များဖြင့် အပေါက်များ ဖြစ်နေလောက်ပြီဖြစ်သည်။


ဘာလို့ ဒီပုံမှန်မဟုတ်တဲ့လူက ပထမစာမေးပွဲဖြေဆိုခန်းထဲကို ကျောင်းသားတွေကို လှုံ့ဆော်ဖို့ ရောက်လာတာလဲ...


သူ ကျောင်းကိုလျှောက်လွှာတင်ပြီး သီးသန့်စာဖြေခန်းထဲမှာ ဖြေလို့မရဘူးလား....


ဘယ်သူက ခံနိုင်ရည်ရှိမှာလဲလို့...


သူတို့ရဲ့ စိတ်ဓါတ်ခွန်အားတွေ ပျက်ဆီးကုန်ပြီ ...


အတော်ဆုံးကျောင်းသားများသည် ရူးသွပ်ကုန်ကြပြီဖြစ်ပြီး အတန်း 7 က ငါးဆားနူကျောင်းသားများပင် သူတို့ကိုလိုက်မမှီတော့ပေ။


သူတို့ညစာစားပြီးတဲ့နောက် ကျောင်းဖိုရမ်ထဲဝင်လိုက်ကြပြီး ကျင်းစစ်ရဲ့ ဖြေလွှာအစောကြီးအပ်သည့်အကြောင်းကို ရှာလိုက်လေသည်။


[ငါသေတော့မယ် ! ​! ! အဲ့ဒါကစာမေးပွဲလား...ငါဦးနှောက်တော့ ခွေးစားသွားပြီနဲ့တူတယ် [ ge you tan ]


( Eng T/n: " 葛優癱 [gě yōu tān] ဒီအင်တာနက် စကားပုံက ဂန္တဝင် ဟာသ ဇာတ်ကား I love my family (1993-1994) ထဲက သရုတ်ဆောင်မင်းသား Ge You ရဲ့ ထိုင်တဲ့ပုံစံကို ရည်ညွှန်းတဲ့ စကားပုံတဲ့ အဲ့တာက 2016 နွေရာသီမှာ လူတွေကို ပူအိုက်နေရင် ဘယ်လိုအပန်းဖြေရမယ်ဆိုတာနဲ့ပက်သက်ပြီးနာမည်ကြီးလာတာတဲ့ " မှန်မမှန်တော့ငါလည်းသေချာမသိဘူး)


[ ငါဆို သူဖြေလွှာအပ်နေတုန်းက အချိန်စေ့သွားပြီ ထင်ပြီး ကြောက်လွန်းလို့ ချွေးစေးတွေတောင် ပြန်လာတဲ့အထိပဲ နောက်တခဏကြတော့ ဩ... သူစောအပ်တာပါလေဆိုပြီး နှလုံးသားထဲမှာ တွေးလိုက်ရတယ်]


[ရိုးရိုးသားသားပြောရရင် ငါ ဂျူနီယာတန်းတုန်းက သူ့ကို လူမျိုးတွေကို ကြိတ်ကြိုက်လေ့ရှိတယ်...]


[ဒီတစ်ကြိမ်တော့ ကျင်းစစ်ကောင်းကောင်းဖြေနိုင်ခဲ့တယ်ထင်တယ် တန်းခွဲ 7 ကဆရာမ က သင်္ချာ စာမေးပွဲကိုစောင့်ခဲ့တာ]


[မနက်ဖြန်ဖြေရမယ့် စာမေးပွဲနှစ်ခု အကြောင်းကိုစဥ်းစားလိုက်တိုင်း ယင်းထလာသလိုခံစားနေရတယ်]


[ငါအမှန်တရားကို နားလည်ပါတယ် ဒါပေမဲ့ ကျင်းစစ် ဘယ်လိုများ လေ့လာလိုက်လဲ တန်းခွဲ 7 ကလူတွေ ရှင်းပြကြပါ]


[တန်းခွဲ 7 ကလူတွေဒီမှာပါ တကယ်တော့ ကျင်းစစ် စာလုပ်တဲ့နည်းက မခက်ပါဘူး အတန်းထဲမှာ နားထောင်တယ် နောက်ပြီးထွက်သွားတယ် ညကျတော့မှတ်စုထုတ်ပြီး အိပ်ရာဝင်တယ်]


[.................... အပေါ်ထပ်ကလူရေ ပါးစပ်ပိတ်လိုက်ပါတော့... ]


[ အရေးကြီးတာတွေဆို သုံးခါပြောရတယ် ပါးစပ်ပိတ်! ပါးစပ်ပိတ် ပါးစပ်ပိတ်...]


[ အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား အား ! ​! ! ! ! ]


........................


တစ်ချိန်တည်းမှာပဲ ပြည်နယ်အဆင့်အစမ်းသပ်ခံ အလယ်တန်းကျောင်းမှာ ကျောင်းဆင်းသွားပြီဖြစ်သည်။ကျင်းမြောင် သူ့ဖုန်းကို ထုတ်လိုက်ပြီးသူ့သူငယ်ချင်းတွေကိုကြွားလိုက်သည်။ 


" ငါ့အဖေက ငါ့အတွက်ဝယ်ပေးတာ မင်းတို့တွေဘယ်လိုထင်လဲ"


" ဝါး မင်းအဖေကကောင်းလိုက်တာ" 


သူ့သူငယ်ချင်းက သူ့ဖုန်းကို အားကျမနာလိုတဲ့မျက်လုံးတွေဖြင့် ကြည့်လိုက်ပြီး " ငါ့အဖေကတော့ငါ့ကိုမဝယ်ပေးဘူး အထက်တန်းကျောင်း ကအကြောင်းကြားစာရမှ ဝယ်ပေးမယ်ပြောတယ်" 


ကျင်းမြောင် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့ဆံပင််ကိုပွတ်ကာ အောင်နိုင်သူလိုပြောလိုက်သည်။


" ငါ့အဖေကငါ့ကိုချစ်တယ်လေ ငါလိုချင်တာမှန်သမျှ သူဝယ်ပေးလိမ့်မယ် "


" မင်းရဲ့ ဖုန်းကိုသုံးပြီး အထက်တန်းကျောင်းက ဖိုရမ်တွေထဲ ဝင်ကြည့်လို့ရလား" 


သူ့သူငယ်ချင်းက မနာလိုစွာပြောလိုက်ပြီး " အထက်တန်းကျောင်းသားတွေက ဒီရက်ဘာတွေလုပ်နေကြလဲမသိဘူး"


" ကြည့်လိုက်" 


ကျင်းမြောင်က သူဖုန်းလော့ခ်ကိုဖွင့်ကာ ဂရုမစိုက်စွာပြောလိုက်သည်။


" ငါပြမယ်"


ဂျူနီယာကျောင်းသားတွေကို စီနီယာအထက်တန်းအကြောင်းသိစေချင်တဲ့အတွက် ပြည်နယ်အဆင့် အစမ်းသပ်ခံ အလယ်တန်းကျောင်းက ဂျူနီယာတွေအတွက် ဖိုရမ်တွေကို ဖွင့်ပေးထားခဲ့သည်။


ကျင်းမြောင် သူငယ်ချင်းက ဖိုရမ်ကို ခဏလောက်ကြည့်နေပြီး ရုတ်တရက်ပြောလိုက်သည်။


" ဟေး ကျင်းမြောင် မင်းနဲ့ မျိုးရိုးနာမည်တူတဲ့ အထက်တန်းကျောင်းသားဒီမှာရှိတယ်ကွ" 


ကျင်းမြောင် ဘဝင်မြင့်စွာ ပြုံးလိုက်ပြီး " ငါတို့ မျိုးရိုးနာမည် ကျင်း က အတော်ဆုံးပဲကွ"


" သူ့နာမည်က ကျင်းစစ်တဲ့" 


သူ့သူငယ်ချင်းက ပိုစ့်တစ်ခုကိုဝင်ကြည့်လိုက်ပြီး " ဘုရားသခင် သူကစာအရမ်းတော်တာပဲ သူ့စာမေးပွဲအဖြေလွှာစာရွက်တွေကို စောစောအပ်တာတဲ့ ပြီးတော့ သူ့အရင်စာမေးပွဲရလဒ်က ဒုတိယရတဲ့သူနဲ့ 25 မှတ်တောင်ကွာတာတဲ့  သေစမ်း သူက လူတောင်ဟုတ်သေးရဲ့လား"


ကျင်းမြောင် တောင့်တင်းသွားပြီး သူ့သူငယ်ချင်းဆီက ဖုန်းကို ချက်ချင်းဆွဲလိုက်ပြီး " ဘယ်သူလို့မင်းပြောလိုက်တာ"


" ကျင်းစစ်" သူ့သူငယ်ချင်းက သူ့ကိုနားမလည်နိုင်စွာ ကြည့်လိုက်ပြီး " ဘာဖြစ်လို့လဲ"


မဖြစ်နိုင်တာ အဲ့တာသူထင်နေတဲ့ ကျင်းစစ်တော့ မဖြစ်နိုင်ဘူးမလား..


ကျင်းမြောင် အံကြိတ်လိုက်ပြီး ပိုစ့်ကို သေချာကြည့်လိုက်သည်


နာမည်တူနေတာပဲ ဖြစ်ရမယ်...


ကျင်းစစ်ကဘယ်လိုလူမျိုးလဲဆိုတာသူကဘယ်လိုလုပ်မသိဘဲနေပါ့မလဲ...သူ့အမေပြောတာတော့ ကျင်းစစ်က မွေးရာပါအကျင့်ဆိုးတာတဲ့ ထောင်ထဲမှာ အဆုံးသတ်မယ့် ကောင်မျိုးတဲ့...


အဲ့ဒီလိုလူမျိုးက ဘယ်လိုလုပ် စာလုပ်မှာလဲ...


သို့ပေမဲ့ သူပိုကြည့်လေလေ ကျင်းမြောင် မျက်နှာကပိုဖြူလျော်လာလေ ဖြစ်၏။


ကျင်းစစ် တန်းခွဲ 7 မှာ အဆင့်နှစ် ရတာကအဆင်ပြေသေးသည်။


ပိုပြီးဆက်ဆွဲကြည့်သောအခါ ကျင်းစစ်ရဲ့ ထင်ထင်ရှားရှားပုံ ကိုမြင်လိုက်ရလေသည်။


ထိုပုံအောက်တွင် ချောတယ် မိုက်တယ်လို့ မှတ်ချက်ပေးထားသည်ကို တွေ့သောအခါ ကျင်းမြောင်ဖုန်းအောက်သို့ပြုတ်ကျသွားလေသည်။ 


.......


တန်းခွဲ 7 တွင် 

ကျင်းစစ် ညစာစားပြီးပြန်လာသောအခါ ယင်းကျောင်းသည်ရုတ်တရက်ပေါ်လာပြီးသူ့ကိုမေးလေသည်။


" စကားမစပ် ကိုယ်တို့ တနင်္ဂနွေနေ့မှာသွားကြည့်မယ့် ဇာတ်ကားနာမည်က ဘာလဲ"


သူ့နားထင်ကိုပွတ်လိုက်ပြီး သက်ပြင်းချကာ " ကိုယ့် ဦးနှောက်က စာမေးပွဲ ပြီးသွားတော့ကောင်းကောင်း အလုပ်မလုပ်တော့ဘူး"


ကျင်းစစ်က သူ့ကို လုံးဝသံသယ မဝင်ပေ။ သူအများကြီးမတွေးဘဲ ရိုးရိုးသားသားပြောလိုက်သည်။


" ငါမင်းကိုကြိုက်တယ်"


ယင်းကျောင်းရဲ့ နှုတ်ခမ်းထောင့်တွေ မြင့်တက်သွားပြီး ခေါင်းငြိမ့်ကာ ထပ်ပြောလိုက်သည်။


" ဟုတ်တယ် ကိုယ်မင်းကို ကြိုက်တယ်"


" ကိုယ်မင်းကို ကြိုက်တယ်"


" ကိုယ်မင်းကိုကြိုက်တယ်"


_____


Translated By IQ-Team.