အပိုင်း၄၃
Viewers 12k

Chapter 43

Chapter 43


-----------------------

ကျင်းစစ် ဝင်လာသော မက်ဆေ့များကို ဂရုမစိုက်စွာ ကြည့်လိုက်ပြီး သူ့လက်များကို  ပေါ့ပါးစွာရွေ့လိုက်ပြီး ကျင်းမြောင်ကို သူ့ သူငယ်ချင်းများစာရင်းထဲမှ ဖျက်လိုက်လေသည်။


အဖေကျင်း ဘာမှမရိပ်မိသွားသည်ကို တွေ့သောအခါ ကျင်းမြောင် စိတ်သက်သာ ရသွားပြီး  ကျင်းစစ်ထံသို့ စာများထပ်ပို့ချင်လာသည် ။ သို့ပေမဲ့ သူထပ်ပို့၍ မရတော့ဘူးလို့တော့ မထင်ထားပေ။ ကျင်းစစ်က သူ့ကိုဖျက်ပစ်လိုက်သည်။


" ချီးပဲ " 


ကျင်းမြောင် ခပ်တိုးတိုးဆဲရေးလိုက်ပြီး ကျင်းစစ်ကို ကျန်နေတဲ့ ဒိုင်ယာလော့အကွက်ထဲ မှဒေါသတကြီး ဖျက်လိုက်ပြီး အိမ်စာများကို စလုပ်လေသည်။


ဧည့်ခန်းထဲတွင် ကျင်းဖူ ဖုန်းကို ငေးကြည့်နေပြီး ဘေးနားတွင် အသီးစားနေသော ကျောင်းကျင်းဖုန်ကို ပြောလိုက်သည်။


" မြောင်မြောင် တစ်ခုခု ဖြစ်နေတယ်ထင်တယ်"


" ဘာဖြစ်လို့လဲ" 


ကျောင်းကျင်းဖုန်က သူမသားအကြောင်းကိုကြားသောအခါ ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ခက်ရင်းကို ချလိုက်ကာ  မေးလိုက်သည်။ 


" ဘာဖြစ်ခဲ့လို့လဲ"


"ငါ ခုန သူ့အခန်းကို ဝင်တုန်းက သူကဖုန်းနဲ့တိတ်တိတ်လေး စာပို့နေတာကိုတွေ့ခဲ့တယ် " 


အဖေကျင်းက မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည်။


" သူငါ့ကို မြင်တော့ ဖုန်းကို မြန်မြန် ဖွက်လိုက်တယ် ပြသနာတစ်ခုခု ရှိနေတယ်လို့မင်းထင်လား"


" ကျွန်မ ရှင့်ကို သူ့အတွက် ဖုန်းမဝယ်ပေးဖို့ ပြောပေမဲ့ ရှင်ဝယ်ပေးခဲ့တယ်လေ" ကျောင်းကျင်းဖုန် တီးတိုးပြောလိုက်သည်။


"ရလဒ်က ကျောင်းတွင်းအချစ်ဇာတ်လမ်း ဖြစ်နေမယ် ဆိုရင် ဘယ်လိုလုပ်မလဲ"


အဖေကျင်းက ခဏလောက် တွေးလိုက်ပြီး " မင်းသူ့ဖုန်းရဲ့ လျှို့ဝှက် နံပါတ်ကို သိလား သူဒီညအိပ်သွားရင် သူဖုန်းကို ယူလာပြီးကြည့်လိုက်" 


" ကျွန်မသား အကြောင်းကျွန်မသိတာပေါ့ " 


ကျောင်းကျင်းဖန်က အောင်နိုင်သူလိုပြောပြီး သဘောတူလိုက်သည်။


" အိုကေ ဒါပေမဲ့ ကျွန်မ ကြိုတော့ပြောမယ်နော် အဖိုးကြီးကျင်း ရှင်တစ်ခုခု ရှာတွေ့သွားရင် ရှင်ဖြေရှင်းပေးရမယ်နော် မကောင်းတဲ့ မိန်းကလေးတွေ ကျွန်မတို့သားကို လမ်းမှားရောက်အောင် လုပ်ခွင့်မပြုနိုင်ဘူး"


ကျင်းဖူက ခေါင်းငြိမ့်လိုက်သည်။ 


" မစိုးရိမ်ပါနဲ့ကွာ"


ကျင်းမြောင်နှလုံးသားထဲတွင် မဖုံးကွယ်နိုင်ပေ။ ကျင်းစစ်ရဲ့ အောင်မြင်မှုတွေကိုလည်း မကျေမချမ်းဖြစ်နေပြီး ကျင်းဖူ ထိုအကြောင်းများကို ရှာတွေ့သွားမည်ကို စိုးရိမ် သဖြင့် သူစိတ်များ ရှုပ်ထွေးနေသည်။ အိမ်စာလုပ်ပြီးတဲ့နောက် နောက်နေ့အတွက် သင်ခန်းစာများကို  အရင်လို ကြိုမကြည့်တော့ဘဲ အိပ်ယာဝင်လေသည်။


သူ့အသက်အရွယ်သည် ကြီးထွားနေချိန်ဖြစ်၏။ ထို့ကြောင့် သူတွေးနေလျှင်ပင် သူ့အိပ်နိုင်စွမ်းသည် ကောင်းသည်။ အိပ်ပျော်ပြီးတဲ့နောက် သူ့အဖေရဲ့အခန်းထဲကို ခြေဖျားထောက် ဝင်လာသံ မပြောနှင့် မိုးခြိမ်းသံကပင် သူ့ကိုမနိုးစေပေ။ 


ဖုန်းကို ယူပြီးတဲ့နောက် အဖေကျင်းသည် ဧည့်ခန်းထဲသို့ပြန်လာလေသည်။ ကျောင်းကျင်းဖုန် ပြောသောလျှို့ဝှက်ကုဒ် ဖြင့်ဝင်လိုက်ပြီး wechat ထဲသို့အရင်ဆုံးဝင်ကြည့်လိုက်လျှင် မူမမှန်တာ မတွေ့ပေ။


သူခဏလောက်တွေးပြီး နောက်ခံ ပရိုဂရမ်ထဲရှိ ကျင်းမြောင် နောက်ဆုံးသုံးထားသော အက်ပလီကေးရှင်းများထံသို့ တစ်ခုချင်းစီ ဝင်ကြည့်လေသည်။


နောက်ဆုံးတော့ သူ browser ထဲတွင် ကျင်းမြောင် ရှာထားသည်များကိုတွေ့လိုက်ရသည်။


ကျင်းဖူ ပထမဆုံး ပိုစ့်ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းသာ ဖတ်လိုက်သည်။


[အား ဘော့စ်က အရမ်းတော်တာပဲ ဒီနေ့စာမေးပွဲမှာ ကျိုးချောင်က သူ့ကို အိုလံပစ်သချ်ာ ပုဒ်စာမေးခဲ့တယ်လေ တစ်မိနစ်လောက်လည်းကြာရော ကျိုးချောင်ကိုတောင် လန့်သွားစေတဲ့ ဖြေရှင်းနည်းကို ရှာတွေ့ခဲ့တယ်လေ]


[အမှန်အတိုင်းပြောရရင် သူကငါတို့နဲ့  လယ်ဗယ် မတူဘူး]


[ငါအခု ဒီစာကြောင်းအဓိပ္ပါယ်ကိုနားလည်ပြီ : တချို့လူတွေက စာမေးပွဲမှာ အမှတ်ပြည့်ရတယ်ဆိုတာ သူတို့မှာအမှတ်ပြည့်ပဲ ရစရာရှိလို့ရတာ]


[ငါအခုတွေးနေတာ သူပထမနှစ်တုန်းက သူ့အရမ်းတော်တဲ့အကြောင်းကိုသာ ဖုံးကွယ်မထားဘဲ ရိုးရိုးလေးပဲ စာမေးပွဲဖြေပြီး ပြိုင်ပွဲမှာဝင်ပြိုင်ခဲ့ရင် အခု သူ ဘယ်လိုဖြစ်နေမလဲ]


ကျင်းဖူ မျက်မှောင်သည် ပြေလျော့သွားသည် သူ ကျောင်းကျင်းဖန်ကို ကြည့်လိုက်ပြီး ပြုံးကာပြောလိုက်သည်။


" အထင်မှားတာပါ ဘာမှပြသနာမရှိဘူး မြောင်မြောင်က ပြည်နယ်စုအထက်တန်းကျောင်းရဲ့ ဖိုရမ်ထဲကိုဝင်ကြည့်ထားတာ ငါထင်တာတော့သူက အရမ်းတော်တဲ့ အတန်းဖော်က လှုံ့ဆော်လိုက်လို့ဖြစ်မယ်"


" ကောင်းတယ် ကောင်းတယ် " 


ကျောင်းကျင်းမြောင် စိတ်သက်သာရာရတဲ့ သက်ပြင်းချလိုက်ပြီးတော့ သူမအတွေးတွေကို စွန့်လွှတ်လိုက်လေသည်


ကျင်းဖူ browser ကို ပိတ်တော့မည့်အချိန်တွင် လက်ချော်နှိပ်မိသွားပြီး မှတ်ချက်တစ်ခုထွက်ပေါ်လာသည်။


[ငါတကယ် ကျင်းစစ်ကို သဘောကျတယ် သူကအရမ်းကောင်းလွန်းတယ်လေ သူ့ရဲ့ ဒီတစ်ခေါက်ပြိုင်ပွဲရလဒ်တွေကို စောင့်မျှော်နေမယ် ]


ကျင်းဖူရဲ့လှုပ်ရှားမှုတွေ ရပ်တန့်သွားသည်။ 


ကျင်းစစ်လား


ကျောင်းကျင်းဖုန်က သူ့ကိုနှိုးဆော်လိုက်သည်။ 


" ဘာဖြစ်လို့လဲ ဖုန်းကို မြန်မြန်ချလိုက်တော့လေ မဟုတ်ရင် မြောင်မြောင်က ကျွန်မတို့ သူ့ဖုန်းကို ခိုးကိုင်တာသိရင် စိတ်ဆိုးလိမ့်မယ် "


" ခဏလေး" အဖေကျင်းက မရေရာစွာ ပြောလိုက်ပြီးဆက်ကြည့်နေသည်။


"ဘာဖြစ်ဖြစ်လေ" ကျောင်းကျင်းဖုန်က သူ့ကို မျက်လုံးလှိမ့်ကြည့်လိုက်ပြီး လျစ်လျှူရှုကာအိပ်ခန်းထဲ၀င်ပြီး ရေသွားချိုးလေသည်။


အဖေကျင်းက သူ့နှုတ်ခမ်းကိုစုဝိုင်းထားလိုက်သည်။


ဒီပိုစ့်ထဲမှာပါတဲ့ စာအရမ်းတော်တယ်ဆိုတယ်ဆိုတဲ့သူ နာမည်က ကျင်းစစ်လား


နာမည်တူတာနေမှာပါ


သူ့မိသားစုထဲက ဆိုးရွားတဲ့သူက ဘယ်လိုလုပ်အဆင့်ကောင်းရပါ့မလဲ


သူ ကြက်သေသေသွားသည်။


ကျင်းဖူ သူ့ကိုယ်သူ ရယ်လိုက်ကာ လက်လွတ်စပယ် ဆက်ဆွဲကြည့်လိုက်သည်။


သို့ပေမဲ့ သူ့အကြည့် အောက်ကဓါတ်ပုံပေါ် ကျရောက်သွားသောအခါ သူလုံးဝ အေးခဲသွားသည်။


[ငါ ကျောင်းကန်တင်းကိုသွားစားတဲ့ သူ့ကို တိတ်တိတ်လေး ဓါတ်ပုံခိုးရိုက်ထားတယ် အား အား အား အေးစက်စက် မျက်နှာထားက နတ်ဘုရားရဲ့ အရှိန်အဝါကိုမဖုံးကွယ်ထားနိုင်ဘူး အား အား အား ဓါတ်ပုံကို လျက်နေ [ဓါတ်ပုံ]


[အား ငါတန်းခွဲ 7 က လူတွေကိုမနာလိုလိုက်တာ အတန်း ချိန်းနိုင်ဖို့ အခွင့်အရေးလေးများရနိုင်အုံးမလား ]


ကျင်းဖူ လက်များဆိုးရွားစွာ တုန်လှုပ်လာပြီး သူမျက်လုံးကိုတောင် အမြင်မှားမည် စိုး၍ ပွတ်လိုက်သေးသည်။


သို့ပေမဲ့ သူမျက်လုံးပြန်ဖွင့်ချိန်တွင် ဓါတ်ပုံထဲက ကောင်လေးရဲ့မျက်နှာက သူ့အတွက် ရင်းနှီးနေတုန်းပင်။


သူနှင့်တူသော နှာခေါင်းနှင့် ထိုအမျိုးသမီးနှင့်တူသော မျက်လုံးများ နှင့် နှုတ်ခမ်း...


ပြည်နယ်စုအထက်တန်းကျောင်းတစ်ခုလုံးရဲ့ ကျောင်းသားများနှင့်ဆရာများ သဘောကျနှစ်သက်တဲ့ နတ်ဘုရားက သူ့ရဲ့ ဘာမှမရှိတဲ့ အရှုံးသမား အကြီးဆုံးသား ကျင်းစစ်တဲ့လား။


ထိုညတွင် အဖေကျင်း သည် လူးလှိမ့်၍ အိပ်မပျော်နိုင်ပေ။


သူက ကျင်းမြောင်၏ ဖုန်းကို ပြန်ထားလိုက်ပြီး ပြည်နယ်စုအထက်တန်းကျောင်း ဖိုရမ်ထဲသို့ ဝင်မကြည့်နိုင်တော့ပေ။ ထိုထဲတွင် ကျင်းစစ်၏ အကြောင်းများကို ထပ်၍ မသိနိုင်တော့သဖြင့် သူ၏ စိတ်ထဲတွင်သာရှင်းထုတ်ရန် ကြိုးစားလိုက်၏။


သူ ပိုတွေးလေ ထိုအရာက ပို၍ မဖြစ်နိုင်လေဟု ခံစားနေသည်။


ကျင်းစစ်က သူ့သားဖြစ်၏။ ကျင်းစစ်၏ ပင်ကိုစိတ်ကို သူကဘယ်လိုလုပ် မသိဘဲနေပါမည်နည်း။


ကျင်းစစ်သည် ငယ်ရွယ်စဥ်ထဲကပင် နှစ်လိုဖွယ်မကောင်းသည့်အပြင် သူ့၏အဆင့်များက ပို၍ဆိုးဝါးလေသည်။ သူ၏ ညီနှင့်တောင် မယှဥ်နိုင်ပေ။ ရုတ်တရက်ပဲ တစုံတစ်ယောက်က ကျင်းစစ်သည် စာအရမ်းတော်သည် ဟုပြောသောအခါ သူမည်ကဲ့သို့ ယုံကြည်နိုင်မည်နည်း။


ကျင်းစစ် အရင်တုန်းက ဖိုရမ်ပေါ်တွင် တင်ခဲ့သော သူ၏ စာမေးပွဲရလဒ်များကို သူမှတ်မိသေးသည်။ အမြဲတမ်း သုည ရမှတ်သာဖြစ်ပြီး နောက်ဆုံးတစ်ကြိမ်တွင်သာ ရယ်စရာကောင်းသော ရမှတ်ကိုရခဲ့လေသည်။


ထိုသားရဲကောင်လေးက သတင်းတွေမှာပြောထားသလို ကြိုးမဲ့နားကြပ်မျိုး သုံးပြီး ခိုးချတာဖြစ်နိုင်မလား..


ရုတ်တရက် သူ့နှလုံးသားထဲရှိ မြူခိုးသည် ပြောက်ကွယ်သွားသည်။ 


ဟုတ်တယ် ဟုတ်တယ် အဲ့ဒီလိုပဲဖြစ်ရမယ်


ကျင်းစစ်က အဲ့ဒီလိုလုပ်နိုင်တဲ့သူပဲ စာကို သေသေချာချာ မသင်ပဲနဲ့ မကောင်းတဲ့ ဒုစရိုက်မျိုးတွေပဲလုပ်တဲ့ လူမျိုးလေ...


သူ၏ လှုပ်ရှားမှုများကြောင့် ကျောင်းကျင်းဖုန် ကောင်းကောင်းအိပ်ပျော်နေရာမှ နိုးလာပြီး စိတ်တိုကာ " ဒီအချိန်တောင်ရောက်နေပြီ ဘာလို့မအိပ်သေးတာလဲ"


" အိုကေ" 


အဖေကျင်း လဲလျောင်းလိုက်ပြီး ကျင်းစစ်၏အတန်းဆရာကို ဖုန်းခေါ်ပြီး ဒီအကြောင်းကို ရှင်းရမည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။


သို့မဟုတ်လျှင် အခြေအနေများပိုဆိုးသွားပြီး သူ့အမျိုးတွေ သူငယ်ချင်းတွေနှင့် ထိုအမျိုးသမီး တို့တွေက သူ့သားကျောင်းမှာ စာခိုးချတာသိလျှင် သူ့မျက်နှာပျက်ရပေမည်။


နောက်တစ်ခါ ကျင်းဖူ အပြင်သွားချိန်တွင် သူလုပ်သည့်ပထမဆုံးအရာမှာ ဆရာလျိုကို ဖုန်းခေါ်ခြင်းဖြစ်သည်။


သို့ရာတွင် ဖုန်းနံပါတ်များရေးထားသည့်စာအုပ်တွင်ရှာလိုက်သောအခါ သူ့တွင် ဆရာလျို၏ ဖုန်းနံပါတ်ကို ရှာမတွေသဖြင့် ရှက်ရွံ့သွား၏။


အဖေကျင်း တခဏမျှ မျက်မှောင်ကျုံ့လိုက်ပြီး သူမသုံးဖြစ်တာကြာပြီဖြစ်တဲ့ QQ အကောင့်ထဲသို့ ဝင်လိုက်ပြီး တန်းခွဲ 7 မှ မိဘများအဖွဲ့ကိုနှိပ်လိုက်ပြီး  စာပို့ထားသည်များကို ဝင်ကြည့်၍ ဆရာလျိုဖုန်းနံပါတ်ကို ရှာတွေ့သဖြင့် ခေါ်လိုက်လေသည်။


ဆရာလျိုသည် ရုံးခန်းထဲသို့ အခုရောက်နေခြင်းဖြစ်ပြီး သူ့ မြေခွေးပေါက်လေးတွေ ပြသနာရှာထားလား ကိုကြည့်ရန် အတန်းနားတွင် လျှောက်တော့မည် ဖြစ်သည်။ သူ့ဖုန်းအသံမြည်လာသောအခါ သူကြည့်လိုက်၏။


နာမည်မှတ်ထားခြင်းမရှိပေ။ အမည်မသိဖုန်းနံပါတ်ဖြစ်သည်။


ဆရာလျိုက ဖုန်းမဖြေချင်ပေ။ ထိုကဲ့သို့ ဖုန်းများသည် များသောအားဖြင့် စျေးရောင်းခြင်း ဒါမှမဟုတ် အနှောက်အယှက်များဖြစ်သည်။ သူထပ်ကြည့်ပြီးနောက် ဖုန်းနံပါတ်ပြောင်းလိုက်သော ကျောင်းသားမိဘဖြစ်နိုင်လောက်သည်ဟုတွေးလိုက်သည်။


သူဖုန်းဖြေမည့် ခလုတ်ကို နှိပ်လိုက်လေသည်။


" မစ္စတာလျို ကျွန်တော်က ကျင်းစစ်အဖေပါ" အဖေကျင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။


ဆရာလျို သူ့မျက်ခုံးများကို ပင့်လိုက်သည်။ 


ဒါက ရှားရှားပါးပါး ပဲ။ 


ကျင်းစစ်ကို သင်နေတာ တစ်နှစ်ကျော်နေပေမဲ့ ကျောင်းသားအဖေကတော့ ကျောင်းသားမိဘ တွေဆုံပွဲ တွေလည်းမလာ ကျောင်း လှုပ်ရှားမှုတွေမှာလည်းမပါ သူ့နဲ့တောင်စကားမပြောဖူးဘူး သူကဘာလို့ ရုတ်တရက်ကြီး ဖုန်းခေါ်တာလဲ...


ကျင်းစစ် စာမေးပွဲ ရလဒ် အမှန်တွေကို သိသွားလို့များလား...


ဆရာလျို၏ စိတ်ထဲတွင် ခဏမျှ အတွေးများသွားလေသည်။ သို့ပေမဲ့ ယဥ်ကျေးစွာ ပြောလိုက်ပြီး " ကျင်းစစ်အဖေ တစ်ခုခုများဖြစ်လို့လားဗျ"


" ကျွန်တော် ဆရာ့ကို မေးချင်လို့ပါ ကျင်းစစ် အရင်စာမေးပွဲမှာ ခိုးချခဲ့တာလား" အဖေကျင်းက ဘလူးတု နားကြပ်ကို တပ်လိုက်ပြီး ကုမ္ပဏီသို့ ကောင်းမောင်းထွက်လိုက်သည်။ 


" မစိုးရိမ်ပါနဲ့ ကျွန်တော်သူ့ကို ကောင်းကောင်း ဆုံးမလိုက်ပါ့မယ်"


ဆရာလျိုက စိတ်ပျက် အံ့အားသင့်သွားလေသည်။ 


ထို့နောက် လှောင်ပြုံးပြုံးလိုက်ပြီး " ခိုးချတယ် ဟုတ်လား ခင်ဗျားကို ဘယ်သူက ကျင်းစစ် ခိုးချတယ်လို့ပြောလိုက်တာလဲ"


အဖေကျင်း ပြန်မေးလိုက်သည်။


" ခိုးချတာ မဟုတ်ရင် စာမေးပွဲ မှာ ဘယ်လိုလုပ် အဲ့ဒီလောက်အမှတ်ကောင်းမှာလဲ"


ဆရာလျိုက ဒေါသကြီးသည်။ သူ ထိုသို့ပြောလိုက်သောအခါ သူချက်ချင်း စိတ်တိုသွားလေသည်။


" ကျင်းစစ်က ဘာလို့ အမှတ်ကောင်း မရနိုင်ရမှာလည်း စာမေးပွဲ မှာအဲ့လောက် ခိုးချဖို့လွယ်နေရင်တောင် သူတစ်ချိန်လုံး ခိုးချနေနိုင်မလား နောက်ပြီး ကျင်းစစ် အမှတ်တွေက အရမ်းကောင်းလွန်းတယ် ခိုးချရင်တောင်မရနိုင်ဘူး"


ဆရာလျိုက အသက်ပြင်းပြင်း ရှုလိုက်ပြီး စိတ်လျော့ဖို့ ကြိုးစားလိုက်သည်။


" ကျင်းစစ် အခုနောက်ဆုံး သခ်ျာအိုလံပစ် ပြိုင်ပွဲ မှာ အမှတ်ဘယ်လောက်ရလဲသိလား 82 မှတ် "


" ဒီအမှတ်က မြင့်တယ်မထင်ရပေမဲ့ " 


ဆရာလျိုက အသံ ဩဩ ဖြင့်ပြောလိုက်သည်။ 


" ဒါပေမဲ့ ကျင်းစစ်က တစ်ကျောင်းလုံးမှာ နံပါတ် 1 ပဲ"


ကျင်းဖူ စတီရာတိုင်ကို ကွေ့လိုက်ပြီး ဘရိတ်ကို နင်းလိုက်ကာ လမ်းဘေးတွင် ကားရပ်လိုက်ပြီး မယုံကြည်နိုင်စွာပြောလိုက်သည်။


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


အိုလံပစ် ကျင်းစစ် ဦးနှောက်က အိုလံပစ်သခ်ျာကို သင်နိုင်သေးတယ်လား သူကဘာလို့မသိတာလဲ...


ကျင်းဖူ တွေးနေချိန် ရုတ်တရက် ကားတစ်စီးသည် နောက်မှထွက်လာသည်။ ကားပိုင်ရှင်သည် ကားမှန်ကိုချလိုက်ပြီး သူပါးစပ်ကိုဖွင့်ကာ ဆဲရေးတော့၏။


"မင်းကားရောမောင်းတတ်လား ဖယ်စမ်း လမ်းပေါ်ကဖယ်စမ်း  ငါ ကားနောက်တန်းကို ထိလုနီးပါးပဲ ဟေး...အခုနောက်ပိုင်း ထက်မြက်တဲ့သူ အနည်းငယ် ပဲတွေ့တော့တယ် အကုန်လုံးနီပါးက အရူးတွေပဲ "


( Eng T/n : ဒီတစ်ခုကသိပ်မသေချာဘူး)


အဖေကျင်း ဆိုးဆိုးဝါးဝါး အဆူခံလိုက်ရသည်။ သူပြန်ပြောမလို့လုပ်တုန်း သူဆရာလျိုနှင့် ဖုန်းပြောနေသေးတာကို သတိရသွားပြီး သူ့ကိုယ်သူသာထိန်းချုပ်လိုက်ရ၏။


ထို့နောက် ကားပိုင်ရှင်သည် သူပြန်မပြောတာကိုတွေ့သွားပြီး ပြောနေလဲအပိုဘဲ ဟုတွေးကာ တံတွေး ထွေးပြီး ထွက်သွားတော့သည်။


ဖုန်းထဲတွင် ဆရာလျိုက ဆက်ပြောနေသည်။


" ကျင်းစစ်က ကျွန်တော်မြင်ဖူးသမျှထဲမှာ အတော်ဆုံးပဲ ပြောပါရစေဦး ကျင်းစစ်အဖေ အိုလံပစ်ပြိုင်ပွဲတင်မဟုတ်ဘဲ နိုင်ငံအဆင့် သင်္ချာ ပြိုင်ပွဲ တွေမှာလည်း ကျင်းစစ်ကို အရမ်း စိတ်ချယုံကြည်တယ်"


" ကျွန်တော်တို့အလုပ်တွေနဲ့ ပိုပူပေါင်းပြီး ကျင်းစစ်ကို ပိုဂရုစိုက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ် ဒါမှ သူပြိုင်ပွဲတွေမှာ ပိုပြီး စိတ်အခြေအနေ ကောင်းလာမှာ"


ရုတ်တရက် ကျင်းဖူ ခေါင်းကို တူနဲ့ထုခံရသလို ခံစားလိုက်ရသည်။ ကျင်းဖူ ကြက်သေသေနေ၏။ သူ ဆရာလျို ဖုန်းချလိုက်သည်ကိုပင် မသိလိုက်ပေ။


သူ့ရဲ့ ဂန်းစတားနဲ့တူတဲ့ အကြီးဆုံးသားက ခိုးမချခဲ့ဘဲနှင့် သူ့အရည်အချင်းနဲ့သူ ကျောင်းမှာ အဆင့်တစ် တဲ့လေ...


ထိုတစ်နေ့လုံး အဖေကျင်းသည် အလုပ်တွင် စိတ်လွတ်နေသကဲ့သို့ ဖြစ်ကာ သူ့စိတ်ထဲတွင် ကျင်းစစ် အကြောင်းသာ တွေးနေမိ၏။


သူ့သားအကြီးဆုံးက ဘယ်အချိန်ကတည်းက ပိုကောင်းလာသည်ကို မှတ်မိရန် ကြိုးစားနေမိသည်။ သို့ပေမဲ့ သူကျင်းစစ် ကိုလျစ်လျူရှုမိတာ ကြာပြီဖြစ်တဲ့အတွက် သူ့အကြောင်းနည်းနည်းလေးတောင် မမှတ်မိပေ။


ညနေအထိ စောင့်ပြီးချိန်တွင်တော့ ကျင်းစစ်စာမေးပွဲ ဖြေပြီးချိန်တွင် ကျင်းဖူ သည် ဖုန်းကိုယူလိုက်ပြီး ဖုန်းခေါ်လိုက်သည်။


သို့ပေမဲ့ အကြိမ်အများကြီးခေါ်ပြီးချိန်တွင် ကျင်းစစ် ဖုန်းမကိုင်ခဲ့ပေ။


ကျင်းစစ်အတွက် ဖုန်းခေါ်ခံရသည်က ရှားပါးလေသည်။ နိုင်ငံအဆင့် သင်္ချာ ပြိုင်ပွဲ အတွက် ပြည်နယ်စု အကြိုစမ်းသပ်ပွဲ ကိုပြင်ဆင်ရန် တစ်ပတ်လိုသေးသည်။ ဆရာကျောက်သည် သူစာတမ်းတွေကို ပြင်ဆင်ရမည်ကို မသိပေ။


သူတို့သည် နှစ်ပတ်ကြို၍ အသိပေးခံရသည်။ စာမေးပွဲပြီးနောက် စားသောက်ပြီးသောအခါ ပြိုင်ပွဲခန်းသို့ စာမေးပွဲဖြေရန်ပြန်လာကြသည်။


__


Translated By IQ-Team.