အပိုင်း၄၄
Viewers 14k

Chapter 44

Chapter 44


-----------------------

တစ်ရက်အတွင်း စာမေးပွဲသုံးကြိမ်ဖြေအပြီးတွင် အတော်ဆုံးကျောင်းသားဆယ်ယောက်သည် ဆက်တောင့်မခံနိုင်တော့ပေ။


ဆရာကျောက် သည် သူတို့ကိုယ်သူတို့ အရမ်းဖိအားမပေးစေချင်ပေ။ ထိုမှသာ ပြိုင်ပွဲတွင် ဆိုးရွားတဲ့ အခြေအနေနှင့် အဆုံးမသတ်မည်ဖြစ်သည်။ စာတမ်းတွေကို စုပြီးတဲ့နောက် သူအချိန်ကိုကြည့်လိုက်ပြီး သူတို့ကို ကိုယ်ပိုင်စာကြည့်ချိန် ပေးလိုက်ပြီး အခန်းသို့ ပြန်ခိုင်းလိုက်သည်။ 


အတန်းကို ပြန်သောလမ်းတွင် ကျင်းစစ် သူ့ဖုန်းကို အသံပိတ်ထားသလားဆိုတာ မသေချာသဖြင့် ဖုန်းထုတ်ကြည့်လိုက်ချိန်တွင် ကျင်းဖူကသူ့ကို တစ်ဒါဇင်မက ခေါ်ထားသည်ကို တွေ့လိုက်ရ၏။


သူက ခေတ္တ တိတ်ဆိတ်သွားပြီးနောက် စာသင်ဆောင်၏ လက်ဝဲဘက်ရှိ ပန်းခင်းကြီးဆီသို့ သွားလိုက်သည်။ အထဲတွင် မည်သူမျှမရှိကြောင်းတွေ့သောအခါ သူအဖေကျင်းကိုပြန်ခေါ်လိုက်လေသည်။


ထိုအချိန် ဖုန်းခေါ်ဆိုမှု မချိတ်ဆက်မိချိန်တွင် ကျင်းဖူ အတွေးများနေလေသည်။ ကျင်းစစ်က ရုတ်တရက် စာကြိုးစားပြီး ယခုအဆင့်ရောက်လာခြင်းကို သူဂရုမစိုက်ပေ။ သူ့အတွက် ကျင်းစစ်၏ စာမေးပွဲရလဒ်ကသာ အရေးကြီးသည်။


မစ္စတာလျို ပြောသလိုပင် ကျင်းစစ်ရမှတ်များသည် အမှန်ဖြစ်လျှင် ကောလိပ် ဝင်ခွင့်စာမေးပွဲသည် သူ့အတွက်မခက်ခဲပေ။


ထိုရလဒ်တွေထွက်လာချိန်တွင် သူ စားသောက်ပွဲတွေကို ပြင်ဆင်လိုက်ပြီး ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေကို ဖိတ်လိုက်ပြီး ထိုအကြောင်းကြွားလို့ရပြီဖြစ်သည်။


အဖေကျင်းက ကျင်းစစ်နှင့် ကောင်းကောင်းမွန်မွန်စကားပြောဖို့ ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သို့ပေမဲ့ သူ၏ကျင်းစစ်အပေါ် သဘောထားသည် ညတွင်းချင်းမပြောင်းလဲနိုင်ပေ။ ဖုန်းချိတ်ဆက်မိသောအခါ သူ့၏ဒေါသထွက်နေသော စကားတို့ကို ပါးစပ်အပြည့်ပြောလိုက်သည်။


" မင်းဘာလို့ ငါဖုန်းခေါ်တာကို ချက်ချင်း မကိုင်တာလဲ ငါမင်းကို ဘယ်လောက်တောင် ခေါ်လိုက်ရလဲ တွေ့လား?"


ကျင်းစစ်က ဂရုမစိုက်စွာပြောလိုက်သည်။


" ကျွန်တော်က ရှန်ဟိုင်းမှာ စာလေ့လာနေတာ" 


အဖေကျင်း ကသိကအောက်ဖြစ်စွာ ချောင်းဟန့်လိုက်ပြီး ခဏရပ်တန့်ကာ ဆက်ပြောလိုက်သည်။


" မင်းငါ့ကို မင်းအဆင့်တွေအကြောင်း အမှန်ပြောစမ်း "


အဆင့်တွေကြောင့်ဆိုတာ သေချာသွားပြီ...


" ဘာမှမဖြစ်ဘူး" ကျင်းစစ် သူ့ခြေထောက်နားက ကျောက်စရစ်ခဲသေးသေးလေးကို ငုံ့ကြည့်လိုက်ပြီး " ကျွန်တော် အရင်လိုဆက်မလုပ်ချင်တော့ပဲ စာကိုပဲခက်ခက်ခဲခဲ လေ့လာချင်တော့လို့"


သူသာ ခက်ခက်ခဲခဲစာကြိုးစားချင်ရင် ကျောင်းနောက်ဆုံးရဲ့အဆင့်တစ်ကနေ အတော်ဆုံးအဆင့်တစ်ကို တကြိမ်ထဲနဲ့ ရနိုင်တာလား


အဖေကျင်း မယုံပေ။ သို့ပေမဲ့ နှိုက်နှိုက်ချွတ်ချွတ် သိဖို့ကို လည်းမကြိုးစားပေ။


" မင်း..."


ကျင်းဖူကသူ့အသံအနေအထားကို ချင့်ချိန်ပြီး " မင်း အတန်းဆရာစကားနားထောင်ပြီး မင်းသင်္ချာပြိုင်ပွဲ ဝင်ပြိုင်ချင်လို့လား"


ကျင်းစစ် "ဟမ်" လို့သူ့ကိုအသံပေးလိုက်သည်။


" ဒါဆို မင်းဘာလို့မိသားစုကို မပြောတာလဲ" 


ကျင်းဖူ မျက်မှောင်ကြုံ့ပြီး ညည်းညူလိုက်သည်။


" မင်းအသက် ဘယ်လောက်တောင် ရှိပြီလဲ မင်းညီလေးလောက်တောင်မသိတတ်ဘူး..."


ကျင်းစစ်က ကျင်းမြောင်အကြောင်းမကြားချင်ပေ။ သူကျင်းဖူ စကားကိုဖြတ်ပြောလိုက်သည်။


" အဲ့ဒါက အရေးမကြီးဘူးလေ"


ကျင်းမြောင်ရဲ့ wechat မှစကားများသည် သူ့နှလုံးသားတွင် စွဲနေလေ၏။


သူသည် အမှန်စင်စစ်ပင် အဖေကလည်းဂရုမစိုက် အမေကလည်းမလိုချင်သည့် သူဖြစ်သည်။ မဟုတ်ပါက မွေးပြီးပြီးချင်း အမှိုက်ကန်ထဲသို့ အပစ်ခံရမည်မဟုတ်ပေ။


" မလိုဘူး " ပျင်းရိငြီးငွေ့နေသောသံကြောင့် ရုတ်တရက် စိတ်တိုချင်သွားသည်။ 


သို့ပေမဲ့ အနာဂတ်တွင် သူ့အတွက်ကောင်းကျိုးရနိုင်မည့် ကျင်းစစ်၏ အောင်မြင်မှု ထင်ပေါ်ကျော်ကြားမှုများကိုတွေးလိုက်သောအခါ သူ၏ နှလုံးသားထဲမှ မီးတောက်များကို ချုပ်တည်းလိုက်ပြီး " မင်းငါ့ကိုစိတ်ဆိုးနေတာလား"


သူကသက်ပြင်းချလိုက်ပြီး " မင်းကြီးလာရင် မိဘတွေက သံကို သံမဏိ ဖြစ်တဲ့အတွက် မုန်းတာကို မင်းနားလည်လာလိမ့်မယ်"


အဖေကျင်း သူ့အသံကို ပိုကြင်နာတဲ့ပုံပေါက်အောင် လုပ်ယူလိုက်ပြီး " အခုကစပြီး တနဂ်နွေနေ့ နေ့လည်တွေမှာ အိမ်ကိုပြန်လာခဲ့ ဘာပဲဖြစ်ဖြစ် မင်းကျောင်းက အိမ်နဲ့နီးတာပဲ မင်းလည်း ကြီးပြင်းလာပြီပဲ အိမ်ပြန်လာပြီး မင်းအမေကို မင်းအတွက် အာဟာရရှိမယ့် အစာတွေချက်ပေးဖို့ပြောလေ"


သူကခေတ္တ ရပ်နေပြီးမှ ထပ်ပြောလိုက်သည်။


" မင်း မြောင်မြောင်ကိုလည်း သူ့အိမ်စာတွေကူလုပ်ပေးပေါ့ မင်းညီလေးက နောက်နှစ် ဂျူနီယာနှစ်ရဲ့ ဒုတိယနှစ်လေ နောက်ပြီး သူ့ကို အတန်းခွဲမယ့်နှစ် ဒီပညာသင် နှစ်ဝက်က အရေးကြီးတယ် မင်းသူ့ကို ကူပေးသင့်တယ်"


တချိန်ကျရင် သူ့အိမ်က ညီအစ်ကို နှစ်ယောက်က နာမည်ကြီးတဲ့ကျောင်းတွေကိုသွားတက်ရမည်ဟု တွေးလိုက်သောအခါ သူ့မျက်နှာသည် ပိုမိုလင်းလက်တောက်ပလာခဲ့သည်။


ကျင်းစစ်က ပေါ့ပေါ့ပါးပါး ပဲပြောလိုက်သည်။


" သူ့ရဲ့ ဒုတိယနှစ်က ကျွန်တော့် တတိယနှစ်ထက်အရေးကြီးတယ်ပေါ့"


အဖေကျင်းမျက်မှောင်ကြုံ့လိုက်သည်။ 


သူ ကျင်းစစ်ကိုသဘောမကျတာ မထူးဆန်းပါဘူး။


ကျင်းစစ် ပင်ကိုစိတ်သဘောထားက ထိုအမျိုးသမီးနှင့်အတော်တူသည်။ အမြဲအပိုလုပ်ပြီး ကိုယ့်ညီနှင့်ပင် လိုက်ပြိုင်နေပြီး မထောင်လွှားဘဲ ဘယ်လိုနေရမလဲ လည်းမသိဘူး။


" မင်းက အဆင့်ကောင်းတယ်မလား မင်းကပြိုင်ပွဲကိုလည်းဝင်ပြိုင်နိုင်ပြီး ပထမနေရာကိုလည်းယူနိုင်တယ်မလား" 


ကျင်းဖူ အရင်က ကျင်းစစ် ချီးကျူးခံရတာ ကြိုက်မှန်း မှတ်မိသွားသည်။ သူသာ ကျင်းစစ်ကို ချီးကျူးပေးနေမယ်ဆိုရင် သူကတော်တော်ကြာကြာပျော်နေလောက်သည်။ ထို့ကြောင့် သူကျင်းစစ်ကို စိတ်ပျော့စေရန် ကြိုးစားလိုက်၏။


" မြောင်မြောင်က မင်းလောက်မတော်ဘူးလေ အဲ့ဒါကြောင့်မင်းသူ့ကို ကူပေးရမှာပေါ့ မင်းတို့ကညီအကို တွေပဲလေ အရိုးတွေကျိုးသွားရင်တောင် ကြွက်သားတွေက ရှိနေဦးမှာပဲလေ မင်းသူ့ကိုကူညီတာကောင်းမှာပါ သူလည်းမင်းကို အနာဂတ်မှာ ပြန်ကူညီမှာပေါ့ မင်းက အသက် 18 တောင်ဖြစ်နေပြီ အမြင်မှန်ရသင့်နေပြီလေ"


" မရဘူး" 


ကျင်းစစ်က အမူအရာမဲ့စွာပြောလိုက်သည်။


" သူ့အဆင့်တွေတိုးတက်ချင်ရင် သူ့ကို  ကျူတာ ရှာပေးလိုက် ကျွန်တော့်မှာ အချိန်မရှိဘူး"


" အတန်းစနေပြီ ကျွန်တော်ဖုန်းချလိုက်တော့မယ်" 


ကျင်းစစ်က မျက်လွှာချလိုက်ပြီး ဖုန်း၏တခြားတစ်ဖက်မှ ကျင်းဖူ၏ စိတ်တိုနေသံကို မကြားချင်ယောင်ဆောင်ကာ ဖုန်းချသည့်ခလုတ်ကို မတုံ့ဆိုင်းဘဲ နှိပ်လိုက်သည်။


သူ့တွင် ကျင်းမိသားစုနှင့်ပြန်လည် အဆင်ပြေရန် အစီအစဥ်မရှိရုံသာမက သူ၏မကျေနပ်ချက်များကို သူတော်စင်တစ်ယောက်ကဲ့သို့ ခွင့်လွှတ်ပေးရန်လည်းအစီမစဥ်မရှိပေ။ ကျင်းမြောင်ကသာ သူ့နှစ်ဘဝလုံးတွင် သူ့ကိုအလွန်မုန်းတီးသူဖြစ်ပြီး သူ့ကို စက်ဆုပ်စေခဲ့သည်။ 


ကျင်းမြောင်ကို သင်ပေးရမယ်...စိတ်ကူးယဥ်နေလိုက်...


ကျင်းစစ် ပန်းခင်းလေးရှေ့မှာ ခေတ္တ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်နှာကို ပွတ်သပ်လိုက်ကာ သူ၏မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားချိန်မှ ခြေလှမ်း၍ အတန်းသို့ပြန်သွားလိုက်သည်။


သူအခန်းဝသို့ ဝင်လိုက်သောအခါ ပထမအတန်းသည် ပြီးသွားလေပြီ။ ယင်းကျောင်းက ခုံပေါ်သို့လက်တင်လိုက်ကာ ဟယ့်ကျိုးကို စကားပြောရန် လှည့်လိုက်သည်။


သူ့လှုပ်ရှားသံကို ကြားသောအခါ သူ့မျက်လုံးကို ပင့်ပြီး ကြည့်လိုက်၏။ 


ကျင်းစစ်ကိုမြင်သောအခါ သူချက်ချင်းပြန်လှည့်လိုက်ပြီး "ဘာလို့ဒီအချိန်မှပြန်လာတာလဲ ဘာဖြစ်ခဲ့လို့လဲ" 


" အဆင်ပြေပါတယ်" ကျင်းစစ်က ခုံထုတ်ပြီး ထိုင်လိုက်သည်။ 


ခုံအောက်မှ သင်္ချာစာအုပ်ကိုထုတ်ပြီး လှန်နေရင်းမှပြောလိုက်သည်။


" ပြိုင်ပွဲနီးနေလို့ ဆရာကျောက်က ငါတို့ကို အနားယူစေချင်တယ်လေ"


ယင်းကျောင်းက အလေးအနက်ထားခေါင်းငြိမ့်လိုက်ပြီး သူ့လက်ပေါ်တွင် တရစပ် လှုပ်ရှားနေသော ဘော့ပင်ပေါ်သို့ အကြည့်ရောက်သွားပြီး သူ့မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်သည်။


ကျင်းစစ်က စိတ်အခြေအနေမကောင်းလျှင် သူတခြားအရာတွေကို ဘေးဖယ်ထားလိုက်ပြီး စိတ်ထွက်ပေါက်အဖြစ် သင်္ချာပုဒ်စာများကိုသာ ကမန်းကတန်း တွက်မည်ဖြစ်သည်။


ပြိုင်ပွဲခန်းထဲမှာများတစ်ခုခု ဖြစ်ခဲ့လို့လား...


ယင်းကျောင်းက သူ့ခေါင်းကိုခါလိုက်ပြီး ထိုအတွေးကို ငြင်းဆန်လိုက်သည်။ ကျင်းစစ်က သူ့ခေါင်းကိုရိုက်တာမဟုတ်သရွေ့အခြားကိစ္စများကြောင့် ပုံမှန်အားဖြင့် စိတ်တိုလေ့မရှိပေ ။


အဲ့ဒါဆိုဘာဖြစ်တာလဲ နေ့လည်စာစားတုန်းကတောင် အဆင်ပြေနေသေးတယ်...


သူတွေးနေချိန်တွင် ကျင်းစစ်သည် သူ့ဖုန်းကို ဗလာဖြစ်နေသော အမူအရာနှင့် ခုံအောက်သို့ မကြည့်ဘဲထည့်လိုက်သည်။


ဖုန်းမှမီးလင်းသွားသောအခိုက်တွင် ယင်းကျောင်း ဖုန်းမျက်နှာပြင်၌ wechatမှ မက်ဆေ့များကို ဖျက်ခနဲမြင်လိုက်ရသည်။


ကျင်း​စစ်ဆီကို wechatမှတဆင့်စာပို့နိုင်သူများမှာ တန်းခွဲ 7 အပြင် ကျင်းမိသားစုသာရှိသည်။


တန်းခွဲ 7 ဆီမှသာဆိုရင် ကျင်းစစ် အခုလို စိတ်အခြေအနေဖြစ်နေမှာ မဟုတ်ဘူး ဒါဆို ကျင်းမိသားစုက ကျင်းစစ်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာလား...


ယင်းကျောင်း ခေါင်းကိုမော့၍ နံရံထက်ရှိ နာရီကို ကြည့်လိုက်သည်။ ညဘက် ကိုယ်ပိုင်စာကြည့်ချိန်နှစ်ခု ကြားထဲတွင် နားချိန် အကြာကြီးရှိလေသည်။ မိနစ် 20 နားချိန်နှင့် အတန်းမှထွက်ရန် 2 မိနစ်သာလိုတော့သည်။


ကျင်းစစ်က သူ၏အတွေးများကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသည်။ သူ့ကို တိုက်ရိုက်မေးလိုက်လျှင်ပင် ထိုအကြောင်းအရာကနေ ခေါင်းစဥ်လွှဲသွားပြီး သူလည်း ဘာမှသိနိုင်မည်မဟုတ်ချေ။


ယင်းကျောင်းက သူ့စိတ်ထဲတွင် စာစီလိုက်ပြီး ကျင်းစစ်ဘေးနားရွေ့သွားပြီးမေးလိုက်သည်။


" ဘာဖြစ်လို့လဲ"


ကျင်းစစ်က ဟမ် လို့သာပြောပြီး ရွေးချယ်မှုမေးခွန်းများ၏ အဖြေများကိုသာ ဘော့ပင်ဖြင့် ကွင်းဝိုင်းနေလိုက်သည်။


" မင်းရဲ့ကျောင်းဝတ်စုံက ကိုယ့်အိမ်မှာ" 


ယင်းကျောင်း ပြောလိုက်ပြီး သူ့လက်ထဲရှိဘောပင်ဖြင့်သာ ဆော့နေလိုက်သည်။


" လွန်ခဲတဲ့နှစ်ရက်က စာမေးပွဲ ရှိတော့မင်းကိုပေးချိန်မရှိဖြစ်သွားတာ မနက်ဖြန် ကိုယ်ယူလာခဲ့မယ်"


" အလျင်မလိုပါဘူး" 


နောက်ဆုံးတော့ ကျင်းစစ်က စာရေးတာရပ်လိုက်ပြီး လှည့်ကာပြောလိုက်သည်။


" ငါ့မှာ ယူနီဖောင်း သုံးစုံရှိတယ်လေ လျှော်ပြီး လဲဖို့ အလုံအလောက်ရှိပါတယ်"


မူလ ကိုယ်ပိုင်ရှင်ကအဝတ်လျှော်ဖို့အတွက်အရမ်းပျင်းတယ်။ တခြားသူတွေမှာ နှစ်စုံပဲရှိပေမဲ့ သူ့မှာသုံးစုံရှိတယ်လေ။


" အလျင်မလိုဘူး" 


ယင်းကျောင်းက ထိုစကားလုံးများကို လိုက်ပြောလိုက်ပြီး ရုတ်တရက် ပြုံးလိုက်ကာ " အတန်းဖော်လေး ကိုယ်နားလည်ပြီလို့ထင်တယ် "


ကျင်းစစ်ကမူ နားမလည်ပေ။


" ဘာဖြစ်တယ်"


ယင်းကျောင်းက ခုံနောက်မှီပေါ် မှီလိုက်ပြီး အဓိပ္ပါယ်အပြည့်ဖြင့်ပြောလိုက်သည်။


" မင်းအဝတ်တွေကို ကိုယ့်အိမ်မှာထားခဲ့လိုက်ရင် ကိုယ်အဲ့ဒါတွေကိုတွေ့တဲ့အခါကျ ကိုယ်မင်းအကြောင်း တွေးနေရလိမ့်မယ်လေ..."


သူက ရပ်တန့်လိုက်ပြီးပြုံးလိုက်သည်။


" ဒါဆိုမင်းက ကိုယ်မင်းအကြောင်းကို တချိန်လုံးတွေးနေစေချင်လို့ပေါ့ ကျောင်းမှာဖြစ်ဖြစ် ကျောင်းဆင်းရင်ဖြစ်ဖြစ်"


" ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ မင်းပြောနေတာလဲ" 


ကျင်းစစ်ရဲ့ပါးများပူလာကာ သူ့လက်ထဲက ဘောပင်ကို လွှတ်ချမိမလိုပင် ဖြစ်သွားသည်။


" ငါအဲ့ဒါကိုပြောချင်တာမဟုတ်ဘူးလေ"


" အိုး" 


ယင်းကျောင်းက သူ့မေးကို လက်တစ်ဖက်ဖြင့်ထောက်လိုက်ပြီး သူ့ကို ကြည့်၍ ပြုံးလိုက်ကာ " ကိုယ်က အရမ်းစိတ်အားထက်သန်နေလို့ဖြစ်မယ် ကိုယ်ပိုကြိုးစားရဦးမယ်နဲ့တူပါတယ်"


ကျင်းစစ်က စိတ်ကိုတည်တည်ငြိမ်ငြိမ် ထားလိုက်ပြီး သူ့ကိုဂရုမစိုက်တော့ဘဲ နေလိုက်သည်။ သူ့ခေါင်းကိုငုံ့လိုက်ပြီး မေးခွန်းတွေကိုသာဆက်ဖြေနေလိုက်သည်။ ယင်းကျောင်းသူ့ကို စလိုက်သဖြင့် သူပို၍နေလို့ထိုင်လို့အဆင်ပြေသွားကြောင်း သိလိုက်ရ၏။


ယင်းကျောင်းကသူ၏ အမူအရာတွေကိုမျက်လုံးထောင့်မှ လိုက်လေ့လာနေပြီး ခုနတုန်းက စိတ်ညစ်နေတာတွေ မေ့လုနီးပါး ဖြစ်လောက်ပြီဟု မှန်းဆပြီးမှ ဆက်ပြောလေသည်။


" ဒါနဲ့ မင်း ကိုယ်တို့နှစ်ယောက်အိမ်သာထဲမှာ ရန်ဖြစ်ခဲ့တာမှတ်မိသေးလား"


ကျင်းစစ်က သူ၏ ဘောပင်ကိုချလိုက်ပြီး စာအုပ်ကိုပိတ်ကာခေါင်းငြိမ့်လိုက်သည်။


" မှတ်မိတယ်"


ယင်းကျောင်းက ဆက်ပြောလေသည်။


" အဲ့ဒီတုန်းက ကြမ်းတိုက်တံနဲ့ လူတွေကိုရိုက်ရတာပျော်လား"


ခေါင်းကို အရိုက်ခံခဲ့ရတုန်းကအမုန်းတွေကိုတစ်ဘဝလုံးမေ့နိုင်တော့မည်မဟုတ်ပေ။ ကျင်းစစ်က အေးစက်စွာပြောလိုက်သည်။


" အဲ့ဒီတုန်းက ငါနည်းနည်းလောက် ပိုရိုက်ခဲ့မှာ"


ယင်းကျောင်းက ပြုံးလိုက်သည်။ 


" အမှန်ပဲ ဒါပေမဲ့ ဒီကောက မင်းအတွက် လက်စားချေပေးပြီးပြီလေ"


ကျင်းစစ်မျက်နှာ အမူအရာမှာ ပြောင်းလဲသွားသည်။


" မင်းထပ်ပြီး ရန်ဖြစ်ပြန်ပြီလား"


"ဘယ်မှာလဲ ကိုယ်က အဲ့လိုလူမျိုးလား" 


ယင်းကျောင်းက ကျင်းစစ်ကို အနားသို့ဆွဲလိုက်ပြီ သူ့အသံကိုတိုးလိုက်သည်။


" ကိုယ်နောက်ပိုင်းမှသိတာ တစ်ယောက်ယောက်က ကိုယ့်ကို တမင် ဒုက္ခပေးဖို့ လီရှစ်ကို ပိုက်ဆံပေးခဲ့တာတဲ့ ဒါကြောင့် ကိုယ်သူတို့ကို အတူစားဖို့ခေါ်သွားလိုက်တယ်လေ"


ကျင်းစစ်က အံ့အားသင့်သွားသည်။


" အဲ့ဒါဘယ်သူတဲ့လဲ"


ယင်းကျောင်ကး မတုံ့ဆိုင်းနေဘဲ သဘာဝကျကျ ပြောပြလိုက်သည်။


" ကိုယ့်အဖေရဲ့တရားမဝင်သား"


ကျင်းစစ် မျက်လုံးများ ရပ်တန့်သွားပြီး ရုတ်တရက် သူ့စကားအများကြီး ပြောမိတဲ့ အတွက် နောင်တရသွားလေသည်။


" အဆင်ပြေပါတယ်" 


ယင်းကျောင်း သူဘာတွေးနေသည်ကို သိသည့်အတွက် လက်တို ဆန့်ထုတ်လိုက်ပြီး သူ့ ပုခုံးပေါ်မှနေသိုင်းဖက်ထားလိုက်လေသည်။ ထို့နောက် နားနားကပ်ကာ တီးတိုးလေး​ဆိုလိုက်သည်။


" တခြားသူတွေသိလို့မရပေမဲ့ မင်းကတော့ရတယ်လေ"


ကျင်းစစ်က သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမည်မှန်း မသိပေ။ သူ့ကို ထိုကဲ့သို့ ကိစ္စရပ်မျိုးအား အရင်က မည်သူမျှမသင်ပေးခဲ့ချေ။


သူ အချိန် အတော်ကြာအောင် ထိန်းထားပြီးနောက် သတိကြီးကြီးဖြင့်ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မည်သူမျှ ကြည့်မနေသည်ကိုတွေ့လိုက်သည်။ ထို့နောက် သူက တောင့်တောင့်ကြီးဖြင့် ယင်းကျောင်း၏ လက်ဖျံကို ပုတ်ပေးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။


" မင်း ...ဝမ်းနည်းမနေပါနဲ့ မင်းလိုအပ်လာရင် ငါကိုအမြဲတမ်းပြောနိုင်တယ် ငါ့ပါးစပ်က အရမ်းလုံတယ်"


" ငါ့ပါးစပ်ကလုံတယ်" 


ထိုအရာကို ကျင်းစစ်သူ့ကိုပြောခြင်းမှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည်။


ယင်းကျောင်း ပထမ တစ်ကြိမ်တုန်းက အတည်ဟုမယူဆဘဲ ကျင်းစစ်ကို စနောက်ကာ လေးစားမှုပင်မရှိဘဲ ပြန်ပြောလိုက်သေးသည်။


" ဘယ်လောက်တောင် လုံလို့လဲ"


အခုတော့_


ယင်းကျောင်းက ကျင်းစစ်၏ အတည်ပြောနေသောမျက်လုံး များကိုကြည့်လိုက်ပြီး သူ့နှလုံးသားတစ်ခုလုံးအရည်ပျော်သွားသလို ခံစားလိုက်ရသည်။


သိသိသာသာပင် သူ၏ စိတ်အခြေအနေသည်ကောင်းမနေခဲ့ပေ ။ သို့ပေမဲ့ ထိုအကြောင်းကို ကြားသောအခါ သူကပင် ပြန်လည်၍ နှစ်သိမ့်ပေးနေလေသည်။


သူဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ကျင်းစစ်ကို မကြိုက်ဘဲနေနိုင်ပါ့မလဲ။


ယင်းကျောင်းကသူ၏ နှလုံးသားထဲရှိ ဆူပူအုံကြွနေသော ခံစားချက်များကို မျက်လုံးမှိတ်ကာ ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။


သူက ကျင်းစစ်ကို ငုံ့ကြည့်လိုက်ပြီး သူ့လက်ကိုဖွဖွလေးကိုင်လိုက်ကာ ခေါင်းကို ဖြည်းဖြည်းလေးထိလိုက်ပြီး နူးနူးညံ့ညံ့လေးပြောလိုက်၏။ 


" လူတိုင်းမှာ အရှုပ်ထုတ်ကိစ္စဆိုတာတွေ ရှိတယ် ဒီလိုရွံဖို့ကောင်းတာတွေအတွက် စိတ်မကောင်းဖြစ်မနေနဲ့ သူတို့ကို ရှင်းပစ်ဖို့ အခွင့်အရေးကိုစောင့်ပြီး ရတာနဲ့ရှင်းထုတ်ပြီး အမှိုက်ပုံးထဲကိုသာ တိုက်ရိုက်ကန်ထည့်ပစ်လိုက်" 


ကျင်းစစ်က ခဏတာ အေးခဲသွားကာ ချက်ချင်းတုံ့ပြန်လိုက်၏။ ယနေ့ည ယင်းကျောင်း သူ့စီကိုလာစပြီး လက်ဦးမှုယူကာ သူ့အိမ်က အရှုပ်တွေ အကြောင်းလာပြောရတဲ့ အကြောင်းအရင်းက နောက်ဆုံးစာကြောင်းကြောင့်ပဲ။


" မင်း..." 


ကျင်းစစ်က သူ့ပါးစပ်ကိုဖွင့်လိုက်ချိန်တွင် သူ့လည်ချောင်းသည် တင်းကျပ်ပြီး ဆို့နင့်နေသည်။ သူ့နှလုံးသားက နွေးထွေးမှုကိုခံစားလိုက်ရပြီး အချိန်အတော်ကြာမှ သူစိတ်လျော့နိုင်သွားလေသည် ။ သူက ခက်ခက်ခဲခဲ ပြောလိုက်သည်။


" မင်း...မင်းဘယ်လိုလုပ်သိတာလဲ"


ထိုစကားများကိုကြားပြီးနောက် ထိုသူက တခစ်ခစ်ရယ်မောတော့သည်။


" ကိုယ်တို့ကြားက ဆက်ဆံရေးကဘာလဲ မင်းမမြင်နိုင်ဘူးလား"


ကျင်းစစ်က ဝိုးတိုးဝါးတား​ပြန်​မေးလိုက်သည်။


" ငါ့တို့ကြားကဆက်ဆံရေးကဘာများလဲ"


အတန်းဖော်လား ထိုင်ခုံဖော်လား...


ယင်းကျောင်းက သူ့ကိုငုံ့ကြည့်လိုက်ပြီး သူ့အကြည့်တွေကိုတွေ့သောအခါ သူ့နှုတ်ခမ်းကိုသူ လျှာသပ်လိုက်မိသည်။


" ကိုယ်တို့က ပထမ အနမ်းချင်းတောင်ဖလှယ်ပြီးသွားပြီလေ"


ကျင်းစစ် : "..."


ကျင်းစစ်မှာ ကြက်သေသေသွားရပြီး သူ့ ပါးများနီရဲသွားလေတော့၏။


______


Translated By IQ-Team.