အပိုင်း၄၅
Viewers 12k

Chapter 45

Chapter 45


-----------------------


ကျင်းစစ် နှလုံးသားထဲရှိ အနွေးဓါတ်ကလေးသည် ပျောက်ကွယ်သွားပြီး ရှက်ရွံ့စွာ ယင်းကျောင်းကို ငေးကြည့်လိုက်ပြီး " မင်း အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့" ဟုပြောလိုက်သည် ။


ယင်းကျောင်းက သူ့ကိုအံ့အားသင့်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။


" ကိုယ်ဘယ်မှာ အဓိပ္ပါယ်မရှိတာပြောနေလို့လဲ ကြည့်ရတာ မင်းမေ့သွားပုံပဲ ဒီကိုလာခဲ့ ဒီအကိုကြီးက မင်းကို မှတ်မိအောင် ကူညီပေးမယ်"


" မှောင်မိုက်နေတဲ့ ကောင်းကင် ကြီးမှာ ကြယ်ရောင်လေးတွေက မှိတ်တုတ် မှိတ်တုတ်နဲ့လင်းနေတဲ့အချိန် အတန်းထဲက အယောက်နှစ်ဆယ်ထက်မနည်းတဲ့ လူတွေရဲ့ မျက်လုံးရှေ့မှာပဲ ကိုယ် မင်းကို ဆိုဖာပေါ်တွန်းလိုက်တယ်လေ"


သူ့စကားကို ပြီးအောင်မပြောရသေးချိန် သူ့မှာ စာအုပ်နှင့် အရိုက်ခံလိုက်ရသည်။


ကျင်းစစ် သည်းမခံနိုင်တော့သဖြင့် အံကြိတ်ကာပြောလိုက်သည်။


" ပါးစပ်ပိတ်"


ယင်းကျောင်း စာအုပ်ကို ကာလိုက်ပြီး သူ့လက်ထဲတွင် ကိုင်ထားလိုက်ကာ သူ့မျက်ခုံးများကိုပင့်၍ " ဝါး မင်းကကိုယ်တို့နမ်းခဲ့တာကို မမှတ်မိတော့ဘူးပေါ့ အတန်းဖော်လေး မင်းကလူယုတ်မာလေးလား" 


ကျင်းစစ်က မွန်းကြပ်သွားသလို ခံစားလိုက်ရပြီး ​ပြန်တုံ့ပြန်လိုက်သည်။ 


" ငါတို့မနမ်းခဲ့ပါဘူး ငါတို့ကြားမှာလည်း ဘာဆက်ဆံရေးမှမရှိဘူး"


" စတာပါ " 


ယင်းကျောင်းက စာအုပ်ကို စားပွဲပေါ် ချလိုက်ပြီး ကိုယ်ကို လှည့်ကာ ပြောလိုက်သည်။


" အဲ့အချိန်တုန်းက အတန်းထဲက လူတဝက်လောက်က သက်သေခံနိုင်တယ် ကိုယ်တို့မနမ်းခဲ့ဘူးလို့ မင်းပြောတယ်နော်"


သူပြောပြီးပြီးချင်း သူ့နောက်က ဟယ့်ကျိုး၏ စားပွဲကိုခေါက်ကာ လှည့်ပြီး ပြောလိုက်သည်။


" လူအိုကြီးဟယ့် မင်းကို မေးပါရစေ ငါတို့ညစာအတူစားခဲ့တဲ့ နေ့က ..."


စကားတွေ ဆက်ထွက်မလာခင် ကျင်းစစ်က သူ့ပါးစပ်ကို လက်တွေဖြင့် တင်းတင်းပိတ်လိုက်၏။ 


ဟယ့်ကျိုးသည် ဖန်ချန်းချန်းဖြင့် ခေါင်းချင်းဆိုင်ကာ ဂိမ်းကစားနေခြင်း ဖြစ်ပြီး သူတို့နှစ်ယောက်၏ ကိုယ်ဟန်အနေအထားကို မြင်လိုက်သည်နှင့် သူက ခေါင်းကို ဗလာဖြစ်စွာ ငုံ့လိုက်ပြီး " ငါးနှစ်စာ ကောလိပ်ဝင်ခွင့်စာမေးပွဲ နှင့် သုံးနှစ်စာ သရုပ်သကန် " မိတ္တူစာရွက်များကိုယူကာ သူ့မျက်နှာရှေ့တွင် ကာထားလိုက်ပြီး မနှောက်ယှက်ပါ ဟူသော ပုံစံကိုလုပ်ထားလေသည်။


သို့ပေမဲ့ မျက်နှာသည် ကြီးလွန်းသဖြင့် စာရွက်ဖြင့်လုံအောင် မကာနိုင်ပေ။ ယင်းကျောင်း၏ အမြင်တွင် သူ၏ နှုတ်ခမ်းများတွန့်ကွေးနေသည်ကိုပင် မြင်နိုင်၏။ 


" ဟမ်" ယင်းကျောင်းက ကျင်းစစ်၏ လက်ကောက်ဝတ်ကို ဆုတ်ကိုင်ပြီးနောက် သူ့လက်ကို ဆွဲလိုက်ပြီး ဟယ့်ကျိုးကိုပြုံးကြည့်လိုက်ကာ " လူအိုကြီးဟယ့် ငါမင်းကိုမေးနေတာ ငါတို့ ညစာအတူစားခဲ့တုန်းကလေ..."


" မမေးနဲ့" 


ကျင်းစစ်နားများသည် အနီရောင်ပြောင်းသွားပြီး သူ့မျက်နှာ၏ အပူချိန်ကိုလျော့ချရန် အကောင်းဆုံးကြိုးစားနေရသည်။ ထို့နောက် အသံးတိုးတိုးလေးဖြင့် အလေးအနက်ထားပြောလိုက်သည်။ 


" မမေးပါနဲ့"


" ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ မေးခွန်းတွေကို ဘယ်လိုလုပ် မမေးပဲသနေနိုင်ပါ့မလဲ" 


ယင်းကျောင်းမျက်နှာသည် နီမနေသလို ပျာယာလည်းခတ်မနေချေ။ 


သူ့မျက်နှာအမူအရာသည် အလွန်တရာပင် သဘာဝကျနေကာ သူ့ကိုယ်ကို ထပ်လှည့်လိုက်ပြီး " ကိုယ်အမှတ်မှားတာလဲဖြစ်နိုင်ပါတယ်လေ"


သူကရပ်တန့်လိုက်ပြီး ဆက်ပြောလေသည်။


" ဒါပေမဲ့ ဟယ့်ကျိုးကလည်း ယုံကြည်အားကိုးလို့ရတဲ့သူမဟုတ်ဘူး အဲ့ဒီနေ့က အဲ့မှာ ဘယ်သူများရှိသေးပါလိမ့် လူအိုကြီးကျန့်  လူအိုကြီးဖန် ဝူဝေ့ချန်း အကုန်လုံးကိုမေးကြည့်ရမှာပဲ"


ကျင်းစစ် : "..."


ယင်းကျောင်းက သူ၏ ပျာယာခတ်နေသောမျက်နှာသေးသေးလေးကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ " ဒါဆို ကိုယ်တို့နမ်းခဲ့လား မနမ်းခဲ့ဘူးလား"


ကျင်းစစ်က အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး သူ့မျက်နှာကမူ ကောက်ခါငင်ကာ ပူနွေးလာလေသည်။ သူကယင်းကျောင်းကို ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။


" နမ်းခဲ့တယ် နမ်းခဲ့တယ်  "


" တကယ် မင်း ထပ်ပြီး စစ်ဆေးချင်သေးလား"


ကျင်းစစ်က သူထပ်ပြီး မေးမှာကို ကြောက်ရွံ့၍ မျက်လုံးများကို မှိတ်ထားပြီး ပြောလိုက်သည်။


" တကယ်  နမ်းခဲ့တယ်  "


ယင်းကျောင်းက ကျေနပ်စွာဖြင့် သူ့ခေါင်းကိုပွတ်ပေးပြီးကေ် လွှတ်ပေးလိုက်သည်။


____


သူတို့ကြားက လျှို့ဝှက်ချက်များကို ပြောပြီးကတည်းက ကျင်းစစ်နှင့် ယင်းကျောင်းကြားမှ ဆက်ဆံရေးသည် အရင်ကထက် ပိုမိုနီးကပ်လာလေ၏။


အတိတ်တွင် လူနှစ်ယောက်ကြားက အပြန်အလှန်ဆက်ဆံမှုအားလုံးနီးပါးဟာ ယင်းကျောင်းကသာအစပြုခဲ့ခြင်းဖြစ်သည်။ စာသင်တာကလွဲ၍ ကျင်းစစ်သည် ယင်းကျောင်းကို စကားပြောခဲသည်။


ယခုမူ အတန်းနားချိန်များတွင် ကျင်းစစ်သည် ယင်းကျောင်းနှင့် ရံဖန်ရံခါ စကားပြောတတ်လာသည်။


သူအစခံရ၍ ရှက်နေသေးသော်လည်း သူစိတ်တော့မဆိုးတော့ပေ။ ယင်းကျောင်းကတခါတရံ အလွန်အကျွံ ဆေးလိပ်သောက်လျှင်ပင် ကျင်းစစ်က သူ့ကို သတိပေးတတ်၏။


" အနံ့ စွဲနေလို့လား " 


ယင်းကျောင်း သူ့ခေါင်းကိုငုံလိုက်ပြီး သူ့ကိုယ်သူ အနံ့ခံလိုက်ကာ " မင်းတွေ့ လိုက်တာလား"


" နိုး အနံ့ မစွဲပါဘူး" 


ကျင်းစစ်က သူ့လက်ထဲမှ ဘောပင်ကို ချလိုက်ပြီး " ငါ မင်း ဟယ့်ကျိုးကို စီးကရက်ပေးလိုက်တည်းက မြင်လိုက်တာ"


မနေ့က ဘူးအပြည့်သည် ယနေ့တွင် လုံးဝမရှိတော့ပေ။


ယင်းကျောင်းက ပြုံးလိုက်ပြီး " ရက်အနည်းငယ်လောက်ပါပဲ"


သူသည် ဆေးလိပ်ကို စွဲလမ်းမနေချေ။ သို့ပေမဲ့ ယနေ့ကစာမေးပွဲရလဒ် ထွက်မည့်နေ့ ဖြစ်သဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။ မိန်းကလေးတွေ အချင်းချင်း တကျီကျီ ပြောတာလောက်တော့ မဆိုးပေမယ့် သူသည် သူ့စိတ်ထဲတွင်သာ ထားပြီး စိတ်ထွက်ပေါက်အဖြစ် ဆေးလိပ်ကို သုံးခြင်းဖြစ်သည်။


ယင်းကျောင်း စီးကရက်ဘူးကို ထုတ်ပြီး ထပ်သောက်ချင်နေသေး၏။


ကျင်းစစ်က သူ့ကို ကြည့်လိုက်လျှင် သူသည် ချောင်းဟန့်လိုက်ပြီး ရေသန့်ဘူးကိုသာ အဖုံးဖွင့်လိုက်ပြီး တစ်ငုံသောက်လိုက်လေသည် ။ အတန်းစရန် 7 မိနစ် လိုသေးသည်။ သူမြန်မြန်လုပ်လျှင် အချိန်မှီနိုင်သေးသည်...။


သူ့ထိုင်ခုံကို တွန်းပြီး အပြင်ထွက်သွားလိုက်သည်။


ကျင်းစစ်သာ အနားတွင်မရှိလျှင် ယင်းကျောင်းက သက်တောင့်သက်သာမရှိပေ ။ သူကြည့်လိုက်ပြီး နောက်ပြန်လှည့် လိုက်လျှင် ဟယ့်ကျိုးနှင့် အခြားသူများ အာရုံပြောင်းဖို့ စကားပြောနေသည် နှင့် လူအများစုသည် စု၍ သူတို့ဘာပြောနေမှန်းမသိဘဲ တီးတိုးပြောနေကြသည် ကိုတွေ့လိုက်ရသည်။


ယင်းကျောင်းက ထိုနားသို့ရောက်သွားပြီး သူ့တို့ စားပွဲကိုခေါက်လိုက်ကာ " မင်းတို့ဘာတွေကြည့်နေကြတာလဲ"


" အဟွတ် အဟွတ် အဟွတ်" 


ဟယ့်ကျိုးက ဆရာလျို လာသည်ဟု ထင်လိုက်ကာ သူ့ဖုန်းကိုကြောက်ပြီး လွင့်ပစ်မိမလိုပင် ဖြစ်သွားသည်။ သူ့ရင်ဘက်ကို စိတ်သက်သာရာရစွာ ပုတ်လိုက်ပြီး ပြောလိုက်၏။


" ကျွန်တော်နှလုံးသားလေးကတော့ ခင်ဗျားကြောင့် အလန့်လွန်သွားတော့မလို့ ဘာမှအသစ်အဆန်းမရှိဘူးလေ အဲ့ဒါနဲ့ ဖိုရမ်ထဲကို နေ့တိုင်းဝင်ကြည့်နေမိတော့တာပေါ့"


ယနေ့ စာမေးပွဲရလဒ်ထွက်လာမည်မှာအတိအလင်းကြေငြာလိုက် သောကြောင့် ကျောင်းသားများဖိုရမ်ထဲတွင် ဆွေးနွေးနေကြခြင်းဖြစ်သည်။ ထိုအထဲတွင် ကျင်းစစ် အကြောင်းပိုစ့် များလေသည် ။ ထို့ကြောင့် ဟယ့်ကျိုးလည်းကြည့်ဖြစ်နေသည်။


[ဒီနေ့ ရှင်းလင်းတဲ့ ရလဒ် ထွက်လာပြီးရင် အနီရောင် စာရင်း သိပ်မကြာခင်တင်လိမ့်မယ် ကျင်းစစ်ရဲ့ အဆင့်ကို သိရဖို့စောင့်နေမယ်]


[ဘယ်အဆင့်ကို စောင့်နေမှာလဲ ငါနဲ့မတူဘူး ငါကတော့ရမှတ်တွေကိုပဲ စောင့်မယ်]


[အား ငါကျင်းစစ်ကို ကျောင်းကန်တင်းထဲမှာဒီ မနက်တွေ့လိုက်တယ် ငါက အစားအသောက်ဗန်းကိုကိုင်ထားတုန်း သူကငါ့ရှေ့မှာလေ ငါလက်ထဲမှာ အများကြီးကိုလည်းမြင်ရော သူကငါ့ကို နေရာဖယ်ပေးတယ်လေ ကျင်းစစ်က ငါ့ကို နည်းနည်းတော့တမူထူးခြားပြီး ဆက်ဆံတယ်မလား]


[ဒုက္ခမရှာစမ်းပါနဲ့ အပေါ်ထပ်ကလူရေ ကျင်းစစ်က အမြဲတမ်းအဲ့လိုပဲလေ ငါတို့အတန်းထဲမှာရေနွေးရတုန်းက သူမိန်းကလေးတွေကို အရင်သွားခွင့်ပေးတယ်]


[ဒီလောကမှာ အဓိက အထင်လွဲမှုကြီး သုံးခုထဲက တစ်ခုရှိတယ် : သူငါ့ကိုကြိုက်တယ် တဲ့... ဒီမိန်းကလေးကတော့ငါ့ကိုရယ်ပြီး သေအောင်လုပ်နေတာပဲ Hahahahaha  ကျင်းစစ်က ချစ်မိသွားမယ်ဆိုတာဖြစ်နိုင်ပါ့မလား လုံးဝမဖြစ်နိုင်ဘူးလေ  မိန်းကလေးဘယ်နှစ်ယောက်ရဲ့ နှလုံးသားတွေ ငါတို့တန်းခွဲ 7 ရဲ့ အပေါက်ဝမှာတင် သေဆုံးသွားလဲဆိုတာ မတွေ့ဘူးလား]


[အား...တစ်ယောက်ယောက်များ သူဘယ်လို မိန်းကလေးကို ကြိုက်လဲဆိုတာသိကြလား...]


[အပေါ်ထပ် လူက ဂူအောင်းလူသားလား]


[ဂူအောင်းလူသားလား]


[နင်တို့တွေဘာဖြစ်ကြတာလဲ...ငါမေးတာဘာမှားလို့လဲ]


[ပြောကြတာတော့ ကျင်းစစ်နဲ့ ယင်းကျောင်း ကြားမှာ စကားနဲ့ပြောလို့မရတာတွေရှိတယ်တဲ့ အမ်...]


[ ဟူး အတုအယောင်တွေပါ အဲ့ဒါကြောင့်နဲ့ အတွေးမမှားနဲ့ ယင်းကျောင်းက ဘယ်သူမို့လို့လဲ သူတို့ကြားမှာသာတစ်ခုခု ဖြစ်ရင် ကောလာဟလ အဖြစ်ပေါ်လာမှာ မဟုတ်ဘူး]


[ကြည့်ရတာတော့...]


[ဘယ်သူမှ ငါ့ယောက်ျားအကြောင်း ကောလဟာလ ဖြန့်ခွင့်မရှိဘူး... ကျင်းစစ်က အခု ငါ့အိပ်ယာထဲမှာ ]


" ငါ့ကိုပြစမ်း " ယင်းကျောင်း သူ့ဖုန်းကိုသူ ထုတ်ကြည့်ရမှာပျင်းသဖြင့် ဟယ့်ကျိုးဖုန်းကို တောင်းလိုက်သည်။


ကျင်းစစ်ကိုလူတွေက ယောက်ျားတို့ အကိုကြီးတို့ခေါ်တာတွေကိုမြင်သွားပြီး ယင်းကျောင်းတွေ့ရင် ဒေါသထွက်မှာကို စိုးရိမ်နေတဲ့အတွက် သူဖုန်းကို သူ့အနောက်ဘက်တွင် ဖွက်လိုက်ပြီး ပြုံးကာပြောလိုက်သည်။


" ဘာမှကြည့်စရာမရှိပါဘူး ဒီတိုင်းနေ့စဥ် ပိုစ့်မျိုးတွေပါ"


ယင်းကျောင်းက သူ့မျက်ခုံးတွေကို ပင့်လိုက်မိပြီး သူအရင်တုန်းကတော့ အရမ်းကြီး မကြည့်ချင်ပေမဲ့ ဟယ့်ကျိုး ဖုံးကွယ်လိုက်ချိန်တွင်တော့ သူထိုအတိုင်းကြည့်မနေနိုင်တော့ပေ။


ယင်းကျောင်းက မတ်တပ်ရပ်လိုက်ပြီး ဟယ့်ကျိုးကို လက်တစ်ဖက်နှင့်ချုပ်ထားလိုက်ကာ အခြားတစ်ဖက်ဖြင့် ဖုန်းကို ဆွဲယူလိုက်လေသည်။ ထို့နောက် ဖုန်းကို ငုံ့ကြည့်လိုက်တော့သည်။


ပိုကြည့်လေလေ သူ့မျက်နှာက ပို၍ အေးစက်လာလေလေ ဖြစ်သည်။ ဟယ့်ကျိုးကြောက်ရွံ့လာကာ သူ့နှဖူးပေါ်ကချွေးအေးတွေကို သုတ်လိုက်ပြီး ပြောလိုက်သည်။


" အဲ့ဒါက အဓိပ္ပါယ်မရှိတာတွေ အဓိပ္ပါယ်မရှိဘူး မကြည့်နဲ့တော့ အကိုကျောင်း "


ထို့ကြောင့် သူဖုန်းကို ပြန်ဆွဲလိုက်ချင်ပေမဲ့ ယင်းကျောင်းက ရှောင်လိုက်လေသည်။


ဟယ့်ကျိုးသည် ပို၍ စိတ်လှုပ်ရှားလာပြီး တီးတိုးပြောလိုက်သည်။


" မိန်းကလေးတွေအားလုံးက ဒီလိုပဲ အဲ့ဒီမှာဘာပြောလဲ အကိုသာချောနေသ၍ အချိန်မရွေးရှိနေမှာ ကျင်းစစ်ကို သူတို့ ယောက်ျားလို့ခေါ်တယ်ဆိုတာ ကျင်းစစ်မျက်နှာလေး ကိုချီးကျူးတဲ့သဘောပဲလေ တခြားအဓိပ္ပါယ်မရှိဘူး"


ယင်းကျောင်းက မျက်မှောင်ကြုံ့လိုက်ပြီး သူ့ခေါင်းကိုမော့လိုက်ကာ " ကျင်းစစ်ရဲ့ မျက်နှာကို ချီးကျူးနေတာက ဘယ်မှာကောင်းနေလို့လဲ ကျင်းစစ်မှာ ဘာအရည်အချင်းမှမရှိဘူးလို့ မင်းပြောချင်နေတာလား"


ဟယ့်ကျိုး : "..."


အဲ့ဒါကို သူကအာရုံစိုက်နေတာပေါ့လေ....


ဟယ့်ကျိုးက အသက်ပြင်းပြင်းရှူလိုက်ပြီး " ကျွန်တော်မှားပြောမိတာ"


ယင်းကျောင်းမှာ စိတ်ထွက်ပေါက်ထွက်စရာ နေရာမရှိဖြစ်နေရသည်။ ထိုပိုစ့်က သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေလေသည် ။ သူ့လက်ကို ဆက်ဆွဲနေလိုက်ရင်းမှ ဖုန်းမျက်နှာပြင်ပေါ် ထောက်လိုက်ကာ သူ့ အကောင့် သို့ log in ဝင်ရန်လုပ်လိုက်သည်။


" ကောလဟာလ ဟုတ်လား ကျင်းစစ်နဲ့ငါက ကောလဟာလ ဘဲလားဆိုတာကို မင်းတို့ကို ဒီနေ့ သိအောင် လုပ်ပေးမယ်"


ဟယ့်ကျိုးမှာ သတိပင်လစ်မတတ် ဖြစ်သွားရသည်။ ကျင်းစစ် ပြန်လာချိန်တွင် သူသည် သူ့ဖုန်းကို ဘယ်လို တိုက်ရိုက် ယူလိုက်ရမလဲလို့တွေးနေခြင်းဖြစ်၏။


ယင်းကျောင်းက ရပ်တန့်လိုက်ကာ ဖုန်းစခရင်ကို တင်းတင်းကျပ်ကျပ်ဆုတ်ကိုင်ထားလိုက်သည်။ ကျင်းစစ်ကသူ့အိပ်ကပ်ထဲမှ အုန်းသီးချိုချဥ် အိတ်ကို ထုတ်လိုက်ချိန်တွင် ယင်းကျောင်းသည် ကျင်းစစ်ဘယ်သွားမလို့လဲဟု မေးတော့မည်အချိန်ဖြစ်သည်။


ကျင်းစစ််သည် ချိုချဥ်အိတ်ကိုဖောက်လိုက်ပြီးဟယ့်ကျိုး လီကျိုး နှင့် အခြားသူများကိုခွဲပေးလိုက်ပြီး နောက်ဆုံးတွင် ယင်းကျောင်းဘက်ကိုလှည့်ကာ ကျန်သောချိုချဥ် အကုန်ပေးလိုက်လေသည်။


"ကိုယ့်အတွက်လား"


ကျင်းစစ်က သူ့ကို ဟမ် လို့ တိုးတိုးလေးပြောလိုက်သည်။


" ဘာလို့ ချိုချဥ်တွေ ရုတ်တရက် ဝယ်လာတာလဲ"


ကျင်းစစ်က ရိုးရိုးရှင်းရှင်းဖြေလိုက်သည်။


" ငါစားချင်လို့"


" စားချင်လို့လား" 


ယင်းကျောင်းက တခစ်ခစ်ရယ်မောလိုက်ပြီး သူ့ရဲ့ ပြောင်ရှင်းနေတဲ့ စားပွဲပေါ်သို့ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်ပြီး " ဟုတ်ပါပြီ မင်းစားချင်လို့ဆိုပြီး မင်းအတွက်ကျ တစ်ခုတောင်ချန်မထားဘူးနော်"


ကျင်းစစ်က လန့်သွားပြီး သူ့ငုံ့ကြည့်လိုက်သောအခါ သူလုပ်ခဲ့တဲ့ အမှားကိုတွေ့သွားလေသည်။


ယင်းကျောင်းက ချိုချဥ်ခွံ တစ်ခုကိုခွာလိုက်ပြီး ကျင်းစစ်ကိုမေးလိုက်၏။


" ကိုယ့်အတွက်သီးသန့်ဝယ်ခဲ့တာလား"


ကျင်းစစ်နားရွက်ဖျားများသည် နီရဲသွားပြီး စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကာ ဖြေးညှင်းစွာခေါင်းငြိမ့်လိုက်သည် ။


" ဘာလို့ကိုယ့်အတွက် ဝယ်လာတာလဲ" 


ယင်းကျောင်းက ခွာထားတဲ့ချိုချဥ်ကို ကျင်းစစ် ပါးစပ်ထဲသို့ထည့်လိုက်ပြီး နှုတ်ခမ်းကို လက်နှင့်ပွတ်လိုက်ကာ တီးတိုးပြောလိုက်သည်။


" မင်းကတောင် ဒီလောက် ချိုနေပြီကို အချိုတွေဝယ်လာသေးတယ်တဲ့လား"


ကျင်းစစ်က ချိုချဥ်တုံးလေးကို လျှာဖျားဖြင့် ပါးစောင်သို့ကပ်လိုက်ကာ သူ့၏ဆဲဆိုနေချင်နေသောစကားများကို ထိန်းလိုက်ပြီး  ငုံ့ကြည့်ကာပြောလိုက်သည်။


" မင်းဆေးလိပ်သောက်ချင်ရင် ချိုချဥ်စားတာကပိုကောင်းတယ် ကြားလို့"


ယင်းကျောင်းက အံ့အားသင့်သွားပြီး သူ့မျက်လုံးထဲတွင် အပျော်များတဖြည်းဖြည်းပြည့်လျှံ သွားလေသည်။


ဒီလို ကလေးကြီးကို ဆုံခွင့်ရတာ သူဘယ်လောက်တောင်ကံကောင်းလိုက်သလဲ...


ယင်းကျောင်းက ဟယ့်ကျိုးဖုန်းကို ပြန်ပေးလိုက်ပြီး နောက်ထပ်ချိုချဥ်ကို အခွံခွာလိုက်ချိန်တွင် သူ့နှလုံးသားထဲ ပိုလို့ချိုမြိန်သွားလေသည်။ 


ပိုစ့်ပေါ်က လူတွေက လိုင်းပေါ်မှာပဲ ကဲ့ရဲ့နိုင်တာ...


သူကသာ ကျင်းစစ်ဘေးမှာ နေ့တိုင်းထိုင်ရတဲ့လူ...သူကသာကျင်းစစ်ကို သူ့အတွက် ချိုချဥ်တွေကိုယ်တိုင် ဝယ်ပေးချင်အောင်လုပ်နိုင်တဲ့လူ...ဟမ့်...


မနက်ပိုင်းတတိယချိန် ပြီးသွားသောအခါ ကျင်းစစ်က အိမ်သာသို့ထွက်သွားလေသည်။  သူသွားပြီး သိပ်မကြာခင်တွင် ဟယ့်ကျိုးက အော်ပြီး ပြန်လာလေသည်။


ဟယ့်ကျိုးက တံခါးကို အရှိန်ဖြင့် ထုလိုက်ချိန်တွင် တံခါးပေါ်ရှိ မှန်ချပ်သည် အကြိမ်များစွာ လှုပ်ခါသွားလေ၏ ။ ယင်းကျောင်းက မျက်မှောင်ကြုံ့လိုက်ပြီး သူတစ်ခုခုပြောတော့မည့်အချိန်တွင် ဟယ့်ကျိုးသည် စိတ်လှုပ်ရှား အံ့အားသင့်စွာပြောလာသည်။


" ဒီမှာ ရလဒ်တွေ ငါတို့ရဲ့ ကျင်းစစ်ကပဲ အဆင့်တစ်"


အတန်း 7 ကျောင်းသားများ၏ အာရုံအကုန်လုံးမှာ အဆွဲဆောင်ခံလိုက်ရပြီး သူတို့ စုစည်းကာမေးလိုက်ကြသည် __


" ဘယ်နှမှတ်လဲ"


" အတော်ဆုံးအခန်းက လူတွေကို နင်းခြေဖို့လုံလောက်လား"


" ရမှတ်တွေကရော မင်းဖတ်ခဲ့သေးလား"


ဟယ့်ကျိုးက သက်ပြင်းချလိုက်ချိန်တွင် တန်းခွဲ 7 မှကျောင်းသားများသည် သူတို့နှလုံးခုန်နှုန်းမြန်လာသည်ကို ခံစားလိုက်ရ၏။


ကျင်းစစ်ရဲ့ အမှတ်က ဒီတစ်ကြိမ် ဒုတိယနေရာလောက်မများလို့များလား...


ဟယ့်ကျိုး လူအများ၏ သိချင်စိတ်ကို ညှင်းဆဲထားပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။


" ဟေး ဒီတစ်ကြိမ်တော့ အရင်ထက်နည်းတယ် ဒီတစ်ကြိမ်တော့ သူက 747 မှတ်ပဲရတယ် အဲ့ဒါက ဒုတိယနေရာ ကျိုးချောင် ထက် 15 မှတ်ပဲပိုများတယ်လေ"


တန်းခွဲ 7 : "..."


လူတစ်စုသည် ချက်ချင်းတုန့်ပြန်လာပြီး ဟယ့်ကျိုးကို ဝိုင်းရိုက်ကြတော့သည်။


ဟယ့်ကျိုးသည် ရယ်ကာ လူတစ်စုကြားထဲမှ ပြေးထွက်သွားပြီး ယင်းကျောင်း ဆီသို့ အမောတကော ပြေးသွားကာ " အကိုကျောင်းကလည်းအံ့ဩစရာပဲ အမှတ်ပေါင်းက 488မှတ် "


488မှတ် အရင်စာမေးပွဲထက် 88မှတ်ပိုများတာပေါ့


ယင်းကျောင်းက စိတ်ကို လွှတ်ချလိုက်သည်။ နောက်ဆုံးမူ သူ ကျင်းစစ် သင်ပေးတဲ့ အတိုင်းလုပ်နိုင်ခဲ့ပြီလေ။


ကျန့်ချွယ်က သူ့လက်မောင်းကို ဟယ့်ကျိုး ပခုံးပေါ် တင်လိုက်ပြီး ရောင်စုံသက်တန့်များကို ပစ်လွှတ်နေကာ " ငါအကိုကြီးကတော့ အကိုကြီးကျောင်းပါဘဲ ရန်ပွဲတစ်ပွဲလောက်တော့လုပ်လိုက်တော့"


(Eng T/n : ကျန့်ချွယ်ပြောတဲ့နောက်ဆုံးစာကြောင်းကို ငါလည်းမသေချာဘူး)


ဖန်ချန်းချန်းက သူ့ကို လက်မထောင်ပြလိုက်သည် 


ဟယ်ကျိုး အသက်ရှုအာင့်ထားတုန်းပင် သူ ယင်းကျောင်းက ယခုလိုတိုးတက်မှုကြီးဖြစ်တာကို မယုံနိုင်သေးပေ။ သူထိုင်ခုံကို ဆွဲလိုက်ပြီး ယင်းကျောင်းဘေးမှာထိုင်ကာ မေးလိုက်သည်။


" အကိုကျောင်း ဘယ်လိုလေ့လာလိုက်တာလဲ"


ယင်းကျောင်းက ချိုချဥ်တစ်လုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ထိုင်ခုံနောက်ဘက်သို့ မှီကာ သူ့နှုတ်ခမ်းများကိုကွေးပြီး ပြောလိုက်သည်။


" အရင်လက ငါအမှန်တရားတစ်ခုကို နားလည်လိုက်တယ်..."


လူသုံးယောက်သည် နားစွင့်ကာ သူပြောမည့်စကားများကို သေချာ ဂရုစိုက် နားထောင်နေကြသည် ။


ယင်းကျောင်း :  " အရမ်းကြိုးစားပြီး မှသာ ပါရမီကဘယ်လောက်အရေးကြီးမှန်း ငါသိသွားတာ"


ဟယ့်ကျိုး ကျန့်ချွယ် ဖန်ချန်းချန်း : "..."


ဒီသားရဲကောင်ကြီး ဆီကနေ လူသားဆန်တဲ့စကားတွေပြောလာမှာကို တကယ့်ကို မျှော်လင့်လို့မရဘူးပဲ...။


ဟယ့်ကျိုးက သူ့၏ မျက်လုံးများကို လှိမ့်လိုက်ပြီး မတ်တတ်ရပ်ကာ ထွက်သွားတော့မည့် အချိန်တွင် ယင်းကျောင်း ပြောသံကိုကြားလိုက်ရသည်။


" ဟုတ်တာပေါ့ ပါရမီတစ်ခုတည်းတင်တော့ ဘယ်ဟုတ်ပါ့မလဲ"


ဟယ့်ကျိုးက ပြန်ထိုင်လိုက်ပြီး ခေါင်းငြိမ့်ကာမေးလိုက်သည် ။


" ဘာပါသေးလဲဟင်..."


ယင်းကျောင်းက ကျင်းစစ်ထိုင်ခုံကို ကြည့်လိုက်ပြီး " ကျင်းစစ် ကံကကောင်းလွန်းတယ်"


"ဘာရယ်" 


ဟယ့်ကျိုးက သူ့စကားတွေကြားပြီး ရှုပ်ထွေးသွားသဖြင့်မေးလိုက်မိသည်။ ယင်းကျောင်းက စာမေးပွဲ အဖြေသည် ကျင်းစစ်၏ကံနှင့်မည်သို့ သက်ဆိုင်သည်ကို သူနားမလည်နိုင်ပေ။


သူယင်းကျောင်းကို စကားဖြင့်မဖော်ပြနိုင်အောင် ဆွံ့အကာ ကြည့်နေပြီး နောက်ပြောလိုက်သည်။


" မဟုတ်သေးပါဘူး အကိုကျောင်း ရိုးသားစမ်းပါ အဲ့ဒါက ကျင်းစစ် ရဲ့ ကံတရားနဲ့ဘယ်လိုဆိုင်လို့လဲ အဓိပ္ပါယ်မရှိတာမပြောပါနဲ့" 


ယင်းကျောင်းက သူ့ကိုမော့ကြည့်လိုက်ပြီး " ဘယ်လိုလုပ်မဆိုင်ဘဲနေမှာပဲ"ဟု မေးလိုက်သည်။


ဟယ့်ကျိုး သူ့နှင့် ငြင်းရတော့မည်ဖြစ်သည် ။ သူထရပ်လိုက်ကာ စားပွဲ ကို ပုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။


"အဲ့ဒါဆို ဘယ်လို ဆိုင်တာလဲ"


ယင်းကျောင်းက တခစ်ခစ်ရယ်လိုက်ပြီးပြောလိုက်သည်


" Wang Fu"


(Eng T/n : ငါလည်း Wàng Fū ဆိုတာဘာကိုဆိုလိုမှန်းမသိဘူး ထင်တာတော့ ကျင်းစစ်ရဲ့ ကံတရားက သူ့ယောင်္ကျားဖြစ်ရမှာကြောင့် လို့ထင်တာပဲ ငါလည်းမသိဘူး)


ဟယ့်ကျိုး ကျန့်ချွယ် ဖန်ချန်းချန်း : "..."


__


Translated By IQ-Team.