အပိုင်း၄၆
Viewers 14k

Chapter 46

Chapter 46


-----------------------


ဟယ့်ကျိုးသည် အမူအရာမဲ့စွာ ထရပ်လိုက်ပြီး ထိုင်ခုံအား နေရာတကျ ပြန်ထားလိုက်သည်။ 


“တောင်းပန်ပါတယ် ငါမေးခဲ့တယ်…” 


ဖန်ချန်းချန်းသည် သူ့ဘေး၌ ဘာမှမပြောဘဲ လှဲလျောင်းနေကာ သူ့၏နားများအား ပိတ်ရန် တိတ်တဆိတ် လက်ကိုဆန့်ထုတ်လိုက်သည်။ 


ကျန့်ချွယ်..ကျန့်ချွယ်သည် ယင်းကျောင်းအား စက္ကန့်အနည်းမျှ ထုံထိုင်းစွာ စိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအား ပွတ်လိုက်ကာ ကောင်းကင်သို့ မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။ 


“ငါကအရမ်းငယ်သေးတယ်…” 


“ဘာဖြစ်တာလဲ..ပြဿနာတစ်ခုခုရှိလို့လား…” ယင်းကျောင်းသည် သူတို့အား အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်သည်။ 


“ငါက ကျင်းစစ်မပါဘဲ ဒီလောက်အမှတ်ရမလား..” 


ဟယ့်ကျိုးသည် အမြဲတမ်း တစ်ခုခုက မှားနေကြောင်းခံစားရသော်လည်း သူက ဘယ်အရာက မှားနေကြောင်းမပြောနိုင်ကာ သူ့မျက်နှာအားအရေးကြောင်းများ ပေါ်စေသည်အထိ စိတ်ရှုပ်နေမိ၏။ 


“အဲ့ဒါဟုတ်တယ်…” 


ယင်းကျောင်းသည် သူ့ဘောပင်အား လှည့်လိုက်ကာ နှာမှုတ်သည်။ 


“အဲ့ဒါမမှန်ဘူး…” 


“မဟုတ်ဘူး…” 


ဟယ့်ကျိုးသည် နောက်ဆုံး၌ နည်းစနစ်ကျကျ ကယ်ပေါက်အား ရှာတွေ့လိုက်ကာ ယင်းကျောင်းအား ဂုဏ်ယူဝံ့ကြွားစွာ ကျယ်ကျယ်လောင်လောင် ငြင်းလိုက်သည်။ 


“ချီးလို လင်ယောက်ျားမျိုးပဲ…မင်းက ဘယ်လိုလင်ယောက်ျားလဲ…” 


သူက ယင်းကျောင်းထံ မျက်စပစ်လိုက်သည်။ 


“ဝိုး..အရှက်မရှိလိုက်တာ…” 


ယင်းကျောင်းသည် သူဘာကို တွေးနေလည်းမသိ၍ သူ့မျက်လုံးအား မှေးကာ ပြုံးလိုက်သည်။ 


“မစိုးရိမ်နဲ့…အနည်းနှင့်အမြန် အဲ့ဒါလေးက အိမ်ထောင်စုစာအုပ်ထဲ ရောက်လာလိမ့်မယ်…” 


အားကစားကွင်းထဲ၌ ကျင်းစစ်နှင့်လီကျိုးသည် သန့်စင်ခန်းမှ ပြန်လာခဲ့သည်။ လမ်းတစ်ဝက်၌ သူ့တို့က တစ်စုံတစ်ယောက် ဆွေးနွေးနေသည်အား ကြားလိုက်ရသည်။ 


“သွား..သွာ..အနီရောင်စာရင်းက တင်ပြီးသွားပြီ…” 


“ဝိုး ဒါဆိုသွားကြည့်ရအောင်…” 


“အတန်းစဖို့ လေးမိနစ်လိုသေးတယ်..မြန်မြန်သွားမယ်….” 


………….


“တစ်ချက်လောက်သွားကြည့်ရအောင်…” 


လီကျိုးမျက်လုံးများ တောက်ပသွားပြီး ကျင်းစစ်အားဆွဲရင်း ရှေ့သို့ပြေးသွားသည်။ 


“ငါကမင်းရဲ့အမှတ်ကြောင့် မနက်တုန်းက တခြားလူတွေနဲ့ ကျောင်းဖိုလ်ရမ်မှာ ပြောနေသေးတယ်…” 


ကျင်းစစ်သည် သူ့နှုန်းထားအား မြန်လိုက်ကာ သူ့နောက်လိုက်ပြီး သူ့အားစိတ်ငြိမ်နေစေရန် ကြိုးစားသည်။ 


“အဲ့ဒါက အခုလေးတင် တင်လိုက်တာ..လူအများကြီး သွားပြီးကြည့်ကြလိမ့်မယ်..ငါတို့မမှီလောက်ဘူး..” 


“မဖြစ်နိုင်ဘူး..” 


လီကျိုးသည် အမောရှိုက်နေပြီး လူအုပ်ကြီး အပြင်၌ ရပ်လိုက်သည်။ သူက သူ့ကျောင်းဘောင်းဘီအား ဆွဲမလိုက်ပြီး သူ့လက်များအား ပွတ်ကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ 


“ငါဝင်မတိုးနိုင်တဲ့ နေရာဆိုတာ ဒီကမ္ဘာမှာမရှိဘူး….” 


သူကနောက်လှည့်ကာ ကျင်းစစ်အားကြည့်လိုက်သည်။ 


“အထဲဝင်မတိုးနဲ့..အပြင်မှာဘဲ ငါ့ကိုစောင့်နေ… မင်းအမှတ်တွေကို သေသေချာချာ မှတ်မိစေအောင် ငါမင်းကို အမှတ်စာရင်းကူကြည့်ပေးမယ်…” 


ကျင်းစစ်သည် သူ့အရှေ့မှ အနက်ရောင်ဆံပင်အား ကြည့်ကာ သူစိတ်ထဲ ထိမိသွားသည်။ 


“အဆင်ပြေပါတယ်…ငါလည်းကြည့်ချင်နေတာပဲ…” 


“အိုး..” 


လီကျိုးသည် သူနှင့် အရှေ့သို့ဝင်တိုးရင်းဖြင့် ဟာသများပြောနေကာ ရှည်လျားသည့် အသံအားပြုလုပ်လိုက်သည်။ 


“မင်းလည်း မင်းအမှတ်အတွက် စိတ်လှုပ်ရှားတတ်သေးတာပဲ…” 


ကျင်းစစ်က မရှင်းပြဘဲ ပြုံးသာပြုံးနေလိုက်၏။ 


လီကျိုးသည် ဘယ်ညာ ရွေ့လျားနေကာ နောက်ဆုံး၌ အနီရောင်စာရင်း၏ ညာဘက်ထောင့်စွန်း၌ နေရာလွတ်ရှာတွေ့ပြီး ချက်ချင်း ဝင်တိုးရန် အခွင့်အရေးကို အရယူလိုက်သည်။ 


ဤသို့ဖြင့် ကျင်းစစ်လည်း သူ့နာမည်အား အနီရောင်စာရင်း၏ ထိပ်ဆုံး၌ တွေ့လိုက်ရသည်။ 


သူ့အဆင့်နှင့် အမှတ်အား အတည်ပြုပြီးနောက် သူက ပြန်မဆုတ်သွားဘဲ ညာဘက်အောက်သို့ ကြည့်လိုက်သည်။ 


ကျင်းစစ်သည် ယင်းကျောင်း၏ နာမည်အား လွယ်လွယ်ကူကူ ရှာတွေ့စေရန် နောက်ဘက်၌ ရှာချင်ခဲ့သည်။ သို့သော် သူသည် အနီရောင်စာရင်း၏ နောက်ဆုံးနေရာအား တွေ့လိုက်ရချိန်၌ သူချက်ချင်း ကြောင်အသွားရသည်။


၅၁၉။ ချောင်အန်းယန် ၁၉၉


ချောင်းအန်ယန်း စာမေးပွဲတိုင်း၌ ဘယ်နှမှတ်ရလဲ ဆိုသည်နှင့် သူပြန်လည်မွေးဖွားလာပြီး မည်မျှတိုးတက်လာလဲ ဆိုသည်အား ကျင်းစစ် မမှတ်မိသော်လည်း ချောင်းအန်ယန်းသည် သူ့စာအရာ၌ ရုတ်ချည်းတိုးတက်လာပြီး နောက်စာမေးပွဲများတွင်လည်း ထပ်၍ တိုးတက်နေမည်ဖြစ်ကာ သူကို ရှုံ့ချသည်သူများအား အံ့ဩသွားစေမည် ဖြစ်ကြောင်း မှတ်မိသည်။ 


ယခုမူ ချောင်းအန်ယန်း၏ ပြန်လည်မွေးဖွားလာချိန်မှ ယခုအချိန်ထိ စာမေးပွဲနှစ်ခု ဖြေခဲ့ပြီးပြီ ဖြစ်သော်လည်း သူက နောက်ဆုံးအဆင့်ထပ်ရပြန်ပြီ။ 


ဘာတွေဖြစ်နေတာလဲ။ 


ဒါက သူ ကူးပြောင်းလာခြင်းက စာအုပ်တစ်ခုလုံး၏ တိုးတက်မှုကို ထိခိုက်သွားစေတာလား။ 


သို့သော် ဤရှင်းလင်းချက်သည် အဓိပ္ပာယ်မရှိချေ။ သူနှင့် ချောင်းအန်ယန်းတို့သည် တစ်ယောက်ကို တစ်ယောက် တွန်းကန်နေသော်လည်း နှစ်ယောက်ကြား ဆက်ဆံမှုမရှိခဲ့ချေ။ ထပ်မံ၍ ရှိသေးသည်မှာ ကျောင်းတွင်းလုပ်ဆောင်မှုသည် ဇာတ်လမ်းကြောင်းနှင့်ကွဲပြားကာ သူပြောင်းလဲနိုင်သည့် အရာမဟုတ်ပေ။ 


ဒါဆို ဘာလို့ဒီလိုဖြစ်နေရတာလဲ။


ကျင်းစစ်သည် သူ့စိတ်ထဲ ခွဲခြမ်းစိတ်ဖြာနေပြီး လီကျိုး၏ ကျယ်လောင်သည့် အသံမှာ သူ့နားထဲသို့ ဝင်ရောက်လာသည်။ 


“ကျင်းစစ်..အဆင့်တစ်..မင်းက အဆင့်တစ်ဖြစ်နေဆဲပဲ..” 


လီကျိုးသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲနေပြီး ဘေးနားမှ လူများစွာရှိနေသည်အား ဂရုမစိုက်ကာ ကျင်းစစ်ထံသို့ အော်ပြောသည်။ 


“အမှတ်ပေါင်းက ၇၄၇..” 


လီကျိုးသည် ကျင်းစစ်နာမည်အား အော်ပြောလိုက်ချိန်၌ သူ့ဘေးမှ လူအားလုံး သူထံရုတ်တရက် လှည့်ကြည့်ကြသည်။ 


လီကျိုးနှင့် ကျင်းစစ်တို့ စိတ်ထဲ၌ တစ်စုံတစ်ရာ တွေးနေပြီး သတိမထားမိသည်မှာ သနားစရာပင်။ 


လီကျိုးသည် ဘေး၌ရပ်နေသည့် လူနှစ်ယောက်အား ဘေးတွန်းလိုက်ပြီး ကျင်းစစ်ဘက်သို့ ဝင်တိုးလိုက်သည်။ 


“မင်းအရင်က အမှတ်ဘယ်လောက်ရတာလဲ..၇၄၈ ဟုတ်တယ်မလား….ဝိုး.ဒီတစ်ကြိမ် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်တာပဲ…အရင်ထက်တစ်မှတ်လျော့တယ်…” 


သူတို့အား နားထောင်နေသည့် ဘေးနားမှလူများသည် ရုတ်တရက်နားများထောင်မတ်လိုက်ကြသည်။ 


“..” 


မင်းအမေ..၇၄၇ရတာက ခြေတစ်လှမ်း နောက်ဆုတ်တယ်လို့ ယူဆရတယ်လား…


သူတို့ နေရာမှာပင် ဖိနပ်ချွတ်ပြီး ဒီလူရဲ့ပါးစပ်ထဲ ခြေအိတ်တွေနဲ့စို့ပစ်လိုက်လို့ရမလား။ 


“သာမန်ပါပဲ…” 


ကျင်းစစ်သည် အာရုံပြန်စိုက်လိုက်ပြီး ချောင်အန်းယန် ကိစ္စများအား ထပ်ပြီးမစဉ်းစားတော့ဘဲ လီကျိုးအား အဖြေပြန်ပေးလိုက်ပြီး ယင်းကျောင်းနာမည်အား ထပ်မံရှာဖွေလိုက်သည်။ 


“သွားကြစို့..မင်းဘာလုပ်နေတာလဲ..” လီကျိုးသည် ကျင်းစစ်အမှတ်အား ဖတ်ပြီးကျေနပ်သွားပြီဖြစ်သည်။ 


သူက သူ့၏ အားအင်များကို ထိန်းသိမ်းထားကာ ဖိုလ်ရမ်ပေါ်တင်ရန် အတန်းထဲသို့ ပြန်ချင်နေပြီဖြစ်သည်။ 


“ငါထပ်ကြည့်လိုက်ဦးမယ်..” ကျင်းစစ်သည် မရေမရာ ပြန်ဖြေပြီး ရှာနေသည်အား အရှိန်တင်လိုက်သည်။ 


လီကျိုးသည် သူ့အနောက်မှ လူများအတွက် စိတ်ပူနေသည်ဟုထင်လိုက်ပြီး သူ့နားအနီးနားသို့ ကပ်ကာ တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ 


“စိတ်မပူနဲ့..ကျိုးချောင်က ဒုတိယနေရာမှာ မင်းထက် ၁၅မှတ်နည်းတယ်…” 


ကျင်းစစ်သည် ၎င်းအတွက် သူဂရုမစိုက်ကြောင်းပြောချင်သော်လည်း သူနောက်ထပ်နာမည်အား တွေ့လိုက်ရချိန်၌ သူ့ဘေးနှုတ်ခမ်းများ ကွေးတက်သွားသည်။ 


၄၈၀။ ယင်းကျောင်း ၄၈၈


စာမေးပွဲမေးခွန်းများသည် အရင်တစ်ခေါက်ထက် ပိုရိုးရှင်းသော်လည်း တစ်လတည်းဖြင့် ၈၈မှတ်တိုးတက်လာခြင်းသည် တော်တော်လေး ထူးခြားပြောင်မြောက်ပေသည်။ 


လီကျိုးသည် သူ့အား တိုက်တွန်းနေဆဲပင်ဖြစ်သည်။ ကျင်းစစ်သည် သူရှာနေသည်အားရှာတွေ့ခဲ့ပြီ ဖြစ်ကာ ထပ်အချိန်မဆွဲဘဲ လီကျိုးနှင့် လူအုပ်ထဲမှ ထွက်ခွာလိုက်သည်။ 


“မြန်မြန်..မြန်မြန်..” လီကျိုးသည် ဦးဆောင်ပြီး မြန်မြန်လျှောက်လိုက်သည်။ 


“နောက်အချိန်က လောင်လျိုရဲ့ အချိန်ဖြစ်လို့ ငါ့ဖုန်းမကိုင်ရဲဘူး..မင်းဒီတိုင်း..ကျင်းစစ်..မင်းဘာဖြစ်နေတာလဲ..” 


လီကျိုးသည် သူ့၏ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် မျက်နှာအား ကြည့်လိုက်ပြီး စက္ကန့်အနည်းငယ် ကြောင်အသွားကာ ချက်ချင်းနောက်သို့ ပြန်လျှောက်လာသည်။ 


“မင်းနေလို့ထိုင်လို့ မကောင်းဘူးလား..” 


သူ့စိတ်ထဲ၌ စူးရှသည့် နာကျင်မှုအား ခံစားနေရကာ သူ့နားထင်အား ကိုက်ခဲနေစေသည်။ ကျင်းစစ်သည် ချက်ချင်းသူ့ချွေးအေးများအား ဖယ်ရှားလိုက်ကာ သူ့နားများ အူနေပေသည်။ လီကျိုး တတိယမြောက်အကြိမ် မေးလိုက်ချိန်မှသာ သူ့စကားများအား ကောင်းစွာကြားလိုက်ရသည်။ 


“အဆင်ပြေပါတယ်…” 


ကျင်းစစ်သည် အံကြိတ်ကာ နာကျင်မှုအား တောင့်ခံ လိုက်ပြီး သူ့မျက်နှာအား ပုံမှန် ပြန်ဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ 


သူက သက်သာရာရစွာ လေရှူထုတ်လိုက်ပြီး ဘေးတစ်ဝိုက် လှည့်ပတ်ကြည့်လိုက်ချိန်၌ ချောင်အန်းယန်အား မနီးမဝေး၌ တွေ့လိုက်ရသည်။ 


“မင်းဘာဖြစ်နေတာလဲ..” လီကျိုးသည် စိတ်ပူပင်စွာ မေးသည်။ 


“ငါမင်းကို ဆေးပေးခန်းခေါ်သွားပေးရမလား"


ကျင်းစစ်က ပြန်မဖြေ၍ သူစိုးရိမ်နေကာ ကျင်းစစ်အကြည့်ဘက် လိုက်ကြည့်လိုက်သည်။ 


“မင်းဘယ်ကိုကြည့်နေတာလဲ..F*ck ချောင်အန်းယန်..သူက ဘာလို့မင်းကို ကြည့်နေတာလဲ…” 


သူတို့အရှေ့၌ ချောင်အန်းယန်သည် ကျင်းစစ်အား မည်းမှောင်နေသော မျက်နှာထားဖြင့် ကြည့်နေကာ သူ့မျက်လုံးများက သူ့အား အစိမ်းလိုက်မျိုချနေချင်သည့် ပုံစံပေါက်နေသည်။ 


ယခုတစ်ခေါက် စာမေးပွဲခန်းထဲ၌ သူ့ရွှေလက်ချောင်းသည် ထပ်မံကျရှုံးသွားပြန်ကာ သူအတတ်နိုင်ဆုံး အဖြေလွှာတိုင်းအား ဖြေကြားရန် ကြိုးစားသော်လည်း သူက နောက်ဆုံးနေရာ၌ ရှိနေဆဲပင်ဖြစ်သည်။ 


ပထမရသည့်လူက သူရင်းနှီးသည့် ကျိုးချောင်၊ ကျန်းချုံး နှင့် အခြားလူများကဲ့သို့ အထူးတန်းမှ ထိပ်တန်းကျောင်းသားများဖြစ်လျှင်ပင် ချောင်အန်းယန် စိတ်အခြေအနေမှာ ဤအခြေအနေလောက်အထိ မတည်မငြိမ်ဖြစ်နေမည် မဟုတ်ပေ။ 


သို့သော် စာမေးပွဲ၌ ပထမရရှိသူမှာ ကျင်းစစ်ဖြစ်ပြီး သူနှင့်တန်းတူ ပျက်ပြားနေသည့် သူပင်ဖြစ်သည်။ 


သူက ပြန်မွေးဖွားလာခဲ့ချိန်၌ ကျင်းစစ်က ဘာကြောင့်တိုးတက်နိုင်ပြီး သူက လမ်းမှန်ကို မသွားနိုင်ရတာလဲ။ 


အရေးကြီးဆုံးက…


ချောင်အန်းယန်သည် လက်သီးဆုပ်လိုက်မိသည်။ ကျင်းစစ်သည် ယင်းကျောင်း၏ အာရုံစိုက်မှုအား လုယူသွားပြီး ဖိုရမ်မှ လူတိုင်းက သူတို့ကြားရှိ မပြတ်မသား ဆက်ဆံရေးအား ပြောနေကြသည်။


သူဘဝနှစ်ခုလုံး မရနိုင်ခဲ့သည် ကျောင်းမြက်ကလေးဖြစ်ကာ သူက ကျင်းစစ်ကဲ့သို့ လူမျိုးကြောင့် မည်သည်အတွက် လမ်းလွဲသွားသနည်း။ 


ကျင်းစစ်မရှိခဲ့လျှင် ကောင်းလှမည်ဖြစ်ကာ ကျင်းစစ်သည် အရင်ကဲ့သို့ ဖြစ်နေဆဲဆိုလျှင်လည်း ကောင်းလှပေမည်…ချောင်အန်းယန်၏ ရန်စသည် ဆက်တိုက်တက်တက်လာ၏။ 


ကျင်းစစ်၏ ခေါင်းကိုက်ခြင်းသည် ပေါက်ကွဲတော့မလိုဖြစ်ကာ သူ့အသက်ရှူနှုန်းက လေးလေးလာသည်။ 


ဤသည့်အားမြင်ရချိန်၌ လီကျိုးက သူ့အားဖေးကူလိုက်သည်။ 


“နောက်အတန်းချိန်က မစလောက်သေဘူး…ငါမင်းကို ဆေးပေးခန်းပို့ပေးမယ်…” 


လူများစွာသည် ကျင်းစစ်အား တိတ်တဆိတ် အာရုံစိုက်နေကြသည်။ ယခုအချိန်၌ တစ်ခုခုမှားနေကြောင်းတွေ့ရပြီး ကျင်းစစ်က သူတို့အား သိသည်မသိသည်အား ဂရုမစိုက်ကြဘဲ ဘေး၌ စုလာကြသည်။ 


“ဘာဖြစ်တာလဲ..ငါတို့အကူအညီလိုသေးလား…” 


“ကျင်းစစ်..မင်းနေမကောင်းဘူးလား…မင်းအတန်းပိုင်ကို ပျက်ကွက်ခွင့်တောင်းပေးမယ်..”


“မင်းမျက်နှာက ဖျော့နေတာပဲ..အတန်းသွားမတက်နဲ့တော့…” 


………………..


သူ့ဘေးပတ်လည်မှ ကျောင်းသားများ၏ ဂရုစိုက်မှု အောက်တွင် ကျင်းစစ်ခေါင်းကိုက်ခြင်းသည် တဖြည်းဖြည်း သက်သာလာသည်။ 


စိတ်လှည့်စားခြင်း မဟုတ်ချေ။ 


ကျင်းစစ် အသေအချာခံစားလိုက်မိပြီးနောက် အရင်ကလောက် မနာကျင်တော့ပေ။ 


သူနှင့် ချောင်အန်းယန်သည် အချင်းချင်း တွန်းကန်နေကြပြီး ချောင်အန်းယန်၏ ပစ်မှတ်ထားခံရခြင်းသည် သူ့အား ရုပ်ပိုင်းဆိုင်ရာ‌ခေါင်းကိုက်စေခြင်း ဖြစ်စေလိမ့်မည်။ အခြားလူများ၏ စိတ်ရင်းဖြင့် ဂရုစိုက်ခြင်းသည် ဤနာကျင်မှုအား လျော့ကျစေနိုင်သည်လား။ 


ကျင်းစစ်ဦးနှောက်သည် လျင်မြန်စွာ လည်ပတ်နေပြီး သူအမှန်တရားအား ခန့်မှန်းလိုက်သည်။ သူနှင့် ချောင်အန်းယန်၏ ရပ်တည်မှုသည် ဆန့်ကျင်ဘက်၌ရှိသည်။ သူက စာအုပ်ထဲ ဝင်ရောက်လာခြင်း၏ အကြောင်းပြချက်အား မသိသော်လည်း ၎င်းသည် သေချာပေါက် မတော်တဆမဟုတ်လောက်ချေ။ 


“အဆင်ပြေတယ်…ငါဒီတိုင်း သွေးထဲသကြားဓာတ်နည်းသွားတာ…” 


ကျင်းစစ်သည် တခဏမျှ စိတ်သက်သာရာရသွားပြီး ပို၍ သက်သက်သာသာ ခံစားလိုက်ရကာ သူ့ဘေးမှလူများအား ရှင်းပြလိုက်ပြီး ဆေးပေးခန်းသို့ လိုက်ပို့ပေးမည့် တောင်းဆိုချက်အား ငြင်းလိုက်ကာ သူတို့အား စိတ်ရင်းဖြင့်ကျေးဇူးတင်လိုက်သည်။ ထို့နောက်သူနှင့်လီကျိုးတို့ အတန်းသို့ တူတူပြန်သွားကြသည်။ 


“မင်းအဆင်ပြေလား..” 


သူကပို၍ သက်သာလာသည်အားတွေ့ရသော်လည်း လီကျိုးသည် အနည်းငယ်ပူပင်နေသေးသည်။ ခဏလောက် တွန့်ဆိုင်းနေပြီး သူဘာပြောရမည်အားစဉ်းစား၍ သူမပြတ်မသားပြောလိုက်သည်။ 


“မင်း..မင်းမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိနေလား..” 


အမှန်တကယ်၌ လီကျိုးသည် သူ့အား မွေးရာပါရောဂါမျိုး ရှိလားဟုမေးချင်နေသည်ဖြစ်သည်။ သူက ကြားမကောင်းမည်အားစိုးရိမ်သောကြောင့် သူ့စကားအသွားအလာအား ပြင်လိုက်သည်။ 


“ရတယ်..စိတ်မပူပါနဲ့..” 


ကျင်းစစ်သည် ခုံကို ဆွဲထုတ်လိုက်ပြီး ထိုင်လိုက်ကာ ခေါင်းမော့၍ သူ့အားပြုံးပြသည်။ 


“တကယ်ဘဲ သကြားဓာတ်နည်းသွားလို့ပါ..” 


လီကျိုးသည် သူ့ဖြူဖတ်ဖြူလျော်မျက်နှာနှင့် နဖူးပေါ်မှ ချွေးအေးများအား ပြန်စဉ်းစားပြီး အမှန်ပင် သကြားဓာတ်နည်းခြင်းနှင့် တူပေကာ သူ့ကို ပြောလိုက်သည်။ 


“အနာဂတ်မှာ ချောကလက်ဖြစ်ဖြစ် တစ်ခုခုကို ဝယ်ပြီး အိတ်ထဲဆောင်ထားပြီး မင်းနေထိုင်မကောင်းဘူးဆိုရင် ထုတ်စားလိုက်ပါ..” 


“ကောင်းပြီ..” 


လီကျိုးသည် သူ့အားတစ်ခုခု ထပ်မံပြောချင်သော်လည်း အတန်းခေါင်းလောင်းထိုးသွားပြီဖြစ်၍ သူ့နေရာသို့ ပြန်လိုက်ရသည်။ 


“မင်းနေမကောင်းဘူးလား..” ယင်းကျောင်းသည် သူ့လက်အားမြှောက်ကာ နဖူးအားစမ်းလိုက်သည်။ 


သူ့လက်ပေါ်မှ ချွေးအေးများအား ထိမိချိန်၌ သူ့မျက်မှောင်ကျုံ့လိုက်သည်။ 


“ဒါကသွေးတွင်းသကြားဓာတ်ချို့တဲ့တာလား..” 


ကျင်းစစ်သည် သူ့နှုတ်ခမ်းအားဖွင့်ကာ အမှန်တိုင်းပြောလိုက်သည်။ 


“ခေါင်းနည်းနည်းကိုက်နေပေမဲ့ ကောင်းသွားပါပြီ…” 


“ခေါင်းထပ်ကိုက်ပြန်ပြီလား..” 


ယင်းကျောင်းသည် တစ်ရှူးအား ထုတ်ယူလိုက်ပြီး ချွေးစိုနေသည့် ဆံပင်အား ဘေးဖယ်၍ သုတ်ပေးလိုက်ကာ နားထင်အား နိုပ်နယ်ပေးရင်း မေးလိုက်သည်။ 


“ဘယ်နေရာက နာနေတာလဲ...ကိုယ့်ကိုပြောပြ..” 


မူလအစ၌ ကျင်းစစ်သည် ခေါင်းကိုက်ခြင်းအနည်းငယ်ခံစားနေရသေးသော်လည်း ယင်းကျောင်းထံ ထံမှအကြိမ်အနည်း နိုပ်နယ်ပေးခြင်းကြောင့် မနာကျင်တော့ပေ။ 


ဒါဆို သူခုနက ခန့်မှန်းခဲ့တာမှားသွားတာလား..


သူ့အတွက် ယင်းကျောင်းထံမှ အထိအတွေ့သည် ၎င်းအတန်းဖော်များ၏ ဂရုစိုက်ခြင်းထက် များစွာ သာလွန်ပေသည်။ 


ယင်းကျောင်းက ဒီစာအုပ်၏ ဇာတ်လိုက်ထဲမှ တစ်ယောက်ဖြစ်နေလို့လား သို့မဟုတ် အခြားအကြောင်းပြချက်ကြောင့်လား။ 


“ပြော..” 


ယင်းကျောင်းသည် သူအချိန်ကြာကြာ စကားမပြောသည်အား တွေ့ရ၍ ပိုပြီး စိတ်ပူပန်နေသောကြောင့် သူ့မျက်နှာအား ဖွဖွလေး တို့ထိလိုက်ကာ ထပ်မေးသည်။ 


“မနာတော့ဘူး..” 


ကျင်းစစ်သည် သူ့မျက်လုံးအားပင့်ကာ ယင်းကျောင်းအား ပြုံးပြလိုက်ပြီး အသုံးပြုပြီး တစ်ရှူးများအား သူတို့နှစ်ယောက်ခုံကြားထဲ၌ ချိတ်ထားသော အမှိုက်အိတ်ထဲ ပစ်လိုက်သည်။ 


“တကယ် သက်သာလား..” 


“တကယ်…” 


ယင်းကျောင်းသည် သူ့မျက်နှာအား သေချာစစ်ဆေးလိုက်ပြီး သူမလိမ်ကြောင်း သေချာသွားမှ သူ့အား လွှတ်ပေးလိုက်သည်။


သို့သော် သူ့စိတ်ထဲ၌ အချိန်ရှိလျှင် ကျင်းစစ်အား ကိုယ်လုံးပြည့် စစ်ဆေးမှု လုပ်ရန် ခေါ်သွားမည်ဟု မှတ်သားထားလိုက်သည်။ 


ဆရာလျိုသည် တစ်ခုခုကြောင့်နောက်ကျနေကာ အတန်းခေါင်းလောင်းသည် တစ်မိနစ်အထိ မြည်ပြီးခဲ့သော်လည်း သူက မလာသေးပေ။ ကျင်းစစ်သည် သင်္ချာစာအုပ်အား ခုံပေါ်၌ စီစီရီရီတင်ထားပြီး ယင်းကျောင်းဘက်သို့ လှည့်ကာ ဝံ့ကြွားစွာပြောသည်။ 


“ဒါနဲ့ ငါမင်းရဲ့အမှတ်ပေါင်းကို တွေ့လိုက်တယ်..ဂုဏ်ယူပါတယ်…မင်းစာမေးပွဲမှာ ကောင်းကောင်းလုပ်ခဲ့တာပဲ..” 


ယင်းကျောင်း၏ နှုတ်ခမ်းများ အပြုံးအဖြစ်သို့ မြင့်တက်လာပြီး ဤစာကြောင်းအားစဉ်းစားရုံဖြင့် ယခုလ သူ့ကြိုးစားမှုက တန်ခဲ့ချေပြီ။ 


“ဒါဆို မင်း ကိုယ်နဲ့ ရုပ်ရှင်သွားကြည့်ဖို့ သဘောတူတယ်ပေါ့..” 


ဆရာလျိုက တံခါးဖွင့်၍ ဝင်လာသည်။ ကျင်းစစ်သည် စကားတစ်ခွန်းမျှမပြောသော်လည်း နှုတ်ခမ်းများတင်းတင်းစေ့၍ ခေါင်းညိမ့်လိုက်သည်။ 


စနေနေ့ည ကျောင်းပြီးချိန်၌ ယင်းကျောင်းသည် အိမ်သို့ လျင်လျင်မြန်မြန် ပြန်ပြီး ညစာ စားရန်ပင် ဂရုမစိုက်ခဲ့ပေ။ သူက အဝတ်လဲခန်းသို့ သွားကာ အဝတ်များစတင်၍ ရွေးလေသည်။ 


သူကိုယ်သူ လမ်းလျှောက်နေသည့် စိတ်ကြွဆေးအဖြစ် ပြောင်းလဲချင်သည့် ရည်မှန်းချက်ဖြင့် သူက သူ့ကိုယ်သူ စည်းကမ်းတင်းကြပ်ရပေမည်။ 


သိုသော် သူ အစဉ်အမြဲ ကြိုက်ခဲ့သည့် အဝတ်နှင့် တံဆိပ်များသည် မှော်စွမ်းအား ဆုံးရှုံးသွားသည့် စင်ဒရဲလားနှင့် တူကာ တစ်ခုမှ ပြည့်စုံသည်ဟု သူမထင်ပေ။ 


မှန်ရှေ့၌ ယင်းကျောင်းသည် တစ်စုံပြီးတစ်စုံ လဲနေပြီး ပုံများစွာ ရိုက်ကာ အဖွဲ့ထဲပို့လိုက်ပြီး ဟယ့်ကျိုးနှင့် လူများစွာအား တစ်ယောက်ပြီး တစ်ယောက်အဆိုတင်သွင်းခိုင်းသည်။ ညနေ ၁၂နာရီ မတိုင်ခင်တွင် သူသည် စိတ်အကျေအနပ်ဆုံး တစ်စုံအားရွေးယူလိုက်နိုင်သည်။ 


သိူ့သော် သူအိပ်ယာပေါ်သို့ လှဲလိုက်သည်နှင့် သူနောင်တရသွားသည်။ 


သူ့ကျောင်းယူနီဖောင်းကို ဝတ်တာက အချိန်တစ်ခုလောက်အထိ စုံတွဲဝတ်စုံအနေနှင့် သတ်မှတ်၍ ရလောက်ရုံပင်ဖြစ်သည်။ မနက်ဖြန်၌ သူက ပေါ့ပေါ့ပါးပါး ဝတ်လာပြီး ကျင်းစစ်က ကျောင်းဝတ်စုံဝတ်လာရင် ဘယ်လိုလုပ်မလဲ။ သူက ချစ်သူဆိုတဲ့ အနားလေးပင် လုံးဝမထိနိုင်ဖြစ်သွားပေလိမ့်မည်။ 


မဟုတ်ဘူး..ငါပေါ့ပေါ့ပါးပါး ဝတ်လို့မဖြစ်ဘူး။


ထို့ကြောင့် နှစ်စက္ကန့်အတွင်း ယင်းကျောင်းသည် ထိုအဖြေများဖြင့် တစ်ညလုံး ရုန်းကန်နေကာ နောက်တစ်နေ့၌ ကျောင်းဝတ်စုံဖြင့် ကျောင်းသို့သွားလိုက်၏။ 


ကျောင်းဆင်းပြီး ကျင်းစစ်၏ ကျောင်းဝတ်စုံအားကြည့်ကာ ယင်းကျောင်းသည် သူ့အမြော်အမြင်ကြီးမှုအတွက် မချီးကျူးဘဲမနေနိုင်တော့ချေ။ 


နှစ်ယောက်သား ကျောင်းနှင့် မနီးမဝေးမှ ရုပ်ရှင်ရုံအား ရွေးလိုက်ကြသည်။ 


စီရင်စု ကျောင်းသားများသည် တနင်္ဂနွေညနေ၌ အားလပ်ချိန်ရှိသောကြောင့် ထိုင်ခုံများသည် ယျေဘူယျအား ဖြင့် ပြည့်နေလေသည်။ 


ယင်းကျောင်းက ကိုလာတစ်ငုံသောက်လိုက်သည်။ အပေါ်ယံ၌ သူက တည်ငြိမ်နေပြီး ရုပ်ရှင်ကြည့်နေသော်လည်း အမှန်တကယ်၌ သူသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေသည်။ 


အချစ်ရုပ်ရှင် အတူတူ ကြည့်နေရင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် နီးစပ်ရန်လွယ်ကူသည်ဟု ပြောကြသည်။ 


လေထုအခြေအနေက ထူးဆန်းနေကာ လက်ကိုင်သည်မှ ဘယ်လိုနမ်းရမလဲဆိုသည်အား သင်ယူသည်အထိ ဘာမဆိုလုပ်နိုင်ပေသည်။ 


ဘာအတွက် ရုပ်ရှင်ပြဇာတ်ဆိုသည့် စကားလုံးပေါ်ပေါက်လာသနည်း။ 


အခြေအနေ အချိန်အခါမှန်လျှင် မနမ်းနိုင်သည့် ပါးစပ်ရှိမည် မဟုတ်ပေ။ 


၎င်းက သရဲဇာတ်လမ်းမဟုတ်သည်က သနားစရာပင်ဖြစ်သည်။ ၎င်းက သရဲဇာတ်လမ်းသာ ဖြစ်လျှင် သူက တီဗီဇာတ်လမ်းတွဲများကဲ့သို့ ကျင်းစစ်ကြောက်နေလျှင် သူ့လက်မောင်းထဲ၌ ထွေးပွေးထားရင်းဖြင့် နှစ်သိမ့်ပေးမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့တိုးတက်လာရုံသာမက ကောင်လေးရည်းစား၏ အစွမ်းအားပြသနိုင်ပေမည်။ 


ယင်းကျောင်း ၎င်းအား တွေးရင်းတွေးရင်း သူသည် လှုပ်ရှားရန် အဆင်သင့် ဖြစ်လာလေလေ ဖြစ်သည်။ နောက်ဆုံး၌ သူက အနည်းငယ် မသက်မသာ ဖြစ်နေပြီဖြစ်သည်။ 


သူသည် မှန်ပြင်ကြီးအား ကြည့်ကာ မင်းသမီးက ရင်းရင်းနှီးနှီး သရုပ်ဆောင်သည့် အခိုက်အတန့်အား စောင့်နေပြီး လှုပ်ရှားရန် အခွင့်အရေးအား စောင့်နေသည်။ 


သို့သော် တစ်ခါတစ်လေ...လက်တွေ့က မင်းထင်ထားသည်နှင့် ကွဲပြားနေပေလိမ့်မည်။ 


ဤသည်မှာ ကျင်းစစ်ဖြင့် ရုပ်ရှင်တူတူကြည့်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမှန်းထားသကဲ့သို့ သူ့နှုတ်ခမ်းအား နမ်းရှိုက်ခြင်းအား အသာထား လက်ပင် မကိုင်လိုက်ရချေ။ 


ယင်းကျောင်း၏ ပြီးပြည့်စုံသည့်အကြံဉာဏ်သည် ဇာတ်လိုက်မင်းသားအား အရံဇာတ်ပို့က အုတ်ခဲဖြင့် ရိုက်လိုက်ချိန်မှ စ၍ အဆုံးသတ်သွားချေပြီ။ 


ဘန်းဆိုသည့် အသံဖြင့် သွေးများသည် မှန်သားပြင်ပေါ်၌ ပြန့်နှံ့သွားသည်။ ယင်းကျောင်းမျက်နှာသည် ဖျော့တော့နေပြီး ခေါင်းများမူးဝေကာ ကျင်းစစ်လက်မောင်းထဲသို့ သူသာ လဲကျသွားတော့သည်။ 


_____


စာရေးဆရာမှာ ပြောစရာရှိတယ်~


ပြဇာတ်အသေးစား - 


ယင်းကျောင်း : မမေးနဲ့..မင်းမသေချင်ဘူးဆိုရင် မမေးနဲ့..


____


Translated By IQ-Team.