အပိုင်း၄၇
Viewers 14k

Chapter 47

Chapter 47


-----------------------


အသေအချာ ပြောရမည်ဆိုလျှင် ဤသည်ကား ကျင်းစစ်၏ ပထမဆုံးအကြိမ် ရုပ်ရှင်ရုံသို့ရောက်ဖူးခြင်းပင်ဖြစ်သည်။ 


ယင်းကျောင်းရွေးချယ်ထားသည့် နေရာသည် အလယ်ခေါင် တတိယမြောက်တန်း၌ ရှိကာ နေရာက အရမ်းကောင်းသည်။ 


ရုပ်ရှင်ရုံက ကျောင်းအနီးနား၌ ရှိသောကြောင့် အများစု လာကြသော သူများသည် ကျောင်းသားကျောင်းသူများဖြစ်ကာ ကလေးဆိုးများဖြင့်လာသော မိဘတစ်ယောက်မှ မရှိချေ။ လူတိုင်း တိတ်တဆိတ် ထိုင်နေကြကာ ရုပ်ရှင်အား ကြည့်ရှုနေကြသည်။ 


အဓိပ္ပာယ်မရှိသည့် ကျောက်သင်ပုန်းပေါ်မှ သင်္ချာပုစ္ဆာအား လျစ်လျူရှုလိုက်လျှင် ဇာတ်လမ်းက အဆင်ပြေသည်။ သူ့ကိုယ်ပိုင်နှင့် ကွဲပြားသည့် နောက်ထပ် အထက်တန်းဘဝအား ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်။ 


ရုပ်ရှင်၏ သုံးပုံတစ်ပုံမျှ ပြီးဆုံးသွားပြီး ဇာတ်လမ်းကြောင်း ပဋိပက္ခများသည် တဖြည်းဖြည်း သိသာထင်ရှားလာသည်။ ကျင်းစစ်သည် နို့လက်ဖက်ရည်အား တစ်ငုံသောက်လိုက်ပြီး နောက်ထပ် ဇာတ်လမ်း အခင်းအကျင်းအား မျှော်နေလိုက်၏။ 


သူက မစ်တီးခွက်အား ပြန်မထားလိုက်ဘဲ သူ့လက်အားနွေးထွေးစေရန် လက်ထဲ၌ကိုင်ထားသည်။ 


ယင်းကျောင်းက ဘာကြောင့်သူ့အား ကိုလာမသောက်ခိုင်းသည်အား မသိသော်လည်း ကျင်းစစ်သည် ဂရုမစိုက်ပေ။ သူက ဖျော်ရည်နှင့်ပတ်သက်လာချိန်၌ အကြိုက်မရှိချေ။ ဘယ်လိုဖျော်ရည်မျိုးမဆို အားလုံးက သူ့အတွက် အကုန်လုံးအတူတူ ဖြစ်နေသောကြောင့် ၎င်းက ယင်းကျောင်းသူ့အတွက်ရွေးပေးသည့် ဘာမဆိုရပေသည်။ 


ကျင်းစစ်သည် နို့ပုလဲစေ့လေးအား သူ့ပါးစပ်ထဲမျိုချလိုက်ပြီး နောက်ထပ် တစ်ကျိုက်သောက်လိုက်သည်။ 


ဖန်သားပြင်ပေါ်၌ ဇာတ်လမ်းကြောင်းသည် အမြောက်စာဇာတ်ကောင်က ဇာတ်လိုက်အား ရန်စသည့် အချိန်သို့ ရောက်ရှိသွားသည်။ 


ဇာတ်လိုက်တစ်ယောက်အနေဖြင့် မျက်နှာအမူအယာအေးစက်လေလေ ကောင်းမွန်လေဖြစ်ပြီး စကားနည်းလေ ပသာဒကျလေဖြစ်သည်။ အမြောက်စာဇာတ်ကောင်က မကျေမနပ်ပြုမူနေပြီး သူ့အပြုအမူကြောင့် ရန်စသကဲ့သို့ ဖြစ်သွားသည်နှင့် တူသည်။ သူက အောက်ငုံ့ကာ မြေပြင်မှ အုပ်ခဲကို ကောက်လိုက်ပြိး ဇာတ်လိုက်ဦးခေါင်းထံ တစ်ချက်တည်း ပစ်လွှတ်လိုက်၏။ 


ချက်ချင်းပင် သွေးများ သူ့ခေါင်းမှ ကျဆင်းလာသည်။ ဖန်သားပြင်၏ တစ်ဝက်လောက်တွင် ဇာတ်လိုက်မင်းသား၏ သွေးများပေကျံနေသည့် မျက်နှာကြီး ပေါ်နေပေသည်။ 


သွေးလား..


ကျင်းစစ်သည် လန့်သွားပြီး မသိစိတ်မှ ယင်းကျောင်းထံလှည့်ကြည့် လိုက်မိသည်။ 


သူ့ခေါင်းအား မလှည့်လိုက်မိခင်ပင် ယင်းကျောင်းသည် သူ့လက်မောင်းထဲသို့ လဲကျသွားလေသည်။ 


ယင်းကျောင်းသည် သူ၏မျက်လုံးအား တင်းကြပ်စွာပိတ်ထားပြီ နဖူးပေါ်၌ ချွေးအေးများဖြင့် သတိရတစ်ဝက် မရတစ်ဝက် အခြေအနေသို့ကျရောက်နေသည်။ 


“ယင်းကျောင်း…” 


ကျင်းစစ်သည် သူ့အား အသံတိုးတိုးဖြင့် ခေါ်ကြည့်လိုက်ပြီး ယင်းကျောင်းက လုံးဝမတုံ့ပြန်ချေ။ 


ကျင်းစစ်သည် ဘေးဘီသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူတို့က အလယ်တည့်တည့်၌ ထိုင်နေခဲ့ပြီး ဘေးနှစ်ဘက်၌ လူများစွာရှိသည်။ ယင်းကျောင်းသည် သတိရမလာသေးချေ။ သူ့အတွက် ထွက်သွားရန်မဖြစ်နိုင်ပေ။ ယင်းကျောင်းနိုးလာရန်စောင့်ဆိုင်းရုံသာ သူတတ်နိုင်ပေသည်။ 


ဤသည်က ယင်းကျောင်းသွေးမြင်၍ မေ့လဲခြင်းအား ကြုံရသည်မှာ သူ့အတွက်ပထမဆုံးအကြိမ် ဖြစ်ပြီး ကျင်းစစ်သည် သူ့လက်မောင်းအား ဆိတ်လိုက်ခြင်းဖြင့် သူ့အားနိုးလိုက်သည်။ 


သို့သော် ယခုတစ်ကြိမ်တွင် ကျင်းစစ် အကြိမ်များစွာ ကြိုးစားကြည့်သော်လည်း သူမှန်မှန်ကန်ကန် မလုပ်နိုင်ပေ။ သူသည် ယင်းကျောင်း၏ ပူနေဆဲဖြစ်သည့် မျက်နှာအား မစ်တီးခွက်ဖြင့် ကပ်ပြီး သူ့အား လက်ဖြင့်ဆက်တိုက်လှုပ်ကာ သူ့နာမည်အား နားအနီးနားသို့ ကပ်၍ တိုးတိုးတိတ်တိတ် ခေါ်နေလိုက်သည်။ 


ယင်းကျောင်း၏ မျက်ခုံးများ ရွေ့လျားနေကာ သူက လုံးဝကြီး မေ့မြောနေခြင်း မဟုတ်ပေ။ ကျင်းစစ်သည် စိတ်သက်သာရသွားပြီး မစ်တီးဘူးအား ဘေးသို့ဖယ်ကာ သူ့အေးစက်စက်ဖြစ်နေသည့် လက်များအား ဆုပ်ကိုင်ထားသည်။ ရုပ်ရှင်ကြည့်နေကြသော အခြားလူများအား အနှောက်အယှက်ဖြစ်မည်စိုးရိမ်သောကြောင့် သူသည် ယင်းကျောင်းအနီးနားသို့ ကပ်နိုင်ရန်ကြိုးစားပြီး သူ့နာမည်အား ဆက်တိုက်ခေါ်နေလိုက်သည်။ 


“ရတယ်..” တစ်မိနစ်ခန့်ကြာပြီးနောက် ယင်းကျောင်းသည် သတိအနည်းငယ် ပြန်ရလာသည်။ 


သူသည် အံကြိတ်လိုက်ပြီး ထိန်းချုပ်မရအောင် တုန်ခါနေသည့် ခန္ဓာကိုယ်အား ချုပ်တည်းကာ သူ့သွားများမှ တဆင့် စကားနှစ်လုံးကို ညစ်ထုတ်လိုက်သည်။ 


“မင်းအခု လှုပ်လို့ရပြီလား..” 


ရုပ်ရှင်ရုံထဲမှ အလင်းရောင်သည် အရမ်းမှောင်နေပြီး ကျင်းစစ်သည် သူ့မျက်နှာအား အသေအချာမမြင်ရကာ သူက အနည်းငယ်စိတ်ပူနေပြီး ယင်းကျောင်းအား အသံတိုးတိုးဖြင့် တိုက်တွန်းလိုက်သည်။ 


“ဆက်ပြီးမကြည့်ကြဘဲ ငါတို့ပြန်ကြမလား…” 


ယင်းကျောင်းက အသံတိတ်နေဆဲပင်ဖြစ်သည်။ 


ကျင်းစစ်သူ့အား ထပ်၍မေးမည်ပြုသည့် အချိန်၌ ယင်းကျောင်း၏ အားနည်းသော်လည်း ခေါင်းမာသည့် အသံက သူ့နားထဲ၌ ပေါ်ထွက်လာသည်။ 


“မင်းက ကိုယ် မလုပ်နိုင်ဘူးလို့ ထင်လို့လား…” 


သူက အသက်အနည်းငယ် ရှူသွင်းလိုက်ပြီးနောက် ဆက်ပြောသည်။ 


“နောက်တာ..မိနစ် တစ်ရာ့ရှစ်ဆယ်က လုံးဝအဆင်ပြေပါတယ်..” 


ကျင်းစစ် “…”


သူသည် ဤကဲ့သို့ ပေါက်ကရလေးဆယ်အား တွေးတောနိုင်သေးသည်အား ကြည့်ခြင်းအားဖြင့် ကျင်းစစ်သည် အရမ်းစိုးရိမ်ခြင်း မရှိတော့ချေ။ သူက မေးခွန်းအား မဖြေဘဲ တစ်ခဏမျှ တွေးတောလိုက်သည်။ 


“မင်းငါ့ကို ဒီမှာခဏစောင့်ပေးပါ..ငါထွက်ပြီး မင်းအတွက် ရေနွေးအချို့ယူလာပေးမယ်….” 


နောက်ဆုံးအကြိမ် သူဆေးပေးခန်းသို့ သွားချိန်၌ ကျောင်းဆရာဝန်က သူ့အား ရေနွေးသောက်ရန် မှာလိုက်သည်။ 


ယင်းကျောင်းက ယခု ပိုပြီးသက်သာသွားပြီဖြစ်သည်။ နောက်ဆုံးအကြိမ် ကျင်းစစ်အပေါ်မှ သွေးမြင်ရခြင်နှင့်ယှဉ်လိုက်လျှင် ဖန်သားပြင်မှ သွေးအတုများက သူ့အတွက် ခဏတာ သက်ရောက်မှုသာဖြစ်စေသည်။ 


“မလိုဘူး..” 


သူက လှုပ်ရှားလိုက်ပြီး ဖြောင့်ဖြောင့်မတ်မတ်ထိုင်ရန် ကြိုစားလိုက်ချိန်၌ သူ၏လက်များအား ကျင်းစစ်မှ ဆုပ်ကိုင်ထားကြောင်း ယခုချိန်မှ သတိပြုမိသွားသည်။ 


ကျင်းစစ်၏လက်များသည် သူ့ထက်သေးကာ သူ့လက်များအား အဆုံးစွန်ထိ ဆန့်လိုက်လျှင်ပင် သူ့လက်အား ကောင်းကောင်းမဖုံးလွမ်းနိုင်ပေ။ 


ယင်းကျောင်းသည် သူ့နှုတ်ခမ်းထောင့်စွန်းများ ကွေးကာပြုံးလိုက်ပြီး တက်ကြွစွာ ပြုမူလေသည်။ 


“မင်းနို့လက်ဖက်ရည်က ပူသေးတယ်မလား…ကိုယ့် ကိုတစ်ငုံလောက်တိုက်ပါလား…” 


ကျင်းစစ်က တခဏမျှ ကြောင်အသွားသည်။ 


“ငါအကုန်သောက်လိုက်ပြီ…” 


“အဆင်ပြေပါတယ်..” ယင်းကျောင်းသည် သူမျက်လုံးအား ဆက်၍ပိတ်နေသည်။ 


“ကိုယ်တို့ အရင်က နမ်းတောင် နမ်းဖူးသေးတာပဲ..မင်းဒါကို ဂရုစိုက်သေးတာလား…” 


အခြားလူများသည် ရုပ်ရှင်ကြည့်နေကြဆဲဖြစ်ပြီး ကျင်းစစ်သည် သူနှင့် စကားမများချင်ပေ။ သူသည် စက္ကန့်အနည်းငယ် တုံ့ဆိုင်းနေပြီး သူ့ပိုက်အား လဲချင်သော်လည်း သူကိုင်လိုက်သည်နှင့် မစ်တီးခွက်က ယင်းကျောင်း၏ လုယူခြင်း ခံလိုက်ရမည်ဟု သူမထင်မိလိုက်ချေ။ 


သူက တော်တော်လေး သက်သာလာပုံရကာ သူ့လက်များထံမှ အားအင်များပင်လျှင် ပြန်ပြည့်လာပေသည်။ ကျင်းစစ်က သူ့အား တားဆီးသည်အား မစောင့်ဘဲ သူသည်ပိုက်အားကိုက်လိုက်ပြီး ကျင်းစစ်အားကြည့်ကာ အကျိုက်ကြီးကြီး သောက်လိုက်သည်။ 


ကျင်းစစ်၏ ပါးပြင်များ ပူလောင်လာပြီး သူ့ခေါင်းကို ချက်ချင်းလှည့်လိုက်ကာ သူ့အားဆက်မကြည့်တော့ပေ။ 


နောက်ဆုံး၌ လူနှစ်ယောက်သည် ဇာတ်လမ်းအား အဆုံးထိကြည့်ရန် လုပ်လိုက်ကြပြီး သူတို့အမှန်တကယ် ကြည့်ခြင်း မကြည့်ခြင်းကမူ မတိကျမသေချာချေ။ 


သူတို့သည် ရုပ်ရှင်ရုံထဲမှ ထွက်လျှောက်လာပြီး လေထုအခြေအနေက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပြီး နှစ်ယောက်လုံး အရင်စကားစ၍ မပြောကြပေ။ 


ယင်းကျောင်းသည် သူ့ကိုယ်သူ ဘယ်လိုပြန်ဆယ် ရမည်အား စဉ်းစားနေသည်။ 


အုတ်ခဲဇာတ်ညွန်းနှင့် ငယ်ရွယ်သည့် ချစ်ခြင်းတရားအား မည်သူက ထင်ထားမိမည်နည်း။ 


မင်းချစ်မိသွားတယ်ဆိုရင်လည်း ချစ်မိတယ်ပေါ့။ ဒီလိုမျိုးပေါက်ကရ ဇာတ်ညွှန်းမျိုးက ဘာကြီးလဲ။ 


ယင်းက ရိုးရှင်းစွာပင် သဘာဝမကျပေ။ 


ဒါရိုက်တာနှင့် ရုပ်ရှင်အဖွဲ့သားများ၌ ဦးနှောက်တစ်ခုခု ချောင်နေခြင်း ဖြစ်ရမည်။ 


မဟုတ်ဘူး...သူကျင်းစစ်၎င်းအား မေ့သွားစေရန် ပြုလုပ်ရမည်။ 


ကျင်းစစ်သည် ယင်းကျောင်းဘေး၌ လျှောက်ကာ သူ့စိတ်ထဲ၌ ယင်းကျောင်းက သွေးမြင်၍ မေ့လဲသွားသည်အား ဂရုစိုက်နေသည်ဟု ထင်ကာ တွေးလိုက်မိသည်။ 


ဤသည်က သူပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ကာ ဤအတွက် အာမခံစာချုပ်ရေးပေးရန် လိုသေးလား။ သူ့ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်သင့်သည်လား။ 


သို့သော် နောက်ဆုံး၌ သူတို့သည် ရုပ်ရှင်ကြည့်ခဲ့ခြင်းဖြစ်သည်။ သူ ရုပ်ရှင်အကြောင်း ဘာပြောသင့်လဲ။ 


စာမေးပွဲအကြောင်း ဘာလို့မပြောရမှာလဲ။ 


သူတို့နှစ်ယောက် ခေါင်းလှည့်ကာ တစ်ချိန်တည်းမှာပင် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ 


ယင်းကျောင်း “မင်း..” 


ကျင်းစစ် “မင်း…” 


ယင်းကျောင်းသည် ချောင်းဆိုးဟန်ပြုလိုက်သည်။ 


“ကိုယ်မင်းကို အထဲမှာ တစ်ရေးလောက်အိပ်ခဲ့တယ်ပြောရင် မင်းယုံမှာလား..” 


ကျင်းစစ် “…” 


ကျင်းစစ်နှုတ်ခမ်းထောင့်များ မထိန်းမနိုင် ကွေးသွားပြီး ခေါင်းငုံ့ကာ ပြုံးလိုက်သည်။ 


“ယုံတယ်..” 


“ကိုယ်ဘာကြောင့် မင်းမယုံဘူးလို့ ထင်နေရတာလဲ..” ယင်းကျောင်းသည် သွားကြိတ်ကာ မေးစေ့အားမော့လိုက်ပြီး ကောင်လေးမျက်လုံများထံကြည့်လိုက်သည်။ 


“မင်းဘာကို ရယ်နေတာလဲ..” 


ကျင်းစစ်က သူ့ရယ်သံအား ထိန်းထားကာ သည်းခံနေရသည်။ သို့သော် သူဤသည်အား မေးလာချိန်၌ မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 


“ငါတောင်းပန်ပါတယ်..” 


သူသည် ယင်းကျောင်း၏ လက်အား ရှောင်လိုက်ရင်း ပြုံးကာ သူတို့ ကြုံခဲ့ရသည့် အတွေ့အကြုံအား ပြန်သတိရရင်း ယင်းကျောင်းအား ရှားရှားပါးပါး စနောက်လိုက်သည်။ 


“ငါမင်းကို နောက်ထပ် အာမခံရေးပေးရဦးမလား….” 


ကျင်းစစ်၏ စိတ်နေစိတ်ထားသည် ပေါ့ပေါ့ပါးပါးဖြစ်ကာ ဤကဲ့သို့ ရယ်မောခြင်းမှာ ရှားပါးလှသည်။ နက်မှောင်နေသည် မျက်လုံးတစ်စုံသည် အပြုံးများဖြင့်ပြည့်နက်နေ၏။ 


ယင်းကျောင်းသည် သူ့အားကြည့်ပြီး နှလုံးသာထဲ၌ ပျော့ပြောင်းသွားကာ မေ့မြောခြင်းအတွက် အရှက်ပြန်ဆယ်ခြင်းသည် ကိစ္စမရှိကြောင်း ခံစားလိုက်ရသည်။ 


သူ့လက်အား ဆန့်တန်းလိုက်ပြီး ကျင်းစစ်မျက်နှာအား ညစ်လိုက်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။ 


“ဒီတစ်ကြိမ် အာမခံမလိုဘူး..ကိုယ်တစ်ခြား စာလိုချင်တယ်…” 


ကျင်းစစ်သည် အူတူတူဖြစ်သွားရသည်။ 


“ဘာကြီး..” 


“အတန်းဖော်လေး…”


ယင်းကျောင်းသည် ရယ်လိုက်ပြီး သူ့မျက်လုံးများက ကောင်လေးမျက်နှာအား မကွဲမကွာ ကြည့်နေကာ သူစနောက်နေသည်လား အတည်ပြောသည်လား မသဲကွဲချေ။ 


“ကိုယ့်ကို ရည်းစားစာ ပေးပါလား..”


ကျင်းစစ်သည် တခဏမျှ ကြောင်သွားပြီးနောက် သူ့မျက်နှာက ချက်ချင်းမသက်မသာဖြစ်လာသည်။ သူက ယင်းကျောင်းအား အဝေးသို့တွန်းလိုက်ပြီး သူ့ခြေထောက်အား မြှောက်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။ 


ယင်းကျောင်းသည် သူ့၏အလျင်လိုနေသည့် နောက်ကျောအားကြည့်ကာ သူ့စိတ်အား ငြိမ်စေလိုက်ပြီး သူ့ကိုယ်သူ အလျင်မလိုရန် တိတ်တဆိတ်သတိပေးပြီးနောက် ကောင်လေး၏နောက်သို့ အမြန်လိုက်သည်။ 


“မင်းဘာလို့ပြေးနေတာလဲ…” 


“..ငါမပြေးဘူး..” 


“တက်..” ယင်းကျောင်းသည် သူ့ဘေးမှ စက်ဘီးအား ယူလိုက်ပြီး စက်ဘီးနောက်ခုံအား ပုတ်ပြလိုက်သည်။ 


“ညီလေး ငါးသံပရာဆိုဘယ်လိုလဲ..” 


ကျင်းစစ်သည် သူ့မျက်လုံးများအား အောက်စိုက်ကာ သူ့ကို မကြည့်ဘဲ နောက်ခုံသို့ သေသပ်စွာ ထိုင်လိုက်သည်။ 


“ငါစားနိုင်တယ်…”


ယင်းကျောင်းက သူ့ခေါင်းအား အနည်းငယ် လှည့်ကာ မေးသည်။


“မင်းထိုင်ပြီးပြီလား..” 


“ပြီးပြီ..” 


ယင်းကျောင်းသည် မြေပြင်၌ ချထားသည့် ခြေထောက်အား မြှောက်လိုက်ကာ ခြေနင်းအား နာနာနင်းလိုက်ပြီး ရှေ့သို့ တစ်လျှောက်နင်းသွားသည်။ 


လေသည် သူ့ရဲ့ကျယ်ပြန့်သည့် ကျောင်းဝတ်စုံအား တိုက်နေပြီး တောင့်တောင့်တင်းတင်း နောက်ကျောအား ထင်ရှားစေကာ ကုတ်အင်္ကျီကို လွှင့်မြောစေ၍ သူ့ခါးမှ အမည်းရောင်း အောက်ခံအင်္ကျီအား ပေါ်လာစေသည်။ 


၎င်းအားတွေ့ရချိန်၌ ကျင်းစစ်သည် သူ၏ ကျောင်းဝတ်စုံအား အောက်ဆွဲချပေးလိုက်ပြီး လေအားထွက်သွားစေပြီးနောက် လွှတ်ပေးလိုက်သည်။ 


......


လစဉ်စာမေးပွဲပြီးဆုံးပြီးနောက် စီရင်စုကျောင်းမှ ကျောင်းသားများသည် ခဏတာ အနားယူကြသည်။ စီရင်စုရှိ နိုင်ငံအဆင့်သင်္ချာအစမ်းပြိုင်ပွဲက စတင်ပြီဖြစ်သောကြောင့် ကျင်းစစ်သည် သူတို့နှင့် ဆန့်ကျင်စွာပင် ဖြစ်သည်။ 


ပြိုင်ပွဲမစတင်ခင် တစ်ရက်အလို၌ ဆရာကျောက်သည် သူတို့အား မေးခွန်းတစ်ခုမျှ မလုပ်ခိုင်းသော်လည်း သူတို့အား စာမေးပွဲမတိုင်ခင် သတိထားသင့်သည့် အရာများအား သေသေချာချာ ရှင်းပြပေးသည်။ 


“မင်းတို့တော်တော်များများ သင်္ချာပြိုင်ပွဲမှာ ပြိုင်ဖူးပေမဲ့ မင်းတို့က စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုလို့မရဘူး..မဟုတ်ဘဲ တစ်ခုခုမှားသွားခဲ့ရင် ဒီနှစ်ကြိုးစားမှုများက အလကားဖြစ်သွားလိမ့်မယ်…” 


ဆရာကျောက်သည် ရေတစ်ငုံသောက်လိုက်ပြီး စင်မြင့်အောက်သို့ကြည့်လိုက်ကာ ဆက်သည်။ 


“မနက်ဖြန် မနက် ၅နာရီခွဲ ဒုတိယမြောက် သင်ကြားရေးအဆောက်အဦးမှာ လူစုရမယ်..မင်းတို့နောက်ကျလို့ မရဘူး..ငါတို့သင်္ချာပြိုင်ပွဲအတန်းက အဆောက်အဦးရှေ့ ညာဘက်အစွန်ဆုံး တိုင်မှာ တန်းစီရမယ်..လူတိုင်း ကျောင်းဝတ်စုံကို မဖြစ်မနေဝတ်ဆင်ခဲ့ရမယ်..” 


“ငါမင်းတို့ကို စာမေးပွဲအချိန်အကြောင်းပြောပြီးသား ဖြစ်ပေမဲ့ ထပ်ပြောပြမယ်…အဲ့ဒါက တုန်းဟိုင်တက္ကသိုလ် မှာကျင်းပမှာဖြစ်ပြီး စာမေးပွဲက ၈နာရီမှစမယ်…၈နာရီမှ ၉နာရီအထိက ပထမစာမေးပွဲဖြစ်ပြီး ကိုးနာရီလေးဆယ်မှ ဆယ့်နှစ်နာရီ ဆယ်မိနစ်အထိက ဒုတိယစာမေးပွဲဖြစ်တယ်…” 


ထိုသို့ပြောပြီး သူက ကျင်းစစ်အားကြည့်လိုက်သည်။ 


“ဘာတွေပဲ ကြုံတွေ့ရပါစေ...မင်းတို့က အဖြေလွှာကို စောစော ထပ်ခွင့်မရှိဘူး..ကြားကြလား..” 


ကျင်းစစ် “….” 


ကျင်းစစ်သည် အခြားအတန်းဖော်များနှင့် အတူတူဖြေကြားလိုက်သည်။ 


“ကြားပါတယ်..” 


“ကောင်းပြီ...ငါထပ်ပြီး ပေါက်ကရ ဆက်မပြောတော့ဘူး..” 


ဆရာကျောက်သည် သူ့၏ နောက်ဆုံး သတိပေးချက်အား အဆုံးသတ်ရန် ဆောင်ရွက်နေချိန်၌ သူက တစ်ခုခုအား ရုတ်တရက် စဉ်းစားမိပြီး ပြောလိုက်သည်။ 


“နေဦး...နောက်တစ်ခုရှိသေးတယ်…ငါပြောဖို့ မေ့တော့မလို့ပဲ..” 


“မနက်ဖြန် စောစောထကြ...ကန်တင်းက အဲ့ဒီအချိန် ဖွင့်ဦးမှာမဟုတ်ပေမဲ့ ကိစ္စမရှိဘူး..ကျောင်းက မနက်စာအတွက် စီစဉ်ပေးလိမ့်မယ်…မင်းတို့ လူစုပြီး ဘတ်စ်ကားပေါ် တက်ပြီးသွားရင် မင်းတို့ကို ပို့ပေးလိမ့်မယ်...” 


ဆရာကျောင်းသည် တခဏမျှ တွေးတောလိုက်ပြိး သူတို့အား သတိပေးစရာ မကျန်တော့ကြောင်း သေချာစေပြီးမှ လူအုပ်ကြီးအား လွှတ်ပေးလိုက်သည်။ 


“မနက်ဖြန်မနက်..ငါမင်းတို့ကို တတိယထပ် စင်္ကြံဝင်ပေါက်က စောင့်နေမယ်…မင်းဘယ်ချိန်ထွက်လာမှာလဲ…” 


ကျိုးချောင်သည် ကျင်းစစ်အား မေးပြီး အတန်းထဲမှ ထွက်သွားသည်။ 


ကျင်းစစ်က တခဏမျှ တွေးလိုက်သည်။ 


“ငါးနာရီဆယ်မိနစ်လောက်…” 


ကျိုးချောင်းက လက်ခုပ်တီးလိုက်သည်။ 


“ငါလည်းတူတူပဲ…ငါးနာရီဆယ်မိနစ်မှာ တွေ့မယ်..” 


ကျင်းစစ်က ခေါင်းညိမ့်လိုက်သည်။ 


“ကောင်းပြီ..” 


“မနက်ဖြန်မနက်မှာ ပြန်တွေ့မယ်..” 


“မနက်ဖြန်ပြန်တွေ့မယ်…” 


အတန်းထဲသို့ ပြန်ရောက်ပြီး ကျင်းစစ်သည် ပုံမှန်ကဲ့သို့ သူ့လေ့ကျင့်ခန်းစာအုပ်အား ထုတ်ကာ ပုစ္ဆာများအားမတွက်တော့ဘဲ အကြည်ရောင်ဖိုင်အိတ်အား ထုတ်ယူလိုက်ကာ မနက်ဖြန်ယူသွားမည့် ပစ္စည်းများအား စီရီလိုက်သည်။ 


ယင်းကျောင်းသည် သူ့ဘောပင်အား ချကာမေးသည်။ 


“မင်း အဲ့ဒီကို မနက်ဖြန်မနက် ဘယ်ချိန်သွားရမှာလဲ..” 


“ငါးနာရီခွဲ…” ကျင်းစစ်သည် ဖိုင်အိတ်ထဲသို့ ခဲဖျက်အား ထည့်ပြီးမော့ကြည့်လိုက်သည်။ 


“ဒုတိယ သင်ကြားရေးအဆောင်ရှေ့..” 


ခဏလောက်စဉ်းစားပြီးနောက် သူက ဆက်ပြောသည်။


“ကျောင်းက မနက်စာ စီစဉ်ပေးမှာတဲ့..” 


ယင်းကျောင်းသည် ရတနာတစ်ခုအားကောက်ရသကဲ့သို့ သူ့အားကြည့်လိုက်ပြီး ရယ်သည်။ 


“အရမ်းပျော်နေလား..မင်းမနက်ဖြန် ဖုန်းယူသွားလို့ရော ရလား..” 


ကျင်းစစ်သည်လည်း ဤမေးခွန်းအား တွေးနေခြင်းဖြစ်ပြီး သူချက်ချင်း အဖြေပြန်မပေးချေ။ 


“မင်းနဲ့ ယူသွား..” 


ယင်းကျောင်းသည် သူ့ဖိုင်အိတ်အား ယူလိုက်သည်။ ကျင်းစစ်သည် အမှားမလုပ်ကြောင်း သူသိသော်လည်း သူထပ်ပြီး တစ်ပုံစံတည်း စစ်ကြည့်လိုက်သည်။ 


“အဲ့ဒီအချိန်မှာ မင်း တစ်ခုခု ဖြစ်ခဲ့ရင် စာမေးပွဲမတိုင်ခင် လွယ်အိတ်ထဲ အဲ့ဒါကိုထည့်ထားဖို့ မမေ့နဲ့..” 


“ကောင်းပြီ..” ကျင်းစစ်သည် ခေါင်းညိမ့်လိုက်သည်။ 


“ဒါဆို ငါယူသွားလိုက်မယ်..” 


သူတခဏမျှ စဉ်းစားလိုက်ပြီး ယင်းကျောင်းအား ပြောလိုက်သည်။ 


“မနက်ဖြန်မနက်..စာကြည့်ချိန်နဲ့ နေ့လည်စာနားချိန်က ရူပဗေဒစာရွက်တစ်စုံကို ပြီးစေဖို့လုံလောက်တယ်…စာမေးပွဲမှာ မင်း ရူပဗေဒမှာ အမှားအများကြီး လုပ်ခဲ့တယ်…ငါပြန်လာရင် အဲ့ဒါကို စစ်ကြည့်မယ်…” 


“မစိုးရိမ်ပါနဲ့…” 


ယင်းကျောင်းသည် ဖိုင်အိတ်အား ပိတ်လိုက်ပြီး သူ့ထံ ရယ်သံတစ်ချက်ဖြင့် ပြန်ဖြေပေးလိုက်သည်။ 


“ကိုယ် မင်းပေးတဲ့ အလုပ်တွေကို အတန်းပြီး သန့်စင်ခန်းမသွားဘဲနဲ့ ပြီးအောင်လုပ်လိုက်မယ်…” 


ကျင်းစစ်သည် သူ့ဖိုင်အိတ်အား လွယ်အိတ်ထဲထည့်ကာ သူ့ကို လျစ်လျူရှုလိုက်သော်လည်း သူ့နှုတ်ခမ်းများကွေးလာလေ၏။