အခန်း ၄၉
Viewers 14k

Chapter 49

Chapter 49


သူက မနည်းတက်ကြွစေလိုက်ပြီး သူ့ဖုန်းအား ထုတ်ကာ ကြည့်လိုက်သည်။ အထဲ၌ ဝီလ်ချက်မက်ဆေ့များစွာရှိနေကာ အကုန်လုံးက ယင်းကျောင်းထံမှ ဖြစ်၏။


[ကျောင်း] ရူပဗေဒစာရွက်တွေ ပြီးသွားပြီ..{ပုံ….}


[ကျောင်း] မင်းပြန်လာတာကို စောင့်နေတယ်


[ကျောင်း]ကိုယ် မင်းကို အုန်းနို့လေးထောင့်ကိတ်မုန့်လေး ဝယ်ထားပေးပြီး မင်းခုံထဲမှာ ထည့်ထားတယ်…


[ကျောင်း]ကိုယ် နေ့လည်ပိုင်း မအိပ်ဘဲ သင်္ချာပုစ္ဆာအနည်းငယ်တွက်ကြည့်နေတယ်…


[ကျောင်း]မင်းစာမေးပွဲပြီးပြီလား…


[ကျောင်း]စာမေးပွဲပြီးရင် မင်းရဲ့ကောကို စကားပြန်ပြောနော်…


ကျင်းစစ်မျက်နှာ‌ပေါ်၌ အပြုံးလေးပေါ်လာပြီး ချောင်အန်းယန်ထံမှ ပစ်မှတ်ထားခံရ၍ သူခံစားခဲ့ရသော စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားကာ သူက စာရိုက်ပြီး ယင်းကျောင်းထံမက်ဆေ့ပို့လိုက်သည်။


[ကျင်း] စာမေးပွဲပြီးပြီ…ငါပြန်လာဖို့ ပြင်နေတယ်…


ဆရာကျောက်၏ မျက်လုံးများ တစ်ချိန်ပြီး တစ်ချိန် သူ့ထံရွေ့ကြည့်လာသည်အား တွေ့ရချိန်၌ သူကဖုန်းအား လွယ်အိတ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်ပြီးနောက် သူ့ခုံပေါ်၌ သက်တောင့်သက်သာ လှဲ၍ အိပ်ပျော်သွားပြီး သူတို့‌ကျောင်းသို့ ဘယ်အချိန်ရောက်သွားမှန်း မသိလိုက်ပေ။


“မင်းတကယ်အိပ်နိုင်တာပဲ…”


ကျိုးချောင်က သူ့အားလှုပ်နိုးကာ အပြင်သို့လက်ညိုးထိုးပြီး ပြောသည်။


“သွားမယ်..ဒုတိယကန်တင်းကို သွားပြီးညစာ သွားစားရအောင်…”


“ဒုတိယကန်တင်းလား…”


“ဟုတ်တယ်..” ကျိုးချောင်သည် ခေါင်းညိမ့်လိုက်သည်။


“ဆရာကျောက်က ဒီနေ့နေ့လည်စာကို ကျောင်းက တာဝန်ယူလိမ့်မယ်လို့ ပြောတယ်…ဒုတိယကန်တင်းက ပုဂ္ဂလိကစာချုပ်ချုပ်ဆိုထားတာမို့လို့ အချိန်ပြည့်ဖွင့်နိုင်တယ် ငါတို့အဲ့ဒီကိုဘဲ သွားနိုင်တယ်…”


“ကောင်းပြီ…” ကျင်းစစ်က တစ်ရေးအိပ်ပြီး ပို၍သက်တောင့်သက်သာ ခံစားရသည်။ သူက လွယ်အိတ်အားသယ်ကာ ကျိုးချောင်နှင့်အတူ ဒုတိယကန်တင်းသို့ ဦးတည်သွားသည်။


ရှုရှစ်သည် သူတို့အားလုံး ကျောင်းကောင်စီခေါင်းဆောင်များမှ တန်ဖိုးထားခြင်း ခံရသည့် ကျောင်းသားများဖြစ်ကြောင်း သိပေသည်။ ဒုတိယကန်တင်းမှ ဝန်ထမ်းများသည် မလျော်မကန် မဆက်ဆံရဲကာ သူတို့အား ကျွေးသည့် အစားအသောက်များက ပုံမှန်ပင်ဖြစ်သည်။


ကျင်းစစ်ကပန်းဂေါ်ဖီနှင့် ဝက်သားကြော်ထမင်းအား လက်ခံရရှိကာ လိမ္မော်သီးနှစ်လုံးလည်း ပါပေသည်။


အရသာသည် အမှန်ပင် ပထမကန်တင်းနှင့် နှိုင်းယှဉ်ခြင်းမပြုနိုင်သော်လည်း လုံလုံလောက်လောက်တော့ ကောင်းပေသည်။ ကျင်းစစ်က တစ်ပန်းကန်အား တစ်ခါတည်းစားပြီးနောက် သူအသက်ပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရသည်။


“ပြန်တော့မှာလား..”


ကျိုးချောင်သည် ကျင်းစစ်နှင့်တစ်ချိန်တည်း ဇွန်းအား ချလိုက်သည်။ သူက ပါးစပ်အား လက်ဖမိုးဖြင့် သုတ်ကာ သေခါနီးမျက်နှာထားဖြင့် ထရပ်လိုက်သည်။


“မင်းရင်ဆိုင်ရမှာက ရင်ဆိုင်ရမှာပါဘဲ…”


နှစ်ယောက်သား ပန်းကန်အား ဆေးကြောသည့် နေရာသို့ပို့ကာ အတန်းထဲသို့ တူတူပြန်သွားလိုက်ကြသည်။


ဘတ်စကတ်ဘောကွင်းသို့ ဖြတ်ချိန်၌ အော်ခေါ်သံတစ်ခုက မနီးမဝေးမှပေါ်လာသည်။


“ကျင်းစစ်..”


ယင်းကျောင်းက သူ့လက်ထဲမှ ဘတ်စကတ်ဘောအား ပစ်လိုက်ကာ သူ့ထံလျှောက်လာသည်။


“မင်းပြန်လာပြီလား..”


ကျင်းစစ်သည် ဘတ်စကတ်ဘောကွင်းထဲ၌ ရင်းနှီးကျွမ်းဝင်သည့် လူများအားကြည့်ပြီးနောက် သူ့အတန်း အားကစားချိန်သို့ ရောက်နေကြောင်းသတိရလိုက်သည်။


ကျိုးချောင် သူတို့အား အားကျစွာကြည့်လိုက်သော်လည်း သူတို့၏ ရှည်လျားသည့် အထူးတန်းရှိ အားကစားချိန်သည် ဖယ်ရှားပြီးသည်မှာ ကြာလှပြီဖြစ်ကာ သူက ဘီလူးသံပုရာသီးကိုက်သည့် ရုပ်ဖြင့် အတန်းထဲသို့ ပြန်သွား ရုံသာတတ်နိုင်သည်။ 


ယင်းကျောင်းက လက်ဆန့်ပြီး မေးလိုက်သည်။


“စားပြီးပြီလား…”


“အင်း…” ကျင်းစစ်က ခေါင်းညိမ့်လိုက်သည်။


“ငါဒုတိယကန်တင်းမှာ စားခဲ့ပြီ…”


“ဒုတိယကန်တင်း…မင်းဘာလို့အဲ့ဒီကို သွားစားရတာလဲ..”


ယင်းကျောင်းက မျက်မှောင်ကျုံ့ကာ သူ့ဝမ်းဗိုက်အား ထိလိုက်သည်။


“မင်း ဗိုက်ပြည့်ပြီလား..”


“ဗိုက်ပြည့်ပြီ…”


ကျင်းစစ်က နောက်သို့ ကျုံ့သွားကာ ဘတ်စကတ်ဘောအကာအရံ အနီးနားသို့သွား၍ အတန်းခုနစ်မှ လူအနည်းငယ်အား နှုတ်ဆက်ပြီးနောက် ယင်းကျောင်းထံလှည့်ကာ ပြောသည်။


“ကျောင်းက အစားအသောက်ကို တာဝန်ယူပေးတာကြောင့် ငါတို့ ဒုတိယကန်တင်းမှာဘဲ စားနိုင်ခဲ့တာ..အရသာက မဆိုးပါဘူး..”


မဆိုးဘူး..


ယင်းကျောင်းသည် သူဒုတိယကန်တင်း၌ မစားဖူးသောကြောင့် မတုံ့ပြန်နိုင်ချေ။


သူက လက်ဆန့်ကာ ကျင်းစစ်၏ ဆံပင်အား ပွတ်သပ်လိုက်ပြီး ညင်သာစွာပြောသည်။


“ကျွေးမွေးဖို့ လွယ်တာပဲ…”


ကျင်းစစ်သည် နှုတ်ခမ်းများကွေးကာ ပြုံးလိုက်ပြီး သူ့လွယ်အိတ်အား ယင်းကျောင်း အခြားတစ်ဖက်မှ တိုင်သို့ ချိတ်နေသည်အား ကြည့်ကာ သူ့လက်အားဆန့်ထုတ်ပြီးပြောသည်။


“ငါက အစားချေးမများဘူး..”


ယင်းကျောင်း၏နှလုံသားက သူ့အပြုံးကြောင့် ပျော့ပျောင်းသွားသည်။ သူတစ်ခုခုပြောရန် ပြင်ဆင်လိုက်ချိန်၌ ကျန့်ချွယ်က ရုတ်တရက် အနောက်မှ ကျယ်လောင်စွာအော်လိုက်သည်။


“အကိုကျောင်း ကစားနိုင်သေးလား..ကျင်းစစ်..ငါတို့နဲ့လာကစားပါလား..”


ကျင်းစစ်မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။


မည်သည့်ယောက်ျားလေးမှ ဤကဲ့သို့ ကျန်းမာသည့် အားကစားအား မကြိုက်ဘဲ မနေချေ။ သူ့အရင်ကမ္ဘာ၌ သူသည် ဘတ်စကတ်ဘောကွင်းထဲ၌ မကြာခဏ တစ်ယောက်တည်းကစားလေ့ရှိသည်။ ဤနေရာသို့မှားယွင်းစွာ ရောက်လာပြီးနောက် သူသည် ဘတ်စကတ်ဘောအား မထိရသေးချေ။


ယင်းကျောင်းက သူ့အကြည့်အား ရိပ်မိကာ မေလာသည်။


“ကစားချင်လား..”


ကျင်းစစ်က ခေါင်းညိမ့်လိုက်သည်။


“မင်းကစားချင်ရင် နောက်ထပ်ဆယ်မိနစ်လောက်စောင့်ပေးဦး…”


ယင်းကျောင်းသည် ပုလင်းအဖုံးအား ဖွင့်ကာ ကိုလာအား သောက်လိုက်၏။


“မင်းစားလာခဲ့လို့ မင်းအစာအိမ်အတွက် မကောင်းဘူး…”


ကျင်းစစ်က သူ့စကားကိုနားထောင်လိုက်သည်။


“ကောင်းပြီ..”


ဆယ်မိနစ်ကြာပြီးနောက် ယင်းကျောင်းနှင့်ကျင်းစစ် ကွင်းထဲသို့ ဝင်လာလိုက်သည်။


လူအနည်းငယ်သာ အပျင်းပြေကစားနေကြကာ ပုံမှန် ကစားပွဲများကဲ့သို့ ငါးယောက် ငါးယောက်အဖွဲ့ခွဲမကစားကြပေ။ တစ်ယောက်ယောက်လာပေါင်းခဲ့လျှင် သူတို့က လူအနည်းငယ်ရှိလျှင်ပင် ဆက်ကစားကြလိမ့်မည်ပင်။


ကျန့်ချွယ်ကစားပုံက အရမ်းကောင်းကာ ကျန့်ချွယ်ကလဲ သူနှင့် ပထမဆုံးတစ်သင်းတည်း ကျရသည်အား ပျော်ရွင်နေသည်။ ထို့ကြောင့် သူက သူ့အားတကူးတက ခေါ်ခဲ့သည်။


ယင်းကျောင်းသည် သုံးဂိုးဆက်တိုက်သွင်းနိုင်လိုက်ပြီး ကျင်းစစ်လည်း တစ်ဂိုးသွင်းနိုင်ခဲ့သည်၊၊ ဟယ့်ကျိုး သူတို့နှစ်ယောက်၏ လွှမ်းမိုးခြင်းအား ခံလိုက်ရသည်။ 


ကျန့်ချွယ် သူ့ကျောင်းဝတ်စုံ ဂျက်ကတ်အင်္ကျီအား လွှင့်ပစ်ကာ လက်များအား ပွတ်လိုက်သည်။


“လုပ်ပါ.ဘောလုံးပေး...”


ယင်းကျောင်း မျက်ခုံပင့်ကာ သူ့အားကြည့်ပြီးနောက် ဘောလုံးအား ကျင်းစစ်ထံပို့ပေးလိုက်သည်။


သူ့လက်အား သွေးပူအောင်လုပ်ထားကာ ဘောလုံးယူရန် စောင့်နေသော ကျန့်ချွယ်က ကြောင်အသွားသည်။


“….”


ထိုနှစ်ယောက်က ထူးဆန်းသည့်နည်းဖြင့် ဘတ်စကတ်ဘောကစားနေကြ၏။


ကျင်းစစ်က ဘတ်စကတ်ဘောပိုက်ကွန်ထံ ဘောလုံးအားပုတ်ရင်းဖြင့် ရွေ့သွားသည်။ ဟယ့်ကျိုးသည် သူယင်းကျောင်းအား မထိန်းနိုင်ကြောင်းသိသောကြောင့် သူက ဖန်ချန်းချန်းနှင့် ဝူဝေ့ချန်တို့ထံ လှည့်ကာ သူတို့အား ပိတ်လိုက်သည်။


သူသည် လူနှစ်ယောက်အား ထိန်းထားရန် အရမ်းကြီးမားလွန်းနေသည်။ ကျင်းစစ်သည် ဘယ်ညာရှောင်ရင်း အတားအဆီးမရှိခုန်လိုက်ကာ ဘောလုံးအား အနီးဆုံးရှိ ယင်းကျောင်းအား ပစ်ပေးရန် ကြိုးစား၏။


ဟယ့်ကျိုး ခုန်လိုက်ကာ လက်ဆန့်ပြီး ၎င်းအားတားဆီးလိုက်သည်။


သူသည် သူ့ဟန်ချက်အား အထင်ကြီးလွန်းကာ ဘောလုံးအားတားဆီးရမည့်အစား ကျင်းစစ်နှင့် တိုက်မိသွားသည်။


ကျင်းစစ်၏ ခန္ဓာကိုယ်သေးသေးလေးက သူ့တိုက်ခတ်မှုအား မည်သို့ခံနိုင်မည်နည်း။ သူ ချက်ချင်း နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ပျံသန်းသွားကာ လဲကျတော့မလိုဖြစ်သွားသည်။


သူလဲကျတော့မည့်ဆဲဆဲတွင် ယင်းကျောင်းက ပြေးလာကာ ကျင်းစစ်အား သူ့ထံ အတင်းအကြပ် ဆွဲလိုက်သည်။


ကျင်းစစ်ခန္ဓာကိုယ်ဆွဲအား အရမ်းကြီးနေသည်က နမြောစရာပင်။ ထို့အစား သူတို့နှစ်ယောက်လုံးအား လဲကျသွားစေသည်။


ထိုအချိန် သူမြေပြင်နှင့် ထိမည့်အချိန်၌ ယင်းကျောင်း ဦးနောက်က အချိန်မှီမတုန့်ပြန်နိုင်ခင် သူ့လက်များသည် ကျင်းစစ်အား တင်းကြပ်စွာ ဖက်လိုက်ကာ သူလက်မောင်းထဲ၌ ကာကွယ်ပေးထားပြီး ကျင်းစစ်အတွက် နူးညံ့သည့် အောက်ခံသဖွယ်လုပ်ပေးလိုက်သည်။


သူတို့လဲသွားသည်အား တွေ့ရချိန်၌ ဟယ့်ကျိုးတုန်လှုပ်စွာ လျှောက်လာသည်။


“အကိုကျောင်း ..ကျင်းစစ်..မင်းတို့အဆင်ပြေလား….”


“ငါအဆင်ပြေတယ်..”


ကျင်းစစ် တခဏမျှ တည်ငြိမ်စေပြီးနောက် သူ့အားပြန်ဖြေလိုက်သည်။ သူ ယင်းကျောင်းထံမှ ကောင်းမွန်စွာ ကာကွယ်ပေးခံရပြီး သူလုံဝထိခိုက်ခြင်းမရှိခဲ့ချေ။


သူ့ခန္ဓာကိုယ်က ခဲနေသကဲ့သို့ ချက်ချင်း တောင့်တင်းသွားကာ သူ့ခေါင်းအား လှုပ်ရှားခြင်းမရှိမော့ထားပြီး သူ့မျက်နှာက တဖြည်းဖြည်းချင်း ပူလောင်လာသည်။


ယင်းကျောင်းက အစ၌ အမှန်တကယ် ဘာမှမတွေးချေ။ ကျင်းစစ်လဲကျတော့မည်အား တွေ့ပြီး မသိစိတ်အရ ပြေးခံလိုက်ခြင်းဖြစ်သည်။


သို့သော် လူနှစ်ယောက်ခန္ဓာကိုယ်သည် အတူတကွတင်းတင်းကြပ်ကြပ် ပွတ်တိုက်ချိန်လိုက် အရာများက စတင်မှားယွင်းလာသည်။


ကျင်းစစ်သည် လေ့ကျင့်ခန်းအား တက်တက်ကြွကြွပြုလုပ်ထားပြီး သူသည် သူ့လက်မောင်းထဲ၌ နာခံစွာ ဖက်သွယ်ထားပြိး သူ့နားအနီး၌ အမောရှိုက်နေကာ ပူနွေးစိုစွတ်သည့် ဝင်လေထွက်လေက သူ့လည်ပင်း၌ မြူဆွယ်နေသကဲ့သို့ ပွတ်သတ်နေပေသည်။


ဆယ့်ခုနစ်နှစ်ဆယ့်ရှစ်နှစ် အားမာန်ပြည့်ဝသည့် ကောင်လေးဖြစ်ပြီး သူရင်ထဲအသည်းထဲမှ ကြိုက်နှစ်သက်သည့် လူအား လက်ထဲ၌ ပွေ့ဖက်ထားချိန်တွင် ယင်းကျောင်းသည် နာကျင်မှုကို ပင်ဂရုမစိုက်နိုင်‌ဘဲ ချက်ချင်းသူ့ညီငယ်လေးက နိုးကြွလာတော့သည်။


တခဏမျှ ယင်းကျောင်း၏ စိတ်ထဲ ဗလာကျင်းသွား၏။ ကွင်းထဲနှင့် ဘတ်စကတ်ဘောကစားသည်မှ လာသည့်အသံများက သူ့ရဲ့ လျစ်လျူရှုခြင်းကိုခံလိုက်ရသည်။


 ကျင်းစစ်အား သူ့အောက်၌ ရူးသွပ်စွာ ဖိပစ်လိုက်ချင်ပြီး သူ့အင်္ကျီများအား ဆွဲဖြဲကာ သူလက်အား ချုပ်နှောင်ထားချင်မိသည်။ သူ့အားကိုက်ကာ ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်ချင်ပြီး ပြင်းထန်သည့် အရာများအား လုပ်ပစ်လိုက်ချင်သည်။


“မင်း..”


သူတို့အားလုံးကယောက်ျားလေးဖြစ်ရာ ကျင်းစစ်သည်လည်း ၎င်းက ဘာလဲဆိုသည်အား အသေအချာသိပေသည်။


သူက ရှက်ပြီးရင်း ရှက်နေမိသည်။ သူက ထလည်းမထ နေလည်းမနေချေ။ သူက တောင့်ခဲသွားပြီး ဘာလုပ်ရမည်မှန်းမသိ ဖြစ်နေသည်။


“မင်းဘာကြောင့်…”


အနားမှအရာအားလုံး ပျောက်ကွယ်သွားကာ ကောင်းကင်နှင့်မြေကြီး၌ သူတို့နှစ်ယောက်ထဲသာ ကျန်ခဲ့သလိုပင်။


ယင်းကျောင်း၏ လည်စေ့အကြိမ်အနည်းငယ် ရွေ့လျားနေသည်။ သူသည် ကျင်းစစ်အား စိုက်ကြည့်နေကာ သူ့မျက်လုံထဲ၌ မီးများတောက်လောင်နေသကဲ့သို့ဖြစ်နေသည်။


“ကိုယ် ဘာမှားနေလို့လဲ…”


အခြားလူများသည် မည်သို့သော အခြေအနဖြစ်ပေါ်နေကြောင်း မသိကြချေ။


ဟယ့်ကျိုးသည် သူတို့နှင့် တစ်မီတာအကွာ၌ ရပ်နေပြီး သူ့အကိုကျောင်းသည် ရုတ်တရက် ဒေါသထွက်လာပြီး သူ့ခေါင်းအား ဖောက်ခွဲလိုက်မည်အား ကြောက်ရွံ့ကာ သေချာကြည့်ရှုနေသည်။


ဝူဝေ့ချန်သည် ဘတ်စကတ်ဘောလုံးအား တုံးအစွာကိုင်ထားပြီး ဟိုကြည့်လိုက် ဒီကြည့်လိုက်လုပ်သော်လည်း သူသည် စကားအရင်စမပြောရဲပေ။


ဖန်ချန်းချန်း သည်လည်း ဘာမှမပြောချေ။


ကျန့်ချွယ်သာလျှင် မကြောက်မရွံ့ ရယ်ရဲလေသည်။


“အကိုကျောင်း ကျင်းစစ် မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ…ရှရှား အရုပ်ပုံစံ ကစားနေတာလား…”


ကျင်းစစ်သည် အောက်ငုံ့လိုက်ပြီး ယင်းကျောင်းအား မကြည့်ပေမဲ့ သူ့လက်များသည် ချွေးပြန်နေကာ သူ့နှလုံးခုန်မြန်နေပြီး စကားပြောရန် အနိုင်နိုင်ပင် ဖြစ်နေသည်။ သူ့စိတ်က ရှုပ်ထွေးနေသော်လည်း ယင်းကျောင်းအတွက် တွေးပေးနေပေသည်။


“ငါ…ငါမရွေ့ဘူး..ကာထားလိုက်မယ်.မင်းမြန်မြန် ကိုယ့်ကိစ္စကို ရှင်းလိုက်ပါ…”


ယင်းကျောင်း၏ မျက်လုံးများသည် မှိုင်းဝေနေပြီး သူ့နှုတ်ခမ်းသို့ရောက်လာသည့် စနောက်သည့် စကားများပင် မပြောနိုင်ပေ။


လျှပ်စီးလက်လိုက်သကဲ့သို့ သူသည် များပြားလှသည့် တုန့်ပြန်မှုများအား စိတ်ထဲ၌ တွေးပြီးသွားပြီ ဖြစ်သည်။


သူသည် ရှက်လိမ့်မည် ဒေါသထွက်မည် သို့မဟုတ် ရွံ့ရှာလိမ့်မည်ဟု ထင်သော်လည်း ကျင်းစစ်ထံမှ ဤကဲ့သို့ ပြောလာမည်ဟု မထင်မှတ်ခဲ့ပေ။


ကျင်းစစ်က ဟန်မဆောင်တတ်ကာ သူ့မျက်နှာသည် ဤအချိန်၌ အလွန်သဘာဝမကျဖြစ်နေခဲ့ကာ သူ့ပုံပန်းသဏ္ဍန်သည် မကြာခင် ခုန်ထွက်ပြေးတော့မည် ပုံစံရှိနေသည်။ ယင်းကျောင်းသည် သူ့၏ ကန်နှက်ခြင်းအား မျှော်လင့်ထားသော်လည်း ရလဒ် အနေဖြင့်…..


ယင်းကျောင်း မျက်လုံးပိတ်ကာ သူ့စိတ်ထဲမှ လှုံ့ဆော်မှုများအား ဖိနိုပ်လိုက်ပြီး သူ့ကိုယ်သူ အပြုအမူမှားယွင်းခြင်းအား ခွင့်မပြုနိုင်ဘဲ ချုပ်ထိန်းလိုက်သည်။


ဒီကမ္ဘာမှာ ဤကဲ့သို့ အရမ်းလိမ္မာပြီး သဘောကောင်းသည့် လူပုဂ္ဂိုလ်မျိုး အဘယ်ကြောင့်ရှိနေရတာလဲ။


ကျင်းစစ်က သူ့ကို တစ်နေ့တစ်ခြား ပိုပြီး ကြိုက်မိလာအောင် သူ့အား ပြုလုပ်နေသည်။


သူ ကျင်းစစ်၏ နီနေသောနားများအား ကြည့်ကာ သူ့စိတ်ထဲ သက်ပြင်းချလိုက်မိ၏။


ဒီအရူးလေးကတော့… သူမရွေ့ဘူးဆိုရင် သူက တစ်ချိန်လုံး ထနေတော့မှာဘဲ။


“ကိုယ်တောင်းပန်ပါတယ်..”


ယင်းကျောင်းက သူ့ခေါင်းအား ပွတ်လိုက်ကာ တောင်းပန်လိုက်သည်။


“ကိုယ်မင်းကို ရှက်ရွံ့စေမိသွားတယ်…”


“မဟုတ်ဘူး..”


ကျင်းစစ်သည် သူ့ရင်ဘတ်ပေါ်၌ လှဲကာ ရင်ဘတ်ထဲမှ ပြင်းထန်သည့် အတက်အကျအား ခံစားနေရပြီး သူ့လက်ချောင်းများအား ဆုပ်ကွေးလိုက်သည်။


“မင်းမရည်ရွယ်ဘူးလေ…”


ယင်းကျောင်းက အသက်ပြင်းရှူလိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


“ကိုယ့်ကို ထပ်မဆွနဲ့တော့…”


သူသည် အခုအချိန်၌ အမှန်တကယ် မီးတောက်လောင်ပေတော့မည်။


“ဟမ်..” ကျင်းစစ်က နားမလည်ဖြစ်သွားသည်။


“ဘာမှမဟုတ်ဘူး…”


ယင်းကျောင်း စိတ်ငြိမ်စေလိုက်ပြီး မျက်လုံးပင့်ကာ ဟယ့်ကျိုးအား ကြည့်လိုက်ပြီး အသံခပ်တုံးတုံးဖြင့် ပြောလိုက်သည်။


“လောင်ဟယ့်..ငါ့ကျောင်းယူနီဖောင်းကို လှမ်းပစ်ပေးဦး…”


“အိုး..အိုး..အိုး..”


ဟယ့်ကျိုးသည် အပြစ်သိစွာ ထွက်သွားပြီး ဘာကြောင့်လဲဆိုသည်အား မမေးဘဲ ယင်းကျောင်း၏ ကျောင်းယူနီဖောင်းအား လိမ်လိမ်မာမာ ပစ်ပေးလိုက်သည်။


“အရင်ထဦး..မစိုးရိမ်နဲ့…ဘယ်သူမှ မပြောနိုင်ဘူး…”


ယင်းကျောင်းသည် ကျင်းစစ်၏ခါးအား လွှတ်ပေးလိုက်ပြီး သူ့အသံအား တိုးလိုက်သည်။


“မင်းထိခိုက်သွားသေးလား…”


“မဖြစ်ဘူး…”


ကျင်းစစ်သည် တည်တည်ငြိမ်ငြိမ် ဘေးတစ်ဝိုက်ကြည့်ကာ ယင်းကျောင်းအား ကာထားပေးရန် ကိုးရိုးကားရားအနေအထားမှ ဖြည်းဖြည်းချင်း ထသွားသည်။


ယင်းကျောင်းက သူ၏ နှေးပြီး ဂရုစိုက်သည့် လှုပ်ရှားမှုများကြောင့် သူ့စိတ်ထဲ၌ ပြည့်ပြီး နူးနူးညံ့ညံ့ခံစားလိုက်ရသည်။ သူတို့ ခွဲသွားပြီးနောက် သူက ကျောင်းဝတ်စုံအား ချက်ချင်း သူ့ခွကြားသို့ ကာလိုက်ပြီး ထရပ်လိုက်သည်။


ထိုအချိန်၌ ယင်းကျောင်းသည် ဆိုးရွားသည့်နာကျင်မှုအား သူ့တံတောင်ဆစ်မှ ခံစားလိုက်ရသည်။


ကျင်းစစ်၏ အပြစ်ရှိစိတ်အား ထပ်ပြီးများလာမည်ကို စိုးရွံ့ကာ သူကတည်ငြိမ်စွာ ဖုံးကွယ်လိုက်ပြီး သူ့တုန့်ပြန်မှုအား ပျောက်ကွယ်သွားရန် စောင့်နေလိုက်သည်။


“အကိုကျောင်း…အဆင်ပြေလား..”


သူအချိန်အကြာကြီး ထရပ်ခြင်းမရှိကြောင်း တွေ့ရချိန်၌ ဟယ့်ကျိုးက စိုးရိမ်လာသည်။


“မင်းခြေထောက် နာနေတာလား..ဒါမှမဟုတ်..မင်း ခါးက အားအင်ကုန်ခန်းသွားတာလား…”


အကိုကျောင်းသည် မည်သို့သော လူပုဂ္ဂိုလ်ဆိုသည်အား မည်သူက မသိဘဲနေမည်နည်း။ သူသည် လည်ပင်းပေါ်တင်ထားသော ဓားသွားအား မကြောက်ပေ။ သူထမရပ်နိုင်သည့် အချိန်ဟူ၍ ဘယ်တုန်းကမှ မရှိခဲ့ချေ။


သူပြင်းပြင်းထန်ထန် လဲကျသွားတယ် ထင်သည်။


“ငါမင်းကို ကူတွဲပေးမယ်…” ဟယ့်ကျိုးသည် ပြောရင်း ယင်းကျောင်းထံ လှမ်းလာသည်။


ယင်းကျောင်းသည် သူ့အားစိုက်ကြည့်ပြီး သူ့လက်အား ရှောင်လိုက်ကာ သရော်လိုက်သည်။


“ကျေးဇူးပဲ..ဒါပေမဲ့ ငါ့ခါးက ဘာမှမဖြစ်ဘူး..”


စာရေးဆရာမှာ ပြောစရာရှိတယ်~


မင်းမျက်လုံးများက လှည့်စားမယ်..နားများက လှည့်စားနေမယ်…မင်းအတွေ့အကြုံက လှည့်စားလိမ့်မယ်..မင်းစိတ်ကူးများက လှည့်စားသွားလိမ့်မယ်..ဒါပေမဲ့ သင်္ချာက မလှည့်စားဘူး…. Lucian Evans (လူစီယံ အီဗန်)


[ 👆 ရှင်လူလိင် ]