အပိုင်း၅၀
Viewers 14k

Chapter 50

Chapter 50


သူစကားပြောပြီးနောက် သူခေါင်းအား ငုံ့ကာ ကျောင်းဝတ်စုံမှ လက်ရှည်နှစ်ဖက်အား သူ့ခါး၌ ပတ်ကာ ထုံးထားလိုက်ပြီး သူ့အောက်ပိုင်းအား ကာထားလိုက်သည်။ 


ယင်းကျောင်းက မတ်တပ်ထရပ်လိုက်ပြီး ကျင်းစစ်အား ခေါ်ကာ ထွက်သွားသည်။ 


“မင်းတို့ကစားကြ..ငါတို့ ဟိုဘက်သွားပြီး ခဏလောက်နားဦးမယ်…” 


“အို..” ဟယ့်ကျိုး ခေါင်းညိမ့်လိုက်ပြီးနောက် ကျန့်ချွယ်ဘက်သို့ လှည့်သွားသည်။ 


“အခုလေးတင် သူတို့နှစ်ယောက်ကြား ငါတို့မသိတဲ့ တစ်ခုခု ဖြစ်သွားသေးလား…” 


ကျန့်ချွယ်က ရှုပ်ထွေးစွာ ခေါင်းယမ်းလိုက်သည်။ 


“ငါမသိဘူး…” 


“မေ့လိုက်တော့..အဲ့ဒါသူတို့အပေါ် မူတည်တာပဲ…” 


ဟယ့်ကျိုးက ဝူဝေ့ချန်ထံမှ ဘောလုံးအား ယူလိုက်ပြီး မြေပြင်သို့ နှစ်ကြိမ်ပုတ်လိုက်သည်။ 


“လုပ်ပါ..ဆက်ရအောင်…” 


အလျားလိုက်ဘားတန်းဘေး၌ ယင်းကျောင်း၏ တုံ့ပြန်မှုသည် တည်ငြိမ်သွားသည်။ သူ ကျောင်းဂျက်ကတ်အင်္ကျီအား ချွတ်ကာ ပြန်ဝတ်ရန်လုပ်သော်လည်း ကျင်းစစ်၏ လက်များက သူ့အား တားလိုက်သည်။ 


“ဘာဖြစ်လို့လဲ..” 


ကျင်းစစ်က သူ့လက်မှ ကုတ်အင်္ကျီအား ဆွဲလိုက်ပြီး ရုတ်တရက်ပြောသည်။ 


“မင်း မျက်လုံး ပိတ်ထားလိုက်..”


“မင်းဘာလုပ်နေတာလဲ..” 


ယင်းကျောင်းက သူ့အား စိုက်ကြည့်ကာ လူယုတ်မာ အပြုံးဖြင့် ပြုံးလိုက်သည်။ 


“ကိုယ့်ကို ခိုးကြောင်ခိုးဝှက် နမ်းပြီး အခွင့်ကောင်းယူချင်လို့လား…” 


သူက ခေါင်းငုံ့ကာ ကျင်းစစ်မျက်လုံးအရှေ့ တိုးကပ်လိုက်ပြီး “ကိုယ်တို့နှစ်ယောက်ကြား ဆက်ဆံရေးက ဘာလဲ…ကိုယ်တို့နမ်းချင်ရင် ခိုးနမ်းစရာမလိုပါဘူး..ကိုယ်…..” 


ကျင်းစစ်က လက်ဆန့်ကာ သူ့ပါးစပ်အား ရင်းရင်းနီးနီး ကာလိုက်ပြီး တည်ငြိမ်စွာပြောသည်။ 


“မင်းအနာကို ငါ့ကို ကြည့်ခွင့်ပေး…” 


ယင်းကျောင်း တခဏလောက် ကြောင်အသွားပြီး သူ့မျက်လုံးများ ပျော့ပြောင်းလာကာ မျက်လုံးအား နာနာခံခံ မှိတ်ပေးလိုက်သည်။ 


ကျင်းစစ်က သူ့ဆွယ်တာ၏ လက်ရှည်အား အပေါ်သို့ ဂရုတစိုက် ဆွဲတင်လိုက်သည်။ 


ယင်းကျောင်းမြေပြင်သို့ လဲကျချိန်၌ သူက တံတောင်ဖြင့်ကျခဲ့ပေသည်။ ယခုချိန်၌ သူ့တံတောင်ဆစ်နှစ်ခုလုံး၌ ပွန်းပဲ့နေသည့် အရေပြားများ ရှိနေပြီး သူက သွေးထွက်နေပေသည်။ ကံကောင်းစွာ သူသည် ယနေ့ အနက်ရောင်ဆွယ်တာ ဝတ်လာခဲ့တာပင်။ မဟုတ်လျှင် သူသည် သွေးမြင်ပြီး ခေါင်းမူးရပေဦးမည်။ 


သူ့တံတောင်ဆစ်က ဤသို့ဖြစ်နေပြီး သူ့ခန္ဓာကိုယ်သည်ရော ဘယ်လိုဖြစ်နေမလဲ။ 


ရုတ်တရက် ကျင်းစစ် ထပ်၍ မကြည့်ရဲတော့ပေ။ 


“ရပါတယ်…” 


ယင်းကျောင်း သူ့ဒဏ်ရာ အခြေအနေအား ခန့်မှန်းထားပြီးဖြစ်သည်။ ကျင်းစစ်က အချိန်တော်တော်ကြာ စကားမပြောဘဲ နေသည်အား ကြည့်ခြင်းဖြင့် သူ့က အပြစ်ဝင်စိတ်ရှိနေပြန်ပြီဟုထင်မိပြီး ပြောလိုက်သည်။ 


“ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သွေးအနည်းငယ် မထွက်ဘဲနေမှာလဲ…” 


သူ့လက်ရှည်အား လျင်လျင်မြန်မြန် ဆွဲချလိုက်ပြီး မျက်လုံး ဖွင့်လိုက်သည်။ 


“ကောင်းပြီ..အဲ့ဒါကို မကြည့်နဲ့တော့..ဒီဒဏ်ရာနည်းနည်းလေးက ရက်အနည်းငယ်အတွင်း ပျောက်သွားလိမ့်မယ်…” 


ကျင်းစစ်က ရုတ်တရက် ထရပ်လိုက်ပြီး ဘားတန်းပေါ်၌ ချိတ်ဆွဲထားသည့် လွယ်အိတ်အား ယူကာ ယင်းကျောင်းအား ပြောလိုက်သည်။ 


“ဆေးပေးခန်းကို သွားရအောင်…” 


ကျောင်းခေါင်းလောင်းက တစ်ချိန်တည်းမြည်လာသည်။ 


ယင်းကျောင်းက ဆက်ပြောသည်။ 


“မင်းမြင်သည့်အတိုင်း အတန်းကပြီးသွားပြီး ကိုယ်တို့သွားရင် မင်းအတန်းချိန်ထပ်လွတ်သွားလိမ့်မယ်…နောက်အတန်းချိန်က သင်္ချာချိန်လည်း ဖြစ်နေသေးတယ်…” 


ကျင်းစစ်က စကားမပြောဘဲ သူ့အား လှုပ်ရှားခြင်းမရှိ စိုက်ကြည့်နေသည်။ 


ကျင်းစစ်မျက်နှာသည် တည်နေပြီး သူ့ပုံစံက အနည်းငယ် အေးစက်နေကာ သူနှင့် မရင်းနှီးသည့်လူများသည် သူ့အား ဤကဲ့သို့မြင်လိုက်လျှင် မသိစိတ်အရ ရှောင်သွားပေလိမ့်မည်။ ယင်းကျောင်းအရှေ့၌ သူမျက်လုံးများသည် အလိုအလျောက် သူ့လက်မောင်းထဲ၌ လဲကျသွားသည်အား ပြန်သတိရသွားကာ ရှက်သွေးဖြာလာသည်။ 


နူးညံ့ပြီး ချစ်စရာကောင်းတာကြောင့် သူ လှမ်းဖက်ပြီး နမ်းရှိုက်ရန် မစောင်နိုင်လောက်အောင် အရမ်းကြိုက်နှစ်သက်ရသည်။ 


သူအား ဤကဲ့သို့ ကြည့်လာခဲ့လျှင် အဘယ်သို့ ခံနိုင်မည်နည်း။ 


နောက်စက္ကန့်အနည်းငယ်တွင် ယင်းကျောင်းက သဘောတူလိုက်ရသည်။ 


“ကောင်းပြီ ကိုယ်မင်းစကားကိုနားထောင်မယ်...နားထောင်မယ်…” 


သူ့အဖြေအား ရရှိပြီးနောက် ကျင်းစစ်သည် ခြေထောက်အား လှမ်းကာ ရှေ့မှလျှောက်သွား၏။ သူတစ်လှမ်းလိုက်လိုက်ပြီးတွင် သူ့လွယ်အိတ်သည် အနောက်မှ ယင်းကျောင်း၏ လှမ်းဆွဲခြင်းအား ခံလိုက်ရသည်။ 


“ကိုယ်သယ်ပေးမယ်…” 


ကျင်းစစ် သူ့လက်အား တွန့်ဆိုင်းစွာကြည့်လိုက်သည်။ 


“အဲ့ဒါ လဲကျတာလေးပါဘဲ..ကိုယ်အဲ့လောက်မနူးညံ့ပါဘူး…” 


ယင်းကျောင်းသည် သူ့လွယ်အိတ်အား ပုခုံးပေါ်မှ ဆွဲယူကာ သူ့လက်များအား ပြင်းပြင်းထန်ထန် ရမ်းပြသည်။ 


“လွယ်အိတ်သယ်ဖို့ ပြဿနာမရှိရုံတင်မကဘူး ကိုယ်မင်းကို ဆေးပေးခန်းအထိ သယ်သွားဖို့တောင် ပြဿနာမရှိဘူး…စမ်းကြည့်ချင်လား…” 


ကျင်းစစ်က ရပ်တန့်သွားပြီး တည်ငြိမ်သွားသည့် သူ့နှလုံးခုန်နှုန်းသည် စတင်ပြီး တဒိတ်ဒိတ်ဖြင့် ထပ်၍ ခုန်လာပြန်၏။ 


သူသည် ယင်းကျောင်းအား ဂရုမစိုက်တော့ဘဲ သူ့ခြေလှမ်းများအား မြန်လိုက်ကာ ဆေးပေးခန်းသို့ လျှောက်သွားလိုက်သည်။


ယင်းကျောင်းက သူ၏ အလျင်လိုနေသည့် နောက်ကျောအား ကြည့်ကာ ပြုံးလိုက်ပြီး နောက်မှ လိုက်သည်။ 


ဟယ့်ကျိုး၏ ကျေးဇူးကြောင့် ယင်းကျောင်းသည် ကျင်းစစ်အား ဖက်တွယ်ပြီး လဲကျချိန်၌ သက်ရောက်မှုက ပြင်းထန်ပြီး သူ့ခန္ဓာကိုယ်သည် တော်တော်များများ ဒဏ်ရာရသွားသည်။ 


သူ့တံတောင်ဆစ်အပြင် သူ့နောက်ကျော၌ ကြီးမားသည့် ခြစ်ရာကြီးလည်းရှိကာ ဘေးဘက်မှ အနာများသည်လည်း သွေးများဖြင့် တစက်စက် ကျဆင်းနေပြီး ကြောက်စရာကောင်းလှသည်။ 


“ဒါကဒဏ်ရာသေးသေးမဟုတ်ဘူး…” 


ကျောင်းသူနာပြုသည် အိုင်အိုဒင်းဂွမ်းအား ပြောင်းလိုက်ပြီး ဒဏ်ရာပတ်လည်မှ သွေးများအား သန့်ရှင်းရင်းဖြင့် သူသက်ပြင်းချလိုက်သည်။ 


“မင်းဘယ်လောက်တောင် ပြင်းပြင်းလဲကျသွားတာလဲ..မင်းအရေပြားက ကွာနေပြီ..” 


ကျင်းစစ် စကားတစ်ခွန်းမှ မပြောသည်အား တွေ့ရချိန်၌ ယင်းကျောင်းမျက်လုံများ အောက်စိုက်လိုက်ပြီး မျက်မှောင်ကျုံ့ကာ ကျောင်းသူနာပြုစကားများအား အနည်းငယ် စိတ်တိုနေသည်။ 


“ဒါက ကိစ္စကြီးကြီးမဟုတ်ပါဘူး..” 


ယင်းကျောင်းက ကျင်းစစ်အား အတင်း သူ့ဘေး၌ ထိုင်ရန်ဆွဲခေါ်လိုက်ပြီး သူ့နောက်ကျောမှ ဒဏ်ရာအား မကြည့်စေရန် ပြုလုပ်လိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ 


“ကိုယ် မင်းကို အခုလေးတင်မေးခဲ့သေးတယ်….စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်လား…” 


“အရမ်းကောင်းတယ်…” 


ကျင်းစစ် သာမာန်သာ ပြန်ဖြေလိုက်ပြီး ဆေးပတ်တီးအား ကောက်ကိုင်ကာ ယင်းကျောင်းအား ပြောလိုက်သည်။ 


“မင်း မျက်လုံးပိတ်ထားလိုက်…” 


ယင်းကျောင်းက ရယ်လိုက်သည်။ 


“ပတ်တီးစည်းစရာ မလိုပါဘူး…” 


“ငါလုပ်ချင်တယ်…” ကျင်းစစ်က ခေါင်းမာစွာပြောသည်။ 


သူ တစ်ယောက်တည်းရှိနေစဉ် မတော်တဆ မေ့လဲသွားလျှင် ဘယ်လိုလုပ်မလဲ။ 


ယင်းကျောင်းက သူ့မျက်လုံအား ပိတ်ရုံသာတတ်နိုင်ပြီး သူ့အား တစ်ပတ်ပြီးတစ်ပတ် သူ့တံတောင်ဆစ်အား မံမီအဖြစ်ပြောင်းလဲသည်ကို ခွင့်ပြုလိုက်သည်။ 


ယင်းကျောင်း နောက်ကျောဒဏ်ရာအား ကုသမပြီးသေးခင်၌ ကျောင်းခေါင်းလောင်းက တီးသွားလေသည်။ 


“ကိုယ် ဟယ့်ကျိုးကို ခွင့်တိုင်ပေးဖို့ ပြောလိုက်မယ်…” 


ယင်းကျောင်း ဖုန်းအား ကောက်ကိုင်ပြီး ပြောလိုက်ကာ ဟယ့်ကျိုးမက်ဆေ့ သူ့ဖန်သားပြင်၌ ပေါ်လာပြီး သူနှင့် ကျင်းစစ်အား သူ့တို့ဘာကြောင့်ပြန်မလာသေးကြောင်း မေးလာသည်။ 


“တိုက်တိုက်ဆိုင်ဆိုင်ပဲ…” 


ယင်းကျောင်းက သူ့ဖုန်းအား ဖွင့်ကာ ဝီလ်ချက်အဖွဲ့ထဲသို့ ဝင်လိုက်သည်။ 


[ကျောင်း] ကျောင်းသူနာပြု ဆေးခန်းမှာ


[ကျောင်း]လောင်လျိုကို ငါတို့နှစ်ယောက်လုံးအတွက် ခွင့်တိုင်ပေးထားဦး ငါတို့ ဆယ်မိနစ်လောက်နေရင် ပြန်လာနိုင်လောက်တယ်….


သတင်းအား လက်ခံရရှိသည့် ဟယ့်ကျိုးသည် သူ့လက်အား အပြစ်ရှိစွာ ခါရမ်းလိုက်သည်။ 


ယင်းကျောင်း ဘယ်လောက်အခြေအနေဆိုးစွာ လဲကျသွားတာလဲ။ 


မေးခွန်း၏ တရားခံသည် ဆေးရုံသို့မသွားဘဲ ကျောင်းဆေးခန်းသို့သာ သွားခဲ့သည်။


[ဖန်ချန်းချန်း] ဘာဖြစ်လို့လဲ…


[အန်ကယ်ဟယ့်] အကိုကျောင်း အဆင်ပြေလား…


ကျောင်းဆေးခန်း၌ ကျင်းစစ်သည် ယင်းကျောင်းအား ဆွယ်တာ ဝတ်ရန်ကူညီပေးပြီး ဆေးယူရန် သူနာပြုအနောက်သို့ လိုက်သွားသည်။ 


ယင်းကျောင်းသည် သူ့အတွက် ကျင်းစစ်သည်ကိစ္စများအား စီစဉ်ရင်းအလုပ်ရှုပ်နေသည်အား ကြည့်ကာ သူက စိတ်ကောင်းဝင်နေသည်။ သူက ကျောင်းဆေးခန်းမှ အိပ်ယာဘေးခုံးလေးများသည် တော်တော်လေးချစ်စရာ ကောင်းသည်ဟုပင်ထင်မိလိုက်၏။ 


သူကဖုန်းအား စိုက်ကြည့်လိုက်ပြီး ဖုန်းစခရင်၌ မက်ဆေ့များအား တွေ့လိုက်ရသည်။ 


ယင်းကျောင်းသည် သူတို့အား စကားဆက်ပြီး မပြောချင်သော်လည်း ထိုလူနည်းစုသည် ခေါင်းမာပြီး သူတို့တည်ရှိကြောင်းအား သူ့ကို ဆက်တိုက်သတိပေးနေကြသည်။ 


ယင်းကျောင်းက သက်ပြင်းချပြီး သူ့အတွက် အံ့ဩစရာမရှိဟန်ဖြင့် စာရိုက်လိုက်သည်။ 


[ကျောင်း] ထွေထွေထူးထူးမဟုတ်ပါဘူး…ဒဏ်ရာသေးသေးလေးပါ…


ဟယ့်ကျိုး ရုတ်တရက် ငိုချင်သွား၏။ 


အကိုကျောင်းက အနည်းငယ် ကြွားဝါတတ်သော်လည်း သူ့ညီအကိုများအပေါ် ဂရုတစိုက်စိတ်ရင်းဖြင့် ဆက်ဆံသည်။ 


အသေးစားဒဏ်ရာ...သူ ယင်းကျောင်းအား အဘယ်ကြောင့်နားမလည်ဘဲ နေမည်နည်း။ အဖျား၃၉နှင့် ၃၈ရှိပြီး ဆေးရုံသို့သွားရမည်အား ငြင်းခဲ့ပေမဲ့ အသေးစားဒဏ်ရာအတွက် ကျောင်းဆေးပေးခန်းသို့ သွားခဲ့သည်။ 


အကိုကျောင်းသည် သူ့မသက်မသာခံစားရမည်အား ကြောက်နေတာကြောင့် တမင်သက်သက်ပြောတာ ဖြစ်ရပေမည်။ 


ဟယ့်ကျိုးသည် နှာခေါင်းမှ ပြင်းပြင်းထန်ထန် လေရှူသွင်းလိုက်ပြီး စာပြန်ပို့တော့မည့်အချိန်၌ ယင်းကျောင်းထံမှ မက်ဆေ့အသစ် ရောက်လာသည်…


[ကျောင်း] ကျင်းစစ်က စိတ်မချဘဲ ငါ့ကို သွားဖို့ ခေါင်းမာမာနဲ့ တိုက်တွန်းနေလို့….


[ကျောင်း] သဘောတူဖို့ကလွဲပြီး အခြားမရှိတော့ဘူး…


[ကျောင်း] ငါမင်းကို အကြံပေးမယ်..အနာဂတ်မှာ ချစ်ကျွမ်းမဝင်သွားကြနဲ့…


[ကျောင်း] မင်းချစ်ကျွမ်းဝင်သွားပြီဆိုရင် ပျော်ရွှင်မှုတင်ရရှိတာမဟုတ်ဘူး…မင်းပြဿနာတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်…..


ဟယ့်ကျိုး…ကျန့်ချွယ်…ဖမ်ချန်းချန်း..”…” 


သူက သွားကြိတ်လိုက်ပြီး လွန်ခဲ့သော စက္ကန့်အနည်းငယ်မှ သူ့ကိုယ်သူအား ဓားနှင့်သွားထိုးပစ်လိုက်ချင်၏။ 


ဘာအတွက် ရင်ထဲထိရမှာလဲ…ဒီဂိုဏ်စတားအိုကြီးက ဘာလို့ မြန်မြန် သွားမသေသေးတာလဲ…”


သူခေါင်းက ဒေါသကြောင့်ကိုက်ခဲလာပြီး သူ့ဖုန်းအား သူမျက်စိရှေ့မှ ဖယ်လိုက်တော့မည့်အချိန်တွင် သတင်းအသစ်သည် အဖွဲ့ထဲသို့ ရောက်ရှိလာသည်။ 


[ကျောင်း] ဒါပေမဲ့ ကံကောင်းတာက ငါကျောင်းဆေးခန်းကို အချိန်မှီ ရောက်ခဲ့လို့ပေါ့ ငါဖျားနေတယ်ဆိုတာ သိလိုက်ရတယ်….


[ကျောင်း] ဘယ်တော့မှ မသက်သာနိုင်တဲ့ ရောဂါ


သူ့စရိုက်အား မြင်ပြီးသည့် ဟယ့်ကျိုးသည် စာမပြန်ပေ။ 


ဘာရောဂါလဲ..ဖျားနေတယ်..


သို့သော် ကျန့်ချွယ်သည် ခွေးစာအား စားရမည်လား မစားမည်လား မမှတ်မိကာ ချက်ချင်ပြန်ပို့လိုက်သည်။ 



[ကျန့်ချွယ်က မှားနေတယ်] အကိုကျောင်း..မင်းအဆင်ပြေလား..ဘာမှားနေလို့လဲ….


ယင်းကျောင်းသည် ဤစကားများအား စောင့်ဆိုင်းနေကာ ချက်ချင်းစာပြန်ပို့လိုက်သည်။ 


[ကျောင်း] မိန်းမက တင်းကြပ်လွန်းတယ်…


ဟယ့်ကျိုး၊ ကျန့်ချွယ်နှင့် ဖန်ချန်းချန်း “…” 


ဟယ့်ကျိုးသည် လှည့်လိုက်ပြီး ကျန့်ချွယ်အား ပြောလိုက်သည်။ 


“မင်းပါးစပ်ကို ဈေးပေါဖို့ ဘယ်သူက ခွင့်ပြုလိုက်တာလဲ…” 


ကျန့်ချွယ်က ရိုးသားစွာ ခံလိုက်ရခြင်းဖြစ်ပြီး ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည်။ 


“ငါလုံလုံလောက်လောက် မသန်မာသေးဘူး…” 


ဘေးနား၌ ဖန်ချန်းချန်းသည် ကျယ်လောင်စွာ ချောင်းဆိုးလိုက်ပြီး ဟယ့်ကျိုး ခုံခြေထောက်အား ကန်လိုက်သော်လည်း ဟယ့်ကျိုးနှင့် ကျန့်ချွယ်တို့သည် ယင်းကျောင်း၏ အဆွခံထားလိုက်ရပြီး အခု သူတို့သည် အနည်းငယ် အာရုံပြန့်နေသည်။ သူတို့သည် ခေါင်းကိုက်စေသည့် အသံအား မကြားရမချင်း တစ်ခုခု မှားနေကြောင်း သတိမထားမိကြချေ။ 


“ယင်းကျောင်း အဲ့ခွေးတော့…” 


ပြုံးနေသည့် ယောက်ျားသံတစ်သံအား သူ့နားမှ ကြားလိုက်ရသည်။ 


“ယင်းကျောင်းက ဘာဖြစ်လို့လဲ..” 


ဟယ့်ကျိုးသည် နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ 


“သူက ကျင်းစစ်နှင့် ဆေးပေးခန်းကို လိုက်သွားတယ်…” 


ယောက်ျားသံက ထပ်မေးပြန်သည်။ 


“သူက ဘာဖြစ်သွားလို့လဲ..” 


ဟယ့်ကျိုးက စိတ်မရှည်စွာ အော်လိုက်သည်။ 


“မိန်းမက တင်းကြပ်လို့တဲ့…သူပြောတာ သူ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိန်းမရှိတယ်တဲ့..မင်းက ဆက်ပြီးမေးနေ….” 


ဟယ့်ကျိုးသည် မျက်လုံးပင့်လိုက်ပြီးနောက် သူ့အသံသည် ရုတ်ချည်း ရပ်တန့်သွားကာ တုန်တုန်လှုပ်လှုပ် မတ်တပ်ရပ်လိုက်သည်။ 


“လျို ဆရာလျို….” 


__


ကျင်းစစ်နှင့် ယင်းကျောင်းသည် ကျောင်းဆေးခန်း၌ အချိန်ကြာကြာ မနေခဲ့ပေ။ သူတို့သည် အိုင်အိုဒင်း ဂွမ်းဘူးအား ယူကာ ကျောင်းသူနာပြု၏ ညွှန်ကြားချက်အား နားထောင်ပြီးနောက် အတန်းသို့ ပြန်လာခဲ့သည်။ 


သူတို့ အတန်းရှေ့သို့ ရောက်ချိန်၌ ဆရာလျိုက ကျောက်သင်ပုန်း၌ စာရေးနေပေသည်။ ယင်းကျောင်းသည် တံခါးမခေါက်ခင် သူစာရေးပြီးသည်အား စောင့်ကာ အော်လိုက်သည်။ 


“သတင်းပို့ပါတယ်…” 


ဆရာလျိုသည် တံခါးထံသို့ ကြည့်ကာ ပြောသည်။ 


“ဝင်ခဲ့…” 


ယင်းကျောင်းက တံခါးဖွင့်ကာ ကျင်းစစ်အား အရင်ဝင်စေပြီး နောက်မှလိုက်ဝင်သည်။ သူတံခါးပိတ်လိုက်သည်နှင့် ဆရာလျိုပြောသည်အား ကြားလိုက်ရသည်။ 


“အာ..မင်းပြန်လာတာ မြန်လှချည်လား…မင်းရဲ့ မိန်းမစည်းကမ်းတင်းကြပ်တဲ့ ရောဂါက ပျောက်သွားပြီလား…” 


အတန်းခုနစ်မှ ကျောင်းသားများသည် ချက်ချင်း ထရယ်လိုက်ကြကာ ကျယ်လောင်သည့် ကောင်လေးများက လေပင်ချွန်လိုက်ကြသေးသည်။ 


ယင်းကျောင်း “….” 


ယင်းကျောင်းသည် ပြုံးကာ ဟယ့်ကျိုးနှင့်တစ်သိုက်ရှိသည့် ဘက်အားကြည့်လိုက်သည်။ ဟယ့်ကျိုးက အပြစ်ရှိစွာ ခံစားလိုက်ရသည်။ သူ ချက်ချင်းစာအုပ်တစ်အုပ်အား ကောက်ယူကာ သူ့မျက်နှာရှေ့၌ ကာထားလိုက်ပြီး ပုခုံးများကျုံ့ကာ သူ့မတည်ရှိသကဲ့သို့ ဟန်ဆောင်လိုက်သည်။ 


ဆရာလျိုသည် ထိုကိစ္စနှင့် ပတ်သတ်၍ အများကြီး မတွေးချေ။ ယင်းကျောင်းသည် ဟယ့်ကျိုးကြောင့် လဲကျသွားသည်အား သိရှိပြီးဖြစ်သည်။ ၎င်းက စနောက်ခြင်းပင်ဖြစ်သည်။ သူ့အတန်းမှ ဤကောင်လေးများသည် ပုံမှန်ဆိုလျှင် ထို့ထက်များတဲ့ကိစ္စတွေကိုလုပ်ဖူးကြကာ သူတို့မလုပ်နိုင်တာဘာမှမရှိကြချေ။ 


မနှစ်က ကျောင်းတွင်းလူမှုလှုပ်ရှားမှု အစီစဉ်အား စီစဉ်ခဲ့သည်။ နောက်ဆုံး၌ လူတစ်စုသည် အုပ်စုလိုက် ဓာတ်ပုံရိုက်ခဲ့ကြသည်။ သူတို့သည် ကောင်လေးများ တစ်ယောက်နှင့်တစ်ယောက်ဖက်နေသည့်ပုံနှင့် တစ်ယောက်နှင့်တစ်ယောက် နမ်းနေကြပုံများ အား ရိုက်ခဲ့ကြပေကာ တင်းကြပ်သည့် မိန်းမဆိုတာအား ဖော်ပြစရာပင်မလိုချေ။ 


“ဘယ်မှာလဲ…” 


တစ်တန်းလုံး၏ အကြည့်များ အောက်တွင် ယင်းကျောင်းက စိတ်ဆိုးနေခဲ့သော်လည်း သူက နှုတ်ခမ်းများကွေးကာ ပြုံးလိုက်သည်။ 


“ဆရာ ကျင်းစစ်ကို အဲ့ဒါ ပျောက်မပျောက် မေးသင့်တယ်….” 


သူ့အသံ ပြီးဆုံးသွားသည်နှင့် နောက်မှ အော်ဟစ်သံများပိုမို၍ ကျယ်လောင်လာပြီး တစ်ချို့လူများက လက်ခုပ်များပင် တီးနေကြသည်။ 


“မိုက်တယ်…မိုက်တယ်…အကိုကျောင်းက အရမ်းမိုက်တယ်….” 


ဤတစ်ကြိမ်၌ ပြောစကားမဲ့သွားသည်က ဆရာလျိုဖြစ်သွားသည်။ 


သူ မှားသွားပြီ၊ အစတည်းက သူဘာမှမပြောခဲ့ဘဲ ယင်းကျောင်းအား ကစားရန် အခွင့်အရေးမပေးလိုက်သင့်ပေ။ 


ဆရာလျိုက မြေဖြူအား လွတ်ချလိုက်ကာ စိတ်မရှည်စွာ ပြောလိုက်သည်။ 


“မင်းက မင်းကိုယ်မင်း ဝတယ်လို့ပြောတဲ့အချိန်မှာ အမောဖောက်နေလိမ့်မယ်..သွား..ကိုယ့်နေရာကိုယ် သွားပြီး ထိုင်စမ်း..” 


(ပေါက်ကရပြောပြီး အမောဖောက်သွားလိမ့်မည်) 


ကျင်းစစ်က အတန်းထဲ၌ အခြေအနေအား နားမလည်သည့် တစ်ဦးတည်းသောလူပင်ဖြစ်သည်။ သူသည် ဆရာလျိုနှင့် ယင်းကျောင်းအား နားမလည်စွာ ကြည့်လိုက်သည်။ သူက ဘာဖြစ်နေလဲ မသိပေ။ 


ယင်းကျောင်းက ထိုင်ခုံ၌ မှီကာ သူ့အား ကြင်နာစွာ ရှင်းပြ၏။ 


“ဆရာက မင်းကို ကိုယ့်ရဲ့ ဇနီးလေးလို့ ပြောတာ…” 


သူက မျက်လုံပင့်ကာ ဆရာလျိုအား ကြည့်လိုက်ပြီး အတွေးအခေါ်ပြည့်စွာ ပြောလိုက်သည်။ 


“ကိုယ်တို့က အခု တရားဝင် အတွဲအနေနဲ့ အသိမှတ်ပြုခံလိုက်ရပြီ..” 


ဆရာလျို “..” 


ပါးစပ်ပိတ်ထားစမ်း..ငါတစ်ခွန်းမှ မပြောဘူး…


ကျင်းစစ် “…” 


ကျင်းစစ်က ယိမ်းယိုင်သွားကာ ခုံနှင့် ဆောင့်မိခါနီးဖြစ်သွားသည်။ 


ဆရာလျိုက သူ့မျက်နှာ အိုးမည်းဖင်ကဲ့သို့ မည်းမှောင်သည် အထိ အရမ်းဒေါသထွက်သွားကာ သူသည် ခုံစောင်းအား ရိုက်လိုက်ပြီး အော်လိုက်၏။ 


“ယင်းကျောင်း..ပါးစပ်ပိတ်စမ်း..မင်းက အတန်းထဲမှာ မဟုတ်ဘူးလား..ငါမင်းကို ကျောက်သင်ပုန်းက မေးခွန်းတွေကို ဖြေခွင့်ပေးမယ်…လာခဲ့”


သူက ဤသည်အား အဘယ်ကြောင့် ကြောက်ရမည်နည်း။ ဘယ်လိုပဲဖြစ်ဖြစ် သူသည် သင်္ချာပုစ္ဆာများအား ဖြေရှင်းနိုင်သော အရည်အချင်းပြည့်မှီသည့် ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီဖြစ်သည်။ 


ဖြောင့်မတ်စွာ ကြွားဝါနိုင်ရန်အခွင့်အရေးရပြီးနောက် သူက ၎င်းအား အလွတ်မခံနိုင်ပေ။ သို့သော် ဘေးမှ ကျင်းစစ်၏ သဘာဝမကျသည့် မျက်နှာအားကြည့်ပြီး သူ့လည်စေ့က ရွေ့လျားသွားကာ နောက်ဆုံး၌ သည်းခံလိုက်သည်။ 


မေ့လိုက်တော့..သူ့ဇနီးရဲ့ မျက်နှာက ပိုအရေပါးတယ်။ 


အတန်းပြီးဆုံးပြီးနောက် ဆရာလျိုသည် သူ့လက်ထဲမှ စာအုပ်တစ်အုပ်နှင့် ထွက်သွား၏။ 


ကျင်းစစ်က ယခုလေးတင် ဖြစ်သွားသည့် ကိစ္စအား ဘာမှမသိနားမလည်သေးကာ ယင်းကျောင်းသည် အရှက်မရှိ အိုးအား ဟယ့်ကျိုးထံလွှဲပေးလိုက်သည်။ 


“ကိုယ် ဟယ့်ကျိုးကို ကိုယ်တို့နှစ်ယောက်အတွက် ခွင့်တိုင်ခိုင်းခဲ့တယ်လို့ မင်းကို မပြောခဲ့ဘူးလား..သူက မကောင်းတဲ့စိတ်ရှိပြီး လောင်လျိုကို ရည်ရွယ်ချက်ရှိရှိ ဆေးခန်းသို့ သွားတာက ကိုယ့်မိန်းမက အရမ်းတင်းကြပ်လို့ဆိုပြီး ပြောလိုက်တာ….” 


ဟယ့်ကျိုး၏ မယုံသင်္ကာအကြည့်အား လျစ်လျူရှုပြီး ယင်းကျောင်းက ဆက်ပြောသည်။ 


“ဒါကြောင့် လောင်လျိုက အဲ့ဒီလို ပြောခဲ့တာ….”


စာရေးဆရာမှာ ပြောစရာရှိတယ်~


ပြဇာတ်အသေးစား - 


ဆရာလျို : ဟယ့်ကျိုး ထပြီး ထပ်ပြောစမ်း….