အပိုင်း၅၁
Viewers 14k

Chapter 51

Chapter 51


ကျင်းစစ်…ကျင်းစစ်၏ နားများသည် နီရဲနေပြီး ဟယ့်ကျိုးအား ကြည့်ကာ တိတ်တဆိတ် စိတ်တိုနေမိသည်။ 


သူသည် ဟယ်ကျိုးအား သူ့အိမ်စာ စာအုပ်ကို နှစ်ရက် မငှားရန် လျို့ဝှက်စွာ ဆုံဖြတ်ချက်ချလိုက်သည်။ 


ဟယ့်ကျိုးသည် ပျံသန်းလာသည့် အိုးကြီးကြောင့် ကြောင်အသွားပြီး သတိရချိန်၌ သူက ယင်းကျောင်း၏ ရုပ်ဆိုးအကျဥ်းတန်သည့်မျက်နှာတစ်ဖက်ခြမ်းအား ဖော်ရန် ရှေ့ထွက်လာသည်။ 


ယင်းကျောင်းက လက်ရှည်အား ဆွဲတင်လိုက်ကာ သူ့ကိုယ်သူ ရေရွတ်သည်။ 


“လဲကျခဲ့လို့လားမသိဘူး…ဒီလက်တွေက အမြဲယားနေတာပဲ…” 


သူက မျက်လုံးပင့်ကာ ဟယ့်ကျိုးအားကြည့်ပြီး ပြုံးသည်။ 


“လောင်ဟယ့်..မင်းဘယ်လိုထင်လဲ..” 


ဟယ့်ကျိုး ရုတ်တရက် အရေးပေါ်ဘရိတ်အား နင်းလိုက်ကာ သူ့မျက်နှာမှ အဆီများသည်တုန်ခါလာပြီးနောက် တိတ်တဆိတ် သူ့နေရာသို့ပြန်ခါ စကားတစ်ခွန်းမှ မပြောရဲချေ။ 


ဤနေ့မှစ၍ အတန်းခုနစ်ကျောင်းသားများကြား ကျင်းစစ်နာမည်သည် ပြောင်းသွား၏။ 


မူလ၌ သူတို့အားလုံး သူ့အား နာမည်တပ်ခေါ်သော်လည်း ယခုတွင် သူ့တို့အားလုံး သူ့အား အကိုစစ်ဟု ခေါ်ကြသည်။ 


ဘာလို့လဲ…


သူသည် ဘော့စ်၏ညီအစ်ကိုဖြစ်တာကြောင့် သူက သူတို့၏ညီအစ်ကိုရောမဖြစ်နိုင်ဘူးလား။ 


စီရင်စုကျောင်းဖိုရမ်၌ အခြားလူများသည် တက္ကသိုလ်ငါးခု၏ စီရင်စု ရွေးချယ်ပြိုင်ပွဲအကြောင်းအား ဆွေးနွေးနေကြဆဲပင်ဖြစ်သည်။ 


[ကျင်းစစ်က အမှတ်တွေထွက်လာခဲ့ရင် အဆင့်တစ်ရနိုင်မလားမသိဘူး]


[အဆင့်တစ်က တည်ငြိမ်သလောက် သေချာတယ်..ငါတို့ကျောင်းရဲ့ ထိပ်ဆုံးကစားသမားက ပထမ မရနိုင်ရင် တခြားကျောင်းတွေက အလကားဖြစ်နေလိမ့်မယ်…အခုငါတို့ နောက်ဆုံးဖိုင်နယ်ကို တက်နိုင်မတက်နိုင်ကို ကြည့်ဖို့ ငါတို့အပေါ်မူတည်တယ်]


[အာ အာ အား အား ငါ့နတ်ဘုရားအတွက် ဆုတောင်းပေပါတယ်…သူက ဖိုင်နယ်ကို သေချာပေါက်ရောက်လိမ့်မယ်…အချိန်ကျရင် အခြားကျောင်းကလူများ တုန်းဟိုင်စီရင်စုမှာ ထူးချွန်တဲ့လူများရှိတယ် ဆိုတာ မြင်နိုင်လိမ့်မယ်…]


[ငါပြောစရာစကားမဲ့တယ်…ကျင်းစစ်အပေါ် ဘယ်ကနေ ယုံကြည်ချက်တွေ ရနေတာလဲ…အရင်က ကျန်းချုံးအကြောင်း ကို မေ့သွားပြီလား…]


[ဟုတ်တယ် မနှစ်က ကျန်းချုံးကို ဖိုင်နယ်ကို အသေအချာ ဝင်နိုင်မယ်ဆိုပြီး ပြောနေကြတာလေ ဘာဖြစ်သွားလဲကြည့်ဦး]


[ကျန်းချုံးနဲ့ကျင်းစစ်နှိုင်းယှဉ်လိုက်…ဒါက အဆင့်နံပါတ်ကိုပြောတာမဟုတ်ဘူး..ဟုတ်ပြီလား..ကျန်းချုံးက ဒီလမှာ ကျောင်း၏ ထိပ်ဆုံးငါးယောက်ကနေ ပြုတ်ကျသွားတယ်…]


[ငါ့ညီအစ်ကိုက သေချာပေါက် ဖိုင်နယ်ကို ဝင်ရောက်နိုင်လိမ့်မယ်…သူမဝင်ရင် ငါတိုက်ရိုက်လိုက်လွှင့်ပြီး ချီးစားပြမယ်…]


[..ဒီလို စာကြောင်းမျိုးက အတန်းခုနစ်က လူဆိုတာ အလွယ်တကူသိနိုင်တယ်…ပြီးတော့ သူ့ကို ဘာလို့ ညီအစ်ကိုစစ်လို့ ခေါ်နေကြတာလဲ..အရင်က သူ့ကို မကျေမနပ်ဖြစ်ခဲ့ကြတာမလား…]


[ဘာလို့လဲဆိုတော့ ညီအစ်ကိုစစ်က အခု ငါ့တို့ဘော့စ်ပဲ….]


[ဘယ်လိုကြီးလဲ…ဒါကဘာကို ဆိုလိုတာလဲ..ယင်းကျောင်းကရော…]


[ဇနီးက တင်းကြပ်တယ်...ဟီးဟီးဟီး…]


[တစ်ယောက်ယောက်နားလည်ကြလား…]


[ငါနားမလည်ဘူး…]


နောက်ဆုံး၌ သူတို့အားလုံး တရုတ်စာစာမေးပွဲ၌ အမှတ်မြင့်စွာရခဲ့သည့် ကျောင်းသားများဖြစ်သည်။ သူတို့သည် တစ်ချို့စကားများအား မရှင်းလင်းသော်လည်း သူတို့သည် သဲလွန်စတစ်ခုထဲမှ အကြောင်းအရာနှင့် အချက်အလက်အား ခွဲခြမ်းစိတ်ဖြာပြီး ကြည့်နိုင်လေသည်။ 


ယင်းကျောင်းရဲ့ ဇနီးက တင်းကြပ်တာနဲ့ ဒါက ဘယ်လိုပတ်သက်နေမလဲ။ 


အတန်းခုနစ်မှ လူများက ညီအစ်ကိုစစ်ဟု ထပ်မံခေါ်ဝေါ်ကြသည်။ 


ထို့ကြောင့် ယင်းကျောင်း၏ ဇနီးဆိုသူက ကျင်းစစ်လား…


ဝိုး…အတန်းခုနစ်က စိတ်လှုပ်ရှားစရာကောင်းလိုက်တာ…


တစ်ချို့လူများသည် ယင်းကျောင်းအား ကျောင်းဖိုရမ်၌ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲသော်လည်း သူတို့က တသီးတခြားလျို့ဝှက်စွာ ပြောရဲပေသည်။ 


ရလဒ်အနေဖြင့် ကျင်းစစ်နှင့် ယင်းကျောင်း၏ ဆက်ဆံရေးသည် ထပ်ကာ ထပ်ကာ ပျံ့နှံ့လာကာ ကျိုးချောင်ပင်လျှင် ကျင်းစစ်အား ညီအစ်ကိုစစ်ဟု ခေါဝေါ်လာ၏။ 


“ညီအစ်ကိုစစ်..ဒီမှာ…” 


ပြိုင်ပွဲအတန်းပြီးဆုံးပြီးနောက် ကျိုးချောင်သည် လွယ်အိတ်ထဲမှ ထုတ်ပိုးပြီး ပန်းသီးတစ်အိတ်အား ထုတ်ပြီး ကျင်းစစ်လက်ထဲသို့ ထည့်လိုက်သည်။ 


“ဖျင် အာ ကုံ (ခရစ်စမတ်ကာလ၌ ရောင်းသည့် ပန်းသီး)” 


ခရစ်စမတ်က ရောက်တော့မည်ဖြစ်ကာ ကျောင်းမှ ဈေးဆိုင်လေးသည် စောစောစီးစီး ပြင်ဆင်ထားသည်။ 


တံခါးရှေ့၌ ခရစ်စမတ်သစ်ပင်ရှိနေရုံသာမက တံခါး၌ ခရစ်စမတ် အပြင်အဆင်များချိတ်ဆွဲထားကာ လိမ္မော်သီးနှင့် ပန်းသီးများအား ထုပ်ပိုးထားသည်။ သူတို့သည် ကျောင်းသားများအား “ဖျင် အာ သစ်သီး” ဟူသော ချစ်စနိုးနာမည်ဖြင့် တစ်ခုလျှင် ငါးယွမ်ထားကာ ရောင်းသည်။ 


အထက်တန်းကျောင်းသားများသည် ဆယ်ကျော်သက်လူပျိုပေါက်များဖြစ်သည်။ အဘယ်ကြောင့် သူတို့၏ ရင်ထဲ၌ တိတ်တခိုးချစ်ရသူမရှိဘဲ နေမည်နည်း။ သူတို့သည် ရင်ထဲ၌ သိမ်းဆည်းထားပြီး ထုတ်ဖော်မပြောရဲသော်လည်း နောက်ဆုံး၌ ခရစ်စမတ်သို့ ရောက်လာခဲ့ပြီး သူတို့၏ ချစ်ရသူများထံ “ဖျင်အာသစ်သီး” အား အကြောင်းပြချက်ရှာပြီး ဘာကိစ္စမပေးဘဲ နေမည်နည်း။ 


တခြားတစ်ဖက်က သူတို့ဘာကြိုက်သည်အား မသိသော်လည်း လက်ဆောင်အပေးခံရလျှင် ပျော်ရွင်ကြပေမည်။


သူတို့ကြိုက်သည့် လူမရှိသည့် ကျောင်းသားကျောင်းသူများသည်လည်း ဝယ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရင်းနှီးသည့် သူငယ်ချင်းထံ ပေးနိုင်သည်။ ထို့ကြောင့် ဖျင်အာသစ်သီးများသည် ပုံမှန်ထက် ဆယ်ဆ ဈေးကြီးကာ ရောင်းအားသည် တော်တော်လေးကောင်းပေ၏။ 


မနက်ဖြန်က ခရစ်စမတ်အကြိုဖြစ်ကာ ကျင်းစစ်သည် ယခုရက်များအတွင်း ဖျင်အာသစ်သီးများစွာ ရခဲ့ပေသည်။ 


အစ၌ သူသည် အခြားလူ၏ နာမည်အား တိတ်တဆိတ်မှတ်သားထားကာ တစ်ယောက်ယောက်က သူ့အားပန်းသီးပေးလျှင် သူက လိမ္မော်သီးပြန်ပေးလေသည်။ တစ်ယောက်ယောက်မှ လိမ္မော်သီး ပေးလျှင် ပန်းသီးပြန်ပေးမည်ဖြစ်သည်။ 


သို့သော် ခရစ်စမတ်သည် တဖြည်းဖြည်းနီးလာပြီး သူပြန်လာသည့် အချိန်တိုင်း ခုံပေါ်၌ ဖျင်အားသစ်သီးများစွာ ထပ်တွေ့ရကာ မည်သူက လာပေးမှန်း သူမသိတော့ချေ။ 


သူသည် အနီးနားမှ လူများအား မေးသော်လည်း သူတို့လည်း မသိကြချေ။ 


နောက်ပိုင်း၌ သူသည် ဖျင်အာသစ်သီး များစွာရရှိခဲ့သည်။ လီကျိုးသည် သူ့အတွက် ကြီးမားသည့် သေတ္တာတစ်လုံးအား လုပ်ထားပေးပြီး သူ့ခုံအောက်၌ထားပေးခဲ့ကာ သေတ္တာက ပြည့်သွားတော့မည် ဖြစ်သည်။ 


“ကျေးဇူးပါ..” 


သူ့ သူငယ်ချင်းများ ကြင်နာခြင်းအား အကြိမ်များစွာလက်ခံရရှိလျှင်ပင် သူက ပျော်ရွင်ပေသည်။ ကျင်းစစ်သည် သူ့အား ပြုံးကာ သူ့ကြင်နာမှုအား လက်ခံလိုက်၏။ 


“မင်းဘာလို့ယဉ်ကျေးနေတာလဲ…” 


ကျိုးချောင် ရယ်မောကာ သူ့လက်အား ရမ်းလိုက်ပြီး နှစ်ယောက်သား အတူတူ အိပ်ခန်းသို့ ပြန်လာခဲ့သည်။ 


ကျင်းစစ် တံခါးမှ ဝင်လာပြီး သူ့လွယ်အိတ်အား ဇစ်ဖွင့်ကာ ကျိုးချောင်ပေးသည့် ပန်းသီးအား ခုံပေါ်သို့ တင်လိုက်သည်။ 


လီကျိုးသည် ဤသည်အားတွေ့ပြီး တိုးလာသည်။ 


“ဘာကြောင့် လူတစ်ယောက်က ဖျင်အာသစ်သီးအများကြီး ရနိုင်ရတာလဲ…..” 


အတန်းထဲ၌ သေတ္တာတစ်လုံးရှိသော်လည်း ယခု သူက အားလုံးအား အခန်းထဲသို့ ယူလာခဲ့သည်။ 


လီကျိုးက စဉ်းစားလိုက်သည်။ 


“မင်းနှင့် နီးနီးကပ်ကပ် ရင်းနှီးတဲ့ကောင်မလေးတစ်ယောက်မှ မတွေ့ဖူးပါဘူး…ဘာလို့လူတိုင်း ဒီခရစ်စမတ်မှာ မင်းကို ဖျင်အာသစ်သီးတွေ ပေးနေကြတာလဲ…” 


ကျင်းစစ်လည်း ဘာဖြစ်နေကြောင်းမသိချေ။ 


သူသည် အရင်ကမ္ဘာကဲ့သို့ ရုပ်ရည်တစ်ပုံစံတည်းဖြစ်ပြီး အဆင့်တူတူပဲ ဖြစ်သော်လည်း သူသည် အတန်းထဲ၌ ကိုယ်ပျောက်နေသကဲ့သို့ ဖြစ်နေကာ လူအနည်းငယ်သာ သူ့အားစကားလာပြောရန် ကြိုးစားခဲ့ကြသည်။ 


ကျင်းစစ်သည် ကြင်နာတတ်သည့် လူမျိုးမဟုတ်တာကြောင့် သူ့အရင်ဘဝ၌ ရင်းနှီးကျွမ်းဝင်သည့် သူငယ်ချင်းမရှိချေ။ 


သို့သော် ဤကမ္ဘာသို့ရောက်ပြီးနောက် အခြေအနေများသည် ဆန့်ကျင်ဘက်ဖြစ်နေ၏။ 


သူ့အတန်းဖော်များသည် တက်တက်ကြွကြွရှိကြကာ ဆရာများကလည်း သူ့အား‌ ကောင်းမွန်စွာဆက်ဆံကြသည်။ အတန်းမတူသည့် အခြားအတန်းမှ လူများပင် ကျောင်းဖိုရမ်၌ သူနာမည်အား အမြဲတန်း စိတ်ရှိလက်ရှိ ဖော်ပြတတ်ကြသည်။ 


ကျင်းစစ်က ဤမေးခွန်းအား တွေးတောနေပေသည်။ ဤကမ္ဘာသည် စာအုပ်တစ်အုပ်ဟုသာ အကြောင်းပြချက်တစ်ခုရှိပေသည်။ ဇာတ်လိုက်နှင့် ဇာတ်ပို့များသည် ခွဲခြားပြီးဖြစ်ကာ လူတိုင်း၏ ကွဲပြားသည့် ကံတရားသည်လည်း ဆုံးဖြတ်ပြီး ဖြစ်သည်။ 


သူသည် ဗီလိန်အမြောက်စာဇာတ်ကောင် ဖြစ်ပြီး သူက တစ်ကမ္ဘာလုံး၏ ဆန့်ကျင်ခြင်းကို ခံရသင့်သည်မဟုတ်ပေဘူးလား။ ဘာကြောင့် အခြေအနေများက ပြောင်းပြန်ဖြစ်နေရသနည်း။ 


ကျင်းစစ်၏ စိတ်ထဲ၌ မဖြေရှင်းရသေးသော ဆန်းပြားမှုများစွာရှိသေးသော်လည်း ၎င်းတို့အား ဖွင့်ရန် သော့ သူ့၌ မရှိချေ။ 


“ဒါနဲ့…” 


လီကျိုးသည် ဖျင်အာသစ်သီး တစ်လုံးအား ယူကာ ကြည့်လိုက်ပြီးနောက် သူ့အား မေးသည်။ 


“မင်းဘာလို့ ပန်းသီးနဲ့ လိမ္မော်သီးအများကြီး ရခဲ့တာလဲ…မင်းအချိန်မှီမစားနိုင်ရင် သူတို့ပုပ်သွားနိုင်တယ်..”


ကျင်းစစ်သည်လည်း အနည်းငယ် စိတ်ပူနေပြီး ကူကယ်ရာမဲ့စွာ ပြောသည်။ 


“ငါခပ်မြန်မြန် စားလိုက်ရုံပေါ့…” 


သို့သော် နောက်နေ့၌ ယင်းကျောင်းက ဤပြဿနာအား သူ့အတွက် ဖြေရှင်းပေးလိုက်သည်။ 


ဤနေ့များ၌ ယင်းကျောင်းသည် အနည်းငယ် စိတ်သောကရောက်နေသည်။ ထို ရူးသွပ်နေသည့် ပျားနှင့် လိပ်ပြာများသည် ပုံမှန်ချိန် သူတို့ကျင်းစစ်အပေါ် ခံစားချက်ရှိလျှင်ပင် ဖိုရမ်ပေါ်၌ဘဲ ရှိကြပေလိမ့်မည်။ 


သူတို့က အတန်းထဲထိ တကူးတကလာရဲတယ်လား..။ 


တော်တော်လွန်သွားပြီ။ 


သူက နှစ်ယောက်ကြားမှ သစ်သီးသေတ္တာအား ကြည့်လိုက်ပြီး နှာမှုတ်လိုက်၏။


“အတန်းဖော်လေး..မင်းက ကျော်ကြားလှချည်လား..” 


ကျင်းစစ်က အောက်နှုတ်ခမ်းအား ရှက်ရွံ့စွာ ကိုက်လိုက်မိသည်။ 


“ပေါက်ကရ..” သူသည် ပန်းသီးအား စိုးရိမ်စွာ ကစားနေသည်။ 


“ငါမြန်မြန်စားရမယ်..မဟုတ်ရင် ပုပ်သွားလိမ့်မယ်…” 


ယင်းကျောင်းသည် သူ့၏ အစားအသောက်မဖြုန်းတီးသည့် အကျင့်အားသိကာ စိတ်ထဲ၌ ဟတ်ထိသွားပြီး သဝန်တိုစိတ်များပြည့်နှက်လာသည်။ 


“ရာသီဥတုက အရမ်းစိုထိုင်းနေတယ်…အချိန်တန်ရင် အဲ့ဒါတွေ ဘယ်လောက်ပုပ်သိုးသွားမလဲ ကိုယ်မတွေးကြည့်နိုင်ဘူး..” 


“အာ..” 


ကျင်းစစ်သည် ၎င်းအား တွေးရင်း စိတ်ဓာတ်ကျသကဲ့သို့ ခံစားလိုက်ရကာ မျက်မှောင်ကျုံ့လိုက်မိသည်။ 


“ငါဘာလုပ်သင့်လဲ…” 


ယင်းကျောင်းရည်မှန်းထားသည့်အတိုင်းဖြစ်သွားပြီဖြစ်၍ သူက ကျင်းစစ်၏ နားအနီး ကပ်ကာ တိုးတိုးပြောသည်။ 


“ကောက မင်းအတွက် ကူရှင်းပေးမယ်…” 


“ဘယ်လိုကိုင်တွယ်မှာလဲ….” 


ယင်းကျောင်းက ဆက်ပြောသည်။


“ကိုယ်အဲ့ဒါတွေကို ဆရာတွေဆီ ဝေပေးလိုက်မယ်...ဘာလို့လဲဆို ဒါက ဆရာတွေအတွက် အားလပ်ချိန်ဖြစ်ပြီး ဆရာတွေကိုလည်း ပျော်ခွင့်ပေးရမယ်…” 


ကျင်းစစ်၏မျက်လုံးများ တောက်ပသွားသည်။ 


“ကောင်းပြီ..” 


အခြားတစ်ယောက်စီမှ လက်ဆောင်များအား အခြားကျောင်းသားထံ ပြန်ပေးခြင်းသည် မကောင်းသော်လည်း ဆရာများထံ လက်ဆောင်ပေးခြင်းသည် ကိစ္စမရှိချေ။ 


သူစကားပြောပြီးနောက် လှမ်း၍ သေတ္တာအား ကောက်ယူချင်သော်လည်း သူခေါင်းငုံလိုက်စဉ် ယင်းကျောင်းက တားလိုက်သည်။ 


ယင်းကျောင်းက သူ့နဖူးအားတောက်လိုက်ကာ ရယ်ပြီး လက်ရှည်အား ဆွဲတင်လိုက်သည်။ 


“ကိုယ်နဲ့ဆို မင်းက ဒီအလုပ်တွေ လုပ်စရာလား…” 


သူက ငုံ့ကာ သစ်သီးသေတ္တာအား မလိုက်ပြီး စားပွဲပေါ်တင်ကာ ကျန့်ချွယ်အား ခေါ်လိုက်သည်။ 


“လောင်ကျန့်..လာပြီး ငါ့ကို ဒီသစ်သီးတွေကို ရုံခန်းမှာ ဝေပေးဖို့ ကူပေးဦး…” 


ကျန့်ချွယ်သည် နားကြပ်တပ်ကာ ဂိမ်းကစားနေပြီး သူ့အား မကြားချေ။ ဟယ့်ကျိုးနှင့် ဖန်ချန်းချန်းသည် အတန်းထဲ၌ မရှိချေ။ ထို့ကြောင့် ယင်းကျောင်းသည် သူ့အား သွားပြီး မေးရန်သာ လုပ်နိုင်၏။  


ကျင်းစစ်သည် သူ့နောက်ကျောအား ချောင်းကြည့်ပြီးနောက် ယင်းကျောင်းခုံအောက်ရှိ ဖျင်အာသစ်သီးပုံထံ ကြည့်လိုက်ပြီး ထိပ်ဆုံးမှ ပန်းရောင်ပန်းသီးထံ အကြည့်ရောက်သွားသည်။ 


ဤရက်များ၌ ယင်းကျောင်းသည် သူ့ထက် ဖျင်အာ ပန်းသီးများစွာရခဲ့ပေသည်။ သူက တခြားမည်သည့်ကိစ္စမျှ ဂရုမစိုက်သော်လည်း ဤပန်းရောင်ပန်းသီးလေးသည်…


ကျင်းစစ်မျက်လုံးများ အောက်စိုက်လိုက်ကာ တစ်စက္ကန့်လောက် တွန်းဆိုင်းပြီးနောက် လျင်လျင်မြန်မြန် အောက်ငုံ့ကာ ပန်းသီးအား ကောက်ယူပြီး အပြစ်ရှိစိတ်ဖြင့် သေတ္တာထဲသို့ ကောက်ထည့်လိုက်သည်။ 


ဤပန်းသီးလေး လာပို့ချိန်၌ ယင်းကျောင်းမရှိသော်လည်း သူရှိနေခဲ့သည်။ ၎င်းအား လာပို့သည့် အတန်းဖော်လေးသည် ချောင်အန်းယန်မှ ပေးခြင်းဖြစ်ကြောင်း ပြောခဲ့သည်အား မှတ်မိသေး၏။ 


ဤသည်ကား သူပထမဆုံး ယခုကဲ့သို့ ပြုလုပ်ဖူးသည့် အကြိမ်ပင်ဖြစ်ကာ ကျင်းစစ်၏ လက်များက ချွေးအနည်းငယ်ပြန်နေပြီး နှလုံးခုန်က မြန်နေသည်။ သူသည် ယုတ်မာခြင်း သို့မဟုတ် ကောက်ကျစ်ခြင်းဟု ယူဆခံရပင်လျှင် ကိစ္စမရှိကာ သူသည် ယင်းကျောင်းအား ချောင်အန်းယန်ထံမှ ပစ္စည်းများအား လက်မခံစေလိုပေ။ 


……………….


ယင်းကျောင်းက သူနှင့်အတူ ကျန့်ချွယ်အား ခေါ်လာသည်။ 


ကျန့်ချွယ်က စပ်စုချင်နေသည်။ 


“အကိုကျောင်း မင်းဘာလို့ ဖျင်အာသစ်သီးတွေကို ဆရာတွေဆီ ပို့ချင်ရတာလဲ..” 


သူတို့ ဤကဲ့သို့ အရင်နှစ်၌ မလုပ်ခဲ့ပေ။ 


ယင်းကျောင်းက သူ့အားစိုက်ကြည့်သည်။ 


“မင်းအသိတရားရှိသေးလား…ဆရာတွေက ငါတို့ကို မိုးရွာရွာ လေတိုက်တိုက် စာသင်ပေးပြီး ငါတို့ကို အသိပညာများသင်ပေးရတာ ဘယ်လောက်ခက်​သလဲ မင်းသိသင့်တယ်…ဒါကြောင့် ငါဆရာတို့ကို အားလပ်ရက်မှာ လက်ဆောင်ဘာလို့ မပေးရမှာလဲ..” 


ကျန့်ချွယ် “…” 


ကျန့်ချွယ်သည် သူ့အား ကြောင်အစွာကြည့်ပြီး တံခါးထံ လျှောက်နေရင်းဖြင့် အပြစ်တင်လိုက်သည်။ 


“ကောင်းပြီ..မင်းမှာ အဆင့်မြင့်တဲ့ အသိတရားရှိပါတယ်…ငါတို့အားလုံးက ပေါင်းသင်းဆက်ဆံရေးမှာ မင်းလိုမျိုး အောင်မြင်သူဖြစ်ဖို့ အဆင့်မမှီပါဘူး..” 


ယင်းကျောင်းက သူ့အားလျစ်လျူရှုကာ ဖျင်အာသစ်သီး သေတ္တာအား ငုံ့ကြည့်လိုက်သည်။ သူသည် တစ်ခုခုထူးဆန်းမှုအား ရှာမတွေ့ခဲ့ကာ သူက ဒေါသထွက်ကာပြောသည်။ 


“မင်းတို့အားလုံး သူငယ်တန်းကျောင်းသားလား..ဖျင်အာသစ်သီးကလည်း ခရစ်စမတ်မှာ ပေးလို့ရတယ်ပေါ့…ဟမ်..နောက်ထပ်တစ်ခုရှိသေးတယ်…ပန်းရောင်ပန်းသီးက ထုပ်ပိုးထားတယ်..အရမ်းကလေးဆန်ပြီး ရူးကြောင်ကြောင်နိုင်လွန်းတယ်…” 


ကျန့်ချွယ်သည် တံခါးဖွင့်ကာ သူ့အားအချိန်ကြာကြာ စောင့်နေပြိး နောက်ဆုံး၌ သည်းမခံနိုင်တော့ပေ။ 


“အကိုကျောင်း ငါတို့မဝင်ဘူးလား…” 


“သွား..” 


ယင်းကျောင်းသည် ရုံးခန်းထဲသို့ သစ်သီးသေတ္တာတစ်ခုဖြင့် ဝင်သွားပြီး ဆရာများ တစ်ယောက်ချင်းစီအား ကျန့်ချွယ်နှင့်အတူ မျှဝေပေးလိုက်သည်။ ချက်ချင်းပင် ဆရာလျိုသည် ရုံခန်းထဲရှိလူတိုင်း၏ အားကျစရာဖြစ်လာခဲ့သည်။ 


သူတို့နှစ်ယောက်ထွက်သွားချိန်၌ ဆရာများသည် စားပွဲပေါ်ရှိ သေသေချာချာ ထုပ်ပိုးထားသည့် ဖျင်အာသစ်သီးသေတ္တာအား ကြည့်ကာ ခံစားချက်များဖြင့်ပြောလာသည်။ 


“ငါပြောမယ်..အတန်းခုနစ်က ကျောင်းသားတွေမှာ EQ မြင့်မြင့် ရှိတယ်ထင်တယ်…” 


“မဟုတ်ဘူး…အခန်းအခြေအနေက ကွဲပြားတယ်..မင်းလည်းဒီလို ကိစ္စများမှာ ရင်းနှီးခဲ့မှာပဲ..ပြီးတော့ ငါဘယ်လို ကောင်းကောင်းမွန်မွန်ဖြစ်လာလဲ ကြည့်ဦး..”


“လောင်လျိုကို ကောင်းချီးပေးပါတယ်..ငါတို့အတန်းက ကောင်ငယ်လေးတွေက ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး..” 


ဆရာလျိုသည် ဤသည်အားကြားရချိန်၌ ပျော်ရွှင်နေသော်လည်း သူသည် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ကာ ခပ်ပြတ်ပြတ်ပြောသည်။ 


“ဘယ်ကောင်းချီးမဆို ကုန်သည်တွေရဲ့ လှည့်စားမှုဘဲ…ငါသူတို့ကို အနာဂတ်မှာ ဒီလိုပိုက်ဆံမဖြုန်းဖို့ ပြောရမယ်..” 


ဆရာများအားလုံး ဤသည်အားကြားရချိန်၌ သူတို့စိတ်ထဲတွင် မျက်လုံးများလှည့်လိုက်ကြ၏။ 


နောက်ဆုံး၌ စိတ်နှောက်ယှက်စရာ ပစ္စည်းများအား ရှင်းလိုက်ပြီးနောက် ယင်းကျောင်းက အတော်လေးစိတ်ကောင်းဝင်နေသည်။ အတန်းထဲသို့ပြန်လာပြီး သူက လွယ်အိတ်ထဲမှ ဖျင်အာပန်းသီးအား ထုတ်ကာ ကျင်းစစ်အား ပေးလိုက်သည်။


ကျင်းစစ်က တခဏမျှ လန့်သွားသည်။ 


“ငါ့ကို ပေးတာလား..” 


မင်းပဲ ဖျင်အာသစ်သီး ပေးတာက ကလေးဆန်တယ်လို့ ပြောခဲ့တာမလား။ 


“အင်း….” 


ယင်းကျောင်းသည် သူ့လက်အား ထိုင်ခုံပေါ်တင်ကာ မျက်ခုံးပင့်လိုက်သည်။ 


“ကိုယ့်ရဲ့ ဖျင်အာသစ်သီးက အခြားလူများဟာတွေနဲ့ ကွဲပြားတယ်လို့ မင်း မထင်ဘူးလား…” 


ကျင်းစစ်က အကြာကြီး ကိုင်ထားသော်လည်း ကွဲပြားမှုအား မတွေ့သေးကာ သူသည် တိတ်ဆိတ်နေပြီး ဘာမှမပြောလာချေ။ 


ယင်းကျောင်းသည် သူ့၏ ရှည်လျားသည့် လက်ချောင်းများအားဆန့်ကာ ဖျင်အာသစ်သီး အပြင်အထုပ်အပိုးအား ခွာလိုက်ပြီး နှာမှုတ်သည်။ 


“သူတို့က ပန်းရောင်အထုပ်အပိုးကို သုံးချင်ကြတာ ကိုယ်က အနီရွေးပစ်လိုက်တယ်….အဲ့ဒီ ရိုးအတဲ့တစ္ဆေလေးတွေနဲ့ ယှဉ်ရင် ဘယ်လောက်တောင် ကိုယ်က ရင့်ကျက်ပြီး တည်ငြိမ်တဲ့ ပုံပေါက်လိုက်သလဲ..” 


ကျင်းစစ် “…” 


__


စာရေးဆရာမှာ ပြောစရာရှိတယ်~


ပြဇာတ်အသေးစား - 


ယင်ကျောင်း : ကိုယ်ရယ် အနီရောင်ရယ် ရင့်ကျက်မှုရယ်….


____


Translated By IQ-Team.