Chapter 53
.
-----------------------
" တံခါးစောင့် ဦးလေးကြီးက ကိုယ့်ကို ကောင်းကောင်း သိတယ်လေ မင်းမေ့သွားပြီလား" ယင်းကျောင်းက သူ့ခုံပေါ်ကနေ ဆွဲမလိုက်ပြီး ပြုံးလိုက်ကာ ပြောလိုက်သည်။
" သူ့ကိုသာ ဟယ်လို လို့ပြောလိုက်"
ကျင်းစစ်က တံ့ဆိုင်းနေပြီး ထပ်ကာအတည်ပြုလိုက်သည်။
" ငါတို့ 11 နာရီမတိုင်ခင် ပြန်လာနိုင်တယ်ပါနော်"
" မစိုးရိမ်ပါနဲ့"
ယင်းကျောင်းကအတန်းရဲ့ မီးကိုပိတ်လိုက်ပြီး ကျင်းစစ်အတွက် တံခါးဖွင့်ပေးလိုက်ကာ " ကိုယ်မင်းကို ဘယ်တုန်းက လိမ်ဖူးလို့လဲ"
ကျောင်းတွင် ညဘက် ဒုတိယအကြိမ် ကိုယ်ပိုင်စာကြည့်ချိန် မရှိသည်မှာ အတော်ရှားပါးပေသည် ။ ကောလိပ်ဝင်ခွင့်စာမေးပွဲ အတွက် အိုလံပစ် ရမှတ်ကို ပယ်ဖျက်ထားသော််လည်း အိုလံပစ်ပွဲတော် ရှိသေးသည့်အတွက် ကျောင်းသားများကို စိတ်လှုပ်ရှားစေသည်။
ထိုအချိန်တွင် တတိယတစ်ထပ်လုံးလူရှင်းနေကာ ကျောင်းသားများ အကုန်လုံးသည် ထွက်သွားကြပြီ ဖြစ်ပြီး သူတို့နှစ်ယောက်သာ ကော်ရစ်ဒါတွင် ကျန်ခဲ့တော့၏။
အဝါရောင် မီးရောင်အောက်တွင် ကျင်းစစ်သည် မော့ကြည့်လိုက်သောအခါ ယင်းကျောင်း၏ ပြုံးနေသော မျက်လုံးများနှင့် ဆုံလေသည်။
သူ့နှလုံးခုန်သံကရုတ်ချည်းဆိုသလိုမြန်လာပြီး သူလက်ချောင်းထိပ်များကို မထိန်းချုပ်နိုင်စွာ ကွေးလိုက်မိသည်။
ဒီနေ့က ခရစ်စမတ်ပွဲတော်နေ့ ဆိုတော့ ယင်းကျောင်းကလည်း အပြင်မှာ ကစားချင်နေမှာပဲ ...
နှစ်ဘဝလုံးတွင် ယင်းကျောင်းသည် သူ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံလေသည်။ သူ့တွင် ယင်းကျောင်းသို့ ပြန်ပေးစရာမရှိပေ။ ထို့ကြောင့် သူလုပ်ချင်တာကိုသာ လုပ်ခွင့်ပေးလိုက်မည်။
သူတို့ကို ဖမ်းမိခဲ့ရင် ဒါက သူ့(ကျင်းစစ်) အကြံဟုသာပြောလိုက်မည်။ ကံကောင်းစွာနှင့် သူသည် လစဥ်စာမေးပွဲတိုင်းတွင် ပထမရသောကြောင့် ထိုအရာကို ကံကောင်းစေတဲ့အဆောင် အဖြစ်အသုံးချလို့ရနိုင်လောက်သည်။
" သွားမယ်လေ " ကျင်းစစ်က မျက်လွှာချလိုက်ပြီး " အရမ်းအဝေးကြီးတွေတော့ မသွားဘူး"
ယင်းကျောင်းက သူ၏ထူထဲသွယ်လျသော မျက်တောင်မွှေးများကို ကြည့်လိုက်သောအခါ သူ့နှလုံးသားကနူးညံ့သွားသည်။
" အိုကေ မင်းသဘောပဲ"
ကျင်းစစ်သည် ထိုကဲ့သို့ ပုံမှန်မဟုတ်သော အရာများကို ပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် လုံခြုံရေး ရုံးနားသို့ ရောက်သောအခါ ယင်းကျောင်း၏ အနားသို့ မသိစိတ်အရ ကပ်လိုက်လေသည်။
လုံခြုံရေးရုံးခန်းအထဲရှိ လူမှာ အရင် တစ်ခေါက်က ဦးလေးကြီးဖြစ်သည်။ ယင်းကျောင်း စကားအနည်းငယ်ပြောပြီးသောအခါ သူ့တို့ကို သွားခွင့်ပေးလိုက်လေသည်။
" အရမ်းနောက်မကျနဲ့နော် စောစောပြန်လာခဲ့ "
ဘယ်ကရလာမှန်းမသိသော တစ်ဝက်ပွင့်နေသော နှင်းဆီပန်းများကို ဦးလေးကြီးသည် ပန်းအိုးထဲတွင် ထိုးလိုက်ပြီး ပြောလိုက်သည်။
" ငါက ညဘက် 10:30 မှာ တခြားသူနဲ့ ဂျူတီချိန်းရမှာနော်"
ယင်းကျောင်းက သူဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်ပြီး ပြုံးကာပြောလိုက်သည်။
" ကျွန်တော်သိပြီ ကျေးဇူးပါ ဦးလေး"
သူတို့နှစ်ယောက် ကျောင်းထဲမှ ချောချောမွေ့မွေ့ ထွက်လာခဲ့ကြသည်။
သူတို့တွင် အချိန်တစ်နာရီခွဲသာ ရှိသောကြောင့် ကျောင်းအနားပတ်ဝန်းကျင်တွင်သာ လည်ပတ်နိုင်၏ ။
ယင်းကျောင်းက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး ကျင်းစစ်ဆီသို့ ကိုယ်ကို လှည့်လိုက်ကာ ပြောလိုက်သည်။
" ဗီဒီယိုဂိမ်း သွားကစားမလား မင်းဂိမ်းဆော့ရတာကြိုက်လား"
ကျင်းစစ်က ရပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ခေါင်းငြိမ့်ပြလိုက်သည်။
" ငါကြိုက်တယ်"
ယင်းကျောင်းက သူ၏ ထူးဆန်းနေမှုကို သတိထားမိသွားကာ သူမကြိုက်ဘူးထင်၍ ပြောလိုက်သည်။
" ကိုယ့်ကို ဖုံးကွယ်နေတုန်းလား မကြိုက်ရင် ကိုယ်တို့ တခြားနေရာသွားလို့ရတယ်လေ"
" နိုး" ကျင်းစစ်က သူ့ကို အထင်မလွဲစေချင်သောကြောင့် အမှန်တရားကို ပြောပြလိုက်သည်။
" ငါအဲ့ဒီ့ကို တစ်ခါမှမရောက်ဖူးဘူး"
ယင်းကျောင်းက အသက်ရှုကျပ်သွားရသည် ။
ဘယ်လိုလုပ် ကျင်းစစ်က ဗီဒီယိုဂိမ်း မြို့တော်ကိုတောင် မသွားဖူးရတာလဲ...
အရင်က သူ့မိသားစု အခြေအနေက အရမ်းဆိုးလွန်းလို့များလား...
ယင်းကျောင်းသည် သူ၏ အပြုအမူ အလွဲအမှားတွေကြောင့် စိတ်ပျက်ခံရမှာ စိုးရိမ်သောကြောင့် အတိတ်အကြောင်းကို လေးလေးနက်နက်မတွေးရဲပေ။ သူ သက်ပြင်း ဖြေးဖြေးချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
" ဒါဆို ကိုယ်တို့ ဗီဒီယို ဂိမ်းမြို့တော်ကို သွားကြမယ်"
"အိုကေ"
ကျောင်းအနီးတွင် ကုန်ပဒေသာစတိုးဆိုင်ကြီးရှိပြီး ငါးထပ်မြောက်သည် ရုပ်ရှင်ရုံနှင့် ဂိမ်းမြို့တော် အသေးစားလေးတစ်ခုရှိလေသည် ။
ယနေ့သည် ခရစ်စမတ်ပွဲတော်နေ့ဖြစ်ပြီး စုံတွဲ အများစုသည် ရိုမန်တစ်ဆန်သော နေရာများတွင်ချိန်းတွေ့ကြလေသည် ။ သို့ရာတွင် ဗီဒီယိုဂိမ်းမြို့တော်ကဲ့သို့ နေရာမျိုးတွင်တော့ လူအရမ်းမများပေ။
ယင်းကျောင်းတွင် ဂိမ်းတွင်သုံးသော ငွေကြေး ရှိပြီး ကျင်းစစ်ကို သူလမ်းလျှောက်ရင်း ဂိမ်းများအကြောင်း မိတ်ဆက်ပေးလေသည်။
" ဒီဟာက ရန်သူဘက်က သူလျိုတွေကို ချေမှုန်းတာ ဒါကတော့ကော်တဲ့စက်တွေ နောက်တစ်ခုက ပြိုင်ကား အရှေ့နားက သေနတ်ပစ်ဂိမ်း ဘယ်တစ်ခုကို ကစားချင်လဲ"
ယင်းကျောင်းက တစ်ခါမှ မကစားဖူးတာကိုတွေးလိုက်ပြီး အကြံပြုလိုက်သည်။
" ကိုယ်တို့ သူလျိုတွေကို ချေမှုန်းတဲ့ ဂိမ်းကို အရင်ဆုံးကစားကြမလား "
ကျင်းစစ်က ခေါင်းခါလိုက်ပြီး " သေနတ်ပစ်ဂိမ်း ကစားရအောင်"
ယင်းကျောင်းက လေချွန်ပြီး ပြောလိုက်သည်။
" ဝါး အတန်းဖော်လေးက အတော်လေး အရိုင်းဆန်တာပဲ ဒါဆို သွားပစ်ရအောင်"
သေနတ်ပစ်တဲ့ တစ်တန်းလုံးက လူရှင်းနေသည် ။ ယင်းကျောင်းသည် နှစ်ယောက်ကစားတာကို ရွေးလိုက်ပြီး ငွေပြားတွေထည့်လိုက်ကာ သေနတ်လေးလက်ကို ပြင်လိုက်ပြီး ကျင်းစစ်ကို ဘယ်လိုကစားရမလဲဆိုတာကို လက်ဖြင့်ကိုင်သင်ပေးနေ၏ ။
ကျင်းစစ်၏သင်နိုင်စွမ်းအားသည် အရမ်းပြင်းသည် ဂိမ်း၏ ရိုးရှင်းမှုကြောင့် သူလျှင်မြန်စွာ ကိုင်တွယ်ကစားနိုင်လေသည်။
ယောင်္ကျားတွေက သူတို့အရိုးထဲတွင်ပင် စွန့်စားမှုကို ကြိုက်ကြလေသည်။ အတိတ်တွင် ကျင်းစစ် သည် သူ၏သဘာဝကို ထိန်းချုပ်ထားခြင်းဖြစ်သည် ။ သို့သော် ထိုကဲ့သို့ ပစ်သောဂိမ်းမျိုးသည် စိတ်အားထက်သန်မှုကို အလှုံ့ဆော်ပေးနိုင်ဆုံးသော ဂိမ်းဖြစ်သည်။
ကျင်းစစ်သည် သေနတ်ကို ကိုင်လိုက်ပြီး သူမျက်လုံးကို စခရင်ပေါ်တွင် ထားတာ အချိန်နှင့်အမျှ ပစ်လိုက်လေသည်။ သိသိသာသာပင် ဂိမ်းတွင် နစ်မြှပ်နေလေသည်။
ကုန်တိုက်အလယ်ရှိ အပူချိန်ထိန်းညှိပေးသော စက်သည် ဖွင့်ထားပြီး အပူချိန်ကို အသင့်အတင့်ထားလေသည်။ ကျင်းစစ်၏ လှုပ်ရှားမှုများအနည်းငယ် နှေးကွေးလေးလံလာပြီး နှဖူးတွင်ချွေးများထွက်လာကာ သူ့နှဖူးတွင် ကပ်ညှိနေသော အနက်ရောင် ဆံပင်တို့သည် အနည်းငယ် စိုလာလေသည်။ သူ့မျက်နှာ သည် စိတ်လှုပ်ရှားမှုကြောင့် အနီရောင်သန်းလာကာ အရင်ထက်ပို၍ ငယ်ရွယ်ပုံပေါက်နေလေ၏။
ဇွန်ဘီကို တစ်ချက်တည်း ပစ်သတ်လိုက်ကာ ယင်းကျောင်း ဘက်သို့ လှည့်ကာ မျက်လုံးတောက်တောက်များဖြင့် ကြည့်နေလေသည်။
" လှလိုက်တဲ့ ပစ်ချက် "
ယင်းကျောင်းက အနားကပ်လိုက်ပြီး ထောင့်ကို သေချာချိန်လိုက်ကာ ဇွန်ဘီတစ်ကောင်ကို ပစ်လိုက်လေသည်။
" ဆက်လုပ်လေ"
ထိုနှစ်ယောက်သည် တစ်ခါမှ အတူမကစားဖူးသော်လည်း ဖွင့်ပြောစရာမလိုဘဲ အချင်းချင်းနားလည်နိုင်လေသည် ။ တစ်ယောက်သည် တစ်ဖက်ကို စောင့်နေကာ ပေါ်လာတဲ့ ဇုန်ဘီတွေကို ဆက်တိုက်ပစ်နေလေသည်။
ဂိမ်းပြီးသွားတဲ့အခါ သူ မမျှော်လင့်စွာဘဲ ရမှတ်များလေသည်။
" ဝါး ကောင်းလိုက်တာ " ယင်းကျောင်းက ကျင်းစစ်လက်ကို ရိုက်လိုက်ပြီး ခါလိုက်ကာ ပြန်လွှတ်ပေးလိုက်သည်။
" ဒါက တရားဝင် လိုက်ဖက်ညီတဲ့ စုံတွဲဆိုတာသေချာတယ် အဲ့တာကြောင့်ကိုယ်တို့ ပြောစရာမလိုဘဲ အချင်းချင်းနားလည်နေတာပေါ့ တခြားတစ်ခု ကစားချင်သေးလား"
ကျင်းစစ်က စိတ်လှုပ်ရှားမှု မပျောက်သေးပေ။ သူ့လက်ချောင်းထိပ်ကလေးတွေသည် အနည်းငယ် တုန်ယင်နေသေးသည် ။ သူ ပထမစာကြောင်းကို လျစ်လျူရှုကာ ခေါင်းငြိမ့်လိုက်သည်။
ဒုတိယ အဖြတ်တွင် ကစားသမားနှစ်ယောက်၏ ရမှတ်များသည် ပထမအဖြတ်ထက် အနည်းငယ်ပိုများလေသည်။ ကျင်းစစ် စခရင်ကို နောင်တရစွာကြည့်လ်ုက်ပြီး ပြောလိုက်သည်။
" ငါဇွန်ဘီတွေကို သတ်မိလုနီးပါးပဲဖြစ်နေပြီ မဟုတ်ရင် ရမှတ်ပိုများမှာသေချာတယ်"
ယင်းကျောင်းက ရမှတ်တွေကို စွဲလမ်းနေသူကိုကြည့်လိုက်ကာ မတတ်နိုင်ဘဲ ပြုံး၍ လိမ္မော်သီး ဖျော်ရည်ဖန်ခွက်ပေးလိုက်သည်။
" နည်းနည်းလောက်သောက်လိုက်ဦး"
ကျင်းစစ်က သူ့အသိစိတ်ကို ပြန်ရလာပြီး အနည်းငယ်ရေဆာလာလေသည်။ သူက ယင်းကျောင်းကို ရှက်ရွံ့စွာ ကြည့်လိုက်ပြီး မေးလိုက်သည်။
" မင်းဘယ်တုန်းက ဝယ်လာတာလဲ"
" ကိုယ်စန့်စင်ခန်းသွားတုန်းက ဟိုနားကအစောင့်ကို ဝယ်ခိုင်းလိုက်တာ သူကဒီကိုယူလာပေးတာ"
ယင်းကျောင်းကခေါင်းငုံ့လိုက်ပြီး တစ်ငုံသောက်ကာ မျက်မှောင်ကြုံ့ပြီး စဥ်းစားပြောလိုက်သည်။
" ဒါကဘာကြီးလည်း ဘာလို့ အရမ်းချဥ်နေတာလဲ"
ကျင်းစစ်က အံ့အားသင့်စွာ ပြန်ပြောလိုက်သည်။
" မချဥ်ပါဘူး အရသာကောင်းပါတယ်"
" မဖြစ်နိုင်တာ " ယင်းကျောင်းက ခိုင်ခိုင်မာမာပြန်ပြောလိုက်သည်။
" ဒါမှမဟုတ် မင်းခွက်နဲ့ ကိုယ့်ခွက် အရသာ မတူတာများလား"
"မဖြစ်နိုင်လောက်ဘူး"
ကျင်းစစ်က ခေါင်းရှုပ်သွားကာ " သူတို့က ဆိုင်တစ်ခုတည်းက လုပ်ထားတာပါ"
" အဲ့တာက လုံးကို မတူတာ" ယင်းကျောင်း ကျင်းစစ်၏ လိမ္မော်သီးဖျော်ရည် ခွက်ကို ယူလိုက်ပြီး ပြောလိုက်သည်။
" မင်းမယုံရင် ကိုယ် မင်းခွက် ကို အရသာခံကြည့်မယ်"
သူ့ခေါင်းကို ငုံ့လိုက်ပြီး တစ်ငုံသောက်ကာ ပြောလိုက်သည်။
" မင်းခွက်က ကိုယ့်ဟာထက် ပိုချိုတာသေချာတာပေါ့"
"တကယ်လား" ကျင်းစစ်ကမယုံပေ။
သူကအများကြီးမတွေးဘဲ ယင်းကျောင်းခွက်ဆီက တစ်ငုံ ယူသောက်လိုက်ကာ သေချာ အရသာခံပြီး ပြောလိုက်သည်။
" အတူတူနီးပါးလောက်ပါပဲ"
" ကိုယ်တော့အဲ့ဒါက တော်တော်လေးပိုဆိုးတယ် ထင်တယ် "
ယင်းကျောင်းက ကျင်းစစ်အချိုရည်ပိုက်ကို ကိုက်ကာ သွားပေါ်အောင်ပြုံးလိုက်ပြီး " မင်းပါးစပ်က တစ်ခုခုထူးခြားတာဖြစ်မယ် ဘာလို့ ကိုယ့်ကို စမ်းကြည့်ခွင့် မပေးရတာလဲ"
ကျင်းစစ်ကအံ့အားသင့်သွားပြီး သူ့မျက်နှာသည် ရှက်သွေးဖြာသွားလေသည်။ သူ့ခေါင်းကို ရှက်ရွံ့စွာလှည့်လိုက်ကာ အဓိပ္ပါယ်မရှိပြောနေတာကိုငြင်းဆိုလိုက်လေသည်။
" ဂိမ်း...ဂိမ်းကစားရအောင်"
ယင်းကျောင်းကသူ့ကို အခွင့်အရေးယူလိုက်ရပြီးဖြစ်၍ ကျေနပ်သွားချေပြီ ။ ကျင်းစစ်ကိုထပ်မစတော့ဘဲ သူ့သေနတ်ကို ကိုင်ပြီးပြောလိုက်သည်။
" လာခဲ့ ဒီကောကောရဲ့ အပစ်အခတ် ကျွမ်းကျင်မှုကို ပြမယ်"
သူတို့နှစ်ယောက်က ဆယ်နာရီ မထိုးခင်အထိဆော့ခဲ့ကြပြီး ကုန်တိုက် ပိတ်ခါနီးတွင် ထွက်လာခဲ့ကြသည်။
ယင်းကျောင်းသည် အနားရှိ 24 ဖွင့်တဲ့ စတိုးဆိုင်မှ oden အပိုင်းကြီးတစ်ခုကို ဝယ်လာလိုက်ပြီး သူ့လက်ထဲတွင် ကိုင်ထားကာ ကျင်းစစ်ကိုမေးလိုက်သည်။
" ဘယ်တစ်ခုကို လိုချင်လဲ"
" တိုဖူး"
ယင်းကျောင်းက သူ့ လက်ထဲရှိ တိုဖူးအပိုင်းကို ထုတ်လိုက်ပြီး ကျင်းစစ် ယူဖို့လက်လှမ်းလိုက်သောအခါ ရှောင်လိုက်လေသည်။
ကျင်းစစ်က သူ့ကို သံသယ ရှိစွာ ကြည့်လိုက်ပြီး " ဘာဖြစ်တာလဲ"
နှစ်သစ် နီးလာသည်နှင့်အမျှ လမ်းဘေးရှိအပင် များတွင် ချိတ်ဆွဲထားသည့် တောက်ပနေသောမီပုံးနီလေးများ၏ အလင်းရောင်သည် ယင်းကျောင်း၏ခန့်ညားသော မျက်နှာပေါ်တွင် ဖြာကျနေကာ သူ့ကို ပို၍ ပျင်းရိနေပုံပေါက်စေသည်။
သူက ကျင်းစစ်ကို ဘေးကနေကြည့်လိုက်ပြီးပျင်းရိစွာပြောလိုက်လေသည်။
" ကောလို့ခေါ် ကိုယ်မင်းကို အဲ့ဒါပေးမယ်"
ကျင်းစစ်က သူ့ကို စကားမပြောတော့ဘဲ တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့ဆက်လျှောက်သွားလေသည်။
သူကခြေလှမ်းရှည်များဖြင့် လှမ်းကာအမှီလိုက်ပြီးနောက် သူ့နောက်တစ်လှမ်းအကွာမှ လျှောက်ကာ သေချာတွေးပြီးမှ ပြောလိုက်လေသည်။
" မင်းက ကိုယ့်ကို ကောလို့မခေါ်ချင်တာလား တခြားတစ်ခုခုခေါ်ချင်လား ဟုတ်တာပေါ့ နောက်ဆုံးတော့ မင်းက ကိုယ့်ဇနီးလေးဆိုတော့ မင်းကကိုယ့်ကိုခေါ်ချင်မှာပေါ့ ... "
ကျင်းစစ်က သူ့ခေါင်းကို လှည့်လိုက်ပြီး အံကြိတ်ကာ ကြားဖြတ်ပြောလိုက်သည်။
" မင်းဘယ်လိုကောင်လဲ... မင်း"
သူနောက်ထပ်စကား သုံးခွန်းကို အချိန်အတော်ကြာ ထပ်မပြောနိုင်ပေ။
ယင်းကျောင်းကသူ၏ ရှက်သွေးဖြာနေသော ပါးပြင်ကို ကြည့်ကာ ပြုံးလိုက်ပြီး တိုဖူးကမပူတော့ဘူးဟု ခန့်မှန်းလိုက်ပြီး သူ့နှုတ်ခမ်းနားသို့ တေ့ပေးကာ ပြောလိုက်သည်။
" စားလေ"
ကျင်းစစ်ကသူ့ပါးစပ်ကို ဖွင့်ပေးလိုက်ပြီးကာမှ ယင်းကျောင်းက သူ့ကို အစာခွံ့ကျွေးနေတဲ့ပုံ ပေါက်နေသည်ကို နားလည်လိုက်သောအခါ သူမြန်မြန်ရှောင်လိုက်ပြီး တို့ဖူးကိုယူလိုက်ကာ ကိုယ့်ဘာသာစားလိုက်သည်။
ကျောင်းအနားတွင် ညဘက် လူရှင်းနေသည်။ လမ်းကြား ပေါ်တွင် ရံဖန်ရံခါ ကားများဖြတ်သွားသည်မှလွဲ၍ ခြေလျင်လျှောက်သွားသူ နှစ်ယောက်သာရှိလေ၏။
လမ်းနှစ်ဖက်စလုံး၏ ဘေးဘက်ရှိစျေးဆိုင်များတွင် ခရစ်စမတ်သစ်ပင် အတို အရှည်တို့ရှိလေသည်။ မီးရောင်စုံတို့သည် ခရစ်စမတ်သစ်ပင် ကို ပတ်ထားကာ ညအခါတွင် ရောင်စုံမီးတို့ဖြင့် ထွန်းလင်းနေလေသည်။
ယင်းကျောင်း နှင့် ကျင်းစစ် သည် oden ကို ကျောင်းသို့အပြန်လမ်းတွင် စားလိုက်ကြသည်။ လူနှစ်ယောက်စကားပြောသံသည် လေနှင့် အတူလွင့်ပျံနေသည်။
" မင်းအမဲသားလုံးစားမလား ငါးအသားလုံးစားမလား"
" အမဲသားလုံး"
" မင်း အမဲသားလုံးကို ပိုကြိုက်ပြီး ငါးအသားလုံးကိုငါးနံ့ကြောင့်မစားချင်တာလား"
"မဟုတ်ဘူး"
သူတို့ ခရစ်စမတ်သစ်ပင်တွေကို တစ်ပင်ပြီး တစ်ပင် ကျော်လာလိုက်သည် ။ မမြင်နိုင်တော့သည့် အကွာအဝေးထိ ရောက်ခါကာ သူတို့နှစ်ယောက်သည် နှစ်ပေါင်းများစွာ ခရစ်စမတ်ကို အတူဖြတ်ကျော်လာသကဲ့သို့ပင် ။
ယင်းကျောင်းနှင့် ကျင်းစစ်သည် ကျောင်းသို့ပြန်ရောက်ချိန်တွင် ဆယ်နာရီခွဲသာ ရှိသေးသော်လည်း လုံခြုံရေးအစောင့်သည် လူပြောင်းသွားပြီ ဖြစ်သည်။ ယခုအစောင့်သည် ဝါရင့် သမားဖြစ်ပြီး ကျောင်းပြေးလူသတ်သမား ဟုလူသိများလေ၏။
" ဘာလုပ်ကြမလဲ" ကျင်းစစ်က အနည်းငယ် စိတ်လှုပ်ရှားကြောက်ရွံ့နေကာ "သူ ငါတို့ကို ဝင်ခွင့်ပေးပါ့မလား"
ယင်းကျောင်းကသူ၏ တင်းကျပ်နေသော မျက်နှာကို ကြည့်ကာ ပြုံးပြီးပြောလိုက်သည်။
" နံရံပေါ်က ခုန်ချရဲလား"
ကျင်းစစ်က အံ့အားသင့်သွားပြီး " နံရံပေါ်က ခုန်ချရမှာလား"
" ကိုယ်တို့အပြင်ခိုးထွက်တဲ့နေရာကို မှတ်မိသေးလား"
ယင်းကျောင်းသူ့ကို ကျောင်းရဲ့တောင်ဘက်ခြမ်းကို ခေါ်သွားပြီး " အဲ့ဒီနေရာကနေ ကျောင်း၀င်းထဲကို ခုန်ချလို့ရတယ်"
ကျင်းစစ်က ထိုကဲ့သို့ သာမာန်မဟုတ်သော အရာများကို ကလေးဘဝထဲက မလုပ်ဖူးပေ။ ထို့ကြောင့် သူ့တွင်ယုံကြည်ချက် အပြည့်မရှိပေ။
" ငါ...ကြိုးစားကြည့်မယ်"
အခြားနေရာက နံရံများထက် နိမ့်သောနံရံရှေ့တွင် ရပ်နေရင်း ယင်းကျောင်းက သူ့ခေါင်းကို ငုံ့ကာ ကျင်းစစ်ကို မေးလိုက်သည်။
" မင်းကြောက်လား"
သူသည် အခက်အခဲများကို မကြောက်သော်လည်း စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို ဖြတ်ကျော်ရန်တော့ အနည်းငယ် မတည်ငြိမ်ဖြစ်နေသည်။
ကျင်းစစ်က သူ့နှုတ်ခမ်းများကို စုဝိုင်းထားလိုက်ပြီး မျက်လုံးမှိတ်ကာ ပြောလိုက်သည်။
"ခုန်ချကြရအောင်"
ယင်းကျောင်းသည် သေတော့မလိုပြုမူနေသော သူကို ကြည့်ပြီး ပြုံးလိုက်သည်။
" ကိုယ်အရင်ခုန်ချမယ် ကိုယ်ဘယ်လိုခုန်ချလဲဆိုတာကြည့်လိုက် တကယ်လို့ မဖြစ်နိုင်ဘူးလို့ ထင်ရင် မင်းကိုယ်မင်း တွန်းအားမပေးနဲ့ သိတယ်နော်"
ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည်။
အတိတ်နှစ်များတွင် ယင်းကျောင်းသည် အထူးလေ့ကျင့်မှုများ ပြုလုပ်ရန် အဖိုးဆီမှ အခေါ်သွားခံရသည်။ ယခုလိုနိမ့်တဲ့ နံရံမပြောနှင့် ဒီနံရံရဲ့ နှစ်ဆ မြင့်သော နံရံသည်ပင် သူ့ကို မတားဆီးနိုင်ပေ။
သူ နံရံပေါ်မှ အဖုများကို ကိုင်လိုက်ကာ ခြေနှင့် လက်ကို သုံးပြီး နံရံပေါ်သို့ အလျင်အမြန် လှည့်လိုက်ကာခုန်ချလိုက်လေသည် ။
" ကိုယ် အခုလုပ်လိုက်တာကိုမင်းမြင်လား" ယင်းကျောင်းက နံရံတစ်ဖက်ကနေ ကျင်းစစ်ကို မေးလိုက်သည် ။
"မင်းကိုယ့်ကို ထပ်လုပ်ပြစေချင်လား"
" မလိုဘူး"
ကျင်းစစ်က သူ့ကို နှစ်ကြိမ် မခုန်စေချင်ပေ။ ထို့ကြောင့် ပါးစပ်ဖွင့်ပြီး ငြင်းလိုက်သည်
ယင်းကျောင်းလုပ်ခဲ့တဲ့ ပုံစံကို ပြန်တွေးလိုက်ပြီး အာရုံစိုက်ရန် အကောင်းဆုံးကြိုးစားလိုက်ကာ အပေါ်ကိုထူးဆန်းသည့်ဟန်ဖြင့် ဖက်တက်သွားလေသည်။
" တော်တယ်"
ယင်းကျောင်းက သူ့မျက်ခုံးကိုပင့်ကာ ကြည့်လိုက်ပြီး ချီးကျူးရန် တုံ့ဆိုင်းမနေပေ။
" ခုန်ချလိုက်တော့"
သူ့ မျက်လုံးနှင့် နှုတ်ခမ်းထောင့်စွန်းတို့သည် အပြုံးတို့ဖြင့် ပြည့်နှက်သွားကာ သူ၏ ခန့်ငြားသောမျက်နှာကမူ နူးညံ့မှုတို့ဖြင့် ဖုံးလွှမ်းနေတာကြောင့် လူကိုအာရုံထွေပြားစေ၏။
အရင်က သူ့ကို မည်သူမျှ ထိုကဲ့သို့ ဂရုမစိုက်ပေးခဲ့ပေ။ မည်သူမျှလည်း ပွဲသို့ ခေါ်မသွားဖူးပေ။
သူအချိန်အတော်ကြာ ဆင်းမလာသေးသည်ကို ယင်းကျောင်းတွေ့သောအခါ သူကြောက်နေပြီဟုထင်လိုက်သည်။ သူခြေနှစ်လှမ်းလောက်ရှေ့တိုးကာ နူးညံ့စွာ တီးတိုးပြောလိုက်လေသည်။
" မစိုးရိမ်ပါနဲ့ ကိုယ်မင်းကို ကျခွင့်ပြုမှာ မဟုတ်ဘူး ကတိပေးတယ် ခုန်သာချလိုက် "
ကျင်းစစ်က အသိပြန်ရသွားကာ ခေါင်းငြိမ့်လိုက်ကာ လက်တစ်ဘက်ကိုအားယူ၍ နံရံပေါ်မှ ခုန်ချလိုက်သည်။
သူထိုကဲ့သို့ အရာမျိုးကို အရင်က မလုပ်ဖူးပေ။ သူမြေပြင်ပေါ် ရောက်သွားသောအခါ အနည်းငယ်မတည်မငြိမ်ဖြစ်ပြီး ယိမ်းထိုးသွားပြီး ယင်းကျောင်းကို ဝင်တိုက်လေသည်။
ယင်းကျောင်းက တစ်ညလုံးထိန်းထားသော်လည်း ယခုတွင် သည်းမခံနိုင်တော့ပေ။ သူက ကျင်းစစ်ကို ဖက်ထားလိုက်ပြီး သူ့နားထဲသို့ နူးညံ့စွာမေးလိုက်သည်။
" ဒီနေပျော်ခဲ့ရဲ့လား"
" ပျော်တယ် "
" ဘာလို့ပျော်တာလဲ"
"ငါမလုပ်ဖူးတာတွေ အများကြီး လုပ်ခဲ့ရလို့ ခရစ်စမတ်ပွဲတော်မှာ အချိန်ဖြုန်းတာ သေနတ်ပစ်တာ နံရံတွေကို ခုန်ကျော်တာ အဲ့ဒါမျိုးတွေ လုပ်ခဲ့ရလို့လေ အဲ့ဒါက လန်းဆန်းပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ် "
ယင်းကျောင်းက ပြုံးလိုက်ပြီး သူ့ခေါင်းကို ထိလိုက်သည်။
အတန်းဖော်လေးကို စိတ်ကျေနပ်အောင် လုပ်ပေးရတာ အရမ်းလွယ်တာပဲ...
ကျင်းစစ်ကသူ့ကို မတွန်းထုတ်ပေ။ သူကတခဏ တုံ့ဆိုင်းနေပြီး ယင်းကျောင်းကို မေးလိုက်သည်။
"ဒါဆို မင်းရော ဒီနေ့ပျော်လား"
"ပျော်တာပေါ့ "
ယင်းကျောင်းက ငုံ့ကြည့်လိုက်ကာ ကျင်းစစ် မသိနိုင်လောက်မည့် သူ့ဆံပင်ကို နမ်းလိုက်လေသည် ။ ထို့နောက် အပြုံးလေးဖြင့် ပြောလိုက်သည်။
" ကိုယ်က မင်းနဲ့ရှိတဲ့ အချိန်တိုင်း ဘယ်အချိန်မပျော်တာရှိလို့လဲ"
____
Translated By IQ-Team.
[ Semeမာယာသဲကိုးဖြာနဲ့ချုပ်ကွက်တွေ🙂 ]