Chapter 54
-----------------------
ကျင်းစစ်က အဆောင်သို့ ပြန်ရောက်သော အခါ 10:40 အတိရှိနေပြီဖြစ်၍ အဆောင်မီးများပင် ပိတ်ထားပြီး ဖြစ်သည်။
လီကျိုးက အိပ်ယာပေါ်တွင် ခြေထောက်ထောင်ကာ လှဲနေပြီး ဂိမ်းဆော့နေသည်။ လှုပ်ရှားသံကြားသောအခါ ခေါင်းကို နှောက်လှည့်ပြီး ကြည့်လိုက်သည်။
" ကိုယ်ပိုင် စာကြည့်ချိန်ပြီးလို့ ပြန်လာတာလား"
ကျင်းစစ်က မရေမရာစွာ ပြန်ပြောလိုက်သည်။
"အင်း"
" မင်းတို့တွေက တကယ်လူတွေမဟုတ်ဘူးပဲ"
လီကျိုးက ဂိမ်းကို အဆုံးသတ်ကာ ဖုန်းကို ချလိုက်ပြီး ပြောလိုက်သည်။
" ဒါကပဲ ငါအတန်းထဲမှာ နေနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလေ"
သူ့ခေါင်းကို ပုတ်လိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။
" ဒါနဲ့ ဝူဝေ့ချန် မင်းကိုလာရှာတယ် ကြည့်ရတာမေးစရာရှိလို့နဲ့ တူတယ်"
" ဟမ်"
ကျင်းစစ်က သူ၏ အပေါ်အင်္ကျီ ချွတ်နေသော လှုပ်ရှားမှုများ ရပ်တန့်သွားပြီး အင်္ကျီဇစ်ကိုပြန်ဆွဲတင်လိုက်လေသည်။
" ဒါဆို ငါသွားကြည့်လိုက်ဦးမယ်"
" ဟေး"
လီကျိုးက ဝူဝေ့ချန်ကို ကျင်းစစ် ပြန်ရောက်လာပြီလို့ wechat က မက်ဆေ့ချ် ပိုပြီးပြီဟု ပြောကာ တားချင်သည် ။ သို့ပေမဲ့ ကျင်းစစ် မြန်မြန် ထွက်သွားသောကြောင့် သူပြောသည် များကို လုံးဝမကြားပေ။
" သူဒီနေ့ စိတ်လှုပ်ရှားနေတယ်လို့ ငါဘာလို့ထင်နေတာလဲ..."
လီကျိုးက သူ့ခေါင်းကို ကုတ်လိုက်ပြီး အံ့သြစွာ ရေရွတ်လိုက်သည် ။
ဆယ်မိနစ်ကြာသောအခါ ကျင်းစစ်ပြန်ရောက်လာလေသည် ။ သူ ရေချိုးပြီးတဲ့နောက် အိပ်ယာစွန်းမှာ ထိုင်လိုက်ပြီး ခေါင်းသုတ်နေ၏။
လီကျိုးသည် ကုတင်လက်ရန်းပေါ်တွင် ခေါင်းဆန့်လိုက်ကာ မေးလိုက်သည်ဟ
" ဒီနေ့ 12 နာရီထိုးတဲ့အထိစောင့်မလို့လား"
ကျင်းစစ်က သူကို့ ခေါင်းစောင်းကြည့်လိုက်ပြီး မေးလိုက်သည်။
" ဘာအတွက်လဲ"
" ပန်းသီးစားဖို့လေ"
လီကျိုးက စားပွဲပေါ်ရှိပန်းသီးကို လက်ညှိုးထိုးပြလိုက်ပြီး ရယ်ကာ ပြောလိုက်သည်။
" မင်း စားဖို့ 12 နာရီအထိ စောင့်ရမယ်လေ"
" တကယ်လား"
ကျင်းစစ်က ထိုကဲ့သို့ စကားမျိုး ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ သူက သဘက်ကို ချထားလိုက်ကာ သူ့ကျောင်းလွယ်အိတ်ထဲက အနီရောင် ထုတ်ပိုးထားတဲ့ အသီးလေးကို ကြည့်လိုက်ပြီး သူ့လက်ဖဝါးထဲထည့်ကာ သေချာကြည့်လိုက်သည်။
အခြားထုပ်ပိုးမှု တွေနှင့်မတူသည့် ပုံပေါ်သည် ။
အနီရောင်လေးက ချစ်ဖို့ကောင်းလိုက်တာ အာ... ဘေးမှာ တောက်ပနေတဲ့ ကြယ်ပွင့်သေးသေးဘေးတွေလည်းပါတာပဲ
" ဘာတွေကို တိတ်တိတ်လေးပြုံးနေတာလဲ"
လီကျိုးက အရှေ့ကို မှီချလာပြီး သူ့မျက်နှာကိုကြည့်ကာ သူ့လက်ထဲက ပန်းသီးကို ကြည့်လိုက်သည် ။ သူ ထုတ်ပိုးထားတဲ့ ဘူးလေးကို ဟိုရွေ့ဒီရွေ့ လုပ်လိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။
" အဲဒါက သာမာန်ပန်းသီးလေးပဲ မလား ဘာအရေးကြီးလို့လဲ"
ကျင်းစစ်က မသိစိတ်အရ သူ့မျက်နှာကို ကိုင်လိုက်ပြီး မေးလိုက်သည်။
" ငါပြုံးနေလို့လား"
လီကျိုးက မျက်လုံးကို လှိမ့်လိုက်ပြီး အိပ်ယာဘေးက မှန်ကို ယူလိုက်ကာ သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
" မင်းဘာသာမင်း ကြည့်လိုက်"
သူက ကျင်းစစ် မျက်နှာကို သေချာဂရုတစိုက်ကြည့်လိုက်ကာ " မင်းဒီနေ့ ဘယ်လိုဖြစ်လို့ စိတ်ကောင်းဝင်နေတာလဲ"
ကောလိပ်ဝင်ခွင့်စာမေးပွဲ အတွက် သင်္ချာ ရမှတ်ကို ပယ်ဖျက်လိုက်ခြင်းသည် ကျောင်းသားများကို ကန့်ကွက်မှုဖြစ်စေသည် ။ တန်းခွဲ 7 မှကျောင်းသားများမသိဘဲ မနေချေ။ သူတို့သည် ကျင်းစစ် စိတ်အနှောက်အယှက်ဖြစ်မည် စိုးသောကြောင့် ထိုအကြောင်း မပြောရန် သဘောတူထားကြခြင်းဖြစ်၏။
လီကျိုးသည် ကျင်းစစ်၏ အခန်းဖော်လည်းဟုတ်သည် အတန်းဖော်ဆိုလည်းဟုတ်သည်။ သူသည် အခြားသူများထက် ကျင်းစစ်နှင့်ပို၍ အတူရှိနေချိန်များသည် ။ ထို့ကြောင့် သူက ပို၍ အာရုံစိုက်လေသည်။
မမျှော်လင့်စွာ ကျင်းစစ်က ဂရုမစိုက်ရုံသာမက သူဘာကြောင့်ပျော်နေမှန်းပင် မသိချေ။
ကျင်းစစ်က အရှေ့သို့ ဗလာဖြစ်စွာ ငေးကြည့်နေသည်။
မှန်ထဲတွင် သူ့နှုတ်ခမ်းထောင့်များသည် အနည်းငယ်မြင့်တက်နေပြီး သူ့မျက်လုံးများသည် အပျော်များဖြင့်ပြည့်လျှံနေလေသည်။ သူစိတ်အခြေအနေ ကောင်းနေသည်ကို သူသိလိုက်ရသည်။
လီကျိုးက မှန်ကို ချလိုက်ပြီး " တွေ့လား မင်းမှာ ပြောပြဖို့ ကောင်းတာတစ်ခုခုဖြစ်လာတယ်မလား "
ကျင်းစစ်က ခေါင်းငုံ့လိုက်ပြီး ပန်းသီးကို အထုတ်အပိုးထဲမှ သေချာထုတ်ကာ ပြောလိုက်သည်။
" ဒီနေ့က နှစ်သစ်ကူး အားလပ်ရက်လေ"
" ဒါပဲလား " လီကျိုးက သက်ပြင်းချလိုက်ပြီး " မင်းမှာ သုံးရက်တောင် မရှိလို့လား နောက်ပြီး နောက်ဆုံးစာမေးပွဲက နားရက်ပြီးသိပ်မကြာခင် ဖြေရမှာ အာ...နေပါဦး မင်းကစာမေးပွဲတွေကို မကြောက်ဘူးဘဲ"
ကျင်းစစ်က ပြုံးလိုက်ပြီး စကားမပြောဘဲ ပန်းသီးကိုကိုင်ကာ ထရပ်လိုက်သည်။
" ငါ့ပန်းသီးကိုသွားဆေးလိုက်ဦးမယ် မင်းဟာကိုရောဆေးပေးရဦးမလား"
"နိုး တူတူသွားမယ် "
လီကျိုက ပန်းသီးတစ်လုံးကို ယူလိုက်ပြီး အထုတ်ကို ဖြဲလိုက်ကာ အမှိုက်ပုံးထဲပစ်ထည့်၍ ကျင်းစစ်နှင့်အတူထွက်သွားလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ငါက 12 နာရီ ကွက်တိထိုးတဲ့အထိ စောင့်ရမှာ"
ကျင်းစစ် စကားပြောမှာကို မစောင့်ဘဲ သူက ပြုံးကာပြောလိုက်သည်။
" မင်းကတော့ စောင့်မှာ မဟုတ်တာသေချာတယ် မင်းက 11 နာရီဆို အိပ်ယာဝင်မှာမလား ငါကတခြားသူတွေထက် ပိုသိတာပေါ့"
လီကျိုးဆီက ည 12 ထိုးတဲ့အထိမစောင့်ဘူးလို့ အသတ်မှတ်ခံထားရတဲ့ ကျင်းစစ်က သူ့ဖုန်းထဲတွင် နိုးစက် ပေးထားလိုက်လေသည်။ အမှောင်ထဲတွင် သူ့ခေါင်းအုံးအောက်က ပန်းသီးကိုယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်၏။
အမှောင်ထဲတွင် နိုးစက်သံမြည်သောအခါ လီကျိုးသည် ထိတ်လန့်သွားပြီး ဓါတ်ပုံရိုက်ရန် သူ့ဖုန်းကို ထုတ်လိုက်လေသည်။
ကျင်းစစ်၏ အိပ်ချင်နေသောမျက်လုံးများသည် မှေးကျဥ်းနေပြီး ပန်းသီးကို ဇွဲမေလျာ့တမ်းဆက်ဝါးနေသည်ကို တွေ့သောအခါ လီကျိုးက ရယ်လိုက်ပြီး " မင်းဘာလုပ်နေတာလဲ"
" 0:00 နာရီမှာ စားတဲ့ပန်းသီးက သက်ရောက်မှုရှိတယ်လို့မင်းမပြောဘူးလား"
ကျင်းစစ်က ပါးစပ်ထဲရှိ ပန်းသီးကို မျိုချလိုက်ပြီး အရင်ထက်နူးညံ့နေသော အသံဖြင့် ပြောလိုက်လေသည်။
" ငါကြိုးစားကြည့်မယ်လေ"
လီကျိုးက ပန်းသီးကို တစ်ကိုက် ကိုက်လိုက်ပြီး စပ်စုစွာမေးလိုက်သည်။
" ဘယ်လို ဆုတောင်းမျိုးမလို့ မင်းအရမ်း ဂရုစိုက်နေတာလဲ မင်း ချင်းဟွာတက္ကသိုလ် ဒါမှမဟုတ် ပေကျင်းတက္ကသိုလ် မှာတက်ချင်လို့လား"
ကျင်းစစ်က ဝါးနေတာ ရပ်သွားပြီး စကားမပြောတော့ပေ။
ကျင်းစစ် လက်ထဲမှ ဖုန်းသည် တုန်သွားသည်။ ကျင်းစစ်သည် သူ့မျက်လုံးကို ပွတ်လိုက်ပြီး ဖုန်း၏အလင်းကို လိုက်လျောညီထွေ ဖြစ်သည်အထိစောင့်လိုက်ပြီးနောက် ဖုန်းကို ကိုင်လိုက်လေသည်။ ယင်းကျောင်းဆီမှ မက်ဆေ့ချ် ဝင်လာခြင်းဖြစ်သည်__
[ကျောင်း] : ပျော်စရာ ခရစ်စမတ်ပါ
ကျင်းစစ် ပန်းသီးကို သူ့ဘယ်ဘက်လက်သို့ ပြောင်းကိုင်လိုက်ပြီး သူ့ညာဘက်လက်ချောင်းထိပ်များကမူ ပျော်ရွှင်စွာ လှုပ်ရှားနေလေသည်__
[ကျင်း] : ပျော်စရာခရစ်စမတ်ပါ
ခရစ်စမတ်ပြီး ရက်အနည်းငယ်အကြာတွင် နှစ်သစ်ကူးဖြစ်သည်။
ပြည်နယ်စုကျောင်းတွင် ပထမနှစ်နှင့် ဒုတိယနှစ်များအတွက် သုံးရက် ပိတ်ပေးပြီး တတိယနှစ်များအတွက်မူ နှစ်ရက်လျော့ကာ ပထမတစ်ရက်သာ ပိတ်ပေးသည်။
ယင်းကျောင်းသည် ကျင်းစစ်ကို လကုန်တွင် မပြန်ရန် လှည့်စားခေါ်ထားနိုင်သော်လည်း နှစ်သစ်ကူးတွင်တော့ မဖြစ်နိုင်တော့ချေ။
အတန်းသည် ဆူညံနေပြီး သူ့တို့နှစ်ယောက်ကြားကစကားဝိုင်းကို မည်သူမျှမကြားနိုင်သောအခါ ယင်းကျောင်းသည် မလွယ်ကူသလို ခံစားလိုက်ရပြီး ကျင်းစစ်ကိုမေးလိုက်၏။
" မင်းကျောင်းကို ဘယ်အချိန်ပြန်လာမှာလဲ"
ကျင်းစစ်သည် မူလက 30 ရက်နေ့ နှင့် 31 ရက်နေ့များတွင်ကျောင်း၌ အခြားကျောင်းသားများနှင့် အတူနေချင်ပြီး 1 ရက်နေ့ သို့ပြန်ရောက်ရန်သည်အထိ စောင့်ချင်ခဲ့သည် ။
သို့ရာတွင် ကျင်းဖူသည် သူ့ကို ညကဖုန်းခေါ်ခဲ့ပြီး ကျောင်းပိတ်ရက် ရရခြင်းပြန်လာသင့်သည်ဟု အလေးအနက်ပြောခဲ့သည် ။ နှစ်သစ်ကူးနေ့တွင် အမျိုးများအိမ်တွင် ဆုံကြမည်ဖြစ်ပြီး ကျင်းစစ် ရှိနေသင့်သည်ဟုပြောလာသည်။
ကျင်းစစ်က အချိန်ကို တွက်ပြီး ပြန်ပြောလိုက်သည်။
" 1 ရက်နေ့ နေ့လည်မှပြန်လာမှာ"
ယင်းကျောင်းက အနည်းငယ် မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုက်သည်။
" ကျောင်းမှာ ကျန်တဲ့ နှစ်ရက်မနေတော့ဘူးလား"
" ငါအဲ့အချိန် အိမ်ပြန်ရမှာ"
" တကယ်လို့..."
ယင်းကျောင်းက သူ့စကားလုံးတွေကို ချင့်ချိန်လိုက်ပြီး စကားလုံးလှလှလေးတွေ သုံးရန် အကောင်းဆုံးကြိုးစားလိုက်သည်။
" မင်းတစ်ခုခုလိုရင် ဖုန်းဆက်လိုက်နော် ဟုတ်ပြီလား"
သူက ကျင်းစစ်ကို အပြုံးလေးဖြင့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
" မင်းတခြားသူတွေကို အနှောက်အယှက်မပေးချင်တာ ကိုယ်သိတယ် ဒါပေမဲ့ ကိုယ်က တစ်စုံတစ်ယောက်လား ကိုယ်တို့ဖက်လည်းဖက်ခဲ့ပြီး နမ်းလည်းနမ်းခဲ့ပြီးပြီ လူအိုကြီးလျို ကတောင် ကိုယ်တို့ကိုဆက်ဆံရေးကို အတည်ပြုပြီးပြီလေ မင်းကိုယ့်ကို အပြင်လူလို့ မြင်နေတုန်းလား အဲ့ဒါက နည်းနည်းတော့ ကျိုးကြောင်းမဆီလျော်ဘူးလေ"
ကျင်းစစ် ပါးများပူလာပြီး သူ့ငြင်းချင်ပေမဲ့ သူမပြောနိုင်မှာကို စိုးရိမ်နေလေသည်။ ထိုအစား သူလျစ်လျူရှုလိုက်ပြီး လက်လွတ်စပယ် ခေါင်းငြိမ့်ပြလိုက်သည်။
" အင်း"
" မင်းရဲ့ဖုန်းကို မင်းအနားမှာပဲ တချိန်လုံးထားနော်"
ယင်းကျောင်းက ထပ်ပြောလိုက်သည်။
" မင်းကိုယ့် မက်ဆေ့ချ်တွေကို မြင်မြင်ချင်း ပြန်ပို့ရမယ်နော်"
ကျင်းစစ်က သူ့နှုတ်ခမ်းကို ကွေးကာပြုံးလိုက်ပြီး "အိုကေ"
29 ရက်နေ့ညနေပိုင်းတွင် ကျောင်းဆင်းသောအခါ ကျင်းစစ် အိမ်သို့ပြန်ရန် ဘတ်စ်ကား ငှားလိုက်ပြီး ဒုတိယအကြိမ် အဖြစ် ကျင်းဖူ အိမ်တံခါးကို ခေါက်လိုက်လေသည်။
ဤတစ်ကြိမ်တွင် တံခါးလာဖွင့်သူသည် ကျင်းမြောင်ဖြစ်ပြီး ကျင်းစစ်ကို မြင်သောအခါ သုန်မှုန်နေသော မျက်နှာထားနှင့် ညည်းညူလေသည်။
" ကျောင်းဆင်းကတည်းက စောစောပြန်မလာဘူး တစ်မိသားစုလုံးက မင်းကိုစောင့်နေတာ မင်းက တော်တော်ကောင်းတာပဲ"
ကျင်းစစ်က သူ့ကိုလေလိုသာ သဘောထားလိုက်ပြီး သူ့ဖိနပ်ကိုလဲကာ ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်၏။
အဖေကျင်းက ချောင်းဟန့်လိုက်ကာ ငွေရေးကြေးရေးဆိုင်ရာ သတင်းစာကို အောက်ချလိုက်ပြီး ကျင်းစစ်ကို ပြုံးပြရန် အကြိမ်ကြိမ် ကြိုးစားလိုက်သောအခါ မသက်မသာ ခံစားရသဖြင့် ယခင်ပုံစံအတိုင်းသာ နေလိုက်ပြီး ပြောလိုက်သည်။
" စားလေ"
ကျောင်းကျင်းဖုန် သည် မျက်လုံးမရှိ နှာခေါင်းမရှိသလို (မမြင်သလိုမကြားသလ်ု)ပြုမူလိုက်ပြီး စားပွဲပေါ်သို့ ဟင်းခွက်များကို လေးလံစွာ တင်လိုက်လေသည် ။
( Eng T/n : မျက်လုံးမရှိ နှာခေါင်းမရှိဆိုတာ ဘာကို ဆိုလိုလည်း ငါနားမလည်ဘူး)
အဖေကျင်းက သူမကိုကြည့်လိုက်ပြီး သူ့နှုတ်ခမ်းလှုပ်ရှားသွားပေမဲ့ ဘာမျှမပြောခဲ့ပေ။
ညစာအတွက် အဖေကျင်းသည် အထူးပြင်ဆင်ထားကာ အကောင်းဆုံးလုပ်ထားခဲ့သည်။ ငါး အသားနှင့် ဟင်းသီးဟင်းရွက်တို့သည် ကျင်းစစ် စားဖူးသမျှတွင် အကောင်းဆုံးဖြစ်၏။
စားပွဲတစ်ခုထဲတွင် ထိုင်နေသူများသည် တိတ်ဆိတ်နေကာ တူနှင့် ပန်းကန် အသံများသာကြားရသည် ။ အခြေအနေသည် တောင့်တင်းနေပြီး အစားအသောက်များက မည်မျှ ကောင်းပါစေအရသာမခံနိုင်ကြပေ။
သူတို့အစာအိမ်များကို ဖြည့်ပြီးသောအခါ ကျင်းစစ်သည် သူ့အခန်းသို့ပြန်မည် လုပ်ချိန်တွင် အဖေကျင်းတားဆီးခြင်းကို ခံလိုက်ရသည်။
အဖေကျင်းသည် ဆိုဖာတွင် ထိုင်နေပြီး အစာကျေစေသော လက်ဖက်ရည်ကို သောက်နေကာ ကျင်းစစ်ကို မေးလိုက်သည်။
" မင်းရဲ့ပြိုင်ပွဲ အခြေအနေက ဘယ်လိုလဲ"
ကျင်းစစ်က ပေါ့ပါးစွာပြောလိုက်သည်။
" ရလဒ်မထွက်သေးဘူး"
" မင်းစာမေးပွဲမှာ ဘယ်လောက်ရနိုင်မလဲ ဆိုတာကို ရလဒ်မထွက်ခင် မခန့်မှန်းနိုင်ဘူးလား မင်းစာမေးပွဲမှာ ဘယ်လောက်ဖြေနိုင်ခဲ့လဲတောင်မသိဘူးလား"
အဖေကျင်းက မျက်မှောင်ကြုံ့လိုက်ပြီး " ငါ့ကို အရူးလုပ်ဖို့ မစဥ်းစားနဲ့ စာမေးပွဲမဖြေနိုင်ဘဲကျတာမလား ကောလိပ်ဝင်ဖို့အတွက် အာမခံဘောနပ်စ်ရမှတ်တွေရော"
ကျင်းစစ်က သူ့ကို သရော်သလို ကြည့်လိုက်ပြီး သူ့နှလုံးသားသည် တိတ်ဆိတ်နေလေသည်။
" ပညာရေးဝန်ကြီးဌာနက နောက်နှစ်က စပြီး သင်္ချာအိုလံပစ် ရမှတ်တွေကို ကောလိပ်ဝင်ခွင့်မှာ မပေါင်းတော့ဘူးလို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြေငြာလိုက်တယ်"
" ဘာ"
အဖေကျင်းသည် သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် အနိုင်ရရှိထားသော တတိယနှစ်ကျောင်းသားလို ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်သည်။
"အဲ့ဒါကို မထည့်ရင် သူတို့ဘာကို ထည့်မှာလည်း အပိုရမှတ်တွေကိုရော"
ကျင်းစစ်က သူနှင့် ဆက်၍ စကားမပြောချင်တော့ သောကြောင့် ပြောလိုက်သည်။
" ကျွန်တော် အပိုရမှတ်တွေမလိုဘူး" သူကခြေလှမ်းလိုက်ပြီး ထွက်သွားလေသည် ။
အဖေကျင်းသည် သည်းခံပြီးရင်း သည်းခံနေပေမဲ့ သူ့နှလုံးသားထဲက မီးတောက်ကို ဆက်မဖုံးနိင်တော့ဘဲ ဒေါသထွက်စွာပြောလိုက်သည်။
" မင်းရဲ့ မျိုးရိုးနာမည်ကို မင်းမသိဘူးမလား မင်းအပိုမှတ်တွေမလိုဘူး အဲ့အပိုမှတ်တွေကို မလိုအပ်ရင် မင်းပထမနေရာကို အဲ့ရမှတ်တွေမပါဘဲ ရနိုင်မယ်လို့ အာမခံနိုင်လား"
သူကကျင်းစစ်ကိုကြည့်လိုက်ပြီး ဆူပူလိုက်လေသည်။
" မင်းဘယ်ကို သွားနေတာလဲ မြောင်မြောင့်မှာပြီးရင် မင်းကိုမေးဖို့စာတွေရှိသေးတယ်"
သူ့ရှေ့မှလူသည် မူလကိုယ်ရဲ့ အဖေဖြစ်နေတဲ့အတွက် သည်းခံနိုင်သေးသည် ။ သို့ရာတွင် ကျင်းမြောင် ကိုစာသင်ပေးရန်တော့ ဘယ်တော့မှ လက်ခံမည်မဟုတ်ချေ။
" သူ့မှာမေးစရာရှိရင် သူ့ကျောင်းကိုသွားခိုင်းပြီး ဆရာကိုမေးလိုက်လေ"
ကျင်းစစ်က ခေါင်းကို လှည့်လိုက်ပြီး အဖေကျင်းကို ဗလာဖြစ်စွာ ပြောလိုက်သည်။
" အဲ့ဒါမှ အဆင်မပြေရင် ကျူတာရှာပေးလိုက်"
"မင်း..."
အဖေကျင်းက သူ့ကို လက်ညိုးထိုးပြီး တစ်ခုခု ပြောတော့မည့်အချိန်တွင် ကျင်းစစ်က ဖြတ်ပြောလိုက်သည်။
" ကျွန်တော် ဘယ်လိုလေ့လာခဲ့လဲဆိုတာတွေ သူ့ကို သင်ပေးစေချင်နေတာလား"
ကျင်းစစ်သည် သူ၏ နှုတ်ခမ်းများကို အေးစက်စွာ ပြုံးလိုက်ပြီး အဖေကျင်းဘေးနားတွင် ဝင့်ကြွားပြနေသော ကျောင်းကျင်းဖုန်ကို ကြည့်လိုက်ပြီး " ကျွန်တော် ကျူတာလုပ်ပြီးသင်ပေးလိုက်လို့ သူအထက်တန်းဝင်စာမေးပွဲ မအောင်မှာကို မကြောက်ဘူးလား"
ကျောင်းကျင်းဖုန်ရဲ့ချက်ချင်းသတိနှင့်ကြည့်နေသော အကြည့်များကို မြင်သောအခါ အဖေကျင်းသည် ထိုကိစ္စကို သူ့ကိုထပ်ပြောတော့မည် မဟုတ်သည်ကို ကျင်းစစ်သိလိုက်၏။
အသေအချာပင် ကျင်းစစ် အခန်းတံခါးကို ပိတ်လိုက်သောအခါ အဖေကျင်းသည် စကားအနည်းငယ် ထပ်ပြောချင်သေးပေမဲ့ ကျောင်းကျင်းဖုန်က သူ့ကို ဖျောင်းဖျလိုက်လေသည်။
ကျင်းစစ်က အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
ရုတ်တရက်ပင် ကျင်းစစ်သည် မူလခန္တာကိုယ်၏ အနည်းငယ် ဝမ်းနည်းမှုကို ခံစားလိုက်ရလေ၏။ ယခုလိုမိသားစုမျိုးနှင့် သူ၏ ပုန်ကန်သောင်းကျန်းမှုသည် ခွင့်လွှတ်ဖွယ် ရှိပေသည်။
ကျင်းစစ်က အနာဂတ်တွင် ဘယ်လိုအားလပ်ရက်ပဲရှိရှိ ကျောင်းတွင်သာ နေရန် ဆုံးဖြတ်လိုက်သည်။ အဖေကျင်းက ချိုမြိန်တဲ့စကားတွေနှင့် ပြန်ဖို့ခေါ်လျှင်တောင် ပြန်လာပြီးဒုက္ခမခံတော့ပေ။
ထို့ကြောင့် သူ၏ အဝတ်အစားများကို အဖေကျင်းအိမ်တွင် ထားခဲ့ရန် အဆင်မပြေပေ။ သူအဝတ်များကို လိုချင်လျှင် ပြန်ယူစရာမလိုရန် နှင့် ဤအိမ်သို့ပြန်လာရခြင်းမှကာကွယ်ရန် ထိုအဝတ်အားလုံးကို အဆောင်သို့ ယူသွားခြင်းသည် ပိုကောင်းပေလိမ့်မည်။