Chapter 56
12 နာရီဝန်းကျင်တွင် စားပွဲပေါ်ရှိအစားအသောက်များသည် အဆင်သင့် ဖြစ်နေလေပြီ။ အမျိုးသားများသည် ခွက်များကို ဖလှယ်နေကြကာ အမျိုးသမီးများသည် တိတ်တဆိတ် သူတို့၏ ယောင်္ကျားများနှင့် ကလေးများကို ကြွားနေကြသည်။
ကျောင်းညီအစ်မများ၏ ကလေးများသည် အလွန်ပြိုင်ဆိုင်ကြလေသည်။ အစ်မကျောင်း၏ ကလေးသည် ယခုနှစ် ဒေသတွင်း 211 စာမေးပွဲကို အောင်မြင်ခဲ့လေသည် ။ ကျောင်းကျင်းဖုန် အစ်မနှစ်ယောက်၏ သားများသည် သက်တူရွယ်တူဖြစ်လေသည်။ သူတို့သည် မြို့ထဲရှိ နာမည်ကြီးအထက်တန်းကျောင်းနှစ်ကျောင်းမှ အထက်တန်း ပထမနှစ် ကျောင်းသားများဖြစ်ကြပြီး သူတို့၏ အဆင့်များသည် မဆိုးပေ။
အစ်မကျောင်းသည် စက္ကူပဝါကိုယူလိုက်ကာ ပါးစပ်သုတ်၍ ပြုံးပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
" ငါကြုံဖူးတဲ့ အတွေ့အကြုံတွေအရပြောပြတာ ကလေးတွေ ကောလိပ်တက်ရင် သာမာန်ကောလိပ်ကိုပဲရွေး မဟုတ်ရင် သူတို့ အနာဂါတ်မှာ အလုပ်ရှာဖို့ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲ ကိုဝင်ဖြေရင် နင်တို့အများကြီးဆုံးရှုံးရလိမ့်မယ်"
သူမသည် ကျင်းစစ်နှင့် ကျင်းမြောင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
" မြောင်မြောင်ရဲ့ အဆင့်တွေကကောင်းတယ် မင်းရဲ့အကိုခြေရာနောက်ကို မင်းလိုက်နိုင်မယ်လို့ မျှော်လင့်တယ်... ကျင်းစစ်..."
(Eng T/n သူမက ကျင်းမြောင်ရဲ့ ဝမ်းကွဲ အကြောင်းပြောနေတာ ကျင်းစစ်ကို မဟုတ်ဘူး)
(T/n : အပေါ်ကစာက ကျင်းစစ်ကိုပြောတာ မဟုတ်ဘူး ဒါပေမဲ့နောက်ဆုံးက တော့ ကျင်းစစ်နာမည်ကိုခေါ်လိုက်တာ)
သူမ အသက်မဲ့စွာပြုံးလိုက်ပြီး " အန်တီက မင်းကို အဆင့်တွေအကြောင်း အများကြီးတော့မပြောချင်ပါဘူး ဒါပေမဲ့ မင်းမိဘတွေကိုတော့ သိပ်ပြီးတော့ ဒုက္ခမပေးနဲ့ "
ကျောင်းကျင်းဖုန်က ရုတ်တရက် ဆို့နင့်သွားကာ အစ်မကျောင်းကို မျက်လုံးတစ်ဖက် အမြန် မှိတ်ပြလိုက်လေသည်။
သူမကသာ ကျင်းစစ်ရဲ့ ပြောင်းလဲမှု နှင့် တိုးတက်လာသော အဆင့်များကို သိသောကြောင့် ကျောင်းကျင်းဖုန် စိတ်ထိခိုက်သလို ခံစားလိုက်ရပြီး ထိုအချိန်တွင် အလွန်ထိတ်လန့်သွားလေသည်။
ဒုတိယတန်းစား သားရဲကောင်လေးက သူ့စိတ်ကို ပြင်ပြီး ကြိုးစားပြီးတဲ့နောက် အဆင့်တွေ အရမ်းကောင်းလာမယ်လို့ ဘယ်သူကထင်မှာလဲ...
မူလအားဖြင့် ထို မိသားစုထဲမှ ကလေးနှစ်ယောက်သည် ကျင်းစစ်၏မွေးဖွားမှုကအစ နေရာတိုင်းတွင် ကျင်းစစ်ကို နင်းချေထားခဲ့လေသည်။ သို့ပေမဲ့ ယခုတော့ ကျင်းမြောင် ပင်မဆိုနှင့် ။ သူမ၏ အကြီးဆုံးတူ 211 ကျောင်းသို့ဝင်နိုင်သူပင် ကျင်းစစ်၏နောက်တွင် ကျန်ခဲ့ရလေသည်။
နောက်ဆုံးတွင် ထိုကိစ္စသည် ကောင်းတဲ့ကိစ္စမဟုတ်သည့်အတွက် ကျောင်းကျင်းဖုန်က သူ့အစ်မများကို မပြောခဲ့ပေ။ သို့ရာတွင် ယခု ထိုကိစ္စသို့စကား ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အစ်မကျောင်းသည် သူမဘာကိုဆိုလိုသည်ကို မသိသဖြင့် ဆက်ပြောလေသည်။
" တွေ့လား မင်းကစကားနည်းလွန်းတယ် မင်းအထက်တန်းကျောင်းက ဘွဲ့ရရင် ဘယ်လိုလုပ် အလုပ်ရှာပါ့မလဲ မင်း အစောင့်လုပ်မယ်ဆိုရင်တော့ ပေါင်းသင်းဆက်ဆံရေးမလိုပါဘူး"
ကျင်းစစ်က မျက်လုံးများကို ပင့်ကာ သူမကိုကြည့်လိုက်ပြီး သူမကြိုက်သော နောက်ဆုံးကျန်သည့် ဘဲအတောင်ပံနှပ်ကို ယူလိုက်လေသည်။
တူကိုဆန့်ထုတ်ကာ ယူရန်လုပ်လိုက်သော အစ်မကျောင်း : "..."
ဒုတိယအစ်မကျောင်း သည်လည်းပြောလိုက်၏။
" မင်းအဒေါ်မှန်တယ် မင်းအကိုဆိုလည်းကြည့်ပါ့လား နောက်ဆုံးစာမေးပွဲမှာတုန်းက ထိပ်ဆုံး 50 ထဲမှာပါတယ်လေ အဲ့တာပြီးရင် 985 တက္ကသိုလ်တက်နိုင်ဖို့ လုံးဝမဝေးတော့ဘူးလေ မင်းစာမလေ့လာနိုင်လည်း တခြားတစ်နေရာရာကို သွားနိုင်..."
" ဒုတိယ အစ်မ ! " ကျောင်းကျင်းဖုန် မျက်နှာသည် နီရဲနေပြီး သူမဆက်နားမထောင်နိုင်တော့ပေ။
" စကားမပြောနဲ့တော့"
" ဘာဖြစ်တာလဲ ကျင်းဖုန်"
အစ်မကျောင်း တစ်ခါသုံးလက်အိတ်ကို ဖြေးဖြေးချင်းစွတ်လိုက်ပြီး အရိုးအကြီးတစ်ခုကို ယူလိုက်ကာ အဖေကျင်း၏ သဘာဝမကျသော မျက်နှာကို ကြည့်လိုက်ကာ ပြောလိုက်သည်။
" မင်းကတော့ အများကြီးတွေးနေတာပဲ ဒီကိစ္စစိတ်ပူရ ဟိုကိစ္စစိတ်ပူရနဲ့ ဒါပေမဲ့ တချို့စကားတွေက တိုက်ရိုက်မပြောရင် ဒီကလေးနားလည်မှာ မဟုတ်ဘူး ကျင်းစစ်လိုမျိုး သူ့အထက်တန်းကျောင်းကနေဘွဲ့ရပြီးရင် အလုပ်မရှာနိုင်တဲ့ အခြေအနေမျိုးဆိုရင် ..."
ကျောင်းကျင်းဖုန်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး စကားကို ဖြတ်ပြောလိုက်လေသည်။
" ဒုတိယအစ််မ ကျင်းစစ်က အဆင့်ကောင်းပါတယ်"
ထိုစကားပြောပြီးနောက် စားပွဲ တစ်ခုလုံးမှ သနားဂရုဏာသက်နေသော မျက်လုံးများသည် သူမဆီသို့အကြည့်ရောက်လာကြလေ၏။
သေချာတာပေါ့ မိထွေးဖြစ်ရတာပင်ပန်းတယ်လေ ကျောင်းကျင်းဖုန်ရဲ့ စိတ်နဲ့ဆိုရင် ကျင်းစစ်ရဲ့ ဆိုးဝါးတဲ့ အဆင့်တွေကို ကောင်းတယ်လို့ပြောရတာ ခက်ခဲမှာပဲလေ...
(Eng T/n : ကျောင်းကျင်းဖုန် အမျိုးတွေက သူမဖိအားပေးခံရပြီး လိမ်ပြောနေတယ်လို့ ထင်နေတာ)
အစ်မကျောင်းသည် တစ်ခုခုပြောချင်နေသေးပေမဲ့ အဖေကျင်းသည် တူကိုချလိုက်ပြီး ရှက်ရွံ့စွာပြောလိုက်လေသည်။
" အကြီးဆုံးအစ်မ ဒုတိယအစ်မ ကျင်းစစ်က တကယ်အဆင်ပြေနေပါတယ် "
အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မ တို့သည် မယုံပေ။
တတိယအစ်မကျောင်းသည် မထိန်းနိုင်ဘဲရယ်လိုက်မိပြီး သူမမျက်နှာကို တည်လိုက်ပြီးပြောလိုက်သည်။
" တကယ်လား ဒီတစ်ခေါက်စာမေးပွဲမှာ အဆင့်ဘယ်လောက်ရလို့လဲ"
အဲ့ကောင်လေးရဲ့ အကျင့်စရိုက်နဲ့ဆိုရင် ပြောင်းသွားတယ်ဆိုတာက နောက်ဆုံးအဆင့်ကနေ ဒုတိယနောက်ဆုံး အဆင့်ကိုပြောင်းသွားတာပဲ ဖြစ်နိုင်တယ်အဲ့တာကလည်း နောက်ဆုံးစာမေးပွဲမလို့ နေမှာပေါ့...
စားပွဲတွင် ထိုင်နေသူအားလုံး ကျင်းဖူကို ကြည့်လိုက်ကြလေသည်။
အဖေကျင်းက သူ့မျက်နှာကို ပွတ်လိုက်ကာ သဘာဝကျအောင်လုပ်လိုက်ရင်း ရှက်ရွံ့စွာ ပြောလိုက်သည်။
" ကျင်းစစ်က အရင်တစ်ခေါက်က ကျောင်းမှာ အဆင့်တစ်ရပြီး နိုင်ငံအဆင့်သင်္ချာပြိုင်ပွဲမှာလည်း ဝင်ပြိုင်ခဲ့တယ်"
သူ့အသံတိုးသွားသည်နှင့် အမျှ စားပွဲပေါ်တွင် ပင့်သက်ရှိုက်သံ တစ်ခုပြီး တစ်ခုပေါ်လာလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
" တကယ်လား အမှန်လား?"
"မဖြစ်နိုင်တာ ပြည်နယ်စုကျောင်းရဲ့ တစ်နှစ်လုံးအတွက် ပထမလား"
ကျင်းဖူက တောင့်တင်းစွာ ခေါင်းငြိမ့်လိုက်လေသည်။
ကျောင်းမိသားစု၏ ညီအစ်မ သုံးယောက်သည် ကြက်လည်လိမ်ထားသလို ဖြစ်နေပြီး စကားမပြောနိုင်ကြပေ။
မိသားစုထဲမှ ဒုတိယ မျိုးဆက်များသည် ပို၍ပင် ဆိုးဝါးနေကြလေသည် ။ သူတို့တစ်ယောက်ချင်းစီသည် ကျင်းစစ်ကို ငေးကြည့်ရင်း သူတို့မေးများသည် မြေပြင်သို့ထိအောင်ပြုတ်ကျသွားလေ၏။
နေ့လည်စာ၏ အချိန်တစ်ဝက်လောက်တွင် လေထုသည် ထူးဆန်းစွာ တိတ်ဆိတ်နေလေသည်။ နေ့လည်စာစားပြီးနောက်တွင် ကျောင်းညီအစ်မ သုံးဦးသည် အတိတ်တွင် လုပ်ခဲ့သလိုမျိုး လက်ဖက်ရည်သောက်ရင်း စကားစမည်ပြောခြင်းကို မလုပ်တော့ဘဲ အကြောင်းပြချက်များပေးကာ အလျင်အမြန် ပြန်သွားကြလေသည်။
အဖေကျင်း နှင့် ကျောင်းကျင်းဖုန်၏ မျက်နှာများသည် ပူလောင်နေပြီး ကျင်းမြောင်သည်ပင် စိတ်မသက်မသာ ခံစားနေရလေသည် ။ ထို့ကြောင့် သူအဖေကို ခွင့်တောင်းပြီး ထွက်လာလိုက်လေ၏။
ကျင်းစစ် တစ်ယောက်တည်းသာလျှင် ဘာမျှမဖြစ်သကဲ့သို့ သူ့အခန်းကို ပြန်သွားလေသည် ။ သူ၏ ပြီးစီးသွားသော အိမ်စာများကို ကျောင်းလွယ်အိတ်ထဲသို့ပြန်ထည့်လိုက်လေသည်။ အိတ်ဇစ်ကို ဖွင့်သောအခါ သူ့လက်များသည် အတွင်းထဲရှိ ဖုန်းကို အမှတ်တမဲ့ကိုင်လိုက်မိလေသည်။
ကျင်းစစ်က တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ့ဖုန်းကို ထုတ်လိုက်ကာ wechat ထဲဝင်လိုက်ပြီး အတွေးများနေလေသည်။
ယင်းကျောင်းအခုချိန် ဘာလုပ်နေလဲမသိဘူး သူ့အိမ်စာတွေကို ကောင်းကောင်းလုပ်ရဲ့လား...
သူတွေးနေချိန်တွင် သူ့ဖုန်းသည် ရုတ်တရက် တုန်ခါလာပြီး ကံကောင်းစွာဖြင့် ယင်းကျောင်းဆီမှ မက်ဆေ့ချ် ဖြစ်နေလေသည်။
[ကျောင်း] : တချို့မေးခွန်းတွေကို မရဘူး
ကျင်းစစ်က လျှင်မြန်စွာ ပြန်ပြောလိုက်လေသည်__
[ကျင်း] : ဘယ်မေးခွန်းလဲ ငါကြည့်လို့ရအောင် ဓါတ်ပုံရိုက်ပို့ပေး
[ကျောင်း] : ကိုယ်မင်းနဲ့ လူချင်းတွေ့မှ ပြောမယ်
ကျင်းစစ်က ခတ္တမျှ အံ့အားသင့်သွားပြီး ထိုအကြောင်းတွေးလိုက်ပြီး ပြန်ပြောလိုက်လေသည် __
[ကျင်း] : အဲ့ဒါဆိုလည်းအဲ့ အပုဒ်ကို မှတ်ထားလိုက်ဦး
" ငါမင်းကို ကျောင်းပြန်တက်ရင် ရှင်းပြမယ် "
ထိုစာကို ရိုက်နေတုန်းပင် ယင်းကျောင်းဆီမှ ရုတ်တရက် စာဝင်လာလေသည်။
[ကျောင်း] : အတန်းဖော်လေး အိမ်စာလုပ်ဖို့ ကိုယ့်အိမ်ကို လာမလား
ကျင်းစစ် လက်ချောင်းထိပ်များ ရပ်တန့်သွားပြီး သူရိုက်နေသည်များလည်း ရပ်တန့်သွား၏။
သူ ယင်းကျောင်းရဲ့ အိမ်ကို အိမ်စာလုပ်ဖို့သွားချင်လား...
အကြောင်းတချို့ကြောင့် ကျင်းစစ် အနည်းငယ် စိတ်လှုပ်ရှားသလို ခံစားလိုက်ရသည် ။
သူ့မက်ဆေ့ချ်သည် ပို့မည့်နေရာတွင်ရှိနေကာ သူ့လက်များသည် မက်ဆေ့ချ် ပို့ရန်ပေါ်တွင် ထားထားပြီး အချိန်အတော်ကြာ မလှုပ်ခဲ့ပေ။
[ကျောင်း] : လာမှာလား
ကျင်းစစ်သည် တုံ့ဆိုင်းနေချိန်တွင် အဖေကျင်းသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲလျှောက်လာကာပြောလိုက်၏။
" မင်း အိပ်ခန်းထဲဝင်ပြီး ဘာလုပ်နေတာလဲ အနားယူပြီးရင် အပြင်ထွက်လာပြီး မင်းအမေကို ခဏလောက် စကားပြောရမယ်ဆိုတာ နားမလည်ဘူးလား ဘာလို့အဲ့ဒီလောက်တောင် မသိတတ်ရတာလဲ"
ကျင်းစစ်က မျက်လုံးများကို မှိတ်လိုက်ကာ သူ့နှလုံးသားသည် လှုပ်ယမ်းသွားပြီး စာရိုက်လိုက်လေသည်__
[ကျင်း] : လာမယ်
[ကျောင်း] : အောက်ဆင်းလာခဲ့
[ကျောင်း] : အခုအောက်ဆင်းလာခဲ့လို့
ကျင်းစစ် နှလုံးခုန်နှုန်းသည် မြန်လာပြီး သူ့လက်ချောင်းများကွေးသွားကာ သူ့ဖုန်းသည် အိပ်ယာပေါ်သို့ အသံမြည်ပြီးကျသွားလေ၏။
အဖေကျင်းမြင်သောအခါ ချက်ချင်း စိတ်ဆိုးသွားပြီး " အိုကေ မင်းကဖုန်းကို လုပ်နေတုန်းပေါ့ !ငါ မင်းကို စကားပြောနေတာကြားလား"
ကျင်းစစ်က စာအုပ်များကို လွယ်အိတ်ထဲသို့ မြန်မြန် ထိုးထည့်လိုက်လေသည်။ သူကစာအုပ်များကို အစဥ်လိုက်မထည့်ခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်လေသည် ။ သူက ကျင်းဖူကိုပြောလိုက်သည်။
" ကျွန်တော့်သူငယ်ချင်းအိမ်ကို အိမ်စာလုပ်ဖို့သွားမလို့"
ထို့နောက် သူ့အခန်းထဲမှ အလျှင်အမြန် ထွက်လိုက်လေသည်။
အဖေကျင်းသည် အပြင်သို့ လိုက်ထွက်သွားပြီး ဟိန်းဟောက်လေသည်။
" မင်းရဲ့ မြေခွေးလိုသူငယ်ချင်းတွေနဲ့ ထပ်ဆက်သွယ်ပြန်ပြီလား မသွားနဲ့ အိမ်မှာပဲနေရမယ်"
ကျင်းစစ်က ထိုင်လိုက်ပြီး ဖိနပ်ဝတ်ကာပြောလိုက်သည်။
" ကျွန်တော့် အတန်းဖော်သူငယ်ချင်းတွေနဲ့ ချိန်းထားတယ်"
" ဘာအတွက်ချိန်းတာလဲ..."
အဖေကျင်းစကားမဆုံးသေးခင် ကျင်းစစ်က တံခါဖွင့်ပြီး ထွက်သွားလေသည်။ တံခါပိတ်သံကြားလိုက်ရပြီး အဖေကျင်းအသံတစ်ခုတည်းသာ အခန်းထဲတွင် ကျန်ခဲ့လေသည်။
ကျင်းစစ်က သူ့ကျောင်းလွယ်အိတ်ကို လက်ဖြင့် ကျောပေါ်တင်လိုက်ပြီး လှေကားပေါ်မှ ပြေးဆင်းသွားလိုက်သည်။ လှေကားအောက်ဆုံးရောက်ခါနီးလေ သူ့နှလုံးခုန်သံလည်းပိုမြန်လာလေသပင်။
အဆောက်အဦးကြီးရဲ့ တံခါးရှေ့မှာ ရပ်လိုက်ကာ ကျင်းစစ် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်လေသည်။
ယင်းကျောင်းသည် စက်ဘီးပေါ်တွင် ပျင်းရိစွာထိုင်နေခြင်းဖြစ်သည်။ အသံကြားသောအခါ သူ့ခေါင်းကို မော့ကြည့်ပြီး ကျင်းစစ်ကို မြင်သောအခါ ပြုံးပြလေသည်။
" မင်းလာတာမြန်သားပဲ"
သူ့အပြာရောင် အပေါ်ထပ် ဂျင်းအင်္ကျီလေးကို လေတိုက်သွားပြီး သူ့ရဲ့ကိုယ်ပေါ်က ရှပ်အင်္ကျီအဖြူလေးနှင့် ကျဥ်းမြောင်းသော ခါးလေးကို ဝိုးတိုးဝါးတားမြင်လိုက်ရလေသည်။
သူ၏အရှေ့ဘက်ဘက်တွင် အဆောက်အဦး၏ မှောင်မဲနေသော ကော်ရစ်ဒါကြီးရှိပြီး သူ၏ အနောက်ဘက်တွင်တော့ နေမင်းကြီးသည် တောက်ပစွာထွန်းလင်းနေ၏။
"မင်း..."
ကျင်းစစ်လည်ချောင်းသည် တင်းကျပ်နေပြီး နောက်ဆုံးတွင်တော့ ပြောနိုင်သွားလေသည်။
" မင်းငါဒီမှာနေတာ ဘယ်လိုသိလဲ"
"အရင်တစ်ခေါက်တုန်းက မင်း Taobao ပေါ်မှာ ဝယ်ခဲ့တဲ့ မင်းရဲ့လေ့ကျင့်ခန်းစာအုပ်ကို ပြတယ်လေ အဲ့မှာ ကိုယ်မြင်တာ"
ယင်းကျောင်းက သူ့ဖုန်းကို သိမ်းလိုက်ပြီး လျှောက်လာလိုက်ကာ သဘာဝကျကျပင် ကျင်းစစ်၏ ကျောပိုးအိတ်ကို ယူလိုက်ပြီး လက်ကိုင်ဘားပေါ်တွင် ချိတ်လိုက်လေသည်။
ကျင်းစစ်က ထပ်မေးလိုက်လေသည်။
" မင်းဒီမှာ ဘာလုပ်နေတာလဲ"
ယင်းကျောင်းကပြုံးလိုက်ပြီး စက်ဘီး နေက်ခုံကို ပုတ်ကာပြောလိုက်သည်။
" တက်တော့လေ"
ကျင်းစစ်ကမရွေ့ဘဲ သူ့ကိုသာ စိုက်ကြည့်နေမိသည်။
"အိုကေ" ယင်းကျောင်းပြုံးလိုက်ပြီး ပြောလိုက်လေသည်။
" တစ်ခုခုဖြစ်တော့မယ်ဆိုတာ ကိုယ်သိတယ်"
" ဘာဖြစ်လို့လဲ" ကျင်းစစ်က ရုတ်တရက် စိတ်လှုပ်ရှားလာလေသည် ။
ယင်းကျောင်းကသူ့အိမ်ကို အားလပ်ရက်မှာလာတာက ပေါ့သေးသေးကိစ္စတော့မဟုတ်လောက်ဘူး သူ့မိသားစုကိစ္စကြောင့်များလား...
အပြင်တွင် လေထန်နေသောကြောင့် ယင်းကျောင်းသည် ကျင်းစစ်၏ အင်္ကျီ ဇစ်ကို တပ်ပေးလိုက်ပြီး သူ့မေးစေ့ကို လက်မဖြင့်ဖြေးဖြေးလေးပွတ်ပေးလိုက်ကာ မျက်လုံးကိုကြည့်လိုက်၍ တီးတိုးပြောလိုက်လေသည်။
" ကိုယ်မင်းကို တကယ်လွမ်းနေတာတော့ မတတ်နိုင်ဘူးလေ"
-----------------------
ယင်းကျောင်း၏ စက်ဘီးပေါ်မထိုင်ခင်အထိ ကျင်းစစ်၏ နားများသည် နီရဲနေလေသည်။
သူအောက်ကို ငုံ့ကြည့်လိုက်ပြီး အနည်းငယ်မြန်ဆန်စွာအသက်ရှုလိုက်သည်။
ယင်းကျောင်းက ဘာလို့ သူ့ကိုလွမ်းတယ်လို့ ပြောရတာလဲ...
သူ...သူ နောက်နေတာလား... ဖြစ်နိုင်တယ် ယင်းကျောင်းကဒီလိုပဲကို သူငယ်ချင်းတွေကြားထဲမှာလည်း တခါတရံ နောက်တတ်တာပဲ...
သူ၏ ပူနွေးနေသောမျက်နှာကို ပုတ်လိုက်ပြီး ထိုအကြောင်းတွေးခြင်းကို ရပ်လိုက်ကာ သူ့အာရုံကို တခြားနေရာသို့ လွှဲရန် အတင်းဖိအားပေးလိုက်သည်။
ကျင်းမိသားစုနှင့် ယင်းကျောင်းတို့နှစ်အိမ်လုံးသည် ကျောင်းနှင့် သိပ်မဝေးပဲ နီးလေ၏။
မိနစ် 20 လောက်သာသွားရုံနှင့် ကျောင်းသို့ ရောက်နိုင်သည် ။
ကျင်းစစ်က ယင်းကျောင်းအိမ်သို့ ရောက်ဖူးသည်မှာ ယခုသည် ဒုတိယ အကြိမ်ဖြစ်လေသည်။ ပထမ အကြိမ် အရှက်ရမှုနှင့် ယှဥ်လျှင် ယခုအကြိမ်တွင် ပို၍ ရှက်ကာ စိတ်လှုပ်ရှားနေလေ၏။
"ဘာသောက်မလဲ"
ယင်းကျောင်းက ရေခဲသေတ္တာကို ဖွင့်ကာ မေးလိုက်သည်။
" ရေလား အချိုရည်လား"
"ရေသောက်မယ်"
ယင်းကျောင်းသည် သူအနည်းငယ်သဘာဝမကျနေသည်ကို တွေ့သောအခါ ရေနှစ်ပုလင်းကို ကိုင်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး သူ့ဘေးက နေရာကို ပုတ်ပြလိုက်သည်။ ထို့နောက်ပြုံးကာ ပြောလိုက်သည်။
"စကား နည်းနည်းလောက် ပြောပြီးမှ အိမ်စာလုပ်မယ်လေ"
ကျင်းစစ်က ခေါင်းငြိမ့်ပြီး ထိုင်လိုက်ကာ ယင်းကျောင်းဆီမှ ရေဘူးကို ယူ၍ အဖုံးဖွင့်ကာ တစ်ငုံ သောက်လိုက်သည်။
" မင်း TV ကြည့်ချင်လား"
ယင်းကျောင်းက ရီမုဒ် ကိုယူလိုက်ပြီး ကျင်းစစ်ကို မေးလိုက်သည်။
" ဘယ်လို ရှိုးမျိုးကို မင်းကြိုက်လဲ"
ကျင်းစစ်သည် TV ရှိုးများကို စိတ်သိပ်မဝင်စားပေ။ သူက ယင်းကျောင်း၏ မျက်လုံးများကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အပြုံးရိပ်သန်းလာလေသည်။
သူ TV ထဲမှာ အငိုက်မိပြီး သွေးတွေ ထပ်မြင်ရရင် ဘယ်လိုလုပ်မလဲ...
ကျင်းစစ် မျက်လုံးထဲက အပြုံးများကို မြင်သောအခါ ယင်းကျောင်းက သူဘာတွေတွေးနေသည်ကို ချက်ချင်း နားလည်လိုက်၏။
" ကိုယ်ကမင်းလုပ်သမျှခံရမှာပဲ "
ယင်းကျောင်းက ကျင်းစစ်၏ ပခုံးပေါ်သို့ သူ့လက်မောင်းများဖြင့် ဖိလိုက်ပြီး လက်တုံ့ပြန်သည့်အနေဖြင့် သူ့မျက်နှာကိုညှစ်ကာ ပြောလိုက်သည်။
" မင်းစိတ်ထဲမှာ ကိုယ့်ကို တိတ်တိတ်လေးလှောင်နေတာမလား"
"နိုး"
ကျင်းစစ်က ပြုံးလိုက်ပြီး သူ့ခေါင်းကို ယိမ်းကာ ရှောင်လိုက်လေသည်။
ယင်းကျောင်းသည် သူ့လက်ထဲမှ ညှစ်ထားသည်ကို အင်တင်တင်ဖြင့် လွှတ်ပေးလိုက်သည်။
"မင်းကိုယ့်ရဲ့ အားနည်းချက်ကို သိရတော့ပျော်လား"
"နိုး"
ကျင်းစစ်၏ ဆံပင်များသည် ရှုပ်ပွသွားပြီး သူအထင်လွဲမှာစိုးကာ နူးနူးညံ့ညံ့လေး ရှင်းပြလိုက်လေသည်။
" ငါက မင်းကို လှောင်တာမဟုတ်ပါဘူး ဒီတိုင်းပဲ..."
ထိုနေ့က ရုပ်ရှင်ရုံထဲတွင် ယင်းကျောင်း၏ မျက်နှာသည် အားနည်း ဖြူဖြော့နေကာ သူအဲ့ဒါကို ကိုင်တွယ်နိုင်မလားကိုသာ ဂရုစိုက်ကာ သူ့စိတ်ထဲပေါ်လာလေ၏။
ကျင်းစစ်က သူ၏ မထိန်းနိုင်စွာ ပြုံးချင်၍ မြင့်တက်နေသော နှုတ်ခမ်းထောင့်များကို အတင်းဖိကာ ထိန်းချုပ်ထားလေသည်။
"ဒါက ..."
ယင်းကျောင်း၏ မူးလဲသွားခြင်းသည် ပြောမပြတတ်လောက်အောင် ချစ်ဖို့ကောင်းသည်ဟု ကျင်းစစ်ခံစားနေရသည်။
သို့ရာတွင် သူ မပြောခဲ့ပေ။ အချိန်အတော်ကြာသည်အထိ သူစကားမပြောခဲ့ပေ။
"ကောင်းပြီ"
ယင်းကျောင်းက ခေါင်းငြိမ့်လိုက်ပြီး မတော်တဆ သူ့ကိုယ်သူ အရှက်ရစေလိုတော့သဖြင့် ဆက်မမေးတော့ပေ။
" ကိုယ်သိပြီ"
ကျင်းစစ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ ယင်းကျောင်း၏ နားလည်ပေးမှုကို ကျေးဇူးမတင်ခင် သူဆက်ပြောတာကို ကြားလိုက်ရလေသည်။
" မင်းက ကိုယ့် လျို့ဝှက်ချက်ကို သိသွားပြီဆိုတော့ မင်းရဲ့ လျို့ဝှက်ချက်ကိုလည်း ပြောပြသင့်တယ်မလား"
ကျင်းစစ်က ခဏတာ အံ့အားသင့်သွားပြီး ပြောလိုက်သည်။
" ငါမှာလျို့ဝှက်ချက်တွေ မရှိဘူး"
မရှိဘူးလား...
ယင်းကျောင်းက ရယ်လိုက်လေသည်။
ဒီကျောင်းသားလေးက အဲ့လိုပြောရဲတယ်လား သူကိုယ်တိုင်ရဲ့ တည်ရှိမှုကိုက လျို့ဝှက်ချက်ကြီး မဟုတ်ဘူးလား...
ထိုအချိန်တွင် ယင်းကျောင်း သူ့၏မူလအကြောင်းနှင့် ဒီနေရာကို ဘာလို့ရောက်လာလဲ ...တစ်နေ့ကျရင်ရော သူလာခဲ့သလိုပဲ တိတ်တိတ်လေးပြန်သွားမှာလားလို့ မေးချင်မိတယ်...
သို့ရာတွင် စကားလုံးများ သူ့ နှုတ်ခမ်းဝသို့ ရောက်လာသောအခါ ပြန်၍ မြိုသိပ်လိုက်လေသည်။
ကျင်းစစ်နှင့် သူ၏ လက်ရှိအခြေအနေသည် ရောက်ရန်မလွယ်ပေ။ အကယ်၍ သူဒီနေ့မေးလိုက်လျှင် ကျင်းစစ် နှင့် သူ ဝေးသွားမှာကို ကြောက်လေသည်။
ယင်းကျောင်းသည် သူ့နှလုံးသားထဲက စိတ်ဆန္ဒကို ဖိနှိပ်လိုက်ပြီး သူ့မျက်ခုံးကိုပင့်ကာ မေးလိုက်၏။
" တကယ်မရှိဘူးပေါ့လေ"
ကျင်းစစ်က အောက်ကို ကြည့်ပြီးဖြေလိုက်သည်။
" နိုး "
" အဲ့ဒါက..."
ယင်းကျောင်းရဲ့ နှုတ်ခမ်းစွန်းတွေက တဖြည်းဖြည်း မြင့်တက်သွားပြီး သူ့အနားကိုမှီလိုက်ကာ တိုးတိုးလေးပြောလိုက်လေသည်။
" အဲ့ဒါဆို ချောင်အန်းယန်ရဲ့ ပန်းသီးကိစ္စက ဘယ်လိုဖြစ်တာလဲ"
ကျင်းစစ် ခေါင်းသည် ထုံထိုင်းသွားပြီး သူမျက်နှာ တပြင်လုံး နီသွားလေသည်။
သူ၏ တုန့်ပြန်မှုကို တွေ့သောအခါ ယင်ကျောင်းနားလည်လိုက်၏။