Chapter 57
ထိုအရာသည် ကျင်းစစ် နေရာမှားထားခြင်း သို့မဟုတ် ရှုပ်နေသောကြောင့် မဟုတ်ပေ။ ကျင်းစစ် တမင်တကာ သေတ္တာထဲသို့ ပန်းသီးကို ထည့်လိုက်ခြင်း ဖြစ်သည်။
" မင်း..."
ယင်းကျောင်းရဲ့ နှလုံးခုန်နှုန်းသည် မြင့်တက်သွားပြီး သူ့စိတ်လျော့လိုက်ကာ သူ့မျက်လုံးများသည် ကျင်းစစ် မျက်နှာတွင်သာ ကပ်ညှိနေကာ မေးလိုက်သည်။
" မင်းဘာလို့ အဲ့လို လုပ်ခဲ့တာလဲ"
သူ မဟုတ်တာလုပ်သည်ကို လူမိသွားသောအခါ မကြုံစဖူး အရှက်ရမှုလေးသည် နှလုံးသားထဲတွင်ပေါ်လာလေသည်။ ကျင်းစစ်၏ ပါးများသည် နီရဲသွားပြီး အငွေပျံလုမတတ်ပင် ဖြစ်သွားလေသည် ။ သူ့မျက်လုံးများကို အောက်ကို ကြည့်လိုက်ပြီး ဘာမျှမပြောပေ။
ဤတစ်ကြိမ်တွင်တော့ ယင်းကျောင်းက သူ့ကို အလွတ်မပေးတော့ဘဲ ထပ်မေးလိုက်သည်။
" ဘာလို့လဲ"
"ဘာလို့လဲဆိုတော့..."
ကျင်းစစ်ကတောင့်တင်းသွားပြီး ပြောလိုက်သည်။
" ငါသူ့ကို အရမ်းမုန်းလို့"
ဒါကြောင့်ပဲလား...
ယင်းကျောင်းက သူ့အဖြေကို မကျေနပ်ပေ ။ သူ့မျက်လုံးကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
" ဒါဆို သူကိုယ့်ကို ပေးတဲ့ ပန်းသီးအိတ်ထဲမှာ ရည်းစားစာ ပါတာသိလား"
ကျင်းစစ်က အသက်ရှုကျပ်သလို ခံစားလိုက်ရသည်။
ရည်းစားစာ... အဲ့ထဲမှာ ရည်းစားစာ ရှိနေတယ်!
အခုတော့ ပန်းသီးကို ယင်းကျောင်းက ဆရာတွေကို ပေးလိုက်တော့ ဘယ်လိုလုပ်မသိဘဲနေပါ့မလဲ.
"ငါတောင်းပန်ပါတယ်"
ကျင်းစစ်လက်များသည် တုန်ယင်နေပြီး သူ့စိတ်သည် ရှုပ်ထွေးသွားပြီး သူ့ကိုယ်သူ စိတ်လျော့စေလိုက်၏။
" ဆရာ့ မင်းကို အဲ့အတွက်လာရှာမှာလား အဲ့ဒါက ငါ့အမှားပါ ကျောင်းပြန်တက်ရင် ငါဆရာ့ ဆီကိုသွားလိုက်ပြီး ..."
"အိုကေ"
ယင်းကျောင်း ထပ်ပြောချင်သေးပေမဲ့ သူ့ကို ခြောက်သလိုဖြစ်သွားမှာစိုးသောကြောင့် ရပ်လိုက်လေသည်။ သူ့ရဲ့ အေးစက်နေသော လက်များကို ကိုင်လိုက်ပြီး ပွတ်လိုက်ကာ အနည်းငယ်နောင်တရနေသော အသံဖြင့် ပြောလိုက်လေသည်။
" ဘာမှ အကြီးအကျယ်မဟုတ်ပါဘူး ကြောက်နေဖို့မလိုပါဘူး လူအိုကြီးလျိုက ကိုယ့်ကို ရှာခဲ့တယ်လေ ဒါပေမဲ့အဲ့ဒါက ကိုယ်လုပ်တာမှ မဟုတ်တာ သူနားလည်သွားတော့ ကိုယ့်ကို လွှတ်ပေးလိုက်တယ်လေ ကိုယ်တို့နှစ်ယောက်လုံးကို သူတွေ့ဖို့ခေါ်ခဲ့တဲ့ နေ့လည်ကို မှတ်မိသေးလား"
"တကယ်လား"
"အင်း"
ကျင်းစစ်က အတွေးများသောကြောင့် သူပိုတွေးနေမှာ စိုးရိမ်၍ ယင်းကျောင်းက သူ့ကို တမင်တကာစကာ ပြောလိုက်လေသည်။
" စတာပါ လူအိုကြီးလျိုက မင်းက ရှောင်ကျောင်းရဲ့ ဇနီးလေးဆိုတာသိတယ်လေ အဲ့ဒါကြောင့် သူဘယ်လိုလုပ် ကိုယ်က တခြားသူတွေနဲ့ ပတ်သတ်နေမယ်လို့ အထင်လွဲမှာလဲ ဘုရားကျောင်းဆယ်ကျောင်းဖျက်တာက အိမ်ထောင်တစ်ခုကို ဖျက်တာထက်တော့တော်သေးတယ်လေ နားလည်ပြီလား"
ရှောင်ကျောင်းရဲ့ ဇနီးလေး ကျင်းစစ် : "..."
ရှောင်ကျောင်း ဇနီးလေးသည် ဆိုဖာပေါ်မှ ရှက်ရွံ့စွာ ထလိုက်ပြီး ယင်းကျောင်းကို ကျောပေးကာ ပြောလိုက်သည်။
" အိမ်စာသွားရေးရအောင်"
ယင်းကျောင်းက ကျင်းစစ်၏ ရှက်ရွံမှုကို ယုတ်မာသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
" အိုကေ"
နှစ်ယောက်သား စာလေ့လာရန် သွားကြလေသည် ။
ကျင်းစစ်က လှေကားအောက်ကို အမြန်ဆင်းလိုက်ပြီး လွယ်အိတ်ထဲရှိ စာအုပ်များကို ကြည့်လိုက်ပြီး ထိုင်လိုက်ကာ ရှုပ်ပွကာ အစဥ်လိုက်မဖြစ်နေသော စာအုပ်များကို တွေ့သောအခါ သည်းမခံနိုင်တော့ဘဲ အကုန်သွန်ချလိုက်ပြီး တစ်ခုချင်းစီ အစဥ်လိုက် ပြန်ပြင်ကာ ထည့်လိုက်လေသည် ။
ယင်းကျောင်းက အိုလံပစ် စာအုပ်ကို ကြည့်ပြီး မေးလိုက်သည်။
" မင်းရဲ့ ပြိုင်ပွဲ ရလဒ် မထွက်လာသေးဘူးလား"
" မနက်ဖြန် မနက် 8 နာရီမှာ ရလဒ်တွေကို အင်တာနက်ပေါ်မှာ တင်လိမ့်မယ် "
ကျင်းစစ်က စာရေးထားတဲ့ စာရွက်တွေကို စာပွဲပေါ် သေသေသပ်သပ် တင်လိုက်ပြီး ယင်းကျောင်းကို ဂုဏ်ယူစွာပြောလိုက်သည်။
" ဒါပေမဲ့ ဆုပေးမဲ့ အတိအကျ အခြေအနေတွေကို တော့ နောက်ရက် နည်းနည်းလောက်ကြာမှ သိရမှာ"
ယင်းကျောင်းက နားမလည်ပေ။
" သူတို့က တခါတည်း အကုန်မပြောဘူးလား"
ကျင်းစစ် ခေါင်းခါလိုက်ပြီး " ရလဒ်တွေကို အရင်ကြေငြာပြီးရင် ပထမဆုရဲ့ ရမှတ် အောင်မြင်သူစာရင်း ကနောက်ဆုံးမှ ကြေငြာမှာ"
ယင်းကျောင်းက နှာမှုတ်လိုက်ပြီး ပြောလိုက်သည်။
" ဘာလို့အဲ့လောက် အလုပ်ရှုပ်အောင်လုပ်ပြီး ဒုက္ခပေးတာလဲ"
သူထပ်မေးလိုက်သည်။
" အဲ့ဒါပြီးရင်ရော"
" ပြီးရင် ..." ကျင်းစစ် ဆက်မပြောခင် ခဏရပ်လိုက်လေသည်။
" တကယ်လို့ မင်းက ပြည်နယ်စု အသင်းထဲအရွေးခံလိုက်ရရင် မင်းနိုင်ငံအဆင့် ဖိုင်နယ်ထဲမှာ ဝင်ပြိုင်လို့ရပြီ ဒီနိုင်ငံမှာ နှစ်တိုင်း ဖိုင်နယ်ထဲ ဝင်တဲ့သူ့ နှစ်ရာလောက်ရှိတယ် ငါတို့ ပြည်နယ် မှာ... ဆရာကျောက်ပြောတာတော့ မနှစ်က တစ်ယောက်တည်းတဲ့ "
ဒီပြိုင်ပွဲက ပြင်းထန်လွန်းပေမဲ့...
" ဒီနှစ်မှာလည်း တစ်ယောက်တည်းပဲ ပါမယ်ဆိုရင်..."
ယင်းကျောင်းက ဘောပင်ကို ကျွမ်းကျင်စွာ လှည့်လိုက်ပြီး တခစ်ခစ် ရယ်ကာပြောလိုက်သည်။
" အဲ့ဒါမင်းပဲ ဖြစ်မှာ "
ကျင်းစစ်က ခေါင်းခါပြီး ပြောလိုက်သည်။
" ရလဒ်တွေ မထွက်မချင်း သိမှာမဟုတ်ဘူး"
ကျင်းစစ်က ထိုကဲ့သို့ဖြေမှာ အသေအချာပင်ဖြစ်လေသည် ။ ယင်းကျောင်းသည် ကျင်းစစ်နှင့် အရင်းနှီးဆုံးသူငယ်ချင်း ဖြစ်နေလျှင်တောင် ယင်းကျောင်းရှေ့တွင် တုံ့ဆိုင်းကာ ဆင်ခြင်နေသေး၏။
ယင်းကျောင်းက သက်ပြင်းချလိုက်ပြီး ဓါတုဗေဒ စာအုပ်ကို လှန်လိုက်လေသည် ။ ဖြည်းဖြည်းချင်းသာ ဆက်သွားရန် ဆုံးဖြတ်လိုက်သည် ။ အနည်းဆုံးတော့ ယခုတွင် ကျင်းစစ်သည် သူနှင့် အိမ်သို့ လိုလိုလားလား လိုက်လာနေပြီဖြစ်သည်။
ကျင်းစစ်၏ အိမ်စာအများစုသည် မနေ့ကတည်းက လုပ်လာခဲ့ပြီး ဖြစ်ကာ သူသည် မေးခွန်းများကို မြန်မြန်ဆန်ဆန် ဖြေနိုင်သောကြောင့် ခြောက်နာရီ မထိုးခင် အားလုံးပြီးသွားလေသည်။ ယင်းကျောင်း မပြီးသေးသော်လည်း သူ၏ သင်ခန်းစာများကို ဆက်မလုပ်နိုင်တော့ပေ ။ ဆက်လုပ်ရန် စာရွက်အချို့ ကျန်သေးလေသည်။
နှစ်ယောက်သည် ရေးနေသည်မှာ သုံးနာရီထက်ပင်မနည်းတော့ပေ။ ယင်းကျောင်းက အချိန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
" အရင်တစ်ခုခုသွားစားပြီးမှ စာဆက်လုပ်မလား"
ကျင်းစစ်က သူ၏စာအုပ်များကို စီစီရီရီဖြင့် လွယ်အိတ်ထဲသို့ ထည့်ကာ ငြင်းလိုက်သည်။
" ငါအိမ်ပြန်ရတော့မှာ"
အိမ်ပြန်မယ်...
ယင်းကျောင်း သရော်လိုက်လေသည်။ သူက ကျင်းစစ်ကို အတင်းခေါ်လာပေမဲ့ ပြန်ပို့ရမယ့် အကြောင်းကို မတွေးခဲ့ပေ။
" ခြောက်နာရီပဲ ရှိသေးတယ် ဘာလို့ အစောကြီးပြန်ချင်နေတာလဲ"
ယင်းကျောင်းမျက်နှာသည် အံ့အားသင့်စရာကောင်းလောက်အောင် ဂုဏ်ယူဖွယ် ဖြစ်နေသဖြင့် သူ့ဗိုက်ထဲရှိ အူရောင်စုံများကို မမြင်နိုင်ပေ။
" ကိုယ့်မှာ မင်းကို မေးစရာရှိသေးတယ် ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ မနက်ဖြန် ပိတ်ရက်ရှိသေးတယ် နောက်မှ ပြန်လိုက်မယ် "
(Eng T/n : ဒီမှာဘာတွေပြောနေတာလဲ မသိတော့ဘူး...)
[ T/ N : အူရောင်စုံဆိုတာ ကလိန်တိဉာဏ်းဆင် ဉာဏ်ရောင်စုံနဲ့ ဉာဏ်များတာကိုပြောချင်တာပါ အင်္ဂလိပ်ထရန့်စလိတ်တာနင်းရှင့်...]
ကျင်းစစ် စိတ်အဝင်စားဆုံးအရာသည် ယင်းကျောင်း၏ သင်ကြားရေးအကြောင်းပင် ဖြစ်သည်။ သူပြောသည်ကို ကြားသောအခါ သူ့ခေါင်းငြိမ့်လိုက်ပြီး သဘောတူလိုက်လေသည်။
" အိုကေ အဲ့ဒါဆို ငါမင်းကို စာပြပြီးတော့မှ သွားတော့မယ် "
သူတို့နှစ်ယောက်သည် သူတို့၏ အပေါ်ထပ်များကို ဝတ်လိုက်ပြီး လှေကားအောက်ဆင်းသွားလေသည် ။ ယင်းကျောင်းသည် ကျင်းစစ်ကို သူမနေ့ကသွားခဲ့သော ဂျပန်စားသောက်ဆိုင်သို့ ခေါ်သွား၏။
စားသောက်ဆိုင်ပိုင်ရှင်သည် ဂျပန်လူမျိုးဖြစ်လေသည်။ ပြင်ဆင်မှုများနှင့် ဟင်းပွဲများသည် ဂျပန် စတိုင် စစ်စစ်ဖြစ်လေသည်။
ယင်းကျောင်းက မီနူးစာအုပ်ကို ယူလိုက်ပြီး ကျင်းစစ်ကိုမေးလိုက်သည်။
" မင်းဘာစားချင်လဲ"
ကျင်းစစ်က စာရွက်နှစ်ရွက်ကို လှန်လိုက်ကာ စျေးများသည် အံ့အားသင့်ဖွယ်ကောင်းသည်ကို တွေ့လိုက်ရသည်။ သူအရင်က မစားဖူးတာတွေဘဲ ဖြစ်တာကြောင့် မကောင်းသော ဟင်းပွဲတွေကိုမှာမိမည် စိုးသောကြောင့် မီနူးစာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်သည်။
" မင်းမှာလိုက် ငါက ဂျီးမများဘူး"
" မလုပ်နဲ့လေ"
ယင်းကျောင်းက အကူအညီမဲ့စွာပြောလိုက်သည်။
" မင်းက ကိုယ့်ကို အရှက်ရအောင် လုပ်နေတာပဲ မင်းဘာစားချင်လဲ သံပခြုပ် ထမင်းနယ် စားချင်လား"
" ငါ ဂျပန်စာတွေ မစားဖူးဘူး "
ကျင်းစစ် ရှက်သည်လို့မခံစားရပေ။ ထို့ကြောင့်အမှန်ကို ပြောလိုက်လေသည်။
" မင်းအရသာရှိမယ် ထင်တာတွေ မှာလို့ရတယ်"
ယင်းကျောင်း၏ လက်ချောင်းထိပ်များသည် မီနူးပေါ်တွင် ထောက်ကြည့်နေရင်း စိတ်ထဲတွင် ကျင်းစစ်၏ မိသားစု အခြေအနေအကြောင်းသေချာသွားလေသည်။
ယင်းကျောင်း၏ အမူအရာသည် မပြောင်းလဲဘဲ ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။
" အဆင်ပြေပါတယ် ကိုယ်လုပ်လိုက်မယ် "
သူတိုက်ရိုက် မပြောပေမဲ့ သေချာသွားအောင် ကျင်းစစ်ကို မေးလိုက်သည်။
" အရင်က အစိမ်းစားဖူးလား"
"မစားဖူးဘူး"
သူအစိမ်းမစားဖူးသေးလျှင် သူအများကြီး စား၍ မရပေ။ အကယ်၍ အစားများသွားခဲ့လျှင် သူ့အစာအိမ်သည် လက်မခံနိုင်မည်ကို ယင်းကျောင်းစိုးရိမ်မိသည်။ သူသည် ဆာရှီမီ စာမျက်နှာကို ပြတ်ပြတ်သားသား လှန်ကာကျော်သွားလိုက်ပြီး ဟော့ပေါ့ တစ်အိုးမှာလိုက်လေသည်။ ထိုအရာသည် အနည်းငယ်အေးနေပေမဲ့ အစာအိမ်ကို နွေးစေသောကြောင့် ထိုဟော့ပေါ့ ကိုစားရန်ကောင်းသည်။
သူသည် ထိုအရာကို လှန်လိုက်ပြီး တံဆို့နှင့်လင်ပန်းကိုမှာလိုက်လေသည်။ ထို့နောက် ကင်ထားသော အမဲသားလျှာ, ကြော်ထားသော ယာကီနီခူ အမဲသား, ဆောင်းခို အမဲသားနံရိုး, အိုကိုနိုမီယာခီ နှင့် မြေအောင်းမှို အမဲစွပ်ပြုတ် တစ်ခွက် တို့ကို မှာလိုက်လေသည်။
သူသည် အစိမ်းစားရန် ပုဇွန်အချို တစ်မျိုးကိုသာမှာထားလေသည်။ ထိုအရာကို စားပြီး ကျင်းစစ် ဘာမှ မဖြစ်လျှင် သူသည် အခြားအရာများကို စားဖို့ အဆင်ပြေလောက်၏။
ယင်းကျောင်းမှာသော ဟင်းလျာများကို အတည်ပြုပြီးနောက် စားပွဲထိုးသည် ထွက်သွားလေသည်။ ရုတ်တရက် ကန့်ထားသောအခန်းကျဥ်းလေးထဲတွင် လူနှစ်ယောက်သာ ကျန်ခဲ့တော့သည်။
ထိုစားသောက်ဆိုင်သည် စားပွဲခုံတိုင်းကြားတွင် အကန့်များကန့်ထားပြီး သီသန့်တည်ရှိမှုပိုင်းတွင် အားကောင်းသည်။ အပြင်သို့ပေါ်ထွက်နေသော ချယ်ရီမီးအိမ်လေးသည် အနက်ရောင် နံရံထဲသို့ မြှပ်ဝင်နေပြီး အလင်းရောင်သည် စားပွဲပေါ်တွင် မှိန်မှိန်လေးလင်းကာ ရိုမန်တစ်ဆန်အောင် ပြုလုပ်နေသကဲ့သို့ပင် ဖြစ်နေသည်။
ယင်းကျောင်းက လက်ဖက်ရည် တစ်ခွက်ကို ကျေနပ်အားရစွာ သောက်လိုက်သည်။ ခရစ်စမတ် ပွဲတော်နေ့တွင် ကျင်းစစ်နှင့် အေးအေးဆေးဆေး မစားရခဲ့ရသောကြောင့် ယခုတွင် ထိုဆန္ဒကို ဖြည့်ဆည်းလိုက်နိုင်ပြီဖြစ်၏။
" ဒီနေရာကနေ ညမြင်ကွင်းကို ကြည့်ရတာမဆိုးပါဘူး"
ယင်းကျောင်းက ပြတင်းပေါက်ကို လက်ညိုးထိုးလိုက်ပြီး ပြောလိုက်သည်။
" ပင်လယ်ကိုဖြတ်တဲ့ တံတားကို မြင်နေရတယ်"
ကျင်းစစ်က သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ပြီး ညဘက်တွင် နဂါးငွေ့တန်းဂလက်စီကဲ့ သို့ မျက်လုံးကို ဖမ်းစားနိုင်သော လှပသည့် မီးအလင်းရောင်တန်းကြီးကို မြင်လိုက်ရလေသည်။
ကျင်းစစ်က မတတ်နိုင်ဘဲ သက်ပြင်းချလိုက်လေသည်။ ယခု နေရာသည် စျေးကြီးမည်မှာသေချာလောက်သည်။ အစားအစာတွေတင်မပြောနှင့် ပတ်ဝန်းကျင် နေရာအနေအထားသည်လည်း အလွန်ဆွဲဆောင်နိုင်လေ၏။
အစားအသောက်သည် လျင်မြန်စွာ ရောက်လာလေသည်။ ထိုနှစ်ယောက်သည် စကားအနည်းငယ်ပြောပြီးနောက် ဟော့ပေါ့အိုး ရောက်လာလေသည်။ စားပွဲထိုးသည် မီးဖိုကိုဖွင့်ပေးခဲ့ပြီး ကြက်ဥ အစိမ်း တစ်ခွက်ကို သူတို့ရှေ့တွင် ချပေးထားလေကာ ထိုကြက်ဥများကို ခွဲပြီး နွားလျှာနှင့် စားနိုင်သည်ဟု ပြောလေသည်။
ပုံမှန်ဧည့်သည် ဖြစ်သော ယင်းကျောင်းသည် ခေါင်းငြိမ့်လိုက်ပြီး တူကိုယူကာမွေလိုက်သော်လည်း ကျင်းစစ် သည် ထိုအစာကို စားရန် ဝန်လေးနေလေ၏။
" ဒါက ပိုးသတ်ပြီးသား အကောင်မပေါက်တဲ့ ကြက်ဥပါ"
ယင်းကျောင်းက တူကိုသုံးကာ အိုးထဲမှ အမဲသားလျှာကို ယူလိုက်ပြီး ကြက်ဥခွက်ထဲနှစ်ကာ စားလိုက်ပြီး ကျင်းစစ်ကို ပြောလိုက်သည်။
" အဲတာက ညှီနံ မရှိဘူး"
ကျင်းစစ်က သူ့ခေါင်းကို ရှက်ရွံ့စွာ ခါလိုက်ကာ ပြောလိုက်သည်။
" ငါမစားချင်တုန်းပဲ"
" အဆင်ပြေပါတယ်"
ယင်းကျောင်းသည် မွေးရာပါ ကြက်ဥစိမ်း ကြိုက်ခြင်းဖြစ်သောကြောင့် သူမစားကြည့်ဘဲမနေနိုင်ပေ။ သူသည် နွားလျှာကို ကြက်ဥအရည်ထဲနှစ်လိုက်ပြီး ကျင်းစစ် ပါးစပ်နားသို့တေ့ပေးကာ ပြောလိုက်သည်။
"စားကြည့်"
ကျင်းစစ်က တုံဆိုင်းသွားပြီး ခေါင်းကို ခါကာပြောလိုက်သည်။
" မစားနိုင်ဘူး ငါအဲ့ဒါကြီးကို မစားနိုင်ဘူး"
" အဲ့ဒါမညှီဘူး" ယင်းကျောင်းရယ်လိုက်ပြီး " မင်းရဲ့ကောက ဘယ်တုန်းကမင်းကို အရူးလုပ်ဖူးလို့လဲ"
ကျင်းစစ်က တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
" အဲ့ဒါဆိုလည်း ငါ့ဘာသာ စားမယ်"
"ကိုယ်ကျွေးတာသာစားလိုက်စမ်းပါ မြန်မြန်လုပ် ကိုယ်ကိုင်ထားရတာ ကြာနေပြီ"
ကျင်းစစ်၏ အနည်းငယ် သဘာဝမကျနေသောမျက်နှာကို မြင်သောအခါပြောလိုက်သည်။
" အခန်းထဲမှာ ကိုယ်တို့နှစ်ယောက်တည်းရှိတာလေ ဘာရှက်စရာရှိလို့လဲ ပါးစပ်ဟလိုက်"
ကျင်းစစ်က သူ၏ ပါးစပ်ကို ဟလိုက်သောအခါ ယင်းကျောင်း၏ ပြုံးနေသော မျက်လုံးများကို တွေ့လိုက်ရလေသည်။
သူစားခဲ့သော အမဲသားသည် အရသာရှိကာ ကြက်ဥညှီနံ့မရပေ။
ယင်းကျောင်းက သူ၏အတောင်ပံကဲ့သို့ မျက်ခုံးမွေးများကို ကြည့်ကာပြောလိုက်သည်။
" ကိုယ်မင်းကို လိမ်လို့လား"
ကျင်းစစ်က ရှက်ရွံ့စွာပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်လေသည်။
ယင်းကျောင်းနှင့် အတူရှိတိုင်း သူတွင် အတွေ့အကြုံ အသစ်များ ရလာပုံပေါ်သည်။
ဂျပန် အစားအစာများ၏ အလေးချိန်သည် နည်းပေမဲ့ ယင်းကျောင်း အတွက်တော့ မနည်းပေ။ ကျင်းစစ်သည်လည်း စားကျွင်းစားကျန်များကို ထားခဲ့နိုင်သူ မဟုတ်ပေ။ အစားစားပြီးသောအခါ သူတို့နှစ်ယောက်သည် မနည်းထနေကြရလေ၏။
ဓါတ်လှေကားထဲတွင် ယင်းကျောင်းက ပြုံးကာ ကျင်းစစ်ကို ပြောလိုက်လေသည်။
" ကိုယ်တို့ပြန်ရောက်ရင် ကိုယ်က ဒါတွေစားပြီး ဘယ်လောက် ကတ်တီ တက်လာလဲ ချိန်ကြည့်ရအောင် "
ကျင်းစစ်က စိတ်ကောင်းဝင်နေသဖြင့် ရိုးရိုးသာ ပြောလိုက်လေသည်။
" မင်းအိမ်မှာ ပေါင်ချိန်စက် ရှိလို့လား"
" အင်း ကိုယ်အရင်က နှိုင်းလွန်အသံနှုန်း ပေါင်ချိန်စက်ကို ဝယ်ထားသေးတယ် ကိုယ်ပျင်းတဲ့အချိန် အဲ့ပေါ်တက်ရပ်လိုက်ရင် အလေးချိန်ရော အရပ်ရော ဖော်ပြတယ်လေ"
ကျင်းစစ်က ဆွဲဆောင်ခံလိုက်ရပြီး ပြောလိုက်သည်။
" အဲ့ဒါဆို ငါလည်းချိန်ကြည့်ချင်တယ် "
သူတို့နှစ်ယောက် အိမ်ပြန်ရောက်သောအခါ ပေါင်ချိန်စက် ဆီသို့ တန်းတန်းမတ်မတ် သွားကြလေသည်။
ယင်းကျောင်းက ထိုပေါ်တွင် စက္ကန့်ပိုင်းမျှရပ်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ နံပါတ်များကို ကြည့်ကာပြုံးပြီး ပြောလိုက်လေသည်။
" နှစ်ကတ်တီလောက်ပဲတက်လာတာဆိုတော့ မဆိုးပါဘူး စားရတာတန်ပါတယ် "
ကျင်းစစ်က နံပါတ်ပျောက်သွားသည်အထိ စောင့်လိုက်ပြီး ထိုပေါ်တွင်ရပ်လိုက်ကာ သူ၏ အခြေအနေသည် စခရင်ပေါ်တွင် ပေါ်လာလေသည် --
အရပ် : 179 cm
အလေးချိန် : 65 kg
ကျင်းစစ်က နံပါတ်များကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်လေသည်။
" ငါ 1.8 မီတာ ပြည့်ဖို့ 1 စင်တီမီတာပဲ လိုတော့တာပဲ"
(Eng T/n : 1.8 meters = 5.9 ft)
သူသည် ယခင်က 178 cm သာရှိသည်။ ယခုကမ္ဘာတွင် သူ တစ်စင်တီမီတာ ပိုရှည်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
(Eng T/n : 178 cm = 5.8 ft )
ယင်းကျောင်းက စခရင်ကို စက္ကန့်ပိုင်းမျှ ကြည့်နေပြီး ရုတ်တရက် ပြုံးလိုက်လေသည် ။
ကျင်းစစ်သည် သူ့အပြုံးကြောင့် ရှုပ်ထွေးသွားကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
လူတွေပြောကြတာတော့ လူတစ်ယောက်က အစားစားပြီး နွေးထွေးလာမယ်ဆိုရင် သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒတွေ မြင့်တက်လာတယ်တဲ့။
ယင်းကျောင်းက စက်ပေါ်ကိုမှီနေလိုက်ပြီး ကျင်းစစ်၏ မျက်လုံးတောက်တောက်များကို ကြည့်လိုက်လေသည် ။ သူမတတ်နိုင်တော့ဘဲ ပျင်းရိစွာဖြင့် ခပ်ဆိုးဆိုးပုံစံ လေချွန်လိုက်ကာ လက်ယမ်းပြလိုက်လေသည်။
" မင်းက...ပျောက်ကွယ်သွားဖို့ ကံစီမံတာ ခံလိုက်ရပြီ "
____
စာရေးသူမှာ ပြောစရာရှိတယ်~
ပြဇာတ်ငယ်ထဲတွင်_
ယင်းကျောင်း : တွေ့လား ငါက ကျင်းစစ်နဲ့ တွေဖို့ ရေစက်ပါလာတာ
____
Translated By IQ-Team.