အပိုင်း ၅၈
Viewers 14k

Chapter 58

Chapter 58


-----------------------


ကျင်းစစ် သူပြောသည်ကို နားမလည်ပေ။ သူရဲ့ပုံစံက အနည်းငယ် မှားယွင်းနေသည်လို့ ထင်ပေမဲ့ အတော်ကြာသည်အထိ ဘာကမှားယွင်းနေမှန်းမသိပေ။ 


ထို့ကြောင့် သူကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်လိုက်ကာ "အင်း အဲ့ဒါက တစ်စင်တီမီတာ လိုနေတယ် "


ယင်းကျောင်းက မနိုင်းနိုင်ဘဲ ရယ်လိုက်မိသည်။


ကျင်းစစ် တိုင်းတာထားသော ပမာဏကို နားလည်ရခက်စွာ ထပ်ကြည့်လိုက်လေသည်။


ယင်းကျောင်းက မှီလိုက်ပြီး သူ့နားထဲသို့ စကားအနည်းငယ်ကို တီးတိုးပြောလိုက်လေသည်။ ကျင်းစစ် မျက်နှာသည် ချက်ချင်း နီရဲသွားပြီး သူမတတ်နိုင်ဘဲ ပေါင်ချိန်စက်ပေါ်မှ ခုန်ချလိုက်ပြီး စာသွားလုပ်ရန် ထွက်ပြေးသွားလေသည်


ယင်းကျောင်းက လက်တစ်ဖက်ကို သူ့ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်ကာ ဖြေးဖြေးချင်းလိုက်သွားလေသည်။ကျင်းစစ်သည် ခေါင်းကို ငုံ့ပြီး သူ့ကိုယ်သူ ခါငှက်အသိုက်ထဲကငှက်လေးလို အသိုက်ထဲဖွဲ့ချင်နေသည့် ပုံစံကိုမြင်သောအခါ သူ့ဘေးနားထိုင်လိုက်ပြီး သူ့လက်မောင်းကို တို့ကာပြောလိုက်လေသည်။


" ဘာကပြသနာလဲ ကိုယ့်ကိုပြောပြလေ"


( Eng T/n : ခါငှက်ဆိုတာ ချစ်ဖို့ကောင်တဲ့ အမွေးပွငှက်လေးပါ)


ယင်းကျောင်းသည် ကျင်းစစ်ကို ကောင်းကောင်း နားလည်နိုင်ပြီး သူစနောက်ပြီးလျှင် မည်သို့ချော့ရမည်ကို အသိဆုံးဖြစ်လေသည်။ အသေအချာပင် သူထိုစကားများ ပြောပြီးနောက် ကျင်းစစ်သည် သူ့ခေါင်းကိုမော့ကာ ရှက်နေသည်ကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်လေသည်။


" ဘယ်မေးခွန်းလဲ"


ယင်းကျောင်းက ပြုံးလိုက်ပြီး စာအုပ်ကို ဖွင့်လိုက်လေသည် ။


သူက ကျင်းစစ်ကို လိမ်ညာခဲ့ခြင်း မဟုတ်ပေ။ နေ့လည် က သူထို ပုဒ်များကို ဖြေရှင်းသောအခါ သူမဖြေရှင်းနိုင်သော ပုဒ်စာ အများစုကို တွေ့ရလေသည် ။ ထိုအချိန်တွင် ကျင်းစစ်သည် မေးခွန်းများကို အာရုံစိုက်နေသောကြောင့် သူမနှောက်ယှက်ချင်ပေ။ သူ မဖြေနိုင်သော မေးခွန်းအများစုကို အခုမှတ်ထားလိုက်၏။


စာပေါ်တွင် အာရုံစိုက်နေရင်း ကျင်းစစ်၏ ရှက်ရွံ့မှုများသည် ပျောက်ကွယ်သွားလေသည် ။ သူသည် အခြားစာရွက်ပေါ်တွင် တွက်ချက်ရင်း ယင်းကျောင်းဘက်သို့ ခေါင်းလှည့်လိုက်ကာ ရှင်းပြလိုက်သည်။


" ဒီမေးခွန်းရဲ့ရှေ့က ဒီပုဒ်စာရဲ့ အခြေခံသဘောတရားတွေပဲ A က ငွေ့ရည်ဖွဲ့ ကရိယာ B က ကရိယာ A ထဲကို ရေထည့်ရတဲ့ ဝင်ပေါက်လေ နောက်ဘက်က မေးခွန်းလေးတွေကို မင်းမေးချင်တာလား"


ယင်းကျောင်းရဲ့ အမူအရာသည် လေးနက်နေပြီး သူပြောလိုက်သည်။


" လေးခုမြောက်နဲ့ငါးခုမြောက်မေးခွန်း "


ကျင်းစစ်က သူသိပြီဖြစ်ကြောင်း ခေါင်းငြိမ့်လိုက်ကာ ရှင်းပြလိုက်လေသည်။


 " လာပြီး ကြည့်လိုက်  လေးခုမြောက် မေးခွန်းက ဝိုင်ထဲက ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်နှုန်းကိုမေးတာ..."


ထိုနှစ်ယောက်တွင် တစ်ယောက်သည် ရှင်းပြနေပြီး နောက်တစ်ယောက်သည် လိုက်မှတ်နေကာ သိပ်မကြာခင်တွင် ယင်းကျောင်းသည် ပုဒ်စာများကို ရှင်းရှင်းလင်းလင်းဖြင့် နားလည် ဖြေရှင်းနိုင်သွားလေ၏။


" အိုကေ" 


ယင်းကျောင်းသည် သူ၏မှတ်စုတွင် သူအတွက် ခက်ခဲသော အရာများကို မှတ်ထားလေ့ရှိပြီး  ရက်အနည်းငယ်ကြာတိုင်း ထိုအရာများကို ပြန်၍ မှတ်မိရန်လေ့လာတတ်သည် ။သူသည် လွယ်အိတ်ထဲမှ စာရွက် အလွတ်ကို ယူလိုက်ပြီး စာပွဲပေါ်တွင် ဖြန့်ကာ တခစ်ခစ်ရယ်ပြီး ပြောလိုက်သည်။


" မင်းမရှိဘဲ ကိုယ်ဘာလုပ်တတ်မှာလဲ"


ကျင်းစစ်က သူ့မျက်လုံးများကို အောက်ချထားလိုက်ကာ သူ့နှုတ်ခမ်းကို စုဝိုင်းထားလိုက်ပြီး သူ့နှလုံးသားထဲတွင် အနည်းငယ် ချိုမြိန်နေသလို ခံစားနေရသည် ။


သူ့ အိမ်စာများ ပြီးသွားပြီဖြစ်သောကြောင့် ယင်းကျောင်းနှင့်နေရင်း သူသည် အိုလံပစ်သင်္ချာများကို ကြည့်နေလေသည်။


9:30 တွင် ယင်းကျောင်းသည် သင်္ချာမေးခွန်း တစ်ဆက်နှင့် အင်္ဂလိပ်မေးခွန်း တစ်ဆက်စာ လုပ်ရန်ကျန်သေးလေသည်။ 


ယင်းကျောင်းက ဘောပင်ကို ချလိုက်ပြီး သူ့လက်ချောင်းများကို အကြောဆန့်လိုက်သောအခါ ကျင်းစစ်သည် အချိန်ကို ကြည့်ကာ ပြောလိုက်လေသည်။


" ငါပြန်ရတော့မယ် "


" မင်းဘာလုပ်မလို့လဲ" 


ယင်းကျောင်းကသူ့ကို ကြည့်ကာပြောလိုက်သည်။


" ဒီည ကိုယ့်အိမ်မှာနေလေ"


ကျင်းစစ်သည် အံ့အားသင့်သွားပြီး မသေချာမရေရာစွာ ငြင်းလိုက်လေသည်။


" မရဘူး ငါ..."


ယင်းကျောင်းက သူ့စကားကိုဖြတ်ကာ မသိမသာ ဆွဲဆောင်လိုက်လေသည်။


 " မင်းရဲ့ ရမှတ်တွေကို မနက်ဖြန်မနက်ကျရင် ကြည့်ရဦးမယ်လေ မင်းအိမ်ပြန်ဖို့အဆင်မပြေဘူးလေ ကိုယ့်အိမ်ရဲ့ အင်တာနက်ကဆွဲအားကောင်းတယ် မင်းဆီက ကွန်ပြူတာကို ဘယ်သူမှ ယူမှာမဟုတ်ဘူးလေ"


ယင်းကျောင်း ပြောသည်မှာမှန်၏။ ကျင်းမိသားစုတွင် စာလေ့လာရန် အခန်းမရှိဘဲ ကွန်ပြူတာသည် အဓိက အိပ်ခန်းထဲတွင် ရှိသည်။ ကျင်းစစ် ထိုအရာကို တစ်ခါမျှ မကိုင်ဖူးပေ သို့သော်__


" ငါ့ဖုန်းနဲ့ ကြည့်လို့ရတယ်လေ"


ယင်းကျောင်းက သရော်လိုက်ပြီး " အပိုတွေ အဲ့လိုဆို လူတွေအများကြီး အဲ့လိုပဲလုပ်တော့မှာပေါ့ မင်းဖုန်းက ကွန်ပြူတာထက်မြန်လို့လား"


ကျင်းစစ်က တခဏမျှ တိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် ပြောလိုက်လေသည်။


" အဆင်ပြေပါတယ် ငါနောက်မှ ကြည့်လိုက်မယ်လေ"


မင်းဘာလို့ အရမ်းခေါင်းမာရတာလဲ...


ယင်းကျောင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


" ကိုယ့်အိမ်မှာ တစ်ညလောက် နေလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ ဘယ်သူမှ မရှိဘဲကိုယ်တို့နှစ်ယောက်တည်းလေ မင်းရှက်လို့လား  ကိုယိတို့နှစ်ယောက် အတူတူတောင် မအိပ်ဖူးသေးလို့လား" 


သူရပ်တန့်လိုက်ပြီး ထပ်ပြောလိုက်သည် 


" ဒါမှမဟုတ် မင်းအိမ်ပြန်ရတာကို ကြိုက်လို့လား"


ကျင်းစစ်က တိတ်ဆိတ်သွားလေသည် ။ သူအကြောင်းပြချက်ရှာပြီး ငြင်းချင်ရင်တောင် ကျင်းမိသားစု အိမ်ကို ပြန်ရတာကြိုက်တယ်လို့တော့ မပြောနိုင်ပေ။


" လုံလောက်ပြီ" 


ယင်းကျောင်းက သူ့အရှေ့သို့ လက်ဆန့်ထုတ်ကာပြောလိုက်သည်။


 " ကိုယ့်ကို မင်းဖုန်းပေး"


ကျင်းစစ်က အံ့အားသင့်သွားပြီး မေးလိုက်သည်။


" မင်းဘာလုပ်ချင်လို့လဲ"


" မင်းအိမ်ကို ဖုန်းခေါ်ပြီး ပြောမလို့လေ " 


ယင်းကျောင်းပြုံးလိုက်ပြီး " ကိုယ်လုပ်လိုက်မယ် " 


ကျင်းစစ်က တုံ့ဆိုင်းသွားမိသည်။ သူတခြားသူတစ်ယောက်အိမ်တွင် ညအိပ်မနေဖူးပေ။ အထူးသဖြင့် ယင်းကျောင်းသည် သူ့ကို သက်တောင့်သက်သာ မနေရအောင် လိုက်စတတ်၏။


"သဘက်ခါကျရင် နှစ်သစ်ကူးနေ့လေ" 


ယင်းကျောင်းက သူ့ထိုင်ခုံပေါ် မှီလိုက်ပြီး သူ့မျက်လုံးများကို ကြည့်လိုက်ကာ တီးတိုးပြောလိုက်လေသည်။


 " ကိုယ်နဲ့ နှစ်သစ်ကူးနေ့ကို ကြိုပြီး အဖော်ပြုပေးတယ်လို့ သဘောထားလိုက်လေ...အိုကေ"


ယင်းကျောင်းက ထိုအကြောင်းကို မပြောခင်အထိ ကျင်းစစ် မတွေးမိပေ။ သူတစ်ယောက်တည်းတင် မဟုတ်ဘဲ ယင်းကျောင်းလည်း အတူတူပင် ဖြစ်၏။


ရုတ်တရက် သူက ကြောင်သူတော်ယောင် ဆောင်ထားတယ်လို့အနည်းငယ်ခံစားလိုက်သည် ။ သို့ပေမဲ့ သူ ယင်းကျောင်းနှင့် အတူနေရသည်ကို အမှန်တကယ်သဘောကျ၏။


သူစိတ်လှုပ်ရှားတာကြောင့် အကြောင်းအရင်းမရှိဘဲ ယင်းကျောင်းကို မျက်လုံးမှိတ်ငြင်း​နေပြီး ပျော့ညံသော စကားလုံးများကို အတင်းအကျပ် ပြောနေခဲ့သည်။


ယင်းကျောင်းက အားလပ်ရက်များတွင် တစ်ယောက်တည်း အိမ်မှာ ကုန်ဆုံးရမည့်အကြောင်းကို တွေးမိသောအခါ ကျင်းစစ်၏ ရင်ဘတ်တွင် မသက်မသာ ခံစားလာရသည်။


သူ့ဖုန်းကို ထုတ်လိုက်ပြီး အဖေကျင်း ဖုန်းနံပါတ်ကို ရှာကာ ဆက်လိုက်ပြီး ယင်းကျောင်းကို ပြောလိုက်လေသည်။


 " အိုကေ"


ဖုန်းကိုင်ကိုင်ချင်း ကျင်းစစ် စကားပြောချိန်မရဘဲ အဖေကျင်းသည် ဆူပူကျိန်းမောင်းတော့၏။


" မင်းငါ့ကို ဖုန်းခေါ်ဖို့တော့ သိသေးတယ်ပေါ့ မင်းအပြင်မှာ သေနေပြီလို့ထင်နေတာ  အခုချက်ချင်းပြန်လာခဲ့စမ်း တစ်မိသားစုလုံးက မင်းပြန်လာတာကို တံခါးဖွင့်ပေးဖို့ တညလုံးမအိပ်ဘဲ စောင့်နေရတယ် ..."


ကျင်းစစ်၏ ဘေးတွင် ထိုင်နေသော ယင်းကျောင်းသည် အဖေကျင်း၏ ဆဲဆိုသံများကို သူ့နားထဲသို့ ရှင်းလင်းစွာ ကြားလိုက်ရလေသည်။


သူက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ထပ်နားမထောင်နိုင်တော့ပေ။သူဖုန်းကို ကျင်းစစ်နားနားမှခွာလိုက်ကာ စပီကာဖွင့်လိုက်ပြီး ဂရုမစိုက်စွာပြောလိုက်သည်။


" မင်းဘယ်သူလဲ ကောင်းကောင်းမွန်မွန် မပြောတတ်ရင်လည်း ပါးစပ်ပိတ်ထား မပိတ်နိုင်ရင်လည်း ချီးစားလိုက်"


အဖေကျင်းသည် ကျင်းစစ်အသံ မဟုတ်သည်ကို တွေ့သောအခါ အံ့အားသင့်သွားလေသည် ။ သူ ဖုန်းကို ယူလိုက်ပြီး စခရင်ကို ကြည့်လိုက်သောအခါ ကျင်းစစ်၏ နာမည် ဖြစ်သည်မှာ အမှန်ဖြစ်လေသည်။


သူ စိတ်ရှုပ်သွားပြီး အဆူခံနေရသည်ကိုတောင် မေ့လျော့သွားလေ၏။


 " မင်း..."


" မင်းကဘာလဲ ဒီ အဖေ့ကို နောက်ထပ်ကြိုးစားခွင့်ပေးစေချင်တာလား"


 ယင်းကျောင်းက သူ့ကို နှောက်ယှက်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။


 "ငါ မင်းကို မျက်နှာသာပေးထားတယ်လေ ဟုတ်တယ်မလား"


" မဟုတ်ဘူး ... မင်းကဘယ်သူလဲ " 


ဆက်တိုက်အဆူပူခံရပြီးနောက် အဖေကျင်းစိတ်ဆိုးသွားလေသည်။


 "ဒါ မင်းရဲ့ဖုန်းလား ကျင်းစစ်ဘယ်မှာလဲ"


" အိုး ဒါက ကျင်းစစ်ဖုန်းပါ" 


ယင်းကျောင်းက စိတ်ရင်း အမှန်ဖြင့် တောင်းပန်လိုက်လေသည်။


 " တောင်းပန်ပါတယ် ကျွန်တော်က ကျင်းစစ် အတန်းဖော်ပါ ခင်ဗျားပြောတာတွေကို ကြားပြီး ကျွန်တော်က ကျင်းစစ်ရဲ့ ရန်သူကို ဖုန်းမှားခေါ်မိတယ်ထင်သွားတာ"


အဖေကျင်းသည် သူက ယင်းကျောင်း၏ ပြိုင်ဘက်မဟုတ်၍ စိတ်ဆိုးကာ ရှက်သွားလေသည်။ သူ အကြာကြီး ထိန်းချုပ်ပြီးတဲ့နောက် ဒေါသဖြင့် ပြောလိုက်လေသည်။


" မင်းမှာငါ့ကို ပြောစရာရှိလို့လား"


" ကျင်းစစ်က ကျွန်တော့်အိမ်မှာ အားလပ်ရက်ကို နေမှာလို့ ပြောဖို့လေ" 


ယင်းကျောင်းက သူ၏ ဘယ်လက်လက်ကို ကျင်းစစ်ခေါင်းပေါ်သို့ ညင်သာစွာ ဖိလိုက်ပြီး နားလည်ရခက်စွာ ပြုံးလိုက်လေသည်။


" ခင်ဗျားအချိန်မရွေး အိပ်လို့ရပြီ ကျင်းစစ်ဖို့တံခါးဖွင့်ပေးစရာ မလိုတော့ဘူး"


အလှောင်ခံရပြီးနောက် အဖေကျင်း၏ ထူထဲသော မျက်နှာသည် ရုတ်တရက် ဖြတ်ရိုက်ခံလိုက်ရသလို ခံစားရကာ ပူထူ၍ နာကျင်သွားလေသည်။ ယင်းကျောင်း၏ နာမည်ကို ပင်မမေးမိဘဲ သူဝိုးတိုးဝါးတားသာ ဖြေလိုက်ပြီး ဖုန်းချလိုက်လေသည်။


ယင်းကျောင်းက ဖုန်းစခရင်ကိုအတော်ကြာအောင် ကြည့်လိုက်ပြီး ကျင်းစစ်ဘက်သို့လှည့်ကာ မေးလိုက်လေသည်။


 "အဲ့အဖိုးကြီး... မင်းအဖေက မင်းကို အမြဲတမ်းအဲ့လို ဆက်ဆံတာလား"


ကျင်းစစ်သည် သူ၏ စစ်ဆင်ရေးကဲ့သို့ အပြောတွင် နစ်မြှပ်နေပြီး ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်လိုက်လေသည်။


" ဖာခ့်" 


ယင်းကျောင်းက ဖုန်းကို အိပ်ယာပေါ်ပစ်တင်လိုက်ပြီး သူ့နှလုံးသားထဲရှိ စိတ်အခြေအနေ ညွှန်ပြချက်သည် အမှတ်သုံးနေရာမှ အမှတ်ခုနှစ်နေရာကို ရောက်သွားလေသည်။


သူ ထိုလူသားကို အရမ်းသဘောကျသောကြောင့် သူ့လက်ထဲတွင် ဆုတ်ကိုင်ထားရန်ပင် မစောင့်နိုင်ပေ။ သို့ပေမဲ့ ကျင်းစစ်သည် သူမမြင်နိုင်သော နေရာများတွင် အခြားသူများထံမှ အစော်ကားခံနေရကာ အဆူခံနေရသည်။ ယင်းကျောင်း ဒေါသထွက်ကာ နာကျင်နေပြီး မတတ်နိုင်ဘဲ အဆဲစကားများထွက်သွားလေသည်။


" ဒီလိုပဲ မင်းအိမ်ပြန်ပြီး အပြောခံနေရတယ်ပေါ့ ဒီမှာသာနေလိုက် ကိုယ်ပြောတာကြားလား"


ယင်းကျောင်း၏ အသံသည် အဆင်ပြေမနေပေ။ အနည်းငယ်ပင် အန္တရာယ် များနေပေသည်။ သို့သော် ကျင်းစစ်သည် ဘာကြောင့်မှန်းမသိပဲ အနည်းငယ်ပင် ပျော်နေလေ၏။


သူ၏ မြင့်တက်ချင်နေသော နှုတ်ခမ်းထောင့်စွန်းများကို တိတ်တဆိတ် ထိန်းချုပ်ပြီး ဖိထားလိုက်ကာ ညှင်ညှင်သာသာလေး ခေါင်းငြိမ့်ပြလိုက်သည်။


ကျင်းစစ်သည် ကျောင်းလွယ်အိတ်သာ ယူလာခဲ့ပြီး နေ့စဥ်သုံးပစ္စည်းများ မပါလာပေ။ ကံကောင်းစွာပင် ထိုအရာသည် ယင်းကျောင်းအတွက် ပြသနာ မဟုတ်ပေ။ သွားတိုက်တံများသည် ခဏခဏ လဲနေသောကြောင့် အိမ်တွင် အသစ်များရှိလေသည်။ လဲစရာအဝတ်များသာ လိုလေသည်__


"ကိုယ့်အဝတ်တွေ ယူဝတ်လို့ အဆင်ပြေနိုင်မလား" 


ယင်းကျောင်းက နောက်လှည့်လိုက်ပြီး ကျင်းစစ်သူ့အနောက်သို့ နာနာခံခံလေး လိုက်လာသည်ကို တွေ့သောအခါ သူ့နှလုံးသားသည် ပျော့ပျောင်းသွားပြီး နူးညံ့စွာ ပြောလိုက်လေသည်


 " အဲ့ဒါတွေကတော့ အသစ်မဟုတ်ပေမဲ့ လျော်ပြီးသားတွေပါ"


ကျင်းစစ်က ခေါင်းခါပြီး ပြောလိုက်သည်။


" ပြသနာမရှိပါဘူး"


ယင်းကျောင်းက အဝတ်ဗီဒိုကို ဖွင့်လိုက်ပြီး နက်ပြာရောင်ချည်သား ညအိပ်ဝတ်စုံကို တွေ့သောအခါ ကျင်းစစ်ကို ပေးပြီး ပြောလိုက်သည်။


 " ရေသွားချိုးလေ ရေချိုးခန်းက မင်းအရင်ကသုံးဖူးတယ် အဲ့နေရာမှာပဲ"


ကျင်းစစ်က ထိုဝတ်စုံကို ယူလိုက်ပြီး ကျေးဇူးတင်တော့မည့်အချိန်တွင် ယင်းကျောင်းကထပ်ပြောလိုက်လေသည်။


 " အတွင်းခံက... ကိုယ့်ဟာတွေကိုဝတ်မလား ဒါမှမဟုတ် တစ်ခါသုံးတွေ ဝတ်မလား"


ကျင်းစစ်က ခေါင်းငုံ့လိုက်ပြီး သဘာဝမကျစွာ ပြောလိုက်သည်။


 " တစ်ခါသုံးတွေ"


"အိုကေ" 


ယင်းကျောင်း အံဆွဲထဲတွင် လှန်လှော မွေနှောက်ရှာလိုက်ပြီး သူတို့ အရင်တစ်ခေါက်က ဟိုတယ်ငယ်လေးကို သွားတုန်းက ဝယ်ထားတဲ့ တစ်ခါသုံးအတွင်းခံအထုတ်ကို တွေ့လေသည်။ သူတစ်ခုကို ထုတ်လိုက်ပြီး တွေးဆဆဖြင့်ပြောလိုက်လေသည်။


" အဲ့ဒါက တော်လောက်မှာပါ မတော်ရင်တော့ ကိုယ်အောက်ဆင်းပြီး တခြားတစ်ခု ဝယ်ပေးမယ်လေ"


"မလိုပါဘူး" 


ကျင်းစစ်က သူ၏ပူနွေးနေသော မျက်နှာကို တောင့်ခံလိုက်ပြီး အတွင်းခံကို ဆတ်ခနဲဆွဲယူလိုက်သည်။ သူဘာတွေပြောနေမိမှန်း သူမသိတော့ပေ။ 


" အဲ့ဒါက အရမ်း အရမ်းကို တော်မှာပါ"


ယင်းကျောင်း သူ့ကို ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် ပြောလိုက်သည်။


" အိုကေ မင်းပြောတာမှန်လောက်မှာပါ"


ကျင်းစစ် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။


"  ဒါဆို ငါသွားရေချိုးလိုက်ဦးမယ်"


ယင်းကျောင်းက အင်း လို့​ပြောလိုက်ပြီး ကျင်းစစ်လှည့်ထွက်သွားတော့မည့် အချိန်တွင် သူရပ်တန့်သွားကာ တစ်ခုခုကို တွေးမိသွားလေသည်။


" နေဦး တစ်ခုကျန်သေးတယ်"


ကျင်းစစ်က ရှုပ်ထွေးသွားလေသည်။


" ဘာကိုလဲ"


" ရေချိုးပြီးတာနဲ့ ချက်ချင်းထွက်ခဲ့" 


ယင်းကျောင်းကသူ့မျက်လုံးများကို ကြည့်လိုက်ပြီး အလေးအနက်နှင့် နောက်နေခြင်း ရောနေသော အသံဖြင့် ပြောလိုက်လေသည်။


 " မင်းထပ်ပြီး ရှုပ်နေတာတွေကို ရှင်းရဲရှင်းကြည့်..."


သူ့နှုတ်ခမ်းတွေသည် ဖြည်းဖြည်းချင်း မြင့်တက်သွားပြီး စကားတစ်လုံးချင်းပြောလိုက်လေသည်။


 " ကိုယ်မင်းနဲ့ ရေတူတူချိုးပြီး မင်းကိုတစ်ချိန်လုံးစောင့်ကြည့်ဖို့ ဝန်မလေးဖူးနော်"


ယင်းကျောင်းနဲ့ ရေတူတူချိုးရမယ်...


___


Translated By IQ-Team.