Chapter 60
-----------------------
တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းမှ ဆရာများသည် ကျင်းစစ်ထက် ပို၍စောစွာပင် အမှတ်များကို သိခွင့်ရလေသည်။
မနက်အစောပိုင်းတွင် ဆရာလျိုသည် ဆိုဖာပေါ် ထိုင်နေရင်း သူ၏ ဖုန်းကို စူးစိုက်ကြည့်နေကာ ကျောက်ဖုန်သူ့အား သတင်းပို့မည့်အချိန်ကို စောင့်နေလေသည်။
ရှစ်နာရီ ထိုးခါနီးလောက်တွင် သူ့အားဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်၏။
သူဖုန်းဖြေလိုက်သည်နှင့် ဆရာလျိုသည် ယဥ်ကျေးပျူငှာစွာ ပြောမနေတော့ဘဲ တိုက်ရိုက် မေးလိုက်လေသည်။
" ဘယ်လောက်ရလဲ"
ကျောက်ဖုန်၏ အသက်ရှူသံများသည် ပြင်းထန်နေကာ သူနှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကို မဖုံးဖိနိုင်တော့ဘဲ အော်ပြောလိုက်တော့သည်။
" 226မှတ်..!.ကျင်းစစ် စာမေးပွဲမှာ 226မှတ်တောင်ရခဲ့တယ်"
ဆရာလျိုသည် ယခင်က နိုင်ငံ့သင်္ချာ လေ့ကျင့်ရေးအသင်းကို အာရုံမစိုက်ခဲ့ပေမဲ့ ကျင်းစစ် ပြိုင်ပွဲကို ဝင်ပြိုင်ကတည်းကာ သူသည် သင်္ချာပြိုင်ပွဲများအကြောင်းကို အများအပြားလေ့လာခဲ့ရလေသည်။ ထိုမျှလောက်အထိအမှတ်ရသည်ကို ကြားလိုက်ရသောအခါ သူသည် ဆိုဖာပေါ်မှ ရုတ်တရက် ထခုန်လိုက်ပြီး မယုံရဲစွာ မေးလိုက်လေ၏။
" ဘယ်နှမှတ်...မင်း ဘယ်နှမှတ်လို့ ပြောလိုက်တာ"
တုန်းဟိုင်ပြည်နယ်စုသည် ပြိုင်ပွဲတွင် အားနည်မှုကြောင့် အားနည်သောပြည်နယ်အဖြစ် လူသိများလေသည်။
ယေဘူယ ပြောရလျှင် နိုင်ငံ၏ တက္ကသိုလ်မှ ဘာသာရပ်ငါးရပ်ပြိုင်ပွဲတွင် ပြည်နယ်စု တစ်ခုစီမှ အနည်းဆုံး ကျောင်းသား သုံးယောက်မှ ငါးယောက်အထိ သည် ဖိုင်နယ်အထိ ဝင်နိုင်ကြလေ၏။ သို့သော် တုန်းဟိုင်ပြည်နယ်စုသည် ထူးခြားသော ပန်းပွင့်လေး ဖြစ်ကာ တခါတရံတွင် သင်္ချာပြိုင်ပွဲများ၌သာ ဖြတ်ကျော်သွားနိုင်လေသည်။
အကောင်းဆုံး ဥပမာ တစ်ခုသည် လွန်ခဲ့သော နှစ်အနည်းငယ်အကြာက တုန်းဟိုင်စီရင်စုမှ မိန်းကလေးတစ်ဦးသည် ဖိုင်နယ်ကို ဝင်ရောက်နိုင်ခဲ့ပြီးနောက် ချင်းဟွာတက္ကသိုလ်သို့ ဝင်ခွင့် ရရှိသွားလေသည်။
ယခုနှစ်တွင် ဆရာဆရာမများသည် ကျင်းစစ်ကို ယုံကြည်စိတ်ချသော်လည်း သူတို့သည် မျှော်လင့်ချက်တော့ အများကြီး မထားပေ။
ထို့အပြင် ကျင်းစစ်သည် အိုလံပစ် လေ့ကျင့်ရေးကို စနစ်တကျ လေ့ကျင့်မှုများ တစ်ခါမျှပင် မရခဲ့သော်လည်း ၎င်းသည် နောက်ဆုံးစာမေးပွဲ စစ်ဆေးမှု ဖြစ်သွားနိုင်သည့်အတွက် ကျောက်ဖုန်နှင့် ဆရာလျိုသည်လည်း ထိုကဲ့သို့ပင် မထူးမခြား ဖြစ်လေသည်။
ဆရာလျို၏ မျှော်လင့်ချက်အပြည့်များကဲ့သို့ မဟုတ်ဘဲ ကျောက်ဖုန်၏ ကျင်းစစ်အပေါ် တောင်းဆိုမှုမှာ ပြိုင်ပွဲအတွေ့အကြုံကို ခံစားစေချင်သောကြောင့် ဖြစ်လေသည်။ ထို့နောက် တစ်နှစ်လောက် အနားယူပြီး နောက်နှစ်တွင် ပြန်လည်ကြိုးစားရန် ဖြစ်လေ၏။
မနက်ခင်းတွင် ရလဒ်များကို ကြည့်နေရင်း ဆရာကျောက်သည် လက်ဖက်ရည် ဖျော်နေလေသည်။ ကျင်းစစ်၏ ရလဒ်များကို သိလိုက်ရသောအခါ သူ၏ စိတ်သည် ဗလာဖြစ်သွားပြီး ဘဝင်ခိုက်သွားကာ ပူနေသော လက်ဖက်ရည်တစ်ခွက်လုံးကို တစ်ငုံတည်းဖြင့် အကုန်သောက်လိုက်လေသောကြောင့် သူ့ပါးစပ်ထဲမှ အရသာဖုများအားလုံး လောင်ကျွမ်းသွားလေသည်။
သို့သော် ကျောက်ဖုန်က နာကျင်မှု နည်းနည်းလေးကိုပင် မခံစားရပေ။
အပူလောင်တယ်...ဟုတ်လား အဲ့ဒါက သာမန်အပူလောင်တာမဟုတ်ဘူး...
ဒါကပျော်လွန်းလို့ အပူလောင်သွားတာ မျှော်လင့်ချက်တွေကြောင့် အပူလွန်သွားတာ...
226 မှတ်တောင် အား!
ဒီနှစ်တွေအတောအတွင်းမှာ တုန်းဟိုင်စီရင်စုမှာ အဲ့လောက်ထိများတဲ့ အမှတ်မျိုး တစ်ခါမှ မရဖူးဘူး...
တရားဝင် ထုတ်ပြန်ချက်များကို လုံးဝပင် စောင့်စရာ မလိုပေ။ ကျင်းစစ်၏ ပြည်နယ်စုရှိအသင်း၏သတင်း တည်ငြိမ်မှန်ကန်ကြောင်း ကျောက်ဖုန်သိလေသည်။
၎င်းရမှတ်သည် တုန်းဟိုင်ပြည်နယ်စုတွင် မပြောနှင့်။ တခြားပြည်နယ်စုများနှင့် ပြိုင်လျှင်တောင် ၎င်းသည် ပြည်နယ်အဆင့် အသင်းကို ဝင်နိုင်ပေလိမ့်မည်။
ကြိုတင်ပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပထားတာက လုံးဝပြသနာ မရှိဘူး...
ကျင်းစစ်က တကယ့်ကို အံ့အားသင့်စရာပဲ...
"226မှတ်တောင် အံ့ဩဖို့ကောင်းလိုက်တာ အံ့ဩဖို့ကောင်းလိုက်တာ"
ကျောက်ဖုန်သည် အံ့ဩစွာ သက်ပြင်းချလိုက်ပြီး ကျင်းစစ်သည် ဆရာလျို၏ အတန်းမှ ကျောင်းသားဖြစ်ပြီး သူ့အတန်းမှ ကျောင်းသား မဟုတ်သည့်အတွက် ချဥ်တူးစွာပြောလိုက်လေသည်။
" လူအိုကြီးလျို မင်းက တကယ်ကံကောင်းတာပဲ"
ထိုအချိန်တွင် ရမှတ်များကို အတည်ပြုလိုက်ကြပြီး ဆရာလျို၏ စိတ်ထဲတွင် ပန်းပွင့်သွားလေသည်။ သူသည် ကျောက်ဖုန်၏ ထပ်ပြောသော စကားများကို မကြားနိုင်တော့ပေ။
လွန်ခဲ့သောရက်အနည်းငယ်က သူသည် ကျင်းစစ်အတွက် သင်္ချာမှတဆင့်ကောလိပ်ဝင်ခွင့် စာမေးပွဲ အပိုမှတ်မရမည့်အကြောင်းကို စိုးရိမ်နေခဲ့လေသည်။
ပြည်နယ်စု အဆင့်တစ်ဆိုတာဘာလဲ...ကျင်းစစ်ရဲ့ လယ်ဗယ်နဲ့ဆိုရင် သူဘယ်လောက်ပဲဆိုးနေပါစေဦး သူကတစ်နိုင်ငံလုံးရဲ့ တတိယဆုကိုတော့ ရနိုင်တယ်...
"ဟားဟားဟား..." ဆရာလျိုသည် အရိုင်းဆန်စွာ ရယ်မောလိုက်မိသည်။
" ငါတို့တွေ အောင်မြင်မှုအတွက် ကြိုးစားနေတာ ငါသိပါတယ် မင်းရော ဘယ်လိုထင်လဲ ဟားဟားဟား"
ဆရာလျိုသည် အလွန်ပျော်ရွှင်နေသောကြောင့် သူ့ဇနီးသည် တံမြက်စည်းလှည်းနေသည်ကို မမြင်ဘဲ ကြမ်းပြင်ပေါ်မှ အမှိုက်များပေါ်သို့ ခြေထောက်ဖြင့် နင်းမိလိုက်လေသည်။ သူ့အမျိုးသမီး၏ တံမြက်စည်းလှဲတံဖြင့် အရိုက်ခံလိုက်ရမှသာ သူသွားပေါ်အောင် ပြံးပြလိုက်ပြီး စိတ်ငြိမ်သွားကာ ကျောက်ဖုန်ကို မေးလိုက်၏။
" တခြားသူတွေရော"
ကျောက်ဖုန်က အတော်ကြာသည်အထိ မတုံ့ပြန်ပေ။ ထို့နောက် သူကပြန်မေးသည်။
"ဘာကိုလဲ"
ဆရာလျှိုသည် ပြောစရာ မရှိတော့သလို ခံစားလိုက်ရသည်။
" ငါမင်းကို တခြားကျောင်းသားတွေရဲ့ ရမှတ်ကို မေးနေတာ"
ကျောက်ဖုန် : "..."
အတော်ကြာသည်အထိ ထူးဆန်းစွာ တိတ်ဆိတ်နေပြီးနောက် ကျောက်ဖုန်က ထိုင်ကာ ပြောလာသည်။
" ငါ...ငါမေ့သွားတယ်"
ကျင်းစစ်သည် ကောင်းမွန်သောစတင်ခြင်းကို ပြုလုပ်ခဲ့ပြီး ယခုနှစ် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းသည် သင်္ချာပြိုင်ပွဲတွင် မထင်မှတ်စွာပင် ရလဒ်များကောင်းလေသည်။ ကျင်းစစ်သည် 226မှတ် ကျိုးချောင်သည် 198မှတ် ကျန်းချုံးသည် 170 မှတ် အသီးသီး ရကြလေသည်။
တုန်းဟိုင်စီရင်စု၏ သတ်မှတ်ချက်ရမှတ်သည် မနှစ်က 170 မှတ်ဖြစ်သောကြောင့် ကျန်းချုံးမှ အပ ကျင်းစစ်နှင့် ကျိုးချောင်တို့သည် အထုတ်ပယ် မခံရချေ။
ထိုကဲ့သို့သော ပျော်ရွှင်ဖွယ်အဖြစ်အပျက်ဖြစ်သွားသောကြောင့် ကျောက်ဖုန်နှင့် ဆရာလျိုသည် မထိန်းနိုင်ဘဲ လိုင်းပေါ်တွင် ပိုစ့်တင်ကာ ထိုအကြောင်းပြောလိုက်လေသည်။ ထိုအဖြစ်အပျက်သည် ကြောက်စရာကောင်းသောအမြန်နှုန်းဖြင့် ပျန့်နှံ့သွားကာ ပြည်နယ်စုရှိ ကျောင်းသားများအကြားသို့ ရောက်ရှိ ပျန့်နှံ့သွားလေ၏။
၎င်းသည် အားလပ်ရက်နှင့် အချိန်ကိုက် ဖြစ်သွားကာ ဖိုရမ်ပေါ်မှ ဆွေးနွေးမှုများသည် သာမန်ထက် ပိုများလေသည်။
ဆရာများတင်ထားသည်ကို screenshotရိုက်ထားသော ပိုစ့်များထွက်လာသည်နှင့် တပြိုင်နက် အမုန်းဖြင့်တိုက်ခိုက်ထားသော ဆွေးနွေးမှုများကို ဝန်းရံ သွားလေသည်။
[ဖာခ့်! 226...ငါတကယ် screenshot ရိုက်လာခဲ့တာ ငါ ကျင်းစစ်အတွက် ဒူးတောင်ထောက်ပေးနိုင်တယ်]
[သူက လူရော ဟုတ်ရဲ့လား...အရင်တစ်ခေါက်က ပြိုင်ပွဲစာမေးပွဲကို မှတ်မိသေးလား ကျင်းစစ်အဲ့ဒီစာမေးပွဲမှာ ပထမရပေမဲ့ သူ့ရမှတ်တွေက ကျိုးချောင်တို့ ကျန်းချုံးတို့နဲ့ သိပ်မကွာဘူး တစ်လလောက်ပဲ ရှိသေးတာကို သူရဲ့ ရလဒ်တွေက ဒုံးကျည်စီးသွားသလိုပဲ တိုးတက်လာလိုက်တာ ]
[... ငါ့ရဲ့ တကယ့်နာမည်အစစ်ကြီးနဲ့ ပြောပါရစေ ငါ့မှာ အဲ့ဒီကိစ္စပြောခွင့်ရှိတယ်လေ အစ်ကိုစစ် စာမေးပွဲမှာ ပထမရတုန်းက သူ့ကို အိုလံပစ်အတွက် အရင်ကသင်ယူခဲ့ဖူးလားလို့ ငါမေးခဲ့တာ သူပြောတာ သူအသင်မခံခဲ့ဖူးဘူးတဲ့ အဲ့ဒါက အဆင်ပြေလောက်ရုံပဲလို့ ငါထင်ခဲ့တာ သူကလည်း အခုမှသင်ယူနေတာဆိုတော့ သူက အရမ်းတော့ ပါရမီ မပါလောက်ဖူးပေါ့ ဒါပေမဲ့ နောက်ပြီးကျတော့ သူပြောတာက သူဘာ့သာသူလေ့ကျင့်နေတာတော့ နှစ်တွေအတော်ကြာနေပြီတဲ့ မင်းတို့ အဲ့ဒီတုန်းက ငါ့ခံစားချက်ကို နားလည်နိုင်ကြရဲ့လား]
[ဟားဟားဟားဟားဟားဟား စိတ်ညစ်နေတဲ့ ကျိုးချောင်လေး ဟားဟားဟားဟား]
[ဒါက ရာဇဝင်တွင်မယ့် ပြိုင်ပွဲဝင်ပဲလေ ဟုတ်တယ်မလား လုံးဝကို သူနဲ့ မယှဥ်ပြိုင်နိုင်ဘူး သူအတွက် ဘုရားသခင်က တံခါးဖွင့်ပေးတဲ့အချိန် သူကလည်း တံခါးကို တချိန်တည်းမှာပဲ ဖွင့်လိုက်တယ် နောက်ပြီး ဘုရားသခင်က ငါ့အတွက် တံခါးပိတ်လိုက်တဲ့အချိန် သူက ငါ့ခေါင်းကိုလည်း ဖြတ်ပစ်လိုက်တယ် _(:з」∠)_ ]
(T/n : ဘာတွေပြောနေတာလဲ မသိဘူး )😁
[တစ်ခုပြောပါစေ ငါပြိုင်ပွဲစာမေးပွဲကို ကျပြီထင်နေတာ ဒါပေမဲ့ 198 မှတ်တောင်ရမယ်လို့ ထင်မထားဘူး ငါပျော်လွန်းလို့ ပွဲတောင်ကျင်းပတော့မလို့လုပ်နေတာ နောက်တော့ ငါတို့ အတန်းဆရာက အကိုစစ်က စာမေးပွဲမှာ 226 မှတ်တောင်ရတယ်လို့ ပြောတယ်လေ...]
[ဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟားဟား ငါစိတ်မကောင်းပါဘူး ငါက စာနာတတ်ပေမဲ့ ငါရယ်ချင်နေတုန်းပဲ ဟားဟားဟား]
[ငါ အစ်ကို့ရဲ့ ဖိုင်နယ် ရလဒ်တွေကို စောင့်ရင်း ဒီဟာတွေကို မျက်မြင်သက်သေလုပ်ပေးမယ်]
[ကျင်းရှန်းက မိုက်ချက်ပဲ +1 ငါ့ကို ပြည့်နယ်ကြီးတစ်ခုကို ပျံသန်းဖို့ ခေါ်သွားပါ ]
(Eng T/n : သူတို့က ကျင်းစစ်ကို ဘုရားသခင်လို့ ခေါ်နေတာပါ)
............................
ထိုအချိန်တွင် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်း ဖိုရမ်တွင် သူလျိုလုပ်နေသောကျင်းမိသားစုမှ ကျင်းမြောင်သည် သူ၏ ရှာဖွေမှုစာရင်းကို ဂရုတစိုက် ရှင်းပစ်လိုက်ကာ အဖေကျင်းကို အပြစ်ရှိစွာ ကြည့်လိုက်လေသည်။
"အဖေ ကျင်းစစ်ဘယ်မှာလဲ"
ကျင်းစစ်အကြောင်းကို ပြောလိုက်သောအခါ အဖေကျင်းသည် စိတ်တိုသွားလေသည်။
အားလပ်ရက်တွေမှာ အိမ်မပြန်ဘဲ တစ်ယောက်ယောက်အိမ်မှာ ညအိပ်ညနေနေတယ် သူ့ရဲ့ ဘယ်သူမှန်းမသိတဲ့ အတန်းဖော်က ငါ့ကို ပြောင်ကျကျပဲ ဆူပူသွားသေးတယ်...
အဖေကျင်းသည် စကားပြောတတ်သောသူ မဟုတ်ပေ။ မနေ့က သူသည် ဖုန်းချလိုက်လိုက်ပြီး အတော်ကြာမှသာ ပါးစပ်မပိတ်နိုင်ရင် ချီးစားလိုက်ဟု တဖက်လူပြောသော စကားကို နားလည်လိုက်၏။
ကျင်းစစ်သည် ကောင်းမွန်အောင် ပြောင်းလဲလိုက်ပြီဟု သူထင်သော်လည်း ထိုသို့သောလူများနှင့် ရောနှောနေသေးသည်ကို မမျှော်လင့်ထားပေ။
"ငါလည်းမသိဘူး မင်းကဘာကိစ္စသူ့အကြောင်းမေးနေတာလဲ အိမ်စာလုပ်ပြီးသွားပြီလား"
"မပြီးသေးဘူး ကျွန်တော့်အခန်းကို အရင်ပြန်နှင့်မယ်"
ကျင်းမြောင်သည် အဖေကျင်း၏ မျက်နှာပေါ်တွင် ကျင်းစစ် အတွက် စိတ်မကျေနပ်မှုများမှအပ အခြားစိတ်ခံစားချက်မရှိသည်ကို တွေ့သောအခါ စိတ်သက်သာရာ ရသွားလေသည်။
ကံကောင်းစွာပင် သူ့အဖေသည် ကျင်းစစ်၏ ပြိုင်ပွဲရလဒ်များကို မသိသေးပေ။
ကျင်းမြောင် ထွက်သွားသောအခါ အဖေကျင်းသည် ထိုနေ့က ကိစ္စအကြောင်းတွေးလေ စိတ်ထိခိုက်နစ်နာသလို ခံစားရလေပင်။
ကျင်းစစ်က သူ့အတန်းဖော်ကို ပြောထားလို့သာ သူ့အတန်းဖော်က ငါ့ကို အဲ့ဒီလို့ပြောခဲ့တာ နေမှာ...
ကျင်းစစ်က သူ့ကို မကျေနပ်တာလား... ဒါမှမဟုတ် တစ်မိသားစုလုံးကို မကျေနပ်တာလား...
အဖေကျင်းကအေးစက်စွာ နှာမှုတ်လိုက်ပြီး ကျင်းစစ်ကို နေထိုင်စရိတ်လွဲပေးဖို့လုပ်နေသော သူ၏လက်သည် ရုတ်တရက် ရပ်တန့်သွားလေသည်။
အခုခေတ် ကလေးတွေက တစ်ခုခု သဘောထားမတိုက်ဆိုင်ရင် အိမ်ကနေထွက်ပြေးတော့တာပဲ မိဘတွေကိုလည်း ပြသနာ ရှာသေးတယ် ကိုယ့်စားဝတ်နေရေးစရိတ်ကို ကြည့်လိုက်ပါဦး ပုန်ကန်ရဲသေးလားလို့...
သူမသိခဲ့သည်မှာ တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းမှ ကျောင်းအုပ်သည် ကျင်းစစ်၏ ရလဒ်များကို သိသွားသောအခါ သူသည် အားလပ်ရက် ဖြစ်နေသည်ကို ဂရုမစိုက်ဘဲ လက်ထောက်ကျောင်းအုပ်နှင့် ဆရာများကို ခေါ်ကာ တစ်နာရီလောက်ကြာအောင် ဆွေးနွေးနေလိုက်သည်။ အဓိကအကြောင်းအရာမှာတစ်ခုတည်းဖြစ်ပြီး ၎င်းသည် ရလဒ်များအကြောင်းပင် ဖြစ်လေသည်။
ကြိုးစားတဲ့ကျောင်းသားတွေကို ကျိန်းသေ ဆုချရမယ်...
အတိတ်တွင် တုန်းဟိုင်စီရင်စုသည် စကောလာရှစ်များပေးသော်လည်း ၎င်းတို့သည် ဖိုင်နယ်စာမေးပွဲများအတွက်ဖြစ်ပြီး ငွေပမာဏသည်လည်း အရမ်းမများပေ။ တက္ကသိုလ်မှ ဘာသာရပ်ငါးခုပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းသည် ယခင်က တစ်ခါမျှ မရှိခဲ့ပေ။
ကျင်းစစ်၏ လုပ်ဆောင်ချက်များသည် ကောင်းလွန်နေသည့်အတွက် မတတ်နိုင်ပေ။
226မှတ်တောင်မှလေ...
ကျောင်းအုပ်ကြီးသည် အနည်းငယ် မြောက်ကြွနေသလိုခံစားနေရကာ မနေနိုင်ဘဲ ကျင်းစစ်သည် ဖိုင်နယ်ပြိုင်ပွဲသို့ တခြားပြည်နယ်စုမှ ကျောင်းသားများကို အနိုင်ယူပြီး နိုင်ငံ့လေ့ကျင့်ရေးအသင်းကို ဝင်ခွင့်ရသွားသည်ကို စိတ်ကူးယဥ်နေမိ၏။
ကျောင်းအုပ်ကြီးသည် ထိုအကြောင်းကို ပိုတွေးကာ ပို စိတ်လှုပ်ရှားလာလေသည်။
ပိုက်ဆံလေးပဲမလား...
ကျောင်းကပေးတာကိုတင် မကဘဲ သူကိုယ်တိုင်ပါ ဆုချရန် လိုလိုလားလားဆန္ဒရှိလေသည်။
ဆုချီးမြှင့်မယ် ကျောင်းပြန်တက်တာနဲ့ကို ဆုချီးမြှင့်ပစ်မယ်...
ကျောင်းအုပ်ကြီးနှင့် တခြားသူများ စကားပြောပြီးသွားသောအခါ ဆရာလျိုသည် သူတို့ စကားပြောနေသည့်အကြောင်းကို အမှတ်ရသွားပြီး ကျင်းစစ်ကို သူ့အမှတ်များအကြောင်း မပြောရသေးသည်ကို ရုတ်တရက် မှတ်မိသွားကာ ချက်ချင်း QQ ကို ဖွင့်လိုက်လေသည်။
သို့သော် ကျင်းစစ်သည် ယခင်က လူဆိုးအပေအတေကောင် ဖြစ်ခဲ့သည့်အတွက် ဆရာလျိုသည် သူ့ကို နားပူနားဆာလုပ်သောကြောင့် စိတ်အနှောက်အယှက်ဖြစ်ကာ သူ့ကို ဖျက်ပစ်ထားလေ၏။
ဆရာလျို : "..."
ဆရာလျိုသည် ရယ်လိုက်ကာ ဆဲရေးလိုက်ပေမဲ့ စိတ်ထဲမထားပေ။
ဘယ်သူက လူဆိုးမဖြစ်ဖူးလို့လဲ...
ကျင်းစစ် လိုမျိုး အဆိုးအပေလေးကနေ ပြန်ပြီးတော်တက်ကောင်းမွန်လာမယ်ဆိုရင် တန်းခွဲ 7 ကကျောင်းသားတွေထက် သူဖျက်ပစ်တာကို ခံရတာပိုကောင်းနေသေးသည်။
သူက အတန်း၏ ဂရုကို ဝင်လိုက်ကာ စာရေးလိုက်လေသည်။
[လျိုရှစ်ချန်] : ကျင်းစစ်ရဲ့ သင်္ချာပြိုင်ပွဲ ရလဒ်တွေ ထွက်လာပြီ မင်းရဲ့ စုစုပေါင်းရမှတ်က 226မှတ်...မင်းရဲ့ ကြိုးစားပြီးရလာတဲ့ ရလဒ်အတွက် ဂုဏ်ယူပါတယ် ဆရာကမင်းအတွက် အရမ်း ဂုဏ်ယူပါတယ် ကျင်းစစ်ရေ
ကျင်းစစ်သည် သူ၏ ဖုန်းကို စစ်သည်မှာ ရှားလေသည်။ အဘယ့်ကြောင့်ဆိုသော် တန်းခွဲ 7 သည် အတန်းဂရုထဲတွင် အလွန်တက်ကြွသောကြောင့်ပင်။
သူနှင့် ဆန့်ကျင်ဘက်ဖြစ်သော ယင်းကျောင်းသည် ဖုန်း စခရင်မှ မက်ဆေ့ချ်များကို အရင် တွေ့သွားလေသည်။
သူသည် ထိုင်ခုံတွင် ထိုင်ကာ စာဖတ်နေသော ကျင်းစစ်ကို ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ကာ ဂရုထဲသို့ ဝင်လိုက်လေသည်။
[ယင်းကျောင်း] : ကျွန်တော် သတင်းတွေကို တွေ့တယ် အသိပေးတာ ကျေးဇူးပါ]
[လျိုရှစ်ချန်] : ယင်းကျောင်း ငါ့ကို ပြသနာ မရှာနဲ့ မင်းဘာထဖြစ်တာလဲ
[ယင်းကျောင်း] : ဟမ်! ဘယ်မှာ ပြသနာရှာလို့လဲ ဆရာအထင်လွဲနေပြီ ကျင်းစစ်က မမြင်လို့ ကျွန်တော်က သူ့အစား ဖြေပေးတာလေ
ထိုနေရာတွင် ဟယ့်ကျိုးနှင့် တခြားသူများသာဆိုလျှင် ဟယ့်ကျိုးသည် ချက်ချင်း သတိကြီးစွာ တုံ့ပြန်မည် ဖြစ်၏။ ထိုလူသည် တိတ်တဆိတ် ရှိုးကို လုပ်နေပြီး သူနှင့် စကားမပြောရန် ဆုံးဖြတ်ထားလေသည်။
သို့သော် ဆရာလျိုသည် အရမ်းသတိမကြီးဘဲ သူတို့နှင့် ပတ်သက်သော အတွေ့အကြုံများလည်း မရှိသေးပေ။ ယင်းကျောင်းလိုင်းပေါ်တွင် ရှိနေသေးသည်ကို တွေ့သောအခါ သူက ချက်ချင်း စာပြန်လိုက်လေသည်။
[လျိုရှစ်ချန်] : မင်းက စာပြန်ရအောင် မင်းအတွက် အရေးကြီးလို့လား မင်းအိမ်စာတွေ ပြီးပြီလား
[ယင်းကျောင်း] : ရေးလို့ပြီးသွားပြီ ကျင်းစစ် သင်ပေးတာ ဘာသာရပ်တွေအားလုံးကို သူသေချာသင်ပေးတာ
[လျိုရှစ်ချန်] : ဘာကို ပြောချင်နေတာလဲ မင်း ကျင်းစစ်နဲ့ တူတူရှိနေတာလား