အပိုင်း၆၃
Viewers 13k

Chapter 63

Chapter 63


သို့သော် ယင်းကျောင်းက အမြန်ရောက်လာပြီး ထိုလူများကို ဘာစကားမျှ မပြောဘဲ စတင် ရိုက်နှက်နေသည်မှာ ထိုလူများ၏အကြည့်တွင် သူ၏ မျက်နှာသည် ဝေးဝါးလာသည်အထိပင်။


ထိုလူသည် ယင်းကျောင်း၏ ကာကွယ်မှုအောက်တွင် ရှိနေမှန်းကိုသာ သိနေခဲ့ပါက သူတို့သည် သတ္တိများကို ရာနှင့်ချီ အပေးခံရလျှင်တောင် လုပ်ရဲမည်မဟုတ်ပေ။ 


အတင်း သွေးထိုးလှုံ့ဆော်လိုက်မိတာပဲ...


ဟယ့်ကျိုး  စိတ်ထဲတွင် ဆဲရေးလိုက်ပြီး သူတစ်ခုခု ပြောတော့မည့် အချိန်တွင် ကျင်းစစ်က ယင်းကျောင်းဆီသို့ ဘောလုံးကို ကိုင်ကာ အမူအရာမဲ့စွာဖြင့် တန်းတန်းမတ်မတ်လျှောက်လာသည်ကို တွေ့လိုက်ရ၏။


"ငါတို့ အစ်ကိုစစ်က နှလုံးသား နူးညံ့လွန်းတယ်" 


ကျန့်ချွယ်သည် ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။


 " အစ်ကိုကျင်းကဆက်မတိုက်ဖို့ သူတို့ကို ဖျောင်းဖျတော့မယ် လူအိုကြီးဟယ့် ငါတို့ဘယ်လို ဆက်တိုက်ပါ့မလဲ"


"ထားလိုက်ပါတော့" 


ဟယ့်ကျိုးသည် ခေါင်းမာသော ကျောင်းသားများကို ကြည့်လိုက်ပြီး ကျင်းစစ်ကို တစ်ဖန်ကြည့်လိုက်ပြန်သည်။


 " တကယ်တော့ အဲ့ကိစ္စက အစ်ကိုစစ်နဲ့ သက်ဆိုင်တာလေ သူက ကျောင်းသားကောင်းလေးဆိုတော့ သူ့ကို ပြသနာ မဖြစ်စေနဲ့ပေါ့"


"ကျွန်တော်က ဒီနေ့တော့ လက်တွေခြေထောက်တွေ ကို လေ့ကျင့်ခန်းလုပ်လို့ရပြီလို့ ထင်တာ အစ်ကိုစစ်ကိုတောင် ရိုက်ရဲတယ်ဆိုတော့ ဒီကောင် တော်တော် သတ္တိရှိတာပဲ"


ဟယ့်ကျိုးက မျက်မှောင်ကြုံ့လိုက်လေသည်။


" အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့ အစ်ကိုစစ်က ငါတို့လို မဟုတ်ဘူး ပြီးတော့ မင်း အစ်ကိုကျောင်းရဲ့ တိုက်တဲ့ ပုံစံကို ကြည့်လိုက် မင်းသာဆိုရင် အတော်ကြာတဲ့ အထိ လူတစ်ယောက်လောက်ကိုတောင် ရိုက်နိုင်ပါ့မလား"


ယင်းကျောင်းနှင့် သူတို့ သူငယ်ချင်းဖြစ်လာသည်မှာ ဆယ်နှစ်ထက်ကြာနေပြီ ဖြစ်သော်လည်း ယင်းကျောင်း ရန်ဖြစ်တိုက်ခိုက်သည့်အချိန်တိုင်းတွင် ဟယ့်ကျိုးသည် သူ၏ ရက်စက်မှုကြောင့် ကြောက်လန့်နေရတုန်းပင် ဖြစ်သည်။


ထိုအချိန်တွင် ကျင်းစစ်သည် သူ့ကို ဖျောင်းဖျရန် အကောင်းဆုံးလူ ဖြစ်လေသည်။ ယင်းကျောင်းက တိုက်ခိုက်ရာတွင် ထိန်းချုပ်မှုလွတ်ပြီး အခြားသူများကို အမှတ်တမဲ့ ထိခိုက်စေတတ်သည်။ သို့သော် ယင်းကျောင်းသည် ကျင်းစစ်ကိုတော့ အမှတ်တမဲ့ဖြင့်ပင် လုံးဝ ထိခိုက်စေမည် မဟုတ်ပေ။


ကျန့်ချွယ်သည် ခေါင်းကို ဆန့်လိုက်ကာ သူ၏ နောက်မှ အားကစားသမားကျောင်းသားများကို ကြည့်လိုက်သည်။


"ဟုတ်တယ်"


ထိုအားကစားသမားကျောင်းသားများသည် အရိုက်ခံနေရသည်မှာ သူတို့ မဟုတ်၍ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ သို့သော် သူတို့၏ သူငယ်ချင်းကို ရိုက်နှက်နေသူမှာ ယင်းကျောင်း ဖြစ်သောကြောင့် ဝင်၍ မဖျောင့်ဖျရဲပေ။ ၎င်းသည် သူတို့၏ သူငယ်ချင်းကို သွယ်ဝိုက်စွာ ကူညီလိုက်ခြင်း ဖြစ်ပေသည်။


အားကစားသမားကျောင်းသားများသည် သူတို့၏ စိတ်ထဲတွင် တိုးတိုးတိတ်တိတ် တွေးလိုက်လေသည်။ 


တခါတလေမှာ စားဂျပိုးဖြစ်ရတာ ကောင်းတယ်...


လူအားလုံး၏ မျှော်လင့်နေသော အကြည့်များအောက်တွင် ကျင်းစစ်သည် နှောင့်နှေးမနေဘဲ လျှောက်သွားလိုက်သည်။


သို့သော် သူတို့ထင်နေသော ယင်းကျောင်းကို လာဖျောင်းဖျသည့် ကျင်းစစ်သည် ဘတ်စကတ်ဘောလုံးကို ကိုင်ကာ စကားတစ်ခွန်းမဆိုဘဲ သူ့ကိုရိုက်ခဲ့သော ကျောင်းသား၏ ခေါင်းကို ဘောလုံးဖြင့် နှစ်ကြိမ်တိုင်တိုင် ပေါက်လိုက်လေ၏။


(Eng T/n : အရိုက်ခံနေရတဲ့ တစ်ယောက်)


ဟယ့်ကျိုး, ကျန့်ချွယ်, ဖန်ချန်းချန်း, တန်းခွဲ 7 မှ ကျောင်းသားများ : "..."


မျှော်လင့်နေကြသော အားကစားသမားကျောင်းသားများ : "..."


ကျန့်ချွယ် အံ့အားသင့်နေကာ အရှေ့သို့ ပါးစပ်ကြီးဟ၍ ကြည့်နေပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်လေသည်။


" လူအိုကြီးဟယ့် ငါအမြင်မှားတာလား အဲ့ဒီလူက အစ်ကိုစစ်လား"


ဟယ့်ကျိုးသည် သူ့လည်ပင်းကို ဆန့်လိုက်ကာ သူ့ပါးစပ်သည် အကျယ်ကြီး ဟသွားပြီး စကားပင် ချောချောမွေ့မွေ့ မပြောနိုင်တော့ပေ။


" ဟုတ်တယ် ဟုတ်တယ်"


ကျန့်ချွယ်ခမျာ မယုံကြည်နိုင်သေးပေ။


 " အစ်ကိုစစ်က အရမ်းကို ရက်စက်တဲ့လူ ဖြစ်နေတာပဲ"


ဖန်ချန်းချန်းသည် သူ၏ မျက်နှာကို သုတ်လိုက်ကာ မျက်လုံးများသည် ရှုပ်ထွေးနေလေသည်။


" နောက်ဆုံးတော့ သူက အစ်ကိုကျောင်း သဘောကျတဲ့ လူပဲလေ"


"မဟုတ်သေးပါဘူး..." 


ဟယ့်ကျိုးသည် စိတ်လျော့လိုက်ကာ သူ့နှလုံးသားထဲမှ အံ့အားသင့်မှုများကို ထိန်းချုပ်လိုက်ပြီး ပြောလိုက်သည်။


 " အဲ့ဒါက သူ့ကို ရိုက်တဲ့ အားကစားသမားကျောင်းသားမလား"


ကျန့်ချွယ်သည် ပြန်လည်၍ သတိမဝင်သေးဘဲ သူသည် စက်ရုပ်သကဲ့သို့ ပြောလိုက်၏။


" ဟုတ်တယ်နဲ့တူတယ်..."


"ဟေး" ဟယ့်ကျိုးသည် သက်ပြင်းချလိုက်လေသည်။


သူတို့သာ ဆက်၍ တိုက်ခိုက်နေလျှင် တစ်ခုခု ဖြစ်တော့မည်ကို စိုးရိမ်ကာ ထိုနေရာသို့ လျှောက်သွားပြီး ပြောလိုက်သည်။


"မင်းတို့ စုံတွဲတွေကတော့ ...အာ..."


သူကိုယ်တိုင်၏ပါးစပ်ကို ခပ်ကြမ်းကြမ်းရိုက်ကာ ပြောလိုက်သည်။


" ထပ်ပြီးရန်မဖြစ်နဲ့တော့ ပြီးသွားပြီလေ"


ကျင်းစစ်က ရန်ဖြစ်ရသည်ကို ကြိုက်သူမဟုတ်သောကြောင့် ဟယ့်ကျိုး၏ စကားများကို ကြားလိုက်ရသောအခါ သူ၏လက်မောင်းထဲတွင် ဘတ်စကတ်ဘောကို ကိုင်ကာ အနောက်သို့ ဆုတ်သွားလိုက်သည်။


သူနှင့် ခြားနားစွာ ယင်းကျောင်းသည် မျက်မှောင်ကြုံ့ကာ ဟယ့်ကျိုးကို လျစ်လျူရှုလိုက်ပြီး ထိုနေရာသို့ ထပ်သွားပြန်သည်။


ဟယ့်ကျိုးက သူ့ကို ဆွဲထားလိုက်ရသည်။


 " အစ်ကိုကျောင်း ပြီးသွားပြီလေ အစ်ကိုစစ်ကို ပြသနာ ဖြစ်အောင် မလုပ်ပါနဲ့"


"သွားခွင့်ပေးစမ်းပါ" 


ယင်းကျောင်းက ဟယ့်ကျိုး၏ လက်ကို ဆွဲဖယ်လိုက်ကာ ရှေ့သို့ခြေတစ်လှမ်း လျှောက်သွားလိုက်ပြီး အားကစားသမားကျောင်းသား၏ မျက်နှာကို ရိုက်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။


 " ကျင်းစစ်မှာ OCD (အစွဲအလန်းလွန်ရောဂါ)  ရှိတယ် ဒီကောင်က နှစ်ဖက်ညီညီ ရုပ်ဆိုးမှ ဖြစ်မယ် တစ်ဖက်တည်းမှာပဲ ခြေဖဝါးရာ ရှိတော့ နောက်တစ်ဖက်ကိုပါ ထပ်လုပ်ပေးလိုက်မယ်"


ဟယ့်ကျိုး : "..."


တစ်ခုခု ဖြစ်နေကြောင်းကို ခံစားမိ၍ ရောက်လာသော ကာယဆရာ : "..."


ဘာလိုကြီးတုန်း...တိုက်ခိုက်ရန်ဖြစ်တာကို ထည့်မတွက်နဲ့ဦး ဒီလောက်တောင် မောက်မောက်မာမာနဲ့တိုက်ခိုက်နေတယ်ပေါ့လေ ငါက သေနေတဲ့ ဆရာ မလို့လား...


"ဒုတိယနှစ် တန်းခွဲ 7 ကကောင်တွေနဲ့ စီနီယာတန်း တန်းခွဲ 19ကကောင်တွေ ရန်ဖြစ်နေတယ်ပေါ့ မင်းတို့ အကုန် လာကြစမ်း..."


ကျင်းစစ်၏ လက်ထဲတွင် ဘတ်စကတ်ဘောလုံးကို ကိုင်ထားတုန်းပင်။ သူသည် တခြား သူများ ကစားရန် မနှောင့်နှေးစေချင်သောကြောင့် တခြားသူများကို ဘောလုံးအားပေးချင်ခဲ့လေသည်။ 


သို့သော် သူခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် တန်းခွဲ 7မှ ကောင်လေးများသည် ချက်ချင်း သူတို့၏ ခေါင်းများကို မသိစိတ်အရ ကာကွယ်လိုက်လေ၏။


ကျင်းစစ် : "..."


ကျင်းစစ် ဘောလုံးကို မြှောက်လိုက်ပြီး "မင်းတို့ ..."


တန်းခွဲ 7 မှ ကောင်လေးများသည် သူတို့၏ ခေါင်းများကို ကိုင်ကာ အတူတူပုန်းလိုက်ကြလေသည်။


ကျင်းစစ် : "..."


ကျင်းစစ် ကူကယ်ရာ မဲ့စွာဖြင့် ဆောင့်ကြောင့် ထိုင်လိုက်ကာ ဘောလုံးကို သူတို့ဆီသို့ လှိမ့်လိုက်လေသည်။ ထို့နောက် လှည့်ကာ ကာယဆရာနောက်သို့ လိုက်သွားလိုက်သည်။


ငါးမိနစ်ကြာသောအခါ ယင်းကျောင်း ကျင်းစစ် လီကျိုးနှင့် အားကစားသမားကျောင်းသားများ အဖွဲ့တို့သည် ဒုတိယနှစ် သိပ္ပံ ရုံးခန်းသို့ ဝင်လိုက်ကြသည်။


ဆရာလျိုက စိတ်အခြေအနေကောင်းနေသောကြောင့် စိတ်တိုသည်အားလျော့ချပေးသော ဂန္ဓမာလက်ဖက်ရည်ကို မသောက်ဖြစ်သည်မှာ ကြာပြီ ဖြစ်လေသည်။ သူ၏ သင်ခန်းစာ အစီအစဥ်များကို ပျော်ရွှင်စွာ ရေးနေချိန်တွင် သူသည် တန်းခွဲ 11 မှဆရာ၏ နေရာဘက်သို့ ကြည့်လိုက်မိလေသည်။


အားလပ်ရက် မတိုင်ခင်တွင် ဆရာလျိုသည် တန်းခွဲ 11 မှ ဆရာအား ရှာကာ ချောင်အန်းယန်မှ သူ၏ အတန်းသားကောင်လေးဆီသို့ ရည်းစားစာ ပေးသည့် အကြောင်းကို ပြောပြလိုက်လေသည်။


ဆရာရှုသည် တန်းခွဲ 11 မှ အတန်းပိုင်ဖြစ်ပြီး ထိုအကြောင်းကို မည်သို့ ပြောပြရမည်အားမသိသောကြောင့် ချောင်အန်းယန်ဆီသို့သာ တိုက်ရိုက်သွားလိုက်၏။


သူသည် တခြားသူများမရှိသော နေရာကို ဆရာလျိုကဲ့သို့ ရှာမနေဘဲ ရုံးခန်းတွင်သာ တိုက်ရိုက်ပြောလိုက်လေသည်။


ဆရာလျိုသည် သူ့အား သတိပေးလျှင် ကောင်းမလားဟု တွေးနေချိန်တွင် ရုံးခန်းသည် ရုတ်တရက် တွန်းဖွင့်ခံလိုက်ရကာ လူအများအပြား ဝင်လာကြတော့၏။


__


ထိုထဲမှ တစ်ယောက်သည် ကိုယ်တစ်ပိုင်း သေနေသကဲ့သို့ဖြစ်နေကာ တစ်စုံတစ်ယောက်သည် ထိုလူအားတွဲပေးထားရလေသည်။ ထိုလူ၏ မျက်နှာ တစ်ခြမ်းတွင် ခြေဖဝါးရာကြီး ရှိနေကာ ယိမ်းထိုးနေပြီး နောက်တစ်စက္ကန့်တွင် သတိလစ်တော့ မတတ်ပင်။


ကျစ် ကျစ် ကျစ် !


ဆရာလျို နှင်းဆီလက်ဖက်ရည် တစ်ငုံအားသောက်ကာ သူ့နှလုံးသားထဲတွင် သက်ပြင်းချလိုက်လေသည်။ 


ဘယ်အတန်းက သားရဲကောင်လေးတွေက ထပ်ပြီး ပြသနာ ရှာလိုက်ပြန်တာတုန်း...


သူ့ပါးစပ်ထဲမှ လက်ဖက်ရည်ကို မမျိုချရသေးခင် ကာယဆရာ၏ အသံကျယ်ကြီးကို ကြားလိုက်ရလေသည်။


" ဒုတိယနှစ် တန်းခွဲ 7 က ကျောင်းသားတွေ ထွက်လာပြီး မင်းတို့ဘာလို့ ရန်ဖြစ်လဲဆိုတာကို မင်းတို့ရဲ့ အတန်းပိုင်ဆရာကို ပြောပြလိုက်"


ဆရာလျိုသည် သူ၏ပါးစပ်ထဲမှ ငုံထားသော လက်ဖက်ရည်ကို ထွေးထုတ်မိတော့မလိုပင် ဖြစ်သွားလေသည်။ သူသည် ခွက်ကို ချထားလိုက်ကာ မတ်တတ်ရပ်လိုက်ပြီး မှောင်မိုက်နေသော မျက်နှာဖြင့် ကြည့်လိုက်သောအခါ ထိုလူအများကြားထဲမှ သူ၏ အတန်းသားသုံးယောက်ကို ​တွေ့လိုက်ရ၏။


ယင်းကျောင်းကို တွေ့ရတာ အံ့ဩစရာ မဟုတ်ပေမဲ့ ကျင်းစစ်က ရန်ဖြစ်တယ် ဟုတ်လား...


သူတို့များ မှားနေကြတာလား...


ဆရာလျိုသည် မျက်မှောင်ကြုံ့လိုက်ကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။


" ယင်းကျောင်း မင်းပြော ဘာဖြစ်တာလဲ"


ယင်းကျောင်းက မပြောခင် ရုံးခန်း တံခါးသည် ထပ်၍ ပွင့်သွားပြီး ကျောင်းအုပ်ကြီးသည် အပြုံးဖြင့် ဝင်လာသည်။


 " ဘာလို့ လူတွေအရမ်းများနေကြတာလဲ ဘာဖြစ်တာလဲ"


ကျင်းစစ်၏ ရလဒ်များကို သိပြီးသောအခါ ကျောင်းအုပ်ကြီးသည် စိတ်လှုပ်ရှားလွန်း၍ ရက်အတော်ကြာသည်အထိ အိပ်မပျော်နိုင်ပေ။


အကယ်၍ ကျင်းစစ်သာ နိုင်ငံ့လေ့ကျင့်ရေးအသင်းသို့ ဝင်နိုင်သွားပါက ၎င်းသည် ကျောင်းနှင့် ပြည်နယ်စုအတွက် ဂုဏ်ရှိသည်သာမက သူ၏ လုပ်ငန်းအသက်မွေးလမ်းကြောင်းကိုလည်း အကူအညီပေးမည်ဖြစ်၏။


တက္ကသိုလ် ဘာသာရပ် ငါးခု ပြိုင်ပွဲအား ကျင်းပနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်ပြီး အခြားပြည်နယ်များတွင် ဂျူနီယာနှစ် ကျောင်းသားများသည်ပင် ဖိုင်နယ်သို့ ဝင်နိုင်လေသည်။ သို့သော် တုန်းဟိုင်သည်တော့ အနည်းဆုံးသော နံပါတ်နေရာများကိုသာ ထိန်းထားနိုင်လေသည်။


၎င်းအချင်းအရာကြောင့် တုန်းဟိုင်ပြည်နယ်စု၏ ပညာရေးသည် ပေါ်တင်ရော တိတ်တိတ်လေးရော အလှောင်ခံရတတ်သည်။ ထို့ကြောင့် သူ၏ ကျောင်းအုပ်ရာထူးဖြင့် တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းတွင် အုပ်ချုပ်နေချိန်၌ သူသည် နိုင်ငံ့လေ့ကျင့်ရေးအသင်းကို ဝင်နိုင်သော ကျောင်းသားတစ်ဦးအား မွေးထုတ်ပေးနိုင်သည် ဆိုပါက ၎င်းသည် ကြီးကျယ်ခန်းနားသော အောင်မြင်မှုကြီး ဖြစ်မည်မှာ အမှန်အကန်ပင်။


ကျောင်းအုပ်သည် တောင့်ခံပြီးရင်း တောင့်ခံပေမဲ့ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် လှေကားအောက်သို့ တိတ်တိတ်လေး ဆင်းသွားလိုက်လေသည်။


ဆရာလျိုသည် စာသင်ကြားနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း ကျင်းစစ်ကဲ့သို့သော ကောင်းမွန်သော မျိုးစေ့လေးကို အခြားသူများအားပေးရန် ပေးလိုက်ရမည်အား စိုးရိမ်စရာ မလိုဘဲ သူကိုယ်တိုင် ကျင်းစစ်၏ သင်ကြားနေသည့် အခြေအနေများကို တွေ့မြင်နိုင်၏။


သို့သော် ကျောင်းအုပ် သွားရှာချိန်သည် မနက်ခင်း၏ လေးချိန်မြောက် အတန်းဖြစ်ပြီး တိုက်ဆိုင်စွာပင် ကာယအတန်းချိန်နှင့် ဆုံလေသည်။


ကျောင်းအုပ်ကြီး စိတ်လှုပ်ရှားစွာ ရောက်လာခဲ့သော်လည်း လူမရှိသော အတန်းအလွတ်ကို တွေ့ရမည်လို့တော့ မထင်ခဲ့ချေ။ မဖြစ်နိုင်တော့သောကြောင့် သူသည် စိတ်ပျက်အားလျော့စွာ ပြန်သွားပြီး နောက်အတန်းချိန်ကျရောက်လာရန် စောင့်မျှော်နေလေသည်။


ဒုတိယနှစ် သိပ္ပံ ရုံးခန်းမှ ဖြတ်လာချိန်တွင် ကျောင်းအုပ်ကြီးသည် ရုံးခန်းထဲတွင်တစ်ခုခု ဖြစ်နေသကဲ့သို့ လူအများအပြားရောက်နေသည်ကို တွေ့လိုက်ရသောကြောင့် ဘာဖြစ်နေသည်ကို ကြည့်ရန် အထဲသို့ ဝင်လိုက်သည်။


ထိုကိစ္စတွင် ယင်းကျောင်းသည် ဘာဖြစ်သည်ကို မသိပေ။ ကျင်းစစ် အရိုက်ခံလိုက်ရသည်ကို တွေ့သောအခါ သူသည် ပြသနာ ရင်းမြစ်ကို ရှာရန် စိတ်မဝင်စားဘဲ တိုက်ရိုက်သာ တိုက်ခိုက်ရန်ဖြစ်လိုက်လေသည်။


ကံကောင်းထောက်မစွာဖြင့် လီကျိုးသည် လိမ္မာပါးနပ်သောကြောင့် အနိုင်ကျင့်သော ကျောင်းသားများ၏ အနိုင်ကျင့်နေချိန် ပုံစံများကို လက်ဟန်ခြေဟန်များနှင့် စိတ်လှုပ်ရှားမှုများဖြင့် ရှင်းလင်းစွာ ဖော်ပြလိုက်လေသည်။


အစပိုင်းတွင် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသော ဆရာများသည် ထိုအားကစားသမားကျောင်းသားများက ကျင်းစစ်အား ရိုက်သည်ကို ကြားလိုက်ရသောအခါ သူတို့၏ အမူအရာများသည် ချက်ချင်း ပြောင်းလဲသွားကြသည်။


ဆရာလျိုနှင့် ကျောက်ဖုန် တို့၏ မျက်လုံးထဲတွင် လူသတ်ချင်နေသယောင် အကြည့် ဖြစ်ပေါ်လာတော့၏။


အခု တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းမှာ အရေးအကြီးဆုံးက ဘာလဲ...


၎င်းသည် လာတော့မည့် ကျောင်းဖိုင်နယ် စာမေးပွဲလည်း မဟုတ်သလို ဝင်ခွင့်နှုန်းလည်း မဟုတ်ပေ။ ကျင်းစစ်၏ နိုင်ငံ့သင်္ချာ လေ့ကျင့်ရေးအသင်းထဲသို့ ဝင်နိုင်ရန်သာ ဖြစ်လေသည်။


ဒါပေမဲ့ အခု ကျင်းစစ်က နိုင်ငံ့လေ့ကျင့်ရေးအတွက် ဖိုင်နယ်ဖြေဖို့ တစ်လပဲလိုတော့တဲ့အချိန်မှာ အရိုက်ခံလိုက်ရတယ် ...


အရိုက်ခံလိုက်ရတာက လက်တွေ ခြေတွေ နောက်ကျောတွေ မဟုတ်ဘဲ ခေါင်းကို ...


ဒီ အားကစားသမား ကျောင်းသားက အဓိက ချက်ကောင်းကို ဘယ်လိုရွေးရမလဲ သိပ်သိတာပဲ...


"မင်းပြောလိုက်တာက ..." 


ကျောင်းအုပ်ကြီးသည် ရှေ့တိုးလိုက်ကာ လီကျိုးကို မေးလိုက်သည်။


" သူက ကျင်းစစ် ခေါင်းကို ရိုက်လိုက်တယ် ဟုတ်လား"


လီကျိုးသည် ပုံကြီးချဲ့ရာတွင် အထူးတော်လေသည်။ ကျောင်းအုပ်ကြီးမေးသည်ကို ကြားလိုက်ရသောအခါ ခေါင်းငြိမ့်ပြီး ယဥ်ယဥ်ကျေးကျေးလေးဖြေပေးလိုက်သည် ။


" ဟုတ်တယ် အစ်ကိုစစ် ခေါင်းကို ဘတ်စကတ်ဘောလုံးနဲ့ အရမ်းကြီးကို ပစ်ပေါက်လိုက်တာ"


ဘတ်စကတ်ဘောလုံးနဲ့ အပစ်ခံရတယ်...


ဘတ်စကတ်ဘောလုံးနဲ့ !


အပစ်ခံရတယ် !


ကျောင်းတစ်ကျောင်းလုံး ပြည်နယ်တစ်ခုလုံးတင် မဟုတ်ဘဲ သူ့ရဲ့ အနာဂါတ်ကပါ ကျင်းစစ် အပေါ်မူတည်နေတာကို ... ကျင်းစစ်ကို ဂရုစိုက်ဖို့ ပြောပြီးတာမှ နှစ်ရက် ရှိသေးတာကို ခေါင်းကို ဘောလုံးနဲ့ အပစ်ခံလိုက်ရတယ်  ဟုတ်စ...


ကျောင်းအုပ်ကြီးသည် အသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏ အကြည့်များသည် အားကစားသမားကျောင်းသားများအဖွဲ့ပေါ်သို့ ကျရောက်သွားသည်။


အားကစားသမား ကျောင်းသားများသည် သူတို့နောက်ကျောများ အေးစိမ့်လာသည်ကို ခံစားလိုက်ရကာ သူတို့ကြောက်ရွံ့လာကြ၏။


ကျောင်းအုပ်ကြီးသည် သူတို့ကို လျစ်လျူ ရှုလိုက်ကာ ကျင်းစစ်ဘက်သို့ လှည့်လိုက်ပြီး ကြင်နာစွာ မေးလိုက်သည်။


" မင်းအခု ဘယ်လိုနေလဲ နေလို့မကောင်းတဲ့ နေရာများ ရှိလား"


ကျင်းစစ်သည် ရုံးခန်းထဲသို့ ဝင်လိုက်ကတည်းကရင်းနှီးနေသော ခေါင်းကိုက် ဝေဒနာကို ခံစားလိုက်ရလေသည်။ တစ်ခန်းလုံးအနှံ့ လိုက်ကြည့်လိုက်ပြီးနောက် ချောင်အန်းယန်၏ အမုန်းများဖြင့် အကြည့်များကို တွေ့လိုက်ရသည်။


ယခင် တွေဆုံပွဲ အချို့တွင် ချောင်အန်းယန်သည် သူ့အပေါ် မလိုမုန်းထားမှု မရှိသောကြောင့် သူ၏ ခေါင်းသည် မနာကျင်ပေ။ သို့သော် နောက်ဆုံးစာမေးပွဲ ပြီးသွားသည့်အချိန်တည်းက ချောင်အန်းယန်သည် သူ့အပေါ် ပို၍ ပို၍ မလိုမုန်းထားလာလေသည်။ ထို့ကြောင့် ချောင်အန်းယန်ကို ကျင်းစစ်တွေ့တိုင်း သူ၏ ခေါင်းသည် ပို၍ နာကျင်လာ၏။


ထိုအခိုက်အတန့်တွင် သူ၏ နားထင်များသည် ပို၍ ခုန်ပေါက်လာပြီး သူ၏ ပုံစံကို တည်ငြိမ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။ ကျောင်းအုပ်ကြီး၏ မေးခွန်းကို ကြားလိုက်ရသောအခါ မသိစိတ်အရ ဖြေလိုက်မိသည်။


" ခါင်းကိုက်တယ်"


ခေါင်းကိုက်တယ်...


ထိုစကား နှစ်လုံးကို ကြားလိုက်ရသောအခါ ကျောင်းအုပ်ကြီးသည် ကျင်းစစ်၏ မေ့လဲတော့မလို ဖြူဖျော့နေသော မျက်နှာကို ထပ်ကြည့်လိုက်မိသည်။


ခေါင်းတော့ မကွဲသွားလောက်ပါဘူးနော်...


ဖိုင်နယ်က သိပ်မကြာခင် စတော့မှာ တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်ရပါ့မလဲ..


ကျောင်းအုပ်ကြီးသည် သူ၏ စိုးရိမ်ပူပန်မှုများနှင့် ဒေါသများကို စိတ်ထဲတွင် ထိန်းချုပ်ထားလိုက်ပြီး ဆရာလျိုကို ပြောလိုက်သည်။


 " ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ် ဆရာလျို မင်း ကျင်းစစ်ကို ဆေးခန်းကို အရင် ခေါ်သွားလိုက်ပြီး စစ်ဆေးလိုက်"


သူတွေးပြီးတဲ့နောက် ထပ်ပြောလိုက်သည်။


 " ကျောင်းဆေးခန်းကို မသွားနဲ့ အပြင်က ဆေးရုံကိုသွား"


"မင်းတို့ကတော့..." 


ကျောင်းအုပ်ကြီးသည် အားကစားသမားကျောင်းသားများဘက်သို့ လှည့်ကာ ပြောလိုက်၏။


" မင်းတို့ အားလုံး ငါ့နောက်လိုက်ခဲ့"


အဆုံးတွင် သူတို့အားလုံးသည် ကလေးများသာ ဖြစ်လေသည်။ သူတို့၏ ပထမနှစ်ကျောင်းဖွင့်ပွဲတွင် ကျောင်းအုပ်ကြီးအား ပထမဆုံးတွေ့ခဲ့လေသည်။ သို့သော် ယခုတွင် ကျောင်းအုပ်ကြီးကိုယ်တိုင် ရုံးခန်းသို့ အခေါ်ခံလိုက်ရသောအခါ သူတို့သည် အလွန် စိတ်ပူသွားကြသည်။


ဘာလို့များ ကျင်းစစ်ကိုမှ သွားရန်စမိတာလဲ... အခု ဘတ်စကတ်ဘော ကစားဖို့ မပြောနဲ့ ဘတ်စကတ်ဘောကြောင့် ဘဝ တစ်ခုလုံးမှာ မသိစိတ်အရ အရိပ်မည်းကြီး ကျန်ခဲ့တော့မှာ

...


ကံအဆိုးဆုံးကျောင်းသားသည် အရိုက်ခံရသော ကျောင်းသား ဖြစ်လေသည်။ ယင်းကျောင်းက လူတစ်ယောက်အားရိုက်လျှင် မျက်နှာအား မရိုက်ဘဲ ထိုလူ၏ အနာကျင်ဆုံး အပိုင်းများကိုသာ ရွေး၍ ရိုက်နှက်တတ်​လေသည်။ ထိုကျောင်းသားသည် မေ့လျော့ မတတ်ဖြစ်နေပေမဲ့ သူ့၏ မျက်နှာပေါ်တွင် ခြေရာနှစ်ခုမှလွဲ၍ အခြားဒဏ်ရာမရှိပေ။


သူသည် ထိုအချိန်တွင်နာကျင်စွာ ညည်းညူလိုက်သော်လည်း ကျောင်းအုပ်ကြီးပင် မပြောနှင့် သူ့သူငယ်ချင်းများ မယုံကြည်မည်ကိုပင် စိုးရိမ်နေရလေသည်။


"ရော့" 


ကျောင်းအုပ်ကြီးက အံဆွဲကို ဖွင့်လိုက်ကာ စီထားသော စာရွက်နှင့် ဘောပင်ကို ထုတ်လိုက်ပြီး ထိုအစုံလိုက် စာရွက်များကို အားကစားသမားကျောင်းသားများဆီသို့ ပေးလိုက်သည် ။


" ယူလိုက်"


ထိုကျောင်းသားများသည် သူ့ကို ပဟေဠိ ဖြစ်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။