Chapter 64
ကျောင်းအုပ်ကြီးက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
" မင်းတို့ တိုက်ခိုက်ခဲ့တဲ့ ကျင်းစစ်က အရင်လ စာမေးပွဲမှာ 747 မှတ်တောင်ရခဲ့တာ မင်းတို့ သူ့ခေါင်းကို ရည်ရွယ်ချက်ရှိရှိ ရိုက်ခဲ့တာဆိုတော့ မင်းတို့က ဒီအမှတ်ကို အထင်သေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်"
"ဆရာထင်တာတော့ မင်းတို့က အရမ်းတော်ပြီး ရည်မှန်းချက်ကြီးလောက်တယ် "
သူ ဘယ်ဘက် ခပ်ဝေးဝေးမှ ကျောင်းသားကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
" မင်းနဲ့ စကြတာပေါ့ မင်းရဲ့ နောက်ဆုံးစာမေးပွဲက စုစုပေါင်းအမှတ်ကို ဆရာ့ကိုပေး"
တုန်းဟိုင်စီရင်စု အထက်တန်းကျောင်းတွင် နောက်ဆုံးပညာသင်နှစ်ဝက်ကာလအတွက် စာမေးပွဲ မရှိဘဲ ဘိုင်အို-Bio သည်လည်း မစသေးသောကြောင့် စုစုပေါင်းအမှတ်ပြည့်သည် 950 မှတ်ဖြစ်လေ၏။
အားကစားသမား ကျောင်းသားများသည် ကျောင်းအုပ်ကြီး ဘာလုပ်ချင်နေသည်ကို မသိသောကြောင့် သူတို့၏ အမှတ်များကို တုန်ယင်စွာ တင်ပြကြလေသည်။
ဘာတွေဖြစ်နေသည်ကို သူတို့ မသိပေ။ သူတို့သည် ယခင်က သိသာစွာ ယဉ်ကျေးမှု အတန်းများကို ဂရုမစိုက်ပေ။ သို့သော် ကျင်းစစ်၏ ရမှတ်များအကြောင်းကို ကြားသောအခါ သူတို့၏ ကိုယ်ပိုင် အမှတ်များကို ပြန်တွေးကြည့်လိုက်ပြီးနောက် မရှင်းပြနိုင်သော ရှက်ရွံ့မှုများသည် သူတို့နှလုံးသားထဲတွင် ရုတ်တရက် ပေါ်ပေါက်လာကြ၏။
ကျောင်းအုပ်ကြီးက ခေါင်းငြိမ့်လိုက်သည်။
" အများဆုံးက 290 နဲ့ အနည်းဆုံး 189ပဲ 747မှတ်ရအောင် ဖြေနိုင်လာတဲ့လူက ပေါ့ပေါ့ပါးပါး ဖြေလာတယ်လို့ မင်း ထင်ထားတည်းက မင်းတို့ရဲ့ ကိုယ်ပိုင် ရလဒ်တွေပေါ်မှာ တော်တော်လေး ယုံကြည်ချက်မြင့်တာပဲ"
"ဒီလိုလုပ်ရအောင် ဆရာ မင်းတို့အတွက် ပန်းတိုင် တစ်ခု ထားပေးမယ် ဖိုင်နယ် စာမေးပွဲမှာ စုစုပေါင်း ရမှတ် 350 မှတ်ထက်ပိုရမယ် မရတဲ့လူတွေက ..."
ကျောင်းအုပ်ကြီးက အပြုံးလေးဖြင့် သူတို့အား ကြည့်လိုက်ပြီး" ဆက်ပြီး ကစားလို့ မရတော့ဘူး"
၎င်းသတင်းဆိုးကြီးကို ကြားလိုက်ရသောအခါ အားကစားသမားကျောင်းသားများသည် မိုးကြိုးပစ်ခံရသလို ဖြစ်ကာ သူတို့သည် ရုတ်တရက် မေ့လဲမတတ်ပင်။
ဒီလို အပြစ်ပေးခံရတာနဲ့ စာရင် အရိုက်ခံ အဆူခံရတာကမှ ကောင်းဦးမယ်...
ကြောက်ဖို့ကောင်းလိုက်တာ 350 မှတ်တောင် အဲ့ဒါက လူရနိုင်မယ့် အမှတ်လား...
747 မှတ်အကြောင်းကို ထပ်ကြားလိုက်ရသောအခါ ထိုကျောင်းသားများသည် သူတို့ ရန်မစသင့်သောလူကို ရန်စခဲ့မိကြောင်း ချက်ချင်း နားလည်သွားလေသည်။
ယင်းကျောင်းဆီက ဒေါသတကြီးအရိုက်ခံရပြီးပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုက စတင်လာပြန်ပြီလား...
"နောက်တစ်ခု ကျန်သေးတယ်"
ကျောင်းအုပ်ကြီးသည် သူတို့၏ ဖြစ်ပျက်နေသော မျက်နှာများကို ကျေနပ်စွာ ကြည့်ကာ ဆက်ပြောလိုက်၏။
" အခုကစပြီး မင်းတို့ရဲ့ သုံးသပ်ချက်တွေကို ရေးရမယ် မင်းတို့က ပျက်ဆီးပြီး စည်းကမ်းမလိုက်နာတဲ့ အတန်းဖော်တွေကို အနိုင်ကျင့်သူတွေပဲ မင်းတို့ အများကြီး ရေးဖို့ မလိုပါဘူး စာလုံးရေ သုံးထောင် လောက်ပါပဲ"
ကျောင်းအုပ်ကြီးသည် လက်ဖက်ရည်ခွက်ကို ယူလိုက်ကာ တစ်ငုံကို ဖြည်းညှင်းစွာ သောက်လိုက်ပြီး ပြောလိုက်သည်။
" မင်းတို့ ရေးပြီးသွားရင်လည်း ငါစစ်ကြည့်ချင်တယ် ကျောင်းမှာ ထုတ်ဝေတဲ့ စာစောင်ထဲကိုလည်း ထည့်ချင်တယ် တကယ်လို့ မင်းတို့ရေးထားတာတွေ တူနေမယ် ဆိုရင် နောက်ထပ် စာလုံး နှစ်ထောင် တိုးပြီး ရေးပေးရမယ် အိုကေပြီနော် စလိုက်ရအောင်"
တစ်စုံတစ်ယောက်ကို ရိုက်နှက်မိခြင်းသည် တခဏတာအတွက်သာ လန်းဆန်းစေသော်လည်း ပြောင်းလဲမှု အကြီးစားကြီးကြောင့် မျက်ရည်တွင်းကြီး ဖြစ်သွားရလေသည်။
ရုံးခန်းထဲတွင် အားကစားသမားကျောင်းသားများ၏ ပခုံးများသည် ကျုံ့နေကာ တောင့်တင်းနေသော လက်များဖြင့် သုံးသပ်ချက်ရေးရန် ကြိုးစားနေကြလေသည်။ ထို့နောက် မရရှိနိုင်သော အမှတ်ပေါင်း 350 ကို တွေးလိုက်မိသောအခါ ထွက်ပြေးပြီး နံရံကို ခေါင်းဖြင့်တိုက်ကာ သတ်သေချင်စိတ်များပင် ပေါ်လာရ၏။
သူတို့ခေါင်းတွေကို အရိုက်ခံရတာကို မပြောနဲ့ဦး အနာဂါတ်မှာ ကျင်းစစ်ကိုတွေ့ရင်တောင် ကွေ့ပတ်ရှောင်ရမယ် ...
ဒီလူက ရိုးရိုးလေးနဲ့ကို အတော်ကြောက်ဖို့ကောင်းတာပဲ ...
တခြားတစ်ဖက်တွင် ကျင်းစစ်သည် ဆရာလျို၏ ဆေးရုံခေါ်သွားမည်ကို ငြင်းဆိုလိုက်လေသည်။ သူ့ခေါင်းမကွဲကြောင်းကို အထပ်ထပ်အခါခါ စိတ်ချစေရန် ပြောဆိုပြီးနောက်မှသာ ယင်းကျောင်းနှင့် အတန်းသို့ ပြန်ခွင့်ရလေသည်။
အခြားသူများသည် ကစားကွင်းတွင် ဖြစ်ပြီး လီကျိုးသည်လည်း ပြန်မလာသေးပေ။ ထို့ကြောင့် အတန်းထဲတွင် သူတို့နှစ်ယောက်သာ ရှိလေသည်။
သူ၏ နားထင်များကို ပွတ်ပေးနေရင်း ယင်းကျောင်းသည် သူ့ကို အပေါ်အောက်ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးထဲရှိ ကြောက်စရာ အငွေ့အသက်သည် အလုံးစုံ မပျောက်ကွယ်သွားသေးပေ။
" ဘယ်နားကို ဘောလုံးက အားနဲ့ထိသွားတာလဲ"
"မဟုတ်ဘူး အဲ့ဒါကြောင့် မဟုတ်ဘူး"
သူစိုးရိမ်မည် စိုးသောကြောင့် ကျင်းစစ်ကပြောလိုက်သည်။
" ငါနည်းနည်းရှောင်လိုက်တယ် သိပ်ပြင်းပြင်းထန်ထန်မထိဘူး"
"ကံကောင်းလို့ အရမ်းမဆိုးတာ"
ယင်းကျောင်းသည် သူ့နှဖူးပေါ်မှ ဆံပင်များကို ဘေးသိူ့ သပ်လိုက်ပြီး သရော်လိုက်လေသည်။
" မဟုတ်ရင် ဒီပြသနာက ဒီနေ့တစ်ရက်တည်းနဲ့ ပြီးမှာ မဟုတ်ဘူး"
ကျင်းစစ်က သူ၏ နှုတ်ခမ်းများကို စုဝိုင်းလိုက်ပြီး ပြုံးကာ သူ့ကို မော့ကြည့်လိုက်၏။
" ငါ့ခေါင်းကိုက်တာ ပျောက်သွားပါပြီ မနာတော့ဘူး"
သူ ခေါင်းကိုက်သည့် အချိန်တိုင်း အထိအတွေဖြင့်ပင် ပျောက်ကင်းနိုင်သောကြောင့် ယင်းကျောင်းကို နားထင်အား ပွတ်ခိုင်းလိုက်သည်။
ယင်းကျောင်းသည် သူ့မျက်နှာအား အနီးကပ်ကြည့်လိုက်ကာ သူလိမ်နေခြင်း မဟုတ်ကြောင်းတွေ့မှ လွတ်ပေးလိုက်သည်။ သူသည် ကျင်းစစ်ကို စနောက်ချင်နေ၏။
သူ၏ ထိုင်ခုံကို ပျင်းရိစွာ မှီလိုက်ကာ တခစ်ခစ် ရယ်ပြီး ပြောလိုက်သည်။
" ကိုယ်ပွတ်ပေးရင် မနာတော့ဘူးပေါ့"
၎င်းသည် မှန်နသောကြောင့် ကျင်းစစ်က ထိုအကြောင်းကို များများစားစားမမတွေးဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
" အင်းလေ"
ယင်းကျောင်းသည် သူ၏ ညာဘက်လက်များကို ခပ်တွေးတွေးဖြင့် စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
" ဒါဆို ကိုယ့်လက်က မှော်ဆန်တယ်ပေါ့"
"မင်းရဲ့ နာကျင်မှုတွေကို ပျောက်အောင်လုပ်ပေးပြီး သက်တောင့် သက်သာ ရှိစေတယ်ပေါ့ "
သူ၏ နှုတ်ခမ်းများကို ရုတ်တရက် ကွေးညွှတ်လိုက်ပြီး ကျင်းစစ်ကို ကြည့်ကာ ပြောလိုက်၏။
" ဒဏ္ဍာရီ ဆန်တာပေါ့ ..."
ကျင်းစစ်မှာ ပဟေဠိဆန်ဆန်ဖြစ်သွားရသည်။
" ဘာဖြစ်တယ်"
"ဒီရေကို မြင့်စေတဲ့ လက်လေ"
(Eng T/n : ဒီရေမြင့်တာက အထွတ်အထိပ်ကို ပြောချင်တာလား? ငါလည်း မသိဘူး)
[ Me သိတယ် ညာလက်သုံးပြီး ဟိုလာလုပ်ရင် ဟိုဟာက ပိုပြီးမာန်ဟုန်ပြင်းလာတာကိုပြောချင်တာပါ 🌚 ][🫣]
ကျင်းစစ် အသက်ပြင်းပြင်း ရှူလိုက်ရသည်။ သူ၏ ပါးများက ချက်ချင်း နီရဲသွားပြီး ခေါင်းကို ဘေးသို့ လှည့်လိုက်ကာ ယင်းကျောင်းအား လျစ်လျူရှုလိုက်၏။
"ဘာဖြစ်လို့လဲ"
ယင်းကျောင်းက သူ့အနားသို့ကပ်ကာ ပြုံး၍ဆိုလိုက်သည်။
" စိတ်ဆိုးသွားတာလား... ကိုယ်တစ်ခုခု အမှားပြောမိလို့လား..."
သူက ဆက်ပြောသည်။
" မရိုင်းရဘူးလေ အတန်းဖော်လေးရဲ့ မင်းခုနလေးတင် ခေါင်းငြိမ့်ပြီး ဝန်ခံလိုက်တယ်လေ ကိုယ်ပွတ်ပေးရင် မနာတော့ဘူးဆိုပြီးတော့လေ"
ကျင်းစစ်၏ မျက်နှာသည် လောင်ကျွမ်းတော့မတတ် ပူနွေးလာသည်။ သူက စာအုပ်တစ်အုပ်ကို ပုံမှန်ဖြစ်နေသကဲ့သို့ ယူလိုက်ပြီး ဖွင့်လိုက်သည်။ ထို့နောက် ခေါင်းကို ငုံ့လိုက်ကာ ဘာမျှ မပြောတော့ပေ။
ယင်းကျောင်းက သူ၏ လက်မောင်းများကို ကျင်းစစ်ပခုံး ပေါ်တွင် တင်ကာဖက်ထားလိုက်ပြီးနောက် စာအုပ်ကို စားပွဲပေါ်သို့ ဇောက်ထိုးတင်ထားလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
" ကိုယ်မင်းကို စကားပြောနေတယ်လေ ဘာလို့ စာအုပ်ကို ဖတ်နေတာလဲ"
သူက ကျင်းစစ်နှင့် နီးကပ်လွန်းသောကြောင့် ကျင်းစစ်သည် ယင်းကျောင်း၏ ခေါင်းပေါ်မှ ခေါင်းလျော်ရည်ရနံ့ကိုပင် ရနိုင်လေသည်။
ကျင်းစစ်၏ နှုတ်ခမ်းများသည် ရွေ့လျားသွားပြီး သူ၏ မြန်ဆန်နေသော နှလုံးခုန်သံများကို ထိန်းချုပ်နေရင်း ပြောလိုက်သည်။
"မင်း...မင်း ဒီလိုထပ်မလုပ်နဲ့ "
ယင်းကျောင်း ရယ်မောလိုက်မိသည်။ ကျင်းစစ်သည် ဆက်၍ ထိုင်ရန်ပင် ခက်ခဲနေသည်ကို မြင်လိုက်ရသောအခါ သူစနောက်နေသည်မှာ လုံလောက်ပြီဟု ခံစားရသောကြောင့် ရုတ်တရက် မေးလိုက်လေသည်။
" မင်းခုနက ရုံးခန်းထဲမှာတုန်းက ချောင်အန်းယန်ကို ကြည့်နေတုန်း ခေါင်းကိုက်သွားတာလား"
ထိုအချိန်တွင် ကျင်းစစ်၏ စိတ်သည် ရှုပ်တွေးနေပြီး သူလုံးဝ တွေးမကြည့်နိုင်ပေ။ ထိုအကြောင်းကိုကြားလိုက်ရသောအခါ သူကမသိစိတ်အရ ခေါင်းငြိမ့်ပြလိုက်မိ၏။
ကျင်းစစ်သည် သူဘာကို ဝန်ခံမိသည်အား နားလည်လိုက်သောအခါ အံ့အားသင့်သွားလေသည်။
ယင်းကျောင်းသည် သူ၏ အမူအရာကို တည်ငြိမ်စွာ ကြည့်နေလိုက်နေပြီး ပြုံးကာ ခုနက တုန်းက ပြောနေသည်ကို ဆက်ပြောလိုက်သည်။
" ပြောလေ ကိုယ်မင်းကို ထိလိုက်ရင် ပိုပြီး နေလို့ ကောင်းလာတယ်မလား"
ကျင်းစစ်က ချက်ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ယင်းကျောင်းက အဲ့ဒီအကြောင်းကို ရိုးရိုး မေးလိုက်တာဖြစ်မှာပါ သူအဲ့ဒီအကြောင်းကို အများကြီးမတွေးလောက်ပါဘူး...
ကျင်းစစ်သည် ယင်းကျောင်းအား ခုနက မေးခွန်းကို မေ့သွားစေချင်သည့်အတွက် သူမျက်နှာပေါ်မှ အပူချိန်ကို သည်းခံကာ ခက်ခက်ခဲခဲ ခေါင်းငြိမ့်လိုက်ရသည်။
ယင်းကျောင်းက ကျင်းစစ်ကို လွှတ်လိုက်ကာ စားပွဲကို အတွေးများဖြင့် ကြည့်နေလိုက်သည်။
ကျင်းစစ်သည် သူ့အား ခေါင်းကိုက်သည်ဟု ပြောခဲ့သောအချိန်က နှစ်ဝက်စာမေးပွဲ ပြီးနောက် ဖြစ်၏။ အတန်းထဲတွင် ပင်ပန်းသွားသောကြောင့် ခေါင်းကိုက်သည်ဟု ထင်သောကြောင့် ထိုအချိန်က ဤအကြောင်းကို အများကြီးတွေးမနေခဲ့ပေ။
ဒုတိယအကြိမ် ခေါင်းကိုက်သောအချိန်သည် လစဥ်စာမေးပွဲမှ ရလဒ်ထွက်လာသောအချိန်တွင် ဖြစ်သည်။ ကျင်းစစ်သည် လီကျိုးနှင့် အပြင်ထွက်သွားပြီးနောက် ပြန်လာချိန်တွင် သူ၏ မျက်နှာသည် ပုံမှန် ဟုတ်မနေတော့ချေ။
ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်လေ၏။
ပထမဆုံးအကြိမ်နှင့် တတိယအကြိမ်တွင် သူက ကျင်းစစ်နှင့် အတူရှိနေပြီး ဒုတိယအကြိမ်တွင်တော့ ဖြစ်ပြီးနောက်မှသာ သူသိလေသည်။
ယခင်က ကျင်းစစ်သည် ကျန်းမာရေးမကောင်းသောကြောင့် ဟုသာ သူထင်ခဲ့ပြီး သူ့ကို ဆေးရုံခေါ်သွား၍ တစ်ကိုယ်လုံးအား စစ်ဆေးပေးရန်ပင် တွေးထားလေသည်။
သို့သော် ယနေ့ ရုံးခန်းထဲတွင် ကျင်းစစ်၏ အပြုအမူသည် ယင်းကျောင်းအား ထိုအကြံကို တွေးမိစေရန် ချက်ချင်း မီးမောင်းထိုးပြလိုက်သလိုပင်။
ကစားကွင်းမှ ကော်ရစ်ဒါအထိ ယင်းကျောင်း၏ မျက်လုံးများက ကျင်းစစ်ပေါ်တွင်သာ တစ်ချိန်လုံး ကျရောက်နေခဲ့သည်။ ထို့ကြောင့် ကျင်းစစ်၏ ခေါင်းကိုက်ခြင်းသည် ဘောလုံးဖြင့် အပစ်ခံရချိန်၌ မဟုတ်ဘဲ ရုံးခန်းထဲသို့ ဝင်လိုက်ချိန်မှသာ ဖြစ်ကြောင်း သေချာလေသည်။
ကျင်းစစ်သည် သူ၏ နားထင်ကို ပွတ်နေသည်အား ယင်းကျောင်းမြင်လိုက်သောအခါ တစ်ခုခု ပြောရန် ပြင်လိုက်ခဲ့ပေမဲ့ ကျင်းစစ်က ရုံးခန်းတစ်ဝိုက်ကို ဝေ့ဝဲကြည့်နေပြီး ချောင်အန်းယန်ကို တွေ့လိုက်ချိန်မှသာ ရပ်တန့်သွားလေသည်။
ယင်းကျောင်းက သူအထင်မှားမည်ကိုစိုးရိမ်သော်လည်း ကျင်းစစ်သည် သူ့ကို ဖြစ်ကြောင်းအမှန်ကို မပြောပြလောက်ဟု ထင်သောကြောင့် သူသည် ကျင်းစစ်ကို အရင်စနောက်နေလိုက်ပြီး သူရှက်ရွံ့နေသော အချိန်တွင် အငိုက်ဖမ်းကာ မေးလိုက်ခြင်း ဖြစ်၏။
သူထင်နေသည်မှာ အမှန်ပင်ဖြစ်နေသည်။ ကျင်းစစ်က ထိုအချိန်တွင် ချောင်အန်းယန်အား ကြည့်နေခဲ့လေသည်။
ကျင်းစစ် ခေါင်းကိုက်နေတုန်း ချောင်အန်းယန်ကို အမှတ်တမဲ့မသိစိတ်အရ ဘာလို့ ရှာရတာလဲ..
တွေးနေရင်း ယင်းကျောင်းသည် ခေါင်းကိုက်မှု နှစ်ခု၏ တူညီမှုကို ရှာတွေ့လိုက်သည်။ ၎င်းသည် ချောင်အန်းယန်ကို တွေ့ပြီးနောက်မှသာ ဖြစ်လေသည်။
ဘာလို့လဲ...
သူတို့နှစ်ယောက် ရန်ဖြစ်တိုက်ခိုက်ခဲ့တာမို့လို့ ကျင်းစစ်ရဲ့ စိတ်ထဲမှာ အရိပ်မည်းကြီး ဖြစ်သွားတာလား...
သူ၏ စိတ်ထဲတွင် ထိုအတွေးပေါ်လာသည်နှင့် ယင်းကျောင်းက ချက်ချင်း ငြင်းပယ်လိုက်သည်။ ကျင်းစစ်၏ အကျင့်စရိုက်နှင့် ဆိုလျှင် အခြားသူများကသာ သူ့ကို ကြောက်ရွံ့နိုင်ချေရှိပြီး သူကတော့ မည်သူ့ကိုမျှ မကြောက်ရွံ့ပေ။
ဒါဆို ဘာလို့လဲ...
ယင်းကျောင်း အဖြေရှာမရပေ။
သို့သော် အထူးဆန်းဆုံးကိစ္စသည် ကျင်းစစ် ခေါင်းကိုက်နေချိန်တွင် ယင်းကျောင်း၏ အထိအတွေ့သည် သူ့အား ပို၍သက်သာစေနိုင်သည့် ကိစ္စပင်။
အကယ်၍ အခြားသူသာဆိုလျှင် ဤအဖြေသည် စိတ်ရင်းအမှန်လား အားနာပါးနာ ဖြေလိုက်ခြင်းလား သံသယဝင်မည်ဖြစ်သည်။ သို့သော် ၎င်းက ကျင်းစစ်ဖြစ်၏။ ကျင်းစစ်၏ စရိုက်အရ သူသက်တောင့်သက်သာ ရှိသည်ဟုပြောလျှင် ၎င်းကအမှန်တကယ် သက်တောင့်သက်သာ ရှိနေသောကြောင့်ပင်။
ကျင်းစစ်၏ မူလကိစ္စကိုတွေးရင်း ယင်းကျောင်းသည် မနေနိုင်ဘဲ တွေးလိုက်မိလေသည်။
သူရယ် ကျင်းစစ်ရယ် ချောင်းအန်ယန်းရယ် သူတို့သုံးယောက်ကြားမှာ မမြင်ရတဲ့ ပတ်သက်ဆက်နွယ်မှုမျိုး ရှိနေတာလား...
ယင်းကျောင်းသည် ထိုမေးခွန်းကို သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် ထားလိုက်ပြီး နံရံပေါ်မှ နာရီကို မော့ကြည့်ကာ ကျင်းစစ်ကို ခေါ်လိုက်သည်။
" သွားရအောင် ကန်တင်းကိုသွားပြီးစားရအောင်"
ယင်းကျောင်းသည် ထိုကိစ္စကြောင့် ကျင်းစစ် ခေါင်းကိုက်ခြင်း ဟုတ်မဟုတ်ကို ရာနှုန်းပြည့် မသေချာပေ။ သူက ဒုတိယအကြိမ်ခေါင်းကိုက်ချိန်တွင် ကျင်းစစ်အနား ရှိမနေသောကြောင့်ပင်။
ကျင်းစစ်က သူ့ကို အလုံးစုံအား ပြောမပြလောက်ပေ။ သို့သော် ၎င်းသည် အရေးအကြီးပေ။ လီကျိုးဆီသို့ သွားကာ မေးနိုင်လေသည်။
ယခုတွင် ကျင်းစစ်၏ စိတ်သည် တည်ငြိမ်သွားပြီ ဖြစ်သောကြောင့် လက်ထဲမှ စာအုပ်ကို ချလိုက်ကာ ခေါင်းငြိမ့်ပြီး ကန်တင်းသို့ ယင်းကျောင်းနှင့် အတူသွားလိုက်သည်။
တခြားအတန်းများသည် အတန်းချိန် မပြီးသေးသောကြောင့် ကန်တင်းမှ ကျောင်းသား အများစုသည် တန်းခွဲ 7 မှ ကျောင်းသားများသာ ဖြစ်နေ၏။
ကျင်းစစ်ကို မြင်သောအခါ သူတို့သည် အနားသို့ရောက်လာပြီး ခုနက ရုံးခန်းထဲတွင် ဘယ်လို ဖြစ်သွားကြောင်း မေးသောအခါ ကျင်းစစ်က သူတို့တစ်ယောက်ချင်းစီအား စိတ်ရှည်လက်ရှည်ဖြင့် ဖြေပေးသည်။
အားကစားသမားကျောင်းသားများကို ကျောင်းအုပ်ကြီး ခေါ်သွားသည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် တခြားသူများ ဒုက္ခရောက်သွားသည့်ကိစ္စအတွက် ပျော်ရွှင်စွာ ရယ်မောကုန်ကြလေသည်။
သူတို့ရူးသွားပါစေ သံပြားကို အကန်ခံရပါစေ အဲ့ဒါနဲ့ပဲ သူတို့တန်တယ်...
ကျင်းစစ်နှင့် အခြားသူများသည် နေ့လည်စာ စားပြီးသွားသောအခါ လေးချိန်မြောက် အတန်းဆင်းသွားပြီဖြစ်သည့်အတွက် ကျောင်းခေါင်းလောင်း မြည်နေပြီဖြစ်သည်။
လီကျိုးသည် ကန်တင်းသို့ အပြေးအလွှား လာကြသော လူအုပ်ကြီးကို ကြည့်လိုက်ကာ ဘဝင်မြင့်သလို ခံစားချက်က နှလုံးသားထဲတွင် ပေါ်လာသဖြင့် ပြောလိုက်လေသည်။
" တကယ့်ကို မိုက်တာပဲ"
ကျန့်ချွယ်သည်သည် အတူတူပင် ဖြစ်ပြီး သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်နေတုန်း ထိုစကားသံကို ကြားလိုက်ရသဖြင့်" ငါ စားသောက်ပြီးလို့ ဗိုက်ပြည့်နေတဲ့ အချိန် အခြားသူတွေ အစာအတွက် အပြေးအလွှား လုပ်နေတာကို ကြည့်ရတာ သဘောကျလိုက်တာ"
ယင်းကျောင်းသည် သူ၏ မိုဘိုင်းဖုန်းကို ထုတ်လိုက်ပြီး ကျန့်ချွယ်ဆီသို့ wechat မှ မက်ဆေ့ချ် ပို့လိုက်၏။
ကျန့်ချွယ်သည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ယင်းကျောင်းကို ပကတိရိုးရှင်းဟန် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်မောင်းဖြင့် လီကျိုး၏ လည်ပင်းကို ဖက်လိုက်ပြီး ပြောလိုက်သည်။
" ကုန်စုံဆိုင်ကို ပစ္စည်း တစ်ခုသွားဝယ်မလို့ ငါ့ရဲ့ အဖော်လိုက်ခဲ့"
"အိုကေ" လီကျိုးက မြန်ဆန်စွာ သဘောတူလိုက်သည်။
သူတို့နှစ်ယောက်သည် စတိုးဆိုင်သို့ အတူတူ လမ်းလျှောက်သွားကြတော့သည်။
ယင်းကျောင်းနှင့် ကျင်းစစ်သည် အတန်းထဲသို့ ဝင်လိုက်ကာ သူတို့၏ ထိုင်ခုံပေါ်တွင် အတော်ကြာနေသည်အထိ ထိုင်နေပြီး သူတို့၏ ဖုန်းများကို သိမ်းလိုက်ကြသည်။ ယင်းကျောင်းသည် စာသင်ဆောင်ရှေ့တွင် ရပ်စောင့်နေသော လီကျိုးနှင့် ကျန့်ချွယ်ကို တွေ့လိုက်ရ၏။
"မင်းကို မေးစရာရှိလို့"
ယင်းကျောင်းသည် လီကျိုးအား သူနှင့်လိုက်ခဲ့ရန် လက်ဟန်ခြေဟန်ဖြင့် ပေါ့ပါးစွာ ပြောလိုက်လေသည်။
လီကျိုး၏ ရင်ဘတ်သည် မြင့်လိုက်နိမ့်လိုက်ဖြင့်ကြောက်ရွံ့စွာ လိုက်သွားရသည်။ ယင်းကျောင်းသည် မနက်တုန်းက ရှာလကာရည်အိုးကြီးကို အကုန်မသွန်ခဲ့ဘဲ သူနှင့် စာရင်းရှင်းရန်အတွက် တမင်တကာ ချန်ထားခြင်း ဖြစ်မည်ကို ကြောက်ရွံ့နေလေသည်။
ယင်းကျောင်းသည် စာသင်ဆောင်ဘေးနားရှိ ပန်းခင်းကြီးနားသို့ ရောက်သည်အထိ လျှောက်သွားလိုက်ပြီးနောက် ရပ်တန့်လိုက်၏။
သူက စီးကရက်ကို ထုတ်လိုက်ပြီး တစ်ရှိုက်ရှူလိုက်ကာ လီကျိုးကို ပြောလိုက်သည်။
" အရင်လ စာမေးပွဲရလဒ် ထုတ်တဲ့ အချိန်တုန်းက မင်းနဲ့ ကျင်းစစ် အပြင်ကို ထွက်သွားတုန်း...တစ်ယောက်ယောက်ကို တွေ့မိသေးလား"
လီကျိုးသည် ကြက်သေသေသွားကာ ဗလာသက်သက် အမူအရာဖြင့် ပြောလိုက်သည်။
" မသိဘူး"
၎င်းသည် ရက်အတော်ပင်ကြာနေပြီ ဖြစ်သောကြောင့် ထို့နေ့က ကိစ္စသည် ဝေဝါးနေပြီ ဖြစ်ပြီး လီကျိုးသည် မမှတ်မိနိုင်တော့ပေ။
လီကျိုး မမှတ်မိသည်ကို တွေ့သောအခါ ယင်းကျောင်းက ပို၍ တိကျစွာ မေးလိုက်သည်။
" အဲ့ဒီနေ့က မင်းတို့ ချောင်အန်းယန်ကို တွေ့မိသေးလား"
လီကျိုးသည် ထိုအရာကိုတော့ မမေ့ပေ။
သူကခေါင်းငြိမ့်လိုက်သည်။
" ကျွန်တော်သူ့ကို တွေ့တယ် အနီရောင် စာရင်းတွေ ရှေ့မှာ သူက ကျင်းစစ်ကို ကြည့်နေတာ တစ်မျိုးကြီးပဲ ကျင်းစစ် သွေးတွင်းသကြားဓါတ် နည်းသွားလို့သာ မဟုတ်ရင် ကျွန်တော်သူ့အနားကို သွားပြီး ဘာလို့ အဲ့ဒီလို လာကြည့်နေတာလဲလို့ သွားမေးမိမှာ"
သူထင်သည်မှာ မှန်သွားချေပြီ။ ယင်းကျောင်း၏ မျက်လုံးများက ရှုပ်ထွေးတွေဝေသွားလေသည်။ ကျင်းစစ်၏ ခေါင်းကိုက်ခြင်းသည် ချောင်းအန်ယန်းနှင့် အမှန်အကန်ပင် ဆက်စပ်နေ၏။
ယင်းကျောင်းသည် အမှိုက်ပုံးပေါ်မှ ပြာပုံလေးကို လက်ဖြင့် တောက်လိုက်ပြီး ထပ်မေးလိုက်သည်။
" အဲ့ဒီနေ့က ကျင်းစစ် ခေါင်းကိုက်ခဲ့တာလား သွေးတွင်း သကြားဓါတ်နည်းတာကို ပြောတာ"
လီကျိုးသည် ထိုနေ့ကအကြောင်းကို ပြန်တွေးကာ ပြောလိုက်သည်။
" ဟုတ်တယ် ကျွန်တော်အဲ့ဒီနေက သူ့ကို ရလဒ်အမှတ်တွေ ကြည့်ပြီးသွားကြမယ်လို့ ကျွန်တော်ပြောခဲ့တယ် နောက်ပြီး သူ အနီရောင် စာရင်းရှေ့မှာ ဆက်မတ်တတ်ရပ်နေပြီး ဘာကို ကြည့်နေတယ်တော့မသိဘူး တဖြည်းဖြည်းနဲ့ သူ့ပုံစံက ပုံမှန် မဟုတ်တော့ဘူး နောက်ပြီးတော့ ကျွန်တော် ချောင်အန်းယန်ကို တွေ့လိုက်ရတာပဲ"
ယင်းကျောင်းသည် အတော်ကြာ အံ့အားသင့်သွားပြီး ထိုအချိန်က ကျင်းစစ်ပြောခဲ့သည်ကို မှတ်မိသွား၏။
" ငါမင်းရဲ့ ရမှတ်တွေကို တွေ့ခဲ့တယ်"
သူ၏ နှုတ်ခမ်းထောင့်များသည် မထိန်းနိုင်ဘဲ ပို၍ ပို၍ မြင့်တက်လာပြီး သူလက်ထဲမှ တစ်ဝက်ကျန်နေသေးသော စီးကရက်ကို ကြည့်လိုက်ကာ စီးကရက်ဖင်ဆီခံကို ချေမွလိုက်ပြီး အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။
"အိုကေ ငါနားလည်ပြီ"
ယင်းကျောင်းသည် အုန်းသီးချိုချဥ်လေးကို သူ့အိတ်ကပ်ထဲမှ ထုတ်လိုက်ပြီး အခွံခွာလိုက်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် လီကျိုးကို ပြောလိုက်၏။
" ဒီနေ့အတွက် ကျေးဇူးပဲ"
လီကျိုးသည် မြှောက်ပင့် ခံရသလို ခံစားလိုက်ရလေသည်။
" ရပါတယ် ရပါတယ်"
ယင်းကျောင်းက သူ့ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် လှည့်ကာထွက်သွားတော့သည်။
____
Translated By IQ-Team.