MM Storyteller
Webnovel Translations
အပိုင်း ၅၆
Viewers
15k
Chapters
199
Chapter 56
မုန့်လန်ရောသည် ပထမဆုံးအကြိမ် တောင်ပေါ်မှ ထွက်လာသော စိတ်လှုပ်ရှားနေသည့် မျောက်တစ်ကောင်ကဲ့သို့ပင် အခန်းထဲတွင် အပေါ်မှအောက်သို့ ခုန်နေသည်။ သူ့ရှေ့ရှိ စားပွဲပေါ်တွင် အစားအသောက်မျိုးစုံကို ခင်းကျင်းထားသည်။ အခြေခံလိုအပ်ချက်အားလုံးရှိနေသည့်အပြင် ဒဏ္ဍာရီပုံပြင်များကဲ့သို့သော စိတ်အပန်းဖြေစာအုပ်များစွာလည်းရှိနေသေးသည်။ သူ အပြင်ကို မထွက်ရသည်မှလွဲ၍ နည်းနည်းလေးတောင် ချုပ်နှောင်ခံထားရသည်နှင့်မတူပေ။ သူ့မျက်နှာက မဖျားတော့သဖြင့် သွေးရောင်ကြွယ်၀ကာ နီစွေးတောက်ပနေသောကြောင့် သူ၏ဖျားနာမှုက သက်သာသွားပုံရ၏။
"ခင်ဗျားသေချာပေါက် ကျွန်တော်ကို လာတွေ့မှာ ဘယ်တော့မှ နှလုံးသားမဲ့မှာမဟုတ်ဘူးလို့ ကျွန်တော် တွေးနေခဲ့တာ"
မုန့်လန်ရောက လင်းရုဖေးကို လိမ္မော်သီးတစ်လုံး ပေးလိုက်သည်။ သူက ပြုံးကာ လင်းရုဖေးကိုလည်း စားရန် လက်ဟန်ဖြင့် ပြလိုက်သည်။
လင်းရုဖေးက မယူတော့ဘဲ ကူကယ်ရာမဲ့နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"မင်း အလျင်လိုနေရင်တောင် မင်းနေမကောင်းတဲ့အချိန် အိမ်အပြင်ကို ထွက်မပြေးသင့်ဘူး"
မုန့်လန်ရောက ခေါင်းယမ်းကာ ပြုံး၍ ဆက်ပြောသည်။
"ဒီခရီးက ကျွန်တော်အတွက် ဘယ်လောက်တောင် အကျိုးရှိသွားလဲဆိုတာ ခင်ဗျားမသိပါဘူး"
"အိုး...မင်း ရှောင်ယွီနဲ့ တွေ့ခဲ့တာလား"
လင်းရုဖေးက စိတ်ဝင်တစား မေးလိုက်သည်။
"တွေ့ခဲ့တယ် အဲဒီနေ့ကအကြောင်းကိုလည်း သူမကို မေးခဲ့သေးတယ်"
မုန့်လန်ရောကဆက်၍ဆိုသည်။
“ဒါက တကယ်ကို နားလည်မှုလွဲနေတာ သူမနဲ့ ချီယန်ရှန့်က တစ်ယောက်နဲ့တစ်ယောက် ဘာမှမပတ်သက်ဘူး သူမတို့ မထင်မှတ်ထားဘဲ တွေ့ခဲ့ကြပြီး... ...ပြီးတော့ သူမတို့နှစ်ယောက်အတွက် ရင်းနှီးသွားစေမယ့်... ...ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်"
"တစ်ခုခုဖြစ်ခဲ့တာလား ဘာဖြစ်ခဲ့တာလဲ"
သို့သော်လည်း လင်းရူဖေးက အလွန် မယုံသင်္ကာဖြစ်နေဆဲပင်။
မုန့်လန်ရောက အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး သူ့အသံကို မတိုးလျှော့လိုက်ခင် ခဏလောက်စဉ်းစားပြီး "ရှောင်ယွီက တစ်ချို့အရာတွေကို ကြုံတွေ့ခဲ့ရတော့ နည်းနည်း စိတ်ဓာတ်ကျနေတာ အဲဒါကြောင့် မြစ်ကိုသွားခဲ့တယ် ရလဒ်အနေနဲ့ မီးပုံးတွေလွှတ်နေတဲ့ ချီယန်ရှန့်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ပြီး သူက သူမကို ကယ်တင်ပေးခဲ့တယ်"
လင်းရုဖေးက မုန့်လန်ရော၏ဆိုလိုရင်းကို ချက်ခြင်း နားလည်လိုက်သည်။
"သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာလား"
"ရှူး... ...ရှူး... ...ခင်ဗျား အသံကို တိုးဦး"
မုန့်လန်ရောက ပြစ်တင်ဆူပူလိုက်ပြီး “အဲဒီအချိန်တုန်းက ကျွန်တော်လည်း မယုံဘူး အဲ့ဒါကြောင့် သူမက အဝတ်တွေကို ချွတ်ပြခဲ့တယ်လေ”
ထိုသို့ဆိုနေစဥ်တွင် သူ့မျက်နှာက နီရဲလာပြီး “သူမအရေပြားပေါ်မှာ အမာရွတ်ဟောင်းတွေနဲ့ ပြည့်နှပ်နေတာကို ကျွန်တော်တွေ့ခဲ့ရတယ်"
လင်းရုဖေးက မျက်မှောင်ကြုတ်ကာ နားထောင်နေသည်။
"သူမ ဒီကို ရောက်မလာခင် ရှောင်ယွီက မသင့်တော်တဲ့သူတစ်ယောက်နဲ့တွေ့ခဲ့တာ သိသာတယ် သူမ ထွက်ပြေးလွတ်မြောက်ပြီး ရှင်းကျိုးကိုရောက်လာခဲ့တယ် နောက်ပြီး အသက်ဆက်ရှင်ဖို့အတွက် အပျော်မယ်ဂေဟာကို ဝင်လိုက်ပြီး အဲဒီမှာ သူနဲ့ ကျွန်တော်တွေ့ဆုံပြီး အဆုံးသတ်သွားတယ်"
မုန့်လန်ရောက ဆက်ပြောသည်။
“ကျွန်တော် သူ့ကို ငွေပေးပြီး ပြန်ရွေးချင်တယ် ဒါပေမယ့် သူမက ကျွန်တော်နဲ့ မထိုက်တန်ဘူးလို့ အမြဲခံစားနေရတာ"
လင်းရုဖေးကမေးသည်။
“အဲဒါကြောင့်နဲ့ပဲ... ...သူမက စိတ်ဓာတ်ကျနေတယ်ပေါ့"
“ဟုတ်တာပေါ့”
မုန့်လန်ရောက ရယ်မောလိုက်ပြီး “ကျွန်တော် ချီယန်ရှန့်ကိုလည်း ဒီအကြောင်းမေးခဲ့သေးတယ် သူပြောတာက ရှောင်ယွီပြောတာနဲ့ အတူတူပဲ တစ်ခုပဲ... ...”
မုန့်လန်ရောက ခါးသီးစွာ ဆက်ပြော၏။
“သူက ရှောင်ယွီကို အခုထိ သဘောမကျသေးတုန်းပဲ ရှောင်ယွီအကြည့်တွေက မရိုးသားဘူးလို့ သူထင်နေတာ ပြီးတော့ သူမနဲ့ ခပ်ဝေးဝေးနေဖို့လည်း ကျွန်တော်ကို အကြံပေးခဲ့သေးတယ်"
လင်းရုဖေက မုန့်လန်ရော၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အကြာကြီး နှုတ်ဆိတ်နေမိသည်။
ဤရှင်းလင်းချက်သည် ပြီးပြည့်စုံသော်လည်း ဤပြီးပြည့်စုံမှုအလယ်တွင် ပြစ်ချက်မရှိသော လိမ်ညာမှုတစ်ခုကဲ့သို့ လိုက်လျောညီထွေမှုမရှိသည့် ကိစ္စမျိုး ရှိနေသေးသည်။ ထိုထူးခြားမှုကို ရှာဖွေရန် မဖြစ်နိုင်သော်လည်း ၎င်းသည် လူများကို အမြဲတမ်း စိတ်မသက်မသာ ဖြစ်စေသည်။ လင်းရုဖေးကက ၎င်းအား အလိမ်အညာအဖြစ် အလျဥ်းသင့်သလို မခွဲခြားချင်သော်လည်း သူ့နှလုံးသားအတွင်း၌ သံသယအလွှာများ စတင်ပေါ်ပေါက်လာ၏။
ထို့အပြင် မုန့်လန်ရောက ဤမျှလောက် မတွေးခဲ့မိသည်မှာ ထင်ရှားသည်။ သူက ရှောင်ယွီ၏စကားကို ယုံကြည်ပြီး ချီယန်ရှန့်ကိုလည်း ယုံကြည်သည်။ ရှောင်ယွီသည် သူ့ကို သစ္စာမဖောက်ခဲ့ဘူးဟု မုန့်လန်ရော ခံစားနေရပြီး သူချစ်သော မိန်းကလေး ဆက်ဖြစ်နေတုန်းပင်။
သူက အကျဉ်းခန်းမှ လွတ်လာသည်နှင့်တပြိုင်နက် ရှောင်ယွီကို ရွေးယူမည့် သူ၏နောက်ထပ် အစီအစဉ်အကြောင်းကို ပြောပြလာသည်။ ထို့အပြင် သူ့အမေ မည်မျှပင် ကန့်ကွက်နေပါစေ ထိုမိန်းကလေးကို သေချာပေါက် လက်ထပ်လိမ့်မည်ပေ။ ၎င်းသည် ဒဏ္ဍာရီပုံပြင်ထဲတွင် အကောင်းဆုံးဇာတ်သိမ်းပင်။
လင်းရုဖေးက တစ်ခုခုကို ပြောချင်သော်လည်း နောက်ဆုံးတွင် မုန့်လန်ရော၏ စိတ်အားထက်သန်မှုကို လျော့ပါးစေမည့် စကားလုံးများကို သူ ပြောနိုင်စွမ်းမရှိပေ။
မုန့်လန်ရောက ဝမ်းနည်းစွာဆို၏။
“ခင်ဗျားထွက်သွားရင် ကျွန်တော်တို့မင်္ဂလာပွဲကို မတက်ရောက်နိုင်တော့တာ စိတ်မကောင်းစရာပဲ ခင်ဗျား နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေရင်ရောဘယ်လိုလဲ"
လင်းရုဖေးက ပြုံးပြီး သူ့ကမ်းလှမ်းချက်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုလိုက်သည်။
မုန့်လန်ရောနှင့် ခတ္တခဏ စကားပြောပြီးနောက် လင်းရုဖေးက အခန်းထဲမှ ထွက်လာချိန်တွင် တံခါးဝတွင် မတ်တပ်ရပ်နေသော ချီယန်ရှန့်ကို တွေ့လိုက်ရသည်။ ချီယန်ရှန့်သည် မုန့်လန်ရောထံ အလည်လာပုံရပြီး လင်းရုဖေး ထွက်လာပြီးပြီးချင်းပင် သူရောက်လာသည်။
"လင်းကုန်းဇီ"
ချီယန်ရှန့်က ပြုံးပြီး လင်းရုဖေးကို ခေါင်းညိတ်ပြလိုက်သည်။
လင်းရုဖေးက ရိုးရိုးရှင်းရှင်းပင် ပြန်နှုတ်ဆက်လိုက်သည်။
သူတို့နှစ်ယောက်အကြားတွင် စကားများများမဆိုကြဘဲ တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြသည်။ လင်းရုဖေး၏နှာခေါင်းသည် ချီလင်မြက်ပင်၏ ပြင်းပြသောမွှေးရနံ့ကို တစ်ဖန် ရှူရှိုက်မိပြန်၏။
ထွက်ခွာရန် စီစဉ်ပြီးနောက် လင်းရုဖေးသည် ဖူဟွားနှင့် ယွီရွေ့တို့ကို ခရီးဆောင်အိတ်များထုပ်ပိုးရန် ပြောလိုက်သည်။ သို့သော် ရာသီဥတုက လုံး၀ မပူးပေါင်းလိမ့်မည်ကို မည်သူကထင်မိမည်နည်း။ နောက်ရက်အတော်ကြာ တိမ်ထူပြီး မိုးကြီးနေခဲ့သည်။ ဖူဟွားက လင်းရုဖေး အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် သူမက ရှင်းကျိုးမြို့ထဲသို့ အလျင်အမြန်သွားပြီး ရထားတစ်စီးဝယ်ရန် ငွေများစွာသုံးစွဲခဲ့သည်။ သူမက မှော်ကျောက်တုံးများကို ထုတ်ကာ ရထားထဲတွင် အလှဆင်ရန် ကျွမ်းကျင်သူများကို ပြောလိုက်သည်။ ဤအခြေအနေတစ်ခုလုံးက သူတို့ကို နောက်ထပ် ရက်အနည်းငယ်ခန့် နှောင့်နှေးသွားစေသည်။
မုန့်လန်ရော၏ ချုပ်နှောင်မှုသည်လည်း ပြီးဆုံးသွားချေပြီ။ လွတ်မြောက်သွားသောငှက်တစ်ကောင်ကဲ့သို့ မုန့်အိမ်တော်အတွင်း ပြေးလွှားနေပြီး လင်းရုဖေးအား သူ့နှင့်အတူကစားရန် ဆွဲခေါ်သွားပြန်သည်။
လင်းရုဖေးသည် မုန့်လန်ရော အလွန်ပျော်ရွှင်နေသည်ကို မြင်ရသောအခါ သူ့နှလုံးသားက အနည်းငယ် သက်သာရာရသွားသည်။ မည်သို့ပင်ဆိုစေကာမူ မုန့်လန်ရောသည် မုန့်အိမ်တော်၏ အလိုလိုက်ခံထားရသည့် အချစ်ဆုံးသားငယ်လေးဖြစ်ကြောင်း သူတွေးမိသည်။ တစ်ခုခုဖြစ်လာခဲ့လျှင်တောင် သူ့မိဘများက သူ့ကို ကာကွယ်ပေးလိမ့်မည်ပင်။
ရက်အနည်းငယ်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး ထိုရက်များတွင် လင်းရုဖေးက စင်္ကြံတွင် ငါးဖမ်းရင်း ထိုင်နေသောချီယန်ရှန့်ကို တွေ့လိုက်ရသည်။ သူသည် ပထမအကြိမ်တွေ့တုန်းကကဲ့သို့ မနှုတ်ဆက်လာပေ။ ချီယန်ရှန့်၏နောက်ကျောက ပိုအထီးကျန်နေပုံပေါ်ပြီး ထူးခြားမနေပေ။
လင်းရုဖေးသည် ပထမအစပိုင်းတွင် သူနှင့်အဆင်မပြေဖြစ်ခဲ့ဖူးသောကြောင့် သူ့ဘက်ကစတင်မေးမြန်းခြင်းမျိုးမပြုလိုက်ပေ။
ရက်အနည်းငယ်အကြာ ရထားပြင်ဆင်လို့ပြီးစီးခါနီးတွင် လင်းရုဖေးက စင်္ကြံလမ်းမှ နောက်ထပ်တစ်ဖန် ဖြတ်သွားဖြစ်ချိန်တွင် စင်္ကြံ၌ ငါးထိုင်မျှားနေသော ချီယန်ရှန့်က ရုတ်တရက် စကားပြောလာ၏။
"လင်းကုန်းဇီက သွားတော့မှာလား"
လင်းရုဖေး : "ဟုတ်တယ် "
"လန်ရောက အလွယ်တကူခင်မင်တတ်တဲ့သူလို့ထင်ရပေမယ့် တကယ်တော့ သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်း အနည်းငယ်ပဲရှိတယ် ပြီးတော့ မင်းက သူ သူငယ်ချင်းလို့ခေါ်တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ"
ချီယန်ရှန့်ကဆက်၍ဆိုသည်။
“ဒီလိုမျိုး ထွက်သွားတာက နည်းနည်းတော့ စိတ်မကောင်းစရာပဲ"
“ကောင်းကင်ဘုံအောက်မှာ မပြီးဆုံးနိုင်တဲ့ စားပွဲဆိုတာမရှိပါဘူး[1]"
လင်းရုဖေးက သိပ်မထူးဆန်းသည့်ပုံဖြင့်ပြောလိုက်သည်။ သူ မုန့်လန်ရောကို နှစ်သက်သော်လည်း မုန့်အိမ်တော်တွင် တစ်ချိန်လုံး မနေနိုင်ပေ။ ထို့အပြင် မုန့်လန်ရောက ဤရက်များအတွင်း အခြေအနေကောင်းနေပုံရပြီး နေ့တိုင်း ပြုံးရွှင်ရယ်မောနေခဲ့၏။
{ [1] - အရာအားလုံး ပြီးဆုံးသွားခြင်း၊ ဖြစ်ပြီးလျှင်ပျက်၊ တွေ့ဆုံပြီးလျှင် ခွဲခွာခြင်းဟု အဓိပ္ပါယ်ရသည်။ }
"မှန်ပါတယ်"
ချီယန်ရှန့်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ဒါပေမယ့် အရေးမကြီးရင် လင်းကုန်းဇီကို ရက်အနည်းငယ်ကြာပြီးမှ ထွက်သွားဖို့ တောင်းဆိုလို့ရမလား"
လင်းရုဖေးက "ဘာလို့လဲ" ဟုမေးလိုက်သည်။
သို့ပေမဲ့ ချီယန်ရှန့်က နောက်ထပ် စကားပြန်မဆိုတော့ပေ။ သူ့လက်ထဲရှိ ငါးမျှားတံကို ပြန်လည်သိမ်းလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
လင်းရုဖေးက ချီယန်ရှန့် ပျောက်ကွယ်သွားသည်အထိ ထိုသူ့နောက်ကျောကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
ကုရွှမ်းတုက ပျင်းရိစွာ မှတ်ချက်ချလိုက်သည်။
"မုန့်မိသားစုက သနားစရာ သခင်ငယ်လေး... ...သူ ဒုက္ခရောက်တော့မှာပဲ"
လင်းရုဖေးက ရှုပ်ထွေးနေသောအမူအရာဖြင့် ကုရွှမ်းတုကို ကြည့်လိုက်သည်။
သို့သော် ကုရွှမ်းတုက ရိုးရှင်းသောအပြုံးလေးဖြင့်သာ တုန့်ပြန်လာသည်။
"ဒါပေမယ့် ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး"
လင်းရုဖေးက ထပ်မေးသော်လည်း မည်သို့ပင်မေးမေး ကုရွှမ်းတုက စကားပြောရန် ငြင်းဆိုနေ၏။
လင်းရုဖေး၏ နှလုံးသားက စိုးရိမ်ပူပန်နေရသဖြင့် သူထွက်ခွာမည့်ရက်ကို နောက်သို့ ရက်အနည်းငယ် ရွှေ့လိုက်သည်။
လင်းရုဖေး မထွက်ခွာခင် တစ်ရက်အလိုတွင် မတော်တဆမှုတစ်ခု တကယ်ဖြစ်သွားလိမ့်ည်ဟု မည်သူကထင်မိမည်နည်း။
မုန့်လန်ရော လက်ထပ်လိုသော အပျော်မယ်ဂေဟာမှ မိန်းကလေးရှောင်ယွီသည် သေတမ်းစာတစ်စောင်ကို ချန်ထားခဲ့ပြီးနောက် မြစ်ထဲသို့ ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထိုအချိန်က မုန့်လန်ရောသည် သူမ၏အခန်းထဲတွင်ရှိနေခဲ့ပြီး ဖျက်စီးခံရသောကျောက်စိမ်းကဲ့သို့[2] မြစ်ထဲသို့ ခုန်ချသွားသည်ကို ပန်းလှေပေါ်မှ မြင်လိုက်သည်ဟု ပြောဆိုလာကြ၏။
{ [2] - ပန်းလေးညှိုးနွမ်းသွားခြင်း၊ ငယ်ရွယ်သောမိန်းကလေးတစ်ယောက်၏သေဆုံးမှုကို တင်စားခြင်း }
လင်းရုဖေးက ထိုသတင်းကို ကြားသည့်အချိန်တွင် လက်ဖက်ရည်သောက်နေတာဖြစ်ပြီး သူ့လက်ထဲရှိလက်ဖက်ရည်ခွက်သည် မြေပြင်ပေါ်သို့ပြုတ်ကျလုနီးပါး လှုပ်ရမ်းသွားတော့သည်။
သူမ သခင်ငယ်လေးက အလွန်အမင်း နှလုံးသားကွဲကြေနေပြီး မဆင်မခြင်ပြုလုပ်မည်ကို သခင်မကြီးက စိုးရိမ်ပူပန်နေကြောင်း ကျူးယင်းက ငို၍ဆိုလာသည်။ ယခု အခန်းထဲတွင် သခင်လေးက သူတစ်ယောက်တည်းနေ နေပြီး မည်သူ့ကိုမှ အတွေ့မခံပေ။ အားလုံးက စိုးရိမ်ပူပန်နေမိကြသော်လည်း သူတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြရ၏။
လင်းရုဖေး၏ ဖြူဖြူဖွေးဖွေး လက်ဖမိုးလေးသည် လက်ဖက်ရည်ပူပူကြောင့် အနီရောင်သို့ပြောင်းသွား၏။ ယွီရွေက လက်ဖက်ရည်ခွက်ကို အလျင်အမြန် ဆွဲယူလိုက်ပြီးနောက် ရေခဲကပ်ပေးချင်သော်လည်း လင်းရုဖေးက ငြင်းဆိုလိုက်သည်။
“သူဘယ်မှာလဲ ငါသွားပြီး ကြည့်ကြည့်ဦးမယ်"
လင်းရုဖေး မေးလိုက်သည်။
"သူက လင်းကုန်းဇီနေတဲ့အဆောက်အဦးရဲ့ ထပ်ခိုးထပ်မှာပါ" ကျူးယင်းက ငိုလျက်ဖြင့်မေးလာ၏။
"ဒါဆို ကျွန်မတို့ ဘယ်လိုသင့်လဲ... ..."
လင်းရုဖေးက စက္ကန့်ပိုင်းအတွင်း ထရပ်ကာ ထပ်ခိုးထပ်သို့ အမြန်ပြေးသွားသဖြင့် အပေါ်အင်္ကျီကိုပင် မ၀တ်လိုက်နိုင်ပေ။ ထပ်ခိုးအပြင်ဘက်တွင် လူများစွာ စုဝေးနေကြပြီး သူတို့၏မျက်နှာများကို မြင်လိုက်သည်နှင့် သူတို့အားလုံးက မုန့်လန်ရော၏ ဆွေမျိုးများဖြစ်ကြောင်း သူသိလိုက်သည်။ လူတိုင်းက ဝမ်းနည်းနေကြပြီး သခင်မမုန့်သည် အလွန်ဝမ်းနည်းစွာငိုကြွေးနေကာ မုန့်ယိုယွဲ့၏ရင်ခွင်ထဲသို့ လဲကျနေသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ အဲဒီ့မိန်းမကို အိမ်ထဲကို ခေါ်လာခွင့်ပေးမယ်လို့ ငါ ကတိပေးခဲ့တယ်လေ အဲဒါကို သူမက ဘာလို့မြစ်ထဲ ခုန်ချသွားရတာလဲ"
မုန့်ယိုယွဲ့သည်လည်း ဝမ်းနည်းနေပုံပေါ်ပြီး သူမ၏မျက်လုံးများတွင် မုန့်လန်ရောအတွက် စိုးရိမ်မှုများနှင့် ပြည့်နှက်နေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ချီယန်ရှန့် သူ့အား ပြောခဲ့သည့်စကားကို လင်းရုဖေး ပြန်သတိရသွားသဖြင့် ရှောင်ယွီ၏သေဆုံးမှုသည် သူနှင့် ပတ်သက်နေမည်ဖြစ်ကြောင်း သူ ယုံကြည်သည်။ သို့သော်လည်း ယခုအချိန်တွင်မူ လူစုလူဝေး၏ မည့်သည့်နေရာတွင်မျှ သူ့ကို မတွေ့ရပေ။
အပြင်မှလူများက မည်မျှပင် ဖျောင်းဖျပြောဆိုရန် ကြိုးစားနေပါစေ အခန်းတွင်းရှိ မုန့်လန်ရောက တံခါးဖွင့်ပေးရန် ငြင်းဆန်နေသည်။ သူတို့တွင် တခြားနည်းလမ်းများ မရှိတော့သည့်အတွက် တဖြည်းဖြည်းနှင့် လူစုကွဲသွားကြသည်။ သခင်မမုန့်က မတော်တဆမှုဖြစ်မည်ကို စိုးရိမ်သဖြင့် အခန်းအပြင်တွင် စောင့်ခိုင်းရန် လူတစ်ချို့ကို စေလွှတ်လိုက်သည်။
လင်းရုဖေးလည်း ထွက်လာလိုက်ပြီး ပြန်လာသည့်လမ်းတွင် စင်္ကြံ၌ ငါးမျှားနေသေးသည့် ချီယန်ရှင့်ကို တွေ့လိုက်ရသည်။ သူက ချီယန်ရှန့်၏အနောက်သို့ လျှောက်သွားပြီး အေးစက်စွာ မေးလိုက်၏။
"မင်း ဒီကိစ္စကို လုပ်ခဲ့တာလား"
ချီယန်ရှန့်က လင်းရုဖေးဘက်သို့ လှည့်ကာ ပြုံးလိုက်ပြီး "လင်းကုန်းဇီ ဘာကိုရည်ညွှန်းတာလဲဆိုတာ ကျွန်တော်လည်း သိချင်မိတယ်"
လင်းရုဖေးက ဒေါသတကြီးဖြင့် တုန့်ပြန်ပြောဆိုလိုက်သည်။
"ငါ မင်းကို ပြောပြဖို့လိုသေးလို့လား"
ထုံးစံအတိုင်း ရှောင်ယွီနှင့် ပတ်သက်သည့်ကိစ္စပင် ဖြစ်သည်။ ထိုမိန်းကလေးသည် အကြောင်းပြချက်မရှိဘဲ မြစ်ထဲသို့ သူမကိုယ်သူမ ခုန်ချသွားမည်ဟု သူ မယုံကြည်ပေ။ ဒဏ်ရာတွေကလည်း ချီယန်ရှန့်နှင့် ပတ်သက်မှု ရှိကောင်းရှိနိုင်သည်။ ထိုဇာတ်လမ်းသည် အပြစ်ကင်းပြီးရိုးသားသည့် မုန့်လန်ရောကို လှည့်စားနိုင်သော်လည်း တခြားသူများကိုတော့ မလှည့်စားနိုင်ပေ။
ချီယန်ရှန့်က ခဏမျှတိတ်ဆိတ်နေပြီးနောက် "ကလေးက ငါးမဟုတ်တော့ ငါးရဲ့ပျော်ရွှင်မှုကို သူဘယ်လိုလုပ်သိနိုင်မှာလဲ[3]"
{ [3] - သူတစ်ပါးကို ကိုယ့်ရှု့ထောင့်ကနေဘဲ အမြဲကြည့်မနေသင့်ဘူး။ }
လင်းရုဖေးက စိတ်မဝင်စားစွာဖြင့် ပြောလိုက်သည်။
"ငါးတွေပျော်လားဆိုတာတော့ ကျွန်တော်မသိဘူး ဒါပေမဲ့ သေသွားတဲ့လူတွေကတော့ ပျော်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်"
ချီယန်ရှန့် လှည့်စားခြင်းကိုခံနေရသည့် မုန့်လန်ရောကိုတွေးကြည့်ပြီးနောက် သူ့ဒေါသများကို ထိန်းထားသော်လည်း မတတ်နိုင်စွာဖြင့် အနည်းငယ် ဒေါသထွက်နေသေးသည်။ မုန့်လန်ရောသည် ချီယန်ရှန့်ကို သူငယ်ချင်းအဖြစ် သတ်မှတ်ထားခဲ့သော်လည်း နောက်ဆုံးတွင်မူ ထိုသူငယ်ချင်းဟုခေါ်သည့်သူက သူ့အပေါ်ဘာလုပ်ခဲ့သည်လည်းဆိုတာကို သူ မသိပေ။
ချီယန်ရှန့်က ရယ်မောလိုက်သည်။ သူက ငါးမျှားတံကိုချကာ မတ်တပ်ရပ်ပြီး လင်းရူဖေးအား ဦးညွှတ်ကာ အလေးအနက်ပြောလာသည်။
“ကျေးဇူးတင်ပါတယ် လင်းကုန်းဇီ"
လင်းရုဖေး သူနောက်ထပ် ပြောလာမည့်စကားများကို စောင့်နေရင်း သူ့အား စိုက်ကြည့်နေလိုက်သည်။
ချီယန်ရှန့်က ဆက်လက်ပြီးဆို၏။
"လင်းကုန်းဇီ လန်ရောရဲ့ သူငယ်ချင်းဖြစ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဤစကားများကို ပြောပြီးနောက် ချီယန်ရှင့်သည် တစ်ဖက်သို့လှည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ထွက်သွားလေသည်။
Prev
Next
Welcome To MM Storyteller
LOGIN
Email Address
Password
Remember Me
Forgot your password?
Log In
OR
Don't have an account?
REGISTER
Welcome To MM Storyteller
REGISTER
Username
Email Address
Password
Register
OR
Already have an account?
LOGIN