Chapter 48
Viewers 9k

အပိုင်း(၄၈)


တုဟောင်ကိုမြင်လိုက်ရတော့ လင်ရှန်းတစ်ယောက် ခဏတစ်ဖြုတ်ပင်ကြက်သေ သေသွားတော့သည်. ကြည့်ရတာလိန်ဖန်နှင့်အတော်ပင် တူညီပါသည်. ဒါပေမယ့် ရေပင်ခဲမတတ် အေးစိမ့်စေနိုင်သည့် အကြည့်စူးစူးက သူမကို တစ်ကယ့်အဖြစ်မှန်သို့ ပြန်ခေါ်ဆောင်သွားသည်။


ဒီလူက တုဟောင်ပဲ!


တော်ဝင်သမားတော်က ရုတ်တရက်ကြီး အိမ်ရှေ့စံမင်းသားကိုယ်တိုင်ရောက်ရှိလာမယ်လို့ မထင်ထားခဲ့ပါဘူး. တုဟောင်ကို အရိုသေပြုရန် ကတိုက်ကရိုက်ပင်ဒူးထောက်ချလိုက်ရသည်။


"ထတော့" တုဟောင်က သူ့လက်ကိုဝေ့ရမ်းလိုက်သည်. တုဟောင်က သူကိုယ်တိုင် ကိုယ်ကျပင်ရောက်ရှိလာခဲ့ပြီးတော့ အိမ်ရှေ့မင်းသားဝတ်ရုံကိုတောင် မဝတ်ဆင်ထားခဲ့ပေ. အဲလိုဝတ်ထားတာတောင် စိုးမိုးခြယ်လှယ်တဲ့သူ့အရှိန်အဝါကို မဆုတ်ယုတ်သွားစေနိုင်ခဲ့ပေ. အကြည့်တစ်ချက်နဲ့တင် တော်ဝင်သမားတော်ကို အသက်တစ်ဝက်ထွက်သွားနိုင်တဲ့အထိ ကြောက်ရွံ့သွားစေဖို့ လုံလောက်နေခဲ့သည်။


"ကြင်ယာတော်မင်းသားရဲ့ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ" တုဟောင်က‌ မေးခွန်းထုတ်လိုက်သည်။


"အရှင့်သားကို တင်ပြရရင်တော့ ကြင်ယာတော်မင်းသားက သတိရလာနေပါပြီ. သို့သော်ငြားလည်း သူမရဲ့ဒဏ်ရာတွေကြောင့် အချိန်ခဏလောက်တော့ စကားပြောဆိုနိုင်​​သေးမှာ မဟုတ်ပါဘူး၊ သူမ ပြန်စကားပြောနိုင်ဖို့အတွက် ရက်နည်းနည်းတော့ ကြာနိုင်ပါလိမ့်မယ်"


"စကားမပြောနိုင်ဘူးလား" တုဟောင်ရဲ့မျက်ခုံးရိုးတွေ မြင့်တက်သွားပြီးတော့ လင်ရှန်းကို ကြည့်လိုက်သည်။


လင်ရှန်းက အိပ်ပျော်နေသလို ချက်ချင်းဟန်ဆောင်လိုက်သော်လည်း သူမနားထဲကိုတိုးကာဝင်လာတဲ့ အေးစက်စက်အသံပြတ်ကိုတော့ ကြားလိုက်ရသည်. _ "ဒါကမကောင်းတဲ့အရာမဟုတ်ဘူးလို့တော့ ငါထင်တယ်၊ ငါ့ရဲ့မေးခွန်းတွေအားလုံးကို ရှောင်တိမ်းဖို့ ပိုကောင်းသွားတာပေါ့"


လင်ရှန်း သူမတစ်ကိုယ်လုံးကနေ ရုတ်ချည်းချွေးအေးတွေရွှဲရွှဲစိုသွားသလို ခံစားလိုက်ရသည်. သူမလက်တွေဖြင့် ခြုံစောင်ထည်ကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် နောက်ထပ်တစ်နေရာမျှကို မရွေ့လျားရဲတော့ချေ။


ခဏကြာတဲ့ပြီးနောက်တွင် တုဟောင်က တော်ဝင်သမားတော်ကိုပြောလိုက်ခဲ့သည်. – " ဒီနေရာမှာ မင်းရှိနေဖို့ မလိုအပ်တော့ဘူး၊ ထွက်သွားတော့"


"ဒီအစေခံက အရှင့်သားအမိန့်တော်အတိုင်းလိုက်နာပါ့မယ်!" တော်ဝင်သမားတော်က သက်သာရာရစွာကြည့်လိုက်ခဲ့ပြီးတော့ လျင်မြန်စွာဖြင့်ပင် သူ့ဆေးသေတ္တာကို ကောက်ယူလိုက်သည်. သူ့ကိုကြည့်ရတာက အရေးအခင်းတစ်ခုကနေပြီး လွတ်မြောက်သွားသလိုပင်. တော်ဝင်သမားတော်က ထွက်မသွားခင်​လေးတွင် သူက လင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးတော့ "မင်းအတွက် ကံကောင်းပါစေ"လို့ ဆုတောင်းပေးခဲ့ဖို့လည်း မမေ့လျော့ခဲ့ပါဘူး.။


အခုတော့ ထိုတော်ဝင်သမားတော်လည်း ပြန်သွားရှာပါပြီ. တုဟောင်နှင့် အိပ်ချင်ယောင်ဆောင်နေသော လင်ရှန်းသာလျင် ကျန်ရှိတော့သည်။


ဒါ အိပ်မက်လေး တစ်ခုပါပဲ၊ ငါ နိုး လိုက်တာနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ.....လင်ရှန်းက သူမရင်ထဲတွင် သူမကိုယ်သူမ စိတ်သက်ရာရစေဖို့ ကြိုးပမ်း​ေနလိုက်သည်. သို့သော်လည်း သူမစိတ်တွေ အလွန်မင်းပူထူလာခဲ့ကတည်းက သူမလက်နှစ်ဖက်လုံးက မသိစိတ်၏လှုံဆော်မှုအရပင် အလိုလိုတုန်ရင်လာပြီးတော့ ခြုံစောင်ထည်ကိုဘဲ အလွန်တင်းကျပ်စွာဘဲ ဆုပ်ကိုင်ထားလိုက်တော့သည်။


အချိန်ကတစ်ဖြည့်ဖြည်းဖြင့် ကုန်လွန်သွားတော့သည်. လင်ရှန်းလက်ဖဝါးတွေက လည်း ချွေးစီးတွေ စတင်ပြီးထွက်ရှိလာတော့သည်. သူမကိုယ်သူမ ယုန်ငယ်လေးတစ်ကောင်လိုမျိုး ကြောက်စိတ်ကြောင့် မျက်လုံးလေးတွေမှေးစင်းပြီးတော့ သေဖို့စောင့်နေရတော့သလို ခံစားနေရသည်။


သူမဘေးနားမှာက ခုန်အုပ်ဖို့အတွက်စောင့်ဆိုင်းနေတဲ့ ကျားတစ်ကောင်ရှိတယ်ဆိုတာ သူမကျိန်းသေသိနေသည်. သူ့ရှေ့တွင် မည်သည့်လှုပ်ရှားမှုမျှ ဖော်ပြလို့လည်းမရချေ. သူမမှာ နောက်ဆုံးထွက်သက်ကိုသာ စောင့်မျှော်နေရသည်. ဟုတ်ပါတယ်. စောင့်နေရတာကြာတော့ ကွေးချင်ဆန့်ချင်လို့နေပါပြီ။


'ရှင် ကျွန်မနားကနေ မြန်မြန်လေး မထွက်သေးဘူးလား။ လင်ရှန်းက အသံတစ်ချက်ကြားလိုက်ရုံဖြင့် တုဟောင်က သူမဘေးနားတွင်လာထိုင်လိုက်သည်ကို သိလိုက်သည်. ပြီးနောက် လက်ချောင်းတစ်ခုကလည်း သူမမျက်နှာကို လာရောက် ပွတ်သတ်နေတာကိုလည်း သူမသိလိုက်ခဲ့သည်။


တုဟောင်က စစ်ပွဲများစွာကို ကျော်ဖြတ်လာခဲ့ရတာကြောင့် သူ့အရေပြားတွေက အသားမာတက်ကာ နန်းတော်ထဲက အလိုလိုက်ခံနေရတဲ့ ညီတော်ညီမတော်ငယ်တွေထက်စာရင် ပိုပြီးတော့ကြမ်းရှလာခဲ့ရသည်။


သူ့လက်ချောင်းတွေက လင်ရှန်းမျက်နှာကိုထိတွေ့လိုက်တဲ့အခါ ယားယံသွားတော့သည်။


'သူ ဘာတွေလျှောက်လုပ်နေတာလဲ' လင်ရှန်း စိတ်ညစ်သွားတော့သည်. 'တုဟောင်က အမျိုးသားတွေကို ကြိုက်တာမဟုတ်ဘူးလား? ဘယ်လိုဖြစ်ပြီးတော့ ငါ့ရဲ့တို့ဖူးလေးကို သူစားဖို့ ကြိုးစားနေတာလဲ.....နေပါဦး! ငါက မလှုပ်မယှက်ပဲနေနေပြီးတော့ သူ့ကို ငါ့တို့ဖူးလေး စားခွင့်ပေးလိုက်ရမှာလား' လင်ရှန်းက ပြန်ထဖို့ဆုံးဖြတ်လိုက်ပြီးတော့ သူမမျက်စိတွေကို ဖွင့်လိုက်သည်။


သူမ မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခိုက်တွင် သူမမျက်လုံးတွေက တုဟောင်နှင့်အကြည့်ချင်း ဆုံမိသွားသည်. တုဟောင်ရဲ့အကြည့်တွေက သူ့ရဲ့ညင်သာတဲ့လက်ချောင်းတွေထက်တောင် ပိုကြမ်းရှနေခဲ့သည်. အကြည့်တစ်ချက်နဲတင် လင်ရှန်းတစ်ယောက် စိတ်မသက်မသာ ဖြစ်သွားရတော့သည်. သူမ ပါးစပ်ကိုဖွင့်လိုက်ပေမယ့် ဘာစကားမှပြောလို့မရနိုင်ခဲ့ပေ။


ခတ္တခဏတွေးကြည့်ပြီးတဲ့နောက်တွင် လင်ရှန်းက သူမမျက်နှာပေါ်မှ တုဟောင်ရဲ့လက်ကိုဖယ်ဖို့ရန် သူမလက်ကို ဆန့်ထုတ်လိုက်သည်။


သူမလက်ကို ဆန့်ထုတ်လိုက်တဲ့အခိုက်တွင် သူမလက်ကောက်ဝတ်ကို ဖမ်းဆွဲလို့ ဆုပ်ကိုင်ခြင်းခံလိုက်ရသည်. တုဟောင်က အားအများကြီးမသုံးထားဘဲနဲ့တောင် သူမလက်ကောက်ဝတ်ကို နီမြန်းသွားစေဖို့က လုံလောက်နေခဲ့သည်. လင်ရှန်းက မသိစိတ်အရပင် သူမနဖူးက နာကျင်မှုကြောင့် ရှုံ့တွသွားတော့သည်။


"ဘာလဲ၊ မင်းက ကြောက်နေတာလား'' တုဟောင်က သူမမျက်နှာကို အေးစက်တဲ့အမူအရာတစ်ခုဖြင့်ကြည့်လိုက်ကာ လှောင်ရယ်ကာပြောလိုက်သည်။ သူက ကြမ်းတမ်းစွာဖြင့်ဖိညှစ်လိုက်ကာ- " စုန့်မိသားစုအိမ်တော်ရဲ့သမီးဖြစ်သူက မင်းသမီးတစ်ပါးကိုတောင် လက်ထပ်ယူဖို့ သတ္တိတွေတော်တော်ကောင်းနေတာပဲ၊ သူမက ဘယ်အရာမဆို ကြောက်နေလိမ့်မယ်လို့ ငါမထင်ထားဘူးပဲ"


'မျှော်လင့်ထားသလိုပါလား! ငါထုတ်ဖော်ခံလိုက်ရပြီပေါ့! အခုတော့ လင်ရှန်းစိတ်ထဲတွင် စိတ်တွေကယောင်ချောက်ချားဖြစ်လို့သွားတော့သည်. သူမစိတ်ထဲတွင် 'ငါတော့ဇာတ်သိမ်းပြီ ငါတော့ဇာတ်သိမ်းပြီ ငါတော့ဇာတ်သိမ်းပြီ.....' ဆိုသည့် အသံတစ်ခုကိုပဲ အဆက်မပြတ်ကြားယောင်နေတော့သည်။


ဒါပေမယ့် သူမက ပိုးဟပ်တစ်ကောင်လောက်တောင်မှ ထိခိုက်အောင် မလုပ်ဆောင်နိုင်တော့လည်း လင်ရှန်းတစ်ယောက်လဲ အခုလိုရန်စနေခြင်းခံနေရတာတောင် သူမမှာ ပိုပြီးတော့ရေငုံနှုတ်ပိတ်နေရဖို့သာလုပ်နိုင်တော့သည်။


'တုဟောင်က သူမက မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ ဖုံးကွယ်ထားတာကို သိနေတာ သေချာနေမှတော့ သူက ဘာလို့အင်ပါယာဘုရင်ကြီးဆီကို သတင်းမပို့သေးရတာလဲ? အဲဒီလိုလုပ်မယ့်အစား သူက တစ်ယောက်တည်းဒီကိုရောက်လာပြီးတော့ ငါနဲ့တောင် စကားတွေလာပြောနေသေးတယ်. သူ့မှာ တစ်ခုခုမြုတ်ကွက်တစ်ခုတော့ရှိရမယ်. ဘယ်လိုမြုတ်ကွက်ကများ ငါ့ကို သတင်းပို့ဖို့ သူ့ကိုဟန့်တားထားလဲဆိုတာ ငါသိချင်သား'


ထိုသို့တွေးမိခဲ့ပြီးနောက်တွင် လင်ရှန်းက စွန့်စားမှုတစ်ခုလုပ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။


လင်ရှန်းရဲ့အမူအရာတွေက ကြောက်နေတာကနေ အချိန်တိုအတွင်းပြန်ငြိမ်သက်သွားခဲ့တာကို မြင်လိုက်တော့ တုဟောင် အတော်လေးအံ့အားသင့်သွားခဲ့သည်. သူအမူအရာတွေက မဲမှောင်သွားပြီးနောက် မျက်နှာထားတင်းမာစွာဖြင့် မေးလိုက်သည်. – "စုန့်လောင်၊ မင်း ဘယ်လိုပြစ်မှုမျိုးကို ကျူးလွန်ထားလဲဆိုတာရော မင်းသိရဲ့လား"


'စိတ်မရှုပ်ထွေးသွားလိုက်နဲ့! သူက နင့်ကို မကြောက် ကြောက်အောင် ဖြဲချောက်နေတာ. သူက နင့်ကို မကြောက် ကြောက်အောင် ဖြဲချောက်နေတာ.' လင်ရှန်းက တည်ငြိမ်စွာဖြင့်ပင် သူမကိုယ်သူမ ပြန်ပြောလိုက်သည်. သူမ သူမပါးစပ်ကိုလက်ညိုးထိုးလိုက်ပြီး သူမစကားမပြောနိုင်ကြောင်း အမူအရာပြလိုက်ပြီးတော့ သူမခေါင်းကို ခါရမ်းပြလိုက်သည်။


"အခုမှ 'အ' ချင်ယောင်ဆောင်နေတာလား" တုဟောင်က သူ့မျက်ခုံးတွေကို ပိုမြင့်သွားအောင် ကွေးညွန့်လိုက်ပြီး သူသွားတွေကိုတင်းတင်းကြိတ်ကာ သူမကို ပိုနီးကပ်အောင်ဆွဲယူလိုက်သည်။


ပိုပြီးနီးကပ်စွာမြင်လိုက်ရတော့ သူမမျက်ခုံးရိုးက ထူထဲစွာလှပလို့နေသည်. သူမမှာ ယောက်ျားလေးနဲ့တူတဲ့ရုပ်သွင်အမူအရာမျိုး မြူမှုန်လေးမျှတောင် ရှိမနေခဲ့ချေ. 'ဘယ်လိုလုပ်ပြီးတော့များ သူမကို ဒီလိုမျိုးနဲ့ ထွက်သွားခွင့်ပြုနိုင်ရမှာလဲ' တုဟောင်က တစ်ချက်တည်းနဲ့တင် သူမအပေါ်ကို သူ့ရဲ့စွဲလန်းမက်မောမှုတွေက တကယ်ကိုမေးခွန်းထုတ်လို့ရနေတာကို သူမယုံကြည်နိုင်ခဲ့ပါဘူး. အချိန်တိုလေးအတွင်းတွင် သူ့ဒေါသတွေက ဆူပွက်လာတော့သည်။


တုဟောင်ရဲ့အကြည့်တွေက ကြည့်နေရင်းနဲ့ပင် ပိုလို့တောင်ကြောက်ဖို့ကောင်းနေတော့သည်. လင်ရှန်းစိတ်ထဲတွင်တော့ ပေါက်ကွဲလုမတတ်ဖြစ်နေတော့သည်. 'ဒါအန္တရာယ်ရှိတဲ့အခြေအနေတစ်ခုပဲ!' စကားမပြောတတ်ယောင်ဆောင်နေတာအပြင် သူမရဲ့ အိုင်ကြူနဲ့ကတော့ သူမမှာ တစ်ခြားဖြေရှင်းစရာနည်းတစ်ခုမှ စဉ်းစားလို့မရတော့ချေ။


ထို့ကြောင့် သူမက သွားတွေကိုတင်းတင်းစေ့လိုက်ပြီးတော့ အပြစ်မဲ့တဲ့ယုန်ပေါက်လေးတစ်ကောင်လိုမျိုး နေလိုက်တော့သည်. ဝံပုလွေဆိုးကြီးတစ်ကောင်ရှေ့မှောက်တွင်တော့ သနားစရာကောင်းအောင်လို့ သူမဉာဏ်စွမ်းရှိသလောက် ဟန်ဆောင်ပြီးနေပေးလိုက်တော့သည်။


သမာရိုးကျအရဆိုရင်တော့ လင်ရှန်းရဲ့လှည့်ကွက်က လူအများစုအတွက်တော့ အသုံးမဝင်နိုင်ကောင်းလောက်ပါဘူး. သို့သော်လည်း သူမက မှန်ကန်တဲ့ပစ်မှတ်အပေါ်မှာ သွားပြီးအသုံးပြုမိသွားခဲ့တယ်. ဒေါသထွက်နေတဲ့တုဟောင်က ချက်ချင်းပင် နေရာမှာတင်မလှုပ်မယှက်အေးခဲသွားတော့သည်။


'သူမပဲ! ငါမမှားခဲ့ဘူးပဲ.' သူ့စိတ်ထဲမှာ အမြဲတမ်းစွဲထင်ရှိနေတဲ့ နန်းတွင်းအစေခံမလေးက တစ်ကြိမ်ထပ်ပြီးတော့ ထွက်ပေါ်လာခဲ့သည်. သူမမှာ တူညီတဲ့မျက်လုံးတွေရှိတယ်....နှုတ်ခမ်းလေးတွေစူနေတာတောင်မှ တူနေတယ်. တကယ်လို့ သူမသာ အမှန်တကယ်ပဲ တစ်ယောက်တည်းဖြစ်နေတယ်ဆိုရင် မမျှော်လင့်ထားတဲ့ သူ့ရဲ့အပြုအမူလုပ်ဆောင်ချက်တွေက အကောင်းဆုံးအကြောင်းပြချက်ပေးနိုင်လိမ့်မယ်။'


ဒါပေမယ့် ဘယ်လိုဖြစ်ပြီးတော့ သူမ ဖြစ်နေရတာလဲ။ သူ့ရင်ထဲက နန်းတွင်းအစေခံမလေးက ရည်မွန်​ကျော့ရှင်းပြီးတော့ ပြောဆိုပြုမူအနေအထိုင်တွေက ယဉ်ကျေးသိမ်မွေ့လွန်းတာ. သူမကို ကြည့်လိုက်ရင် နတ်ဘုရားမတစ်ပါးလို့ထင်ရပြီးတော့ မျက်မှောင်ကြုတ်လိုက်တဲ့အမူအရာလေးတွေ.. အပြုံးလေးတွေတိုင်းက သူမအလှကို ပေါ်လွင်ထင်ရှားလို့နေနေတာ.. စုန့်လောင်ကတော့ ဒီလိုမျိုးလူမဟုတ်ဘူးလေ. ဒီမိန်းကလေးက သူ့ရှေ့မှာဆိုရင် အပြုအမူပြောဆိုပုံအမူအရာတွေက လက်လွတ်စပယ် မဟုတ်တမ်းတရားအတွေးတွေနဲ့ပဲ ပြည့်နှက်နေသေးတယ်. ပြောစရာကိုမလိုတာကတော့ သူ့မျက်လုံးတွေက ငွေကိုမြင်လိုက်တာနဲ့ တလက်လက်ဖြစ်နေသေးတာပဲ။


စုန့်လောင်ရဲ့ပုံရိပ်အစစ်မှန်ကိုသိနေတာတောင်မှပဲ တုဟောင်မှာ သူ့ကိုယ်သူ သူမအပေါ်မှာ ကျရှုံးနေတာကို မရပ်တန့်နိုင်ခဲ့ပါဘူး. အတွေးနက်နက်ထဲတွင် သူက လင်ရှန်းကို သူ့မိန်းကလေးဖြစ်အောင်လုပ်ဖို့ အခွင့်အရေးဖန်တီးဖို့ စဉ်းလဲတဲ့အကြံတစ်ခုတောင်မှ အစီစဉ်ချနေပါသေးတယ်. 'အိုး.... သူ့မှာ ဘာလုပ်သင့်လဲ'


တုဟောင်ရဲ့မျက်နှာဟန်ပန်မူရာအ​နေထားက စိတ်ဝေဒနာ​တောထဲမှာ နစ်မြုတ်နေတာကိုလင်ရှန်းတွေ့ မြင်နေရသည်. သူမရဲ့အကြံတော့ ကျရှုံးသွားပြီလို့ သူမတွေးထင်လိုက်သည်. သူမက အဲဒီအစား သူ့ကို ဆွဲဆောင်ဖို့ ကြံစည်သင့် မသင့်ကိုလဲ သူမအကွက်ချနေမိသည်. ဒါပေမယ့် မမျှော်လင့်ထားတာကတော့ တုဟောင်က သူမလက်ကိုဖြေလျော့လိုက်ပြီးတော့ ဘာခံစားချက်တစ်ခုမှမပါဘဲနှင့် မတ်တပ်ထရပ်လိုက်သည်. သူမကို တစ်ချက်လေးမှတောင့်ငဲ့စောင်းမကြည့်ခဲ့ဘဲနဲ့ လှည့်ထွက်သွားခဲ့သည်။


ဒါပေမယ့် သူတံခါးအပြင်ဘက်သို့လှမ်းမည့်ဆဲဆဲတွင် ရုတ်တရက်ပြန်လှည့်လိုက်ကာ ပြောလိုက်တယ်.- "ငါ့အကြွေးကို နောက်တစ်ခါမှ လာတောင်းတော့မယ်" ပြီးနောက် သူက ပျောက်ကွယ်သွားတော့သည်။


ဒီလိုအံအားသင့်စရာကောင်းတဲ့ ရလဒ်က လင်ရှန်းကို တုန်လှုပ်သွားတော့သည်. 'ဘာအကြွေးလဲ။ သူက ငါ့ကို ဓားတစ်လက်အောက်မှာ မြန်မြန်ဆန်ဆန်ကြီးသေသွားမှာ မလိုချင်လို့ သူက ငါ့ကို ဖော်ထုတ်ဖို့မလုပ်သေးတာလို့ ပြောချင်တာလား။ သူက ငါ့ကို ဓားမြောင်သုံးပြီးတော့ တစ်ဖြည်းဖြည်းချင်း တစ်စစီဆွဲဖြဲနေတာလား'


'သူက လူ လုံးဝမဖြစ်နိုင်ဘူး! သူက မကောင်းဆိုးဝါးတစ်ကောင်ပဲ! ထိုအချိန်အခိုက်အတန့်တွင် လင်ရှန်းတစ်ယောက် သူမမျက်နှာပေါ်သို့ မျက်ရည်တွေသွင်သွင်စီးကျလာတော့သည်။


"အရှင့်သား၊ အရှင် ဒီအကြောင်းကို အရှင်ဘုရင်မင်းမြတ်ထံကို အမှန်အတိုင်း သတင်းပို့ဖို့ မစီစဉ်တော့ဘူးလား" တုဟောင် အခန်းထဲမှထွက်သွားပြီးတော့ အချိန်အနည်းငယ်မျှကြာပြီးနောက်တွင် ကုဇောင်က တိတ်ဆိတ်စွာဖြင့်ပင် အရိပ်ထဲမှ ပေါ်ထွက်လို့လာခဲ့သည်။


"ငါဘာလုပ်နေလဲဆိုတာ ငါသိတယ်၊ ကုဇောင် ငါ့ကို လူတစ်ယောက်အကြောင်းကို စုံးစမ်းဖို့ကူညီဦး" တုဟောင်က သူ့ခါးကြားမှ စာရွက်ပိုင်းတစ်ခုကို ထုတ်ယူလိုက်ကာ ဆိုလိုက်တယ်. စာရွက်ပေါ်တွင်တော့ အနက်ရောင်မှင်ဖြင့် ဖြောင့်တန်းစွာရေးသားထားသည်. "ကြင်ယာတော်မင်းသား နဂါးနက်တောင်ပေါ်မှာ ရှိတယ်"


"ဒီစာရွက်အတိုစက အဲဒီနေ့တုန်းက....မဟုတ်လား"


"ဟုတ်တယ်၊ ငါတို့ရဲ့လျို့ဝှက်အထောက်တော်တွေထက်အရင် စုန့်လောင်ကို ရအောင်ရှာနိုင်တဲ့ ဒီလိုမျိုးထူးခြားအံ့ဩလောက်တဲ့ စွမ်းရည်ပိုင်ဆိုင်တဲ့လူကို ငါတွေ့ချင်တယ်." တုဟောင်က ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကြယ်တစ်လုံးမျှ သူမမြင်ခဲ့ပေ။


သူတို့တွေထံကို ဦးတည်တိုက်ခတ်လာမည့် မုန်တိုင်းတစ်လုံးက ထွက်ပေါ်လို့လာခဲ့သည်။


**********


End.....