Chapter 49
Viewers 11k

အပိုင်း(၄၉)


သေချာတာထက်ကို ပိုလွန်ကဲနေတော့သည်. နောက်တစ်နေ့တွင်တော့ အလွန်ပြင်းထန်သောမိုးသက်မုန်တိုင်းတစ်ခုက တိုက်ခတ်လာခဲ့သည်. နန်းတော်တစ်ခုလုံးပင် ရေကြီးရေလျှံပြီး နစ်မြုတ်တော့မလို မိုးများသဲကြီးမဲကြီးရွာသွန်းနေသည်.


စုန့်လောင်ကို ပြန်ရှာတွေ့လိုက်ပြီဟု သတင်းရရလျင်ရချင်းပင် အမတ်ချုပ်ကြီးနှင့် သူ့၏ဇနီးဖြစ်သူတို့သည် ထိုမုန်တိုင်းကိုထည့်မတွက်ခဲ့ဘဲ သူ့တို့၏သမီးဖြစ်သူနှင့်တွေ့ဆုံရန် နန်းတော်သို့ အပြေးအလွှားရောက်ရှိလာခဲ့သည်။


သူတို့တွေ စုန့်လောင်ကို မြင်လိုက်လျင်ချင်းပင် အမေဖြစ်သူ၏မျက်လုံးထဲမှ စမ်းရေတွေလို မျက်ရည်တွေက သွန်းစီးကျလာတော့သည်. လင်ရှန်းလက်ကိုဆုပ်ကိုင်လိုက်ပြိး စိတ်မကောင်းခြင်းများစွာဖြင့် လက်လွှတ်ပေးဖို့တောင် ငြင်းဆန်နေခဲ့သည်။


လင်ရှန်းတစ်ယောက် သူမနှာခေါင်းထဲတွင် တစစ်စစ်ဖြင့် ဆို့နင့်သွားရသည်. သူမက နန်းတော်ထဲကနေ အမြဲတမ်းထွက်သွားချင်တယ်လို့ ပြောပြောနေသော်လည်းပဲ သူမမှာ ပိုင်းခြားလို့မရနိုင်တဲ့အရာတွေလည်းရှိနေခဲ့သည်ပဲကိုး. သူမအပေါ်မှာထားရှိတဲ့ သူမ မိဘတွေရဲ့ချစ်ခြင်းတရားက ယခင်ဘဝက သူမမိဘတွေထံကနေ လက်ခံရရှိတဲ့ ချစ်ခြင်းမေတ္တာထက် မလျော့နည်းခဲ့ပါဘူး. တကယ်လို့သာ သူမရဲ့လက်ရှိမိဘတွေက သူမကြောင့်ဒုက္ခရောက်မယ်ဆိုရင်တော့ သူမလုံးဝကို အသေဖြောင့်နိုင်မှာ မဟုတ်ပါဘူး။


ဒီအကြောင်းတွေကိုတွေးတောပြီးတော့ သူမရဲ့သရုပ်အမှန်အကြောင်းကို ထပ်မံစိုးရိမ်သွားခဲ့တော့သည်. မနေ့တုန်းက တုဟောင်လုပ်လိုက်တဲ့ အပြုအမူတွေကို အခြေခံရရင် သူမ၏လျို့ဝှက်ချက်ကို ဘယ်လောက်ကြာကြာ သိမ်းထားနိုင်မလဲဆိုတာကိုတော့ သူမလည်း သေချာမပြောနိုင်ပေ။


ဒါပေမယ့်လို့ သူမက မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကို တုဟောင်သိထားခဲ့ပြီးသားဖြစ်တယ်ဆိုတာ သူမမိဘတွေကို ပြောပြလိုက်မယ်ဆိုရင် သူမအဖေရဲ့စရိုက်လက္ခဏာအရ သူက အင်ပါယာဘုရင်မင်းမြတ်ထံကို အပြေးဝင်သွားပြီးတော့ သက်ညှာမှုရဖို့အတွက် အနူးအညွှတ်တောင်းပန်လိမ့်မှာတော့ မလွှဲဧကန်ပင်. ဒါ့အပြင် သူမအမေက ဒီသတင်းတွေကြောင့်‌ မေ့လဲကျသွားနိုင်လိမ့်မှာပဲ။


'မဟုတ်ဘူး! လုံးဝကိုဖြစ်လို့မရဘူး! လင်ရှန်းက ဒီလိုမျိုးတွေးလိုက်ပြီးတော့ သူမအကိုကို အရင်ဦးဆုံးပြောပြတာအကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်သည်။


သူမ စုန့်လင်းဖန်အကြောင်းကို မေးလိုက်ခဲ့တော့ သူက အရေးပေါ်ကိစ္စတစ်ချို့နဲ့ အဝေးကိုစေလွှတ်ခံလိုက်ရတယ်လို့ ကြားခဲ့ရသည်. လက်ရှိအခိုက်အတန့်တွင်တော့ ပြန်လာမယ့်ရက်ကို မသိရှိရသေးချေ။


'ဘာ... ငါ့အကိုကြီးက ထွက်သွားပြီလား။ ဒါဆို လိန်ဖန်ကရော။သူက ငါ့အကိုကြီးနဲ့ အတူရှိနေသင့်တာ မဟုတ်ဘူးလား။ လင်ရှန်းက အံအားသင့်သွားပြီးတော့ ချက်ချင်းပဲ ရှောင်လုကို စုံစမ်းခိုင်းလိုက်တော့သည်။


ရှောင်လုက ချက်ချင်းပင် သတင်းရရှိခဲ့တော့သည်. စစ်သားတွေကို နေရာချရာပေးသောဂိတ်စခန်းတွင် တောင်ပေါ်ဓားပြတစ်ချို့က တော်ဝင်နန်းတွင်းနှင့်အတူ အလုပ်အတူတွဲလုပ်ရန် ငြင်းဆန်ပြီး ပြဿနာမီးမွေးရှာလိမ့်မယ်လို့ အင်ပါယာဘုရင်ကြီးက ယုံကြည်ထားခဲ့သည်. ဒါ့ကြောင့်လိန်ဖန်က စုံစမ်းမှုအချို့ပြုလုပ်ရန်အတွက် နဂါးနက်တောင်သို့ ပြန်သွားရန် အမိန့်ပေးခြင်းခံရခဲ့သည်။


'အဲ့တော့ဒီအဓိပ္ပာယ်က လိန်ဖန်က နဂါးနက်တောင်မှာ ရောက်နေတာပေါ့' ဒီအချိန်အခိုက်အတန့်တွင် လင်ရှန်းက သူမမှာ ဘာအကူအညီမှရဖို့ လမ်းစမရှိတော့ဘူးဆိုတာ သဘောပေါက်လိုက်သည်. အခုတော့ တုဟောင်နဲ့ဆက်သွယ်၍ အပေးအယူလုပ်ဖို့ရာ သူမကိုယ်တိုင်သာလျင်ပဲ ထည့်တွက်စရာတာ ရှိတော့သည်။


°°°°°°°°


လင်ရှန်းတစ်ယောက် သူမမိဘတွေပြန်သွားပြီးနောက်ပိုင်းတွင် ပြန်ပြီးတော့ထူထူထောင်ထောင်ဖြစ်လာနိုင်ဖို့ သုံးရက်တိုင်တိုင် အထူးအားထုတ်နေခဲ့သည်. တုဟောင်နှင့်သူမက မည်သည့်အချိန်တွင်မဆို အပေးအယူလုပ်ရန် ကြိုတင်ပြင်ဆင်နေဖို့ရာ ရှိသည်. မနက်မိုးလင်းသည့်အချိန်မှ ညနေမိုးစုန်းစုန်းချုပ်ထိတိုင်အောင် တန်ပြန်ထိုးစစ်မည့် အစီအစဉ်တစ်ပုံတစ်ပင်ကို တွေးတောနေခဲ့သည်. နောက်ဆုံးတွင်တော့ တုဟောင်ကို မမျှော်လင့်တဲ့တိုက်ခိုက်မှုတစ်ခုဖြင့်ထုတ်လွှတ်၍ ချောက်ချဖို့ရန် ကြိုတင်ပြင်ဆင်နေခဲ့တော့သည်!


လုံးဝကိုထူးဆန်းဆန်းဖြစ်နေတာက တုဟောင်တစ်ယောက် ပေါ်မလာဘဲ ပျောက်ချက်သားကောင်းနေတယ်လို့ ထင်နေရသည်. သူ့ဘက်ကနေပြီးတော့ လှုပ်ရှားလာတာကို ဘာတစ်ခုမှ မတွေ့ရဘူးပဲ. အဲဒီအစား အခြားတစ်ယောက်က လင်ရှန်းကို သွက်သွက်ခါရှုးသွားအောင်လာလုပ်နေသည်. အဲဒီလူကတော့ ဘာမှမသိရှာသော ငတုံးမလေးတုမင်ယွဲ့ပင်ဖြစ်တော့သည်။


တုမင်ယွဲ့၏ တစ်သက်စာအချစ်အတွေ့အကြုံက အမှန်တကယ်တော့လည်း ရင်နင့်ဖွယ်ရာဖြစ်ရပ်ဆိုးတစ်ခုပင်။


သူမ အသက်သုံးနှစ်အရွယ်ကတော့ သူမပန်းတိုင်က တစ်နေ့တွင် သူမခမည်းတော်ကို လက်ထပ်ယူဖို့ဖြစ်သည်. သို့သော်လည်း နောက်ပိုင်းမှ သူမတွေ့ရှိလိုက်တာက အင်ပါယာဘုရင်လိုမျိုး တစ်စုံတစ်ယောက်ကို သူမ လက်မထပ်နိုင်ဘူးဆိုတာပါပဲ. ထို့ကြောင့် သူမက သူမရဲ့အကိုအကြီးဆုံးဖြစ်တဲ့ တုရီကို ပုံအပ်ဖို့ ဆုံးဖြတ်လိုက်သည်။


တုရီအပေါ်တွင် သူမက အရာအားလုံးကို စုံလုံးအပ်ခဲ့သည်. သူမ ဒုက္ခရောက်နေတဲ့ ဘယ်အချိန်မဆို သူကလဲ သူမနောက်ကနေပြီး လာရပ်တည်ပေးခဲ့သည်. ဒီပေးဆပ်မှုက နောက်ဆုံး သူမ အသက်ဆယ့်နှစ်နှစ်အရောက်တွင် တစ်စစီကျိုးပျက်ခဲ့တော့သည်. တစ်နေ့တွင် သူမအမေက သူမအကိုတွေကိုပြန်ပြီးတော့ လုံးဝလက်ထပ်ယူလို့မရကြောင်းကို အကြင်နာကင်းမဲ့စွာဖြင့် ရက်ရက်စက်စက်ပြောပြခဲ့လို့ပါပဲ။


သနားစရာကောင်းတဲ့ တုမင်ယွဲ့ကတော့ အသည်း​ြဗမ်း​ြဗမ်းကွဲခဲ့ရတော့သည်. ထိုအကြောင်းအရင်းကြောင့်ပင် သူမက တုရီကို ခစားအလုပ်အကြွေးပြုနေတဲ့ မင်းမှုထမ်းအစေခံထံသို့ သူမအချစ်တွေကို အလှည့်ပြောင်းခဲ့သည်. ဒီလိုချစ်ကျွမ်းဝင်မှုက နောက်ဆုံးသုံးလသာလျင် ကြာမြင့်ခဲ့သည်. အမှုထမ်းက စိတ်နှင့်သက်ဆိုင်သောဖောက်လွဲဖောက်ပြန်ရောဂါတစ်ခုရရှိခဲ့ကာ သူကိုယ်တိုင်ပင် မိန်းမစိုးတစ်ယောက်ဖြစ်ရန် တစ်ခြားနေရာဌာနသို့ ပြောင်းရွှေ့သွားခဲ့တော့သည်။.


နောက်ပိုင်းမှ တုမင်ယွဲ့ရှာဖွေတွေ့ရှိခဲ့ရတာကတော့ မိန်းမစိုးတွေက ဘယ်နည်းနဲ့မှ လက်ထပ်လို့မရတော့ကြောင်းကို သိရှိခဲ့သည်. ဒီဖြစ်ရပ်တွေက သူမကို အကြီးအကျယ်စိတ်ဓာတ်ကျဆင်းစေလိုက်ကာ သူမက ထပ်မချစ်ဖို့ရန်ကို ဆုံးဖြတ်ခဲ့တော့သည်။


ဒါပေမယ့် သူမအသက် ဆယ့်ခြောက်နှစ်အရွယ်အရောက်တွင် တုမင်ယွဲ့က စုန့်မိသားစုမှ အကြီးဆုံးသားဖြစ်သူ စုန့်လင်းဖန်နှင့် တွေ့ဆုံမိခဲ့ပြီး ချစ်မိသွားခဲ့သည်. နောက်ဆုံးတော့ သူမတော့ သူမနှင့်ကိုက်ညီသူကို သူမတွေဆုံခဲ့တော့တာပဲ! ဆယ်ကျော်သက်အရွယ် ရှက်သွေးဖြာနေတဲ့ သူမက စိတ်ညစ်ညူးနေရာမှ လန်းဆန်းလာကာ သူမကို အချိန်ခဏကြာတဲ့အထိအောင် စိတ်လှုပ်ရှားရင်ခုန်သွားတော့သည်. အဆုံးတွင်တော့ သူမက သူမခမည်းတော်ထံသို့ စာတိုကလေးပေးပို့ခဲ့ကာ သူမရဲ့အချစ်စိတ်ကို အရိပ်အမွတ်​လေးပြောပြလိုက်ခဲ့သည်။


သူမက ခြေတစ်လှမ်းနောက်ကျသွားခဲ့ပြန်ပါတယ်. စုန့်လင်းဖန်က ယန်ဘိုင်ယွမ်နဲ့ လက်ထပ်လိုက်ခဲ့တယ်. သူမကတော့ ဘာကြောင့်မှန်းမသိဘဲ ဒုတိယသားဖြစ်တဲ့ စုန့်လောင်နဲ့သာ အဆုံးသတ်ခဲ့ရတော့တယ်။


သူမလေးစားမြတ်နိုးရတဲ့ ချောမောခန့်ညားပြီး ယောကျ်ားပီသတဲ့အမျိုးသားကိုရရှိမယ့်အစား အခုတော့သူမက မိန်းမဆန်ပြီးတော့အားနည်းကျိုးပဲ့လွယ်တဲ့သူကိုပဲ အဖတ်တင်ရလိုက်တယ်. တုမင်ယွဲ့က ဒေါသတကြီးဖြင့် စိတ်ဖောက်သွားပြီးတော့ သေကြောင်းကြံဖို့အတွက် ကြိုးတစ်ချောင်းကိုပြင်ဆင်လိုက်ခဲ့ပေမယ့်လည်း အင်ပါယာဘုရင်ကြီး၏နှုတ်မိန့်စကားက နောက်ဆုံးအတည်ဖြစ်သွားခဲ့ကာ ပြုပြင်လို့မရနိုင်တော့ချေ။


လက်ထပ်မင်္ဂလာပွဲကလည်း ကျင်းပတော့မည်. သူမမှာ ရွေးချယ်စရာမရှိတော့ပေ။


သူတို့လက်ထပ်လိုက်ခဲ့ပြီးအချိန်တွင်တော့ တုမင်ယွဲ့ဟာ သူမမှာ စုန့်လောင်ကိုထွက်ပြေးသွားအောင် ခြောက်လှန့်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိနေသည်. ချည့်နဲ့အားနည်းပြီး တုံးအပုံရတာကို ထည့်မစဉ်းစားဘဲနဲ့တောင် စုန့်လောင်က သူမကို မြူမှုန်တစ်စလောက်တောင် ချိန်းခြောက်နိုင်စွမ်းမရှိပါဘူး။


တကယ့်တကယ်တွင်တော့ သူမကသာ မကောင်းတဲ့အကျိုးရလဒ်အနေအထားတစ်ခုဖြင့် အမြဲတမ်းအဆုံးသတ်ခဲ့ရတဲ့သူတစ်ယောက်ဖြစ်တော့သည်. တုမင်ယွဲ့က ဒီလိုမျိုးသူမနဲ့တူညီတဲ့လူကို ဘယ်တုန်းကမှ မတွေ့ဆုံခဲဖူးပါဘူး. သူမ ခံပြင်းဒေါသထွက်ခဲ့ပြီးတော့ စိတ်ကသိကအောက်ဖြစ်ရတော့သည်. တစ်ဖြည်းဖြည်းဖြင့် သူမက စုန့်လောင်အပေါ်တွင် ခံစားချက်တွေ တိုးပွားလာခဲ့သည်။


အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ စုန့်လောင်က မကောင်းတဲ့လူတစ်ယောက်တော့မဟုတ်ပါဘူး. သူက သူမပန်းအိုးကွဲစတွေပေါ်ကို လဲကျတော့မည့်ရန်ကနေလည်း ကာကွယ်ပေးဖို့ ကြိုးစားခဲ့တုန်းက အတော်လေးယောက်ျားပီသတဲ့ရွေ့ကွက်လေးတစ်ခုဖြစ်ခဲ့သည်. ဒါ့အပြင် သူက သူမအကိုတော်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကိုလည်း ကယ်တင်ပေးခဲ့သေးသည်။


စုန့်လောင်ပျောက်ဆုံးသွားတဲ့အခါမှာ သူမက တကယ်ပင်စိုးရိမ်ပူပန်နေခဲ့ရတော့.... တုမင်ယွဲ့ရဲ့အချစ်စိတ်က နောက်ထပ်ရင်နင့်ဖွယ်ရာအဖြစ်ဆိုးဆီကိုဦးတည်သွားတော့သည်။


တကယ်လိုများ တုမင်ယွဲ့က သူချစ်နေတဲ့သူသာ မိန်းကလေးတစ်ယောက်ဆိုတာကိုသာ ရှာတွေ့သွားရင်တော့ သူမခေါင်းကို သစ်ပင်တစ်ပင်နဲ့တိုက်ပြီးတော့ အပိုင်းအပိုင်းအစစ ဖြစ်သွားအောင် သေကြောင်းကြံစည်မှာတော့ အဖြစ်နိုင်ဆုံးပဲဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် သူမက ဘာမှမသိရသေးတဲ့ ငတုံးမလေး ဖြစ်နေပေမယ့်လဲပေါ့။


သူမရဲ့ဆယ်ကျော်သက်အရွယ်နှလုံးသားလေးက စိတ်လှုပ်ရှားရင်ခုန်နေပြီးတော့ အချိန်တိုင်းလိုလိုပင် လင်ရှန်းပတ်ဝန်းကျင်တွင် စတင်ပြီးတော့ ရေလာမြောင်းပေးလုပ်လို့နေသည်။


"စုန့်လောင်၊ ဘာလို့ ရှင့်ရဲ့ဆေးတွေကို မသောက်သေးတာလဲ"


"စုန့်လောင်၊ တကယ်လို့ ရှင်ဆေးမသောက်ဘူးဆိုရင်တော့ ကျွန်မ ကိုယ်တိုင်ပဲ ရှင့်အစေခံမကို ဟင်္ဿာပြဒါးကွေးအိမ်တော်ကို ပို့ပစ်လိုက်မယ်!"


"စုန့်လောင်၊ ရှင့်အစေခံမနဲ့ ပရောပရည်လုပ်ဖို့ ရှင့်မှာ ခွင့်ပြုချက်မရှိဘူး!"


"စုန့်လောင်၊ ကျွန်မ ပန်းခြံထဲကို သွားချင်တယ်. ရှင် ကျွန်မနဲ့လိုက်ခဲ့ရမယ်!"


"စုန့်လောင်၊ ကျွန်မကျောကုန်း နာနေသလိုပဲ. ကျွန်မကို နှိပ်ပေးဦး"


........


"စုန့်လောင်၊ ဒီည၊ ကျွန်မ ရှင်နဲ့အတူအိပ်မယ်!"


လေပြေက တဟူးဟူးတိုက်ခတ်လို့နေခဲ့သည်. မြင်းတွေက တစ်ရှူးရှူးဖြင့် ဟီသံပေးနေခဲ့သည်. ပြီးနောက်တွင် လင်ရှန်းတစ်ယောက် ပစ်လဲကျသွားတော့လေသည်။


"သခင်၊ ဘယ်နေရာကို ထွက်ပြေးမှာလဲ'' လင်ရှန်းကို သူမနှင့်အတူ မမြင်ကွယ်ရာကို ဆွဲခေါ်သွင်းလိုက်ပြီးတော့ ရှောင်လုက မေးလိုက်တယ်။


'ငါတို့ဘယ်နေရာကို သွားသွားကိစ္စမရှိဘူး. ဘယ်နေရာဖြစ်ဖြစ် တုမင်ယွဲ့နဲ့ အတူအိပ်တာထက်တော့ ပိုကောင်းတယ် ဟုတ်ပြီလား။' ညသန်းခေါင်ယံအချိန်ကြီး သူဘာထလုပ်မလဲဆိုတာ ဘယ်သူကသိမှာတဲ့လဲ။ သူမက သရဲဘီလူးဝင်စီးပြီးတော့ငါ့အဝတ်အစားတွေကို တစ်စစီ ဆွဲဖြဲမယ်ဆိုရင်ရော ဘာဖြစ်လိမ့်မလဲ။'


လင်ရှန်း စကားတစ်ခွန်းမှ ပြန်မပြောခဲ့ဘဲနဲ့ ရှောင်လုကို မျက်လုံးလှန်ပြီးတော့ပဲ ကြည့်လိုက်တယ်။


"သခင်၊ သူတို့ပြောကြတာက ဝက်တွေကို အများကြီးသတ်ခဲတယ့်သူက နောင်ဘဝကျရင် ဝက်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်၊ သခင်က အရင်ဘဝတုန်းက လူသတ်မှုတွေအများကြီးကို ကျူးလွန်ထားခဲ့တာပဲ ဖြစ်ရမယ်၊ အဲဒါကြောင့်ပဲ ဒီဘဝမှာ ဒီလောက်လူတွေအများက သခင့်ကို သေကြောင်းကြံနေကြတာပဲ ဖြစ်မယ်"


လင်ရှန်း ဖုဖောင်းထွက်နေတဲ့ ကျောက်ပြားခင်းပေါ်မှာ ချော်လဲတော့မလိုတောင်ဖြစ်သွားရတယ်. ရှောင်လုကို မခံမရပ်နိုင်စွာနဲ့စိုက်ကြည့်လိုက်သည်. 'နင်ကလည်း အနာဂတ်ကနေရောက်လာတာပဲ ဟုတ်တယ်မဟုတ်လား'


ထိုအချိန်အခိုက်တန့်တွင် ရုတ်တရက် ရှောင်လုက အံ့အားသင့်စွာဖြင့်ပြောလိုက်သည်. "အာရား! သခင် ကြည့်ရတာ မိုးရွာတော့မယ်နဲ့တူတယ်!"


ချက်ချင်းပင် ကောင်းကင်က လျှပ်စီးတဖျပ်ဖျပ်လက်လာကာ.... ကျယ်လောင်ပေါ်က်ကွဲသော မိုးချိန်းသံက လိုက်ပါလာခဲ့သည်. ကြီးမားသော မိုးသီးမိုးပေါက်တွေက စတင်ကျလာကာ သူတို့အပေါ်သို့ သွန်းလောင်းလိုက်တော့သည်။


'နင့်မှာ မိကျောင်းတစ်ကောင်လိုပါးစပ်ပေါက်တစ်ခုရှိတာပဲလား။'လင်ရှန်းက ရှောင်လုကို မကြည်သည့် အကြည့်တစ်ချက်ပေးလိုက်ချင်တော့သည်. ဒါပေမယ့် သူမက ပျောက်ကွယ်သွားပြီဆိုတာ သဘောပေါက်လိုက်သည်. သူမ ဘေးတစ်ဖက်တစ်ချက် ဘယ်နဲ့ညာကို ကြည့်လိုက်တော့ ပန်းခြံထောင့်တွင် ရှောင်လုနဲ့တူသော အရိပ်တစ်ခုကိုတွေ့လိုက်ရသည်။


'အိုး...! ရှောင်လုက လျှပ်စီးလက်တာကို ကြောက်တတ်တာပဲ. လင်ရှန်းက ရှောင်လုကိုသွားနှစ်သိမ့်ပေးရာ ဆုံးဖြတ်လိုက်တယ်။


ထိုအချိန်အခိုက်တန့်တွင် နောက်ထပ် လျှပ်စီးလတ်တဲ့အလင်းရောင်က ကောင်းကင်မှာပေါ်ထွက်လာပြီးတော့ မိုးချိန်းသံက လေထုကိုဖြတ်ခွင်း၍ ပဲ့တင်သံထွက်လာခဲ့သည်။


ရှောင်လု က ငြိမ်ငြိမ်သက်သက်မနေနိုင်တော့ဘဲ ကြောက်လန့်တကြားအော်ဟစ်လိုက်တော့သည်. "အား!" သူမက မိုးခိုနေရာကနေပြီး အရှုးမတစ်ယောက်လိုမျိုး ပြေးထွက်သွားတော့သည်။


လင်ရှန်းက ကြောင်အသွားတော့သည်. သူမနောက်က ပြေးလိုက်ခဲ့ပေမယ့် သူမချေကျင်းဝတ်က နာနေတုန်းပဲဆိုတော့ ခြေလှမ်းတစ်လှမ်းနှစ်လှမ်းပြေးပြီးနောက်မှာ ရပ်လိုက်ရသည်. သူမမော့ကြည့်လိုက်တော့ ရှောင်လုကို တစ်စွန်းတစ်စမှ ရှာမတွေ့တော့ချေ။


'နင် ငါ့ကိုလာနောက်နေတာလား။ ဒီည ငါတစ်ယောက်တည်း အပြင်မှာနေရမှာလား' လင်ရှန်းက သူမကိုယ်သူမတောင် ပြန်သနားသွားရသည်. မိုးက တစ်ဖြည်းဖြည်းသည်းလာခဲ့သည်. 'ငါ့အထင်တော့ မိုးခိုဖို့ နေရာတစ်ခုရှာတာက အကောင်းဆုံးထင်တယ်။'


တုမင်ယွဲ့ရန်ကနေရှောင်ရှားဖို့ကတော့ လင်ရှန်းတစ်ယောက် ဘယ်လောက်ဝေးလံတဲ့နေရာဖြစ်စေ ပြေးရပေလိမ့်မည်။ ယခုတော့ သူမရှောင်လုနောက်ကို ပြေးလိုက်တာနောက်ကျသွား၍ ရှောင်လုက ပြေးထွက်သွားသည်ပဲ ။ ကောင်းကင်ကြီးက မဲမှောင်၍ လာနေသည်။ မြင်ကွင်းထဲတွင် လူအရိပ်အခြေလဲ မတွေ့ရတော့ချေ။ သစ်ကြီးပင်ကြီးများက သူမအား ဝိုင်းကြီးပတ်လည်ဝန်းရံထားတော့သည်။ ဘယ်နေရာကို ကြည့်ကြည့် သစ်ပင်တွေက အကုန်အတူတူဖြစ်လို့နေခဲ့ပါတယ်။


' ကြည့်ရတာ ဒီနားမှာ ကဲလောင်(မိုးခိုဆောင်)တစ်ခုရှိနေတာ ကံကောင်းတာပဲ'. ဒီဇရပ်က မိုးခိုတဲ့နေရာတစ်ခုဆိုတော့ ဒီနေရာမှာ ဘယ်သူမှနေတဲ့သူမရှိဘူးပဲ.' လင်ရှန်းလဲ တုံ့နှေးတုံ့နှေးလုပ်မနေတော့ဘဲ ကဲလောင်ဆီကိုပဲ တန်းတန်းမတ်မတ်ပြေးသွားလိုက်တော့သည်။


********


End.....