အပိုင်း(၅၀)
မိုးခိုဆောင်က တကယ်တော့ ဘာမျှမရှိသော အဆောက်အဦးလွတ်ကြီးတစ်ခုပင်ဖြစ်သည်. အနီးနားတွင် ကိုယ်ရံတော်တွေလဲ တစ်ယောက်တစ်လေပင် မတွေ့ရပေ. ကြည့်ရတာကတော့ သူမဒီနေရာမှာ တစ်ညလုံးနေရမယ့် ပုံစံပါပဲ။
လင်ရှန်းက စိုရွှဲနေတဲ့သူမရဲ့အပြင်ဝတ်ရုံကို ချွတ်ချလိုက်ပြီးတော့ လှေခါးဆီကို ဦးတည်လိုက်သည်. သို့သော်လည်း ခြေလှမ်းတစ်လှမ်းနှစ်လှမ်းလောက် လှမ်းအပြီးတွင်တော့ သူမရပ်လိုက်ခဲ့သည်.
'ခဏလေး.....မိုးသည်းတဲ့ညလေးတစ်ည. မိုးခိုဆောင်တစ်လုံး နဲ့ အားနည်းတဲ့မိန်းမပျိုလေးတစ်ယောက်က ဒီနေရာမှာ တစ်ကိုယ်တည်း...... ဟော်ရာရုပ်ရှင် တစ်ခုထဲကလို ဖြစ်ရပ်တစ်ခုဖြစ်မနေပါဘူးနော်.။ အိုး ဘုရားဘုရား.... '
အားဖြင့်ဆောင့်၍တိုက်ချလိုက်တဲ့ လေပြင်းတစ်ချက်က လင်ရှန်းရဲ့မိုးရေစိုရွှဲနေတဲ့ကျောပြင်ကို အေးစိမ့်လို့သွားတယ်. သူမဆံပင်တွေကလဲ ထိုးထိုးထောင်ထောင်ဖြစ်သွားတော့ မကြာခင် မကောင်းတာတစ်ခုခုဖြစ်တော့မယ်လို့တောင် စိတ်ထဲမှာထင့်သွားတော့တယ်......
လျှပ်စီးအလင်းရောင်က လက်ခနဲဖြစ်သွားတော့ သူမဆီကိုတစ်ဖြည်းဖြည်းချင်းချဉ်းကပ်လာနေတဲ့ အရိပ်တစ်ခုကို လင်ရှန်းသတိထားမိသွားတယ်. ထိုအရိပ်က သူမကျော နောက်တည့်တည့်တွင် ရပ်သွားသည်။
အဆောက်အဦးအပြင်ဘက်တွင် မိုးသည်းသည်းထန်ထန်ရွာသွန်းနေပြီး လေပြင်းတွေကလဲတိုက်နေခဲ့သည်. ကောင်းကင်တစ်ခွင်တွင်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် မိုးခြိမ်းသံတွေ တချိန်းချိန်းပေးနေသည်. အရိပ်က သူမနောက်တည့်တည့်တွင် တိတ်တဆိတ်လာရပ်လိုက်တယ်. လင်ရှန်းက အန္တာရာယ်ကြုံလာတော့မလို ခံစားလိုက်တော့သည်။
လင်ရှန်းက တောင့်တောင့်ကြီးဖြင့် စိတ်ရှုပ်ထွေးသွားသည်. ဒါပေမယ့်လဲ သူမနှလုံးက မည်သည့်အချိန်မဆိုပင် ဖောင်းခနဲပေါက်သွားလုမတတ်ပင် အမြန်ဆန်ဆုံးခုန်ပေါက်နေခဲ့သည်. သူမအသက်ရှုကျပ်လာတော့သည်။
သူမ သေတော့မယ်ဆိုတာ သူမသိလိုက်တယ်. သူမလည်ချောင်းထဲကို မီးခိုးငွေ့တွေရှူသွင်းထားမှုကြောင့် သူမ စကားလဲပြောလို့မရပေ. သူမ ချေကျင်းဝတ်ဒဏ်ရာကြောင့်လဲ သူမ ထွက်လဲပြေးလို့မရချေ. 'တကယ်လို့များ သူမ ဘာပဲဖြစ်ဖြစ် သေသွားမယ်ဆိုရင်တောင် သူမ မကောင်းဆိုးဝါးကို တစ်ချက်လောက်တော့လှည့်ကြည့်လိုက်မှကို ရလိမ့်မှာပဲ'
လင်ရှန်းက သွားတွေကိုတင်းတင်းစေ့လိုက်ကာ အကြီးအကဲတစ်ယောက်လို ဟန်ပါပါဖြင့်နောက်လှည့်လိုက်သည်. သို့သော်လည်း ဒရမ်မာဆန်ဆန်သူမနောက်ကိုပြန်လှည့်လိုက်တာက 'မကောင်းဆိုးဝါး'ဆီကို တည့်တည့်ကြီး တွန်းထိုးမိလိုက်သည်။ တိုက်လိုက်တဲ့အချိန်မှာပဲ သူမမျက်လုံးထဲမှာ ကြယ်တွေလတွေကို မြင်လိုက်ရပြီးတော့ မူးနောက်သွားတော့သည်။
'အိုး ဟိုး....! မကောင်းဆိုးဝါးတွေက ဒီလောက်မာတောင် နေရတာလဲ ငါလဲမသိပါလား! အားချ်. ထာဝရဘုရားသခင်..ဒီမကောင်းဆိုးဝါးက ကြည့်ရတာ တုဟောင်နဲ့တူနေသလိုပဲ. ဟမ်....ငါ့အထင်
ဒီမကောင်းဆိုးဝါးက အတော်လေးတောင့်တဲ့ကိုယ်လုံးရှိတာပဲ..ခဏလေးနေစမ်းပါဦး!! ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်တောင် တုဟောင်နဲ့တူနေရတာလဲ ? အား!!'
သူမနောက်ဆုံးတော့ ဘယ်သူမှန်းဖမ်းမိသွားပါပြီ. 'F***.. ငါထင်တာက ငါမကောင်းဆိုးဝါးတစ်ကောင်နဲ့တွေ့တယ်ထင်လိုက်တာ. တကယ်တမ်းကျတော့ မကောင်းဆိုးဝါးထက်တောင်မှ ပိုကြောက်ဖို့ကောင်းနေတာပဲ!'
လင်ရှန်းက အလိုအလျောက်ပင်နောက်ပြန်ဆုတ်မိလိုက်တယ်. သူမပြေးဖို့ကြံလိုက်ပေမယ့် တုဟောင်က သူမကို လှမ်းဆွဲလိုက်ပြီးလို့ သူမလက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တယ်. သူက ခက်ထန်စွာမေးခွန်းထုတ်လိုက်တယ်. -
"မင်း ဘာလို့ ဒီနေရာမှာလာရှိနေတာလဲ"
ဒါပေမယ့် သူ့အသံကို မိုးချိန်းသံတွေက ဖုံးလွှမ်းသွားလိုက်သည်။
လင်ရှန်းက အသံတစ်သံမှမထွက်နိုင်သော်လည်းပဲ အလွန်ပင်ထိတ်လန့်ကြောက်ရွံ့သွားတယ်. သူမလုပ်နိုင်တာအကုန်လုံးကတော့ တုဟောင်ကို သတိအနေအထားနဲ့ စိုက်ကြည့်နေတော့သည်. မိုးသီးမိုးပေါက်တွေက စိုရွှဲနေတဲ့သူမဆံပင်ဆီမှသည် သူမရဲ့မိုးရေတွေရွှဲနစ်နေတဲ့အင်္ကျီအဝတ်အစားတွေဆီကို ကျဆင်းသွားတောသည်. လေအဝေ့တိုက်ခတ်လိုက်တဲ့အခါမှာတော့ ချမ်းလွန်းလို့ခိုက်ခိုက်တုန်တာက ထိန်းမရတော့ချေ။
တုဟောင် မျက်ခုံးတွေတွန့်သွားတော့သည်. သူစကားပြောမလို့လုပ်ခါရှိသေးသည်. ရုတ်တရက်ကြီးလင်ရှန်းက ဘာသတိပေးချက်မှမပြုပါဘဲနဲ့ သူ့အပေါ်တွင်ပြင်းပြင်းထန်ထန်နှာချေချလိုက်ခဲ့သည်. "ဟတ်ချိုး"ဆိုတဲ့အသံကိုပဲ သူကြားလိုက်ခဲ့သည်. တုဟောင်က သူ့တစ်ကိုယ်လုံးကျောက်တုံးတစ်တုံးလို မာကျောသွားတော့တယ်. သူ့ပါးစပ်ထောင့်တွင်လည်း တွန့်လိမ်သွားတော့သည်။
လင်ရှန်းက စိတ်ထဲထင့်သွားကာ သူမဝတ်ရုံစကို သုံးပြီးတော့ သူ့မျက်နှာကို သုတ်ပေးဖို့လုပ်လိုက်တယ်. သူမ ရှေ့တိုးသွားတဲ့အခိုက်တွင်မှ နှာခေါင်းကနောက်တစ်ခါယားလာပြီးတော့ "ဟတ်ချိုး!" သူမနောက်တစ်ခါ နှာချေချလိုက်တော့သည်. ဒီတစ်ခါမှာတော့ ပိုပြီးတော့တောင် ပြင်းထန်နေသေးသည်. အခုတော့ သူမတံတွေးဖတ်တွေကပါ တုဟောင်မျက်နှာပေါ်ကိုပေစင်သွားတော့တယ်။
တုဟောင်ရဲ့မျက်နှာက မှောင်မည်းနေတဲ့ကောင်းကင်ပြင်လို အသွင်ပြောင်းသွားတော့သည်. လင်ရှန်းက လျှပ်စီးတဝင်းဝင်း အလင်းဖျော့တော့တော့ကနေမှ သူ့မျက်နှာကို သူမမြင်ရုံမျှသာ မြင်လိုက်ရသည်. သူမ လန့်သွားပြီးတော့ လေထုကိုနွေးထွေးစေဖို့ရာ သာသာလေးရယ်မောလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်. ဒါပေမယ့် သူမနှာခေါင်းက တကယ်တမ်းကျတော့ သူမကို ဘာအကူအညီမှ မဖြစ်ခဲ့ပါဘူး. သူမပါးစပ်လေးကို ဟလိုက်ရုံရှိသေးတယ်..သူမကို သုံးလေးကြိမ်လောက်တောင်ဆက်တိုက်နှာချေသွားလိုက်တော့သည်။
ဘာလို့မှန်းမသိပေမယ့် နှာရည်တွေအကုန်လုံးက တုဟောင်အပေါ်ကိုရောက်သွားတော့လေတယ်။
အခုတော့ တုဟောင်ရဲ့ပါးစပ်က နောက်ထပ်တရွရွဖြင့်တောင်မတွန့်ထားနိုင်တော့ပေ။
လင်ရှန်းတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားတော့တယ်. အား! ပြီးသွားပြီ! ပြီးသွားပြီ! အိမ်ရှေ့စံမင်းသားတော့ ဒေါသထွက်သွားပြီ! 'ကျွန်မနှာချေချင်တာကိုမှ ထိန်းလို့မှမရတာပဲ. တကယ်လို့ ရှင့်အပေါ်ကို မကျစေချင်ဘူးဆိုရင်လဲ ကျွန်မလက်ကို လွှတ်ပေးလိုက်တော့လားလို့.......'
"ဟ..ဟတ်ချိုး! ဟတ်ချိုး!!!"
တစ်ခါတည်းနဲ့ဆယ်ကြိမ်ထက်မနည်း ဆက်တိုက်နှာချေလိုက်ပြီးနောက်ဆုံးမှာမှပဲ တုဟောင်က သူမလက်ကိုလွှတ်လိုက်ပြီးတော့ လှေခါးပေါ်ကိုတက်ရန်နောက်လှည့်လိုက်တော့တယ်။
"ငါ့နောက်လိုက်ခဲ့" တုဟောင်က အေးစက်စွာအမိန့်ပေးလိုက်တယ်. သူ့အသံက တစ်ယောက်ယောက်ကို သတ်ချင်နေတဲ့ပုံစံအတိုင်းပါပဲ။
'ငါ လိုက်ရောလိုက်သွားသင့်ရဲ့လား?' လင်ရှန်းက နောက်တွန့်သွားတယ်. လေတွေမိုးတွေက ပိုမိုကျယ်လောင်စွာဖြင့် တဝေါဝေါတိုက်ခတ်လို့နေတော့သည်. လေတွေရော မိုးတွေက လင်ရှန်းရဲ့စိုရွှဲနေတဲ့အင်္ကျီအဝတ်အစားတွေနှင့် ထိတွေ့သွားတော့ အရိုးထဲအထိအောင် အေးစက်သွားတော့လေသည်။
'ဘာပဲဖြစ်ဖြစ်လေ! အိမ်ရှေ့စံမင်းသား ပြန်ပေးဆွဲခံရတာက အေးလို့သေသွားတာထက်စာရင်တော့ ပိုကောင်းပါသေးတယ်လေ. တကယ်လို့ ငါသာ မကောင်းဆိုးဝါးအဖြစ်ပြောင်းသွားလို့ကတော့ နောက်ပိုင်း ငါ တစ်ချိန်လုံးကို တစ်ကောက်ကောက်လိုက်ပြီးတော့ ကလဲ့စားပြန်ချေရမှာပဲ!'
ထိုသို့တွေးတောလိုက်ပြီးတော့ လင်ရှန်းက ရဲဆေးတင်ပြီးတော့ တုဟောင်နောက်ကို လိုက်ပါလို့သွားတော့သည်။
°°°°°°°°°°
သူမ တုဟောင်ကိုကြည့်လိုက်တော့ သူက အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်တယ်. သူက တံခါးကိုတွန်းဖွင့်လိုက်ခဲ့တော့ နွေးထွေးသောအပူရှိန်က လင်ရှန်းကို ကြိုဆိုလိုက်တယ်. ပူနွေးမှုက အေးခဲနေတဲ့သူမတစ်ကိုယ်လုံးကို ထွေးပွေ့ထားလိုက်တော့ လင်ရှန်းတစ်ယောက် အသက်ဆက်ရှင်နေတဲ့စိတ်တွေပင် ရုတ်ချည်းပေါ်ပေါက်လာဖို့ အားအင်တွေဖြစ်လာတော့တယ်။
တုဟောင်က စကားတစ်ခွန်းမှမပြောခင်မှာပဲ သူမက အခန်းထဲကိုခုန်ဝင်လိုက်ခဲ့တော့ ပိုပြီးပူနွေးလာတဲ့အပြင်ကွေးချင်နေမိတော့တယ်. လင်ရှန်း သက်ပြင်းကြီးစွာချလိုက်တယ်။
'အမေရေ!အေးလိုက်တာ! အေးလိုက်တာ လို့ပဲ ပြောလိုက်ချင်တယ်! ဒီလိုရာသီဥတုက ဘယ်လောက်စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ရာသီမျိုးလဲ? မိုးရာသီလို့လဲပြောသေးတယ် အေးလိုက်တာမှ ငါကိုယ်တိုင် ရေခဲဖြစ်သွားတော့မယ်. အဲဒါက ငါ့ အသက်ကိုတောင်မှ ယူဖို့ကြိုးစားနေပြီ!
လင်ရှန်း လဲ အသံတစ်သံမှမထွက်ဘဲ ဆိတ်ဆိတ်နေလိုက်သည် အခန်းတစ်ခုလုံးက လင်းထိန်လာတော့တယ်. တုဟောင်က ရောက်လာပြီးတော့ သူမခေါင်းကို အဝတ်စတစ်ခုဖြင့် ကြမ်းကြမ်းတမ်းတမ်းပစ်ပေါက်လိုက်တယ်။
လင်ရှန်းဘာတစ်ခုမှတောင် မမြင်ရတော့ဘူး. အံအားသင့်စွာဖြင့် အဝတ်ကိုသူမခေါင်းပေါ်ကနေ ဆွဲဖယ်လိုက်တော့ သူမရှေ့တွင် တုဟောင်က ဘာတစ်ခုမှဂရုမစိုက်သလိုမျိုး ပြောင်းလဲနေတာကိုသာလျှင် မြင်လိုက်ရတယ်။
တုဟောင်ကိုကြည့်ရတာ အိပ်ရာဝင်တော့မည့်ပုံစံပါပဲ. သူက သူကိုယ်ပေါ်ကို အမည်းရောင်ဝတ်ရုံတစ်ခုကို လွှမ်းခြုံထားတယ်. သူအဲဒါကိုဖယ်လိုက်တော့ သူ့ရဲ့အသားညိုညိုက သူ့ရဲ့အမာရွတ်တွေအားလုံးနဲ့အတူ ပေါ်ထွက်လာတယ်။
တုဟောင်အဝတ်လဲတာကို အရင်ကတည်းက လင်ရှန်းမြင်ဖူးပေမယ့်လည်း သူမ မှာအံအားသင့်နေရတုန်းပဲ. လင်ရှန်းက အမြန်ပင်သူမ ခေါင်းကိုလွှဲလိုက်ပြီးတော့ သူမဆံပင်ကိုခြောက်အောင် အဝတ်စနဲ့သုတ်ပြီးတော့ သူမမျက်နှာကို ကာထားလိုက်တယ်။
'ငါဆံပင်ကို ခြောက်အောင်သုတ်လို့ပြီးရင်တော့ သူ အဝတ်လဲလို့ပြီးသွားလောက်မှာပါနော် ဟုတ်တယ်မဟုတ်လား' လင်ရှန်း သူမဘာသူမ တစ်ယောက်တည်းတွေးတောလိုက်တယ်. အဲဒါကြောင့် သူမလဲ သူမဆံပင်တွေကို အချိန်ဆွဲပြီးတော့ သုတ်နေလိုက်တယ်. တုဟောင်ဆီကနေ ဘာလှုပ်ရှားမှုမျှ မရှိတော့သလို ထင်လိုက်ရသည်။
'ငါ့အထင်တော့ အခုလောက်ဆို သူ ပြီးသင့်နေပြီ.' လင်ရှန်းက သေချာဂရုတစိုက်ဖြင့် သူမခေါင်းပေါ်က ပိတ်စကို ဖယ်လိုက်ပြီးတော့ အခန်းပတ်လည်ကို မသိမသာလေး ကြည့်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူမ ဖယ်လိုက်ပြီးတဲ့အခါမှာတော့ အံအားသင့်လွန်းလို့ သူမ အသံထွက်ပြီးတော့တောင် အော်ဟစ်လုနီးပါးဖြစ်သွားတော့တယ်။
တုဟောင်က သူမရှေ့တည့်တည့်တွင် ထိုင်နေခဲ့သည်. သူက သူ့ရဲ့ညအိပ်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားသည်. သူက အစိမ်းရောင်ရင့်ရင့်ဝတ်ရုံကို ခါးစည်းကြိုးမပတ်ထားပဲနဲ့ ဝတ်လို့ထားသည်. သူက ဝတ်ရုံကို ရိုးရိုးရှင်းရှင်းပင် သူ့ပုခုံးပေါ်တွေတွင် တွဲလောင်းချလို့ထားသည်. တုဟောင်ရဲ့ ပျားရည်လိုသကာအရောင်ရှိတဲ့ရင်အုပ်ကတော့ လင်ရှန်းရှေ့တည့်တည့်တွင် ဟာလာဟင်းလင်းဖြစ်လို့နေသည်။
တချို့သောထူးဆန်းလွန်းတဲ့အကြောင်းပြချက်လေးအတွက်ဖြင့် လင်ရှန်းက လိန်ဖန်လို့ထင်သွားပြီးတော့ သူမနှာခေါင်းတွေက တစစ်စစ်ဖြစ်လို့လာတော့သည်. သူမနှာခေါင်းသွေးတွေ တစ်တောက်တောက်ကျလာတောမလို ခံစားလိုက်ရသည်။
ထိုအချိန်အခိုက်တန့်တွင် တုဟောင်က အေးစက်စက်ဖြင့် သူမအတွေးတွေကိုနှောက်ယှက်လိုက်တယ်. -
"မင်း ကြည့်လို့ပြီးသွားပြီလား"
လင်ရှန်းတစ်ယောက် လက်တွေ့ဘဝကို ပြန်ရောက်လာတော့သည်. သူမရှေ့မှာရှိနေတဲ့လူက လိန်ဖန်မဟုတ်ဘူးဆိုတာ သူမချက်ချင်းသဘောပေါက်လိုက်တယ်. သူတို့တွေက မျက်နှာတစ်ထပ်တည်းရှိနေပေမယ့်လဲ သူတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေကတော့ လုံးလုံးလျားလျားကို ကွဲပြားခြားနားလိူ့နေသည်. သူတို့နှစ်ယောက်တွင် တစ်ယောက်က တည်ငြိမ်အေးစက်ပြီးတော့ သိုသိုဝှက်ဝှက်နေတတ်ပြီးတော့ တစ်ခြားတစ်ယောက်ကတော့ ခက်ထန်ပြီးတော့ မာနကြီးအထက်စီးဆန်လွန်းသည်. သူတို့ပါးစပ်တွေဖွင့်ဟလိုက်တဲ့အခါတွင်တော့ သူတို့နှစ်ယောက်က တစ်ခြားစီဆိုတာ သူမခွဲခြားပြောနိုင်သည်။
လင်ရှန်း သူမစိတ်ကိုပြန်ချုပ်တည်းလိုက်ပြီးတော့ သူမမျက်နှာကို အဝတ်ဖြင့်သုတ်လိုက်တယ်. လက်ရှိတွင်တော့ သူမက စကားမပြောနိုင်တာကိုပဲ စိတ်သက်ရာရနေသည်. အနည်းဆုံးတော့ သူမက အဲဒါကိုအကြောင်းပြပြီးတော့ တုဟောင်ရဲ့မေးခွန်းတွေကို လျစ်လျူရှုလို့ရသည်ပဲလေ။
လင်ရှန်းက စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ. ဒါပေမယ့်လည်း တုဟောင်က မကျေမနပ်မဖြစ်ခဲ့ပေ. သူက သူ့ထိုင်ခုံပေါ်ကနေပြီးပဲ သူမကို ဆက်လက်ကြည့်ရှုနေလိုက်သည်။
အကယ်စင်စစ်ကတော့ တုဟောင်က စုန့်လောင်ကို ဒီနေရာမှာ ဝင်တိုက်မိလိမ့်မယ်လို့ သူလဲမမျှော်လင့်ထားပေ. နန်းတော်ရဲ့ဒီအပိုင်းက အလွန်ပင်တစ်သီးတခြားဆန်စွာရှိနေတယ်. ဒီအဆောင်က သူ့အဖိုးတော် ယခင်ဘုရင်မင်းမြတ် အနားယူအပန်းဖြေတဲ့အချိန်မှာ နေထိုင်ခဲ့တဲ့နေရာ ဖြစ်လေတယ်. သူငယ်ငယ်တုန်းက မကြာခဏပင် ဒီနေရာကိုလာလေ့ရှိသည်. သူ့အဖိုးတော် ကွယ်လွန်သွားပြီးနောက်မှာတော့ ဒီလျို့ဝှက်နေရာလေးက နှစ်ပေါင်းများစွာစွန့်ပစ်ထားခြင်းခံထားရတော့သည်။
မကြာသေးမီက အောင်ပွဲခံပြီး သူပြန်ရောက်လာခဲ့တော့ လက်အောက်ငယ်သားတွေအား ဒီနေရာကို ပြန်လည်ပြုပြင်ခိုင်းဖို့ ကုဇောင်ကို အမိန့်ပေးခဲ့တဲ့အချိန်မတိုင်မီထိပင် ဖြစ်သည်. လကုန်တိုင်း လကုန်တိုင်းတွင် သူ ဒီနေရာကိုလာလေ့ရှိပြီးတော့ သူ့အဖိုးအကြောင်းကို ပြန်တွေးတောရင်း တစ်ညအိပ်လေ့ရှိသည်. မမျှော်လင့်ဘဲ လင်ရှန်းက ဒီနေရာကိုအလိုလိုတွေ့ရှိသွားခဲ့သည်။
'ဒါဟာ ကံကြမ္မာပဲလား'
လင်ရှန်းကတော့ သူမမျက်နှာကို သုတ်နေတုန်းပဲရှိပါသေးတယ်. အခုဆို သူမဒီနေရာရှိနေတာ နှစ်ဝက်လောက်တောင်ရှိသွားပါပြီ. သူမ ဒီလိုမုန်တိုင်းတစ်ခုနဲ့ မကြုံဖူးသေးပါဘူး။ သူမ မရည်ရွယ်ဘဲ သူမ မွေးရပ်မြေကိုတောင် ပြန်ပြီးတွေးမိသွားတယ်. သူမလာတဲ့နေရာမှာလည်း မိုးတွေအများကြီးရွာပါတယ်. တစ်ခါတစ်ရံမှာ မိုးက ရက်တွေအများကြီးတောင် ဆက်တိုက်ဆိုသလိုရွာလေ့ရှိသည်. အဲလိုမိုးဆက်တိုက်ရွာတဲ့အခါတိုင်း သူမကအိပ်ရာထဲမှာပဲ သူမကြိုက်တဲ့အရာတစ်ခုကို လုပ်ပြီးတော့ သူမခြုံစောင်ထဲမှာပဲ စိတ်ချမ်းသာစွာ စိတ်ကူးယဉ်လေ့ရှိသည်။
နားကွဲလုမတတ်ပင် လျှပ်စီးတဖျပ်ဖျပ်လတ်၍ မိုးကြိုးပစ်ချသံတွေက မရပ်တန့်ခဲ့ပေမယ့်လည်း လင်ရှန်းစိတ်ထဲမှာတော့ အတွေးမျှင်တန်းတွေက ဟိုးအဝေးအဝေးကြီးရောက်လို့ လွင့်မျောလို့နေသည်. ရုတ်တရက် တုဟောင်က သူမလက်ထဲမှ အဝတ်စကို ယူလိုက်တော့ သူမ လက်တွေ့ဘဝကိုပြန်ရောက်လာတော့သည်။
********
End.....