Chapter 51
Viewers 9k

"အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ"


ဘာသာပြန်သူ - tartarmoon


အပိုင်း(၅၁)


'သူ ဒါ ဘာလုပ်တာလဲ' လင်ရှန်း အံဩမှင်သက်လို့သွားသည်. တုဟောင်က သူ့မျက်နှာပေါ်တွင် ဘာခံစားချက်အမူအရာမျှဖော်မပြပါဘဲနဲ့ အဝတ်စဖြင့် သူမဆံပင်တွေကို ခြောက်အောင်လို့ လာသုတ်ပေးလို့နေသည်။


တစ်ခြားတစ်ယောက်ယောက်ရဲ့ဆံပင်ကို အရင်က သုတ်မပေးခဲ့ဖူးတာတော့ ထင်ရှားနေပေသည်. သူ့လှုပ်ရှားမှုတွေက မာမာတောင့်တောင့်ကြီးဖြစ်လို့နေသည်. တစ်ခါတစ်ခါကျတော့ အလွန်ညင်သာနူးညံ့စွာသုတ်ပေးလိုက် နောက်ခဏကြာတော့ အလွန်ကြမ်းကြမ်းတမ်းတမ်းသုတ်လိုက်နဲ့ လုပ်နေသည်. အဲလိုဖြစ်နေသည့်တိုင်အောင် ဒါကအဓိကအချက်တော့မဟုတ်ပေ။


အခုလောလောဆယ်မှာတော့လင်ရှန်းက ကြောင်တောင်တောင်ဖြစ်လို့နေသည် ဘာကြောင့်လဲဆိုတော့ အိပ်ရှေ့စံမင်းသားကိုယ်တိုင် သူမဆံပင်ကို သုတ်ပေးနေလို့ပါပဲ. 'ဘယ်လိုဝဋ်ကြွေးမျိုးကြောင့်လဲ'


သူ ငါ့ကို အသက်ရှုရခက်အောင်လာလုပ်ပြီးတော့ 'ကြင်ယာတော်မင်းသားသည် သူ့ဆံပင်ကို အခြောက်ခံခဲ့ပေမယ့်လည်း သူဘာ့သာသူ မတော်တဆအသက်ရှုကြပ်သွားသဖြင့် ......ဆိုပြီးတော့' မနက်​ဖြန်ပဲ ကြေငြာချက်ထုတ်မလို့ စီစဉ်နေတာများလား'


သူမဆံပင်ကို ခြောက်အောင်သုတ်ပေးနေသော်ငြားလည်း တုဟောင်မှာဘာအတွေးမှမရှိခဲ့ပေ. သူ ဘာမှမတတ်နိုင်ခဲ့လို့ပါပဲ. သူ့စိတ်ထဲမှာဖြစ်ပေါ်လာသည့်အတိုင်း ခံစားရသလိုလုပ်လိုက်တာပါ. သို့သော်လည်း လင်ရှန်းကိုကြည့်ရတာ အလွန်ကိုသတိထားပြီးတော့ ထိတ်လန့်နေတဲ့ပုံပေါက်နေသည်. သူမကို သူ ကြည့်မိတဲ့အခါတိုင်းပဲ သူမက သူ့အပေါ် မယုံကြည်တာကို သူသိနေသည်. အသိအမှတ်မပြုခံရသလိုခံစားလိုက်ရကာ ထောင်းခနဲ ဒေါသထွက်သွားတော့သည်။


တုဟောင်စိတ်ထဲမှာ ဘာတွေများတွေးတောနေမလဲလို့ လင်ရှန်းတစ်ယောက် ဦးနှောက်ခြစ်ကုတ်စဉ်းစားနေခိုက် ရုတ်တရက် တုဟောင်က ထရပ်လိုက်တော့သည်။ ပြီးနောက် သူက ပိတ်စကို သူမခေါင်းပေါ်သို့ပစ်ပေါက်လိုက်သည်။


"မင်းဘာသာမင်း သုတ်လိုက်တော့" တုဟောင်က ခါးခါးသီးသီးဒေါသထွက်နေသည့်အသံဖြင့် ပြောလိုက်၍ အဝေးလှည့်ထွက်သွားတော့သည်။


လင်ရှန်းက တအံ့တအောဖြင့်ပင် သူမခေါင်းပေါ်က အဝတ်စကို နောက်ထပ်တစ်ဖန် ပြန်ဆွဲယူလိုက်ရသည်. သူမသိတဲ့နောက်ထပ်အရာကတော့ တစ်ခြားအရာတစ်ခုဖြင့် သူမ ပစ်ပေါက်ခြင်းခံလိုက်ရတာပါပဲ။


သူမတစ်ချက်ကြည့်လိုက်၍ အဲဒါက ဝတ်ရုံတစ်ခုဆိုတာ နားလည်လိုက်တယ်။


"မင်းအဝတ်စားတွေလဲလိုက်၊ ငါ့အခန်းကို မညစ်ပတ်စေနဲ့။" တုဟောင်က တုံးတိတိဖြင့်မိန့်ဆိုလိုက်သည်။


'အိုးဟိုး! ဘယ်လောက်တောင်ယုတ်မာလိုက်လဲနော် . သူ့ဘို့သူပဲ ဂရုစိုက်တယ်. ငါ့ကျတော့ အိပ်ဖို့တော့ နေရာလေးတစ်ခုတောင် မပေးချင်ဘူးပေါ့! Helloooo......ရှင်ကတကယ်ပဲ ဒီလောက်တောင် ကြီးမြတ်ပြီး ခံစားချက်မရှိလှချည်လား။ အနည်းဆုံးတော့ ကျွန်မကို ခေါင်းအုံးလေးတစ်လုံးတော့ ပစ်ပေါက်လိုက်ပါတော့လားလို့!'


*ပတ်* ခေါင်းအုံးတစ်လုံးက သူမမျက်နှာကို လာထိမှန်လိုက်သည် _


ထိုညတွင်တော့ လင်ရှန်းက ထောင့်လေးတစ်ထောင့်တွင် ကျုံ့ကျုံ့လေး အိပ်လိုက်ရတော့သည်. လှေခါးထစ်မှ ဆူညံပွက်လောရိုက်နေတဲ့ အသံကျယ်ကြီးတစ်ခု ကြားလိုက်ရသည့်အခိုက်တွင် သူမအိပ်ပျော်နေရာမှ လန့်နိုးလာတော့သည်. ကြည့်ရတာကတော့ တစ်ယောက်ယောက်က ဆူညံပွက်လောရိုက်ကာ အော်ဟစ်နေတဲ့ အသံမျိုးပါပဲ. သူမက အိပ်ချင်မူးတူးဖြင့် မျက်စိဖွင့်ကြည့်လိုက်ပြီးတော့ တစ်ဝါးဝါးဖြင့် သန်း​ဝေလိုက်သည်. သူမ လည်ပင်းဆန့်ထုတ်၍ ဆူညံပွက်လောရိုက်နေသော လူအုပ်ရှိရာဘက်သို တစ်ချက်လောက်သွားကြည့်ဖို့ လုပ်လိုက်သည်။


သူမ တံခါးဖွင့်လိုက်လျင်ချင်းပင် အလင်းရောင်စူးရှရှက သူမမျက်လုံးထဲကို ဝင်လာခဲ့သည်. လင်ရှန်းက မျက်မှောင်ကြုတ်ကာမျက်လုံးကိုမှေးစင်းလိုက်ရသည်. သူမ လက်ရန်းကို ကမန်းကတန်းကိုင်ပြီးတော့ ဘယ်သူကများ သူမ အလှလေးတစ်ယောက်လို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကို


ဖျက်လို့ဖျက်စီးလာလုပ်လဲဆိုတာကို ကြည့်လိုက်သည်။


ဒါပေမယ့် သူမ အောက်ကို ငုံ့ကြည့်လိုက်တော့ သူမလိပ်ပြာပင် လွင့်ထွက်မတက်ဖြစ်သွားတော့သည်။


'တုမင်ယွဲ့က ဒီနေရာကို ဘာလို့ရောက်နေတာလဲ"


တုမင်ယွဲ့က ရှောင်လုကို စစ်ဆေးမေးမြန်းရင်းနဲ့ ဒီနေရာကို ရှာတွေ့သွားတာပဲဖြစ်သည်. သူမက စုန့်လောင်၏ တည်နေရာကို ရှာတွေ့သွားတော့ သူမရဲ့အစေခံတစ်သိုက်နှင့်အတူတကွ ဒီနေရာသို့ မုန်တိုင်းတိုက်သလိုမျိုးရောက်ချလာတာပဲဖြစ်သည်။


တုမင်ယွဲ့၏အသံစွာကျယ်စွာကျယ်ကြောင့် တုဟောင်လဲ အိပ်ပျော်နေရာမှ နိုးလာတော့သည်. သူက ဘာများဖြစ်နေလဲဆိုတာကို အလောတကြီးပင် သွားကြည့်ခဲ့တော့သည်. သူတို့ငယ်ငယ်လေးကတည်းက


တုဟောင်က ဘယ်တုန်းကမှ တုမင်ယွဲ့နှင့်အတူ ရှည်ရှည်ကြာကြာမနေဖူးခဲ့ချေ. သူတို့ရဲ့ပင်ကိုယ်စရိုက်တွေကလဲ အလွန်ခြားနားသည့်အပြင် သူတို့နှစ်ယောက်က မွေးဖွားသည့်မိခင်ကလည်း မတူညီခဲ့ပေ. သူတို့နှစ်ယောက် အပြန်အလှန်ဆက်သွယ်၍ အကျိုးပြုလုပ်ဆောင်တာခဲ့တာတွေကလည်း အတော်လေးပင်ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။


အခုကျ​ေတာ့မှ သူမက ရုတ်တရက်ပေါက်ချလာပြီးတော့ သူ့ရဲ့ပိုင်နက်ထဲကို သံလိုက်တုံးတစ်တုံးလိုမျိုး အော်ဟစ်ဆူညံစွာဖြင့် တရကြမ်းပစ်ဝင်လာခဲ့တော့ တုဟောင် စိတ်အနှောက်ယှက်ဖြစ်သွားခဲ့သည်. သူ့မျက်နှာက အမှောင်ကျပြီးတော့ လေးနက်စွာဖြင့် မေးလိုက်သည်. - "ဘာအကြောင်းများရှိလို့လဲ ညီမတော်"


တုမင်ယွဲ့က စုန့်လောင်ကို 'ဖမ်းသွင်း'ရန် စီစဉ်နေခဲ့တာပါ. သူမက မထင်မှတ်ထားဘဲ တုဟောင်ကို တွေ့လိုက်ရသည်. လက်ရှိတွင်တော့ သူမ အနည်းငယ်လေးပင် မသက်မသာဖြစ်သွားရတော့သည်။


ခဏလေးအတွင်းပင် သူမအစေခံအချို့၏ အံ့အားသင့်စွာနဲ့ပင့်သက်ရှိုက်လိုက်သံကို ကြားလိုက်ရတော့ သူမက စုန့်လောင်ကို ကြည့်ရှုရန်ခေါင်းလှည့်လိုက်သည်. စုန့်လောင်က ဒုတိယထပ်၏ဝရံတာနောက်တွင် မတ်တပ်ရပ်လျက်ရှိနေသည်. ဘာမှသံသယဖြစ်စရာတွေ မတွေ့ရပေမယ့်လည်း သူ့ဆံပင်တွေက ရှုပ်ပွနေခဲ့ပြီးတော့ သူ့အဝတ်စားတွေကလဲ ဖရိုဖရဲဖြစ်လို့နေသည်. ဒါတင်မကသေးပေ သူ့အဝတ်အစားတွေက တုဟောင်ရဲ့အဝတ်အစားတွေနဲ့ ပုံပန်းဆင်တူနေခဲ့သည်။


တုမင်ယွဲ့တစ်ယောက် စိတ်ရှုပ်ထွေးကာအေးခဲသွားတော့သည်။


သူမက ထက်မြက်တဲ့သူမဟုတ်သော်လည်းပဲ နန်းတော်ထဲမှာ သူမနေလာခဲ့တာက ဆယ့်ရှစ်နှစ်တိုင်လာခဲ့ပြီဖြစ်သည်. သူမ ကြီးပြင်းလာတော့ ကိစ္စအရပ်ရပ်ကိုလဲကြားသိခဲ့ရသည်. သူမက 'ယောကျ်ားအချင်းချင်းကြိုက်နှစ်သက်သူတွေ' အကြောင်းကိုလဲ ကြားခဲ့ရသည်. ဒါပေမယ့် သူမ လုံးဝမထင်ထားခဲ့တာက ထိုဟာက သူမပိုင်တဲ့ ယောကျ်ားမှာမှ လာဖြစ်နေရတော့တာပဲ။


စုန့်လောင်က သူမကို မြင်တဲ့အချိန်တိုင်း အမြဲတမ်းထွက်ထွက်ပြေးနေတာ အံဩစရာမကောင်းတော့ဘူးပဲ. အဲဒါက ဘာလို့လဲဆိုတော့....... တုမင်ယွဲ့က အဖြစ်မှန်တစ်ခုကို နားလည်သွားသလိုရှိလိုက်ကာ သူမမျက်နှာက မာမာတောင့်တောင့်ကြီးဖြစ်သွားတော့သည်။


"စုန့်လောင်၊ ရှင် အခုချက်ချင်း ဒီနေရာကိုဆင်းလာခဲ့" အတွင်းစိတ်နက်နက်ထဲတွင် တုမင်ယွဲ့တစ်ယောက် မျှော်လင့်ချက်ထားနေတုန်းပင်. ဖြစ်နိုင်တာက အဲဒါ သူမ နားလည်မှုလွဲသွားခဲ့တာဖြစ်မှာပါ။


လွန်ခဲတဲ့ရက်အနည်းငယ်တုန်းကတည်းက တုမင်ယွဲ့နံရံနဲ့သူ့ခေါင်းသူတစ်စစီကွဲကျေသွားအောင် တိုက်ပစ်မှာစိုးတာကြောင့် လင်ရှန်းမှာ အရမ်းကိုစိတ်ဖိအားတွေများခဲ့ပြီးသွားပါပြီ. အခုဆိုရင် တုမင်ယွဲ့အသံကြားလိုက်ရရုံနဲ့တင် သူမမှာ နောက်ကိုခြေလှမ်းတော်တော်များများတောင် အလိုလိုဆုတ်မိနေပြီ။


'အိုး ငါ့ရဲ့မင်းသမီးလေးရယ်.. နင်ငါ့ရဲ့လုပ်ဆောင်မှုကို လိုချင်နေတာကိုတော့ သိပါတယ်ဟာ ဒါပေမယ့်လည်း ကျေးဇူးပြုပြီးတော့ ငါ့ဆီကနေ ဘာမှရယူဖို့ မကြိုးစားပါနဲ့တော့. ငါ တောင်းပန်ပါတယ်နော်!'


စုန့်လောင်က အောက်ကိုဆင်းလာဖို့ငြင်းဆန်နေပြီးတော့ နောက်ကိုဆုတ်ဆုတ်သွားတာကို မြင်လိုက်ရတော့ တုမင်ယွဲ့တစ်ယောက် ဒေါသူပုန်ထသွားတော့သည်. သူမရဲ့ဂါဝန်စကို မချီလို့ မုန်တိုင်းတစ်လုံးလိုမျိုး အပေါ်ကိုပြေးတက်သွားရန်ကြံရွယ်လိုက်သည့်အချိန်တွင် ရုတ်တရက် လူတစ်ယောက်က သူမရှေ့တွင် လာပိတ်ရပ်လိုက်သည်.- "အကိုတော့်ပိုင်နက်ထဲကို ဝင်ပြီးတော့ ဘာလုပ်ဖို့ကြိုးပမ်းနေတာများလဲ ညီမတော်" တုဟောင်ရဲ့အသံက ခြိမ်းခြောက်လိုစိတ်ရှိပြီးတော့ အင်ပါယာဘုရင်တစ်ယောက်၏ အရှိန်အဝါပြည့်နှက်လို့နေသည်။


တုမင်ယွဲ့က သူမခမည်းတော်မှတစ်ပါး မည်သည့်အရာမှ ကြောက်ရွံ့တတ်သူတစ်ယောက်မဟုတ်ပေ. အခုတော့ သူမအကိုတော်ဆီကနေ တူညီတဲ့အော်ရာတွေက ထုတ်လွှတ်နေတာကို တွေ့လိုက်ရတော့ သူမ မတတ်သာစွာဘဲ နည်းနည်းလေးတောင်ပင် အသည်းထိတ်သွားတော့သည်။


"အကိုတော် ကျေးဇူးပြုပြီးတော့ ညီမတော်ရှေ့ကနေ ပိတ်မထားပါနဲ့. ညီမတော်က ကြင်ယာတော်မင်းသားကို ညီမတော်နဲ့အတူခေါ်သွားချင်ရုံလေးပါပဲ." တုမင်ယွဲ့က သတ္တိရှိစွာဖြင့် ကြံ့ကြံ့ခံကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။


"ညီမတော်လေး.. ကြင်ရာတော်မင်းသားက ညီမတော်ရဲ့လင်ယောက်ျားပါပဲလေ. ဒါပေမယ့်လည်း ဒီနေရာက အကိုတော့်ရဲ့ပိုင်နက်ပဲ.. ညီမတော်က ဘယ်လိုလုပ်ပြီးတော့ ညီမတော်စိတ်တိုင်းကျ ဒေါသမုန်တိုင်းထန်ထန်နဲ့ ရုန်ရင်းဆန်ခတ်ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လာလုပ်နေရတာများလဲ။ ညီမတော်မျက်လုံးထဲမှာ ငါ့တည်ရှိမှုက အရေးမပါတော့ဘူးလား" တုဟောင်က သူ့ရဲ့နောက်ဆုံးစာကြောင်းကို အလွန်အေးစက်စွာဖြင့်‌ ပြောလိုက်တော့ တုမင်ယွဲ့ရဲ့အစေခံတွေအားလုံးက အကြောက်တရားတွေဖြင့် ထိတ်လန့်တုန်လှုပ်သွားတော့သည်။


တုမင်ယွဲ့ရဲ့အသွင်အပြင်ကလည်း သိပ်မကောင်းတော့ချေ. နောက်ဆုံးတော့လည်း အိမ်ရှေ့စံမင်းသားတစ်ယောက်ပင်ဖြစ်တော့သည်. တုဟောင်အောင်ပွဲခံပြီးပြန်ရောက်လာကတည်းက ခမည်းတော်က သူ့အပေါ်မှာ ပိုလို့တောင် အသည်းတုန်၍


ချစ်မြတ်နိုးလာသည်. ဒါကို ကြည့်ခြင်းအားဖြင့်တော့ ခမည်းတော်က တုရီထက် သူ့အပေါ်မှာပိုပြီးနှစ်သက်တယ်ဆိုတာ သိသာနေတာပဲ. နောက်ဆုံးကျရင်တော့ တုဟောင်က အင်ပါယာဘုရင်တစ်ပါးလဲ ဖြစ်လာတော့မည်. တကယ်လို့များ အခုချိန်မှာ သူတို့နှစ်ဦးနှစ်ယောက် အငြင်းပွားခဲ့ရင်တော့ သူမသည်သာ မကောင်းတဲ့အခြေအနေတစ်ခု ကြုံတွေ့လာနိုင်တာပဲ။


တုမင်ယွဲ့က အမြဲတမ်းလိုလိုပင် လက်လွှတ်စပယ်ပြုမူပြောဆိုနေထိုင်တတ်ပေမယ့်လည်း


ထိလွယ်ရှလွယ်အခိုက်အတန့်မှာတော့ သူမနေရာကိုတော့ သူမသိပါသေးတယ်. ချက်ချင်းပင် သူမလေသံကို ပြောင်းလဲလိုက်တော့သည်။


"အစ်ကိုတော်..ကျေးဇူးပြုပြီးတော့ နားလည်မှုမလွဲပါနဲ့လား. ဒီညီမတော်က မနေ့ညက ကြင်ယာတော်မင်းသားပြန်ရောက်မလာတာကြောင့် စိုးရိမ်လွန်သွားလို့ပါ. ညီမတော်ထင်တာက သူ့မှာ မတော်တဆတစ်ခုခုဖြစ်နေပြီလို့ထင်ထားခဲ့လို့ပါ. ကြင်ရာတော်မင်းသားက အစ်ကိုတော်နဲ့အတူတူ ဒီနေရာမှာ ရှိနေတော့ ညီမတော် စိတ်ချရပါပြီ. ညီမတော်နဲ့အတူ ကြင်ယာတော်မင်းသားကိုခေါ်ဆောင်သွားဖို့ အစ်ကိုတော်ခွင့်ပြုပေးနိုင်မလား"


အခုတော့ တုမင်ယွဲ့အမူအရာက ပြောင်းလဲသွားခဲ့တော့ တုဟောင်က ချက်ချင်းပင် အခွင့်ရေးယူလိုက်ကာ.- "သေချာတာပေါ့ ညီမတော် ရဲ့ယောက်ျားကို ဂရုစိုက်ပြီးတော့ လွမ်းနေမယ်ဆိုတာကို နားလည်ပေးလို့ရပါတယ်. အကိုတော်က မသိဘဲနေပါ့မလား။ ဒါပေမယ့်မနေ့ညက ကြင်ယာတော်မင်းသားနဲ့ စကားတွေအများကြီးကို ပြောနေခဲ့တာ အစ်ကိုတော်တို့ ပြောလို့မပြီးသေးဘူး. အစ်ကိုတော်တို့ နောက်ရက်တော်တော်များများထိ စကားဆက်ပြောကြဖို့လဲ ဆုံးဖြတ်ထားကြတယ်. ဒါ့ကြောင့် ကြင်ယာတော်မင်းသားက အစ်ကိုတော်နဲ့အတူ ရက်အနည်းငယ်လောက် အတူတူနေလိမ့်မယ်. ဒီအကြောင်းနဲ့ပတ်သတ်ပြီး ညီမတော်မှာ ပြဿနာတစ်ခုခုမရှိပါဘူးနော်"


တုဟောင်ရဲ့အသံက အေးဆေးတည်ငြိမ်နေသည်. သို့သော်လည်း တုမင်ယွဲ့ရဲ့မျက်နှာက အရောင်ပြောင်းသွားတော့သည်. စောစောကတွေးမိလိုက်တဲ့ သူမရဲ့ယူဆချက်ကို ပြန်စဉ်းစားလိုက်မိတော့သည်။


"ညီမတော်က ဘာလို့ ဘာမှပြန်မပြောတော့တာလဲ။တကယ်လို့ အစ်ကိုတော့်ကို မယုံရင်လဲ ညီမတော်ရဲ့ယောက်ျားကို မေးကြည့်ပါလား" တုဟောင်က သူ့အကြည့်တွေကို လင်ရှန်းဆီကို ပို့လိုက်သည်. သူ့မျက်လုံးတွေက သူမစိတ်ဝိညာဉ်ထဲအထိရောက်အောင်ပင် နက်ရှိုင်းစွာစိုက်ကြည့်လိုက်သည်။


'ဒီကောင်စုတ်..ငါ စကားမပြောနိုင်တာကို သိရဲ့သားနဲ့များ ငါ့ကိုလာမေးနေသေးတယ်လား။ ရှင်ဒါကို ရည်ရွယ်ချက်ရှိရှိလာလုပ်နေတာမို့လား' လင်ရှန်း စိုက်ကြည့်လို့တောင်မပြီးသေးဘူး တုဟောင်က နောက်ပြန်လှည့်လိုက်ပြီးတော့.- "မင်းသမီး ကြင်ယာတော်မင်းသား ခေါင်းငြိမ့်ပြလိုက်တာ မြင်တယ်မို့လား"


'ဒီကောင်စုတ် ဘယ်တုန်းက ငါခေါင်းညိတ်ပြမိလို့လဲ။ ငါဖြင့် မျက်တောင်တောင် တစ်ချက်မှ မခတ်မိဘဲနဲ့များ!'


တုမင်ယွဲ့ မျက်နှာအမူအရာက တဖြည်းဖြည်းဆိုးသထက်ဆိုးရွားလာတော့သည်. သူမယောကျ်ားဖြစ်တဲ့သူက ယောက်ျားအချင်းချင်းကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်နေကြောင်းကို တွေးတောမိလိုက်တိုင်း သူမစိတ်တွေက လုံးလုံးလျားလျားပင်ရှုးခါမတတ်ဖြစ်လို့သွားတော့သည်. သူမသွားတွေကို တင်းတင်းစေ့လိုက်ကာ ပြောလိုက်သည်.- "တကယ်လို့ ဒီလိုကိစ္စရှိရင်တော့လည်း ညီမတော်က အခုပဲပြန်လိုက်ပါတော့မယ်. အစ်ကိုတော်တို့ရဲ့ စကားဝိုင်းကို ညီမတော် မနှောက်ယှက်ချင်တော့ပါဘူး. နှုတ်ဆက်ပါတယ်!"


ပြီးနောက် သူမက သူမဂါဝန်စကို မ တင်ကာ ကဲလောင်ထဲမှ ထွက်ခွာသွားခဲ့တော့သည်. သူမအစေခံတစ်သိုက်ကလည်း နောက်တော်ပါးမှ လိုက်ပါသွားတော့လေသည်။


သူတို့နှစ်ယောက်သာလျှင် ကျန်နေရစ်တော့သည်. တုဟောင်က သူ့ခေါင်းကို မော့ပြီးတော့ လင်ရှန်းကိုပြောလိုက်သည်.-


" ဘာဖြစ်လို့ ဒီမှာပဲ ရပ်နေသေးတာလဲ။ မင်းက ငါနဲ့အတူ နောက်ထပ်ရက်အနည်းငယ်လောက် အတူနေရဦးမယ်"


**********


End....