Chapter 52
Viewers 9k

အပိုင်း(၅၂)


လင်ရှန်း သူမဘဝမှာ အသက်နှစ်ဆယ်ကျော်နီးပါးနေထိုင်လာခဲ့ရပေမယ့်လည်း ' ကျားဂူထဲက ထွက်လိုက်ရုံရှိသေးတယ်...ဝံပုလွေတွင်း ကို ရောက်သွားသလိုမျိုးကိုတော့' ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ကြုံလိုက်ရတာပဲဖြစ်သည်. တုမင်ယွဲ့ကို ပ ထုတ်ရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်။ ဒါပေမယ့် အခုတော့သူမက တုဟောင်နှင့်တည့်တည့်ကြီး တိုးဝင်မိသွားတော့လေသည်။


တုဟောင်က 'ရက်တိုတိုလေး'လေးလို့သာ နာဝင်ချိုဖွယ်ကောင်းအောင် ခေါ်တွင်နေပေမယ့်လည်း လင်ရှန်းကတော့ စိတ်ညစ်ညူးလို့နေသည်။


တကယ်လို့များ သူမသာ စကားပြောနိုင်ခဲ့ရင်တော့ သူ့ကို သောက်ကောင်စုတ်* ဆိုပြီးတော့ဆဲဆိုလိမ့်မှာတော့ ကျိန်းသေပေါက်ပင်. 'ဒါ ရက်တိုလေးမဟုတ်ဘူး. ဒါက ထောင်အိမ်တစ်လုံးပဲ မို့လား!


အိမ်ရှေ့စံမင်းသားရဲ့နန်းဆောင်ကို သူမရောက်ရှိသည့်အချိန်တွင်တော့ သူမက အခန်းတစ်ခုထဲတွင် ထည့်ပိတ်ထားခြင်းခံလိုက်ရသည်. ပြီးတော့လဲ တံခါးဝမှာ ကိုယ်ရံတော်နှစ်ယောက်က စောင့်ကြပ်နေလိုက်သေးသည်. သူမ ဆိုသည်မှာက ကြင်ယာတော်မင်းသားသေးသေးမွှားမွှားလေးဖြစ်ရုံပါပဲ. ဘာဖြစ်လို့ တုဟောင်က ဒီလောက်အကြီးကြီးလာလုပ်နေရတာများလဲ။ လင်ရှန်းက ရိုးသားစွာပင် တုဟောင်ကိုဖောက်ထွင်းပြီးတော့ မမြင်နိုင်ခဲ့ပါဘူး။


သူမစိတ်ထဲမှာ နက်နက်နဲနဲစဉ်းစားခန်းဝင်နေခိုက်တွင် တံခါးခေါက်သံတစ်ခုက ပေါ်ထွက်လာခဲ့သည်။


"ကြင်ယာတော်မင်းသား အရှင့်ရဲ့ဆေးတွေရပါပြီ" အစေခံမိန်းမရွယ်လေးတစ်ယောက်က


ဆေးခွက်ပါတဲ့လင်ပန်းကို ကိုင်ဆောင်၍ ဝင်လာခဲ့သည်။


လင်ရှန်းက စိတ်အခြေအနေသိပ်မကောင်းခဲ့​လေတော့ သူမရဲ့သဘောထားရပ်တည်ချက်တွေကို အစေခံမလေးဆီကို ပုံချလိုက်တော့သည်. သူမရဲ့ခေါင်းကို ဘေးတစ်ဘက်သို့လွှဲလိုက်သည်. 'ငါ မသောက်ချင်ဘူး'


အစေခံကောင်မလေးက ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့ပြီးတော့ -


"ကြင်ယာတော်မင်းသား ကျွန်တော်မျိုးမက ကြင်ယာတော်မင်းသားကို အချိန်မှန်ဆေးတိုက်ပေးဖို့ အမိန့်ပေးထားခြင်းခံထားရတာပါ၊ ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးမကို ခက်ခဲတဲ့အခြေအနေဖြစ်အောင် မပို့လိုက်ပါနဲ့လား"


'ဒီလောက်လူအများကြီးကတောင် ငါ့ကိုလာခက်ခဲတဲ့အခြေနေရောက်အောင်လာလုပ်နေသေးတာပဲ. ဘာလို့ ငါက နင့်ဘဝကို ခက်ခဲအောင်လုပ်လို့မရ ရမှာလဲ။ နင့်အမှားက ငါ့ကိစ္စကိုလာပြီးဝင်ရှုပ်နေတာပဲ. နင်နဲ့ထိုက်တန်တယ်!'


လင်ရှန်းက စိတ်ပေါက်ပေါက်နဲ့ ဘာကြီးပဲဖြစ်နေနေ သောက်ဖို့ငြင်းဆန်နေလိုက်သည်။


အစေခံမိန်းမငယ်လေးက အခုတော့ မျက်ရည်ရွှဲလဲနဲ့ဖြစ်နေပြပြီ. သူမက တညည်းတညူဖြင့်.-


"ကြင်ယာတော်မင်းသား.. ဒီအစေခံက အရှင့်ကိုအနူးအညွှတ်တောင်းပန်ပါတယ်. ကျေးဇူးပြုပြီးတော့ အနည်းဆုံးတစ်ဇွန်းပဲဖြစ်ဖြစ်သောက်လိုက်ပါ. အဲလိုမှမဟုတ်ရင် အရှင့်သားက ကျွန်တော်မျိုးမကို အပြစ်ပေးလိမ့်မယ်....... ကြင်ယာတော်မင်းသား!!!"


'မသောက်ဘူး!' လင်ရှန်းက သူမခေါင်းကိုတစ်ခြားတစ်ဘက်သို့ လွှဲရှောင်လိုက်သည်. သူမက အစေခံကောင်မလေးကို ကြည့်ရှုဖို့ ငြင်းဆန်လိုက်သည်။


ထိုအခိုက်တွင် စူးရှတဲ့မိန်းမအသံတစ်ခုက အခန်းထဲကိုဝင်ရောက်လာကာ.-


" ဘယ်သူလဲ။ ဘယ်သူက တစ်ငိုငိုတရည်ရည်နဲ့ ငါ့ရဲ့နေ့ရက်လေးကို လာဒ်တိတ်အောင်လာလုပ်နေတာလဲ။ ငါ့မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့တိတ်တိတ်ဆိတ်ဆိတ်လေးတောင် နေလို့မရနိုင်တော့ဘူးလား"


အနီရောင်ဝတ်နဲ့ မိန်းကလေးတစ်ယောက်က ဝင်ရောက်လာခဲ့သည်. သူမက ဘဲငန်းတစ်ကောင်လိုမျိုး သူမလည်တိုင်တွေကို ဆန့်ထုတ်ကြည့်လိုက်သည်. ကိုယ်ရံတော်နှစ်ယောက်က သူမ ဝင်ရောက်ခြင်းကို ပိတ်မထားရဲလောက်တဲ့ အခွင့်အာဏာများစွာက သူမထံမှာ ရှိနေသည်။


လင်ရှန်းကလည်း လှည့်ကြည့်လိုက်ခဲ့သည်. အမျိုးသမီးကို ကြည့်ရတာ မထင်ထားဘဲ ရင်းနှီးနေသလိုထင်သွားရသည်. 'ငါသူ့ကို အရင်က ဘယ်နေရာမှာ မြင်ဖူးတာပါလိမ့်'


လင်ရှန်းက သူမမှတ်ဉာဏ်ထဲတွင် ပြန်တူးဖော်နေစဉ် အနီရောင်နှင့်အမျိုးသမီးက ရောက်ချလာပြီး တုန့်ဆိုင်းခြင်းအလျင်းမရှိဘဲ အစေခံမိန်းကလေး၏ပါးကို ရိုက်ချလိုက်တော့သည်။


'ပက်'ဆိုသော အသံတစ်ခုသာလျှင်ကြားလိုက်ရသည်. အစေခံမိန်းကလေးလက်ထဲမှ ဆေးခွက်က ပြုတ်ကျသွားပြီး ပူပူနွေးနွေးဆေးတွေက ကြမ်းပြင်ပေါ်နှင့် မိန်းကလေးကိုယ်ပေါ်သို့ လွင့်စင်သွားတော့သည်. အစေခံမလေးက အသံတစ်သံမှ ထွက်မလာရဲတော့ပေ။


"နင့်ကို ကြင်ယာတော်မင်းသားကို ဆေးတိုက်ဖို့ပဲပြောထားတာ. တငိုငိုတရည်ရည်လုပ်ဖို့မဟုတ်ဘူးဟဲ့! ဘာလို့ ငိုနေတာလဲ။ နင့်ကို နောက်ထပ်ပိုပြီးရိုက်စေချင်နေတာလား" အမျိုးသမီးက ကြိမ်းမောင်းလိုက်သည်. သူမ လက်ကိုမြှောက်လိုက်ပြီး နောက်ထပ်တခါ ထပ်ရိုက်လိုက်သည်။


'နင် ငါ့ကိုလာနောက်နေတာလား။ ဒါက အသက်တစ်ချောင်းကို ညှဉ်းပန်းနှိပ်စက်နေတာပဲ! ဒီအခြေအနေက လင်ရှန်းဒေါသတွေကို လှုပ်နိုးလိုက်ပြီးတော့ သူမပြေးသွားလိုက်ပြီး အစေခံကောင်မလေးရှေ့တွင် ရပ်လိုက်သည်။


အနီရောင်ဝတ်အမျိုးသမီးရဲ့လက်က ချင်းချင်းပင်လေထဲတွင် တိုးလို့တန်းလန်းဖြစ်လို့သွားသည်. မျက်တောင်တစ်ချက်ခတ်အတွင်းမှာပဲ သူမမျက်နှာပေါ်တွင်တော့ အပြုံးတစ်ပွင့်ဖြင့် သူမက ညင်သာစွာပြောလိုက်သည်.-


"ယန်ယုအာ ကြင်ယာတော်မင်းသားကို အရိုသေပြုပါတယ်"


'အိုးဟိုး..ဒီလိုချိုသာပြီးတော့ ချစ်စဖွယ်အသံသာလေးက လူတစ်ယောက်ရဲ့အရိုးတွေကိုတောင် ဖြတ်တောက်ပစ်နိုင်တဲ့စွမ်းအားတွေရှိနေတာပဲ!'


လင်ရှန်းက အခုမှပင် အမျိုးသမီးကို မှတ်မိသွားတော့သည်. 'သူမက တုဟောင်ကို ကပြဖျော်ဖြေပေးခဲ့တဲ့ မြေခွေးမပင်မဟုတ်ပါလား။


'အံ့ဩပါ့! ငါဖြင့် ရှေးဟောင်းကမ္ဘာထဲမှာ နေလာတာ ဒီလောက်ကြာနေပြီ. ဒရမ်မာတိုင်းရဲ့ ရာဇဝင်ထဲက အငြိုးကြီးတဲ့မြေခွေးမ ကာရိုက်တာကို နောက်ဆုံးငါကြည့်ဖူးသွားပြီပဲ! မဆိုးပါဘူးလေ!'


ကြင်ယာတော်မင်းသားက သူမကို စိတ်ဝင်တစားနဲ့စိုက်ကြည့်နေတာကို မြင်လိုက်ရတော့ ယန်ယုအာ တစ်ယောက် အသွေးထဲအသားထဲထိ ဂုဏ်ယူဝင့်ကြွားကာ ဘဝင်​လေဟပ်လို့ သွားတော့လေသည်. သူမရဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေက မြှင့်တက်သွားပြီးတော့ ညုတုတုအာသံလုပ်တစ်ခုဖြင့် ပြောလိုက်သည်.-


"အရှင့်သားက ဧည့်သည်အချို့နဲ့တွေ့ဆုံဖို့ထွက်သွားပါတယ်. တကယ်လို့ ကြင်ယာတော်မင်းသား စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရင် ကျွန်တော်မျိုးမ တောင်းပန်အပ်ပါတယ်ရှင်. ကျေးဇူးပြုပြီးတော့ အပြစ်မယူလိုက်ပါနဲ့နော်." ပြီးနောက် ယန်ယုအာက လင်ရှန်းကို ဆွဲဆောင်ညို့ငင်သော အပြုံးတစ်ပွင့်ပေးလိုက်သည်။


ထိုအခိုက်တွင် လင်ရှန်းက သူမကိုယ်သူမ မိန်းကလေးတစ်ယောက်ဖြစ်နေတာကို ကျေးဇူးတင်သွားတော့သည်. တကယ်လို့များ သူမသာ ယောက်ျားလေးတစ်ယောက်ဆိုရင်တော့ သူမ ရမ္မက်သွေးကြွလာကာ ငမ်းငမ်းတက်၍ ဒူးထောက်လဲကျသွားမှာတော့ သေချာသလောက်ပင်. လင်ရှန်းက အသိပြန်ကပ်လိုက်ပြီးတော့ ခေါင်းညိတ်ပြလိုက်ကာ ပြံးပြလိုက်သည်။


"ကျွန်တော်မျိုးမ တောင်းပန်ပါတယ်နော် ကြင်ယာတော်မင်းသား.. ကြင်ယာတော်မင်းသား စကားမပြောနိုင်တာကို ကျွန်တော်မျိုးမ မေ့သွားလို့ပါ.. ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပေးတော်မူပါဦး "


ယန်ယုအာက ညုတူတူဖြင့်ထပ်မံပြုံးလိုက်ပြီးတော့ သူမမျက်လွှာတွေကိုချလိုက်သည်. အစောနတုန်းက ပေါက်ကွဲသောင်းကျန်းနေတဲ့ မိန်းကလေးက သူ နဲ့တော့ ဆန့်ကျင်ဖက်ပင်. လင်ရှန်းက တစ်ခဏတွင်းပင် အသည်းအူယားသောစိတ်တွေက တလိပ်လိပ်တက်လာပြီးတော့ ယန်ယုအာရဲ့မျက်နှာပေါ်ကို ပါးတစ်ချက်သာ ဖြတ်ရိုက်လိုက်ချင်တော့သည်။


လင်ရှန်း က သူမမျက်လုံးတွေကိုမှေးစင်းလိုက်ပြီးတော့ အစီစဉ်တစ်ခုကို ဉာဏ်ထုတ်လိုက်သည်။


သူမက ယန်ယုအာကို ပြန်ပြုံးပြလိုက်ပြီးတော့ တံခါးကို လက်ညိုးထိုးညွှန်ပြလိုက်သည်။


ယန်ယုအာက ကိုယ်ဟန်အမူအရာဘာသာစကားကို သိသိသာသာပင် ကောင်းကောင်းကြီးဖတ်တတ်သူတစ်ယောက်ပင်. သူမက လင်ရှန်းဆိုလိုတာကို ချက်ချင်းပင်နားလည်လိုက်သည်.


"ကြင်ယာတော်မင်းသားက အပြင်ဘက်ကို လမ်းထွက်လျှောက်ချင်တာလား"


လင်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။


"ဒါဆို ကျွန်တော်မျိုးမကို အတူလမ်းပြပေးစေချင်တာလား"


လင်ရှန်းက သဘောတူကြောင်းကို ခေါင်းဆက်ခါညိတ်ပြလိုက်သည်။


ထိုအခိုက်တွင် ယန်ယုအာက သူမကိုယ်သူမ အိမ်ရှေ့စံမင်းသား၏ကိုယ်လုပ်တော်တစ်ယောက်လိုတောင် တွေးထင်မိသွားလိုက်သည်. 'ဒီနန်းဆောင်တွင်တော့ အခြားဘယ်မိန်းကလေးကများ သူမအလှကို မှီနိုင်မှာတဲ့လဲ။ ကြင်ယာတော်မင်းသားကတောင်မှ သူမက ထူခြားတယ်ဆိုတာ ပြောထွက်နိုင်နေသည်ပဲလေ. သူမက အနာဂတ်မှာ ဒီနေရာကို လွှမ်းမိုးချုပ်ကိုင်နိုင်သူတစ်ယောက်ဖြစ်မှာတော့ ဧကန်မုချဖြစ်တော့မှာပဲ. မဟုတ်ဘူး မဟုတ်ဘူး မဟုတ်သေးဘူး! သူမကသာ အနာဂတ်ဘုရင်မလောင်းလျာတစ်ယောက် ဖြစ်လိမ့်မှာပဲ!'


ယန်ယုအာရဲ့မျက်လုံးထဲတွင်အစိမ်းရောင်အလင်းတစ်ချက် ဖြတ်ခနဲလတ်သွားခဲ့ပြီးတော့ သူမက ဒူးတစ်ဖက်ကို ညွှတ်လိုက်ကာ. " ကျွန်တော်မျိုးမ ကြင်ယာတော်မင်းသားရဲ့ချစ်မေတ္တာကို ကျေးဇူးတင်ရှိကြောင်းပါ. ကျွန်တော်မျိုးမ အလွန်ဂုဏ်ယူမိကြောင်းပါ. ကြွပါရှင်!"


လူတိုင်းက ယန်ယုအာရဲ့အပြုအမူကို ကျင်သားရနေကျဆိုတော့ ဘယ်သူကမှ လာမတားရဲကြပေ. ကိုယ်ရံတော်နှစ်ယောက်က တကယ်ပင် သူတို့နှစ်ယောက်ကို အခန်းထဲမှထွက်ရန် ခွင့်ပြုပေးခဲ့သည်. သူမ အစီအစဉ်တွေက ချောချောမွေ့မွေ့ဖြစ်သွားခဲ့တော့ လင်ရှန်းက အတော်လေးပင်အံဩသွားရတော့သည်။


မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက်တွင် ကောင်းကင်ပြာပြာက နောက်ဆုံးတော့ ကြည်လင်ရှင်းသန့်နေသည်, တောက်ပလင်းဖြာတဲ့နေရောင်ခြည်က အပြင်ပတ်ဝန်းကျင်တွင်ကျရောက်နေသည်. လေထုက လတ်ဆတ်သောမြေသင်းရနံ့တွေဖြင့် ဖုံးလွှမ်းပြည့်နှက်လို့နေသည်. သဘာဝတိုင်းဖြစ်ပေါ်နေသောရှုမျှော်ခင်းက အလွန်ပင် သာယာကာ စိမ်းလန်းစိုပြည်လို့နေသည်. သို့သော်လည်း လင်ရှန်းကတော့ ဂရုမစိုက်ပါ. အခုလောလောဆယ်မှာတော့ သူမပန်းတိုင်က အပြင်ဘက်ကို အလစ်ခိုးထွက်သွားဖို့သာပင်။


'တုဟောင်ကိုမေးလိုက်ရင်တော့ ရမယ့်ခွင့်ပြုချက်ကတော့ ကျရှုံးမှာတော့ အဖြစ်နိုင်ဆုံးပဲ. ငါ့ရဲ့အကောင်းဆုံးအခွင့်အလမ်းက ငါ့ကိုလာကယ်မယ့် အပြင်ဘက်က တစ်ယောက်ယောက်ကို အဆက်သွယ်လုပ်နိုင်ဖို့ပဲ။


လင်ရှန်းက နေရာအနှံ့အပြားကိုလျှောက်ကြည့်နေပြီးတော့ အကွက်ချလို့ကြံစည်နေရုံရှိသေးသည်. ရုတ်တရက်ကြီး ယန်ယုအာက လမ်းလျှောက်နေတာကို ရပ်လိုက်ပြီးတော့ နောက်ကိုပြန်လှည့်လိုက်သည်. သူမက သိုသိုသိပ်သိပ်ပုံစံဖြင့် လင်ရှန်းအနားကိုပူးကပ်လာ၍ စကားသံတိုးတိုးဖြင့်ပြောလိုက်သည်. -"ကြင်ယာတော်မင်းသား ယုအာက ကြင်ယာတော်မင်းသားကို မေးခွန်းလေးတစ်ခုလောက်မေးချင်လို့ပါ. ကြင်ယာတော်မင်းသား စိတ်ရှိမှာမဟုတ်လောက်ဘူးလို့တော့ ကျွန်တော်မျိုးမ မျှော်လင့်မိပါတယ်"


'အိုး! နင်ငါ့ကို ရည်ရွယ်ချက်တစ်ခုရှိလို့လာကပ်နေတာကို ငါသိသားပဲ! လင်ရှန်းက မထုံတက်တေးဖြင့် ကြည့်လိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။


"နန်းတော်ထဲမှာရှိကြတဲ့ လူတိုင်းက အရှင်က ကျွန်တော်မျိုးမတို့အရှင့်သား အသက်ကို ကယ်လိုက်တာမှန်းသိကြတယ်. ကျွန်တော်မျိုးမတို့အရှင့်သားကလဲ ကြင်ယာတော်မင်းသားကို အရမ်းယုံကြည်တယ်မို့လား၊ ကျွန်တော်မျိုးမ သိချင်တာက တကယ်လို့ ကျွန်တော်မျိုးမရဲ့အရှင့်သားက နောက်ဆုံးရွေးချယ်မယ့် အိမ်ရှေ့မိဖုရားနဲ့ပတ်သတ်လို့ တစ်ခုခုကိုများ ကြင်ယာတော်မင်းသားကို ပြောပြထားဖူးလားလို့ပါ"


တကယ်တမ်းတော့ ယန်ယုအာရဲ့မေးခွန်းက လက်ရှိမှာနန်းတော်ထဲက မိန်းကလေးအများစုရဲ့ ရေပန်းအစားဆုံးပြောနေကြတဲ့ ခေါင်းစဉ်ပဲဖြစ်သည်. အိမ်ရှေ့စံမင်းသားက သူ့ရဲ့နောက်ဆုံးရွေးချယ်မည့်တော်ဝင်ကိုယ်လုပ်တော်(အိမ်ရှေ့မိဘုရား)အရာကို လူတိုင်းက သိလိုနေကြသည်. အနာဂတ်ရဲ့ဘုရင်မနေရာကို တစ်ယောက်ယောက်ကတော့ ရွေးချယ်ရလိမ့်မှာပဲဖြစ်သည်။


အင်ပါယာဘုရင်ကြီးက တုဟောင်ကို ထီးနန်းလွှဲအပ်ပေးရန် စီစဉ်ဖို့က ရှင်းရှင်းလင်းလင်းဖြစ်အောင်ပင် ပြုလုပ်ပြီးသွားခဲ့ပြီးပါပြီ. တုဟောင်က အိမ်ရှေ့အရာနဲ့ဆက်နွယ်နေသော တိုင်းပြည်အာဏာအများအပြားကိုလဲ ပေးအပ်ခြင်းခံခဲ့ရပြီးပါပြီ. အင်ပါယာဘုရင်ကြီးကလဲ နောက်ဆုံးရွေးကောက်မည့်အိမ့်ရှေ့မိဘုရားကိုလည်း ကူညီရွေးပေးဖို့ရာရှိနေခဲ့သည်။


နောက်ဆုံးတော်ကောက်မည့်ကိုယ်လုပ်တော်နေရာက အလွန်ကိုလေးစားမွန်မြတ်စွာနှင့် လိုချင်တက်မက်ဖွယ်ရာကောင်းသော ရာထူးနေရာပင်ဖြစ်ပေသည်. ထို့ကြောင့် လူတော်တော်များများက အလေးထားနေတာက အံအားသင့်စရာမကောင်းတော့ပေ. ယန်ယုအာကလဲ ထိုနေရာကိုလိုချင်နေတဲ့သူတွေထဲက တစ်ယောက်ပင်ဖြစ်သည်. လင်ရှန်းနဲ့ သူမ နီးနီးကပ်ကပ်နေချင်နေရတဲ့ တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ အိမ်ရှေ့စံမင်းသားစိတ်ထဲတွင်ရှိနေသာသူကို ထောက်လှမ်းဖော်ထုတ်ရန်ပဲ ဖြစ်သည်. ထပ်ပြီးတော့လဲ သူမက လင်ရှန်းကို သူမအတွက်စကားကောင်းတချို့တလေကိုလည်း ပြောပေးစေချင်နေခဲ့တာပဲဖြစ်သည်။


လင်ရှန်းက ယန်ယုအာရဲ့အတွေးတွေကို ချက်ချင်းရိပ်စားမိလိုက်သည်. သူမက ထိုအရာနဲ့ ကစားပွဲတစ်ခုလုပ်လိုက်ဖို့ရာ ဆုံးဖြတ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။


လင်ရှန်းခေါင်းညိတ်ပြတာမြင်လိုက်ရတော့ ယန်ယုအာရဲ့မျက်လုံးတွေက ရွှန်းလဲ့တောက်ပသွာတော့သည်. သူမက သူမစိတ်တွေကိုတည်ငြိမ်အောင် ဖိနှိပ်ဖို့ကြိုးပမ်းလိုက်ပြီးတော့ စိတ်အားထက်သန်စွာဖြင့်မေးလိုက်သည်.- "အိမ်ရှေ့စံမင်းသားစိတ်ထဲမှာရှိနေတဲ့သူကို ကျွန်တော်မျိုးမသိလို့ရနိုင်မလား"


'သူက တစ်စုံတစ်ယောက်ကိုရွေးလိမ့်မယ်ဆိုရင်တောင်မှ သူက နင့်ကိုတော့ ရွေးလိမ့်မှာတော့မဟုတ်ဘူး. နင့်ကိုကြည့်စမ်းပါဦး၊ ငါတောင်မှ နင့်စိတ်ကိုဖောက်ထွင်းပြီးတော့ မြင်နိုင်တာ. နင့်အထင် တုဟောင်က ကန်းနေတယ်လို့များ ထင်နေတာလား'


လင်ရှန်းက နောက်ထပ်ခေါင်းညိတ်ပြလိုက်သည်။


ယန်ယုအာက သူမနှလုံးတစ်ခုလုံးပင် ဘုန်းခနဲပေါက်ထွက်သွားမလိုထင်လိုက်ရသည်. သူမ လေသံကိုနှိမ့်လိုက်ပြီးတော့.- "အိမ်ရှေ့မင်းသားက ....ကျွန်တော်မျိုးမ လို့များ ဖော်ပြလိုက်သေးလား"


******


End.....