Chapter 53
Viewers 11k

အပိုင်း(၅၃)


ဒီတစ်ကြိမ်တွင်တော့ လင်ရှန်းက ပြန်ခေါင်းညိတ်​မပြလိုက်ခဲ့ပေ.သူမက ဇာတ်လမ်းကို ရှုပ်ထွေးပွေလီသွားအောင် အမွှေစိန်လုပ်ချင်နေသည်။


အခုကျမှ လင်ရှန်းက ခေါင်းညိတ်တာကို ရပ်လိုက်ခဲ့တော့ ယန်ယုအာတစ်ယောက် အလန့်တကြားဖြစ်သွာတော့သည်. သူမက သူမဝတ်ရုံလက်ထဲကနေ အိတ်တစ်အိတ်ကို ထုတ်ယူလိုက်ပြီးတော့ လင်ရှန်းလက်ထဲကို ထည့်လိုက်ကာ တီးတိုးပြောလိုက်သည်.- "ဒါက ကျွန်တော်မျိုးမဆီက ဧည့်ဝတ်ပြုတဲ့လက်ဆောင်လေးတစ်ခုပါ. ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးမရဲ့ကြင်နာတတ်တဲ့ ဂရုစိုက်မှုလေးကို လက်ခံပေးပါဦး"


'အိုး..ဟိုးဟိုး..! ငါက လှောင်အိမ်ထဲမှာတောင်မှ ငွေတွေဝင်နေပါရောလား? မဆိုးပါဘူးလေ!'


ဒီတစ်ကြိမ်တွင်တော့ လင်ရှန်းရဲ့မျက်လုံးများက တောက်ပသွားတော့သည်. သူမက အိတ်ကို တမင်ငြင်းချင်ဟန်ဆောင်လိုက်ပြီး ဆက်လက်၍ ဆိတ်ဆိတ်ပြန်နေလိုက်ပြန်သည်။


ယန်ယုအာက အိတ်တစ်ခုတည်းက လုံလောက်မှုမရှိတာကို နားလည်လိုက်တော့ တစ်ခြားအိတ်အပြည့်တစ်ခုကို ထပ်ဖြည့်လိုက်သည်. အခုတော့ သူမက အိတ်နှစ်ခုစလုံးကို လင်ရှန်းလက်ထဲကို ထည့်လိုက်ကာ.-


"ကြင်ယာတော်မင်းသား ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးမကို မငြင်းပယ်ပါနဲ့တော့၊ ဒါက သာမညလက်ဆောင်လေးပါ. ကြီးကြီးမားမားမဟုတ်ပါဘူး"


ဒီတစ်ကြိမ်တွင်တော့ လင်ရှန်းက အိတ်တွေကိုပြန်မပေးတော့ဘဲ နှစ်အိတ်စလုံးကို သူမဝတ်ရုံလက်ထဲကို သိပ်ထည့်လိုက်တော့သည်။


လင်ရှန်းက သူမငွေတွေကို လက်ခံလိုက်တာကိုမြင်လိုက်ရတော့ ယန်ယုအာက သက်သာရာရတဲ့ သက်ပြင်းတစ်ရှိုက်ရှုထုတ်လိုက်သည်. သူမက အေးဆေးတည်ငြိမ်စွာဖြင့် မေးလိုက်သည်.-" ကြင်ယာတော်မင်းသား.. အရှင့်သား ရွေးချယ်ဖို့ယျာထားတဲ့သူက ဘယ်သူလဲဆိုတာ မှတ်မိလား"


လင်ရှန်း သူမကိုစိုက်ကြည့်လိုက်ပြီးတော့ သူမခေါင်းကို ခါရမ်း​ပြလိုက်သည်။


ယန်ယုအာက သွေးတစ်ပွက်ပင်အန်ထွက်မတတ်ဖြစ်သွားတော့သည်.


"ကြင်ယာတော်မင်းသား...ရှင်.. ဒီလိုလုပ်လို့မရဘူးလေ...." သူမက စိတ်လှုပ်ရှားလွန်သွားပြီးတော့ သူမရှေ့မှာရှိတဲ့ကျောက်တုံးကိုတောင် သတိမထားမိတော့ပေ. ယန်ယုအာတစ်ယောက် ခလုတ်တိုက်သွားပြီးတော့ ကြာပန်းရေကန်တော်ထဲသို့ ပြုတ်ကျသွားတော့သည်။


ပလုံ! ပလုံ!


အသံနှစ်သံထွက်လာပြီးနောက်တွင် ရေတွေအများကြီးက တဗွမ်းဗွမ်းစင်သွားတော့သည်. ပြီးနောက် ဥယာဉ်တော် အနောက်ဘက်ထဲကနေပြီးတော့ ဝက်တစ်ကောင်အမဲဖျတ်ခံရတော့မလို ယန်ယုအာ၏ "ကယ်ကြပါဦး... ကယ်ကြပါဦး....ကယ်ကြပါဦး...." ဆိုတဲ့ ကြောက်မက်ဖွယ်ရာအော်ဟစ်သံကို ကြားလိုက်ရတော့သည်။


°°°°°°°°°


လင်ရှန်းနှင့်ယန်ယုအာတို့နှစ်ဦးသား ရေထဲသို့ကျပြုတ်ကျသွားသည့်အခိုက်တွင် အိမ်ရှေ့စံမင်းသားနန်းဆောင်၌ တုဟောင်က ကုဇောင်နှင့်အတူ အရေးကြီးကိစ္စရပ်တစ်ခုအ​ကြောင်းကို စကားပြောဆိုနေကြသည်။


"ဒီစာလိပ်က နန်းတော်ထဲမှာပဲ ထွက်ရှိနိုင်တဲ့ အထူးပြုလုပ်ထားတဲ့စက္ကူမျိုးအစားတစ်ခုဆိုတာကို ဒီအစေခံရှာတွေ့ထားကြောင်းပါ၊ ဒါ့ကြောင့် အများဆုံးဖြစ်နိုင်တာက ဒီနန်းတော်ထဲက တစ်စုံတစ်ယောက်က စာလိပ်ကိုပို့ထားတာဖြစ်နိုင်တယ်" ကုဇောင်က ထွက်ဆိုလိုက်သည်။


'နန်းတော်ထဲကတစ်စုံတစ်ယောက်တဲ့လား။ တုဟောင်က သူ့မျက်လုံးတွေကို မှေးစင်းလိုက်ကာ-


"ပစ်မြှားနဲ့ပတ်သတ်လို့‌ရော ဘာထူးသေးလဲ"


"ပစ်မြှားကတော့ ပုံမှန်ပစ္စည်းတစ်ခုပဲ. နန်းတော်ထဲက ထွက်လာတာတော့ မဟုတ်ဘူး. သို့သော်ငြားလည်း တကယ်လို့ လူတစ်ယောက်က ဒီလိုမျိုးပုံမှန်မြှားတစ်ချောင်းနဲ့ သစ်ပင်ကိုဖြောင့်မှန်အောင်ပစ်နိုင်ဖို့ကတော့ သူ့မှာ အလွန်ကို အားကောင်းတဲ့စွမ်းရည်တွေရှိနေနိုင်တယ်. ကျွန်တော်မျိုး စိုးထိတ်မိတာက သူက ပုံမှန်လူတစ်ယောက်မဟုတ်မှာကိုပဲ"


'ပုံမှန်လူတစ်ယောက်လား. တကယ်လို့ သူသာ ပုံမှန်လူတစ်ယောက်ဆိုရင်တော့ သူက ငါ့မျက်စိရှေ့မှောက်မှာတောင် ဒီလောက်ပြင်းပြင်းထန်ထန်ကြီး လှုပ်ရှားရဲမှာ မဟုတ်ဘူးပဲ' တုဟောင်က အေးစက်စွာဖြင့် ရယ်မောခဲ့လိုက်သည်။


ထိုအချိန်ခိုက်တွင် သူက ခပ်ဝေးဝေးမှ တစ်စုံတစ်ယောက်၏ ထိတ်လန့်ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။


"သွားကြည့်ကြစို့" တုဟောင်က


ကုဇောင်ကို ပြောလိုက်သည်. သူတို့နှစ်ယောက် စာကြည့်ခန်းတစ်ခုမှ နောက်ထပ်တစ်နေရာသို့ ထွက်လာလိုက်ပြီး အော်ဟစ်သံကြားရသော အနောက်ဘက်ဥယာဉ်တော်သို့ လိုက်သွားလိုက်သည်။


လက်ရှိအချိန်အခါက နွေဦးရာသီအလယ်ပိုင်း၏ အမြင့်မားဆုံးအချိန်သို့ရောက်ရှိနေသည်. အနောက်ဘက်ဥယာဉ်တော်မှ ကြာပန်းရေကန်တော်က ကြီးမားသောကြာရွက်ကြီးများနှင့် ပြည့်နှက်လို့နေသပေသည်. တုဟောင်နှင့်ကုဇောင်တို့ရောက်ရှိချိန်တွင် ကြာပန်းရေကန်တွင် အစေခံမိန်းကလေးတစ်ချို့က ဝန်းရံနေကြသည်. သူတို့အားလုံးက ရေကန်တစ်ခြားဘက်ခြမ်းမှ ရောက်လာတဲ့တုဟောင်ကို မြင်လိုက်သည့်အခိုက်တွင် သူတို့မျက်နှာတွေပေါ်တွင် ကြောက်ရွံ့ထိတ်လန့်နေသည့် အရိပ်အယောင်များဖော်ပြနေကာ အပြေးရောက်ရှိလာကြတော့သည်။


တုဟောင်က ကြာပန်းရေကန်ကို ကြည့်လိုက်ပြီးတော့ ယန်ယုအာက ဘဲတစ်ကောင်လို ယက်ကန်ယကက်ကန်ဖြင့် ရေမြုတ်နေတာကိုတွေ့လိုက်သည်. သူ့နဖူးပြင်က မျက်မှောင်ကြုတ်သွားတော့သည်. ပြီးနောက် သူက ကုဇောင်ကိုကြည့်လိုက်ကာ- "မင်း..သွားကယ်"


သနားစရာကုဇောင်ခမျာမှာတော့ တောင့်တောင့်ကြီးဖြစ်လို့သွားကာ- "အရှင့်သား.. ကျ...ကျွန်တော်မျိုး ရေဘယ်လိုကူးရမလဲဆိုတာ မသိပါဘူး....."


"အဲဒီတော့ မင်းအစား ငါသွားသင့်တယ်လို့ မင်းကသွယ်ဝိုက်ပြောနေတာလား?" တုဟောင်က သူ့မျက်လုံးတွေကို မှေးစင်းလိုက်ကာပြောလိုက်သည်။


ကုဇောင်က ကြောက်ရွံ့တွန့်ဆုတ်လို့သွားကာ- "အမ်......ဒီငယ်သားက တစ်ယောက်ယောက်ကို ခိုင်းလိုက်ပါ့......" ကုဇောင်က နောက်ပြန်လှည့်ပြီးတော့ လူရှာရန်ထွက်သွားလိုက်သည်။


ထိုအချိန်အခိုက်တွင် ရုတ်တရက် နောက်ထပ်အားနည်းသောအသံလေးကို ယန်ယုအာ၏ စူးရှအော်ဟစ်သံကြားထဲမှ ကြားလိုက်ရသည်. "ကယ်ပါ.....ကယ်ပါ......"


'စုန့်လောင်လား?!' တုဟောင်က‌ ချောက်ချားသွားပြီးတော့ ကြာပန်းရေကန်ပတ်လည်ကို လျှောက်ကြည့်လိုက်သည်. သူက ကြာရွက်အထပ်ထပ်ကို ဖြတ်ကြည့်လိုက်တော့ ယန်ယုအာ၏ တဗျန်းဗျန်းဖြင့် အလွန်အကျုးယက်နေသည်. နောက်ဆုံးတွင် သူက ရင်းနှီးနေသော ဝတ်ရုံတစ်ခုကို သတိထားမိသွားတော့သည်. ဘာမှမစဉ်းစားခြင်းအလျင်းမရှိဘဲ တုဟောင်တစ်ယောက် ကြာပန်းရေကန်ထဲသို့ တည့်တည့်ကြီး ခုန်ချလိုက်တော့သည်။


'ဗွမ်း' ဆိုသော အသံတစ်ခုကြားလိုက်ရသည်. ကုဇောင်က ချက်ချင်းပင်နောက်ပြန်လှည့်လိုက်တော့ တုဟောင်ကို ရှာမတွေ့တော့ပေ. သူ နေရာမှာတင်အေးခဲသွားတော့သည်။


ပြီးနောက်တွင် သူကသံကျယ်လောင်စွာဖြင့် စူးစူးဝါးဝါးအော်ဟစ်လိုက်တော့သည်. –


" မင်းတို့တွေအားလုံး ဘာရပ်လုပ်နေကြတာလဲ။ ငါတို့အရှင့်သားကို ကယ်ဖို့ တစ်ယောက်ယောက်ကို မြန်မြန်ရှာကြစမ်း! ငါတို့အရှင့်သားက ရေမကူးနိုင်ဘူး!"


အမှန်တကယ်ကတော့ လင်ရှန်းက ရေကူးတတ်ပါတယ်. သို့သော်လည်း သူမကြာကန်ထဲကို ပြုတ်ကျသွားတုန်းက ယန်ယုအာက ရှုးသွတ်သွားပြီးတော့ သူမအဝတ်အစားတွေကို ကြောက်လန့်တကြား လှမ်းပြီးတော့ အတင်းဖိဆွဲထားခဲ့သည်. ဒါ့ကြောင့် သူမက ကမ်းစပ်ကို ရေကူးသွားလို့မရတော့ချေ. သူမကပါ အတူရေနစ်သွားတော့သည်။


ထိုအချိန်အခိုက်တွင်မှ တုဟောင်က ခုန်ချလာခဲ့သည်။


ကြာကန်ထဲသို့ တုဟောင်ခုန်ချလာသည့်အခိုက်တွင် ယန်ယုအာက စိတ်လှုပ်ရှားလွန်သွားပြီးတော့ လင်ရှန်းလက်ကိုလွှတ်ချလိုက်ကာ တုဟောင်ဆီသို့ မျောပါသွားလိုက်တော့သည်။


ယန်ယုအာက သူမကို လွှတ်လိုက်တော့မှပဲ လင်ရှန်းလည်း ပေါ့ပါးသွားရတော့သည်. သူမက ရေနှစ်ငုံသုံးငုံလောက် မြိုချမိလိုက်ပြီး အနည်းငယ်မူးဝေသွားသော်လည်းပဲ သူမလက်တွေ ခြေထောက်တွေက လှုပ်ရှားနိုင်ဆဲပင်ဖြစ်သည်. ထို့ကြောင့် သူမက သူမရဲ့အလိုလိုရေကူးတတ်မှုကို အသုံးချကာ ကမ်းစပ်သို့ကူးသွားတော့သည်။


ဒါပေမယ့်လဲ ဒီအချိန်အခိုက်တွင် ကမ်းစပ်မှ စူးစူးဝါးဝါးအော်ဟစ်နေလိုက်သံကို ကြားလိုက်ရသည်. " တစ်ယောက်ယောက်မြန်မြန်ရှာကြစမ်း! အိမ်ရှေ့စံမင်းသား ကြာကန်ထဲကို ပြုတ်ကျသွားတယ်! ငါတို့ သူ့ကိုကယ်ဖို့ တစ်ယောက်ယောက်လိုတယ်.....!!!"


'အိမ်ရှေ့စံမင်းသားက ငါတို့နဲ့ ဘာလို့လာဆုံနေတာလဲ။ ‌သူက တစ်ခုခုကြောင့်လား ဒါမှမဟုတ် အပျော်သဘောနဲ့ လာပူးပေါင်းချင်နေတာလား။ လင်ရှန်းက ဘာတွေဖြစ်နေလဲဆိုတာကို အလုံးစုံနားလည်နိုင်သည့်မတိုင်မီတွင် တစ်စုံတစ်ယောက်က အားကောင်းသောသူ့လက်မောင်းတွေဖြင့် သူမလက်ကောက်ဝတ်တစ်ဝိုက်တွင် လာပြီးထွေးပတ်လိုက်သည်. လင်ရှန်းလှည့်ကြည့်လိုက်သည့်အခါတွင် တုဟောင်ဆိုတာ သဘောပေါက်လိုက်သည်။


တုဟောင်ရဲ့နှုတ်ခမ်းသားတွေက တင်းတင်းကျပ်ကျပ်ပိတ်နေပြီးတော့ သူ့မျက်နှာကလဲ လူသေကောင်လိုဖြူရော့လို့နေသည်. သူက သူမကို ရေပေါ်သို့တွန်းထုတ်ရန်ကြိုးပမ်းလိုက်ပေမယ့်လဲ သူကိုယ်တိုင်ကိုက တစ်ဖြည်းဖြည်းနှင့် ရေအောက်ထဲသို့ နိမ့်သထက် နိမ့်ဆင်းကာ နစ်မြုတ်နေသည်။


လင်ရှန်းက တစ်ခုခုမှားနေပြီဆိုတာသိလိုက်ပြီး လျင်မြန်စွာဖြင့် တုဟောင်ကို ဆွဲယူလိုက်သည်. ကံကောင်းတာက သူက ယန်ယုအာလောက်တော့ ခဲရာခဲဆစ်မဟုတ်ခဲ့ပေါ. သို့သော်လည်း သူမကိုယ်တိုင်က အားနည်းနေခဲ့တာဖြစ်ပြန်တော့ သူမမှာ နောက်ထပ်ကြာကြာတောင့်ခံမထားနိုင်တော့ပေ။


သူမမှာ အားအင်တွေ လုံးဝမရှိတော့သည့်အချိန်တွင်မှ ကုဇောင်က ကမ်းစပ်မှ ဝါးတိုင်တစ်ချောင်းကိုရှာတွေ့လိုက်ခဲ့သည်။


"ကြင်ယာတော်မင်းသား.. ကျေးဇူးပြုပြီးတော့ ဝါးတိုင်ကို ဆွဲကိုင်လိုက်ပါ! ကုဇောင်က ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။


လင်ရှန်းက သူမလက်ကို ဝါးတိုင်ကို


ဆွဲရန်ဆန့်ထုတ်လိုက်သည်. သူတို့နှစ်ယောက်သား ဖြည်းညင်းစွာဖြင့် ကမ်းစပ်သို့ရောက်ရှိလာတော့သည်. အခုတော့ လင်ရှန်းက လုံးဝကို အားအင်မကျန်ရှိတော့ပါဘူး. သူမကို ကုဇောင် က ဆွဲယူလိုက်ပြီးတော့ သူ့ရဲ့အနောက်တွင် တော်ဝင်ကိုယ်ရံတော်တွေကရှိနေခဲ့သည်. သူမပါးစပ်ထဲကရေတွေကို ထွေးထုတ်လိုက်ပြီးနောက်တွင် သူမ အသက်ဝဝရှုရှိုက်လိုက်ကာ မြေကြီးပေါ်သို့ ကြည့်ရှုလိုက်သည်။


သူမက လေတွေကို ပြင်းစွာရှူရှိုက်ထုတ်လိုက်ပြီးတော့ ငွေအိတ်နှစ်လုံးအတွက်ကိုလဲ စိတ်လှုပ်ရှားနေရသည်. သူမက အားပါးတရပြုံးလိုက်တော့သည်. 'တော်ပါသေးရဲ့! တော်ပါသေးရဲ့! သူတို့တွေ ဒီနေရာမှာရှိနေတုန်းပဲ!'


သူမက တိတ်တဆိတ်အောင်ပွဲခံနေစဉ်တွင်တော့ ကုဇောင်ရဲ့စိုးရိမ်တကြီးအသံကိုကြားလိုက်ရသည်. "မြန်မြန်! တော်ဝင်သမားတော်ကို ရှာစမ်း! မြန်မြန်သွား!"


လင်ရှန်းက ထထိုင်လိုက်တော့ တုဟောင်က သတိလစ်မေ့မြောတုန်းဆိုတာ သဘောပေါက်လိုက်သည်. ကုဇောင်က သူ့ကို ကောက်ပွေ့ရန်လုပ်လိုက်သည်။


လင်ရှန်းက အလောတကြီးပင် ကုဇောင်ကို ဟန့်တားလိုက်သည်. 'ရေတွေက သူဗိုက်ထဲမှာ ရှိနေချိန်မှာ ရှင် သူ့ကို 'မ' လို့မရဘူးလေ! လုပ်စမ်းပါ! ရှင့် ဦးနှောက်လေးဘာလေး သုံးစမ်းပါဦးလား'


ကုဇောင်က လင်ရှန်း၏ လက်ဟန်ခြေဟန်အမူအရာအောက်တွင် ဘာမှ မသိနားမလည်ဖြစ်လို့နေသည်. ဘာကြောင့်လဲဆိုတော့ သူ့မှ ရေကူးတာနဲ့ပတ်သတ်လို့ ဘာစွမ်းရည် ဘာဗဟုသုတမှ ရှိမနေခဲ့တာပဲဖြစ်သည်။


ကုဇောင်ဘာမျှမသိတဲ့ပုံရတော့ လင်ရှန်းက သူမဝတ်ရုံကို မလိုက်ပြီးတော့ တုဟောင်ရဲ့ရင်ဘတ်ကို သူမလက်နှစ်ဖက်ဖြင့် စတင်၍ ဖိပေးနေလိုက်တော့သည်. တစ်ကြိမ်..နှစ်ကြိမ်..သုံးကြိမ်.....တုဟောင်ရဲ့အသက်ရှူသံက ဘာမှထူးခြားမှုမရှိသေးပေ။


'ရှင် ကျွန်မကို လာနောက်နေတာလား။ ငါ သူ့ကို အသက်ရှုကုနည်း(mouth to mouthကိုပြောချင်တာပါရှင်) လုပ်ပေးသင့်လား။ လင်ရှန်း မျက်မှောင်ကြုတ်သွားတော့သည်. တုဟောင်၏မျက်နှာက ဘာအရောင်မှလဲ ရှိမနေသေးပေ. Uggghhhh. သူမသွားတွေကို တင်းတင်းစေ့လိုက်ကာ လေမှုတ်သွင်းရန်လုပ်လိုက်သည်. သို့သော်လည်း သူမနှုတ်ခမ်းတွေက တုဟောင်ရဲ့နှုတ်ခမ်းကို ထိတွေ့ရန်လုပ်လိုက်ချိန်တွင် ရုတ်တရက် လိန်ဖန်က သူမစိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်. သူကလျင်မြန်စွာပျောက်ကွယ်သွားပေမယ့်လည်း လင်ရှန်းကို ရပ်တန့်သွားအောင်လုပ်လိုက်ဖို့ လုံလောက်နေသည်။


နှစ်စက္ကန့်လောက်အကြာတွင် လင်ရှန်းက တဖြောင့်တည်းရပ်လိုက်ပြီးတော့ ကြမ်းတမ်းစွာဖြင့် တုဟောင်ဝမ်းဗိုက်ကို လက်သီးဖြင့်ထိုးချလိုက်တော့သည်။


'သောက်ကောင်စုတ်! သတိရတော့!'


*********


End.....