အပိုင်း(၅၄)
ညည်းထွား ညည်းညူလိုက်တဲ့အသံတစ်ခုက ထွက်ရှိလာခဲ့သည်. ဘေးတစ်ဖက်မှာရှိနေတဲ့
ကုဇောင်က စိုးရိမ်တကြီးဖြင့်တုန်လှုပ်လို့သွားခဲ့သည်. သူက လင်ရှန်းကို ဟန့်တားလိုက်ချင်နေခဲ့သည်. ဒါပေမယ့် ရုတ်တရက် တုဟောင်ထံကနေပြီး တုံ့ပြန်မှုလေးတစ်ခုရှိလာခဲ့သည်။
တုဟောင်က သူ့အာခံတွင်းထဲမှ ပါးစပ်အပြည့်ရေတွေကိုထွေးထုတ်လိုက်ခဲ့သည်. သူ့အသက်ရှူသံတွေက ပုံမှန်လိုပြန်ဖြစ်လာခဲ့သည်. သူ့မျက်တောင်တွေကလဲ တဖျပ်ဖျပ်နဲ့စတင်ပြီးတော့ လှုပ်ရွလာခဲ့သည်။
"သူ သတိရလာပြီ! အိမ်ရှေ့စံမင်းသား ကောင်းသွားပြီဟေ့!" ဘေးကနေ ရပ်ကြည့်နေကြတဲ့ လူတိုင်းလဲ စိတ်သက်သာရာရသွားတော့သည်. လူများစွာက လင်ရှန်းဘေးကနေပြီးတော့ ချီးမွမ်းထောပနာ အလုအယက်ပြုနေကြတော့သည်။
"ကြင်ယာတော်မင်းသားကတော့ အိမ်ရှေ့စံမင်းသားကို ထပ်ပြီးတော့ကယ်လိုက်ပြန်ပြီ!
"ကြင်ယာတော်မင်းသားက တကယ့်ကို အံမခန်းပဲ!"
"ကြင်ယာတော်မင်းသားက သူရဲကောင်းလေးတစ်ယောက်ပဲဟေ့!"
သို့သော်လည်း အားလုံးထဲကမှ လူတစ်ယောက်က ရုတ်တရက် သတိရသွားပြီးတော့ အော်ဟစ်လိုက်တော့သည်.- "အိုး..မဟုတ်သေးဘူး! မိန်းမလှလေးယန်က ရေထဲမှာပဲ ရှိသေးတယ်ဟ!"
လူတိုင်းလူတိုင်းက တကယ်ကိုပင် လူတစ်ယောက်ပျောက်ဆုံးလျက်ရှိနေသေးတယ်ဆိုတာ မေ့လျော့နေခဲ့ကြတာပဲဖြစ်သည်. သူတို့ကြာကန်ထဲကို သွားရောက်ကြည့်ရှုလိုက်တဲ့အခါတွင်တော့ ယန်ယုအာကို ရေကန်စပ်နဖူးပေါ်တွင်တွေ့လိုက်ရသည်. သူမဆံနွယ်တွေက ရှုပ်ရှုပ်ထွေးထွေးဖြစ်လို့နေပြီးတော့ သူမက ရေတွေစိုရွှဲလို့နေကာ တစ်ဦးတည်းရှိနေကာ ထင်းထွက်လို့နေခဲ့သည် လေပြေကဝေ့ခနဲ့တိုက်ခတ်လိုက်တော့ နွမ်းခြောက်နေတဲ့ ကြာရွက်နှစ်ရွက်က လေထဲတွင် ပတ်လည်ဝဲပျံနေခဲ့သည်. မြင်ကွင်းက ဝမ်းနည်းပူဆွေးစေကာ ကြေကွဲပဲ့ကြွေနေသောခံစားချက်တစ်ခုကို ပေးစွမ်းနေသည်။
'ဖူး..ဟူး.. သေ ာက် အလှလေးတဲ့လား! သူမကိုကြည့်ရတာ သနားဖို့ကောင်းလောက်အောင်ကို ဆိုးဆိုးရွားရွားပဲ!'
တစ်ယောက်ယောက်က သူမကိုနှစ်သက်ပြီးတော့ အိမ်ရှေ့မိဘုရားအနေနဲ့တော်ကောက်စေဖို့ ဘယ်လိုလုပ်ပြီး ဖြစ်စေနိုင်မှာတဲ့လဲ။
ယန်ယုအာရဲ့ မြူဆွယ်ဖျားယောင်းနိုင်တဲ့မြေခွေးမပုံရိပ်က ကမ်းကုန်လောက်အောင်ပင် ပျက်ကိန်းဆိုက်လို့နေသည်။
°°°°°°°°°
တစ်ခဏချင်းပင် လင်ရှန်းက အိမ်ရှေ့စံမင်းသားအား ကယ်ဆယ်လိုက်တဲ့သတင်းတွေက နန်းတော်တစ်ခုလုံးသို့ ပြန့်နှံ့လို့သွားတော့သည်. နန်းတွင်းသူအားလုံးကလဲ စိတ်လိုလက်ရပင် သူမအဝတ်အစားတွေကို ကူညီလျှော်ဖွတ်ပေးနေကြပြီး မြောက်များစွာသောလူတွေကလည်း ပြတင်းပေါက်တစ်ဘက်ခြမ်းဘက်မှ သူတို့၏သူရဲကောင်းအကြောင်းကို စိတ်ကူးယဉ်အိမ်မက်တွေမက်နေကြတော့သည်. ဘာအမူအရာမျှစိုးစဉ်းမရှိသော တော်ဝင်ကိုယ်ရံတော်နှစ်ယောက်ကတောင်မှပင် လင်ရှန်းအား ရိုသေလေးစားစွာဖြင့်ပင် အရိုသေပြုနှုတ်ဆက်နေကြသည်။
အချိန်တိုလေးအတွင်းပင် လင်ရှန်းတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အရမ်းသန်မာသွားသလို ခံစားလိုက်ရသည်။
သို့သော်လည်း လင်ရှန်းက ရိုးသားစွာနဲ့ပင် ချီးမွမ်းဌောပနာပြုမှုများကို ဂရုမစိုက်နိုင်တော့ချေ. သူမရဲ့ဝတ်စုံအသစ်ကိုလဲလှယ်ပြီးခိုက်တွင် သူမက အခန်းထဲမှာနေရန် အကြောင်းတစ်ခုရှာတွေ့သွားတော့သည်. အဲဒါကြောင့် ယန်ယုအာ လက်သိပ်ထိုးပေးထားသောငွေအိတ်တွေကို ကြည့်လို့ရသွားတာပဲဖြစ်သည်။
'အိုးမို့ အို့မို့! မြေခွေးမက ရက်ရက်ရောရောရှိတယ်ဆိုတာ ငါသိသားပဲ ဒါပေမယ့် သူက ငါမထင်ထားလောက်အောင်ကို ဒီလိုမျိုးသဘောထားကြီးရက်ရောလွန်းနေတာပဲကိုး!' ငွေအိတ်နှစ်အိတ်လုံးက ရွှေချောင်းတွေ အပြည့်ပဲ! စုစုပေါင်းအိတ်ထဲမှာ ဆယ်ချောင်းတောင်ရှိနေသည်. အဲဒီပမာဏက နန်းမြို့တော်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်ပျိုးထောင်ဖို့နှင့် နှစ်ဧကလောက်ကျယ်ပြောတဲ့အိမ်တော်တစ်လုံးကိုတောင် ဝယ်ယူဖို့ရာ လုံလောက်နေတာပဲဖြစ်သည်။
လင်ရှန်းက သူမကိုယ်သူမ လေပေါ်မျောလွင့်ပါသွားသလို ခံစားနေရသည်. ရုတ်တရက်ကြီး အိမ်ရှေ့စံမင်းသားစံအိမ်တော်တွင် သောင်တင်နေတာက သိပ်ပြီးမဆိုးဝါးလောက်ပါဘူးလို့တောင် ထင်မြင်ယူဆ သွားမိတော့လေသည်။
လင်ရှန်းက ရွှေချောင်းဆယ်ချောင်းကို အပြန်ပြန်အခါခါရေတွက်နေပြီးတော့ သူမက အိမ်သစ်ကြီးတစ်လုံးဝယ်ယူလိုက်၍ စည်းစိမ်အပြည့်ဖြင့် ဆွဲဆောင်မှုရှိသော ကောင်လေးတစ်ယောက်နှင့်အတူတူ နေထိုင်နေတာကို စိတ်ကူးယဉ်နေတော့သည်။
သူမ စိတ်ကူးယဉ်နေဆဲအချိန်တွင် ကုဇောင်၏အသံက တံခါးပေါက်ဝမှထွက်ပေါ်လာခဲ့သည်. –
"ကြင်ယာတော်မင်းသားခင်ဗျား ကျွန်တော်မျိုးတို့အရှင့်သားက ကြင်ယာတော်မင်းသားနဲ့ ထမင်းအတူတူစားပြီးတည်ခင်းစေချင်နေပါတယ်"
လင်ရှန်းက အလျင်အမြန်ပင်ရွှေချောင်းတွေကိုဖွက်လိုက်ပြီးတော့ တံခါးကိုသွားဖွင့်လိုက်သည်။
နေလုံးကြီးက လျိုဝင်ခဲ့ပြီးသွားခဲ့ပါပြီ. ကုဇောင်က ဝင်ပေါက်အဝတွင်ရပ်လျက်ရှိနေပြီး ထင်ပေါ်ကျော်ကြားနေသောလင်ရှန်းကို လေးစားစွာကြည့်ရှုနေခဲ့သည်။
'အိမ်ရှေ့စံမင်းသား ကောင်းသွားပြီလား' လင်ရှန်းက သူမ၏မေးခွန်းထုတ်လိုနေသော အကြည့်ကိုသုံး၍ မေးလိုက်သည်။
ကုဇောင်က နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်.-
"စိုးရိမ်ဖို့ မလိုတော့ပါဘူး... ကြင်ယာတော်မင်းသား၊ တော်ဝင်သမားတော်က ကျွန်တော်တို့အရှင့်သားကို လာကြည့်ပေးပြီးသွားပါပြီ၊ သူ ဘာမှမဖြစ်တော့ပါဘူးခင်ဗျား"
'အရေးကြီးတာက သူကောင်းသွားတာကမှ ပိုပြီးတော့ စိတ်ပူစရာတွေဖြစ်နေတာဟေ့ ဟုတ်ပြီလား?' လင်ရှန်းက စိတ်ထဲကနေပြီးတော့ ကြောက်ရွံ့တွန့်ဆုတ်စွာတွေးနေသည်။
လင်ရှန်းက ကုဇောင်နောက်ကနေ လျို့ဝှက်အဆောက်အဦးဆီသို့ တိတ်ဆိတ်စွာဖြင့် လိုက်ပါလို့ခဲ့သည်. သူတို့ရောက်ရှိသွားတော့ အစေခံအိုကြီးနှစ်ယောက်က စောင့်ဆိုင်းနေကြသည်. ကုဇောင်က နောက်ပြန်လှည့်ပြီးတော့ ရိုရိုသေသေဖြင့် ပြောလိုက်သည်. – "ကျွန်တော်တို့ အရှင့်သားက ကြင်ယာတော်မင်းသားကို အပေါ်ထပ်မှာ စောင့်နေပါတယ်၊ ကျေးဇူးပြုပြီးတော့ တက်သွားလိုက်ပါ. ကြင်ယာတော်မင်းသား"
လင်ရှန်းလဲ သူမမှာ အခြားရွေးချယ်စရာမရှိတော့ကတည်းက သူမလည်း အစေခံအိုကြီး နှစ်ယောက်နောက်မှ လိုက်သွားရတော့သည်. သူတို့ေတွက တတိယအထပ်သို့ တက်သွားကြသည်. အစေခံအိုကြီးနှစ်ယောက်က တံခါးကိုတွန်းဖွင့်လိုက်ပြီးတော့ သူမကို အထဲဝင်သွားလိုက်ရန် လက်ဟန်ခြေဟန်ဖြင့် အမူအရာပြလိုက်သည်။
လင်ရှန်းက သတိအပြည့်ဖြင့် ခြေလှမ်းတိုင်းကို တစ်လှမ်းချင်းစီ လျှောက်သွားခဲ့သည်. သူမ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါတွင် သူမရဲ့အနောက်ရှိတံခါးပေါက်က ပြန်ပိတ်လို့သွားခဲ့ပါတယ်. သူမဟာ တကယ့်လောကကြီးကနေ သီးခြားပိုင်းခြားထားခြင်းခံလိုက်ရသလိုပင် သူမ ခံစားလိုက်ရသည်. သည်နေရာက အတော်လေးပင် တိတ်ဆိတ်ငြိမ်သက်နေပြီး အခန်းထဲတွင် သစ်ခွရနံ့တစ်မျိုးက သင်းပျံ့လို့နေသည်။
'ဟမ်? ဒီနေရာမှာ ဘယ်လိုဖြစ်ပြီးတော့ လူတစ်ယောက်မှ မရှိတာလဲ'
လင်ရှန်းက စိတ်ရှုပ်သွားတော့သည်. သူမက နေရာပတ်ပတ်လည် ခြေလှမ်းတော်တော်များများ သွားကြည့်လိုက်ခဲ့ပေမယ့်လည်း မကြာခင်မှာပဲ ဝင်ပေါက်တွေတစ်ခုပြီးတစ်ခု၏နောက်တွင်သာ အဆုံးသတ်သွားတော့သည်. သူမက အခန်းပတ်လည်ကို လျှောက်ကြည့်မိလိုက်တော့ စားသောက်ဖွယ်ရာတွေကြီး ပြည့်နှက်နေသော စားပွဲဝိုင်းတစ်ခုကို သတိထားမိသွားတော့သည်။
ရတနာရှစ်သွယ်ထမင်းဖြူ၊ စကားပန်းဆနွင်းမကင်း၊ အချိုရည်နှပ်မုန့်လုံးရေပေါ် ၊ ဆေးမြစ်စုံဂျင်ဆင်းကြက်ပေါင်း.....များစွာသော အချိုတည်းစရာမုန့်တွေနဲ့ အသားဟင်းလျာတွေပါလား!! လင်ရှန်းမျက်လုံးလေးတွေက ဝင်းလက်လို့လာသည်. သူမ စားချင်စိတ်ကြောင့် သားရေတွေ တောက်တောက်စီးကျနေတော့သည်။
သူမ စားချင်စိတ်ကြောင့် သားရေတွေ တောက်တောက်စီးကျနေတော့သည်။
အစားအသောက်တွေကိုမြင်လိုက်မှ လင်ရှန်းတစ်ယောက် သူမ နေ့လယ်စာပင် မစားရသေးတာကို ပြန်စဉ်းစားလိုက်မိသွာတော့ သူမဗိုက်ထဲမှ စတင်ပြီးတော့ အသံစုံမြည်လာတော့သည်။
'တုဟောင်က ဒီလိုငတုံးတစ်ယောက်လား! သူက ငါ့ကို ထမင်းလာစားဖို့လဲ ပြောသေးတယ်. သူက ဒီကို ခုထိလဲ ရောက်မလာသေးဘူး. သူက ငါ့ကိုဒီဟင်းပွဲတွေကို ထိုင်ကြည့်ခိုင်းပြီးတော့ စိတ်ဒုက္ခပေးချင်နေတာတာများလား'
လင်ရှန်းက အနည်းငယ်လောက်တောင် ချီတုံချီချဖြစ်လို့သွားသည်. သို့သော် တအောင့်ကြာစောင့်ပြီးနောက်တောင် တုဟောင်က ရောက်မလာခဲ့ပေ. သူမက သူမရှေ့မှာရှိနေတဲ့ ဖျားယောင်းစရာတွေကို မတွန်းလှန်နိုင်တော့ပါဘူး. သူမ ရဲဝံ့စွာဖြင့် ရှေ့ကို ခြေလှမ်းအနည်းငယ်လောက် တိုးသွားလိုက်သည်. သူခိုးလေးတစ်ကောင်လိုပဲ သူမက လက်ဆန့်ထုတ်ပြီးတော့ သူမနဲ့အနီးဆုံးမှာရှိတဲ့ သစ်ကြားသီးဆနွင်းမကင်းမုန့်ကို လှမ်းယူလိုက်သည်။
သူခိုးလေးတစ်ကောင်လိုပဲ သူမက လက်ဆန့်ထုတ်ပြီးတော့ သူမနဲ့အနီးဆုံးမှာရှိတဲ့ သစ်ကြားသီးဆနွင်းမကင်းမုန့်ကို လှမ်းယူလိုက်သည်။
မုန့်က အနံအရသာနှင့်ပြည့်စုံပြီးတော့ စားရတာ နူးညံ့အိစက်လို့နေသည်. လင်ရှန်းက မနေနိုင်တော့ဘဲ တိတ်တဆိတ်ပင် ချီးမွမ်းမိလိုက်တော့တယ်. 'အရသာရှိလိုက်တာ!'
လင်ရှန်းက သွက်လက်စွာနဲ့ပင် ကျန်နေတဲ့သစ်ကြားသီးမုန့်တွေကို လှမ်းယူလိုက်တော့သည်. တုဟောင်အခုထိတောင် ရောက်မလာသေးတာကို တွေ့လိုက်တော့ သူမက ထောပတ်ကွတ်ကီးပလာတာကို ဦးတည်ဖို့ ဆုံးဖြတ်လိုက်သည်. သူမ တစ်ကိုက် ကိုက်ချလိုက်သည်. ကွတ်ကီးက ချိုမြနေပေမယ့် ဆီလုံးဝမပါဘဲနဲ့ ကြွပ်ကြွပ်ရွရွလေးဖြစ်လို့နေသည်. 'အရမ်းကောင်းလိုက်တာပဲ!!'
'အရမ်းကောင်းလိုက်တာပဲ!!'
လင်ရှန်းက သူမဘာသူမ ပျော်ပျော်ပါးပါးဖြင့်ပင် စားသောက်နေတော့ သူမနောက်တွင် လူတစ်ယောက်လုံးလာရပ်နေတာကို မသိလိုက်တော့ပေ. သူ့ပါးစပ်က ကွေးညွှတ်သွားပြီးတော့ အပြုံးတစ်ပွင့်ဖြစ်လို့သွားကာ လင်ရှန်းတစ်ယောက် အနည်းငယ်လေးတောင်စိုးထိတ်မပူပန်မှုမရှိဘဲ စားနေတာကို ကြည့်ရှုလို့နေခဲ့သည်။
လင်ရှန်း သူမထောပတ်ကွတ်ကီးကို ပါးစပ်ထဲကိုတစ်ဝက်လောက်ရောက်နေသည့်အခိုက်တွင် သူမနောက်တွင်ရှိနေသောလူက ပြောလိုက်သည်.-" အဲဒါက တော်တော်အရသာရှိတယ်လား"
ထိုစကားလုံးတစ်ခွန်းနဲ့တင် သူမကို အလန့်တကြားဖြစ်လို့သွားပြီးတော့ သူမပါးစပ်ထဲတွင်ရှိတဲ့အရာကို အလျင်စလို မြိုချလိုက်မိသွားတော့သည်. သူမ ပလုတ်ပလောင်းဖြစ်သွား၍ သီးလုနီးပါးဖြစ်သွားတော့လေသည်။
*အဟွတ် အဟွတ်* ချောင်းတစ်လုတ်ပြင်းပြင်းထန်ထန်ဆိုးလိုက်ပြီးနောက် လင်ရှန်းက နောက်ပြန်လှည့်ကြည့်လိုက်ပြီးတော့ တုဟောင်အား စူးစူးရဲရဲဖြင့် ပြန်စိုက်ကြည့်လိုက်တော့သည်.
တုဟောင်က အစိမ်းရင့်ရင့်ရောင်ရှိတဲ့ဝတ်ရုံကို ပြောင်းလဲလို့ဝတ်ဆင်ထားသည်ကို တွေ့ရသည်. သူ့ရဲ့အသားအရောင်ကတော့ သူရေထဲပြုတ်ကျနေတုန်းကနဲ့ တစ်ခြားစီဖြစ်လို့နေသည်။
'အိုးဟိုး..သူက တကယ့်ကိုပဲ အိမ်ရှေ့စံမင်းသားမှ အိမ်ရှေ့စံမင်းသားပဲ' သူ့ရဲ့ကုသနိုင်တဲ့စွမ်းရည်က ပုံမှန်လူတစ်ယောက်ထက်တောင်မှ ပိုသန်မာနေတာပဲကိုး.' လင်ရှန်း သူမဘာသူမတစ်ဦးတည်း တွေးတောမိလိုက်သည်။
တုဟောင်က သူ့ပါးစပ်ကို ဖွင့်ဟလိုက်ကာ.- "မင်း ဘာလို့မစားသေးတာလဲ"
'ရှင့် ညီမကြီးပဲ စားလိုက်ပါလား! ကျွန်မ မှာဖြင့် ရှင့်ကြောင့် လန့်လွန်းလို့ သေသွားတော့မလိုဖြစ်သွားတာကို!'
လင်ရှန်းက တုဟောင်ကို စိတ်ဆိုးဒေါသထွက်စွာဖြင့် လက်ညိုးထိုးလိုက်ကာ တုဟောင်အား သတိပေးလိုက်သော အကြည့်တစ်ချက်ဖြင့် စူးစူးစိုက်ကြည့်ပေးလိုက်သည်။
ဒီအပြုအမူက တုဟောင်ကို စိတ်အနှောက်အယှက်လေးတောင် ဖြစ်မသွားခဲ့ပေ. အဲဒီအစား သူက သူမဘေးနားက ထိုင်ခုံကိုဆွဲယူပေးလိုက်၍ ပြောလိုက်သည်.-
" လာလေ၊ ထိုင်ပြီးတော့ ဖြည်းဖြည်းချင်းလာစားလှည့်"
ဒီအခိုက်တွင်တော့ လင်ရှန်းစိတ်ထဲတွင် 'လျို့ဝှက်ကြံစည်မှု' ဆိုသောစကားလုံးတွေက လျှပ်တစ်ပျက်ဝင်ရောက်လို့လာတော့သည်!
လင်ရှန်းက အခုဆိုရင် တုဟောင်အကြောင်းကို အတော်လေးပင် သိလို့နေသည်. 'သူမကို အစားအသောက်တစ်ပွဲ နဲ့ ဧည့်ခံနေတာလား? သူမဖို့ ထိုင်ခုံတစ်လုံးတောင် ဆွဲထုတ်ပေးတာလား။ သူ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်နေတာတဲ့လား။ ရှင်က ကျွန်မကို လာနောက်နေတာပဲ။'
သူမက အလွန်အမင်း အယုံကြည်ကင်းမဲ့နေသောစိတ်ဖြင့် ထိုင်ချလိုက်သည်. သူမထိုင်လိုက်ပြီးတဲ့အခါတွင် တုဟောင်က သူမဘေးနားတွင် ဝင်ကပ်ထိုင်လိုက်သည်. သူတို့ က အလွန်ပူးကပ်လွန်းစွာဖြင့် အတူတွဲလျက်ရှိနေကြသည်။
'ဒီမှာ... ဒီလောက်တောင်မှ နေရာလွတ်တွေ အများကြီးရှိတယ်လေ! ဝေးဝေးမှာသွားထိုင်ပါတော့လား! လင်ရှန်းက အသံမထွက်ဘဲနဲ့ ဒေါသအခိုးငွေ့တွေကျွမ်းလောင်နေသည်. သူမက သူမဘယ်ဘက်ခြမ်းကို တင်ပါးတွေကို ရွေ့ထိုင်လိုက်သည်. အချိန်အကြာကြီးကြာသည့်တိုင်အောင် သူမက စားပွဲပေါ်မှ သူမရဲ့တူကို အပေါ်ကို မကြွရသေးပေ။
တုဟောင်က သူမကို အတင်းဖိအားမပေးခဲ့ပေ. အဲဒီအစား သူက သူ့ရဲ့တူကိုပဲ ကောက်ယူလိုက်ပြီးတော့ သူ့ဘာသာသူပင် စတင်ကာစားသောက်နေတော့သည်. ဟင်းပွဲတွေက သေချောပေါက်ပင်အကောင်းဆုံးသော ဟင်းလျာတွေကြီးဖြစ်သည်. တော်ဝင်စားဖိုဆောင်ထက်ပင် ပိုပြီးတော့ ကောင်းမွန်နေခဲ့သည်. လင်ရှန်း သူမစိတ်ကနေ အလိုလိုပြောလို့ရနေသည်လေ. တုဟောင် သူ့ဘာသာတစ်ယောက်တည်း ပျော်ပျော်ရွှင်ရွှင်စားသောက်နေတာကို သူမမှာ သူမကိုယ်တိုင်ပဲ ဒေါသတွေချုပ်တည်းထားဖို့သာတတ်နိုင်သည်။
'အင်းလေ...ဒီတော့ သူ့မှာ အကြံအစည်ရှိနေတော့ရော ဘာဖြစ်မှာလဲ။ ငါ ကလဲ အချိန်မီပြန်တိုက်နိုင်ဖို့ပဲလိုတာပဲလေ! ဒီလိုမျိုးတွေးတောပြီးတော့ လင်ရှန်းက သူမတူကိုယူလိုက်ကာ စတင်စားနေလိုက်တော့သည်။
လင်ရှန်း စတင်စားနေသည့်အခိုက်တွင် တုဟောင်ကစားနေတာကို ရပ်တန့်လိုက်သည်. သူက သူဘာသာသူ ဝိုင်ခွက်ထဲသို့ ဝိုင်လောင်းထည့်လိုက်ပြီး သူမကိုတိတ်ဆိတ်စွာဖြင့်ပင် လေ့လာစောင့်ကြည့်လို့နေခဲ့သည်. သူက ဘာမှမဖြစ်သွားခဲ့သော်လဲ သူ့မှာလဲ ရေနစ်သေလုနီးပါးဖြစ်ခဲ့သည်. သူ့စိတ်ထဲတွင် အလွန်အမင်းပင်ပန်းနွမ်းနယ်လို့နေပြီးတော့ သူ့မျက်လုံးတွေကိုကြည့်ရတာ သူ့ရဲ့ပုံမှန်အတိုင်းရှိနေတဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေကနေ အလှမ်းဝေးလို့နေသည်။
ဒီအချိန်ခိုက်တွင် လင်ရှန်းရဲ့စိတ်ခွန်အားတွေကတော့ များစွာပင်တရိပ်ရိပ် တိုးမြှင့်လို့နေတော့သည်။
'ကျွန်မ စားဖို့ ဆုံးဖြတ်ထားမှတော့ ရှင် ကျွန်မကို စောင့်ကြည့်နေတာတောင်မှ ကျွန်မက နည်းနည်းလေးမှတောင်မှ အရှုံးပေးမှာမဟုတ်ဘူး! ရှင်ပိုပြီးကြည့်လေလေ ကျွန်မ ပိုစားလေလေပဲ! ပြီးတော့လဲ ကျွန်မမှ ငွေရှင်းပေးဖို့မလိုတာပဲလေ!'
မိန်းကလေးတစ်ယောက်က ဒီလောက်တောင် အိနြေမဲ့စွာဖြင့် သရဲဘီလူးစီးသလိုစားသောက်နေတာကို တုဟောင် အခုမှပင် ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးတာတော့သေချာနေသည်. လောကကြီးတစ်ခုလုံးရပ်တန့်သွားသည့်တိုင်အောင် သူမကတော့ အရှုံးတစ်ခုမှ ပေးလိမ့်မည်တော့မထင်။ နန်းတော်ထဲက စည်းမျဉ်းစည်းကမ်းတွေက သူမအပေါ်ကို မသက်ရောက်နိုင်ခဲ့ပေ. သူမစားနေတဲ့ပုံစံက အမှန်ဆိုရင်တော့ မြင်မကောင်းရှုမကောင်းဖွယ်ရာပင်. ဒါပေမယ့်လည်း အရမ်းပဲ စိတ်ဝင်စားဖို့လည်း ကောင်းနေခဲ့သည်. သူမက ငါးပေါ်တွင် အာရုံစူးစိုက်နေတာက ကြောင်ပေါက်စနလေးတစ်ကောင်နဲ့တောင် နိုင်းယှဉ်လို့ရနေတာပဲ. အဲဒါကအတော်လေးပင် ချစ်စရာကောင်းနေခဲ့သည်။
အဲဒီပုံစံက ချစ်စရာကောင်းရုံနဲ့တင် မပြီးသေးပါဘူး. တုဟောင်က သူမအပေါ်တွင် စိတ်လှုပ်ရှားရင်ခုန်နေခဲ့သည်. သူမက သူ့ကို ကြောင်အသွားအောင်လုပ်နိုင်သည်. သူက သူမကို တမ်းတနေခဲ့ရသည်. သူက သူမကြောင့် စိတ်အနှောက်ယှက်ဖြစ်ခဲ့ရသည်. သူက သူမကြောင့်နဲ့ စိတ်ရှုပ်ထွေးခဲ့ရသည်. သူက သူမကို အဝေးကိုတွန်းထုတ်ချင်နေပေမယ့်လည်း တကယ်တမ်းကျတော့ ဝေးဝေးမှာ မနေနိုင်ခဲ့ပေ. တစ်ခါတစ်ရံတွင် သူမက သူ့စိတ်ဝိညာဉ်တွေလွင့်ပျံသွားအောင်ပင် ရယ်မောအောင်လုပ်ဆောင်နိုင်ခဲ့သည်. ဒါပေမယ့် တစ်ခါတလေကျတော့လဲ သူမက သူ့ကို ပြောစရာစကားမရှိအောင်ကိုပင် ဒေါသထွက်အောင်လုပ်ဆောင်နိုင်ခဲ့သည်. အဲဒါကတော့ သူမတစ်ယောက်တည်းအပေါ်တွင်သာ သူ့ခံစားချက်အားလုံးကို အသုံးပြုလိုက်သလိုပင် ဖြစ်သွားခဲ့သည်။
စိတ်ခံစားချက်သည် ဖော်ပြဖို့ရာ အရမ်းခက်ခဲလွန်းနေခဲ့သည်. သို့သော်ငြားလည်း သူ့ထံမှာ သေချာနေတဲ့အရာတစ်ခုတော့ ရှိနေခဲ့သည်. အဲဒါကတော့ အတိတ်တုန်းကပဲဖြစ်ဖြစ် အခုလက်ရှိပဲဖြစ်ဖြစ် သူက သူမကို အမှန်တကယ်ကို နှစ်သက်မြတ်နိုးနေမိခဲ့တာပဲဖြစ်လေသည်။
*******
End....