Chapter 55
Viewers 9k

အပိုင်း(၅၅)


တုဟောင်ရဲ့အကြည့်တွေပြောင်းလဲလာတာကို လင်ရှန်း သတိမပြုမိပေ. လက်ရှိလောလောဆယ်မှာတော့ သူမက သူမရှေ့​မှောက်မှာရှိနေသော အရသာရှိတဲ့အစားအသောက်တွေအပေါ်တွင် ဈာန်ဝင်စားစွာဖြင့် စားသောက်နေခဲ့ပါတယ်. သူမရဲ့နှုတ်ခမ်းသားပေါ်တွင် ကွတ်ကီးမှုန့်သေးသေးစလေးက ကပ်နေခဲ့ပြီး သူမက သူမလျှာကိုထုတ်ပြီးတော့ ကွတ်ကီးမှုန့်စလေးကို လျှာနဲ့သပ်လိုက်ခဲ့သည်. သူမက စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်ပြီးတော့ နောက်ထပ်မုန့်တစ်ပိုင်းကို လက်လှမ်းလိုက်သည်။


"ထပ်ရှိသေးတယ်" တုဟောင်က ရုတ်တရက် ကောက်ခါငင်ကာထပြောလိုက်သည်။


'ဟမ်' လင်ရှန်းက သူ့ကို အလွန်အံအားသင့်စွာဖြင့် ပြန်ကြည့်လိုက်ခဲ့သည်။


"ဒီနားမှာ" တုဟောင်က သူမပါးစပ်ထောင့်စွန်းကို ညွှန်ပြလိုက်သည်။


'အိုး..!' လင်ရှန်းက သူမလျှာကို နောက်ထပ်တစ်ခါထပ်ထုတ်လိုက်သည်. သူမက ဂျုံမှုန့်စလေးကို သူမလျှာဖြင့် ထပ်သပ်လိုက်ပြီးတော့ မုန့်ရဲ့အနံ့အရသာကို ခံစားနေလိုက်သည်. ထို့ကြောင့်ပင် သူမက နှစ်ခြိုက်စွာဖြင့် ဆက်လက်လျက်နေလိုက်တာကတော့......တုဟောင်၏လက်ချောင်းတွေက သူမပါးစပ်ထောင့်စွန်းနားကို ထိတွေ့လိုက်သည်အထိပင်ဖြစ်တော့သည်. သူက ကျန်နေတဲ့အစလေးကို ဖယ်ပေးချင်ခဲ့တာပဲဖြစ်သည်။


လင်ရှန်းတစ်ယောက် အလွန်အမင်းအံအားသင့်ကာ တုန်တက်သွားတော့သည်. သူမလျှာက ဂျုံမှုန့်အစား တုဟောင်၏လက်ချောင်းတွေကို လျက်လိုက်မိသားဖြင့်အဆုံးသတ်သွားတော့သည်။


တုဟောင်၏လက်ချောင်းတွေက သူမပါးစပ်ထဲထိတောင် ဝင်သွားခဲ့ပြီး သူ့မျက်လုံးတွေက နက်ရှိုင်းသထက်နက်ရှိုင်းလာခဲ့တော့သည်. သူ့နှလုံးအိမ်ထဲက တစ်စုံတစ်ခုက ပေါက်ထွက်သွားတော့မလိုပင် ခံစားသွားလိုက်ရသည်. သူ ဆိုတာက သူလိုချင်သည့်အရာမှန်သမျှကို ဘယ်နည်းနဲ့မဆို အမြဲတမ်းအရယူတတ်တဲ့လူစားမျိုးလည်းဖြစ်သည်. သူဟာ တစ်စက္ကန့်ရဲ့တစ်ဝက်လောက်သာလျင် စဉ်းစားခဲ့ပြီးနောက်တွင်တော့ သူ့ရဲ့လှုပ်ရှားမှုကို အကောင်ထည်ဖော်လိုက်တော့သည်။


လင်ရှန်းပါးစပ်ထဲက လက်ချောင်းတွေက သူမပါးမို့မို့သို့ လျှောဆင်းသွားပြီးတော့ သူမမေးစေ့ပေါ်ကိုရောက်သွားခဲ့သည်. သူက သူမမေးစေ့ကို ပင့်တင်လိုက်ပြီးတော့ နောက်ထပ်လက်တစ်ဖက်ဖြင့် သူမလည်တိုင်ကို ဆွဲယူလိုက်တော့သည်။


လင်ရှန်းက သန်မာတဲ့အားကြီးတစ်ခုဖြင့် ဟော်ကီဘောလုံးတစ်လုံးလို အရှေ့သို့ ဆွဲယူလိုက်သလို ခံစားလိုက်ရသည်. နောက်ထပ်ရွေ့လျားမှုကတော့ သူမနှုတ်ခမ်းသားတွေက တင်းတင်းကျပ်ကျပ်ဆီးပိတ်ထားခြင်းခံလိုက်ရတော့သည်။


တုဟောင်ရဲ့အနမ်းက လိန်ဖန်ရဲ့အနမ်းနဲ့နှိုင်းယှဉ်မယ်ဆိုရင် များစွာပိုပြီးတော့ အတွေ့အကြုံရင့်သန်နေခဲ့သည်. သူက သူမနှုတ်ခမ်းသားတွေကို ပျော့ပြောင်းညင်သာစွာဖြင့်စုပ်ယူလိုက်ပြီး သူ့လျှာကိုသုံးကာ နယ်မြေချဲ့ထွင်လို့နေသည်. သူ့လျှာထိပ်ဖျားက သူမရဲ့ပုလဲသွယ်လိုဖြူစင်သော သွားတွေကို ဖိအားပေးကာရင်ဆိုင်လို့နေခဲ့သည်။


တကယ်လို့သာ တုဟောင်ဘက်က အားထုတ်မှုနည်းပါးလွန်းနေခဲ့လျှင်တော့ လင်ရှန်းက စိတ်ရှုပ်​ထွေးကာ ဇဝေဇဝါဖြစ်နေသော အခြေအနေတစ်ရပ်ဖြစ်ပေါ်လို့နေမှာ သေချာသလောက်ဖြစ်မည် . သူမက သူမ၏ပါးစပ်ကို ပွင့်ဟသွားအောင် ကလော်ထုတ်ခံလိုက်ရပြီးတော့ နက်ရှိုင်းတဲ့အနမ်းကို လက်ခံလိုက်ရတဲ့အခါမှာတော့ သူမအနမ်းဖလှယ်နေတဲ့တစ်ယောက်က တုဟောင်ဖြစ်နေတာကို နားလည်သွားတော့သည်!


ထို့ကြောင့် သူမက ချက်ချင်းပင်ဆန့်ကျင်ဖီဆန်လိုက်ပြီး တုဟောင်ကို တွန်းဖယ်လိုက်တော့သည်။


တုဟောင်ကလည်း နမ်းနေတုန်းတန်းလန်းအခြေအနေတွင်


ဖြစ်လို့နေပြီးခဲ့တော့ သူ့အခွင့်အရေးအား လွတ်ထွက်သွားခွင့်ပေးဖို့ဆိုတာကို ခွင့်မပြုလိုက်နိုင်ခဲ့ပေ. လင်ရှန်းက သူ့ကို ငြင်းဆန်ဖယ်ထုတ်နေတာတောင်မှ သူ ဂရုမစိုက်ခြင်းမရှိခဲ့ပေ. သူက သူ့လက်မောင်းအတွင်းသို့


လင်ရှန်းကို တင်းကျပ်စွာရှိနေအောင် ဖိအားတွေပိုပေးလိုက်ခဲ့သည်. သို့သော်လည်း သူအဲဒီလိုလုပ်ခဲ့တာတောင်မှ လင်ရှန်း၏ ပြန်လည်တိုက်ခိုက်ခြင်းကို မတားဆီးနိုင်ခဲ့ပေ. သူမကို သူ ဘယ်လိုမျိုးပင်လုပ်ဆောင်ပါစေ သူမပါးစပ်ကို ဖွင့်ဟပေးဖို့ငြင်းဆန်နေခဲ့သည်။


တုဟောင်တစ်ယောက် စတင်နမ်းရှိုက်နေရာက စိတ်အလိုမကျဖြစ်သွားခဲ့သည်. သူက သူမပါးမို့နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်ကိုသုံး၍ ဖိညှပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ခဲ့သည်. သူက ထိုနည်းလမ်းသုံးလိုက်တော့ လင်ရှန်းလဲ သူမပါးစပ်ကို စေ့စေ့ကြီးပိတ်ထားလို့မရတော့ချေ။


ဒါပေမယ့် နောက်ထပ်မျက်စိတစ်မှိတ်အတွင်းတွင် လင်ရှန်းက ရက်ရက်စက်စက်ပင်တုဟောင်နှုတ်ခမ်းသားတွေကို ကိုက်ချလိုက်သည်။


တုဟောင်က သွေးအရသာကိုမြည်းစမ်းလိုက်ရပြီး နာကျင်သွားရတော့သည်. သူက နောက်ပြန်ဆုတ်လိုက်ခဲ့သည်. ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာ သူ မသိလိုက်ရသေးခင်မှာပဲ သူ့ပါးကို ဖျန်းခနဲရိုက်ချလိုက်ခြင်းခံလိုက်ရတော့သည်. လင်ရှန်းက သူ့ကို အလွန်ပြင်းပြင်းထန်ထန်ကြီး ရိုက်ချလိုက်တာမဟုတ်သော်လည်း


ခုလို​အရိုက်ခံလိုက်ရတာက သူ့အသက်နှစ်ဆယ်ကျော်အတွင်းမှာတော့ လူတစ်ဦးတစ်ယောက်ကနေပြီး သူ့ကိုပါးရိုက်လိုက်ခြင်းခံရတာကတော့ ပထမဆုံးအကြိမ်ပင် ဖြစ်ပေသည်. ထို့ကြောင့် ထိုအရာက တုဟောင်ကို အကြီးအကျယ်ပင်တုန်လှုပ်သွားရစေလိုက်သည်. တုဟောင်တစ်ယောက် နေရာမှာတင် တောင့်တောင့်ကြီးဖြင့် အေးခဲသွားတော့သည်။


လင်ရှန်းက သူမထိုင်ခုံပေါ်ကနေပြီးတော့ ထရပ်လိုက်ခဲ့တော့သည်. သူမမျက်လုံးတွေက မျက်ရည်တွေနှင့် အပြည့်ဖြစ်နေတော့သည်. သူမက တုဟောင်ကို ပြင်းပြင်းထန်ထန်တွန်းထုတ်ပစ်လိုက်ခဲပြီးတော့ ပြောလိုက်လေတယ်.- "ကျွန်မ ရှင့်ကို မုန်းတယ်!" ရက်တော်တော်ကြာပြီးသည့်နောက်တွင် သူမ စကားတစ်ခွန်းအ​ဖြစ် ပြောထွက်လိုက်တာက ပထမဆုံးအကြိမ်ဖြစ်တော့သည်. ရလဒ်တစ်ခုအနေနဲ့ကတော့ သူမအသံက အက်ကွဲကြမ်းရှစွာနေသော်လဲ စက်ဆုပ်မုန်းတီးခြင်းများနဲ့ပြည့်နှက်နေတော့သည်။


ပြီးနောက်ချက်ချင်းပင် လင်ရှန်းက နောက်ပြန်လှည့်လိုက်ပြီးတော့ မျက်ရည်တွေစီးကျကာ အခန်းအပြင်ဘက်သို့ ပြေးထွက်သွားလိုက်တော့သည်။


°°°°°°°


မတော်တဆမှုဖြစ်ပျက်ပြီးနောက်ပိုင်းတွင် လင်ရှန်းက ထွက်ပြေးလာခဲ့ပြီးတော့ သူမအခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့တော့သည်။


သူမက အပူပင်ကင်းမဲ့ပြီးတော့ ပေါ့ပြတ်ပြတ်နေတယ်လို့ ထင်ရပေမယ့်လည်း သူမက ချစ်မှုရေးရာအမှုနဲ့တွေ့ကြုံလာတဲ့အခါမှာတော့ အလွန်လေးလေးနက်နက်ထားတတ်တဲ့သူဖြစ်လေတယ်. သူမ မလုပ်ချင်တဲ့အရာကို အတင်းအကြပ်လုပ်ဖို့ ဖိအားပေးခံရတာမျိုးကို မုန်းတီစက်ဆုပ်သည်. သူမက သူမအပေါ်တွင် လေးစားမှုမရှိဘဲ လက်လွတ်စပယ်ပြုမူလိုက်တဲ့အတွက် တုဟောင်အား အထင်မြင်သေးရွံရှာသွားတော့သည်။


'အချစ်ဆိုတာက ရှင့်မှာ ဩဇာအာဏာရှိတာကြောင့်နဲ့ ရှင် ရယူပိုင်ဆိုင်လို့ရအောင်လုပ်လို့ရတဲ့အရာမျိုး မဟုတ်ဘူး. ရှင့်အထင် ရှင့်မှာ လုပ်ပိုင်ခွင့်ရှိရုံနဲ့ ရှင်က အရာရာကိုလွယ်လွယ်လေးနဲ့ အပိုင်စီးလို့ရမယ်လို့ ရှင်ထင်နေတာလား။ လုံးဝပဲ!'


အဆုံးမှာတော့ လင်ရှန်းက မော်ဒန်ခေါတ်ကလူသားတစ်ယောက်အဖြစ် နှစ်နှစ်ဆယ်ကျော်နေလာခဲ့ရသည်. သူမရဲ့ခေါတ်ပေါ်အတွေးအမြင်တွေက နက်နက်ရှိုင်းရှိုင်းပင် သူမဆီမှာ အမြစ်တွယ်ကပ်ညိနေခဲ့တာပဲဖြစ်သည်. တုဟောင်၏အနမ်းက သူမရဲ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေကို ကျရှုံးသွားအောင်လုပ်လိုက်ရုံသာမက သူမကို မကောင်းတာတွေပါ တွေးမိသွားအောင် လှုံ့ဆော်လိုက်ခဲ့သည်။


'အကျင့်မကောင်းတဲ့အိမ်ရှေ့စံစုတ်! လင်ရှန်းက စားပွဲခုံကို ဝုန်းခနဲထုရိုက်လိုက်ခဲ့သည်. သူမက သူမမျက်နှာတွေပေါ်က မျက်ရည်စီးကြောင်းတွေကို သုတ်ပစ်လိုက်ပြီးတော့ သူမဘာသူမ တစ်ယောက်တည်း အော်ဟစ်နေတော့သည်. – " နင်ဘာလို့ ငိုနေတာလဲ။ သူက နင့်ကို နမ်းတောင်နမ်းပြီးသွားပြီ. နင့်ပါးစပ်ကို ခုတ်​ဖြတ်ပစ်တော့မလို့လား? ငိုနေမယ့်အစား ထွက်ပြေးဖို့ နည်းလမ်းတစ်ခု ရှာလိုက်ပါတော့လား!'


'မှန်တယ်! ငါ ဒီမှာ နောက်ထပ်နေစရာအကြောင်းမရှိတော့ဘူး. ငါ အခုပဲထွက်သွားတော့မယ်!'


ထိုအခိုက်အတန့်တွင်တော့ လင်ရှန်း သူမစိတ်ထဲတွင် ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်တော့သည်. သူမ သူမအတွေးတွေကို အမြန်ရုတ်သိမ်းလိုက်ပြီးတော့ သူမပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ထုတ်သိမ်းလိုက်တော့သည်။


အခုတွင်တော့ ကောင်းကင်ကြီးက လုံးဝကို အမှောင်ကျသွားပါပြီ. တုဟောင်က ပြစ်ဒဏ်ကို လျော့ချလိုက်ဖို့ရာ ဖြစ်လာနိုင်ချေရှိသော်လည်း တော်ဝင်ကိုယ်ရံတော်နှစ်ယောက်ကတော့ သူမအခန်းဝတွင် စောင့်ကြပ်နေကြတုန်းပင်ဖြစ်သည်. ထွက်ပြေးဖို့ရာက လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ခဲ့ပေ။


သို့သော်လည်း အဲဒါက လင်ရှန်းကို ရပ်တန့်သွားအောင် မလုပ်နိုင်ပါဘူး.. တကယ်လို့ သူမက တံခါးပေါက်က ဖြတ်မသွားနိုင်ရင်တော့ ပြတင်းပေါက်တွေပေါ်က ကျော်တက်လို့ရသေးသည်ပဲလေ. အိမ်ရှေ့စံမင်းသားဆီကနေ သူမ ထွက်ပြေးလို့ရနိုင်သရွေ့ကတော့ သူမက ခွေးတိုးပေါက်တစ်ခုကို တူးရမယ်ဆိုရင်တောင်မှ သူမတူးရပေလိမ့်မည်.!


လင်ရှန်းက စိတ်ဒဏ်ရာရသွားခဲ့တော့ သူမ ဘာကိုမှဂရုမစိုက်နိုင်တော့ပေ. သူမက ရှိသမျှအရာအားလုံးကိုထုတ်ပိုးပြီးတော့ အခန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်. တော်ဝင်ကိုယ်ရံတော်တွေက အစောင့်ချင်း တာဝန်လဲသည့်အခါတွင် သူမထွက်ခွာသွားနိုင်ဖို့ အခွင့်အရေးရလာမည်ဖြစ်သည်။


ပြတင်းပေါက်အပြင်ဘက်တွင် ဥယာဉ်တစ်ခုရှိလေသည်. လောလောဆယ်တွင်တော့ တာဝန်ချင်းလဲလှယ်နေသည့်အချိန်ဖြစ်တော့ လှည့်လည်သွားလာနေတဲ့အစောင့်အကြပ်တွေ တစ်ယောက်မှ မရှိပေ. ဒါက ထွက်ပြေးဖို့ရာအတွက် အကောင်းဆုံးအချိန်ပင်ဖြစ်သည်. လင်ရှန်းက အဲဒီအချက်ပေါ်တွင် သူမက နည်းနည်းလောက်ဖြစ်ဖြစ် အလောင်းအစားလုပ်လိုက်တော့သည်. ထို့ကြောင့် သူမက ပြတင်းပေါက်ကို လွယ်ကူစွာဖြင့် တွန်းဖွင့်လိုက်နိုင်သည်. သူမပတ်ဝန်းကျင်ကို အလျင်မြန်လှည့်လည်ကြည့်ရှုလိုက်ပြီးနောက် သူမက အုတ်တံတိုင်းနံရံတွေနောက်ကိုခြေရာခံလိုက်ပြီးတော့ မြောက်အရပ်သို့ဦးတည်လိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။


အကယ်စင်စစ်တော့ လင်ရှန်းက သူမပတ်ဝန်းကျင်အခြေအနေကို တော်တော်လေး သတိထားနေခဲ့သည်. ပန်းဥယာဉ်တော်၏အုတ်တံတိုင်းတွေနောက်သို့လိုက်သွားလိုက်တော့ အစောင့်အကြပ်တွေဆီကို ဖြတ်သန်းလာတဲ့အခါတိုင်း နောက်ကွယ်တွင်သူမပုန်းအောင်းနိုင်လောက်တဲ့ ပစ္စည်းတော်တော်များများက သူမအတွက် ရှိနေခဲ့သည်. အုတ်တံတိုင်းအပြင်ဘက်ကို ကြည့်လိုက်တော့ အိမ်ရှေ့စံမင်းသား၏နန်းဆောင်အပိုင်းက ထပ်ပြီးရှိနိုင်မှာမဟုတ်တော့ပေ. သူမ လွတ်မြောက်နိုင်လိမ့်မည်။


လင်ရှန်းက သူမဝတ်ရုံကို မတင်လိုက်ပြီးတော့ စတင်တက်လိုက်ခဲ့သည်။


လင်ရှန်း သစ်ပင်တစ်ပင်ပေါ်တက်တာက ဒါက ပထမဦးဆုံးအကြိမ်မဟုတ်တော့ပေ. သူမရဲ့ပထမဆုံးအကြိမ်က သူမကျောင်းတက်တုန်းက ဖြစ်သည်. အဲဒီနေ့တုန်းက သူမ ကျောင်းနောက်ကျနေခဲ့သည်. ထို့ကြောင့် သူမက ကျောင်းနောက်ဘက်ကနေဝင်ဖို့ ဆုံးဖြတ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်ပေါ်တက်ပြီးတော့ အဲဒီပေါ်ကနေတစ်ဆင့် အုတ်တံတိုင်းပေါ်ကနေပြီးတော့ အခြားတစ်ဖက်သို့ခုန်ချလိုက်ခဲ့သည်. သို့သော်လည်း သူမမြေပြင်ပေါ်ရောက်တဲ့အခိုက်တွင် ကျောင်းအုပ်ကြီးက သူမနောက်တည့်တည့်တွင် မတ်တပ်ရပ်လျက်ရှိနေခဲ့လေသည်။


ကျောင်းအုပ်ကြီးက နောက်ပြောင်လိုသည့်အမူအရာတစ်ခုဖြင့် သူမကို ရယ်မောလိုက်ခဲ့ပြီး ပြောလိုက်သည်.- " ကျောင်းသူ မင်းရဲ့စကေးက အတော်လေး ကောင်းတာပဲ. မင်းက မနက်ခင်းလေ့ကျင့်နေတုန်းက ကောင်းကောင်းစိတ်ဝင်စားခဲ့တာလား"


ဟုတ်တာပေါ့..အဲဒါတွေအားလုံးက အတိတ်တုန်းက ဖြစ်ခဲ့တာတွေကြီးပါပဲ. မူလတန်းကျောင်းပြီးသွားတာက နှစ်တော်တော်ကြာသွားခဲ့ပြီးပေမယ့်လဲ သူမရဲ့အမြင့်ကိုတက်တဲ့စကေးက အခုထိတောင် ထက်မြက်နေတုန်းပင်။


လင်ရှန်းက ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သစ်ကိုင်းပေါ်မှတစ်ဆင့် အုတ်တံတိုင်းပေါ်ကို ခုန်ကာ ကူးသန်းလိုက်သည်. သို့သော်လည်း ဟိုးအရင်ချိန်တုန်းက ရှေ့းအုတ်တံတိုင်းတွေက မတူညီတဲ့ပစ္စည်းတွေဖြင့် ပြုလုပ်ထားခဲ့တာကိုတော့ သူမ သတိလွတ်သွားခဲ့သည်။ မော်ဒန်ခေါတ်ကအုတ်တံတိုင်းတစ်ခုရဲ့ ပြန့်ပြားနေသောမျက်နှာပြင်ပေါ်ကို လှမ်းတက်လိုက်ရမည့်အစား အုတ်ကြွတ်ပြားနှင့်ပြုလုပ်ထားသည့် အုတ်တံတိုင်းပေါ်သို့ လှမ်းတက်လိုက်ခဲ့မိတော့သည်. သူမခြေထောက်တွေက ချောထွက်သွားပြီးတော့ အောက်သို့ ကျွမ်းထိုးမှောက်ခုံပြုတ်ကျသွားတော့သည်။


ဒါပေမယ့် ဒီလိုမျိုးသေရေးရှင်ရေးဖြစ်နေပြီး အန္တရာယ်များတဲ့အခိုက်တွင် ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို ဖမ်းမိလိုက်ခဲ့သည်. လင်ရှန်းက ကောင်းကင်ကြီး ချာချာလည်သွားတာကိုသာ တွေ့လိုက်ရသည်. ဘာတွေဖြစ်သွားတယ်ဆိုတာ သူမနားလည်လိုက်သည့်အခါတွင်တော့ သူမက လေထဲမှာရောက်နေပြီး ရင်းနှီးတဲ့ကိုယ်သင်းရနံ့တစ်ခုက သူမနှာခေါင်းထဲကို ဝင်တိုးလာခဲ့သည်. 'ဒီအနံ့က......'


အဲဒီအနံ့က သူမနှလုံးသားကို ဆတ်ခနဲကိုင်လှုပ်လိုက်သလို့ပဲ. သူမမျက်စိက ပြူးကျယ်ထွက်သွားကာ ဦးခေါင်းထက်မှ လခြမ်းကွေးလေးကိုတွေ့လိုက်ရသည်. မှောင်ရီဝိုးတဝါးလရောင်ဖြာသည့် အလင်းရောင်အောက်တွင် ငွေမျက်နှာဖုံးတစ်ခု မထင်မရှားရှိလို့နေသည်. လရောင်က ငွေမျက်နှာဖုံးကို တမူထူးခြားသွားအောင် ပြုလုပ်နေခဲ့သည်။


'လိန်ဖန်လား'


သူမ အိမ်မက်မက်နေတယ်လို့ပဲ လင်ရှန်းထင်နေမိသည်. သူမကိုယ်သူမ လက်သည်းဖြင့်ဆိတ်ကြည့်လိုက်တော့ နာတာကို ခံစားရသည်. သို့သော်ငြားလည်း သူမ မယုံကြည်ရဲခဲ့ပေ. သူမလက်တွေက လိန်ဖန်မျက်နှာကို သွားထိတွေ့ကြည့်လိုက်မိတော့သည်။


လင်ရှန်း၏ ရဲရဲတင်းတင်းကိုင်တွယ်လိုက်မှုကြောင့် လိန်ဖန် အနည်းငယ်လေး အံအားသင့်လို့သွားကာ သူမကို အောက်သို့ ဖြည်းညင်သာစွာချပေးလိုက်သည်. အချိန်တစ်ခုလောက် တုန့်ဆိုင်းဆိုင်းဖြစ်သွားပြီးနောက် သူမဆံပင်လေးကို သူ့လက်ဖြင့် ပွတ်သပ်ပေးလိုက်ခဲ့သည်။


သူ့လက်ချောင်းတွေက သူမနံဖူးပြင်ပေါ်ကို ရောက်သွားတော့ နွေးထွေးလှိုက်လှဲမှုကို ခံစားလိုက်ရသည်. အဆုံးတွင်တော့ သူမရှေ့တွင်ရှိနေတာက လိန်ဖန်ဆိုတာ လင်ရှန်းလက်ခံလိုက်တော့သည်. သူမနှာခေါင်းထဲတွင် နှာရည်စို့သွားခဲ့ပြီး သူမတစ်ကိုယ်လုံးဖြင့် လိန်ဖန်ဆီကို ပစ်ဝင်လိုက်ပြီးတော့ သူ့အား တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်တော့သည်။


လိန်ဖန်က ဒီလိုတုံ့ပြန်လိုက်မှုကို မထင်ထားတာကြောင့် တောင့်တောင့်ကြီးဖြစ်သွားခဲ့ပါတယ်. လင်ရှန်းရဲ့အထိအတွေ့ကနေပြီး ရရှိလိုက်တဲ့ နွေးထွေးမှုနဲ့ယုံကြည်ခံရမှုကြောင့် သူ့ရင်ထဲတွင်နင့်နင့်နဲနဲ ခံစားသွားရသည်. လိန်ဖန်က စိတ်အေးစွာဖြင့် သူမကျောပြင်ကို နှစ်ခါဖွဖွပုတ်လိုက်ပြီးတော့ ညင်သာစွာပြောလိုက်သည်.-


"မစိုးရိမ်ပါနဲ့...ငါ ရောက်နေပြီပဲ"


ဒါပေမယ့် လင်ရှန်းက သူ့ကို ပိုပြီးတော့သာ တင်းတင်းကျပ်ကျပ် ​ေပွ့ဖက်လိုက်ခဲ့သည်. သူမမျက်နှာက သူ့ရင်ခွင်ထဲမှာပဲ မြုတ်ထားနေသေးသည်. ညင်သာတိုးတိတ်စွာ ငိုရှိုက်လိုက်တဲ့အသံကို သူ စတင်ကြားလိုက်ရသည်။


'သူမ ငို နေတာလား' လိန်ဖန် ရင်ထဲတွင် တုန်လှုပ်သွားတော့သည်. သူက လျင်မြန်စွာဖြင့် သူမပုခုံးနှစ်ဖက်ကို ကိုင်လိုက်ပြီးတော့ သူ့လက်မောင်းထဲသွင်းထားလိုက်ကာ. _ "တစ်ခုခုဖြစ်ထားလို့လား"


လင်ရှန်းက ရှိုက်လိုက်ပြီးတော့ သူမမျက်ရည်တွေကို သုတ်လိုက်သည်. သူမက လိန်ဖန်ရဲ့လက်ကိုဆွဲလိုက်ကာ ပြောလိုက်ခဲ့သည်. "ကျွန်မကို အဝေးကို ခေါ်သွားပေးပါ. ကျွန်မ ဒီနေရာကနေ ထွက်သွားချင်တယိ။


*********


End....