Chapter 56
Viewers 9k

အပိုင်း(၅၆)


လင်ရှန်းမျက်လုံးတွေ နီရဲတွတ်လို့လာခဲ့သည်. သူမ က တစ်ချို့သော အခက်အခဲအကျပ်အတည်းတွေကို ဖြတ်ကျော်ခဲ့ရသည်. သို့သော်လည်း သူမမျက်လုံးတွေထဲမှာတော့ အလွန်ပင်ခိုင်မာပြတ်သားလွန်းနေခဲ့သည်. ထိုအခိုက်အတန့်တွင်တော့ လိန်ဖန်တစ်ယောက် သူ့ရင်ထဲတွင် လင်ရှန်းနှင့်ဝေးကွာနေခဲ့ရတာက ကမ္ဘာမြေအဆုံးထိ ခရီးလှည့်လည်သွားလိုက်ရသလို ပြင်ခံစားချက်တစ်ခုက ပြင်းပြင်းပြပြပင်ဖြစ်ပေါ်လို့လာသည်။


"အင်း" လိန်ဖန်က ခေါင်းညိတ်ပြလိုက်သည်. သူက သူမလက်ကို ဆွဲယူလိုက်ပြီး နောက်ပြန်လှည့်ပေးလိုက်သည်။


ဒီလိုမျိုးအချိန်ကာလတွင် အရိပ်တစ်ခုက လူလုပ်တောင်အတုအကွယ်နောက်ကွယ်မှ ထွက်ပေါ်လာကာ


သူတို့လမ်းကြောင်း​ရှေ့တွင် လာပြီးပိတ်ရပ်လိုက်ခဲ့သည်. လရောင်ဖြာနေသည့်အလင်းရောင် ​ြပာလဲ့လဲ့က သူ့အပေါ်တွင်အရိပ်ကျနေကာ သူ့အရိပ်က ဖြောင့်စင်းဆန့်တန်းကျလျက်ရှိနေသည်. အစိမ်းရင့်ရောင်ဝတ်ရုံကိုကြည့်ရသည်မှာ ညကောင်းကင်တွင် နက်မှောင်တောက်ပြောင်နေခဲ့သည်. ထိုအရာက အလွန်တရာမျှ လေးလံပြင်းထန်နေသော ခံစားချက်တစ်ခုကို ပေးစွမ်းနေလေသည်။


"အရာရှိလိန်က ဒီလောက်နောက်ကျပြီးမှ ကျုပ် နန်းဆောင်တော်ကို ရောက်လာမှတော့ မသွားခင်လေး စကားတစ်ခွန်းတစ်လေတောင်မှ ပြောဖို့ အစီအစဉ်မရှိတော့ဘူးပေါ့။ ခင်ဗျားမျက်လုံးထဲမှာ ကျုပ်က အရေးမပါတော့ဘူးပေါ့လေ " တုဟောင်က ရေခဲတစ်မျှအေးစက်စွာပြောလိုက်ခဲ့သည်. သူက ပြုံးပြနေပေမယ့် သူပြောတဲ့ စကားလုံးတွေကတော့ ခြိမ်းခြောက်သလိုမျိုးဖြစ်လို့နေသည်. ဒါမျိုးကို​တော့ 'ကျောချမ်းဖွယ်ရာအားလုံးကိုမကျော်ဖြတ်နိုင်တော့လဲ အေးစက်တော့မှာပေါ့' လို့တောင်ပြောလို့ရနေသည်ပဲ။


တုဟောင်ကိုမြင်လိုက်တော့ လင်ရှန်းတစ်ယောက် ချက်ချင်းပင် သတိအနေအထားဖြစ်လို့သွားသည်. သူ့အလိုလိုပင် သူမက လိန်ဖန်နောက်တွင် ဝင်ပုန်းနေလိုက်တော့သည်။


လင်ရှန်းရဲ့တုံ့ပြန်လိုက်မှုကြောင့် လိန်ဖန်မျက်ခုံးရိုးတွေတွန့်ကွေးသွားကာ မျက်မှောင်ကြုံ့သွားခဲ့သည်. အိမ်ရှေ့စံမင်းသားနန်းဆောင်တော်ထဲတွင် လင်ရှန်း နေ နေရတာကို သူတွေးမိသွားတော့ သည်အရာက မရိုးရှင်းဘူးဆိုတာ သူသိလိုက်သည်. တုဟောင်က အခုလိုထွက်ပေါ်လာခဲ့တော့ လင်ရှန်းက သူ့နောက်တွင်အသော့လေး ဝင်ပုန်းလိုက်ခဲ့တာပဲမို့လား. သူမကို သူ တစ်ခုခုလုပ်ခဲ့တယ်ဆိုတာ ရှင်းနေတာပဲလေ။


လင်ရှန်းလက်တွေကနေ အနည်းငယ်လေးတုန်ယင်နေမှုကို လိန်ဖန်ခံစားလိုက်ရသည်. လိန်ဖန်မျက်လုံးတွေက အေးစက်နေရာမှ ရေပင်ခဲလုမတတ် အေးစက်သွားတော့လေသည်. သူ့ရဲ့အခြားလက်တစ်ဖက်ကတော့ သူ့ဓားပေါ်တွင် တင်းကျပ်စွာ ကိုင်ဆွဲထားလိုက်တော့သည်။


"အရှင့်သား၊ ခင်ဗျားက လူတော်တစ်ယောက်ပါ၊ ကျုပ် မှာက အရမ်းကို ရှင်းရှင်းလင်းလင်းဖော်ပြလို့မရနိုင်တဲ့ အရာတွေရှိတယ်" သူက အေးစက်စွာပြန်ပြောလိုက်သည်။


"​ဪ..အဲဒီလိုလား?" တုဟောင် သူ့မျက်ခုံးတွေကွေးညွှတ်သွား​လေတယ်. သူ့မျက်လုံးတွေက လောလောဆယ်တွင် လိန်ဖန်နောက်တွင် ပုန်းကွယ်လျိုးနေသော လင်ရှန်းအပေါ်သို့ စူးစိုက်ကြည့်လိုက်ခဲ့သည်. တုဟောင်မျက်လုံးတွေက ရုတ်ချည်းပင် နက်မှောင်သွားတော့သည်.


"ငါ့အထင်တော့ အဲဒါကို ရှင်းသွားအောင်လုပ်လိုက်ဖို့ အကောင်းဆုံးပဲမဟုတ်ဘူးလား"


လင်ရှန်းက ပထမတော့ ထိတ်လန့်သွားလိုက်ပေမယ့် ထိုစွပ်စွဲလိုသည့်အကြည့်ကို မြင်လိုက်ရပြီးနောက်တွင်တော့ သူမဟာ ဖောက်လွဲဖောက်ပြန်လုပ်မိလိုက်တယ်လို့ အထင်ခံလိုက်ရလို့ ချက်ချင်းပင် ဒေါသတွေထွက်သွားတော့သည်။


'ရှင်ကသာ အရင်လေးစားသမှုမရှိတဲ့သူလေ၊ အခုတော့ ရှင်ကပဲ ဘဝင်မြင့်မောက်မာနေသေးတယ်၊ ရှင့်အထင် လောကကြီးတစ်ခုလုံးက ရှင်ပြောတဲ့အတိုင်းပဲ လိုက်လုပ်မယ်လို့များ မှတ်နေလား။ ရှင်က အိမ်ရှေ့မင်းသားတစ်ပါးဖြစ်နေရုံမို့လို့ပါ! အစကတည်းကဆို လိန်ဖန်မှာလဲ အခွင့်အရေးတစ်ခုရှိတာပဲ!'


ဒီလိုမျိုးတွေ တွေးတောလိုက်ပြီးတော့ လင်ရှန်းက သူမဒေါသတွေ ပေါက်ကွဲလုနီးပါးပင် ဖြစ်သွားရသည်. ဒါပေမယ့် လိန်ဖန်က သူမကို ဟန့်တားလိုက်ခဲ့သည်. "အရမ်းလျှောက်မလုပ်နဲ့" သူ့ခေါင်းကို ခါရမ်းလိုက်ပြခဲ့သည်။


လင်ရှန်း အလွန်စိတ်အနှောက်အယှက်ဖြစ်သွားရသည်. ဒါပေမယ့် သူမက လိန်ဖန်က ကြားဝင်လိုက်ပြီးနောက်မှာတော့ စိတ်ပြန်ငြိမ်ကျသွားတော့သည်။


သူတို့တွေတစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်မျက်လုံးချင်းဆိုင်၍ အတွေးဖလှယ်နေကြတာကို တုဟောင်က ဖြတ်တောက်လိုက်ခဲ့သည်. "ဒီကိုလာခဲ့၊ ငါနဲ့ပြန်လိုက်ခဲ့" သူက လင်ရှန်းကို ပြောလိုက်ခဲ့သည်။


သဘာဝအလျောက်ကိုက လင်ရှန်း ပြန်လိုက်သွားဖို့ကို ငြင်းဆန်ကို ငြင်းဆန်ခဲ့မှာပါပဲ အဲဒီအစား လိန်ဖန်ရဲ့ဝတ်ရုံစကိုဆွဲလိုက်ကာ နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်လိုက်ခဲ့သည်။


လိန်ဖန်က သူမကို ကာကွယ်ပေးလိုက်ပြီးတော့ ခိုင်ခိုင်မာမာပြောလိုက်သည်.- "အရှင့်သား ၊ ကြင်ယာတော်မင်းသားက ခင်ဗျားနဲ့ပြန်မလိုက်ချင်ဘူးဆိုတာ သိသာလွန်းပါတယ်"


"မလိုက်ချင်ဘူးလား" တုဟောင်က အသာရယ်မောလိုက်ခဲ့ကာ- "အရာရှိလိန်၊ မင်းအထင်လွဲနေမှာကို ငါ စိုးရိမ်မိတယ်၊ ငါက မင်းတို့တွေရဲ့လိုလားမှု မလိုလားမှုတွေကို မေး​မြန်းနေတာ မဟုတ်ဘူး.....ငါက မင်းတို့ကို အမိန့်ပေးနေတာ၊ စုန့်လောင် ဒီကိုလာခဲ့!" ရှောင်ဖယ်ရှောင်ဖယ်လုပ်နေပြီးတော့ တစ်စက်လေးမှတောင် လိုက်လာဖို့အရိပ်အခြေမပြတဲ့ လင်ရှန်းကို စူးရဲစွာစိုက်ကြည့်လိုက်ကာ တုဟောင်က အော်ပြောလိုက်တယ်။


"အရှင့်သား.. ကျေးဇူးပြုပြီးတော့ တစ်စုံတစ်ယောက်ကို ခင်ဗျား စိတ်သဘောကျအတိုင်းလုပ်ဆောင်ဖို့ ဖိအားလာမပေးပါနဲ့" လိန်ဖန်က သူ့ရဲ့ဓားရှည်ကိုတင်းတင်းကျပ်ကျပ်ဆုပ်လိုက်ရင်း ပြောလိုက်တယ်။


"ငါက ဖိအားပေးမယ်ဆိုရင်ရော ဘာဖြစ်ဦးမလဲ" အဲဒီအချိန်မှာတော့ တုဟောင်ရဲ့အသံက အလွန်တရာအေးစက်လို့သွားသည်. သူက သူ့ခါးက ဓားရှည်ကို ရွှမ်းခနဲဆွဲထုတ်လိုက်ပြီးတော့ လိန်ဖန်ကိုတည့်တည့်ချိန်ရွယ်လိုက်တော့သည်။


လိန်ဖန်ကလဲ မြန်ဆန်စွာနဲ့ပင် ပြန်တုံ့ပြန်လိုက်သည်. သူ့လက်တစ်ဖက်နဲ့ လင်ရှန်းကိုတွန်းထုတ်လိုက်ခဲ့ကာ အခြားလက်တစ်ဖက်က သူ့ဓားရှည်ကို ရွှမ်းခနဲဆွဲထုတ်လိုက်ခဲ့သည်. မျက်စိတစ်မှိတ်အတွင်းတွင် လက်နက်အချင်းချင်းက တစ်ချောင်းနှင့်တစ်ချောင်း ထိပ်တိုက်ဖြတ်တောက်လိုက်ကာ မီးပွင့်တွေတစ်ဖွားဖွား ထွက်ပေါ်လာခဲ့တော့သည်။


သတ္တုအချင်းချင်းပွတ်တိုက်ဖြတ်တောက်အသံက တိတ်ဆိတ်ငြိမ်သက်နေသောညကောင်းကင်ကို ဝင်ရောက်နှောက်ယှက်လိုက်ခဲ့သည်. လမင်းကြီးကတောင်မှ ရန်လိုနေသောအလွှာတစ်လွှာ ဖုံးအုပ်လို့သွားတော့တယ်။


"အရာရှိလိန်...မင်းကငါကို ပုန်ကန်ချင်နေတာလား" တုဟောင်က ခြိမ်းခြောက်လိုက်သည်။


"အရှင့်သား..ခင်ဗျား က ကျုပ်ကို ရွေးချယ်စရာမရှိအောင် မောင်းပို့လိုက်တာပဲမို့လား" လိန်ဖန်က ပြန်ပြောလိုက်သည်. သူက ရိုက်ချက်တစ်ခုဖြင့် လှည့်ရှောင်တိမ်းလိုက်ပြီး သူ့ရဲ့ဓားရှည်ကိုမြှောက်လိုက်ခဲ့တော့သည်. လရောင်ဖြာက သူ့ဓားရှည်ပေါ်သို့ ကွက်တိကွက်ကြားဖြင့် အရိပ်ကျနေခဲ့သည်။


တုဟောင်က လှောင်ပြုံး ပြုံးလိုက်ကာ - "အချိန်ကောင်းပဲ၊ အရာရှိလိန်ရဲ့စွမ်းရည်တွေနဲ့ပတ်သတ်ပြီးတော့ အရမ်းကောင်းတဲ့အရာတွေအများကြီးကို ကြားခဲ့ဖူးတာ၊ မင်းဘာတွေရှိလဲဆိုတာ ငါ့ကိုပြစမ်းပါဦး" ချက်ချင်းပင် တုဟောင်က လိန်ဖန်ကို ထိုးစစ်ဆင်ကာတိုက်ခိုက်လိုက်သည်. လိန်ဖန်က ခုခံလိုက်ကာ နောက်ထပ်တစ်ကြိမ် သူ့တို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ကာ စတင်တိုက်ခိုက်လိုက်သည်။


သူတို့နှစ်ယောက် အမှန်တကယ်တိုက်ခိုက်ကြလိမ့်မယ်လို့ လင်ရှန်း မထင်ထားခဲ့ပေ. တုဟောင်ရဲ့ဓားရှည်က ခိုင်မာတောင့်တင်းပြီးတော့ စွမ်းအားရှိစွာဖြင့် တိုက်ခိုက်နေသည်. သူက အနီးကပ်လူချင်းပူးကပ်ခါ တိုက်ခိုက်နေခဲ့သည်. တစ်ခြားတစ်ဖက်မှာတော့ လိန်ဖန်က တုဟောင်၏တိုက်ခိုက်မှုကို သက်ညှာစွာပြန်လည်တိုက်ခိုက်နေခဲ့သည်. ဒါကြောင့်ပင် လင်ရှန်းတစ်ယောက် အလွန်စိုးရိမ်ပူပန်လာခဲ့တော့သည်။


လင်ရှန်း ဒေါသထွက်သွားတော့သည်. ဘာ့ကြောင့်လဲဆိုတော့ လိန်ဖန်က သူ့စွမ်းရည်အားလုံးကို ထုတ်သုံးပြီးတော့ ပြန်မတိုက်တာ သိသာနေလို့ပါပဲ. သူမက လိန်ဖန်ထိခိုက်ဒဏ်ရာ ရသွားမှာကို စိုးရိမ်နေခဲ့သည်။


လိန်ဖန်အပေါ်တွင် တုဟောင်၏အလွန်အမင်းနီးကပ်စွာ စီးနင်းတိုက်ခိုက်မှုကို တွေ့ရှိရတော့ လင်ရှန်းတစ်ယောက် နောက်ထပ်ကြာကြာစောင့်ကြည့်မနေနိုင်တော့ပေ. သူမက သူမအဆုတ်ကွဲမတတ်ပင် အသားကုန်အော်ဟစ်လိုက်ခဲ့တော့သည်. - "မတိုက်ကြနဲ့တော့!"


သို့သော်ငြားလည်း သူ့မလည်ချောင်းက ဒဏ်ရာရထားခဲ့တော့ သူမအသံတုန်းက ရိုးရှင်းစွာပင် သက်ရောက်မှုမရှိနိုင်ခဲ့ပေ. လင်ရှန်းက ဘာကိုမျှမစဉ်းစားခဲ့ဘဲ ကြောက်လန့်တကြားဖြစ်စွာနဲ့ သူမဝတ်ရုံကို မတင်လိုက်ကာ လေမုန်တိုင်းတိုက်သလို တရကြမ်းပြေးဝင်သွားတော့လေသည်။


လင်ရှန်းက လေမုန်တိုင်းတိုက်သလိုမျိုး ပြေးဝင်လာလိမ့်မယ်လို့ လိန်ဖန်လဲ မမျှော်လင့်ထားခဲ့ပေ. သူ ချက်ချင်းပင် တိုက်ခိုက်နေသည့် ဈာန်အာရုံပျက်သွားရတော့သည်. တုဟောင်၏ဓားရှည်က သူ့ရင့်ဘတ်တည့်တည့်ကို ဦးတည်လာခဲ့တော့သည်. အရာအားလုံးက တခဏချင်းပင် ဖြစ်ပျက်သွားတော့သည်. တုဟောင်၏ဓားရှည်က ရပ်တန့်လိုက်ခဲ့စဉ်တွင်တော့ လင်ရှန်းက လိန်ဖန်ရှေ့တွင် လာရပ်လိုက်ကာ သူ့ကိုပိတ်ကွယ်နေလိုက်ခဲ့သည်. သူမမျက်လုံးထဲမှာ အကြောက်တရားတွေကိုပြသနေသော်လည်း သူမခြေထောက်တွေကတော့ လှုပ်ရမ်းမနေခဲ့ဘဲ မြဲမြံစွာရပ်နိုင်နေခဲ့သည်။


သူ့နှလုံးသားတစ်ခုလုံးပင် ဆုတ်ဖြဲ၍ ဆောင့်ဆွဲခံလိုက်ရသလို တုဟောင် ခံစားလိုက်ရသည်. သူနှစ်သက်မြတ်နိုးရပါသော မိန်းကလေးတစ်ယောက်က တော်ဝင်ကိုယ်ရံတော်တစ်ယောက်ရှေ့တွင် သူ့ဓားကို လာပိတ်ထားလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးတောမိခဲ့ပေ။


'သူက တော်ဝင်ကိုယ်ရံတော်တစ်ယောက်ကိုတောင်မှ မယှဉ်နိုင်တော့ဘူးတဲ့လား' သူ့နှလုံးသားကို မီးတိုက်ပြာချလိုက်ခြင်းခံလိုက်ရပြီးတော့ သူလက်ထဲတွင် ကိုင်ထားသောဓားရှည်က မြေကြီးပေါ်သို့ လွတ်ကျသွားတော့တယ်။


ဓားကမြေပြင်ပေါ်သို့ ကျသွားသည့်အခိုက်တွင် လင်ရှန်းက လက်ရှိကို ပြန်ရောက်ရှိလာခဲ့ကာ လျင်မြန်စွာနဲ့ပင် နောက်ပြန်လှည့်လိုက်ကာ လိန်ဖန်ကို စစ်ဆေးလိုက်ခဲ့သည်. - "ရှင် အဆင်ပြေရဲ့လား? ရှင် နာသွားသေးလား? ဘယ်နေရာလဲ...... ကျွန်မ ကြည့်ပါရစေနော်" သူမက လိန်ဖန်လက်မောင်းကို အသည်းအသန်ပင်ဆွဲကိုင်လိုက်ခဲ့ကာ ဒဏ်ရာတွေရှိ မရှိကို စစ်ဆေးကြည့်ရှုရန်ကြိုးပမ်းလိုက်ခဲ့သည်။


လိန်ဖန်က လုံးလုံးလျားလျားကိုလှုပ်ရှားမှုမရှိတော့ပေ. စိုးရိမ်သောကရောက်နေရရှာသော သူ့ရှေ့က မိန်းကလေးကို ငေးမောကြည့်လို့နေခဲ့သည်. သူ့ဆီမှာ ပြောချင်နေတဲ့ စကားပေါင်းထောင်းသောင်းမက ရှိလာသော်လည်းပဲ သူ့ပါးစပ်ထဲက စကားလုံးသုံးလုံးသာလျင် ထွက်သွားခဲ့သည်.-


" မင်းရှုးနေတာလား" သူ စူးစူးဝါးဝါးပင်အော်ဟစ်လိုက်ခဲ့တော့သည်။


လင်ရှန်းက အရမ်းစိုးရိမ်နေခဲ့သော်လဲ သာမာန်လိုပင် ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပြန်ကာပြောလိုက်သည်. - "ကျွန်မ မရှုးပါဘူး... ကျွန်မက ပုံမှန်ပဲလေ၊ ကောင်းတာထက်တောင် ပိုကောင်းနေသေးတယ်"


တစ်ချိန်တည်းမှာပင် လိန်ဖန်က တကယ့်ကိုပင် ငိုလိုက် ရယ်လိုက်သာ လုပ်ချင်နေတော့တယ်. အချိန်နဲ့ နေရာကို ထည့်မစဉ်းစားဘဲနဲ့ လင်ရှန်းက သူ့အတွင်းစိတ်တွေကို ရှုးသွတ်သွားမတတ်ပင် အမြဲတမ်းလိုလို ဖျက်လိုဖျက်စီးလုပ်နိုင်စွမ်းရှိနေခဲ့တာပဲ. တစ်ခါတစ်တလေကျရင် သူမရဲ့မရင့်ကျက်သေးတဲ့အပြုအမူတွေက သူ့တစ်ကိုယ်လုံးကိုပင် နွေးထွေးသွားစေနိုင်သည်. သူမကစိတ်လိုက်မာန်ပါလုပ်တတ်သော်လည်းပဲ အဲဒါကပင် သူ့ကို သူမအား ရင်ဝယ်ပိုက်ထားချင်ပြီး အချစ်တွေပိုတိုးလာစေခဲ့သည်. သူမကို ထာဝရ.. ရာသက်ပန်ပင် ...သူ ကာကွယ်ပေးချင်နေမိတော့သည်။


'ဒါကရော ကံစီမံရာပဲလား'


လိန်ဖန်တစ်ယောက် သူ့အတွေးထဲနစ်မြုတ်နေစဉ်တွင် ကုဇောင်က ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သည်။


"အရှင့်သား......." သူက တုဟောင်၏အနားသို့ကပ်ခါ နားနားတွင် တီးတိုးပြောလိုက်သည်.


တုဟောင်၏မျက်နှာအမူအရာက ချက်ချင်းပင်ပြောင်းလဲသွားတော့သည်။


"စုန့်လောင်၊ ငါနဲ့ပြန်လိုက်ခဲ့" တုဟောင်က အမိန့်ပေးလိုက်ခဲ့သည်။


'သူ့ဦးနှောက်နဲ့ပတ်သတ်ပြီးတော့ ဘာတွေမှားနေတာလဲ? သူ က no နိုးဆိုတဲ့ စကားလုံးကို နားမလည်ဘူးလား? လင်ရှန်းရဲ့ပထမဆုံးအပြုအမူကတော့ သူမ ခြေထောက်တွေကို မြှောက်လိုက်ပြီးတော့ တုဟောင်၏ဓားကို ဘေးကန်ထုတ်လိုက်တာပါပဲ. သို့သော်လည်း ကန်ချက်တစ်ချက်နဲ့က မလုံလောက်ခဲ့ပေ. သူမက နောက်ထပ်အကြိမ်တော်တော်များများပင် ဓားကို ကန်ကျောက်ပစ်လိုက်ခဲ့သည်. တကယ်လို့သာ လင်ရှန်းတစ်ယောက် တုဟောင်ရဲ့ဓားက လိန်ဖန်ရဲ့ရွှေဓားစလွယ်ထက် ပိုပြီးတော့ အဖိုးထိုက်တန်တယ်ဆိုတာ သိခဲ့မယ်ဆိုရင်တော့ နံရံကိုကျောခိုင်းပြီးတော့ ထောင့်တစ်ထောင့်မှာ ကျုံ့ကျုံ့လေးထိုင်ပြီးတော့ စက်ဝိုင်းပုံတွေချည်းပဲ ဆွဲနေလောက်မှာပဲဖြစ်သည်။


"တော်တော့" တုဟောင်က အသံတစ်ချက်ဖြင့် ဝင်နှောက်လိုက်တယ်. "ငါနဲ့ပြန်လိုက်ခဲ့မှကို ရမယ်၊ မင်ယွဲ့ပျောက်နေတယ်"


'တုမင်ယွဲ့............ပျောက်နေတာလား။ ဘာတွေဖြစ်သွားတာလဲ' ရှည်လျားသော ပုံပြင်တစ်ပုဒ်ပင်။


To be continued......


End.....