Chapter 57
Viewers 11k

အပိုင်း(၅၇)


ကဲလောင်ကနေပြန်လာခဲ့ပြီးနောက်တွင် တုမင်ယွဲ့တစ်ယောက် အလွန်အမင်းပင် စိတ်ဓာတ်ကျလာခဲ့ရသည်. သူမ ပိုပြီးတော့ ဒီအကြောင်းတွေကို နက်နက်နဲနဲစဉ်းစားကြည့်လေလေ သူမယောကျ်ားနဲ့ သူမအကိုတော်တို့နှစ်ဦးကြားထဲမှာ တစ်စုံတစ်ခုဖြစ်နေတယ်လို့ သူမစိတ်ထဲမှာ ပိုပိုပြီးတော့ ခံစားမိနေလေလေဖြစ်နေသည်။


ယောက်ျားနှစ်ယောက်.... နှစ်ကိုယ်တည်း... လရောင်ဖြာဖြာနဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မှောင်ပိတ်နေတဲ့ကောင်းကင်အောက်မှာ....မိုးသည်းသည်းထန်ထန်စွာ ရွာသွန်းနေပြီးတော့ ..... အခန်းတစ်ခုတည်းမှာ အတူတကွ..... အဝတ်တွေက ကပိုကရိုနဲ့ လစ်ဟပေါ်လို့နေပြီး..... တစ်စုံတစ်ရာကမှားယွင်းနေတဲ့ အရိပ်အယောင်အသံဗလံတွေ ထွက်ပေါ်နေသည်. တကယ်လို့သာ သူတို့နှစ်ယောက်စလုံးကို အားလုံးက အတူတကွတွေ့မိလျက်သားဖြစ်မယ်ဆိုရင်တော့ အဲဒါက လုံးဝကို အညစ်အကြေးအညှီအဟောက်တွေဖြစ်နေမှာ အသေချာကြီးပဲမို့လား။


တုမင်ယွဲ့တစ်ယောက် သူမအတွေးတွေကို စိတ်ထဲတွင် ခွဲခြမ်းစိတ်ဖြာနေရင်းဖြင့် သူတို့နှစ်ယောက်လက်ထပ်ခဲ့ပြီးနောက်မှာ စုန့်လောင်က သူမအပေါ်ကို ပြောဆိုဆက်ဆံတဲ့ အေးစက်မှုတွေကို သတိမရဘဲမနေနိုင်ခဲ့ပေ. 'သူမကိုယ်တိုင်ကိုက သူ့အပေါ်မှာ အရက်တွေးမူးပြီး ညွှန့်ကျသွားပြီး တစ်ကိုယ်လုံးပုံအပ်လိုက်မယ်ဆိုရင်တောင်မှ သူ့ကိုကြည့်ရတာ သူမအပေါ်ကို တစ်စက်လေးမျှ စိတ်ဝင်စားမည့်ပုံမပေါ်ပေ. ပုံမှန်အတိုင်းလုပ်ဆောင်နိုင်တဲ့ ယောက်ျားတစ်ယောက်ဆိုရင်တော့ သူမလိုမျိုး ချောမောလှပတဲ့မင်းသမီးတစ်ပါးကို သူဘယ်လိုငြင်းဆန်နိုင်မှာတဲ့လဲ'


'ဖြေရှင်းစရာရှိတဲ့ တစ်ခုတည်းသောအကြောင်းပြချက်ကတော့ .....စုန့်လောင်က ယောက်ျားတွေကို စိတ်ဝင်စားနေလို့ပဲ!!'


°°°°°°°


အကယ်၍များ သူမတို့လက်ထက်လိုက်ရတာက စီစဉ်ပေးထားတဲ့လက်ထပ်ပွဲသာ မဟုတ်ခဲ့ဘူးဆိုရင် မင်းသမီးကိုလက်ထပ်ချင်နေတဲ့ ဘယ်ယောကျ်ားလေးကိုမှ ပုံဖော်ပြီးတော့ လင်ရှန်းတော့ မစဉ်းစားနိုင်ခဲ့ပေ။


ပြီးနောက်တွင်တော့ လင်ရှန်းလဲ ထပ်ပြီးတော့လဲ အရာတွေအများကြီးကို မစဉ်းစားနိုင်တော့ပေ. သူမ ဘယ်တုန်းကမှ မတွေးတောမိလောက်စေမယ့် ကြောက်စိတ်ကင်းမဲ့တဲ့ ယောကျ်ားတစ်ယောက်ကတော့ ရှိနေခဲ့သည်. ထိုသူက မုန်တိုင်းတစ်လုံးမျိုး နန်းတော်ထဲကို တစ်ကိုယ်တော်လာရောက်ပြီးတော့ မင်းသမီးကိုလာရောက်တွေ့ချင်နေတဲ့သူပင်ဖြစ်သည်။


ထိုကံမကောင်းရှာတဲ့ယောက်ျားကတော့ ဟယ်လောင်စန်းပါပဲ!


ဟယ်လောင်စန်းရဲ့အချစ်က တုမင်ယွဲ့ထက်တောင်မှ ပိုလို့တောင် စိတ်ဆင်းရဲစရာကောင်းနေခဲ့သည်. အနည်းဆုံးတော့ တုမင်ယွဲ့က အရင်ကတည်းက လူအချို့နဲ့တော့ ချစ်ကြိုက်ခဲ့ဖူးတာပင်. ဟယ်လောင်စန်းကတော့ သူ လင်ရှန်းနဲ့မှားယွင်းပြီးတော့ တွေ့ဆုံတဲ့အထိအောင်ကို ဘယ်မိန်းလေးကိုမှ ချစ်ကြိုက်ဖို့ အခွင့်အရေးမရှိခဲ့တာပင်ဖြစ်သည်။


နောက်ဆုံးတွင်တော့ သူသည် လည်း အချစ်နဲ့ထိတွေ့ခဲ့သည်. သို့သော်လည်း လိန်ဖန်က အချစ်ပြိုင်ဘက်တစ်ယောက်အနေနဲ့ အစွမ်းထက်လွန်းအားကြီးပေသည်. ဟယ်လောင်စန်းက ရုပ်ရည်ရှူပကာ.. သိုင်းပညာစွမ်းပကား...အစရှိတဲ့ဂုဏ်ပုဒ်တွေမှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ပါဘူး။


သမာရိုးကျပြောရရင်တော့ ဟယ်လောင်စန်းက အရှုံးပေးသင့်ပါတယ်. သူက အချစ်ဒဏ်ရာဒဏ်ချက်ကြောင့် ခါးခါးသီးသီးနာကျင်ခံစားခဲ့ရရှာပါတယ်. သူ့ခမျှာ လင်ရှန်းအကြောင်း တွေးတောနေခြင်းကို ရပ်တန့်နိုင်စွမ်းမရှိခဲ့ပါဘူး. သူ့ရဲ့ယပ်တောင်ကတောင်မှ သူ့ရဲ့အထီးကျန်ဆန်သော နှလုံးသားကို နှစ်သိမ့်ချော့မြူခြင်းငှာ မစွမ်းသာနိုင်ခဲ့ပေ. တစ်ရက်ကြာအောင် သူ့ခေါင်းထဲမှာ တိုက်ပွဲဝင်ခဲ့ပြီးနောက်တွင်တော့ နန်းတော်ထဲသို့ဝင်ရောက်၍ သူ့၏ချစ်မြတ်နိုးရသူကို ရှာဖွေဖို့ရာ ဆုံးဖြတ်ခဲ့တော့လေသည်။


ဟယ်လောင်စန်းက အားလုံးကိုတွေးတောလိုက်ခဲ့သည်. လင်ရှန်း သူကို ပြန်မကြိုက်ရတဲ့အကြောင်းပြချက်က သူ့က အားအင်လုံလုံလောက်လောက်မရှိခဲ့လို့ ဖြစ်မှာပဲ. သူ့ခေါင်းဆောင်အကိုကြီးက သူ့ကိုပြောပြခဲ့တာပဲမဟုတ်လား။ မိန်းကလေးတွေဆိုတာ ဒီလိုမျိုးကြီးစိုးနိုင်တဲ့ ယောက်ျားလေးတွေကို ပိုနှစ်သက်ကြတာလို့ ပြောသည်. ဟယ်လောင်စန်းက သူ့ရဲ့အားသာချက်နဲ့အားနည်းချက်ကို သူသိပါတယ်. သူ က ရသစာပေနဲ့ကကြိုးကကွက်မှာ မတော်နိုင်ပေမယ့် သူ့ရဲ့တောင်ပေါ်ဓားပြတစ်ယောက်ရဲ့ အတွေ့အကြုံကနေပြီးတော့ သူဘယ်လိုမျိုး အင်အားကြီးမားလာအောင်' လုပ်ရမလဲဆိုတာ သူသိပါတယ်!


ထို့ကြောင့် ဟယ်လောင်စန်းက စိတ်ညစ်စရာဘာအကြောင်းကိစ္စမှ သယ်ဆောင်မထားတော့ဘဲနဲ့ ဖျင်ချည်ကြမ်းအိတ်တစ်လုံးနဲ့ သူ့ရဲ့မင်းသမီးလင်ရှန်းကိုရှာဖွေဖို့ စိတ်အားတက်ကြွစွာဖြင့် နန်းတော်ထဲကို ချီတက်ခဲ့တော့လေသည်။


တုမင်ယွဲ့အတွက်ကတော့ သူမက သူမအတွေးနဲ့သူမ နစ်မြုတ်နေကာ အလွန်တရာပင်စိတ်ဆင်းရဲနေခဲ့ရတော့သည်။


'အိုးဗုဒ္ဓဘုရားရှင်ဘုရား.... ကျွန်မက မင်းသမီးတစ်ပါးပါ! ဘာလို့ကျွန်မက ပုံမှန်ယောက်ျားတစ်ယောက်နဲ့တောင် ချစ်ကြိုက်ဖို့ မရှာတွေ့နိုင်ရတာလဲ? ဗုဒ္ဓစိတ္တ! ဗုဒ္ဓဘုရား! လောင်ဇီနတ်မင်းကြီး! အချိန်ကျလာရင်တော့ ငါ..


တုမင်ယွဲ့က ငါ့ရဲ့မင်းသားစစ်စစ်ကို ရှာတွေ့ရမယ်!?!?!'


တုမင်ယွဲ့တစ်ယောက် တစ်ကိုယ်တည်းလမင်းကြီးကို မော့ကြည့်ကာ သက်ပြင်းချနေခဲ့ချိန်တွင်တော့ ကောင်းကင်ပေါ်မှ အိတ်တစ်လုံးက ကျဆင်းလာခဲ့ပြီး သူမကို အထဲသို့ သွတ်သွင်းခံခဲ့ရတော့တယ်. ဟယ်လောင်စန်းက ဖျင်ကြမ်းအိတ်ကို သူ့ပုခုံးပေါ်သို့ စွေ့ခနဲကောက်တင်လိုက်ကာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်ကျော် အတောအတွင်းမှာ သူပြောခဲ့ဖူးသော နှစ်အခြိုက်ရဆုံးစာကြောင်းတစ်ကြောင်းကို ပြောခဲ့လိုက်သည်။


"အမေရေ! သား နောက်ဆုံးတော့ ဇနီးတစ်ယောက်ရှာတွေ့သွားပြီဗျို့!"


°°°°°°°°


လင်ရှန်းနှင့်တုဟောင်က နန်းတော်ကို လျင်မြန်စွာဖြင့်ပြန်ရောက်လာခဲ့သည်. အခုတော့ အင်ပါယာဘုရင်မင်းမြတ်က တုမင်ယွဲ့ပျောက်ဆုံးသွားတာကို သတိထားမိသွားပါပြီ. လက်ရှိလောလောဆယ်တွင် သူက စာဖတ်ခန်းထဲတွင် မင်းသမီး၏လုံခြုံရေးအတွက် တာဝန်ရှိသော ကိုယ်ရံတော်အားလုံးကို ဆူပူကြိမ်းမောင်းလို့နေသည်. လင်ရှန်းရောက်ရှိလာကြောင်းကို တွေ့မြင်လိုက်ရတော့ သူ့ကိုပိုလို့တောင် ဒေါသအရှိန်အဟုန်မြင့်လို့သွားစေခဲ့သည်. သူက သူ့ရဲ့စာရွက်စာတမ်းတွေကို အောက်သို့ပစ်ပေါက်ချလိုက်ပြီးတော့ ကျယ်လောင်စွာဖြင့်အော်ဟစ်လိုက်ခဲ့သည်. –


" ကြင်ယာတော်မင်းသားတစ်ယောက်ဖြစ်ပြီးတော့ မင်းက မင်းသမီးကိုတောင်မှ မကာကွယ်နိုင်ဘူးလား၊ ဘာလို့ငါက မင်းလို သမက်တော်တစ်ယောက်မျိုးကို လိုနေဦးမှာလဲ"


အင်ပါယာဘုရင်ကြီးကို ယခုလိုပြင်းပြင်းထန်ထန်မြင်လိုက်ရတာကတော့ လင်ရှန်းအတွက်တော့ ပထမဆုံးအကြိမ်ပင်. သူမ ဘယ်လိုတုံ့ပြန်လိုက်ရမှန်း မသိခဲ့ပေ။


ထိုအချိန်တွင် တုဟောင်က ဝင်ပြီးပြောလိုက်သည်.- "ခမည်းတော် ကျေးဇူးပြုပြီးတော့ ကြင်ယာတော်မင်းသားကို အပြစ်မတင်လိုက်ပါနဲ့ဦးလား၊ သားတော်တို့တတွေ သောက်စားပျော်ပါးစရာလေးတွေရှိနေတာကြောင့် သားတော်နဲ့အတူတူ ရက်ကြာကြာနေဖို့ သူ့ကို သားတော်ပဲ ပြောလိုက်တာပါ. ဒါကြောင့်ပဲ သူက ညီမတော်ကို မကာကွယ်လိုက်နိုင်တာပါပဲ."


အင်ပါယာက သူ့သားတော်က ဝင်စွက်ဖက်လိုက်ခဲ့မယ်လို့ မထင်ထားခဲ့ပေ. သူက ဒေါသတွေပိုထွက်သွားခဲ့ပြီးတော့ -


"ခမည်းတော်က သူ့ကို မှားယွင်းပြီး အပြစ်တင်နေတာလို့ မင်းကပြောချင်နေတာလား"


"ဒီသားတော်က ခမည်းတော်ကို အဲလိုမျိုးရည်ရွယ်တာမဟုတ်ပါဘူး.. သားတော်က လတ်တလောအနေနဲ့ဘယ်သူက တာဝန်ရှိတယ်ဆိုတာကိုပဲ ဘေးဖယ်ထားစေချင်တာပါ.. လောလောဆယ် အရေးကြီးဆုံးအရာက ညီမတော်ကို ရှာဖွေဖို့ပါပဲ...ပြီးတော့ ကြင်ယာတော်မင်းသားကို သူ့ရဲ့ပြစ်မှုအတွက် ပြန်ဖာထေးဖို့ အခွင့်အရေးတစ်ခုပေးလိုက်ပါ" တုဟောင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ကာပြောလိုက်လေသည်။


"သူ့ရဲ့အပြစ်အတွက် ပြန်ဖာတေးခိုင်းရမယ်..ဪ.. အင်ပါယာက အေးစက်စက်ရယ်မောလိုက်သည်. "ကောင်းပြီ.. ငါကိုယ်တော် က မင်းကို အခွင့်အရေးပေးလိုက်မယ်.. စုန့်လောင်...ငါကိုယ်တော်အမိန့်ကို လက်ခံလိုက်စမ်း!"


"ငါကိုယ်တော် မင်းကို မင်းသမီးကိုရှာဖို့ အချိန်ဆယ်ရက်ပေးလိုက်မယ်.. တကယ်လို့ မရှာနိုင်ခဲ့ဘူးဆိုရင်တော့ မင်း ပြန်လာစရာမလိုဘူး!"


လင်ရှန်းတစ်ယောက်အရမ်းစိတ်လှုပ်ရှားသွားခဲ့တော့တယ်. သူမက ငိုတောင်ငိုချမိမတတ်ပင်.


'အင်ပါယာ ရှင်က တကယ်ကိုပဲ ဉာဏ်ပညာရှိလွန်းအားကြီးပါတယ်! ပြန်လာဖို့မလိုတော့ အရမ်းကောင်းတာပေါ့! သေချာပေါက်ကို ကျွန်မက လုံးဝကိုပြန်လာမှာမဟုတ်ဘူး။'


ပြီးနောက်တွင် အင်ပါယာဘုရင်မှ သူ့ရဲ့နောက်ထပ်စာကြောင်းကထပ်မံပြီးတော့ဖြည့်ပြောလိုက်သည်..- "မင်းလည်း ပြန်လာစရာမလိုဘူး.. မင်းရဲ့အဖေရော မင်းအမေနဲ့အကိုလည်းပဲ ပြန်လာစရာမလိုဘူး.. မင်းသမီးကို ရှာတွေ့တဲ့နေ့က မင်းတို့တစ်မိသားစုလုံးပြန်လာနိုင်တဲ့နေ့ပဲ"


လင်ရှန်းခမျှာ မလှုပ်မလျက်ဖြင့် ကျောက်ရုပ်ဖြစ်သွားမတတ်ပင်. 'အင်ပါယာ ရှင်က အရမ်းရက်စက်လွန်းအားကြီးတာပဲ!


ထိုအခိုက်တွင် တုဟောင်က ရုတ်တရက်ဝင်ပြောလိုက်သည်.- " ဒီသားတော်ကလဲ ကြင်ယာတော်မင်းသားနဲ့အတူ မင်ယွဲ့ရှိနေတဲ့နေရာကို ကူညီပြီးရှာပေးဖို့ ဆန္ဒရှိကြောင်းပါ"


"ကောင်းပြီလေ၊ ကြင်ယာတော်မင်းသားနဲ့သားတော်ရဲ့ ခင်မင်ရင်းနှီးမှုက ဒီလောက်ရင့်သန်လိမ့်မယ်လို့ ခမည်းတော်မသိခဲ့ဘူးပဲ.၊ တကယ်လို့ ဒီကိစ္စတွေက ဒီလိုဆိုတော့လဲ.........လာကြစမ်း..


အစေခံတွေ!"


လိန်ဖန်က တခါးဝတွင် စောင့်ဆိုင်းနေခဲ့သည်. သူက ချက်ချင်းပင် အထဲရောက်လာခဲ့ပြီးတော့ ဒူးထောက်ချလိုက်ကာ လင်ရှန်းကို ခေတ္တခဏကြည့်လိုက်ခဲ့ပြီးတော့ အင်ပါယာကိုပြောလိုက်သည်.- "ကျွန်တော်မျိုး အရှင်မင်းမြတ်အတွက် ဘာများလုပ်ဆောင်ပေးရပါမလဲ အရှင်မင်းမြတ်ခင်ဗျား"


"လိန်ဖန်.. မင်းက တော်ဝင်စစ်တပ်ကိုဦးဆောင်ပြီးတော့ အိမ်ရှေ့စံမင်းသားနဲ့ကြင်ယာတော်မင်းသားနဲ့အတူတကွ မင်းသမီးရှိနေတဲ့နေရာကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာ အလားတူလုပ်ဆောင်စေဖို့ ငါကိုယ်တော် မင်းကိုမိန့်ကြားလိုက်မယ်၊ မင်းက မင်းသမီးရဲ့လုံခြုံမှုအတွက် မင်းသေချာအောင်လုပ်ဆောင်ရမယ်၊ အမှားအယွင်းရှိတာကို လက်သင့်မခံနိုင်ဘူး"


"ဒီငယ်သား အရှင့်ရဲ့အမိန့်တော်ကို လိုက်နာပါ့မယ်"


ဒီလိုနဲ့ပင် မင်းသမီးရဲ့တည်နေရာကိုရှာဖွေတဲ့အလုပ်က လင်ရှန်း..လိန်ဖန်နဲ့တုဟောင်တို့အပေါ်ကို ကျရောက်လာတော့တယ်. လင်ရှန်းက ထွက်ပေါ်လာတဲ့ရလဒ်ကြောင့် အလွန်ပင်အံ့အားသင့်လွန်းနေခဲ့သည်. သူမစာကြည့်ဆောင်က ပြန်လာတဲ့အခါမှာတော့ သူမ စိတ်ပြန်အေးသွားရတော့တယ်. တစ်ချိန်တည်းမှာပဲ သူမစိတ်သောကလဲရောက်နေခဲ့သည်. ပထမ..အင်ပါယာက တုမင်ယွဲ့ကိုရှာဖို့ သူမကို အချိန်ဆယ်ရက်ပေးလိုက်သည်. ဒုတိယကတော့ ယောက်ျားနှစ်ယောက်က အစောလေးကပင် တိုက်ပွဲတစ်ခုဆင်နွှဲနေရာမှ သူမကိုကူညီဖို့ အဆိုပြုခဲ့ကြ​ေလသည်. သူတို့တွေရေရှည်ရော အဆင်ပြေနိုင်ပါ့မလား။


မျှော်လင့်ထားသလိုပါပဲ.. တုဟောင်က စာကြည့်ဆောင်က ပြန်လာသည့်အခါတွင် သူကလုံးလုံးလျားလျားပင် လိန်ဖန်ကို မသိကျေးကျွန်ပြုပြီးတော့ လင်ရှန်းကိုပဲ တစ်သီးတစ်ခြားစကားလှမ်းပြောလိုက်တယ်.._ "ဘာမှမစိုးရိမ်နဲ့.၊ ငါ မင်းကိုကူပြီးတော့ မင်ယွဲ့ကို ရအောင်ရှာပေးပါ့မယ်" သူ့အသံက ယုံကြည်မှုတွေပြည့်နှက်လို့နေသည်။


လင်ရှန်းက တုဟောင်ရဲ့ကြီးစွာသောပြောင်းလဲမှုကို နားမလည်နိုင်ခဲ့ပေ. ပြီးတော့လဲ အင်ပါယာရှေ့မှောက်တွင် သူမအပေါ် ဝင်ကာပြီးပြောပေးတာတင်သာမက အခုလိုမျိုးစိတ်လိုလက်ရ သူမကိုလာကူညီပေးနေတာကိုလဲ နားမလည်ခဲ့ပေ. သူ့အပေါ်မှာ သူမ ဘယ်လိုအမူအရာအပြုအမူမျိုးထားရှိသင့်လဲဆိုတာ သူမလည်း မသိ​တော့


ေပ။ သူမ ခဏလောက်စဉ်းစားလိုက်ပြီးတော့ သူမ လေသံခပ်တိုးတိုးဖြင့် ပြောလိုက်တယ်.- "ကျေးဇူးပဲ"


" မင်း ငါ့ကို ကျေးဇူးတင်ဖို့မလိုဘူး" တုဟောင်က လင်ရှန်းကို ငေးမောကြည့်လိုက်ခဲ့သည်. ပြီးနောက် လိန်ဖန်ကိုတော့ တိုက်ခိုက်ချင်သည့်အကြည့်တစ်ခုပေးလိုက်ပြီးတော့ အဆိုပြုလိုက်သည်..-" ငါ မင်းအပေါ်မှာ ဘာလုပ်ခဲ့လဲဆိုတာကိုပဲ မင်းမှတ်မိနေတာကိုပဲ ငါလိုချင်တယ်" ပြီးနောက်ချက်ချင်းပင် နောက်ကိုလုံးဝ ပြန်လှည့်မကြည့်ဘဲနဲ့ ထွက်သွားလိုက်ခဲ့သည်။


လင်ရှန်းက ရိုးသားစွာပင် တုဟောင်ရဲ့စိတ်ထဲတွင် ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်ခဲ့ပေ. ထိုအခိုက်တွင် လိန်ဖန်က သူမဆီကိုလျှောက်လာပြီးတော့ ပြောလိုက်သည်..-" မနက်ဖြန်ကျရင် ငါတို့ရှာရမယ့်လမ်းကြောင်းကို စီစဉ်လိုက်မယ်"


လိန်ဖန်ကို မတွေ့ရသည်မှာ ဒီလောက်အချိန်အကြာကြီးနေခဲ့ရတော့ လင်ရှန်းမှာ သူ့ကိုပြောပြချင်နေတဲ့ အကြောင်းအရာတွေ အများကြီးရှိနေခဲ့သည်. သို့သော်လည်း အခြေအနေက အရေးပေါ်ဖြစ်နေခဲ့တော့လဲ သူမမှာ ရွေးချယ်စရာမရှိဘဲ သူမစိတ်ခံစားချက်တွေကို ဘေးသို့ ပို့ထားလိုက်ရသည်. အဲဒီအစား သူမကမေးလိုက်တယ်.- "ကျွန်မကရောဟင်။ ကျွန်မကရော ဘာကူညီပေးရအုံးမလဲ။"


"မင်းကလား" လိန်ဖန်က သူမကို ဂရုတစိုက်ကြည့်ရှုလိုက်တော့ သူမရဲ့ မျက်လုံးနက်နက်တွေက မှေးမှိန်ပြီးတော့ ညိုးရော်နေတာကိုတွေ့လိုက်ရသည်. သူမက တစ်ရက်တည်းမှာပင် အများကြီးကိုတစ်ခါတည်းနဲ့တွေ့ကြုံလိုက်လို့ဆိုတာကြောင့်ဆိုတာ ရှင်းလင်းနေသည်. သူမ ဆံပင်နွယ်လေးကို ဘေးဘက်ကို သပ်တင်ပေးလိုက်ပြီးတော့ သူ ညင်သာပျော့ပျောင်းစွာဖြင့် ပြောလိုက်သည်.- "သွားအိပ်လိုက်တော့၊ နေထွက်လာရင် ငါတို့တွေ အလုပ်များလိမ့်မယ်"


လိန်ဖန်ရဲ့ထိတွေ့လိုက်မှုက နွေးထွေးလို့သွားသည်. အဲဒါက သူမနှလုံးသားကို စိတ်အေးချမ်းသွားအောင် လုပ်ဆောင်နိုင်တဲ့ ပုံမှန်မဟုတ်သည့်စွမ်းရည်တစ်ခုရှိနေခဲ့​ေပသည်. လင်ရှန်းက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးတော့ သက်ပြင့်သဲ့သဲ့ချလိုက်ကာ- 'တုမင်ယွဲ့.. ဪ..တုမင်ယွဲ့... နင်ဒီနေရာမှာရှိနေခဲ့တဲ့အချိန်တုန်းကလဲ လူတိုင်းက


နင်မရှိသလိုမျိုး နေ နေကြတယ်... အခုနင်က ပျောက်သွားတယ်....နင်သာ အသက်ရှင်လျက်မရှိရင်တော့လား ငါတို့အားလုံးကလဲ အသက်ပျောက်သွားတော့မယ်. နင်ကတော့လေ..တကယ့်ကို တစ်ခုခုပဲ!


********


End....