အပိုင်း(၅၈)
"ဟတ်..ချိုး!" မင်းသမီးတုမင်ယွဲ့ နှာချေချလိုက်ခဲ့သည်။
အိတ်ထုပ်ထဲမှ ရွေ့လျားလိုက်သည့်အသံကိုကြားလိုက်ရတော့ ဟယ်လောင်စန်း စိတ်ထဲတွင် အနည်းငယ်လေးပူပန်လို့သွားခဲ့သည်..'ငါ များ အရမ်းကြမ်းတမ်းလွန်းအားကြီးသွားပြီလား။ မင်းသမီးကိုယ်က အထိခိုက်မခံနိုင်တာပဲကို. သူမ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ'
နန်းတော်နဲ့အတော်ဝေးသည့်နေရာကိုရောက်တော့မှ စိတ်ချရတဲ့နေရာတစ်ခုရှာပြီးတော့ ဖျင်အိတ်ကို ဖွင့်ကာ သူမကို စစ်ဆေးကြည့်လိုက်ဖို့ သူ ဆုံးဖြတ်ခဲ့လိုက်သည်။
သူ ဖျင်ကြမ်းအိတ်ကို ကြိုးဖြေကြည့်လိုက်တော့ သူ့မျက်လုံးများက ပြူးထွက်သွားတော့လေတယ်။
'ဘာလဲဟ? သူ အသက်ကြီးလာပြီးတော့ သူ့မှတ်ဉာဏ် ချွတ်ယွင်းသွားတာများလား။ ဘယ်လိုဖြစ်ပြီးတော့ မင်းသမီးကို သူ မမှတ်မိနိုင်ရမှာလဲ? အိုး မဟုတ်ဘူးဟ! သွားပြီ! သူ လူမှားပြီးတော့ ပြန်ပေးဆွဲလာခဲ့တာပဲ!'
"အတင့်ရဲလိုက်တာ နင်က မင်းသမီးတစ်ယောက်ကိုတောင် ပြန်ပေးဆွဲရတယ်ပေါ့လေ။ နင် သေချင်နေလို့လား။ ငါ နင့်ကို သေအောင်ကိုရိုက်ပစ်လိုက်မယ်!"
တုမင်ယွဲ့က အဆက်မပြတ်ပင် ဟယ်လောင်စန်းကို သတ်ပုတ်ရိုက်နှက်လိုက်ခဲ့သည်. သူမက သူမလက်သည်းတွေနဲ့ သွားတွေကိုတောင် သုံးလိုက်ပြီးတော့ ကုတ်ဖဲ့ခြစ်လိုက်ခဲ့သည်. သူမရဲ့ ဆိုးသွမ်းကြမ်းကြုတ်မှုအစွမ်းပကားကတော့ ပုံမှန်လူတစ်ယောက်နဲ့တောင် နိုင်းယှဉ်ဖို့ရာ မဖြစ်နိုင်ခဲ့ပေ။
ဟယ်လောင်စန်းက သူ လူမှားပြီးဖမ်းလာခဲ့တဲ့မင်းသမီးက ဒီလောက်တောင်မှ ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားခဲ့ပေ. ထပ်ပြီးတော့လဲ သူမက ပုံမှန်ထက်ပင် ဆူညံပွက်လောရိုက်ကာ သောင်းကျန်းနေခဲ့သည်. 'ဒီလိုသာလုပ်နေရင်တော့ ကြာရင် အစောင့်တွေက သူတို့တွေကို ကြားသွားတော့မှာပဲ!' အခြားရွေးချယ်စရာလဲ မရှိတော့ပေ. ဟယ်လောင်စန်းက သူမကို ကရာတေးသိုင်းကွက်သုံးကာ လက်ဝါးစောင်းဖြင့်ရိုက်ချလိုက်ပြီးတော့ သတိမေ့သွားအောင်လုပ်လိုက်ရတော့သည်. တုမင်ယွဲ့က သိုင်းပညာမတတ်မြောက်ထားခဲ့တော့ သူမက အလိုအလျောက်ပင် ခွေယိုင်ကျသွားခဲ့ပြီးတော့ ဟယ်လောင်စန်း၏လက်မောင်းထဲသို့ ပြိုကျလာတော့တယ်။
ဟယ်လောင်စန်းတစ်ယောက် သူ့နှလုံးတစ်ခုလုံးပေါက်ကွဲထွက်သွားတော့မလိုပင် ခံစားလိုက်ရသည်. ဒီမိန်းကလေးက အတော်လေးသောင်းကျန်းတတ်သော်လဲ သူမကိုကြည့်ရတာတော့ အလွန်ပင်လှနေတော့တယ်! သူမကိုကြည့်ရတာက လင်ရှန်းထက်တောင်မှ ပိုကြည့်ကောင်းနေသေးသည်ပဲ။
'အမေရေ! လောကကြီးမှာ ဒီလိုမျိုး ချောချောလှလှ ကောင်မလေးတွေ အများကြီးရှိတာပဲလား'
ဟယ်လောင်စန်း တွေ့ကြုံခဲ့ဖူးတဲ့မိန်းကလေးအရေအတွက်က လက်ချိုးရေလိုက်မယ်ဆိုရင် လက်ဆယ်ချောင်းထက်ပင် နည်းပါသေးတယ်. အခုတော့ မိန်းမလှလေးတစ်ယောက်က သူ့လက်ထဲတွင် ရှိနေခဲ့သည်ပဲ.. သူ့နှလုံးသားလေးက တစ်ဖန်ပြန်လည်ပြီးတော့ မွေးဖွားသန့်စင်လာခဲ့ေတာ့သည်။
'အမေရေ! ထားလိုက်ပါတော့.. ဒီတစ်ယောက်ကမှားယွင်းလာခဲ့တော့လဲ ဒီအတိုင်းပဲထားထားလိုက်ပါ. အနည်းဆုံးတော့ မိန်းကလေးတစ်ယောက်ရှိပြီပဲ! မင်းမှာ အလင်းရောင်မရှိတော့တဲ့အခါကျရင်တော့ သူတို့အားလုံးက အတူတူပဲလို့ ပြောတာပဲမို့လား! ဟယ်လောင်စန်းတစ်ယောက် ပီတိဖြာဝေစွာပြုံးလိုက်တော့တယ်. သူ့ရဲ့အချစ်ဦးဖြစ်တဲ့ လင်ရှန်းကို သူ့နှလုံးသားထဲက ဖယ်ထုတ်ပစ်လိုက်ခဲ့ကာ ဖျင်အိတ်ထဲသို့ တုမင်ယွဲ့ကိုပြန်ထည့်လိုက်ခဲ့ပြီးတော့ နန်းမြို့တော်အပြင်ဘက်သို့ တုမင်ယွဲ့ကို သယ်ဆောင်လာလိုက်တော့လေသည်။
တုမင်ယွဲ့ကို ပြန်ပေးဆွဲတဲ့သူက ဟယ်လောင်စန်းဆိုတာ လင်ရှန်းသူမက လက်ရှိတွင်တော့ ကန့်သတ်ထားတဲ့အချိန်ဆယ်ရက်ကိုပဲ စိုးရိမ်ပူပန်နေခဲ့သည်. တကယ်လို့ သူတို့က မင်းသမီးကို ဆယ်ရက်အတွင်း မရှာနိုင်ခဲ့ရင်တော့ သူမတို့တစ်မိသားစုလုံးကို ဒုက္ခပြဿနာတောထဲကို ဆွဲသွင်းမိရက်သားဖြစ်လိမ့်မည်. ထို့ကြောင့် နေထွက်လာသည့်အခိုက်တွင်တော့ လင်ရှန်းက လိန်ဖန်နှင့် တော်ဝင်စစ်တပ်နှင့်အတူ နန်းတော်အပြင်ဘက်သို့ဦးတည်ထွက်ရန် အဆင်သင့်ဖြစ်လို့နေခဲ့တော့သည်။
နန်းတော်ထဲမှ ထွက်လာခဲ့ပြီးနောက်တွင် လင်ရှန်းနှင့်လိန်ဖန်က လမ်းတွင် တုဟောင်နဲ့ ဝင်တိုးမိလိုက်ကြသည်. တုဟောင်က သူ့ရဲ့လူတွေနှင့်အတူတူရှိနေခဲ့သည်. လေထုက ရုတ်ချည်းပင် အလွန်အံ့အားသင့်စရာကောင်းလာတော့သည်။
"အချိန်ကုန်သက်သာစေဖို့ ငါ ကုဇောင်ကို နန်းမြို့တော်အနောက်ပိုင်းကို ကိုင်တွယ်လိုက်ဖို့ အမိန့်ပေးလိုက်ပြီးသွားပြီ၊ အရာရှိလိန်က တော်ဝင်စစ်တပ်ကို မြောက်ပိုင်းကို ခေါ်သွားသင့်တယ်၊ ကြင်ယာတော်မင်းသားကတော့ ငါ့နဲ့အတူလိုက်ပြီးတော့ အရှေ့ပိုင်းနဲ့တောင်ပိုင်းကို ရှာဖွေလိုက်မယ်၊ အရာရှိလိန်မှာ ဘာများကန့်ကွက်စရာရှိသေးသလဲ" တုဟောင်က မေးမြန်းနေသော်ငြားလဲ သူ့လေသံကတော့ အပြီးသတ်ဆုံးဖြတ်ချက်ကို ချပြီးနေသည့်အတိုင်းပင်။
လိန်ဖန်က ဘာမှပြန်မချေပလိုက်ခဲ့ပေမယ့်လဲ သူက သဘောတူကြောင်းကိုလဲ မပြောခဲ့ပေ. သူက လင်ရှန်းကို စူးစိုက်ကြည့်ပြီးတော့ ပြောလိုက်တယ်. "ကြင်ယာတော်မင်းသား နဲ့ ငါက အတူသွားဖို့ အဖွဲ့ဖွဲ့ပြီးသွားပြီ"
"ဪ အဲလိုလား" တုဟောင်က သူ့မျက်ခုံးတွေကို ပင့်တင်လိုက်ပြီးတော့ လင်ရှန်းကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက်အတူတူပင် သူမဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်. လင်ရှန်းလဲ ပြောစရာစကားမဲ့သွားတော့တယ်။
'ဘာလဲဟ။ ဘယ်လိုလုပ်ပြီးတော့ သူမက အပြီးသတ်ဆုံးဖြတ်နိုင်တဲ့သူတစ်ယောက်ဖြစ်သွားရတာလဲ? တကယ်လို့ သူမက လိန်ဖန်နဲ့သွားလိုက်မယ်ဆိုရင်ရော တုဟောင်က ကျိန်းသေပေါက်ကို မနာလိုဖြစ်လိမ့်မှာပဲ ပြီးတော့ လိန်ဖန်ကို ပိုမျက်မုန်းကျိုးသွားလိမ့်ဦးမယ်၊ ဒါပေမယ့် သူမက တုဟောင်နဲ့အတူတူသွားလိုက်မယ်ဆိုရင်လဲ သူမအပေါ်သူ နောက်ထပ်လှုပ်ရှားလာလိမ့်မလားဆိုတာ ဘယ်သူကသိနိုင်မှာတဲ့လဲ။ အရမ်းအန္တရာယ်များလွန်းတယ်!'
လင်ရှန်းက ခဏလောက်စဉ်းစားတွေးတောလိုက်ခဲ့ပြီးတော့ မျက်လုံးတွေက လက်ခနဲဖြစ်သွားကာ.- "ငါ သိပြီ!! မင်းတို့နှစ်ယောက် တစ်ဖွဲ့ ဖွဲ့လိုက်မယ်ဆိုရင်ရောဘယ်လိုလဲ ငါက ငါ့ဘာသာငါပဲသွားလိုက်တော့မယ်"
"မရဘူး!" နှစ်ဦးသားက တစ်ပြိုင်နက်တည်း ညီတူညီညာ အသံထွက်သွားတော့လေတယ်။
ဒီလိုမျိုးထိလွယ်ရှလွယ်နိုင်သော အခိုက်အတန့်တွင် နောက်ထပ်အသံတစ်သံကို ကြားလိုက်ရေလသည်. "ကျွန်တော်ကတော့ ကြင်ယာတော်မင်းသားရဲ့စိတ်ကူးက အတော်ကောင်းတယ်လို့ထင်တယ်" အသံက ၃၀ရာခိုင်နှုန်းက ရယ်မောသံပါပြီးတော့ ၇၀ ရာခိုင်နှုန်းက ညို့ဓာတ်ပါနေသည်. ဘယ်သူလဲဆိုတာတော့ သိသာထင်ရှားလို့နေသည်။
ဟုတ်ပါတယ်. ထိုအသံပိုင်ရှင်ကတော့ တတိယမင်းသား တုဂျင်ပင်!
လင်ရှန်းက သူမစိတ်ထဲတွင် အလွန်တရာပင် မူမမှန်သလိုခံစားလိုက်ရသည်. တုဂျင်က ဘာဖြစ်လို့ လာရောနေရတာလဲ။ ဒါပေမယ့် ဒီအချိန်ခိုက်တွင် သူပြောလိုက်သည့်ပုံက သူမကို ဒီလိုခက်ခဲတဲ့အခြေအနေထဲကနေပြီး လွတ်မြောက်သွားဖို့ ပိုလွယ်သွားအောင်လုပ်လို့နေလေသည်. "တတိယမင်းသားပြောတာမှန်တယ်၊ မင်းတို့တွေ တစ်သင်းဖွဲ့လိုက်တော့ ငါကတော့ ငါ့ဘာသာငါပဲ ရှာမယ်!"
"ကြင်ယာတော်မင်းသားတစ်ယောက်တည်း ရှာရမယ်လို့ ဘယ်သူပြောလို့လဲ? တုဂျင်က ပြုံးလိုက်သည်. "ကြင်ယာတော်မင်းသား မင်းမှာ ကျွန်တော်ရှိတယ်လေ၊ ကျွန်တော့်မှာ စစ်တပ် လဲမရှိဘူး ကိုယ်ပိုင်ကိုယ်ရံတော်လဲ ကျွန်တော်နဲ့အတူ မရှိဘူး ဒါပေမယ့် ကျွန်တော် အစ်ကို့ကို ကူညီပေးနိုင်သေးပါတယ်၊ အစ်ကိုရောအဲလို ပြောနိုင်တယ်မို့ဘူးလား ကြင်ယာတော်မင်းသား"
တုဂျင်က သူ့မျက်လုံးတွေကို မှေးစင်းလိုက်ပြီးတော့ စဉ်းလဲစွာပြုံးလိုက်တယ်. သူ့ကိုကြည့်ရတာတော့ ချောင်းမြောင်းနေတဲ့ အလစ်သုတ်သမားတစ်ယောက်လိုမျိုးပင်။
သို့သော်လည်း လင်ရှန်းကတော့ ဘာမှဂရုမစိုက်နိုင်တော့ပေ. လက်ရှိအခြေအနေပေါ်မူတည်လိုက်တော့ တုဟောင်နဲ့ လိန်ဖန်ကို ရွေးချယ်နေရတာထက်စာရင် အကြံစည်သမားနဲ့ အတူရှိနေရတာက ပိုကောင်းနေတာပဲလေ. ထို့ကြောင့် သူမက အံကြိတ်လိုက်ပြီးတော့ ပြောလိုက်တော့တယ်။
-'' ဒါဆို ဆုံးဖြတ်လိုက်ပြီ၊ ငါက တတိယမင်းသားနဲ့ တစ်သင်းဖွဲ့လိုက်တော့မယ်!"
လင်ရှန်းက တုဂျင်နဲ့ပြဿနာတကယ်ရှိနေသော်လည်း အနည်းဆုံးတော့ တုဂျင်က မင်းသားတစ်ပါးပဲ မဟုတ်ပေဘူးလား. တကယ်လို့ သူမ က သူ့ကို ရွေးလိုက်တယ်ဆိုရင်တောင်
တုဟောင်နဲ့နှစ်ယောက်တည်းလည်းအတူရှိစရာမလိုတော့ဘူး ပြီးတော့ သူမက လိန်ဖန်ကို အိမ်ရှေ့စံမင်းသားနဲ့ ပြဿနာတွေအရှည်ကြီး ထပ်တက်စရာမလိုအောင် တားဆီးလို့ရသည်ပဲ. သူမမှာပဲ အကောင်းဆုံးနေရာအနေအထားမှာဘဲ မရှိတာပဲ ဖြစ်နိုင်မှာပါ. ဒါပေမယ့်လဲ အဲဒါက အကောင်းဆုံးရွေးချယ်မှုပဲ...
နို့မဟုတ်ရင်တော့ သူမ ခေါင်းစားနေရလိမ့်မှာပဲ။
သူတို့တွေက အနည်းငယ်လောက် လမ်းအတူလျှောက်လာချိန်တွင် ရုတ်တရက်ကြီး တုဂျင်က လမ်းမတွေပေါ်က ဈေးရောင်းနေတဲ့ ခေါင်းရွက်ဖျက်ထိုး ဆိုင်ခန်းငယ်လေးကနေ ဆံထိုးတွေကို ကြည့်ပြီး ကောက်ယူရွေးချယ်လို့နေသည်။
တုဂျင်ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ တန်ဖိုးကြီးမားလှတဲ့ ပန်းထိုးအထည်တွေကို မြင်လိုက်သည့်အခိုက်တွင် ဈေးသည်အချောင်သမားရဲ့မျက်လုံးတွေက လက်ခနဲဖြစ်သွားသည်. မုဆိုးက တောဝက်တစ်ကောင်ကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုက်ရသလိုမျိုးပင်. သူက တုဂျင်ကိုင်ထားတဲ့ ဆံထိုးကို ချီးမွမ်းထောပနာတွေ ထပ်တလဲလဲတွေပြုနေတာလဲ မရပ်တန့်တော့ချေ။
"ဒီကသခင်ကြီးက ပစ္စည်းကောင်းကို သေချာသိနေတာကိုး၊ ဒီဆံထိုးက ဂျပန်ကနေလုပ်ထားတာပါခင်ဗျ! အဲဒါက ကျောက်စိမ်းဖြူနဲ့လုပ်ထားတာခင်ဗျ. သူ့ရဲ့အရည်အသွေးကိုလဲ ကြည့်ပါအုံးခင်ဗျား၊ အရောင်ကိုလဲ ကြည့်ပါအုံးခင်ဗျား!! ဒီဆံထိုးလေးက ငွေပြားတွဲ သုံးဆယ်ထဲပါပဲ!"
'ဘာ? ငွေပြားတွဲသုံးဆယ် ဟုတ်လား' လင်ရှန်း သွေးတစ်ပွက်ပင် အန်ထုတ်မိမတတ်ဖြစ်သွားရသည်. ဝူလျန်ဂျီကအင်ပါယာကို လူငှားသတ်ခိုင်းတုန်းက လူသတ်သမားကို ငှားရမ်းတာတောင် ငွေပြားတွဲနှစ်ဆယ်ပေးပြီး ငှားရတာလေ. ရှင်က ဒီလိုဈေးပေါပေါသောသော ဆံထိုးကို ငွေပြားတွဲသုံးဆယ်နဲ့ လာရောင်းထွက်ဖို့ ကြိုးစားနေတာလား? အဲဒါက အင်ပါယာရဲ့အသက်ထက် ပိုပြီးတော့ အဖိုးထိုက်တန်တာပဲနော်!'
ဒီအချောင်သမားက ရိုးသားတဲ့သူမဟုတ်ဘူးဆိုတာ လင်ရှန်းသိလိုက်ရပါပြီ. သူမကလဲ မင်းသမီးကိုရှာနေရတာနဲ့ စိတ်ရှုပ်သွားကာ လှည့်ထွက်သွားလိုက်တော့တယ်. သို့သော်လည်း တုဂျင်က သူမကို တားလိုက်ခဲ့သည်. ဒီကောင်လေးချောချောလေးကို လျော့မတွက်လိုက်ပါနဲ့ဦး ..သူက အမှန်တကယ်ပင် အတော်လေး သန်မာပေသည်ပဲ. တုဂျင်က လင်ရှန်းကို နောက်ပြန်ဆုတ်ပါနိုင်အောင် လွယ်လင့်တကူပင် ဆွဲလိုက်နိုင်ခဲ့သည်။
"အရမ်းအလျင်မလိုပါနဲ့ဦးလား အကိုတော်၊ ကျွန်တော်ထင်တာတော့ ဒီဆံထိုးက အတော်လေးကောင်းပါတယ်. ကျွန်တော်တို့ မသွားခင် အဲဒါကို ဝယ်လိုက်ဦးမယ်", သူ့ပိုက်ဆံအိတ်ကို ထုတ်လိုက်ရင်း တုဂျင်က အေးအေးဆေးဆေးပင် အဆိုပြုလိုက်ခဲ့သည်။
'ဘာ? ရှင်က ဝက်တစ်ကောက်လို တုံးတာပဲလား'
တုဂျင်ရဲ့လက်ထဲက ငွေချတ်လက်မှတ်တွေကို တွေ့လိုက်တော့ ဈေးသည်အချောင်သမားရဲ့မျက်လုံးတွေက တလက်လက်တောက်ပလာတော့သည်. သူက ချတ်လက်မှတ်တွေအပေါ်ကို လက်လှမ်းလိုက်တော့ ချတ်လက်မှတ်တွေက အကြမ်းပတမ်းပင် သူ့ရဲ့အဝေးကိုယူဆောင်သွားခြင်းခံလိုက်ရတော့သည်။
" ဒီချာတူးလန်ဆံထိုးက ငွေပြားတွဲသုံးဆယ်တောင်ပေးရတာမဟုတ်လား? မင်းက ဝက်တစ်ကောင်လား? အဲဒါက အဲလောက်မတန်ဖူးဆိုတာ မင်းမပြောနိုင်ဘူးလား" လင်ရှန်းက တုဂျင်ကို ဟောက်ပစ်လိုက်သည်. သူမလက်ထဲက
ချတ်လက်မှတ်ကို ကိုင်ထားလိုက်ပြီးတော့ ဈေးသည်အချောင်သမားကို ညစ်ပတ်လိုသော အကြည့်တစ်ချက်ပေးလိုက်ကာ.- "တစ်ခွန်းဈေးပဲ . ငွေနှစ်ဆယ်စပဲပေးမယ်!"
'ငွေနှစ်ဆယ်စ....တဲလား။ ဈေးသည်အချောင်သမားရဲ့မျက်နှာက အညိုရောင်သို့ပြောင်းသွားတော့တယ်. ခဏလောက်ကြာတော့ သူက ပြန်ပြောလိုက်လေတယ်.- "အမ်.....ဒီကသခင်ကြီး....ဒီဟာက..ထိပ်ဆုံး....."
"ဂျပန်ကျောက်စိမ်း မဟုတ်လား?" လင်ရှန်းက သူပြောမည့်စကားကို ဆက်ပြောပေးလိုက်တယ်. " ငါ နောက်ထပ် ငါးပြားထပ်ပေါင်းပေးလိုက်မယ်၊ တကယ်လို့ မင်း အဲဒါကိုတောင် မလိုချင်ဘူးဆိုရင် အရမ်းများသွားပြီေနာ်၊ သွားစို့!" ပြီးနောက် လင်ရှန်းက တုဂျင်ကို ဆွဲခေါ်လိုက်ကာ ထွက်သွားရန်ပြင်လိုက်သည်။
ဈေးသည်အချောင်သမားက အရှုးအမူးဖြစ်သွားပြီးတော့ ကမန်းကတမ်းပြောလိုက်သည်.- "နေပါဦး! ကျေးဇူးပြုပြီးတော့ နောက်ထပ်ဆယ်ပြားလောက်ပဲ ထပ်တိုးပေးပါလားဗျာ၊ အရောင်းအဝယ်ဖြစ်ဖို့ မလွယ်လို့ပါခင်ဗျား!"
လင်ရှန်းက ရပ်တန့်လိုက်ပြီးတော့ နောက်ပြန်လှည့်လိုက်ကာ.._ "ငါးပြားပဲ"
"ရှစ်ပြား"
"ခြောက်ပြား"
ဈေးသည်အချောင်သမားလဲ အံတင်းတင်းစေ့လိုက်ပြီးတော့ "ကောင်းပါပြီ..ကောင်းပါပြီခင်ဗျာ၊ ယူလိုက်ပါတော့! အား.......တော်တော် ဆိုးရွားလိုက်တဲ့ ညှိနိုင်းဈေးဗျာ...."
ဒီလိုမျိုးနဲ့ပင် ဆံထိုးတစ်ချောင်းက ကနဦးငွေပြားတွဲသုံးဆယ်ကျသင့်ရမည့်အစား ငွေစ သုံးဆယ့်တစ်စတည်းဖြင့် အဆုံးသတ်သွားခဲ့တော့သည်. သူတို့တွေ ငွေပေးချေစဉ်တွင် လင်ရှန်းက မျက်နှာပြောင်ပြောင်ပင် လမ်းဘေးဈေးသည်ကို အကြွေစေ့သုံးဆယ့်တစ်ပြားပေးချေလိုက်ပြီးတော့ သူတို့အတွက် နည်းပါးလှသောအကြွေစေ့တစ်ပြား အယုံသွင်းပိုပေးလိုက်ခဲ့သည်. လမ်းဘေးဈေးသည်က သူ့(လင်ရှန်း)ကို အဖိုးဟုခေါ်၍ပင် ဒူးထောက်ချလိုက်တော့လေသည်။
လင်ရှန်းက တုဂျင်ကို ဆံထိုးပေးလိုက်တဲ့အခါမှာတော့ သူမထင်တာက သူတော့ အခုဆို အဆင်ပြေလိမ့်မည်ဟု ထင်လိုက်ခဲ့ပြီး တုမင်ယွဲ့ကို ရှာဖို့ရာ ဆက်သွားလိုက်သည်. သို့သော်လည်း အဲဒီအစား တုဟောင်က ဆံထိုးကို ရပြီးချိန်တွင် သူက ပေါ့ပါးစွာဖြင့် အောက်သို့ ပေါက်ပစ်လိုက်ခဲ့သည်. ဆံထိုးက ပြာမှုန်တစ်စလိုမျိုး လေထဲတွင် ဝေ့ခနဲမြှောက်သွားကာ ပတ်ချာလည်သွားခဲ့ပေမယ့် မြေကြီးနဲ့ထိတွေ့လိုက်တဲ့အခါ မှာတော့ ကွဲကြေသွားခဲ့ပြီး အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။
တုဂျင် ဒီလိုမျိုးလုပ်လိုက်မယ်လို့ လင်ရှန်း မထင်ထားခဲ့ပေ. သူမက ကြောင်တောင်တောင်ဖြစ်သွားတော့တယ်. ထိုအခိုက်တွင် တုဂျင်က လင်ရှန်းအနီးကို ချည်းကပ်လာခဲ့သည်။ သူက သူ့လက်နှစ်ဖက်ကို အလွန်ကိုရင်းနှီးပွင့်လင်းသော အပြုအမူတစ်ခုဖြင့် သူမပုခုံးတွေပေါ်သို့ တင်လိုက်ခဲသည်.လင်ရှန်းက ဆွဲဖယ်ဖို့ရုန်းလိုက်ပေမယ့် အဆုံးတွင် သူ့အား လှုပ်တောင်မလှုပ်နိုင်ခဲ့ပေ။
"အစ်ကို၊ ကျွန်တော် ဘာလို့ဒီလိုလုပ်လိုက်လဲဆိုတာ သိလား? သူ့အသံက ဗလုံဗထွေးဖြစ်လို့နေသည်. တုဂျင်ပြောလိုက်တဲ့စကားတွေက နားထောင်သူကို ထုံကျင်သွားစေအောင် ခံစားမိစေသည်. လင်ရှန်း စိတ်ထဲတွင် အလွန်ကို မူမမှန်သလို ခံစားလိုက်ရသည်။
"ရိုးရိုးသားသားပြောရရင် ဆံထိုးရဲ့တန်ဖိုးက သူ့အရောင်အသွေးနဲ့ စံနှုန်းပေါ်ကို မူတည်ပြီးဆုံးဖြတ်လိုက်တာမဟုတ်ဘူး၊ အဲဒါက လူပေါ်ကို မူတည်လိုက်တာပဲ၊ တကယ်လို့ ကျွန်တော်က အဲဒါကို ငွေပြားတွဲသုံးဆယ်တန်တယ်လို့ ပြောလိုက်ရင် အဲဒါက ငွေပြားတွဲသုံးဆယ်ပဲလေ၊ တကယ်လို့ ကျွန်တော်က အဲဒါကို အကြွေစေ့တစ်စေ့လောက်တောင် အဖိုးမတန်ဘူးတွေးလိုက်မယ်ဆိုရင်တော့ ကျွန်တော် အဲဒါနဲ့ ဘဝတွေကို ဖျတ်လို့ဖျတ်စီးလုပ်ပစ်လိုက်နိုင်တယ်၊ ဘာမှမပြောနိုင်တော့ဘူးမို့လား...စုန့်.." တုဂျင်မျက်နှာပေါ်က အပြုံးက စုန်းစုန်းပျောက်ကွယ်သွားပြီးတော့ သူက နောက်ဆုံးစကားနှစ်ခွန်းကို ပြောလိုက်တယ်.." "အမျိုးသမီးလေး"
*********
End.....