အပိုင်း(၅၉)
ရုတ်တရက်ကြီး သူမကိုယ်တစ်ကိုယ်လုံး မိုးကြိုးပစ်ချခံလိုက်ရသလို တုန်လှုပ်လိုက်သည့်အချိန်တွင်တော့ တုဂျင်ရဲ့ဖမ်းဆုပ်ကိုင်ထားခြင်းမှ ရုန်းထွက်ဖို့ လင်ရှန်း ကြိုးပမ်းလိုက်သည်။
'ဘယ်လို..... သူဘယ်လိုလုပ် ရှာတွေ့သွားလိုက်တာလဲ?'
လင်ရှန်းစိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားသည်တွင် တုဂျင်က သူ့ရဲ့ပြုံးနေတဲ့မျက်နှာထားက ပြန်လည်တည်ငြိမ်သွားသည်. သူက ပုံမှန်လိုပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်- "အားရီ.. ကျွန်တော်တို့တွေ တစ်နေရာလောက်ရှာလိုက်ရင်ကောင်းမယ်နော်၊ ကျွန်တော် ပင်ပန်းနေသလို ခံစားနေရတယ်၊ ဟင်္သာပြဒါးကွေးအိမ်တော်မှာ ဘာလို့သွားမသောက်ရမှာလဲ။ ကျွန်တော်ပဲ အကုန်ကျခံပါ့မယ်" သူကရယ်ရယ်မောမောနဲ့ပဲ လင်ရှန်းကို သူနဲ့အတူ ဒရွတ်တွဲဆွဲခေါ်သွားလိုက်သည်။
အရင်တုန်းကတည်းက တစ်ခါမှကို လင်ရှန်း ဒီလောက်ထိဒေါသမထွက်ခဲ့ရဘူးပေ. တုဟောင်က သူမပုံရိပ်အစစ်မှန်ကို ရှာတွေ့ထားတော့ေရာ ဘာဖြစ်သေးလဲ သူမမှာ စိုးရိမ်ပူပန်မှု မဖြစ်ခဲ့ပေ. ဒါပေမယ့် ဒီနေ့ တတိယမင်းသားရဲ့ ညူတူတူမျက်နှာပေးကိုတွေ့နေရတာက သူမအရင်တုန်းက တစ်ခါမှမတွေ့ကြုံးဖူးဘူးတဲ့ အကြောက်တရားတစ်ခုကို လင်ရှန်းခံစားလိုက်ရသည်။
သူမက မိန်းကလေးတစ်ယောက်ဖြစ်မှန်း သူဘယ်လိုရှာတွေ့သွားတာလဲ။ ဘယ်အချိန်ကတည်းက သူရှာတွေ့သွားတာလဲ? ဘာ့ကြောင့် သူက သူမလျို့ဝှက်ချက်ကို သူများတွေကို မပြောပြရတာလဲ။ သူ့ရဲ့ လှုပ်ရှားကွက်က ဘာများဖြစ်လိမ့်မလဲ'
လင်ရှန်း သူမစိတ်ထဲတွင် မေးခွန်းများဖြင့် သံသရာလည်နေတော့သည်. သူမ သိတဲ့နောက်ထပ်အရာကတော့ သူတို့တွေ ဟင်္သာပြဒါးကွေးအိမ်တော်ကို ရောက်နေပြီဆိုတာပါပဲ။
အမျိုးသမီးတွေက ချမ်းသာတဲ့ လူကုံတန်တွေကို မြင်လိုက်ရုံနဲ့တင် သူတို့နှစ်ယောက်ပတ်လည်တွင် အပြုံလိုက်ကြီး စုပြုံလို့လာကြတာက ရေတစ်စက်မှထွက်မကျသွားနိုင်တဲ့အထိပင် အတင်းတွယ်ကပ်နေခဲ့ကြသည်. တတိယမင်းသားရဲ့နာမည်ကိုခေါ်ဆိုပြီးတော့ ဘေးဘယ်ညာတွင် အလွန်အမင်းတဟီးဟီးတဟားဟားဖြင့် ပရောပရည်အမူအရာတွေလုပ်ပြနေကြသည်. လင်ရှန်းက မျက်ခုံးတွန့်သွားခဲ့ပေမယ့် ဘာစကားတစ်ခွန်းမှတော့ မပြောလိုက်ခဲ့ပေ။
'သူ ငါ့ဆီက ဘာကိုလိုချင်နေတာလဲ' လက်ရှိတွင်တော့ ဒီမေးခွန်းတစ်ခုထဲနဲ့ပဲ လင်ရှန်း ပတ်ချာလည်နေတော့သည်.သမာရိုးကျအရဆိုရင်တော့ သူ့မှာ သူမထက်တောင်မှ ငွေတွေပေါများစွာရှိနေတာပဲလေ. ပုံပန်းအသွင်ပြင်အရဆိုရင်လဲ သူမက သူ့ကြိုက်တတ်တဲ့ ပုံစံမျိုးလဲမဟုတ်ပါဘူး. နောက်ခံမိသားစုအရဆိုရင်လဲ သူနဲ့သူမမှာက နိုင်းယှဉ်လို့မရအောင်ကွာဟနေတာပဲကို. သူမဆီက နေ သူဘာကို လိုချင်နေတာများ ဖြစ်နိုင်မလဲ'
လင်ရှန်းက သူမအတွေးထဲတွင် နစ်မြုတ်နေစဉ် တုဂျင်က သူ့ရဲ့ဝိုင်ခွက်ကို သူမမျက်နှာဘက်သို့ မြှောက်ကာ - "လာ..အကိုတော်.. ကျွန်တော်နဲ့အတူသောက်ရအောင်" သူ့လေသံက အတော်ပင်ယဉ်ကျေးပြူငှာနိုင်ကာ ဘာခြိမ်းချောက်မှုတစ်ခုမှလဲ မတွေ့ရပေ။
စားပွဲခုံပေါ်ရှိ ဝိုင်ခွက်ကို လင်ရှန်းက ထိတောင်မထိခဲ့ပေ။
"ဘာဖြစ်လို့လဲ။ အကို့ရဲ့အရက်ထဲကို ကျွန်တော်ဆေးခပ်ထားမှာ ကြောက်လို့လား"
'သေချာတာပေါ့ ကျွန်မကြောက်တာပေါ့. ရှင် အရက်ထဲကို ဆေးခပ်တာလဲ ဒါပထမဆုံးအကြိမ် မဟုတ်ဘူးမို့လား!' စိတ်ထဲတွင်တော့ လင်ရှန်းက အော်ဟစ်လိုက်ခဲ့သည်. သို့သော်ငြားလည်း သူမတုံ့ပြန်လိုက်တာကတော့.- " အဲလိုမဟုတ်ပါဘူး၊ မနေ့ညက ငါကောင်းကောင်းအိပ်မပျော်ခဲ့ရလို့ ငါမှာ သောက်ချင်စိတ်များများစားစားမရှိလို့"
"တတိယမင်းသား၊ သူက ရှင်နဲ့မသောက်ချင်တဲ့ဘူးလေ၊ ကျွန်တော်မျိုးမပဲ ရှင်နဲ့အတူသောက်ပေးမယ်လေနော်!" တုဂျင်ဘေးနားက မိန်းမလှလေးတွေက ကလူကျီစယ်စွာပြောလိုက်ခဲ့သည်။
"ကောင်းပြီလေ၊ ငါ့မှာ ဝိုင်နဲ့အတူ မိန်းမလှလေးတွေရှိနေတာပဲလေ. ငါ သေချာပေါက် မျက်နှာသာပေးရမှာပေါ့!" တုဂျင်က ပြုံးပြလိုက်ခဲ့သည်. ထို့ကြောင့် သူက မိန်းမလှလေးတွေနှင့်အတူသောက်စားနေလိုက်သည်. တကယ်ပင် သူက တစ်ဘက်တစ်ယောက်စီဖြင့် သူ့ဘာသာသူ ကလူကျီစယ်စွာ ပျော်ပါးနေတော့သည်။
မူလကတော့ လင်ရှန်းက တအားကိုစိုးရိမ်ပူပန်နေခဲ့ရပါတယ်. အခုတော့ ဒီတုဂျင်က သူမအပေါ်တွင် ဘာအာရုံမှမရှိဘဲ ပုံမှန်လိုပင် မိန်းကလေးတွေနဲ့အတူသောက်စားနေတော့ သူမ ရှုးတောင်ရှုးချင်စိတ်ပေါက်သွားသည်. အချိန်က တရွေ့တရွေ့လည်ပတ်ပြီးတော့ ဆယ်ရက်ကလဲ အချိန်ခဏလေးပင် ကုန်တော့မည်. သူမ မိဘနှစ်ပါး နယ်နှင်ဒဏ်ပေးခံရင် ဘယ်လိုလုပ်မလဲ။ အဲလိုမျိုးဆိုရင် သူတို့တွေက ခံနိုင်ရည်ရောရှိပါ့မလား'
ဒီလိုမျိုးတွေးတောလိုက်တော့ လင်ရှန်း ပိုလို့ပင်ခါးခါးသီးသီးနာကြည်းလာခဲ့ရသည်. အခုလောလောဆယ် သူမ မသေနိုင်ခဲ့ရင်တောင်မှ နောက်ဆယ်ရက်ကြာပြီးသွားရင် သူမ သေရင်သေသွားနိုင်လိမ့်မှာပဲ. တကယ်လို့ ကိစ္စတွေသာ ဒီလိုတွေဖြစ်လာခဲ့ရင် သူမက အားလုံးလွတ်မြောက်နိုင်မယ့် နည်းတစ်ခုတော့ရှာရလိမ့်မယ်။
*ဂွမ်း * ခွက်ခနဲကျသံတစ်ခုကို ကြားလိုက်ရသည်. ခွက်တစ်ခွက်က ကြမ်းပြင်ပေါ်သို့ ခွမ်းခနဲပင် ပစ်ပေါက်လိုက်ခြင်းခံလိုက်ရကာ အပိုင်းအပိုင်း အစစစီကွဲကြေသွားတော့သည်။
အမျိုးသမီးတွေရဲ့ရယ်မောသံတွေက ဆိတ်ဆိတ်သုန်းသွားကာ သူတို့အားလုံးပင် လင်ရှန်းကို စိုက်ကြည့်လိုက်ကြတော့သည်။
"တုဂျင်.. မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ" အဲဒါကတော့ လင်ရှန်းဆီက ထွက်လာတဲ့ ပထမဆုံးစကားပင်. မိန်းမပျိုတွေအကုန်လုံးက သူတို့မျက်နှာတွေပေါ်တွင် ဘာဖြစ်သွားမှန်းမသိလိုက်ရသော အမူအရာတွေ ဖြစ်သွားကြတော့တယ်။
"မင်းက ငါ့ကို ကောင်းမွန်တဲ့သတ်မှတ်ချက်တွေထဲကို သွတ်သွင်းဖို့ ကြိုးစားနေတဲ့သူပဲ၊ အခု မင်းက ငါ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒီလိုမျိုး အဆင့်တန်းမြင့်တဲ့ပျော်တော်ဆက်ဂေဟာကို ခေါ်လာခဲ့တယ်၊ မင်းရဲ့ရည်ရွယ်ချက်က ဘာများလဲ?" အဲဒါကတော့ လင်ရှန်းရဲ့ နောက်ထပ်ထွက်လာတဲ့ စကားပင်. အခုတော့ လူတိုင်းလူတိုင်းက တုန်လှုပ်ချောက်ခြားနေကြတဲ့ပုံပေါက် သွားတော့တယ်။
" ငါ အရင်က မင်းကို ဆန့်ကျင်ဘက် လုပ်ထားမိတာကြောင့်နဲ့ အခုလို မင်းက ငါ့ကိုတမင်လက်စားချေနေတာလား" ဒါကတော့ လင်ရှန်းရဲ့တတိယမြောက် စကားပင်. အခုတော့ လူတိုင်းက ပြပွဲကောင်းလေးကို စောင့်ဆိုင်းနေကြတော့သည်. သူတို့တွေရဲ့အမြင်ကို မင်း အပြစ်တင်လို့တော့ မရဘူးပဲ. တော်ဝင်မိသားစုအနွယ်ထဲက စကားနာထိုးပွဲတွေက ပျော်တော်ဆက်ဂေဟာထဲမှာ မကြာခဏဖြစ်လေ့ဖြစ်ထရှိကြတာပဲ မို့လား။ ဒါကတော့ ထိုဖြစ်ရပ်ကတော့ အထီးကျန်နှလုံးသားရှိနေကြတဲ့ မိန်းမလှလေးတွေအတွက်ကတော့ အလွန်ပင်စိတ်ကျေနပ်ဖွယ်ရာပင်ဖြစ်သည်။
သူက လူအားလုံးရဲ့အာရုံစူးစိုက်ခြင်းကိုခံနေရတဲ့ အဓိကအချက်အချာပင် ဖြစ်သော်ငြား တုဂျင်ကတော့ ဒေါသထွက်မနေခဲ့ပေ. အဲဒီအစား သူက ရယ်မောလိုက်ခဲ့သည်. ကနဦးကတော့ သူက သာသာလေးပဲ ရယ်မောနေခဲ့သည်. သို့သော်လည်း သူက စတင်ပြီးတော့ ပို၍ ပို၍ ကျယ်လောင်စွာဖြင့် သောသောထန်ထန် ဟားတိုက်ရယ်နေတော့သည်. ရယ်မောလိုက်သံကြောင့် လူတိုင်း၏ စိတ်ဝိညာဉ်တွေပင် လွင့်ပါးထွက်သွားမတတ်ဖြစ်ချိန်မှာတော့ တုဂျင်က ရယ်နေတာကို ရုတ်တရက်ကြီး ရပ်တန့်ပစ်လိုက်ခဲ့သည်.
သူ့မျက်လုံးတွေက တဖျတ်ဖျတ်လင်းလက်လာကာ သူက အေးတိအေးစက်စွာဖြင့် ပြောလိုက်ခဲ့သည်.- " အခန်းထဲကနေ ထွက်သွားကြ"
တုဂျင်ရဲ့မျက်နှာက နောက်ထပ်မျက်နှာတစ်မျိုးသို့ အလွန်လျင်မြန်စွာဖြင့် ပြောင်းလဲသွားတော့သည်. လင်ရှန်းမှလွဲ၍ အခန်းထဲတွင် ရှိနေကြသော မိန်းမလှလေးများလည်း ထွက်ခွာသွားကြတော့တယ်. သူမက သူမခေါင်းကိုအပေါ်သို့မော့လိုက်ပြီး တုဂျင်ရဲ့မျက်လုံးထဲကို တည့်တည့်ကြီးစိုက်ကြည့်လိုက်သည်. နန်းထိုက်တော်ဝင်ဆန်သော တိုက်ပွဲကောင်းတစ်ခုရဲ့ မြင်ကွင်းတစ်ခုလိုပင်။
သို့သော်လည်း သူမနှလုံးတွေကတော့ ဒရမ်တစ်လုံးကိုတီးခတ်နေသလိုပင် အလွန့်အလွန်ကိုခုန်ပေါက်နေခဲ့ပါတယ်. မူလကတော့ သူမထင်ထားတာက တုဂျင်က ပြုံးနေတဲ့ကျားတစ်ကောင်လို့ပင်. ဒါပေမယ့် အခုတုဂျင်က သူ ပြုံးမနေသည့်အချိန်မှာတော့ လုံးလုံးလျားလျားကြီးပင် ခြားနားသွားတဲ့လူနှစ်ယောက်လိုပင် ဖြစ်သွားတာကို သူမ နားလည်လိုက်သည်. လောလောဆယ်တွင်တော့ တုဂျင်တွင် ညို့ယူဆွဲဆောင်နိုင်သောပုံစံမျိုးမရှိတော့ဘဲ နတ်ဆိုးဆန်စွာကြောက်မက်ဖွယ်ကောင်းနေလေသည်. လင်ရှန်းက အန္တရာယ်ရှိနေသောအာရုံကို သူ့အလိုလိုခံစားရလိုက်သည်။
ဒီလိုအချိန်အခါမျိုးတွင် သူမတော့ စိတ်နှောက်သွားတော့မလိုပင်ဖြစ်သွားသည်. သူမက သူမ မရှုးသွားခင်းတွင်တော့ သူမက တစ်ချို့သောအရာတွေကိုတော့ ရှင်းလင်းအောင်လုပ်ဖို့တော့ လိုနေပေသည်..- "တတိယမင်းသား.. ဉာဏ်ကောင်းတဲ့လူတစ်ယောက်က လျို့လျို့ဝှက်ဝှက်အမူအရာတွေနဲ စကားမပြောတတ်ကြဘူး၊ မင်း ဘာကိုလိုချင်တာလဲ။ မြန်သွားအောင်လို့ လိုချင်တဲ့အချက်ကိုသာတန်းပြောလိုက်ပါ"
တုဂျင်က ဘာစကားတစ်ခွန်းမှ မပြောခဲ့ပေ. လင်ရှန်းကို အေးစက်စွာစိုက်ကြည့်လိုက်ပြီးနောက် သူက သူမရင်ထဲမှာ ကြောက်ရွံ့တွန့်ဆုတ်နေတာကို သူ ခံစားသိနိုင်နေလေသည်. နောက်ဆုံးတွင်တော့ သူပြန်လည်တုံ့ပြန်လိုက်သည်..- "ရိုးရိုးသားသားပြောရရင်တော့ သိပ်ပြီးကြီးကြီးမားမား မဟုတ်ပါဘူး၊ ငါက ဒုတိယ မိန်းကလေးစုန့်ဆီက တစ်စုံတစ်ခုကို ငှားရမ်းချင်ရုံသက်သက်ပါပဲ"
လျို့ဝှက်ကြံစည်ချက်ပဲကိုး! လင်ရှန်းက အေးစက်သွားသလိုမျိုး သရုပ်ဆောင်လိုက်ပြီးတော့ စိတ်ပြန်ထိန်းထားလိုက်ကာ- "တတိယမင်းသားက...ငါ့ဆီက ဘာပစ္စည်းကိုများ လိုချင်နေတာလဲ" စိတ်ထဲတွင်တော့ သူမ အသင့်ပြင်လို့နေသည်. သူမက တုဂျင် နေကြာပန်းကျင့်စဉ်လိုမျိုး... ကောင်းကင်ဘုံကနဂါးတွေလိုမျိုး... ရတနာသိုက်မြေပုံလိုမျိုးအရာတွေထဲက တစ်ခုခုကို ပြောထွက်လိုက်မှာကို စောင့်မျှော်လို့နေသည်။
ဒါပေမယ့် အဲဒီအစား တုဂျင်ပြောလိုက်တာကတော့.- "နောက်ဆုံးအကြိမ်တုန်းက အင်ပါယာက မင်းကို ချီးမြှင့်ထားတဲ့ ကောင်းကင်ဘုံကျောက်တုံးပဲ. မင်း အဲဒါကို ဘယ်နေရာမှာထားလဲဆိုတာကို ငါသိချင်တယ်"
လင်ရှန်းတစ်ယောက် မျက်ရည်တွေတောက်တောက်ပင် ယိုစီးကျချင်သွားတော့တယ်. 'ရှင်က ဒီလိုမျိုးကျောက်တုံးအစုတ်အပဲ့အပိုင်းအစတစ်ခုကြောင့်နဲ့ ကျွန်မကို အသက်တစ်ဝက်ထွက်အောင်လို့ ခြောက်လိုက်တာပဲ။ ပထမဆုံး ရှင်က ရွှေဓားစလွယ်ကို လိုချင်တယ်. ပြီးတော့ ကျွန်မမြင်းလှည်းကို ခိုးတယ်. အခုတော့ ရှင်က ကျောက်တုံးတစ်တုံးအတွက်တောင် မရပ်တန့်နိုင်တော့ပါလားနော်? ရှင်က မင်းသားတစ်ပါးလေ! အိုးဟိုး...ရင့်ကျက်လိုက်ပါတော့လားရှင်!'
တကယ်လို့ တုဂျင်ကသာ ကွေ့မိန်တစ်ယောက် နန်းဆောင်တစ်ခုလုံးကို မြေလှန်ရှာလို့တောင်မတွေ့ခဲ့တဲ့ ကောင်းကင်ဘုံကျောက်တုံးက ရှောင်လု ကြွက်တိုးပေါက်ကို ပိတ်ဆို့ထားတာကြောင့်ဆိုတာကို သိလို့ကတော့ သူ သွေးတစ်ပွက်ပင် အန်ထွက်လိမ့်မှာတော့ မလွဲဧကန်ပင် ဖြစ်ပေလိမ့်မည်။
"တတိယမင်းသား..မင်းက ကောင်းကင်ဘုံကျောက်တုံးကို လိုချင်တာ မှန်ပါတယ်နော်။ ဘာပြဿနာမှ မရှိပါဘူး!" လင်ရှန်းက တုဂျင်ကို စိုက်ကြည့်လိုက်သည်. "ဒါပေမယ့် တကယ်လို့ မင်းသာ ငါ့ကို ကူပြီးတော့ မင်းသမီးကို ဆယ်ရက်အတွင်း ပြန်ရှာပေးနိုင်မယ်ဆိုရင်တော့ ငါ မင်းကို ကျောက်တုံးပေးနိုင်ပါတယ်. မဟုတ်လို့ရင်တော့ ကျောက်တုံးကို ငါနဲ့အတူ လောင်ကျွမ်းရလိမ့်မှာပဲ!"
"မင်းက ငါ့ကို လာခြိမ်းခြောက်နေတာလား" တုဂျင်က သူ့မျက်လုံးတွေကို မှေးစင်းလိုက်သည်. သူက စိတ်တိုစွာ စိုက်ကြည့်လိုက်ခဲ့သည်။
"တတိယမင်းသား... ခင်ဗျား အတွေးလွန်နေပါပြီ၊ ကောင်းကင်ဘုံကျောက်တုံးရဲ့တန်ဖိုးက ကြည့်တဲ့သူရဲ့မျက်လုံးအပေါ်မှာပဲ မူတည်တယ်လေ၊ တကယ်လို့ တတိယမင်းသားအတွေးထဲမှာ အဲဒါက အကြွေစေ့လောက်တောင် အဖိုးမတန်ဘူးဆိုရင်တော့လဲ မင်း ငါ့ရဲ့ပုံရိပ်အစစ်မှန်ကို ပွင့်ပွင့်လင်းလင်းဖွင့်ချပစ်လိုက်လို့ရပါတယ်. သို့သော်ငြားလည်း တကယ်လို့ တတိယမင်းသားအတွေးထဲမှာ အဲဒီကျောက်တုံးက မြို့တစ်မြို့ထက်တောင် ပိုတန်ဖိုးရှိတယ်လို့ တွေးထားတယ်ဆိုရင်တော့ ဘာဖြစ်လို့ ငါက အဲဒီကျောက်တုံးကို အလဲအလှယ်အနေနဲ့ အသုံးမချနိုင်ရမှာတုန်း"
ထုံထိုင်းတဲ့လင်ရှန်းက ဒီလိုမျိုး နှုတ်ရေးထက်နေလိမ့်မယ်လို့ တုဂျင်မထင်ထားခဲ့ပေ. သူ့မျက်လုံးတွေက ကြုံတောင့်ကြုံခဲအရာကို မြင်လိုက်ရသလို အံအားသင့်သော အကြည့်တစ်ချက် ထွက်ပေါ်လို့လာခဲ့သည်. ပြီးနောက် သူက သူ့ရဲ့ထင်ပေါ်ကျော်ကြားတဲ့အပြုံးတစ်ပွင့်က သူ့မျက်နှာပေါ်တွင် ပြန်လည်ကာ လင်းလက်လို့လာခဲ့သည်။
သူက ပေါ့ပေါ့ပါးပါးပင် ရယ်ချလိုက်ခဲ့ပြီးနောက် ပြောလိုက်ခဲ့သည်. – "ကောင်းပြီ..ငါသဘောတူတယ်"
အချိန်က တရွေ့ရွေ့ဖြင့်ကုန်ဆုံးနေပြီး ငါးရက်ထက်တောင်မှ နဲနဲပင် ကျန်တော့တယ်. နန်းတော်က သူတို့တတ်နိုင်သမျှ အားလုံးကို ပေးပို့စေလွှတ်ပြီးတော့ နန်းမြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်ပါမကျန် ပိုက်စိတ်တိုက်ကာ မြေလှန်ရှာနေပေမယ့် မင်းသမီးနဲ့တူတဲ့ အရိပ်အရောင်တစ်စွန်းတစ်စတောင် မတွေ့ခဲ့ရပေ။
အင်ပါယာဘုရင်က အလွန်ပင် ဒေါသထွက်လာခဲ့သည်. သူက လင်ရှန်းကို အကြိမ်ရေတော်တော်များများ ဆင့်ခေါ်လိုက်ခဲ့ပြီးတော့ စိတ်ရောဂါရအောင် လုပ်ဆောင်နေခဲ့သည်. လင်ရှန်းလဲ သူမမှာ ကံကောင်းမှုတွေ အဆုံးသတ်သွားခဲ့ပြီဆိုတာ သိပါတယ်. တကယ်လို့ သူမက မင်းသမီးကို မရှာတွေ့ခဲ့ရင်တော့ သူမတို့တစ်မိသားစုလုံးက နယ်နှင်ဒဏ်ပေးခံရတော့မှာပဲဖြစ်သည်. ထို့ကြောင့် သူမက နေ့ရောညပါမကျန် စောင့်ကြည့်ခံနေရသည်. သူမမှာ ဘာသဲလွန်စမှလဲ ရှာမတွေ့ခဲ့ပေ။
ခုနှစ်ရက်လွန်မြောက်ခဲ့လေပြီ. တုမင်ယွဲ့နှင့်ပတ်သတ်သော သတင်းက မကြားရသေးချေ. ပြီးတော့ မင်းသမီးကို သူသေချာပေါက် တွေ့အောင် ရှာပေးပါ့မည်လို့ ကတိပေးသွားခဲ့သော တုဂျင်က စုန်းစုန်းပျောက်လို့နေသည်. ကန့်သတ်ထားသည့်ရက်က အလွန်လျင်မြန်စွာဖြင့် နီးကပ်လာခဲ့တော့ လင်ရှန်းလဲကြာကြာမစောင့်နေနိုင်တော့ချေ. တုဟောင်ရှာဖွေတဲ့ နန်းမြို့တော်အပြင်ဘက်စွန်းပိုင်းကို ကောက်ချက်ချလိုက်ခဲ့သည်။
နန်းမြို့တော်အပြင်ဘက်က နဂါးနက်တောင်ပင် ဖြစ်သည်. လူတစ်ယောက်ကိုရှာဖွေနိုင်တဲ့ အခွင့်အရေးထက် အန္တရာယ်ကျရောက်မည့်အခွင့်အလမ်းက ပိုများလောက်ပေသည်. ထို့ကြောင့် တုဟောင်က သွားချင်စိတ်မရှိမှာ သဘာဝပင်. ဒါပေမယ့် လင်ရှန်းကတော့ ဆုံးဖြတ်ချက်ချလိုက်သည်. သူမက နည်းနည်း
လေးမှပင် အရှုံးပေးမည်မဟုတ်ပေ. သူမက တုဟောင်ကိုမပြောဘဲနဲ့ တိတ်တိတ်သွားခိုးပြီးတော့ ရှာဖွေရန် ဆုံးဖြတ်လိုက်ခဲ့သည်. သိုသော်ငြားလည်း နန်းတော်ဂိတ်အဝင်အဝအရောက်တွင်တော့ အစောင့်တွေက သူမကို ဟန့်တားလိုက်ခဲ့လေသည်။
'လတ်စသတ်တော့ တုဟောင်က သူမလှုပ်ရှားမှုတွေကို ကြိုတင်ရိပ်စားထားတာပဲကိုး. အခုတော့ သူမက နန်းတော်ထဲက ထွက်ခွာရန် ခွင့်ပြုချက်မရရှိခဲ့ချေ။'
လင်ရှန်းက ကြိမ်းမောင်းလိုက်ကာ.- " အတင့်ရဲလိုက်တာ။ ငါဆီမှာ မင်းသမီးကိုရှာဖွေဖို့ တော်ဝင်အမိန့်တော်ရှိထားတယ်၊ မင်းတို့က ငါ့ကို လမ်းပိတ်ထားရဲတယ်ပေါ့"
ဂိတ်တံခါးအစောင့်ကြပ်တွေက တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်ကြည့်လိုက်ကြသည်. သူတို့တွေက မသက်မသာဖြစ်နေသည့်ပုံစံဖြင့်- " ကြင်ယာတော်မင်းသား၊ ကျေးဇူးပြုပြီးတော့ ကျွန်တော်မျိုးတို့အလုပ်တာဝန်ကို ခက်ခဲအောင် မလုပ်ပါနဲ့၊ ကျွန်တော်မျိုးတို့ကို ကြင်ယာတော်မင်းသားကို နန်းတော်ထဲကနေ ထွက်သွားခွင့်မပြုဖို့ အထက်ကနေပြီး အမိန့်ပေးထားခဲ့လို့ပါ၊ တကယ်လို့ အရှင်မင်းကြီးက ကြင်ယာတော်မင်းသားကို ခွင့်ပြုချက်ပေးထားမယ်ဆိုရင်တောင် ကြင်ယာတော်မင်းသားက ကျွန်တော်မျိုးတို့ကို သက်သေပြမှပဲရမယ် ဒါမှမဟုတ် သက်သေတစ်ခုပေးသင့်ပါတယ်၊ အဲလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့ခေါင်းဆောင်ကို ကျွန်တော်တို့ ရှင်းပြဖို့ တော်တော်ခက်ခဲရပါလိမ့်မယ်ခင်ဗျာ"
********
End.....