Chapter 60
Viewers 11k

အပိုင်း(၆၀)


'သက်သေပြစရာတဲ့လား' လင်ရှန်းတစ်ယောက် အော်ဟစ်သာ


ငိုချပစ်လိုက်ချင်တော့သည်. လွန်ခဲ့တဲ့အချိန်တော်တော်များများက သူမ အင်ပါယာ ဆင့်ခေါ်တာကို သွားတွေ့ခဲ့ရတုန်းက သူက သူမကို အော်ဟစ်ဆူပူကြိမ်းမောင်းပြီးတော့ ခြိမ်းခြောက်တာတွေပဲ လုပ်နေခဲ့သည်. တကယ်လို့ သူမမှာ သက်သေပြစရာတစ်ခုခုသာရှိရင်တော့ ထိုအရာက မနေ့က သူမကိုပစ်ပေါက်လိုက်ခဲ့တဲ့ မှင်အိုး ကိုပဲ ပြောနိုင်သည်ပဲလေ။


ဒါဟာ တကယ်ပဲ ငါ့ဘဝရဲ့ အဆုံးသတ်ပဲလား။ လင်ရှန်းတစ်ယောက် စိတ်ပျက်လက်ပျက်​ဖြစ်သွားတော့တယ်. အရာအားလုံးကို ဆုံးရှုံးလိုက်တော့မလို သူမ ခံစားခဲ့ရချိန်တွင်တော့ မြင်းဟီသံတစ်ခုကို ကြားလိုက်ရသည်. ထိုအသံက အလွန်အင်မတန်ပင် ရင်းနှီးလို့နေ​ပေသည်။


လင်ရှန်း နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်တော့ 'ဝူရင်'၏ နက်ပြောင်နေသည့် အမည်းရောင်လည်ဆံမွှေးတွေနဲ့ မော်ကြွားလျက်ရှိနေတဲ့ ဦးခေါင်းကို တွေ့လိုက်ရသည်. သူက ရင့်ရင့်သီးသီးပင် သူမကို လာဟီပြနေသည်။


'ဪ..တိရစ္ဆာန်တစ်ကောင်တောင်မှ ငါ့ကို လာအနိုင်ကျင့်နေတာလား'လင်ရှန်းတစ်ယောက် ထောင်းခနဲဒေါသထွက်လို့သွားရသည်. ပြီးနောက် သူမ လိန်ဖန်၏အသံကို ကြားလိုက်ရသည်.- "လာ တက်ခဲ့" သူက သူမကို လက်ကမ်းပေးလိုက်သည်။


လင်ရှန်းက တန့်သွားခဲ့ပေမယ့် သူမလက်ကို ကမ်းပေးလိုက်သည်. ချက်ချင်းပင် သန်မာတဲ့အားတစ်ခုက သူမကို မြင်းပေါ်သို့ဆွဲတင်လိုက်သည်။


ဒီလိုမျိုးမြင်းပေါ်ကိုတက်ရတာတော့ သူမအတွက်တော့ ပထမဆုံးအကြိမ်ပင်ဖြစ်သည်. ထို့ကြောင့် သူမရဲ့တုံ့ပြန်မှုက အလွန်ပင်နှေးကွေးလို့နေသည်. ဘာဖြစ်သွားတယ်ဆိုတာ သူမသိလိုက်သည့်အခါတွင်တော့ သူမက အစောင့်တွေအား လိန်ဖန်ရဲ့အေးစက်စွာပြောလိုက်သံကို ကြားလိုက်ရသည်- "ဘေးကိုဖယ်လိုက်စမ်း"


လိန်ဖန်ရဲ့ဂုဏ်ပုဒ်က သူမနဲ့ယှဥ်ရင်တော့တစ်ခြားစီပင်။ သူက သူတို့ခေါင်းဆောင်၏ ခေါင်းဆောင်ပင် မဟုတ်ပါလား. တံခါးစောင့်တွေက ရိုကျိုးစွာဖြင့် လမ်းရှင်းပေးလိုက်ကြကာ ဂိတ်တံခါးကို ဖွင့်ပေးလိုက်ကြလေသည်။


'ဝူရင်'က ညည်းသံပေးလိုက်ကာ နန်းတော်အပြင်ဘက်သို့ ဒုန်းစိုင်းပြေးထွက်ခဲ့တော့သည်. မျက်စိတ်တစ်မှိတ်အတွင်းတွင်ပင် မြင်းရဲ့ခွာကြောင့် ဖြစ်ပေါ်လာသော ဖုန်လုံးအတန်းလိုက်ကြီးကိုသာလျင် တံခါးစောင့်တစ်ချို့က မြင်လိုက်ရတော့သည်။


'ဝူရင်' ရဲ့ အမြန်နှုန်းက အလွန်အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် လျင်မြန်လွန်းလှပေသည်. သူက လျင်မြန်စွာဖြင့်ပင် ရှုပ်ထွေးပွေလီနေသော မြို့ပြလမ်းအသွယ်သွယ်တွေကို ဝေါခနဲဖြတ်တိုက်သွားခဲ့တာက ​​ဘေးပတ်ဝန်းကျင်တွင် လူတစ်ယောက်မှ မမြင်ရတဲ့အထိပင်. လင်ရှန်းက သူမနားထဲကို လေတဟူးဟူးတိုးနေသံကိုသာ ကြားနေရသည်. မြင်းစီးရတာက အလွန်တရာပင်ခုန်ဆောင့်နေကာ သူမကိုယ်သူမ ပြုတ်ကျမသွားအောင်လို့ မနဲကိုထိန်းနေရသည် . လိန်ဖန်ရဲ့ခါးတွင် သူမလက်တွေကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားခဲ့ရသည်. အချိန်တိုအတွင်းတွင်ပင် သူတို့တတွေ မြို့တောင်ဘက်ဂိတ်တံခါးဝကို ရောက်ရှိလာခဲ့တော့သည်။


မြို့အပြင်ဘက်ဂိတ်တွင် ယောက်ျားတစ်ချို့နှင့် မြင်းတွေက စောင့်ဆိုင်းလျက်ရှိနေကြသည်. လိန်ဖန်ကို သူတို့သတိပြုမိသွားကြသည့်အခိုက်တွင် သူတို့က သူတို့မြင်းတွေပေါ်မှ ဆင်းလိုက်ကြကာ လာရောက်အရိုသေပြုလိုက်ခဲ့သည်။


"အရာရှိ... ကျွန်တော်တို့တွေ တပ်စုတွေကို သူတို့ရဲ့ကိုယ်စီကိုယ်စီနေရာတွေမှာ တာဝန်ချပေးပြီးသွားပါပြီ၊ သူတို့က အခုလက်ရှိ မြို့အပြင်ဘက်ကနေ စောင့်နေကြပါတယ်၊ ဒီမှာ နဂါးနက်တောင်တန်းတစ်ခုလုံးရဲ့မြေပုံပါခင်ဗျ၊ ကျေးဇူးပြုပြီးတော့ ကြည့်ပေးပါဦး"


စစ်သားတစ်ယောက်က အပြေးရောက်လာပြီးတော့ လိန်ဖန်လက်ထဲသို့ မြေပုံတစ်ခု လွှဲအပ်ပေးလိုက်ခဲ့သည်။


လိန်ဖန်က မြေပုံတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီးတော့ အမိန့်ပေးလိုက်သည်. "ဒီတစ်ခေါက်တာဝန်က


အတိမ်းစောင်းခံလို့မရဘူး၊ ငါတို့အချိန်ကလဲ ကပ်နေပြီ ဒီနယ်မြေကလဲ အန္တရာယ်များတယ်၊ ငါတို့တွေ ငါတို့အစီအစဉ်ကို ပြီးမြောက်အောင်လုပ်မှရမယ်၊ အချက်ပြမီးရှူးမီးပန်းတွေကို သုံးပြီးတော့ ငါတို့ဆက်သွယ်ကြမယ်၊ တကယ်လို့ ငါတို့တွေ နောက်သုံးရက်မြောက်နေ့ရဲ့ မွန်းတည့်ချိန်တဲ့အချိန်အထိ တစ်ယောက်နဲ့တစ်ယောက် မတွေ့မိကြဖူးဆိုရင် မြောက်ဘက်အခြမ်းက တောင်ခြေမှာ ငါတို့ဆုံကြမယ်၊ မင်းတို့တွေ နားလည်ကြလား?"


"ဒီငယ်သားကျွန်တော်တို့ နားလည်ပါတယ်!"


"ကောင်းတယ်၊ သွားကြစို့!" လိန်ဖန်က နန်းမြို့တော်အပြင်ဘက်ကို ရှာဖွေဖို့ အားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ဆိုတာ လင်ရှန်းသဘောပေါက်လိုက်သည်. ဒီရက်တွေမှာ သူမစိတ်တွေက ရတတ်မအေးနိုင်ဖြစ်နေခဲ့ရသည်. ဒါပေမယ့်အခုတော့ သူမ နောက်ဆုံးသောမျှော်လင့်ချက်အချို့ကို မြင်လိုက်ရပေတော့သည်. သူမရင်ထဲတွင် နင့်ခနဲခံစားသွားရကာ လိန်ဖန်ရဲ့နွေးထွေးသောကျောပြင်ကိုသာ ပိုက်ထွေးလိုက်တော့သည်။


ခဏကြာမြင်းဆက်စီးပြီးနောက်တွင် ရုတ်တရက်ကြီး သူမခေါင်းတွေ မူးနှောက်လာသလို ခံစားလိုက်ရသည်။


သူမ အရမ်းတင်းတင်းကြီးဖက်ထားလို့များလား။ လင်ရှန်း သူမ ဖက်ထားတာကို လျော့လျော့လေးလုပ်လိုက်သည်. ဒါပေမယ့်လဲ မူးနှောက်မှုတစ်ခုကို ခံစားလိုက်ရတော့သည်. သူမ မြင်းပေါ်မှ ပြုတ်ကျလုနီးပါးတောင် ဖြစ်သွားရသည်။


လိန်ဖန်က မင်ယွဲ့ကိုရှာဖွေရန်ကို သူ့စိတ်ထဲတွင် အာရုံစိုက်စဉ်းစားလို့နေခဲ့အချိန်တွင် ရုတ်တရက် လင်ရှန်းက ပုံမှန်ဟုတ်ပုံမရတာကို ရုတ်တရက်သဘောပေါက်သွားခဲ့သည်. သူက မြင်းဇာတ်ကြိုးကို သွက်သွက်လက်လက်ဆွဲလိုက်ကာ သူ့ခေါင်းကိုနောက်ပြန်လှည့်ပြီးတော့ သူမကိုကြည့်ရှုလိုက်ခဲ့သည်. လင်ရှန်းရဲ့မျက်နှာက အဖြူရောင်သို့ပြောင်းနေခဲ့ပြီး သူမကိုယ်ခန္တာက ပြင်းပြင်းထန်ထန်ယိမ်းထိုးကာ မြင်းပေါ်ကနေပြီးတော့ ပြုတ်ကျသွားတော့မလို လှုပ်ရမ်းနေတာကို သူသတိထားမိသွားတော့သည်.


သူ မြင်းပေါ်ကနေပြီးတော့ အလောတကြီးလွှားခနဲ ခုန်ဆင်းလိုက်ခဲ့ပြီးတော့ သူမကို အောက်သို့ချလိုက်ကာ ပွေ့ဖက်ထားလိုက်ခဲ့တော့သည်။


သူ့လက်မောင်းထဲက မိန်းကလေးက အရင်ကထက်စာရင် ပိုပြီးတော့ ဖြူဖတ်​နေသလို ထင်လိုက်မိသည်. သူမကိုကြည့်ရတာ အလွန်ပင်ပန်းနွမ်းနယ်လို့နေပြီးတော့ အားပျက်နေတဲ့ပုံပေါက်နေခဲ့သည်. သူမ မျက်ခုံးတွေက တွန့်ကွေးသွားခဲ့တော့ အခြားသူတွေကို စိုးရိမ်စရာဖြစ်အောင်လုပ်နေသည်. သူမက သူမအားနည်းကြောင်းကိုဝန်ခံရမှာကိုလဲ ငြင်းဆန်နေခဲ့ပြန်သည်. လင်ရှန်းက နောက်နောက်ပြောင်ပြောင်ဖြင့်ပင် ရယ်ကာဖြင့်ပင်.- "အဆင်ပြေပါတယ်....ကျွန်မ မြင်းစီးရတာကြောင့် နည်းနည်းလေးခေါင်းမူးနေရုံလေးပါပဲ....."


အမှန်တကယ်​တော့လင်ရှန်းတွင် အတော်လေးဝမ်းနည်းဖွယ်ရာကောင်းသည့် ဘဝတစ်ခုရှိခဲ့တာပဲဖြစ်သည်. သူမရဲ့အရင်ဘဝကလဲ သူမက မကြာခဏဆိုသလိုပင် ကားမူးတတ်..လှိုင်းမူးတတ်တဲ့သူပင်ဖြစ်သည်. ဒီဘဝမှာလဲ သူမ မြင်းစီးရင်မူးနေခဲ့​​ပြန်လေသည်။


သူမကို ဒီလိုမျိုးတွေ့မြင်နေရတော့ လိန်ဖန်လဲ အလောတကြီး မရှာချင်တော့ပေ.အဲဒီအစား သူက လင်ရှန်း အနားယူဖို့ အရိပ်ရတဲ့သစ်ပင်တစ်ပင်ကို အလျင်အမြန်ရှာလိုက်ခဲ့သည်. သူက သူ့လက်ကိုင်ပဝါထဲကို ရေအနည်းငယ်စွတ်လိုက်ပြီးတော့ သူမမျက်နှာကို သုတ်ပေးလိုက်ခဲ့သည်။


ခဏကြာတဲ့အခါမှာတော့ လင်ရှန်းရဲ့အခြေအနေက တဖြည်းဖြည်းဖြင့် အမူးသက်သာလာခဲ့သည်. သူမက လိန်ဖန်ရဲ့လက်ကို ဆွဲလိုက်ပြီးတော့ အံ့အားသင့်စွာပြောလိုက်သည်..- "ဘာလို့ရပ်လိုက်တာလဲ။ ကျွန်မတို့ ဆက်ရှာရအောင်လေ!"


သူမရဲ့သနားစရာအခြေအနေကို ထည့်မစဉ်းစားဘဲနဲ့ လင်ရှန်းက မင်းသမီးကိုရှာဖို့သာ ဆုံးဖြတ်နေသည်. သူမက ရှာ​ဖွေဖို့ကိစ္စကိုသာ စိတ်သွင်းထားနေတာ အရှင်းကြီးပါပဲ. လိန်ဖန်က သူမချွေးစီးတွေကို သုတ်ပေးလိုက်ပြီးတော့ ပြောလိုက်တယ်..- " မင်းရဲ့ကိုယ်က အားနည်းနေတယ်၊ ငါတို့တွေ မရှာခင်မှာ နည်းနည်းလောက်ပိုပြီးတော့ နားလိုက်ရအောင်"


"ကျွန်မ အားနည်းနေတယ်လို့ ဘယ်သူကပြောလဲ" လင်ရှန်းက စိတ်လှုပ်ရှားစွာဖြင့်အဆိုပြုလိုက်သည်. "ကျွန်မ က လုံးဝအကောင်းကြီး! ကျွန်မ မြင်းတစ်ကောင်ထက်တောင် ပိုမြန်အောင် ပြေးနိုင်သေးတယ်!" သူမက မတ်တပ်ထရပ်လိုက်ဖို့ ကြိုးပမ်းလိုက်ပေမယ့်လဲ လိန်ဖန်ရဲ့လက်မောင်းအတွင်းတွင်သာ ပြန်လဲကျသွားတာနဲ့သာ အဆုံးသတ်သွားခဲ့ရသည်။


သူမရဲ့ပျော့ပြောင်းတဲ့ကိုယ်လုံးက လိန်ဖန်ကို စိတ်လှုပ်ရှားသွားကာ မျက်နှာထူပူသွားအောင် လုပ်လိုက်သည်. သူက သူမကို အလျင်အမြန်ပင် ထိန်းကိုင်ထားလိုက်ကာ သူမကို နှစ်သိမ့်သွားချင်မိကာ သူမကိုယ်လုံးကို မတွန်းလိုက်ခဲ့ပေ. သို့သော်လည်း သူ့စကားတွေကို ပြန်မြိုချလိုက်ခဲ့သည် ဘာ့ကြောင့်လဲဆိုတော့ သူမက ဘယ်လောင်တောင် စိတ်ညစ်နေရလဲဆိုတာကို သူပြောနိုင်ပေသည်. လင်ရှန်းက ကြည့်လိုက်လျှင် ဘယ်အရာမဆို အလေးအနက်မထားတတ်ဘဲ အချိန်အများစုတွင် ရွှေဓားမြှောင်တစ်ချောင်းလိုပင် သူမအတွင်းစိတ်ထဲတွင်တော့ သူမက သနားကြင်နာတတ်တဲ့နှလုံးသားတစ်စုံပိုင်သော မိန်းခလေးတစ်ယောက်ပင်ဖြစ်လေသည်။


"အဟားဟား.. .ကျွန်မခြေထောက်တွေက အကြာ​ကြီး​ထိုင်နေရလို့ ထုံနေပြီပဲ...." လင်ရှန်းက ခြောက်ကပ်စွာရယ်လိုက်ပြီးတော့ အပြင်ပန်းတွင် သိက္ခာဆယ်ဖို့ကြိုးပမ်းလိုက်သည်. သူမက လိန်ဖန်ရဲ့လက်မောင်းကို ထပ်ဆွဲလိုက်ပြီးတော့- "သွားရအောင်.. မကြာခင် မှောင်လာတော့မယ်"


လိန်ဖန်လ နောက်ဆုံးတော့ အရှုံးပေးလိုက်ရတော့တယ်. သူက 'ဝူရင်'ကို ဆွဲလိုက်ကာ ပြောလိုက်သည်.- "မင်း ရှေ့ကနေစီးလိုက်ပါ"


'ရှေ့ကနေစီးရမှာလား။ အဓိပ္ပာယ်က သူက ငါ့ကို တင်းတင်းဖက်ထားတော့မလို့လား. အိုးဟို.....ငါ့အထင်တော့ မြင်းစီးလို့မူးတာကလဲ အကျိုးရှိသားပဲကိုး.. မဆိုးပါဘူးလေ!'


ဒီလိုတွေတွေးလိုက်ပြီး လင်ရှန်း စိတ်က အလွန့်အလွန်ပင်နိုးနိုးကြားကြားဖြစ်စွာနဲ့ လိန်ဖန်အကူအညီဖြင့် မြင်းပေါ်သို့တက်လိုက်သည်။


လိန်ဖန်က လင်ရှန်းရဲ့အခြေအနေကို ထည့်စဉ်းစားတွေးတောပေးပြီးတော့ မြင်းကို ဖြေးဖြေးလေးစီးလိုက်ပြီး ရှေ့ကိုမှန်မှန်လေးသာ ခရီးဆက်သွားနေလိုက်သည်။


ရိုးသားစွာပြောရင်တော့ လိန်ဖန်က စစ်သားများစွာကို မြို့တော်အပြင်ဘက်သို့ စေလွှတ်လိုက်တဲ့ အကြောင်းရင်းက‌တော့ မင်းသမီးကို တွေ့မြင်မိကြောင်းကို သူ သေချာတဲ့အရင်းအမြစ်တစ်ခုကနေ ကြားသိလိုက်ရလို့ဖြစ်သည်. ဒါက လင်ရှန်းရဲ့ခန့်မှန်းမှုနဲ့အတူ အမှန်တကယ်ကိုပဲ ထပ်တူကျနေခဲ့တာပဲ ဖြစ်လေသည်. ထို့ကြောင့် သူက အရဲစွန့်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီးတော့ မြို့တော်ကိုကျော်လွန်၍ ရှာဖွေရန် ဆုံးဖြတ်ချက်ချခဲ့တာပဲ ဖြစ်သည်။


နန်းမြို့တော်ကနေ ထွက်ခွာလာရခြင်းက နောက်ဆုံးသောခိုကိုးရာတစ်ခုပင် ဖြစ်တော့သည်. ဘာကြောင့်လဲဆိုတော့ နဂါးနက်တောင်ဒေသက အလွန်ကျယ်ပြောသော ဒေသရပ်ဝန်းတစ်ခုလဲ ဖြစ်လို့ပင်ဖြစ်သည်. တောင်ကုန်းတောင်တန်းတွေက ဒေသတစ်ခွင်ကို လွှမ်းခြုံထားခဲ့ကာ လူတွေနေထိုင်တာ


တွေ့မြင်ရဖို့ကလဲ အတော်လေးပင်ရှားပါး​ပေသည်. ထပ်ပြီးတော့လဲ


များစွာသောအဆိပ်ရှိတဲ့မြွေဆိုးတွေနှင့် အန္တရာယ်ကြီးသောသားရဲကောင်တွေကလဲ နေရာအနှံ့အပြားတွင် ရှိနေသည်. ဒေသခံလူတွေကတော့ ဒီဒေသကို အမည်းရောင်သစ်တောလို့ ခေါ်ဆိုကြသည်. အမည်းရောင်သစ်တောထဲမှာ လူတစ်ယောက်ကိုရှာတွေ့နိုင်ဖို့ အခွင့်အလမ်းကတော့ အလွန်ပင်ဖြစ်နိုင်ချေ နည်းပါးမှာပဲ ဖြစ်သည်။


ဒါပေမယ့် အချိန်ကလဲ မကျန်တော့ချေ. လူတစ်ယောက်ကိုရှာတွေ့နိုင်ဖို့ အခွင့်အလမ်းက အပုံတစ်သောင်းပုံ ပုံရင် တစ်ပုံရှိလျှင်တောင်မှ လိန်ဖန်က လင်ရှန်းအတွက်ဆိုရင် ကြိုးစားပေးဖို့ စိတ်ဆန္ဒရှိသူပင် ဖြစ်သည်. လင်ရှန်းက တိတ်တိတ်လေးခိုးထွက်ဖို့ သူမဘာသူမ ရှာဖို့ ကြိုးပမ်းလိမ့်မယ်လို့ လိန်ဖန်က မထင်မှတ်ထားမိပေ။ ကံကောင်းသွားတာက သူ သူမနဲ့တွေ့မိလို့ပေပဲ. မဟုတ်ရင်တော့ နောက်ဆက်တွဲဖြစ်လာနိုင်မည့် ဘေးအန္တရာယ်တွေကတော့ စိတ်ကူးကြည့်၍ပင် မရနိုင်လောက်မှာပဲ ဖြစ်ပေသည်။


"ငါတို့တောထဲကို ဝင်သွားရင် မင်းက အချိ​န်တိုင်းငါ့ဘေးကနေ လုံးဝမခွာဘဲနေရမယ်.. နားလည်ရဲ့လား" လိန်ဖန်က လင်ရှန်းကို အမည်းရောင်သစ်တော်အပြင်ဘက်တည့်တည့်တွင် သတိပေးလိုက်ခဲ့သည်။


"ကျွန်မ နားလည်ပါတယ်!" လင်ရှန်းက အလေးနက်ထားစွာ ခေါင်းညိတ်​ြပလိုက်ခဲ့သည်။


'ဘယ်သူကရော ဒီလိုမျိုးကျောချမ်းဖို့ကောင်းတဲ့နေရာမျိုးမှာ တစ်ယောက်တည်း လမ်းလျှောက်နိုင်ပါ့မလဲ? ရှင် ကျွန်မပေါ်ကို ဓားနဲ့ထောက်တောင်မှ ကျွန်မ မလုပ်နိုင်ဘူး!"


လင်ရှန်းရဲ့နာခံတဲ့အမူအရာကြောင့် လိန်ဖန်လဲ အနဲငယ်ပင် စိတ်အေးသွားရတော့သည်. နမူနာစီမံမှုတစ်ခုကို ပြုလုပ်ခဲ့ပြီးနောက်တွင် သူက သူ့ရဲ့လူတွေကို အဖွဲ့ခြောက်ဖွဲ့ခွဲပြီးတော့ နေရာချလိုက်ကာ တောထဲသို့ ဝင်ရောက်သွားခဲ့လိုက်သည်။


လမ်းအူကြောင်းကို မြေပုံပေါ်တွင် နေရာမှတ်သားခဲ့ပြီးသွားပါပြီ. လမ်းပျောက်သွားမှာကို ကာကွယ်ဖို့အတွက် အမှတ်သားမလုပ်ထားတဲ့နေရာမှန်သမျှကို မသွားဖို့ကန့်သတ်ထားခဲ့သည်. သူမတို့ပတ်ပတ်လည်က ထူးဆန်းပြီးရှည်လျားတဲ့ အပင်တွေကြောင့် လင်ရှန်းတစ်ယောက် အလွန်ထိတ်လန့်ကြောက်ရွံ့လို့နေခဲ့သည်. သူမက လိန်ဖန်ရဲ့ဘေးတွင်ပဲ သတိရှိရှိဖြင့် ကပ်နေခဲ့သည်။


အခုတော့နေလုံးက စတင်ဝင်နေခဲ့ပါပြီ. မြေပုံအညွှန်းအရ သူတို့တတွေ တည့်တည့်ဆက်သွားမယ်ဆိုရင် အမဲလိုက်ကာ အသက်မွေးဝမ်းကျောင်းပြုသည့်မုဆိုးရွာ ရှိနေသည်. လိန်ဖန်က သူတို့ ဒီညအတွက်ကို အဲဒီနေရာမှာပဲ ညအိပ်သင့်တယ်လို့ ဆုံးဖြတ်လိုက်ခဲ့သည်. သူတို့က ညအိပ်ရင်းနဲ့ မုဆိုးတွေကိုတုမင်ယွဲ့အား အနီးနားမှာ သတိထားမိသလားဆိုတာကို မေးမြန်းဖို့ရာပဲ ဖြစ်သည်။


ကံမကောင်းတာက အမည်းရောင်တောအုပ်ဟာ ခေါင်တီးလွန်း၍ မြေပုံက အို​ဟောင်းလွန်းနေခဲ့သည်. သူတို့ရဲ့ ဦးတည်ရာကို ရောက်ရှိသည့်အချိန်တွင်တော့ ကျေးရွာက နှစ်တော်တော်ကြာတည်းက ပျက်စီးသွားခဲ့သည်လို့ မှတ်ယူလိုက်ရလေသည်. တောရိုင်းသစ်ပင်နွယ်ခြုံတွေက ရွာရဲ့နေရာအများစုကို နေရာယူထားခဲ့သည်. သစ်သားအိမ်အများစုကလဲ မိုးဒဏ်လေဒဏ်တွေကို တောင့်မခံနိုင်ခဲ့ကာ ပြိုကျလုနီးနီးတွေ ဖြစ်နေလေသည်. အိမ်အနဲငယ်သာလျှင် ကျန်ရှိနေပေသည်. ဒါပေမယ့် အခြေအနေတွေက ဆိုးဆိုးရွားရွားပင်ဖြစ်နေခဲ့သည်။


အခုဆို နေလုံးကြီးက အပြီးဝင်ကျလို့သွားခဲ့​ေလသည်. သစ်တောပတ်ဝန်းကျင်က အသက်ရှိနေတဲ့ ပိုးကောင်ပိုးမွှားများနှင့်တောတွင်းတိရာစ္ဆာန်တွေရဲ့ အသံဗလံများက စတင်ပြီးတော့ ထွက်ရှိလာခဲ့သည်. ကြားရတာ ခြောက်ခြားလွန်းစရာကောင်းနေပေသည်။


လင်ရှန်းက အတိတ်တုန်းက ဟော်ရာmovieတွေ များစွာကိုကြည့်ရှုခဲ့ဖူးလေသည်. လက်ရှိသူမ တွေ့ကြုံနေတာက ရုပ်ရှင်တွေကို တည့်တည့်ကြီးခေါ်ဆောင်နေခဲ့တော့သည်. သူမလဲ ကျောချမ်းလာပြီးတော့ လိန်ဖန်ရဲ့ဝတ်ရုံစကိုသာ မြဲမြဲကိုင်ဆွဲထားခဲ့တော့သည်. သူမက သူမပတ်ဝန်းကျင်ကိုလဲ နိုးကြားသတိရှိစွာနဲ့ ကြည့်ရှုနေခဲ့သည်။


"ကြည့်ရတာ ငါတို့တော့ ဒီနေရာမှာပဲ ညအိပ်ရမယ့်ပုံပဲ" လိန်ဖန်က အဆိုပြုလိုက်သည်. သူက ယိုင်နဲ့နေတဲ့အိမ်ပြိုတစ်လုံးဆီသို့ ကြည့်လိုက်ပြီးတော့ မေးလိုက်လေတယ်.- "ဒီအိမ်ဆိုရင်ရော ဘယ်လိုလဲ"


********


End.....