"အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ"
ဘာသာပြန်သူ - tartarmoon
အပိုင်း(၆၁)**
လင်ရှန်းက သူမမျက်လုံးကို ပင့်လိုက်ပြီးတော့ အကျယ်ကြီး အော်ဟစ်လုနီးပါးတောင်ဖြစ်သွားရှာတော့တယ်. 'ဘာ.. ဒါက အိမ်တဲ့လား'
အိမ်ထဲမှာရှိတဲ့ ကြမ်းခင်းတွေက ကျိုးကျလို့နေပြီးတော့ ပြတင်းပေါက်တွေကလဲ တိုးလို့တွဲလောင်းကျနေကာ တံခါးမကြီးကလဲ ဘုတ်ပြားတစ်ချပ်လိုပင် ဖြစ်နေခဲ့သည်။
"ဒီအိမ်က တော်တော် ယိုင်နဲ့နေတာနော်၊ မင်း သေချာလို့လား။ ငါတို့တတွေ အိမ်ထဲကို ဝင်လိုက်တာနဲ့ ပြိုကျလိမ့်မယ် ထင်တယ်နော်" လင်ရှန်းက ညီးညူကာပြောလိုက်လေသည်. သူမစကားမဆုံးသေးခင်မှာပဲ အုန်းခနဲမြည်ဟီးသံတစ်ခုကို ကြားလိုက်ရတော့သည်။
အိမ်က ပြိုကျသွားခဲ့ကာ.....
လူတိုင်းပင် တုန်လှုပ်ချောက်ခြားသွားခဲ့တော့သည်။
အရာအားလုံး တိတ်ကျသွားကြတော့လေ၏။
လင်ရှန်းက အသိပြန်ဝင်သွားခဲ့ပြီးတော့ ခြောက်ခြောက်ကပ်ကပ်ရယ်လိုက်ကာ– "အဟားဟ.. ငါတို့ အထဲကိုမဝင်မိတာပဲ အတော်ကံကောင်းသွားတာပဲ......"
လူတိုင်း- "..........."
လူတိုင်းလူတိုင်းက အိမ်ပြိုကျသွားတာကို ငေးမောကြည့်နေကြစဉ်တွင် ရုတ်တရက် ကြောက်ခမန်းလိလိ အသံဆိုးအသံကြောင်တစ်ခုကို ကြားလိုက်ရလေသည်. "အားရား...နောက်ထပ်တစ်ခု ပြိုကျသွားတယ်......"
"သရဲဗျို့!" လင်ရှန်းက ဝက်တစ်ကောင်အမဲဖျတ်ခံရတော့မည့်အတိုင်းပင် ကျယ်လောင်စွာဖြင့် စူးရှစွာအော်ဟစ်လိုက်ခဲ့တော့သည်. သူမက လိန်ဖန်ရဲ့ဝတ်ရုံစကို ဆွဲလိုက်ကာ ပြေးထွက်သွားလိုက်ရန် ကြိုးပမ်းလိုက်ခဲ့သည်. ဒါပေမယ့် ခြေလှမ်းနှစ်လှမ်းအတွင်းပင် သူမက ဘဲကလေးတစ်ကောင်လိုမျိုး လိန်ဖန်ရဲ့နောက်ပြန်ဆွဲလိုက်ခြင်းကိုခံလိုက်ရသည်။
"ဘာလို့ ကြောက်နေတာလဲ? အဲဒါ လူတစ်ယောက်ပါ"
'လူလား။ လင်ရှန်းက မျက်လုံးပြူးကာ အံ့အားသင့်သွားခဲ့ရေလသည်. သူမက သူမမျက်လုံးတွေကို မရဲတရဲဖြင့် ဖွင့်ကြည့် လိုက်ပြီးတော့ ထိုသရဲက တကယ်ပင်အဖြူရောင်ဆံပင်ရှည်ကြီးရှိတဲ့ အမျိုးသမီးကြီးတစ်ယောက်ဆိုတာ နားလည်သွားတော့တယ်. အဘွားအိုကြီးက လက်ရှိတွင် သူမကိုစူးစူးရဲရဲကြည့်နေခဲ့သည်။
"ဘာသရဲလဲ။ မင်းကမှ သရဲ!" မိန်းမကြီးက စူးစူးဝါးဝါးပြန်အော်ဟစ်လိုက်ခဲ့သည်. သူမက အသက်ကြီးနေသော်လည်း သူမအသံကအော်ဟစ်နေစဉ်တွင်တော့ အတော်လေး ဖြတ်လတ်တတ်ကြွသည့်အသံပေါက်လို့နေခဲ့သည်။
အဖွားအိုက လင်ရှန်းနှင့်လိန်ဖန်ပတ်ပတ်လည်က လူအုပ်တစ်စုကို ကြည့်လိုက်ပြီးနောက် သူမက ဒေသံသယဘာသာစကားဖြင့်ပြောလိုက်ကာ မေးမြန်းလိုက်ခဲ့သည်.-
"မင်းတို့က ဘယ်သူတွေလဲ။ ဘာအကြောင်းနဲ့ ဒီနေရာကို ရောက်လာတာလဲ။"
အဖွဲ့ထဲတွင် နဂါးနက်တောင်တွင် ကြီးပြင်းလာသော ရဲမက်တစ်ယောက်ပါရှိလာခဲ့သည်. ထို့ကြောင့် သူက ရုတ်ချည်းပင် အခြေအနေကို ထွက်ပြီးရှင်းပြလိုက်ခဲ့သည်. လင်ရှန်းက ဗလုံးဗထွေးဖြင့် တစ်ချို့တစ်လေသာကြားလိုက်ရသည်. ဘာတွေပြောသွားမှန်း တစ်ခုမှ နားမလည်လိုက်ခဲ့ပေ။
အဆုံးတွင်တော့ ရဲမက်က ပြန်ရောက်လာပြီးတော့ လိန်ဖန်ကို တင်ပြလိုက်ခဲ့သည်. "အရာရှိခင်ဗျ ဒီအဘွားအိုကြီးက ဒီနေရာရဲ့ ရွာခေါင်းဆောင်တစ်ယောက်ပါ. သူ ပြောတာက ကျေးရွာသားတွေအကုန်လုံးက ရွေ့ပြောင်းထွက်ခွာသွားကြပြီလို့ ပြောပါတယ်၊ သူမရဲ့အိမ်က ဒီမှာကျန်နေတဲ့ထဲမှာ တစ်လုံးတည်းပဲကျန်တော့ပါတယ်တဲ့ခင်ဗျာ၊ သူ ပြောတာက သူမရဲ့သစ်သားတဲအိမ်က ဒီနားမှာဘဲရှိပါတယ်တဲ့ခင်ဗျ၊ ပြီးတော့ သူကလဲ ကျွန်တော်တို့ကို ဒီညအတွက်တည်းဖို့ ခွင့်ပြုပေးလို့ရပါတယ်တဲ့ခင်ဗျ......ဒါပေမယ့်လဲ....." ရဲမက်က ရပ်တန့်လိုက်ပြီးတော့ ပြောထွက်ဖို့ရာ စိတ်ကျင်းကျပ်သွားသည့်ပုံပေါက်သွားခဲ့သည်။
"ဒါပေမယ့် ဘာဖြစ်တယ်တဲ့လဲ" လိန်ဖန်က မေးခွန်းထုတ်လိုက်ခဲ့သည်။
"အဘွားအိုက ပြောတယ်..သူမ အိမ်က အကြီးကြီးမဟုတ်တော့ ကျွန်တော်တို့အားလုံးအတွက် နေရာမလောက်ဘူးတဲ့၊ ဒါ့ကြောင့် တစ်ယောက် ယောက်ကတော့ ထင်းတဲထဲမှာ အိပ်ပေးရမယ်တဲ့ ခင်ဗျ"
"ဒါလဲ အဆင်ပြေပါတယ်၊ ငါသွားအိပ်လိုက်မယ်" လိန်ဖန်က ခေါင်းဆတ်လိုက်သည်။
"မဟုတ်......" ရဲမက်က အနေရခက်စွာဖြင့် လိန်ဖန်ဘေးနားမှာရှိတဲ့ လူကို ကြည့်လိုက်ခဲ့သည်။
ရဲမက်က သူမကို ကြည့်လိုက်ခဲ့ကတည်းက လင်ရှန်းက ဘာကိုဆိုလိုချင်တာလဲဆိုတာ သိလိုက်ခဲ့ပါပြီ။
'ဘာလဲဟ။ ဒီအဖွားကြီးက ထင်းတဲထဲမှာ ငါ့ကို အိပ်စေချင်တာလား။ ငါ့နှယ့် ဘယ်လိုသောက်ဝဋ်ကြွေးပါလာတာများလဲ! ငါက သူ့ကို သရဲလို့ ခေါ်လိုက်တာအတွက်ကြောင့်နဲ့လား'
လင်ရှန်း က အဘွားအိုကြီးကို စူးစိုက်ကြည့်လိုက်သည်. အမျိုးသမီးကြီးကလဲ သူမကို ပြန်ပြီးတော့ စူးစူးစိုက်ကြည့်နေခဲ့ေလသည်. သူမ က 'ကောင်လေး ဒါကို လက်ခံလိုက်တော့! ငါ့ကို သရဲတစ်ကောင်လို့ ခေါ်ထားတာမို့လား ဟဟ? အခုတော့ မင်း ကလဲစားခြေခံလိုက်ရပြီ မဟုတ်လား' လို့ ပြောနေသည့်အတိုင်းပင်။
လင်ရှန်းကလည်း သူမကို ရွံရှာသည့်အကြည့်တစ်ချက်ဖြင့် ပြန်သရော်ပေးလိုက်ခဲ့သည်. 'အဘွား...အဘွားကလေ သရဲထက်တောင်မှ ပိုကြောက်ဖို့ကောင်းပါသေးတယ်နော်!'
ထူးဆန်းတဲ့ရွာခေါင်းဆောင်က လင်ရှန်းကို အလိုမရှိဘဲ အခက်တွေ့အောင်လာလုပ်နေတာ အရှင်းကြီးပင်. သူမတို့တတွေ ဘယ်လိုညှိနိုင်းဖို့ ကြိုးစားလိုက်ရလဲဆိုတာကို ထည့်မစဉ်းစားလိုက်တော့ဘဲ သူမ အတင်းအဓ္ဓမ ငြင်းလိုက်ခုန်လိုက်မလုပ်ချင်တော့ပေ. လင်ရှန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ အရှုံးကိုသာလက်ခံလိုက်ရတော့သည်. အနည်းဆုံးတော့ သူမက ထင်းတဲထဲမှာ အိပ်လို့ရသည်ပဲလေ. သစ်ပင်တစ်ပင်အောက်မှာ အိပ်ရတာထက်စာရင် ကောင်းတာပဲမဟုတ်လား။
လူတိုင်းက သူတို့တည်းခိုဖို့ တစ်နေရာစီ ရရှိသွားကြတော့ သူတို့ အလွန်ပျော်သွားကြတော့သည်. ပျားအုံတစ်အုံလိုမျိုးပင် အဘွားအိုနောက်သို့ ကောက်ကောက်ပါအောင်လိုက်ပါသွားကြတော့သည်။
လိန်ဖန်က ဖြည်းညင်းစွာဖြင့် နောက်ပြန်လှည့်လိုက်ကာ လင်ရှန်းကို တိုးတိုးလေးလာပြောလိုက်တယ်.
"ကိုယ် မင်းနဲ့အတူ ဒီညလာအိပ်ပေးလှည့်မယ်"
'ဟီဟီ.... ဒါကို ကံဆိုးမှုရဲ့အလှည့်အပြောင်းက ကောင်းတာတွေဖြစ်လာဖို့လို့ ပြောကြတာပဲကိုး! ငါ မြင်းမူးတုန်းကလည်း ငါက နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာ ပွေ့ဖက်ခံလိုက်ရတာပဲလေ.. ငါထင်းတဲထဲမှာ အိပ်ရတော့မယ်ဆိုတော့လည်း ငါ့မှာ အဖော်ရှိနေတာပဲ.. ကြည်နူးဖွယ်ရာ အချစ်ဗိမ္မာန်ဘုံလေးဆိုတာဘာတဲ့လဲ? ဒါက ကြည်နူးဖွယ်ရာ အချစ်ဗိမ္မာန်ဘုံလေးမို့ဘူးလား!'
လင်ရှန်းက စိတ်ထဲတွင်တွေးရင်းဖြင့် အူမြူးနေလေသည်. လိန်ဖန်ကို တိတ်တခိုးမျက်စိမှိတ်ပြလိုက်ပြီးတော့ လိန်ဖန်အား ခိုးလို့ခုလုဖြစ်သွားအောင် လုပ်လိုက်တော့သည်။
'ဒီကောင်မလေး ဘာဖြစ်နေတာလဲ။ သူမက ထင်းတဲထဲမှာ အိပ်ရတာတောင်မှ ကျေနပ်နေတာလား'
သူ နည်းနည်းလေးတော့ သိပါတယ်.. လင်ရှန်းက သူ့အပေါ်ကိုခုန်အုပ် ချင်နေတာပဲ။
°°°°°°°°°
အဘွားအိုက ထူးခြားဆန်းပြားနေသော်လည်း သူမအိမ်ကတော့ နေထိုင်ဖို့ အတော်လေးအဆင်ပြေနေခဲ့သည်. အကဲခတ်လေ့လာကြည့်ရသလောက်တော့ သူမက ဆေးဝါးတွေနဲ့ အကျွမ်းတဝင်ရှိနေခဲ့သည်. ဆေးဘက်ဝင်အပင်တွေကြီးဖြင့် အိမ်တစ်အိမ်လုံးက ပြည့်ကျပ်လို့နေနေသည်။
အဘွားအိုကြီးမှာ မိတ်ဖက်တစ်ယောက်လဲ ရှိနေခဲ့သည်. သူမယောက်ျားကလည်း တစ်ခေါင်းလုံး ဆံပင်ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်ပင် ဖြစ်သည်. သူက အဘွားအိုထက်ပင် လှိုက်လှိုက်လှဲလှဲဖြင့် ကြိုဆိုနေခဲ့သည်. အဘွားအိုက သူတို့သောက်ဖို့အတွက်တောင် ရေတွေဘာတွေငှဲ့ပေးနေသည်. သို့သော်ငြားလဲ လိန်ဖန်က ယဉ်ယဉ်ကျေးကျေးဖြင့် ငြင်းဆိုလိုက်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒီနေရာက အန္တရာယ်များတဲ့ ဒေသပဲမဟုတ်လား. သူတို့က သေချာဂရုတစိုက်နဲ့ သူတို့ကိုယ်ရံတော်တွေကို အဆုံးရှုံးခံလို့ မရတာပဲဖြစ်လေသည်. လင်ရှန်းက လိန်ဖန်လုပ်ဆောင်ပုံကို သဘောပေါက်လိုက်သည်။
"ဒါနဲ့ စကားမစပ်ခင်ဗျား အဘိုးတို့တတွေ ဆယ့်ခုနှစ်အရွယ်မိန်းမပျိုလေးတစ်ယောက်ကိုများ ဒီနားပတ်ဝန်းကျင်မှာ ပေါ်လာတာ တွေ့မိကြသေးလားခင်ဗျာ" လိန်ဖန်က တုမင်ယွဲ့အကြောင်းကိုလဲ မေးလိုက်ဖို့ရာ မမေ့လျော့ခဲ့ပေ၊။
"မိန်းကလေးငယ်တစ်ယောက်လား" အဖိုးကြီးက ပြုံးလိုက်ပြီးတော့ သူ့ခေါင်းကို ခါရမ်းလိုက်ခဲ့လေသည်. "ဘာကြောင့် ဒီနေရာမှာ မိန်းကလေးငယ်လေးတစ်ယောက်ရှိနိုင်မှာလဲ။ အရုပ်ဆိုးဆိုးအမယ်အိုတွေ နဲ့ ရစ်ငှက်တွေ မြွေတွေက နေရာအနှံ့မှာ မြင်နေရာတာပါပဲကွယ်"
"မိန်းကလေးငယ်ငယ်လေးတော့ မရှိဘူး ဒါပေမယ့် သရဲမတစ်ကောင်တော့ ရှိတယ်!" အဖွားအိုကြီးက အေးစက်စွာဖြင့် ဝင်တောလိုက်ပြီးတော့ လင်ရှန်းကို မလိုတမာအကြည့်တစ်ခုဖြင့် ကြည့်ပြီးပြောလိုက်တယ်။
အိုး..ပြောလိုက်ပါ ...အဘွားရယ်.! အဘွားက ဒီလောက်အသက်ကြီးလို့ အရေတွန့်နေပြီးတော့ အငြိုးတော်တော်ကြီးတာပဲကိုး.. အား ....'
လင်ရှန်းက အနည်းငယ်လေးပင် အကူအညီမဲ့သွားတော့လေတယ်. စကားတစ်ခွန်းမှ ပြန်ပြီးမပြောတော့ချေ. သူမက အစာခြောက်အချို့ကို မဆင်မခြင်ဖြင့် တနင့်တပိုးစားလိုက်မိပြီးတော့ ငိုက်မြည်းလာတော့သည်. သူတို့တွေက တစ်နေ့လုံးနီးပါးခရီးထွက်လာရတဲ့အပြင် သူမက လမ်းတစ်လျှောက်လုံးလဲ မြင်းမူးလာခဲ့ရတာကြောင့် သူမမှာ သေမတတ်ပင် ပင်ပန်းနွမ်းနယ်နေတော့သည်။
ကံမကောင်းစွာတာက အဖွားအိုကြီးက ဇွတ်တရွတ်နိုင်သူဖြစ်ပြီး လင်ရှန်းက ခရီးအလွန်ပန်းနေကြောင်းကို သူမကြားလိုက်တော့ သူမက စကားတစ်ခွန်းမှဝင်အရေးဆို ခွင့်မပေးတော့ဘဲနဲ့ ထင်းတဲမှာ လင်ရှန်းကို အိပ်ခွင့်ပြုလိုက်ခဲ့သည်။
လင်ရှန်း စိတ်ပျက်သွားတော့လေတယ်. အိမ်က သေးပေမယ့်လဲ အဲဒါက နေမယ်ဆိုရင်တော့ လူအနည်းငယ်လောက်တော့ ဆန့်ပါသေးတယ်. အဖွားက သူမကိုပဲ ထင်းတဲထဲမှာ အိပ်ရအောင်လုပ်နေတာပဲကိုး. တော်တော်ရက်စက်လွန်းတဲ့ အဖွားကြီးပဲ. သူမက ကလဲ့စားပြန်ချေနေချင်တာ ရှင်းနေတာပဲကိုး။
"ဘယ်တော့မှ မိန်းမတစ်ယောက်နဲ့ရန်မဖြစ်မိစေနဲ့!" လင်ရှန်းက သူမကိုယ်သူမ ပြန်သတိပေးလိုက်ပြီးတော့ အဘွားအိုနောက်ကနေသာ ထင်းတဲထဲသို့ လိုက်ပါသွားလိုက်ရလေသည်။
ထင်းသိုလှောင်တဲ့အခန်းက ဟောင်းနွမ်းနွမ်းစုတ်တုတ်တုတ် ဖြစ်နေပေမဲ့လဲ အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်းရှိနေခဲ့ပါတယ်. လင်ရှန်းလည်း ဘာမှဂရုမစိုက်နိုင်တော့ပေ။
အခန်းထောင့်တွင် မြက်ခြောက်အပုံတစ်ပုံ ကို သတိထားမိသွားတော့ အဲဒီအပေါ်တွင် သူမ ထိုင်လို့ရအောင်လို့ မြက်ခြောက်တွေကို ဖြန့်ခင်းလိုက်ပြီးနောက် သူမက သူမတို့တွေရဲ့ နှစ်ကိုယ်တူအချစ်လေးကို တည်ဆောက်နိုင်ဖို့ လိန်ဖန်ရောက်လာမှာကို စောင့်ဆိုင်းနေလိုက်တော့သည်. ဒါပေမယ့် ခရီးပန်းလာခဲ့တော့ လိန်ဖန်ရောက်မလာခင်မှာပဲ မြက်ခြောက်အခင်းပြားပေါ်တွင် အိပ်ပျော်သွားတော့လေတယ်။
လင်ရှန်း ဘယ်လောက်ကြာကြာ အိပ်ပျော်သွားလဲတော့ သူမလဲ မသိပေ. တံခါးဖွင့်သံကို ကြားလိုက်ရချိန်တွင်တော့ သူမ တရေးနိုးလာခဲ့တော့သည်. သူမအိပ်ချင်မူးတူးနဲ့ လှမ်းကြည့်လိုက်တော့ လရောင်ရဲ့အကူအညီနဲ့ ရင်းနှီးတဲ့မျက်နှာဖုံးကို တွေ့လိုက်ရတော့ ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့သည်. သူမက လိန်ဖန် သူမဘေးနားရောက်လာသည်အထိ စောင့်နေလိုက်သည်. ပြီးနောက် နောက်ပြန်ဆုတ်ခွင့်မပေးဘဲ လှမ်းခုန်အုပ်လိုက်ခဲ့လေသည်။
'အမ်း... ..အသားတုံးခေါင်းအုံးလေးက ပိုပိုပြီးတော့သက်တောင့်သက်သာရှိလိုက်တာ. ပျော့ပြီးတော့နွေးနေတာပဲ! လင်ရှန်း ငိုက်မြည်းလာပြီးနောက် ဆက်အိပ်လိုက်သည်. သူမက သူမအတွက် သက်တောင့်သက်သာအရှိဆုံးနေရာကို ရှာရန် လိန်ဖန်ကိုမှီပြီး ဟိုဟိုဒီဒီ လိုက်ပွတ်ကာနေရာရွေးနေခဲ့သည်။
လင်ရှန်း သူမကျေနပ်လောက်တဲ့နေရာ ရှာစေဖို့ သူစောင့်ပေးနေပြီးတော့ လိန်ဖန်က လုံးလုံး မလှုပ်ရှားခဲ့ပေ. သူမက သူ့လက်မောင်းထဲက ကြောင်ပေါက်သေးသေးလေးတစ်ကောင်လို ဖြစ်နေပေသည်. သူ သူ့လက်တွေကို သူမပုခုံးပေါ်သို့ တင်ထားလိုက်ခဲ့သည်။
သူမပုခုံးတွေက အရမ်းပိန်ပါးလွန်းလှသည်. သူ့လက်မောင်းထဲမှာ သူမကိုထွေးပွေ့ထားသည့် အရင်အချိန်ကနဲ့ယှဉ်လိုက်ရင် သူမ ကိုယ်လုံးအရွယ်အစားက လျော့သွားတာပဲ. သူမက သူ့ရင်ဘတ်ထဲမှာ လဲလျောင်းနေပေမယ့်လဲ သူမမှာ အရိုးမရှိလိုပဲ ပျော့ခွေလို့နေတာပဲ. လိန်ဖန် သူ့ကိုယ်သူ အလွန်ညံ့ဖျင်းသလို ခံစားသွားရသည်။
အင်ပါယာက လင်ရှန်းကို နေ့စဉ်ရက်ဆက်ဆင့်ခေါ်ပြီးတော့ ဆူပူနေခဲ့တာပဲ. ဘယ်လိုသာမာန်လူပဲဖြစ်ဖြစ် အထိတ်တလန့်နဲ့စိတ်မချမ်းမသာဖြစ်စေမှာပဲ. ပြီးတော့လဲ လင်ရှန်းက မိန်းကလေးတစ်ယောက်ပဲကို. သူမ ကိုယ့်ကိုယ်ကို ပြန်ထူထောင်နိုင်ပြီးတော့ အသက်ရှင်သန်နေတာကိုကပဲ အတော်လေးအထင်ကြီးလောက်စရာဖြစ်နေပြီပဲ။
လင်ရှန်းက သူ့ကိုပြောခဲ့ဖူးတယ်... သူမ မှာ 'ရှောင်ချောင်" ဆိုတဲ့စိတ်ရှိတယ်ဆိုလားပဲ.. ပိုပြီးနာနာအရိုက်ခံရလေလေ ပိုပြီးတော့ အားကောင်းလာလေလေပဲဆိုလားပဲ။
'ရှောင်ချောင်တဲ့လား။ သေချာတာက သူမ က သူ့အတွက်တော့ ချန်ချောင်.(အားဆေး)ပဲမို့လား.. ဒီလိုတွေတွေးပြီးတော့ လိန်ဖန်တစ်ယောက် ကူရာမဲ့သွားသလိုခံစားလိုက်ရသည်. သူ အောက်ကို ငုံ့ကြည့်လိုက်တော့ သူမလေးက အိပ်ပျော်လို့နေ နေသည်. လင်ရှန်းရဲ့ကလေးလေးလို မျက်နှာလေးက အရမ်းသေးပြီးတော့ သူမရဲ့မေးစေ့လေးကလဲ သေချာစိုက်ကြည့်လိုက်ရင် ချွန်းချွန်းလေး ဖြစ်မနေဘူးလား.. သူ သူမမျက်နှာလေးကို ပွတ်သတ်မိသွားတော့လေတယ်။
ဒီအချိန်ခိုက်လေးမှာပဲ လင်ရှန်းကလဲ အိပ်မက်မက်နေခဲ့သည်. သူမအိပ်မက်ထဲတွင် သူမက သူမမျက်နှာရှေ့မှာ ကိတ်အကြီးကြီးတစ်ခုရှိနေတယ်တဲ့လေ. ကြည့်ရတာ အရမ်းအရသာရှိမယ့်ပုံပေါက်နေကာ သူမ သားရေတမြားမြားကျလာတော့တယ်. ကိတ်မုန့်ပေါ်က ခရင်တွေကလဲ အရမ်းကောင်းပြီးတော့.. အရသာရှိလိုက်တာ! သူမ စတင်ပြီးတော့ လျက်လိုက်ကာ အားရပါးရကိုက်ချလိုက်တော့တယ်။
"အာ့....." ဆိုတဲ့အသံကို သူမနားထဲမှာ ကြားလိုက်ရတော့သည်။
လင်ရှန်းတစ်ယောက် အံ့ဩဘနန်းကြီးစွာဖြင် လန့်နိုးလာတော့တယ်. ပြီးတော့ သူမက ဘာကိတ်မုန့်မှ စားနေတာမဟုတ်ကြောင်းကို သူမ သဘောပေါက်လိုက်သွားတယ်. သူမက...လိန်ဖန်ရဲ့လက်ချောင်းတွေကို စားနေတာပဲ! လိန်ဖန်ကိုကြည့်ရတာ သူ့ခမျှာ နာနေတဲ့ပုံပေါက်နေတယ် သူ့မျက်ခုံးတွေက တွန့်ချိုးလို့နေ နေတာပဲ. လင်ရှန်းတစ်ယောက် အလန့်တကြားဖြစ်သွားတော့သည်။
သူမ စိတ်မကောင်းဖြစ်သွားပြီးတော့ ကိုက်မိသွားလိုက်တဲ့ လိန်ဖန်ရဲ့လက်ချောင်းကို အနာသက်သာစေဖို့ စုပ်ပေးလိုက်ခဲ့သည်။
ဒီလိုရုတ်တရက်လှုပ်ရှားလိုက်မှုလေးကတော့ လိန်ဖန်ရဲ့တစ်ကိုယ်လုံးကို တုန်ရီသွားစေခဲ့သည်. နာကျင်မှုမှသည်....ရုတ်ချည်းပင် ပျောက်ကွယ်လို့သွားတော့သည်. နာကျင်မှုအစား အောက်ခြေမှ ရောက်ရှိလာတဲ့ ရဲရဲတောက်နီသည့်အပူလှိုင်းတစ်ခုက အစားထိုးလို့သွားခဲ့သည်။
လင်ရှန်းကတော့ ဘာလုပ်ရမှန်းမသိ ဖြစ်နေဆဲပင်. လိန်ဖန်ရဲ့မျက်ခုံးရိုးတွေက မတွန့်တော့ကတည်းက သူမက သူမရဲ့နည်းလမ်းက အလုပ်ဖြစ်သွားသည်လို့ပဲ ယူဆလိုက်ခဲ့သည်. ထို့ကြောင့် သူမက သာသာလေးဖြင့် သူ့လက်ချောင်းတွေကို ဆက်လျက်ပေးလိုက်ခဲ့သည်. သူမ လျက်နေလိုက်ရင်းဖြင့် လိန်ဖန်ကိုလဲ ချစ်ရည်ရွှန်းလဲ့စွာဖြင့် ငေးကြည့်နေလိုက်ခဲ့သည်. သူမရဲ့အကြည့်ကနေ ပြောဖို့ကြိုးစားနေတာကတော့ 'ဒီမှာ...ဒီမှာ... နောက်ထပ်မနာတော့ဘူးမို့လား..ဟင်'လို့ပါပဲ. သူမအတွေးတွေက အရမ်းအရမ်းကိုပင် သန့်ရှင်းဖြူစင်နေခဲ့ပေမယ့်လည်း သူမရဲ့လှုပ်ရှားလိုက်မှုနဲ့ပတ်သတ်ပြီးတော့ တစ်စုံတစ်ခုကတော့ မှားနေပြီဆိုတာ ရုတ်ချည်းပင် သူမ သဘောပေါက်သွားတော့သည်. သူမစိတ်ထဲမှာ သတိဝင်သွားတော့ သူမက အလွန့်အလွန်ကိုရှော့ရစွာဖြင့် လိန်ဖန်အား စိုက်ကြည့်လိုက်မိတော့သည်။
သူတို့နှစ်ယောက် မျက်လုံးချင်းတွေ့ဆုံလိုက်မိပြီး လင်ရှန်းတစ်ယောက် နိုးနိုး ကြားကြားဖြစ်သွားတော့လေသည်။
အိုး....ဘုရားရေ! ငါဘာတွေ လုပ်လိုက်မိတာလဲ။ သူမမျက်နှာက ရဲရဲတောက် ဆူပွက်သွားတော့တယ်. သူမက လိန်ဖန်နှင့် အမြန်အကြည့်လွှဲလိုက်ဖို့ ကြိုးပမ်းလိုက်ပေမယ့်လဲ လိန်ဖန်က သူမမေးစေ့ကို ပြန်ဆွဲယူလိုက်ခဲ့သည်. သူက အလွန်ကြမ်းကြမ်းတမ်းတမ်းပင် သူ့လျှာကို သူမပါးစပ်ထဲသို့ တွန်းထိုးလိုက်ခဲ့သည်။
ထိုအခိုက်တွင်တော့ လင်ရှန်းစိတ်ထဲတွင် လုံးလုံးလျားလျားကို ဗလာဖြစ်သွားခဲ့သည်. သူမက သူမကိုယ်ခန္တာက ပျော့ခွေသွား၍ အောက်ကိုညွှန့်ကျသွားအောင်လို့ ဖိအားတွေပိုပိုတိုးလာသလို ခံစားလိုက်ရသည်. မြက်အခင်းပြားက သူတို့နှစ်ယောက်ရဲ့အလေးအချိန်ပိကျလာတာကို တောင့်မခံနိုင်တော့ချေ. သူမမှာ မြက်ခြောက်အမျှင်အချို့ကိုသာ တင်းတင်းဆွဲကိုင်ထားလိုက်ရသည်. သူမတစ်ကိုယ်လုံးပင် မြက်အခင်းထဲသို့ နစ်မြုတ်ဝင်သွားလုနီးပါးဖြစ်သွားခဲ့တော့သည်။
'ဒါကို ထင်းခြောက်ပုံကနေ မီးဟုန်းဟုန်းတောက်လောင်တဲ့မီးပုံကြီးတစ်ခုကို ပြောင်းလဲသွားသည်လို့ ပြောလို့ရနေသည်ပဲ. လင်ရှန်းက သူမ အသက်မရှုနိုင်တော့သလို ခံစားလိုက်ရသည်. သူမရဲ့ကျန်ရှိနေတဲ့ ခွန်အားတွေအကုန်လုံးကို အနမ်းတစ်ရှိုက်က ဆွဲယူသွားခဲ့ခြင်းခံလိုက်ရသည်။
သူမ လက်တွေ ခြေတွေကလဲ အားယုတ်လျော့လာခဲ့ကာ သူစိတ်ကလဲ ဟာလာဟင်းလင်းဖြစ်လို့နေကာ သူမရဲ့လှုပ်ရှားမှုအားလုံးဟာ သူ့အလိုအလျောက်ပင် လုပ်ဆောင်နေခဲ့သည်. သူမ နှလုံးသားကတော့ အနမ်းထဲမှာ နစ်ဝင်လို့သွားကာ သူမရဲ့စိုးရိမ်ပူပန်နေမှုတွေအားလုံးကလဲ ပျောက်ကွယ်သွားခဲ့သလို ထင်လိုက်ရသည်။
လက်ရှိလောလောဆယ်မှာတော့ လိုချင်တောင့်တမှုတစ်ခုတည်းသာ ကျန်ရှိနေတော့သည်။
********
End....